12.31.2008

A New Year’s Message to all the Peoples of Burma to Rise and be Free from Military Oppression



To all Burma citizens in the country and abroad:


Today is New Year’s Day, a day to celebrate, we wish you well, but our country is not well. We are still suffering under an oppressive military junta. No matter how many New Years may come, we will not be able to truly celebrate until we are free of tyranny.


Should we reflect on 2008, the devastation caused by Cyclone Nargis in May killed more than 100,000 in the Delta regions, and over a million were made homeless. The military junta’s response was appalling. It did not allow immediate humanitarian aid or aid workers to enter the country, despite the loss of tens of thousands of lives and the hundreds of villages that were wiped out during the cyclone. This callous and uncaring behavior of the junta exacerbated the situation, and caused even more deaths and suffering for the survivors of the disaster. This was their response to the overwhelming suffering of the peoples of Burma. How can we celebrate while such a brutal regime reigns terror over our nation?


Let us not forget that seven days after the disaster, in spite of the Buddhist tradition of honouring the dead seven days after death, the junta held their bogus referendum. Moreover, after the disaster and this bogus referendum, the military junta stepped up its brutal persecution of political activists, monks, social workers, bloggers and writers, and their lawyers, arresting many and giving out jail sentences from 20 to 65 years. These people were sent to remote prison camps away from their families.


Furthermore, this brutal and brazen military junta is bent on legitimizing itself by pushing on with its fraudulent national elections in 2010. For these and many more valid reasons, we your freedom loving fellow country folk, today, have formed the 2009 Collective Action Committee. We urge you to join us in this momentous struggle. Together we can free ourselves of oppression and tyranny. Rise people of Burma, be active according to your own capacity so that you will be able to impede the so-called elections of 2010.

The main aim of this committee is to impede the forthcoming bogus elections of 2010 in order to expose the very callous and cruel nature of the military rule that has afflicted our beloved motherland for so many decades.

Our committee’s motto is taken from the words of an NLD senior leader, who said:


“Seek not to escape from this conflict – but rather seek to confront it and break through it”.


Hence, we will act to free Daw Aung San Suu Kyi and all political prisoners so that we will be able to engage in genuine dialogue and to stop the military orchestrated, bogus election of 2010.


We shall assist as one active group, in order that all freedom loving people can actively participate in this struggle for freedom! To achieve the above ideas, we will render encouragement for unity, advice, and information to all our people for their political activities within the country and abroad.


We urge you to engage in undermining the aims of the junta. Do something on a daily basis that will hinder the junta’s program for their fraudulent election, whether you are an office worker, a civil servant or a soldier, do not follow the orders or rules that are given to you on a daily basis.


This will help us in our struggle to free our country from this oppressive, inhumane, brutal and unjust military regime.


We wish you all the best for this New Year.

2009 Collective Action Committee


For further information: Please contact to cacburma@gmail.com



၂၀၀၉ စုစည်းလှုပ်ရှားမှု ကော်မတီ၏ ထုတ်ပြန်ကြေညာချက်နှင့် တိုက်တွန်းနှိုးဆော်ချက်



2009 Collective Action Committee

တိုက်တွန်း နှိုးဆော်ချက်

နေ့စွဲ .၁.၁.၂၀၀၉

ပြည်တွင်း ပြည်ပ နေရာဒေသ အသီးသီးရှိ မြန်မာနိုင်ငံသား ညီအစ်ကို မောင်နှမများ ခင်ဗျား

ယနေ့အချိန်သည် ၂၀၀၉ ခုနှစ်၏ အစ ပထမနေ့ဖြစ်ရာ အစဉ်အလာအားဖြင့် ပျော်ရွှင်ဖွယ်

နှစ်သစ်ဖြစ်ပါစေ။ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေဟု နှုတ်ခွန်း ဆက်သရမည် ဖြစ်ပါသည်။


သို့ရာတွင် စစ်အာဏာရှင်စနစ်၏ အောက်တွင်ကျရောက်နေရသော ကျွန်ုပ်တို့ မြန်မာနိုင်ငံသား များ အတွက်မူ မည်သို့ပင် နှစ်သစ်များ ပြောင်းစေကာမူ ဤ စစ်အာဏာရှင် စနစ် မပြောင်းလဲသမျှ မင်္ဂလာအပေါင်းနှင့် မပြည့်စုံနိုင်သလို ပျော်ရွှင်ဖွယ် ကောင်းသော နှစ်သစ် တနှစ် ဖြစ်လာ လိမ့်မည် မဟုတ်ပါ။ယခု တွေ့ကြုံ ခံစားနေရသော ဆင်းရဲ ဒုက္ခများ အပြင်၊ အသစ်တိုး ဖိနှိပ် လာမှုများကိုသာ တိုး၍ ခံစား နေကြရပါသည်။


ကျွန်ုပ်တို့ဖြတ်သန်းလာခဲ့ပြီးသော ၂၀၀၈ခုနှစ်တစ်ခုလုံးကို ပြန်လည်သုံးသပ် ကြည့်မည် ဆိုလျှင် စာနာမှု အကင်းမဲ့ဆုံး လုပ်ရပ်တခု အနေဖြင့် နာဂစ်ကြောင့် ဒုက္ခ ပင်လယ် ဝေနေရချိန်၊ သေဆုံးသူများ၏ ခုနှစ်ရက်ပြည့် ရက်လည်သော နေ့တွင် သူတို့အလိုကျ ရေးဆွဲထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုရန် အတင်းအဓမ္မ မဲပေးခိုင်းခြင်းပင် ဖြစ်ပြီး ထည့်သမျှ မဲအားလုံးကို ထောက်ခံမဲအဖြစ် လိမ်ညာ၍ ထိုဖွဲ့စည်းပုံကို အတည်ပြု လိုက်ခြင်းပင် ဖြစ်သည်။


ထိုနည်းတူစွာ သံဃာတော်များ နိုင်ငံရေးခေါင်းဆောင်များ ကျောင်းသား ခေါင်းဆောင်များ၊ လူမှုရေး လှုပ်ရှားသူများ အကျိုးဆောင် ရှေ့နေများ စသည့် ပုဂ္ဂိုလ်များကို ဥပဒေနှင့် ဆီလျှော်ခြင်း မရှိပဲ နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခဲ့ပြီး အညိုးးတကြီးဖြင့် ဝေးလံသီခေါင် လှသော အကျဉ်းထောင် များသို့ ပို့ဆောင်ခဲ့ ပြန်ပါသည်။


အချုပ်ဆိုရလျှင် ၂၀၀၈ ခုနှစ်သည် မြန်မာနိုင်ငံသားများအတွက် ဆိုးဝါးသည့် သဘာဝဘေး အန္တရာယ် အခံရဆုံး နှစ်၊ စစ်အာဏာရှင်တို့၏ အကြမ်းတမ်းဆုံး ဖိနှိပ်၊ ဥပဒေ ချိုးဖောက် ခံရသည့် နှစ်ဟု ဆိုရပါမည်။

ထို့အတွက် ကျွန်ုပ်တို့ဘာများ တုံ့ပြန်ဆောင်ရွက်ခဲ့ကြပါသနည်းဟု မေးခွန်းထုတ်ရန် ရှိပါသည်။ ခြုံငုံသုံးသပ်ကြည့်လျှင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သော လှုပ်ရှားမှုများ၏ ထိရောက်မှုအား လွန်စွာ နည်းပါး ခဲ့ပါသည်။


စစ်အာဏာရှင်တို့က ၂၀၁၀ခုနှစ်တွင် သူတို့ စိတ်တိုင်းကျ ရေးဆွဲထားသော ဖွဲ့စည်းပုံကို အခြေခံ၍ သူတို့အလိုကျ ရွေးကောက်ပွဲ လုပ်ပါတော့မည်။ စစ်ဝတ်စုံမှ အရပ်ဝတ်စုံ ပြောင်းဝတ်ရန် အသင့်ပြင် ထားပြီးဖြစ်ရာ မည်သည့် နည်းနှင့်မဆို အနိုင်ရကြောင်း ကြေညာရန် အသင့်ပြင် ထားပြီးဖြစ်သည်။


ထို့ကြောင့် ယခု ၂၀၀၉ ခုနှစ်သည် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် တရားမျှတမှုတို့ အတွက် တိုက်ပွဲဝင်ရန် အခွင့်အရေး ရှိနေ သေးသည့်နှစ် ဖြစ်ပါသည်။ ထိုအတွက် စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်သော အင်အားစုများ အားလုံးတွင် ကြီးလေးသော တာဝန်ရှိသလို မြန်မာနိုင်ငံသား တိုင်းရင်းသား ညီအကိုမောင်နှမများ အားလုံးတွင်လည်း တူညီစွာ တာဝန် ရှိကြပါသည်။ ထိုစစ်အာဏာရှင် တံပိုးကြီးသည် မြန်မာနိုင်ငံသား အားလုံးအပေါ် ဖိစီးနှိပ်စက် နေခြင်းဖြစ်၍ ပြိုင်တူရုန်းရန် အားလုံးတွင် တာဝန်ရှိပါကြောင်း အလေးအနက် တင်ပြလိုပါသည်။


ဤတာဝန်သည် မြန်မာနိုင်ငံသား အားလုံးတွင် တာဝန်ရှိသည်နှင့် အညီ ပြည်တွင်း ပြည်ပ နေရာ အနှံ့အပြားတွင် ဒီမိုကရေစီရေး လှုပ်ရှား ဆောင်ရွက်နေသူများ၏ သဘောထားကို ညှိနှိုင်း၍


2009 Collective Action Committee (BURMA)

၂၀၀၉ ပူးပေါင်း လှုပ်ရှားမှု ကော်မတီ (မြန်မာပြည်)


ကို ဇန်နဝါရီလ ၁ရက်နေ့ ၂၀၀၉ခုနှစ်တွင် ဖွဲ့စည်း တည်ထောင် လိုက်ပါသည်။


ထိုကော်မတီ၏ သက်တမ်းကို တနှစ် သတ်မှတ်ထားပြီး၊ ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်မှာ စစ်အာဏာရှင်တို့ အလိုကျ ဆောင်ရွက်မည့် ၂၀၁၀ အတုအယောင် ရွေးကောက်ပွဲကို စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်သော အင်အားစုများ၏ တခုတည်းသော နည်းလမ်းဖြင့် စုစည်း ညီညွတ်စွာ တိုက်ဖျက် ကြရန် ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ဆောင်ပုဒ်မှာ သတင်းစာဆရာကြီး ဦးဝင်းတင်၏ အဆိုအမိန့်ဖြစ်သော


“ထွက်ပေါက်ကိုသာ စဉ်းစားမနေပဲ ဖေါက်ထွက်ဖို့ ကြိုးစားကြ”

ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး ချွင်းချက်မရှိ လွှတ်ပေးရေး၊ စစ်မှန်သော တွေ့ဆုံဆွေးနွေးမှု ပေါ်ပေါက်လာစေရေးနှင့် တရားမျှတမှု ကင်းမဲ့သော ၂၀၁၀ ရွေးကောက်ပွဲကို တားဆီးနိုင်ရေးအတွက် လုပ်ငန်းစဉ်များအနေဖြင့်-


ညီညွတ်စွာ အားလုံးပူးပေါင်း ဆောင်ရွက်နိုင်မည့် တခုတည်းသော နည်းလမ်းတခု ဖြစ်ပေါ်လာစေရန်


- တိုက်တွန်း နှိုးဆော်ပေးခြင်း၊ စည်းရုံး လှုပ်ရှားခြင်း၊ အားပေး ဆောင်ရွက်ခြင်း၊ အကြံဥာဏ် ပေးခြင်း။


-ပြည်သူ လူထုများ အသိပညာ ရရှိစေနိုင်မည့် သတင်းများ၊ အချက်အလက်များကို နည်းမျိုးစုံ သုံး၍ ဖြန့်ချီပေးရန်။


-ပြည်တွင်း ပြည်ပ နိုင်ငံရေး လှုပ်ရှားမှုများ ပေါ်ပေါက်လာစေရန် အတူတကွ ပူးပေါင်းလက်တွဲ ဆောင်ရွက်ကြရန်။


အထက်ပါ အချက်များကို အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်ရန် အတွက် 2009 Collective Action Committee (BURMA) အဖွဲ့ဝင်များ အနေဖြင့် နေ့စဉ် မိမိတို့ ကိုယ်စွမ်း ဥာဏ်စွမ်းရှိသမျှ ရိုးသားစွာဖြင့် ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေး ကြေညာ အပ်ပါသည်။


ကျွန်ုပ်တို့နှင့် ပူးပေါင်း ဆောင်ရွက်လိုသည် ဖြစ်စေ၊ မိမိတို့ဘာသာ သီးခြားရပ်တည် ဆောင်ရွက် လိုသည်ဖြစ်စေ မြန်မာနိုင်ငံသား တိုင်းရင်းသား လူမျိုးစုအားလုံး အနေဖြင့် မိမိတို့ တတ်နိုင်ရာ လုပ်ငန်းစဉ်များဖြင့် ၂၀၁၀ အတုအယောင် ရွေးကောက်ပွဲကို တိုက်ဖျက်ရေး နှင့် စစ်မှန်သော တွေ့ဆုံဆွေးနွေးမှု ဖြစ်ပေါ်လာစေရေး ဒီမိုကရေစီ အရေးတို့အတွက် ရည်မှန်း ချက် တခုတည်း ထားကာ ပူးပေါင်းဆောင်ရွက် ကြစေလိုပါသည်။


မိုးရေစက်ငယ်များ၏ ပေါင်းဖွဲ့မှုသည် ပင်လယ်သမုဒ္ဒရာကြီး ဖြစ်ပေါ်လာ စေသကဲ့သို့ မြန်မာနိုင်ငံသား အားလုံး မိမိတို့ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ လုပ်ကိုင်ဆောင်ရွက်ကြမည် ဆိုလျှင် ထိုအင်အားများသည် စစ်အာဏာရှင်စနစ်ကို အပြီးတိုင် ရိုက်ချိုးနိုင်မည်ဟု ကျွန်ုပ်တို့ အလေးအနက် ယုံကြည်ပါသည်။

“အတုအယောင် ရွေးကောက်ပွဲကို တခဲနက် ဆန့်ကျင် တိုက်ပွဲဝင်ကြ ”

2009 Collective Action Committee (BURMA)

ဆက်သွယ် စုံစမ်းရန်နှင့် မိမိတို့ သဘောထား အမြင်များကို ပေးပို့ရန်အတွက်

cacburma@gmail.com သို့ ဆက်သွယ် နိုင်ပါသည်။ နောက်ဆက်တွဲ လှုပ်ရှားမှုများကို ဆက်လက် ထုတ် ပြန်သွားပါမည်။

Burma News

NEWS ANALYSIS

Burma’s Bleak Prospect in 2009

By WAI MOE
All parties in Burma can expect 2009 to be a busier year than the one now ending as the country heads for a general election in 2010, with uncertainty and many more challenges to be faced.

Political Prisoner Htay Lwin Oo Dies

By MIN LWIN
Burmese labor rights activist Htay Lwin Oo has died in Mandalay prison—the second political prisoner known to have died in Burma this month.

New Year Wish From U Toe Aung


To


Date-31.12.08



May you get prosperous evermore

Dear political partner,Sir


It,s a blessing.Happy new year.I wish happiness to every members of yours Democracy partner comrades.I respect and cordially thank you all for your actively movement Burma Democracy Revolution ( BDR ). We are all families. I wish, may you and Oversea Democratic Group for Burma struggle for BDR with courage and resolutions.

Realise me,I will keep doing stressful whatever I can meet and if I have passion for Democracy to get,I will do my best for BDR as a historical duty.Comrades! don,t forget that we are making our own history.When we get victory,we will meet together happily.I have no doubt to believe.


" Our Burma Democracy Revolution must be won surely".




Your Sincerely;

Toe Aung


Burma activists arrested at march
BBC News - UK
Nine activists have been arrested in Burma's main city, Rangoon, during a march calling for the release of pro-democracy leader Aung San Suu Kyi. ...
Julie Benz To Host US Campaign For Burma Dinner
Look To The Stars - Chester,UK
Julie Benz, who plays Rita on Dexter, is hosting the Celebrity Foundation Dinner to benefit the US Campaign for Burma and the Human Rights Action Center. ...
Burma's Bleak Prospect in 2009
The Irrawaddy News Magazine - Chiang Mai,Thailand
By WAI MOE All parties in Burma can expect 2009 to be a busier year than the one now ending as the country heads for a general election in 2010, ...
Hope Floats in the Burmese Town Near Thailand's Border
Jakarta Globe - Jakarta,Indonesia
Yet, there's nothing like this in Myawaddy, Burma, the poor town opposite Mae Sot, Thailand. The towns lie across the Moei River, a sluggish brown border ...
Suu Kyi supporters 'arrested in Burma'
Sydney Morning Herald - Sydney,New South Wales,Australia
Burma's military rulers have kept 63-year-old Nobel Peace laureate Aung San Suu Kyi under house arrest in Rangoon for most of the past 19 years. ...
UN General Assembly isn't the right forum for dealing with Burma ...
China Post - Taipei,Taiwan
Of the 10 ASEAN members, in which Burma is also a member, 4 members - Brunei Darussalam, Laos, Malaysia, Vietnam - voted against the resolution. ...
Americans found allies in Burma villagers
Los Angeles Times - CA,USA
By A Times Staff Writer Reporting from Myitkyina, Myanmar -- Long before war brought Evelio Grillo and his comrades to Burma, they had allies ready to ...
Los Angeles Times
Burma's Stilwell Road: A backbreaking WWII project is revived
Los Angeles Times - CA,USA
As World War II raged, they labored day and night in the jungles of Burma, sometimes halfway up 10000-foot mountains, drenched by 140 inches of rain in the ...
Hundreds missing in Bay of Bengal: Indian Coast Guard
Radio Australia News - Melbourne,Australia
... 300 had jumped into the water in an effort to swim to shore. It's thought the immigrants are from Bangladesh and Burma and were trying to get to Thailand.
Chicagoist
Top 8 Of '08: No. 8 - Chicago, Cultural Epicenter
Chicagoist - Chicago,IL,USA
Featuring opening night sets from Public Enemy, Sebadoah and Mission of Burma, the rest of the weekend was pretty stellar, too. From British rapper Dizzee ...

Blogs Alert for: Burma news

ABITSU - All Burma I.T Students' Union
Stanley: Mobile Prepaid SIM Card will be distributing in Burma at 50$ by Central Marketing Company according to the local news. မင်းနိုင်: မြန်မာနိုင်ငံရှိ အိုင်တီနှင့် ပတ်သက်သော ...
Assistance Association for Political Prisoners Breaking News - for ...
Today, the National League for Democracy (NLD) party held a ceremony to mark the 61st anniversary of Burma Independence Day at their headquarters. After the event, nine NLD Youth members marched from NLD headquarters to Sanchaung ...
democracy for burma - http://democracyforburma.wordpress.com/
Inya Net » Blog Archive » 300 feared dead off India coast
Burma News · Nine NLD Members Arrested in Rangoon · Myanmar signs gas deal with South Korea, India, and China · S.Korean Lawyers Seek to Help North Korean Defectors in Burma · RSS Kay Tu Ma Ti · EU to give €40.5 million in humanitarian ...
New Orleans Ladder: Mardi
By New Orleans Ladder
Please check out my friend Moe Swe, who emailed me wonderful Burmese Music after we met through my online work with the Burma News Ladder, during the Democracy Crackdown in that country in September-October '07. ...
New Orleans Ladder - http://noladder.blogspot.com/
The World of Currencies: Firms to pipe Burma gas to China
By Currency King
The deal will see gas from Shwe reserves in waters off the Burmese state of Rakhine piped to China to supply China's National United Oil Corporation. China's Xinhua state news agency says it is a 30-year deal. Labels: Currency Asia ...
The World of Currencies - http://worldofcurrencies.blogspot.com/

အာဏာမြဲရေး ၂၀၁၀ ကစားကွင်း

အယ်ဒီတာ့အာဘော်
မဇ္ဈိမသတင်းဌာန
ကြာသပတေးနေ့၊ ဒီဇင်ဘာလ 18 2008 17:20 - မြန်မာစံတော်ချိန်


သတင်းဆိုးများ ယခုလအတွင်း ထပ်မံထွက်ပေါ်လာသည်ကတော့ စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲအပြီး ကိုယ့်လူဖြင့်ကိုယ် အစိုးရဖွဲ့ရေး သို့မဟုတ် ယူနီဖောင်းပြောင်းရုံ ဟန်ပြအုပ်ချုပ်မှုပုံစံ ပြောင်းလဲရေးပင် ဖြစ်သည်။ သတင်းအမှောင်ချပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အဆုံးအဖြတ်သည်သာ အားလုံးတည်မီသော နိုင်ငံတွင် ဒီမိုကရေစီစနစ်သို့ ကူးပြောင်းသည့် အဆင့် ၇ ချက်ပါ လမ်းပြမြေပုံ၏ အဆင့် ၅ ဖြစ်သော ရွေးကောက်ပွဲအတွက် စစ်အစိုးရက မည်သို့ပြင်ဆင်နေသည်ကို ထုံးစံအတိုင်းပင် တိုင်းပြည်ကို အသိမပေးဘဲ လျှို့ဝှက်ထားသည်။

အစီအစဉ်များက အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းပြီး ဖွံ့ဖြိုးသော နိုင်ငံတော် ထူထောင်ရေးဆိုသည့် ရည်မှန်းချက်မဟုတ်။ အာဏာကို ဆက်လက် ဆွဲကိုင်ထားနိုင်ရေးသာလျှင် ဖြစ်တော့သည်။ စီမံချက်အောက်တွင် စစ်အစိုးရ အမာခံများနှင့် လိုလားသူများကိုမူ စည်းရုံးရေးလုပ်ငန်းများ လုပ်နိုင်အောင် မျက်စပစ်ထားသည်။ သို့သော် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေကို မထုတ်ပြန်သေးဘဲ အချိန်ဆိုင်းထားခြင်းဖြင့် ဒီမိုကရေစီလိုလားသူ အတိုက်အခံများကို ပြင်ဆင်ချိန်မရအောင် လုပ်ထားသည်။

၂၀၁၀ ခုနှစ်အပြီး ဖြစ်လာနိုင်စရာ အခြေအနေများကို မှန်းဆကြည့်လျှင် လမ်းသုံးသွယ်ရှိသည်။ နံပါတ်တစ်မှာ နောင်ဖြစ်လာမည့် ပါလီမန်အမတ်နေရာ ၄၄၀ အနက် စစ်ဗိုလ်ချုပ်ကြီးများ၊ အရပ်ဝတ် လဲလိုက်သူများနှင့် သူတို့လုပ်သမျှကို ဗောင်းတော်သိ ခေါင်းညိတ်မည့်သူများကိုသာ ရွေးကောက်ပွဲဝင်ခွင့်ရအောင် သို့မဟုတ် အနိုင်ရအောင် ပြုလုပ်မည့်နည်း။ နံပါတ်နှစ်မှာ စစ်တပ်နှင့် အတိုက်အခံတို့ ညှိနှိုင်းပြီး ပါလီမန်အတွင်း ရောက်အောင် ပြုလုပ်သောနည်းဖြစ်ပြီး၊ တတိယနည်းမှာမူ ၁၉၉၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ ပြုလုပ်စဉ်ကကဲ့သို့ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပခြင်းဖြစ်သည်။

လက်ရှိအချိန်ထိ လုပ်ဆောင်ထားမှုများအပေါ် သုံးသပ်ရလျှင် ပထမနည်းလမ်းကိုသာလျှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမှူးပြုသော စစ်ဗိုလ်ချုပ်ကြီးများက ရွေးချယ်မည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် အခြား ဒီမိုကရေစီလိုလားသူ အတိုက်အခံများကို နေရာမပေးရေး၊ ပြင်ပထုတ်ထားရေးကိုသာ ကျင့်သုံးမည်ဖြစ်သည်။

ထိုအစီအစဉ်အရ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်တကွ အကြီးတန်း ဗိုလ်ချုပ်ကြီးများ၊ ၀န်ကြီးများမှာ တပ်အတွင်းနှင့် အမျိုးသားလုံခြုံရေးကောင်စီတွင် ၀င်ရောက် နေရာယူဖွယ်ရှိနေသည်။ လက်ရှိ ၀န်ကြီးအချို့က ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ပြီး ၀န်ကြီးတဖန် ပြန်ဖြစ်လာမည်ဖြစ်သည်။ ပါလီမန်အတွင်း နေရာ ၁၁၀ မှာ စစ်ဖက် ကိုယ်စားလှယ်များဖြစ်ပြီး၊ ၃၃၀ ကို လက်ရှိစစ်ခေါင်းဆောင်များ လက်ခံသူများဖြင့် ဖြည့်တင်းသွားမည်ဖြစ်သည်။ မကြိုက်သော်လည်း အောင့်ကာနမ်းအနေဖြင့် ပိုင်ပိုင်နိုင်နိုင် မဟုတ်သည့် အရပ်သား ကိုယ်စားလှယ်များ ဖြစ်လာလျှင် ၁၀ ရာခိုင်နှုံး အောက်မှာသာ ရရှိစေရေးကို စီမံထားသည်။

အရပ်သားဘ၀ဖြစ်လာမည့် လက်ရှိ ၀န်ကြီးများနှင့် မြို့တော်ဝင်များ ရွေးကောက်ပွဲအတွက် စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်လျက်ရှိကာ၊ စစ်တိုင်းမှူးအချို့ ပြည်နယ်ဝန်ကြီးချုပ်ဖြစ်ရေး စမ်းသပ်ကွင်းဆင်းနေသည်။

လွတ်လပ်မှု၊ တရားမျှတမှုတို့ လားလားမှ မျှော်မှန်းမရနိုင်သည့် ရွေးကောက်ပွဲအပြီး ပါလီမန်အတွင်းမှနေ၍ ပြုပြင်ပြောင်းလဲမှုကို သွားရန် တွက်ဆသူတို့အတွက် မျှော်လင့်ချက်က မှုန်ပြပြလေးသာ ရှိနေသည်။

သို့သော် စစ်အစိုးရအနေဖြင့် နိုင်ငံတကာအသိုင်းအ၀ိုင်း၏ အသိအမှတ်ပြု တရားဝင်မှုကို ယူနီဖောင်း ချွတ်လိုက်ရုံဖြင့် ရမည်ထင်လျှင်တော့ ရူးသွပ်မိုက်မဲမှုပင်ဖြစ်သည်။ ထို့အတူ သတင်းအချက်အလက်များ လွန်စွာမြန်ဆန်လာသည့် ဂလိုဘယ်လိုက်ဇေးရှင်းမှာ အားကောင်းစွာ ပေါ်ထွက်လာပြီး နယ်နိမိတ်များ ပါးရှပ်လာနေသည့် အခါသမယတွင် ကွယ်လွန်သူ အာဏာရှင်ဟောင်း ဦးနေ၀င်း၏ လမ်းစဉ်ဖြစ်သည့် အထီးကျန် နေထိုင်ရေးကို ရွေးချယ်ဖို့လည်း အခြေအနေ မပေးတော့၊ ကြီးမားသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်ကာ နောက်ဆုံး အဆုံးသတ် မကောင်းသော ပြိုလဲခြင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

သို့သော် အပြောင်းအလဲများက သူချည်းသက်သက်တော့ အရှိန်ပြင်းစွာ ဖြစ်လာမည်မဟုတ်။ တိုးတက်ပြောင်းလဲလာသော အခြေအနေအောက်မှ လူ့အခွင့်အရေးကို လေးစားလိုက်နာသော၊ လွတ်လပ်ပွင့်လင်းသော လူ့ဘောင်သို့ သွားရောက်လိုသူများအတွက် ကောင်းမွန်သော ပြင်ဆင်မှုများ စနစ်တကျ လုပ်သင့်ပေပြီ။

သတင်းပဒေသာ

ရန်ကုန် ကရင်နှစ်သစ်ကူးပွဲ စည်ကားစွာကျင်းပ

ရန်ကုန် ကရင်နှစ်သစ်ကူးပွဲ စည်ကားစွာကျင်းပ

ကရင် အင်္ကျီ အနီရောင်လေး ၀တ်ထားသော အသက် ၄ နှစ်အရွယ် စောဂေးမူးသည် စင်မြင့် ပေါ်တွင် ခပ်မတ်မတ် ရပ်ကာ ထောင်သောင်းမက များပြားလှသော လူအုပ်ကြီးဆီသို့

ထူးမခြားနား နယူးရီးယား

၂၀၀၉ ခုနှစ်သို့ အဝင် နှစ်သစ်ကူးခါနီး အချိန်တွင် ရန်ကုန်မြို့နေ သာမန် လူတန်းစားများ အနေနှင့် မည်သည့် ပျော်ပွဲ ရွှင်ပွဲကိုမှ စိတ်ဝင်စားခြင်း မရှိကြောင်း မြို့ခံများထံမှ သိရသည်။
မြန်မာစစ်အစိုးရအား
ဖွံ့ဖြိုးရေးအကူအညီပေးရေး ဂမ်ဘာရီအဆိုပြု

NEJ/ ၃၀ ဒီဇင်ဘာ ၂၀၀၈ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသား (၂,၀၀၀) ကျော်လွှတ်ပေးရေးနှင့် မြန်မာနိုင်ငံ မှာ ဒီမိုကရေစီရေး ပြောင်းလဲမှုများ လုပ်ရန် မြန်မာစစ်အစိုးရအား ဖွံ့ဖြိုးရေးလုပ်ငန်း ခေါင်းစဉ်ဖြင့် ငွေကြေးအကူအညီ မက်လုံးပေးကမ်း...အပြည့်အစုံသို့
အန်အယ်လ်ဒီလူငယ်အချို့ မြေနီကုန်းမှာ ဆန္ဒပြလမ်းလျှောက်
ဒေါ်အောင်ဆန်းစုကြည်လွှတ်ပေးရေး တောင်းဆို
updated
NEJ/ ၃၀ ဒီဇင်ဘာ ၂၀၀၈

ယနေ့  နေ့လယ် (၂) နာရီခွဲခန့်က ရန်ကုန် မြေနီကုန်းတွင် အန်အယ်လ်ဒီ အဖွဲ့ဝင် (၉) ဦး ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရေး ပိုစတာများ ကိုင်ဆောင်ပြီး လမ်းလျှောက် ဆန္ဒပြကြကြောင်း မျက်မြင် သက်သေများက ပြောသည်။...အပြည့်အစုံသို့


- မြန်မာ့ဒီမိုကရေစီရေး ဆန္ဒပြသူ ၉ ဦး ဖမ်းဆီးခံရ click
- ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲ ရှိတ်ခ်ဟာဆီနာ အပြတ်အသတ် အနိုင်ရ click
- ဆန္ဒပြမှုကြောင့် ထိုင်းဝန်ကြီးချုပ် မူဝါဒရှင်းပွဲ နေရာရွှေ့ဆိုင်း ကျင်းပ click
- ဆန္ဒပြလူငယ်များကို ရိုက်နှက်ဖမ်းဆီး click
- ပြည်သူနှင့် လွတ်လပ်မှုအကြောင်း လူငယ်များအတွက် ဆွေးနွေး click
- အစ္စရေး ဘာကြောင့် ဂါဇာကို တိုက်စစ်ဆင်နေသလဲ click
- ရန်ကုန်က ဆန္ဒပြပွဲ လူငယ်များ အဖမ်းခံရ click
- ဆန္ဒပြသူ အဖွဲ့ချုပ်လူငယ် ၉ ဦး လွှတ်တော်ရှေ့အရောက်တွင် အဖမ်းခံရ click
- ရန်ကုန်တွင်ဆန္ဒပြ click
- ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပါလီမန်ရွေးကောက်ပွဲ၌ ၀န်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာ ဦးဆောင်သော အ၀ါမီလိဂ် ပါတီမှ မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိ click
- နယူးယောက်ပြည်နယ် ယူတီကာက အသံမစဲ ပဋ္ဌာန်းပွဲ (ဓာတ်ပုံသတင်း) click
- မလေးရှားက ကရင်နှစ်သစ်ကူးပွဲ (ဓာတ်ပုံသတင်း) click
- နယူးယောက် ရောက်ဖဲလားစင်တာက ခရစ္စမတ်သစ်ပင် click
- အရာခံဗိုလ်လုပ်ရပ်ကြောင့် ဒေသခံရွာသားများ မကျေမနပ်ဖြစ်နေ click
- ထူးမခြားနား နယူးရီးယား click
- ၁၁ မီး ဝိုင်းနေသည့် ဗိုလ်ချုပ်မှူးကြီး (ဆောင်းပါး) click
- ကိုဆန်းတင့်နှင့် လူမှုထူးချွန်ဆု (ထွေရာလေးပါး) click
နွားခေတ်ကို ရောက်ရမည်မှာ မလွဲပါ (ကာတွန်း ဟန်လေး - ဧရာဝတီဝက်ဘ်ဆိုက်)
- အန်အယ်ဒီလူငယ်အချို့ မြေနီကုန်းမှာ ဆန္ဒပြလမ်းလျှောက်၊ ဒေါ်အောင်ဆန်းစုကြည်လွှတ်ပေးရေး တောင်း ဆို click
- ဆန္ဒပြသူ ၉ ဦး အဖမ်းခံရ click
- ရှားရှားပါးပါး ရန်ကုန်မြို့ ဆန္ဒပြပွဲ၌ ၉ ဦးအဖမ်းခံရ click
- မြန်မာစစ်အစိုးရအား ဖွံ့ဖြိုးရေးအကူအညီပေးရေး ဂမ်ဘာရီ အဆိုပြု click
- နေပြည်တော်ပျဉ်းမနား မြို့မဈေးဖျက်ပြီး ရှော့ပင်းမောလ်ကြီး ဆောက်မည် click
- ထိုင်းနိုင်ငံရေးလောက အဂတိလိုက်စားမှု တနှစ် ဘတ်ငွေသန်းပေါင်း ၁၁,၆၇၆ ရှိခဲ့ click
- ရန်ကုန် ကရင်နှစ်သစ်ကူးပွဲ စည်ကားစွာ ကျင်းပ click
- ပါလက်စတိုင်း အပစ်အခတ်ရပ်စဲရေး ပြန်ထိန်းကြဖို့ ဘန်ကီမွန်းတိုက်တွန်း click
- ဘင်္ဂလားဒေရှ့်ရွေးကောက်ပွဲ အ၀ါမီညွန့်ပေါင်း အသာစီးရ click
- မြန်မာ့လွတ်လပ်ရေး မီးရှူးတန်ဆောင် အရှင်ဦးဥတ္တမမွေးနေ့ ကျင်းပ click
- ရန်ပုံငွေလက်မှတ်များ အဓမ္မရောင်း၍ မြို့ခံများ မကျေနပ် click
- ၃၃ ကြိမ်မြောက် ကာတွန်းဆရာကြီးများ ကန်တော့ပွဲ click
- နိုင်ငံရေးအကျဉ်းသားတဦး တီဘီရောဂါ ကူးစက်မှုဖြင့် ကွယ်လွန် click
- အဖွဲ့ချုပ်လူငယ်ဖွဲ့စည်းဖော်ဆောင်ရေး ဆွေးနွေး click
- စိုက်ပျိုးစရိတ် ပြန်မဆပ်နိုင်၍ လယ်သမားများ အခက်ကြုံ click
- ဦးဝင်းတင်ကို နှောက်ယှက်မှုတွေ တိုးမြှင့်လာ click
- ၈၈ ကျောင်းသားခေါင်းဆောင် ကိုသိန်းသန်းထွန်း ထောင်ဆေးရုံတက် click
- ၂၀၀၈ နာဂစ်အလွန် ၇ လ၊ ၂၀၀၉ သို့ အ၀င် … အမှတ်တရ သစ်ပုတ်ပင် (ဓာတ်ပုံသတင်း) click
- မိုးမခရဲ့ “Burmese Helping Burmese” မြန်မာအချင်းချင်း ရိုင်းပင်းခြင်းအစီအစဉ် ဆက်လက်ဆောင်ရွက် လျက်ရှိ click
- ကာတွန်းဆရာကြီးများ ကန်တော့ပွဲ သမိုင်းပုံရိပ် အမှတ်တရ စာစောင် မှတ်တမ်း click

12.30.2008

Burma News

Breaking News – for immediate release
Date: December 29, 2008
The 138th political prisoner has died in Burma's prisons, the Assistance Association for Political Prisoners (Burma) has learned. Htay Lwin Oo passed away in Mandalay prison yesterday. He was suffering from tuberculosis.

Htay Lwin Oo, a teacher and member of the National League for Democracy from Amarapura Township in Mandalay, was arrested on 21 December 2003 and sentenced to 7 years
imprisonment under section 5 (J) of the Emergency Provisions Act. He was due for release
in December 2009.

Democratic Voice of Burma - Oslo,Norway
"The UN secretary-general should empathise with the suffering of the people of Burma and come and solve the problems as soon as possible. ...
Harrison principal assures WWII vets not forgotten
Baxter Bulletin - Mountain Home,AR,USA
Branch became interested in World War II history as a child after hearing war stories from his father, who served in the China-Burma-India triangle, ...
UN's 'Stockholm Syndrome' Won't Work in Burma
The Irrawaddy News Magazine - Chiang Mai,Thailand
This year we saw many twist and turns and ups and downs in Burma—but the tragedy of Burma seems to have no end in sight. Early this year, the regime ...
BBC News
Firms to pipe Burma oil to China
BBC News - UK
Burma's military government has signed a deal with a consortium of four foreign firms to pipe natural gas into neighbouring China, state media report. ...
Hundreds feared dead in Bay of Bengal
Boston Globe - United States
HONG KONG - Hundreds of migrants from Bangladesh and Burma are missing and feared dead in the Bay of Bengal after jumping from a boat and trying to swim to ...
Manipuri killed in Myanmar
E-Pao.net - Manipur,India
New Delhi, December 28 2008: AN UNIDENTIFIED gunman on Saturday shot dead an Indian from Manipur at his rented house in Kalemyo town of North-western Burma, ...
Harrison principal assures WWII vets not forgotten
WREG - Memphis,TN,USA
His father served in the China-Burma-India triangle, and his uncle was in the D-Day invasion and the Battle of the Bulge.
300 migrants missing off Andamans
BBC News - UK
The migrants are thought to be from Bangladesh and Burma. "One body has been recovered so far and search operations are still going on in nearby islands for ...

Blogs Alert for: Burma news

Firms to pipe Burma oil to China · SpeedSignal News
The firms - from South Korea and India - will pipe the gas from fields off Burma's north-western coast. The deal was signed in a ceremony in Rangoon on 24 December, the New Light of Myanmar state newspaper reported. ...
မိုးမခ မီဒီယာ - MoeMaKa News & Media: The Generation ...
By Yan Lo Kywe
The Generation Waves – Free Burma Poster. The Generation Waves – Free Burma Poster December 29th, 2008. Posted by Phan Mee Ain - Literature Lovers at 1:46 AM. Labels: Cartoon Box ...
မိုးမခ မီဒီယာ... - http://moemaka.blogspot.com/
boilingspot: Firms to pipe Burma oil to China
By Awicaksono
China's Xinhua state news agency says it is a 30-year deal. Map. As well as Burmese ministers, the signing ceremony was attended by executives from both Korean firms, ONGC Videsh and the Chinese corporation, the New Light of Myanmar ...
boilingspot - http://boilingspot.blogspot.com/
Budget Yourself - Finance, Budgeting, Business, Marketing » Blog ...
December 29, 2008 – 11:27 am Burma signs a deal with Korean and Indian firms to pipe gas to China, despite complaints from rights activists. Read the rest of the story... Sorry, comments for this entry are closed at this time. ...
Budget Yourself - Finance, Budgeting,... - http://www.budgetyourself.com/
World War II rescue work had dangers | mansfieldnewsjournal.com ...
William Ramsey, of Adario, talks about the dangers of oceanic rescue missions during typhoons. Purchase this Photo. William Ramsey, of Adario, talks about the dangers of oceanic rescue missions during typhoons. (Dave Polcyn/News Journal ...
mansfieldnewsjournal.com - Local News - http://mansfieldnewsjournal.com/
- Americans found allies in Burma villagers click
- Burma's Stilwell Road: A backbreaking WWII project is revived click
- CNPC signs purchase and sale agreement for Myanmar gas click

တိုက်ခိုက်ရေးနှစ်

သား (၃) သားနဲ့ တိုင်းရင်းသားပြည်သူများ လက်တွဲကြ

ဆောင်းပါးရှင် - တရုတ်မ (တပ်မတော် အရာရှိတစ်ဦး)



ကျွန်တော်တို့နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေ ပေါ်မူတည်ပြီးတော့ ဒီခေါင်းစဉ်နဲ့ ကျွန်တော် ရေးသားလိုက် ပါတယ်။ ကျွန်တော် အခုပြောပြချင်တဲ့ သား (၃) သားဆိုတာကတော့ အများပြည်သူတွေ သိပြီးသားပါ။ ဘုရားသား ရဟန်း၊ ကျောင်းသားနဲ့ စစ်သား ဆိုတဲ့ သား (၃) သားပါ... ၊ တိုင်းရင်းသား ဆိုတာကတော့ ပြည်သူတွေကနေ ဖြစ်လာတာမို့လို့ ပြည်သူလို့ဘဲ သုံးလိုက်ရပါတယ်... အဲဒီ သား (၃) သားတွေအနေနဲ့ ပြည်သူတွေ အားလုံး. စည်းလုံးညီညွှတ်မှု ရှိဖို့အတွက် ဦးဆောင်မှု ပေးရန် လိုအပ်နေပါတယ်။ အဲ့ဒီသား (၃) သားကလည်း မိမိတို့ ပါဝင်ရမဲ့ နေရာ အခန်းကဏ္ဍတွေကနေ ပြည့်ပြည့်၀၀ ပါဝင်ကြပြီးတော့ အာဏာရှင်တွေကို ဆန့်ကျင် ကြမယ်ဆိုရင် ကျွန်တော်တို့တတွေ မျှော်လင့်နေတဲ့ ဒီမိုကရေစီ ပန်းတိုင်ကို မရောက်မရှိဘူးဆိုတာ ယုံကြည် ကြစေချင်ပါတယ်။

ဘုရားသား ရဟန်းသံဃာ အရှင်ဘုရားတို့ ဘုရား -

ရဟန်း သံယာတွေ အနေနဲ့ လည်း ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ် စက်တင်ဘာလ ရွှေဝါရောင် တော်လှန်ရေး လှုပ်ရှားမှုမှာ ဦးဆောင် ပါဝင်သလိုဘဲ နောက်တစ်ခါထပ်မံ ဖြစ်ပွားမဲ့ တော်လှန်ရေး အစီအစဉ်မှာ လည်း ယခင်တုန်းက လိုမျိုး တက်ကြွစွာ ပါဝင်ဖို့ကို တပည့်တော် အနေနဲ့ တိုက်တွန်း လျှောက်ထားပါရစေ ဘုရား...

ကျောင်းသား ညီအစ်ကို မောင်နှမများ ခင်ဗျား -

ကျောင်းသားတွေ အနေနဲ့ နိုင်ငံတကာနဲ့ယှဉ် အသိဥာဏ် ကြွယ်ဝသူတွေ ပီပီ မိမိနိုင်ငံမှာ ပညာရေး အဆင့်အတန်း နိမ့်ကျပြီး အရွယ်မရောက်မှီ ကျောင်းက ထွက်ပြီးတော့ အပြင်မှာ စီးပွားရှာ ရုန်းကန်နေရရှာတဲ့ မိမိတို့နဲ့ အသက်အရွယ် တူညီသူတွေကို သနားညှာတာသော အားဖြင့် ဒီမိုကရေစီဆိုတဲ့ ပန်းတိုင်ကို လျှောက်လှမ်းတဲ့ နေရာမှာ အားလုံး ပါဝင်ဆင်နွှဲကြဖို့ကို ကျွန်တော့် အနေနဲ့ ကမ်းလှမ်း ဖိတ်ခေါ်ပါတယ်......

စစ်သား ရဲဘော်ရဲဘက်များ ခင်ဗျား -

စစ်သားတွေကလည်း အမှားနဲ့ အမှန်ကို ဝေဖန်ပိုင်းခြားတတ်ဖို့ လိုအပ်လာပါပြီ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ မြန်မာနိုင်ငံက စစ်အာဏာရှင်တွေရဲ့  ခိုင်းတာလုပ်၊ ခေါ်ရင်လာ၊ ခံမပြောနဲ့ ဆိုတဲ့ “ခ” သုံးလုံး ကို တွင်တွင်သုံးပြီး တဖက်သတ်ဆန်တဲ့ အမိန့်တွေကို မိမိ အသိဥာဏ်နဲ့ မိမိ စဉ်းစားဖို့လိုရာမှာ အခုလက်ရှိ မြန်မာနိုင်ငံမှာ ပြည်သူတွေ ဘယ်လောက် ခက်ခက်ခဲခဲ နေ နေကြရတယ်၊ မိမိ ၀မ်းစာကို မိမိ ဘယ်လောက်တောင် ရုန်းကန်ပြီးတော့ ရှာဖွေနေကြရတယ် ဆိုတာတွေကို နည်းနည်းလေး ဖြစ်ဖြစ် စဉ်းစားပြီးတော့ အဖြေရှာကြ စေချင်ပါတယ်၊ စစ်သားတွေရဲ့ အဓိက ထမင်းရှင်က ပြည်သူတွေပါ၊ ပြည်သူတွေဆီက အခွန်အကောက်တွေနဲ့ ကောက်ခံပြီးတော့ လခ ဆိုပြီး ဖြန့်ခွဲပေးလိုက်တာပါ၊ အဲဒီတော့ မိမိတို့ တိုင်းသူပြည်သားတွေ အခက်အခဲတွေ ဖြစ်ပေါ်နေတာတွေကိုလည်း လစ်လျူရှူဖို့ မကောင်းပါဘူး၊ စစ်တပ် အကြီးအကဲ လက်တစ်ဝါးစာ စစ်အာဏာရှင်တွေရဲ့ ထိုင်ခုံတွေ တည်မြဲ ဖို့ကို အောက်ခြေစစ်သားတွေက အသက်နဲ့ ရင်းပြီးတော့ အချင်းချင်း တိုက်ခိုက်ပေးနေရတာကို အရမ်းသနားပါတယ်။ ဒီလိုမျိုးတွေ မဖြစ်ဖို့ အတွက် ကျွန်တော့်အနေနဲ့ ရဲဘော်ရဲဘက်တွေ အားလုံးကို စစ်သားစကားနဲ့ ပြောရရင် “တပ်မတော် သမိုင်းကြောင်း ကောင်းဖို့အတွက် သေနတ်ပြောင်းဝ ပြောင်းပြန် ပြန်လှည့်ဖို့” အချိန်တန်ပြီလို့ တိုက်တွန်းရင်း သား (၃) သား လှုပ်ရှားမှုမှာ ပါဝင်လှုပ်ရှားကြဖို့ တာဝန်ရှိကြောင်း ပြောကြားလိုပါတယ်...

တိုင်းရင်းသား ညီအစ်ကို မောင်နှမများ ခင်ဗျား -

တိုင်းရင်းသားတွေဘက်ကလည်း ပြန်စဉ်းစားဖို့ အချိန်တန်ပါပြီ၊ ဘာကိုလည်းဆိုတော့ ကျွန်တော်တို့ရဲ့ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်းက ပြည်ထောင်စု မြန်မာနိုင်ငံတော် ဆိုပြီး မြန်မာနိုင်ငံကို ရုပ်လုံး ဖေါ်ပေးခဲ့ပါတယ်၊ ဒါပေမဲ့ အခု နအဖ စစ်အစိုးရ လက်ထက်မှာ တိုင်းရင်းသား လူမျိုး တစ်စုထဲ မှာတောင် ပြန်လည် သင့်မြတ်ဖို့ ခက်ခဲအောင် သွေးခွဲ ထားခဲ့ပါတယ်၊ သမိုင်းကြောင်း မရှိတဲ့ “၀” လူမျိုး WNA တပ်ဖွဲ့တွေကို ကြောက်လန့်ပြီး ရှမ်းပြည်နယ်ကို ခွဲထုတ်ကာ “၀” ပြည်နယ် အဖြစ် စီစဉ်ပေးနေပါတယ်။ ဒီလို သွေးခွဲ အုပ်ချုပ်နေတဲ့ နအဖ စစ်အာဏာရူးတွေကို မြန်မာနိုင်ငံမှာ နေထိုင်ကြသော တိုင်းရင်းသား လူမျိုးစု တွေ အားလုံးက ပါဝင်ပြီးတော့ ဆန့်ကျင်တိုက်ခိုက်ကြပါ၊ လက်နက်ကိုင် တိုင်းရင်းသားတွေ အနေနဲ့ လည်း ပါဝင်တိုက်ခိုက်ကြပါ၊ လက်နက်မဲ့ တိုင်းရင်းသားတွေ အနေနဲ့လည်း မိမိတို့ တတ်နိုင်တဲ့ အင်အားနဲ့ ဘုရားသား၊ကျောင်းသား၊ စစ်သား၊ တိုင်းရင်းသား၊ ပြည်သူပြည်သားဆိုတဲ့ သား (၅) သား ပူးပေါင်း စစ်ဆင်ရေးမှာ ပါဝင်ကြဖို့ ကျွန်တော့် အနေနဲ့ လက်တွဲဖိတ်ခေါ်ပါရစေ....

ပြည်သူပြည်သားများ ခင်ဗျား -

မြန်မာနိုင်ငံတော်မှာ နေထိုင်ကြတဲ့ ပြည်သူပြည်သားတွေ အနေနဲ့ မိမိတိုင်းပြည်က ထွက်တဲ့ သယံဇာတတွေ ဟာ နိုင်ငံတော်ကို အုပ်ချုပ်နေတဲ့ အုပ်ချုပ်သူ လူတန်းစား တစ်ခုတည်းက ပိုင်ဆိုင်တဲ့အရာ မဟုတ်ကြောင်း နားလည်ကြပါ။ ဒီမိုကရေစီဆိုတာ လူတိုင်းလူတိုင်းမှာ လွတ်လပ်မှုတွေများစွာနဲ့ နေထိုင်လို့ရတာကို ဒီမိုကရေစီလို့ ခေါ်ပါတယ်... မိမိနိုင်ငံဟာ များစွာ ချမ်းသာပါတယ်၊ မိမိတို့နိုင်ငံမှာ တွင်းထွက် သယံဇာတတွေဟာ ဘယ်တော့မှ မကုန်နိုင်တာကို စစ်အာဏာရှင်တွေက သူတို့ ရပိုင်ခွင့်လို့ ထင်နေတဲ့ “အရမ်းမှားတဲ့ အတွေးအခေါ်” ကို တော်လှန်ကြပါ...


ကျွန်တော်တို့ တိုင်းပြည်မှာ ဆိုရင် ကလေးတွေဟာ အသက် ၁၀ နှစ်ကျော်တာနဲ့ လမ်းဘေးမှာ ပိုက်ဆံလိုက်တောင်းတဲ့ သူတွေရှိသလို ရေခဲရေ ရောင်းရတဲ့ ကလေးတွေလည်း ရှိပါတယ်... ဘယ်နိုင်ငံမှာမှ မရှိဘူးလို့ မပြောပါဘူး... အခြားအခြားသော တိုင်းပြည်တွေမှာတော့ မြန်မာပြည်မှာ ဖြစ်ပျက်နေတဲ့ ကလေး ဦးရေ ရဲ့ ၁၀၀ ပုံ ပုံရင် ၁ ပုံ လောက်ဘဲ ရှိပါတယ်။ UNICEF ကုလသမဂ္ဂ ကလည်း မြန်မာနိုင်ငံကို အနည်းအကျဉ်း ထောက်ပံ့ခဲ့ပါတယ်... အဲ့ဒီငွေတွေက ဘယ်မှာ သွားသုံးနေတာလည်း ဆိုတာကို စာရင်းမပြနိုင်ဘူး ဖြစ်နေပါတယ်။ မြန်မာနိုင်ငံမှာ စစ်အင်အားတွေ တိုးချဲ့နေတယ်... စစ်တပ်ကို ခမ်းနားထည်ဝါအောင် လုပ်ပြီးတော့ ဘယ်သူနဲ့ တိုက်မှာလဲ... မြန်မာပြည်ကို ဘယ်နိုင်ငံက လာတိုက်မှာ မို့လို့လဲ... အခုလို တိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ မြန်မာနိုင်ငံမှာ စစ်တပ်အင်အား နည်းတယ်လို့ သဘောထား ကြည့်လိုက်ကြရအောင်... ဘယ်နိုင်ငံက လာတိုက်မှာလဲ... အခြားအခြားသော နိုင်ငံတွေက မြန်မာနိုင်ငံကို လိုချင်လွန်အားကြီးလို့ လာတိုက်ပြီ ဆိုရင်တောင် ဘယ်နိုင်ငံက လက်ခံမှာလဲ... စဉ်းစားကြည့်ပေါ့... စစ်တပ်ဆိုတာ မရှိရင် မဖြစ်ပေမဲ့ မလိုအပ်ဘဲ အင်အားတိုးချဲ့ပြီး အကန့်အသတ်မရှိ ငွေကြေးသုံးစွဲခွင့်တော့ မရှိသင့်ပါ။ ဒါကြောင့် နောက်ထပ် တက်လာမဲ့ စစ်အာဏာရူးတွေ မရှိရအောင် အခု အချိန်ဟာ အားလုံး စည်းလုံးညီညွှတ်မှုရှိဖို့ အရေးကြီး နေပါတယ်။

စစ်အာဏာရှင်တွေဟာ စစ်တပ်ကို အကြောင်းပြုပြီး နိုင်ငံတကာက လက်နက်ခဲယမ်းတွေကို မတန်တဆ ငွေကြေးများနဲ့ ပေးဝယ်ရာမှာ သူတို့ အကျိုးစီးပွားအတွက် အိတ်ထဲ ထည့်တာကိုတော့ ပြည်သူတွေ မပြောနဲ့ စစ်တပ် တပ်မတော်သားတွေတောင် မသိလိုက်ရပါဘူး။ ဥပမာ- သန်းရွှေရဲ့  မွေးစားသားလို့ ခေါ်တဲ့ ဦးတေဇအနေနဲ့ စီးပွားဘက် အကျိုးအမြတ် ပွဲခတွေကို Percentage အလိုက် တိုင်းပြည်ဘဏ္ဍာငွေ ဆီကလည်းကောင်း၊ လက်နက် ရောင်းချနေတဲ့ နိုင်ငံတွေဆီမှ လည်းကောင်း နှစ်ဖက်စလုံးမှ ပွဲခ ရယူလိုက်တာမို့ တပ်မတော်နဲ့ တိုင်းပြည်ဟာ များစွာနစ်နာခဲ့ရပါတယ်။ ဦးတေဇက ဦးသန်းရွှေ မိသားစုရဲ့ စီးပွားရေးကို လုပ်ကိုင်ပံ့ပိုးနေတဲ့သူ ဖြစ်ပါတယ်။ သူတို့ အိတ်ကဒ်ထဲ ရောက်တဲ့ ပိုက်ဆံတွေကို ပြည်သူတွေရဲ့  အမှန်တကယ် လိုအပ်ချက်အား ဖြည့်ဆည်းပေးလိုက်ရင် ဘယ်လောက် ကောင်းမလဲ။

ကျွန်တော်တို့ရဲ့ ဖခင် ဗိုလ်ချုပ်အောင်ဆန်းဟာ စစ်တပ်ကို ဘာကြောင့် ထူတောင်တာလဲ ဆိုတာကို အခု အုပ်ချုပ်နေတဲ့ စစ်အာဏာရူးတွေက မသိချင်ယောင်ဆောင် နေကြတာပါ... ဗိုလ်ချုပ်အောင်ဆန်းသာ အသက်ရှင်လျှက် ရှိမယ်ဆိုရင် ဦသန်းရွှေတို့ရဲ့ ဆရာ ဦးနေ၀င်းတောင် ခါးကိုင်း အလေးပြုနေရမှာပါ... အခုလက်ရှိ အုပ်ချုပ်နေတဲ့ စစ်အာဏာရူးတွေကတော့ ဘယ်ကနေ ဘယ်လို အချောင် ရနိုင်မယ် ဆိုတာကိုဘဲ တွက်ပြီးတော့ အုပ်ချုပ်နေ ကြတာပါ... ဒီလို သဘောထားနေတာကို ကျွန်တော်တို့ အနေနဲ့ ဘယ်လိုမှ လက်ခံနိုင်စရာ အကြောင်းမရှိပါဘူး... အခု စစ်တပ်မှာ ရွတ်ဆိုနေတဲ့ သစ္စာ (၄)ချက်ဆိုတာက ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် စဉ်းစားပြီးတော့ ရေးထားတာတွေ ဖြစ်ပါတယ်။ အခု စစ်အာဏာရှင်တွေ လုပ်နေတာက ဒီသစ္စာ လေးချက်နဲ့ ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။ အာဏာရှင်တွေ ပြောနေတဲ့ ပြည်ပအားကိုး ပုဆိန်ရိုးဆိုတာ လက်တွေ့ကျတော့ အာဏာရူးတွေ ကသာ ပေါက်ဖော်တွေကို အားကိုးပြီး ဖင်မခံရုံတမယ်ပါဘဲ။ တရုတ်ကို အားထားလို့ တရုတ်နိုင်ငံက ရေဒါ စခန်းကို တောင်မှ မြန်မာနိုင်ငံ မြေပေါ်မှာ ပေးဆောက်တာ ဘယ်လိုလုပ်ပြီး ကောင်းနိုင်မှာလဲ... အခုလက်ရှိ အတိုက်အခံလို့ ပြောပြောနေတဲ့ အတိုက်အခံတွေကလည်း ဘယ်သူကမှ အတိုက်အခံဖြစ်ချင်နေတာ မဟုတ်ပါဘူး... ပြည်သူတွေဘက်ကနေ ရပ်တည်ပြီး ပြည်သူ့အကျိုးကို ကြည့်ပြီးတော့ အတိုက်အခံ လုပ်နေကြတာပါ... မိမိတို့ငယ်ငယ်လေး ကတည်းက နေခဲ့တဲ့ တိုင်းပြည်ကို ဘယ်သူက ခွဲသွားချင်မှာလဲ... ဒီလို ခံစားချက်မျိုးကို ခံစားတတ်တာက ရုရှားရောက် အရာရှိတွေ အားလုံး ခံစားတတ်ပါတယ်... မိမိမွေးဖွားရာ နိုင်ငံမှာ မနေရဘဲ သူများနိုင်ငံတွေမှာ သွားနေပြီး အတိုက်အခံလုပ်နေရတာက ဘယ်လိုမှ မကောင်းပါဘူး... ကမ္ဘာမှာ မိမိတိုင်းပြည်ရဲ့ နိုင်ငံသား ခံယူထားသူတွေ အားလုံးဟာ မိမိနိုင်ငံသားပါ... စစ်အာဏာရူးတွေကတော့ တိုင်းပြည်မှာရှိတဲ့ အခြားအခြားသော လူမျိုးစုတွေ အားလုံးကိုတောင် သွေးခွဲအုပ်ချုပ်မှူဆိုတဲ့ စနစ်နဲ့ အုပ်ချုပ်ထား ပါတယ်... ပြီးတော့ ပိုက်ဆံနဲ့ အာဏာရှိမှ မြန်မာနိုင်ငံမှာ လူလုပ်လို့ ရမယ်ဆိုတဲ့ ပုံစံကို မြန်မာနိုင်ငံမှာ ရိုက်ထည့် ထားတာကလဲ ဒီလို အသုံးမကျတဲ့ စစ်အာဏာရူးတွေပါဘဲ... ဘာကြောင့်လဲဆိုတော့ ဥပမာ... ဘောလုံးအရမ်း ကစားကောင်းတဲ့ ကောင်လေး တစ်ယောက်ရှိခဲ့တယ်... ဒီကောင်လေးက မွန်လူမျိုး ဖြစ်ပြီး အရမ်း ဆင်းရဲပါတယ်... အဲဒီတော့ တိုင်းရင်းသားလည်းဖြစ်ပြီး အရမ်းဆင်းရဲတော့ သူ့ကို ဘောလုံးပွဲမှာ ၀င်ကစားဖို့ လုံးဝ သဘောမတူခဲ့ပါဘူး... သူ့အစား ပိုက်ဆံချမ်းသာတဲ့ လူတစ်ယောက်က ၀င်ကစားသွားပါတယ်... အဲဒီလို အသေးအဖွဲမျိုး အောက်ခြေမှာ ဖြစ်ပျက်နေတာတွေကို စစ်အာဏာရူးတွေက မသိချင်ယောင်ဆောင်ပေး နေကြပါတယ်... ပြီးတော့ စစ်တပ်ဆိုတာကလည်း ဖာချ ၊၀ရမ်းပြေး ၊သူခိုး စတဲ့ မကောင်းတဲ့ လူတွေကို စုထားတဲ့ နေရာ တစ်ခုလို ဖြစ်နေတာကို စစ်အာဏာရူးတွေက သိရက်နဲ့ လစ်လျူရူထားပါတယ်။ သိတယ်ဆိုတာက လေးလပတ် အစည်းအဝေး တစ်ခုမှာ သန်းရွှေကိုယ်တိုင် ဆူပူပြောဆိုခဲ့တာပါ။ စစ်တပ်မှာဆိုရင် အောက်ခြေ စစ်သားတွေ ရဲဘော်တွေကို ကြည့်မယ်ဆိုရင် ဘယ်လောက်တောင် မြေဇာပင် ဖြစ်မှန်းမသိ ဖြစ်နေကြတာကို ကြည့်ပြီး အရမ်းသနားမိပါတယ်... တပ်ရင်း တစ်ရင်းမှာ တပ်ရေးဗိုလ်ကြီး လုပ်သူက ရဲဘော်တွေရဲ့ ချွေးနဲစာ တွေကို တပ်ရင်းမှူးနဲ့ ပေါင်းစား နေကြတာ တွေ့ရပါတယ်... တပ်ထောက်ဗိုလ်ကြီး ကလည်း ရဲဘော်တွေရဲ့ အ၀တ်အစားတွေကို ပြောမယ်ဆိုရင် ချပ်ဝတ် တန်ဆာတွေကို တပ်ရင်းမှူးနဲ့ ပေါင်းပြီး ခိုးစားနေကြပါတယ်... ဒီလိုစစ်တပ်ရဲ့ ဖြစ်ပျက်နေတဲ့ အခြေအနေ အမှန်ကို စစ်အာဏာရူးတွေက မသိချင်ယောင် ဆောင်နေကြပါတယ်...

ဒီိမိုကရေစီဆိုတာက လူတိုင်းလူတိုင်းမှာ လွတ်လပ်စွာ အသက်ရှင် ပိုင်ခွင့်ရှိတယ်... ရပိုင်ခွင့်ရှိတယ်။ အခုမြန်မာနိုင်ငံမှာ လူ(၄)ယောက် စုပြီး လမ်းလျှောက်ရင်တောင် ဖမ်းဆီးမှုတွေ ရှိတယ်ဆိုတော့ ဘယ်လိုလုပ်ပြီး ကောင်းနိုင်မှာလဲ... ပြီးတော့ မြန်မာနိုင်ငံမှာ နိုင်ငံသားဖြစ်ပြီးတော့ မိမိအိမ်ကနေပြီး အဘွားအိမ်ကို သွားအိပ်မယ်ဆိုရင်တောင် အဘွားအိမ် ရောက်ရင် ရပ်ကွက်ရုံးကို သွားပြီးတော့ သန်းခေါင်စာရင်း တိုင်ရတယ်... ကဲ ကောင်းသေးလား... ရုရှားမှာ သင်တန်းတက်နေတဲ့ အရာရှိတွေဆိုရင် ပိုသိမှာပေါ့... ဘာလို့လဲဆိုတော့ သူများနိုင်ငံမှာ နိုင်ငံကူးလက်မှတ်နဲ့ နေနေတဲ့ သူတွေတောင်မှ ဧည့်စာရင်းတိုင်တာတွေ မလုပ်ရဘဲ အေးအေးဆေးဆေး သွားလာလို့ ရပါတယ်... ရုရှားရောက် အရာရှိတွေ အနေနဲ့ မိမိတိုင်းပြည်နဲ့ ပြည်ပနိုင်ငံတွေ ဘယ်လောက်တောင် ကွာဟချက်တွေရှိတယ်.. သူများနိုင်ငံတွေက ဘယ်လိုပုံစံလဲ မိမိနိုင်ငံက ဘယ်လို ပုံစံလဲဆိုတာကို ကိုယ်တွေ့မို့ ချင့်ချိန်စဉ်းစားကြည့်ကြပေါ့... မိမိနိုင်ငံမှာ စစ်တပ်က အုပ်ချုပ်နေတဲ့ အချိန်မှာ သံဃာတွေ ငြိမ်းချမ်းစွာ ဆန္ဒ ပြတာကို စစ်တပ်နဲ့ ရဲတွေက ပူုးပေါင်းပြီးတော့ အတင်းတိုက်ဖျက်တာ ဘာကြောင့်လဲ.... ပြီးတော့ စစ်တပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်သားတွေက ဗုဒ္ဓဘာသာဝင်တွေ မဟုတ်လို့လား... စစ်တပ်မှာ တာဝန်ထမ်းဆောင်နေသူတွေ အားလုံးဟာ ဗုဒ္ဓဘာသာဝင်တွေ ပါဘဲ... ဒီလို ဗုဒ္ဓဘာသာဝင်တွေ ဖြစ်နေပြီးတော့ သူတို့အနေနဲ့ သံဃာတွေကို ရိုက်နှက်တာတွေကိုတောင် လုပ်ရဲအောင် ဘယ်သူတွေက မြှောက်ပင့်ပေးတာလဲဆိုတော့... စစ်အာဏာရူးတွေက သံဃာစက်ထက် အာဏာစက်က ပိုကြီးတယ် ဆိုပြီးတော့ လက်အောက် ငယ်သားတွေကို ပြောပြီး ရိုက်နှက်မှုတွေနဲ့ သံဃာသွေးတွေကို မြေကျအောင် လုပ်ခဲ့ကြပါတယ်... စစ်အာဏာရှင်တွေဟာ အရမ်းကို တကိုယ်ကောင်းဆန်တဲ့ အာဏာရူးတွေ ဖြစ်ပါတယ်... စစ်တပ်မှာ အုပ်ချုပ်နေတဲ့ သူတို့တွေရဲ့သားသမီးတွေကို ကြည့်လိုက်စမ်းပါ... သူတို့တွေ ဘယ်လိုနေ နေကြလဲဆိုတာကို ကြည့်ကြည့်ပါ... မိမိနဲ့ နီးစပ်တဲ့ သူတွေရဲ့ အသိုင်းအ၀န်း တွေကို ကြည့်ကြည့်ပေါ့... စစ်အာဏာရူးတွေရဲ့ သားသမီးတွေဟာ ပြည်သူတွေရဲ့ ရပိုင်ခွင့်တွေ အားလုံးကို လက်ဝါးကြီး အုပ်ပြီး ကိုယ်ကျိုးအတွက် သုံးဖြုန်းနေတာ လုံးဝ သဘာဝမကျတဲ့ လုပ်ရပ်တွေပါ... နိုင်ငံကို အုပ်ချုပ်တယ် ဆိုတာက ကိုယ်ကျိုးစီးပွားကို ရှာပြီးတော့ ကိုယ့်ဆွေမျိုးတွေ ကောင်းစားဖို့ အတွက်လို့များ စစ်အာဏာရူးတွေ ထင်နေကြလား မသိပါဘူး... အခုလိုမျိုး စစ်အာဏာရူးတွေရဲ့ လုပ်ရပ်တွေကို မနှစ်မြို့သော မျိုးချစ်မြန်မာ လူမျိုးတွေ အနေနဲ့ ၂၀၀၉ ခုနှစ်ကို ကျွန်တော်တို့ရဲ့ တိုက်ခိုက်ရေးနှစ် အဖြစ်နဲ့ ကျန်ရစ်အောင် သား (၃) သားနဲ့ တိုင်းရင်းသားပြည်သူတွေ အားလုံး လက်တွဲကာ မိမိရှိရာနေရာ မိမိ တတ်နိုင်တဲ့ ဘက်က အားလုံး ပါဝင်ကြပြီးတော့ စစ်အာဏာရူးတွေ ပြုတ်ကျအောင် ကျွန်တော်တို့နဲ့ အတူလက်တွဲလို့ တိုက်ခိုက်ကြပါစို့လို့ တိုက်တွန်းရေးသားရင်း နိဂုံးချူပ်လိုက်ရပါတယ်။

ဆောင်းပါးရှင် - တရုတ်မ (တပ်မတော် အရာရှိတစ်ဦး)
စည်းလုံးခြင်းအင်အားဘလော့မှ ကူးယူ ဖေါ်ပြပါသည်။

သတင်းပဒေသာ


ဆန္ဒပြသူများက“ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေး” စာတန်းကိုင်ဆွဲကာ အဖွဲ့ချုပ်ရုံးမှ ချီတက်ခဲ့ကြရာ ပြည်သူ့လွှတ်တော်ရှေ့အရောက်တွင် တားဆီး ထိန်းသိမ်းခံခဲ့ရသည်။ (ဓာတ်ပုံ - MMT)
ရန်ကုန်တွင်ဆန္ဒပြ
မိုးမခအထောက်တော် ၆
ဒီဇင်ဘာ ၃၀၊ ၂၀၀၈
ယနေ့ညနေပိုင်းက ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး လှုံ့ဆော်ဆန္ဒပြမှုတခု ဖြစ်ပွားခဲ့ရာ အာဏာပိုင်များက တားမြစ်လိုက်ပြီး ဆန္ဒပြသူ ၉ ဦး ကို ဖမ်းဆီးလိုက်သည်။
အဴပည့္အစုံသိုႛ ...

ဒီမိုကရေစီ မြတ်နိုးသူ ပြည်သူအပေါင်းရှင့်။

လာမယ့် ဇန်နဝါရီ (၄)ရက်နေ့ဆိုရင် ကျွန်မတို့ မြန်မာပြည်ကြီး လွတ်လပ်ရေးရခဲ့တာ (၆၁) နှစ်ရှိလာခဲ့ပါပြီ။ ဒါပေမယ့် လွတ်လပ်ရေးရဲ့ အသီးအပွင့်ကို ကျွန်မတို့ပြည်သူတွေ အခုအချိန်ထိ မခံစားရသေးပါဘူး။

ဒါကြောင့် လာမယ့် ဇန်န၀ါရီလ ပထမပတ်မှာ ကျွန်မတို့ မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်နဲ့
ပြည်တွင်းပြည်ပ မြန်မာ့ဒီမိုကရေစီအင်အားစုများ စုပေါင်းပြီး၊ ဒုတိယလွတ်လပ်ရေးတိုက်ပွဲကို အကောင် အထည် ဖော်ကြမှာဖြစ်ပါတယ်။

ပြည်တွင်းပြည်ပဒီမိုအင်အားစုများ စုပေါင်းခေါ်ဆိုထားတဲ့ ဒုတိယလွတ်လပ်ရေးတိုက်ပွဲ ကင်ပိန်းခေါ်စာနဲ့ မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ် (Free Burma Federation) ရဲ့ ထုတ်ပြန်ကြေညာချက်စာတမ်းကို ပူးတွဲပေးပို့လိုက်ပါတယ်။

နှစ်သစ်မှာ စိတ်သစ်ကိုယ်သစ်တွေနဲ့ အတူ စိတ်တူကိုယ်တူ ပူးပေါင်းပြီး၊ စစ်အာဏာရှင်စနစ်ကို ပူးပေါင်းတိုက်ပွဲဝင်ကြပါစို့လားရှင်။

လေးစားစွာဖြင့်
ခင်မမမျိုး
ဗဟိုပြန်ကြားရေးကော်မတီ
မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်






Bangladesh

29 December 2008

ဘင်္ဂလားပင်လယ်အော်အတွင်း ဘင်္ဂလားဒေရှ့်နဲ့ မြန်မာနိုင်ငံတို့က ထွက်ခွာလာကြတဲ့ လူ ၃၀၀ကျော်ဟာ ကပ္ပလီကျွန်းနဲ့ နီကိုဗာကျွန်းတို့ အနီးမှာ ပျောက်ဆုံးနေကြတယ်လို့၊ သူတို့ ရေနစ်ကုန်ကြပြီလို့လည်း စိုးရိမ်ရတယ်လို့ အိန္ဒိယ ကမ်းခြေစောင့်များက ပြောကြားကြပါတယ်။

ပင်လယ်ထဲမှာ သတင်း ၂ ပတ်အကြာအဲဒီ စက်လှေ မြောနေကြပြီး စက်လှေပေါ်မှာလည်း အစားအစာနဲ့ သောက်ရေ ပြတ်လို့ ရေထဲကို ခုန်ချတယ်။ အဲဒီထဲက ၁၀၀လောက်ကို ကယ်တင်နိုင်ပေမယ့် ၃၀၀ကျော်ကတော့ ပျောက်ဆုံးနေဆဲပဲလို့ သူတို့က ဆက်လက်ရှင်းပြပါတယ်။ အဲဒီ လူတွေထဲက အများစုဟာ မလေးရှားနိုင်ငံမှာ ဆက်လက် အလုပ်ရှာဖို့ ထွက်ခွာလာကြတာလို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ ၄၅ရက်လောက်က ဘင်္ဂလားဒေရှ့် နိုင်ငံကနေ စက်လှေ အသီးသီးနဲ့ ထွက်ခွာလာခဲ့ကြပြီး တနေရာမှာ သူတို့ စုပြီး စက်လှေ တစ်စင်းပေါ်ကို အဲဒီ လူ ၄၀၀ စုပြုံ တက်လာခဲ့ကြတာ၊ သောကြာနေ့မှာ အဲဒီလို ခုန်ချခဲ့ကြတာဖြစ်တယ်လို့ သတင်းများမှာ ရှင်းလင်းဖော်ပြထားပါတယ်။



- သုံးရက်ဆက်တိုက် အစ္စရေးလေကြောင်းတိုက်ခိုက်မှု၊ ပါလက်စတိုင်း ၃၀၀ ကျော် သေဆုံး
click
- ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ ၃၀၀ ကျော် ဘင်္ဂလားပင်လယ်အော်မှာ ပျောက်ဆုံးနေ click
- မန္တလေးထောင်မှ နိုင်ငံရေးအကျဉ်းသားတဦး သေဆုံး click
- ဆန္ဒပြမှုကြောင့် ထို်င်းဝန်ကြီးချုပ် အစိုးရမူဝါဒမိန့်ခွန်း ပါလီမန်တွင် ပြောဆိုရန် ရွှေ့ဆိုင်း click
- အမေရိကန် အာဆီယံ နဲ့ မြန်မာနိုင်ငံ click
- ကရင်နှစ်သစ်ကူးပွဲတော်ကို တက္ကဆက်ပြည်နယ်မှာ စုပေါင်းကျင်းပ click
- တရားမျှတရေး လှုပ်ရှားသူအပေါ် ဖောက်ခွဲရေးပုဒ်မဖြင့် စီရင်မည် click
- ဝေးလံထောင်ရောက် နိုင်ငံရေးအကျဉ်းသားများရော မိသားစုများပါ ဒုက္ခတွေ့ click
- အလုပ်သမားအဖွဲ့ချုပ်ကို တိုင်ကြားသူ ထောင်တွင်းမှာ သေဆုံး click
- ၂၀၀၉ ခုနှစ် မြန်မာနိုင်ငံကို လုံခြုံရေးကောင်စီ ပိုဖိအားပေးနိုင် click
- အစ္စရေးတိုက်ခိုက်မှု အီဂျစ်ပူးပေါင်းပါဝင်လို့ စွပ်စွဲခံရ click
- ထိုင်းပါလီမန်ကို ပိတ်ဆို့ ဆန္ဒပြနေ click
- နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များရဲ့များ ယုံကြည်ချက်နှင့် မျှော်လင့်ချက်များ click
- ၃၃ ကြိမ်မြောက် ကာတွန်းဆရာကြီးများအား ဂါရ၀ပြုကန်တော့ပွဲ click
- ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း အနှစ် ၂၀ ပြည့် အထိမ်းအမှတ် အဖွဲ့ချုပ်ဌာနချုပ်ရှေ့တွင် ကျင်းပ (ဓာတ်ပုံသ တင်း) click
- နယူးယောက်ပြည်နယ် ယူတီကာမြို့က လွတ်မြောက်ရေး ပဋ္ဌာန်းပွဲ အောင်မြင်စွာပြီးဆုံး click
- ဆရာတော် ဦးဥတ္တမ ဖွားမြင်တော်မူသည့် ၁၂၉ နှစ်မြောက် အခမ်းအနား Cox's Bazar တွင် ကျင်းပ click
- (၂) နှစ်ကြာ ရပ်တန့်ထားသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အထွေထွေရွေးကောက်ပွဲ click
- ရွှေ့ပြောင်းကျောင်းသားများ မိတ်သဟာရပွဲတော် ကျင်းပ click
- ဦးသန့်ပုံ မျက်နှာဖုံးတွင် ခွင့်မပြု click
- နိုင်ငံရေးသမား နောက်တဦး သေဆုံး click