2.28.2009

Burma News


After the storm voices from the Delta

ExecSum After the Storm Final 23Feb09

Thai PM Calls for All Sides to Participate in Burmese Elections

By WAI MOE
Thai Prime Minister has asked Burmese premier to encourage the opposition to compete in the forthcoming general election in Burma.

QUOTE OF THE DAY The open engagement of community based organizations is essential to effectively implement sustainable recovery and rebuilding efforts in the [Delta] region.

—Cynthia Maung, Burmese renowned humanitarian worker


Voice of America
Johns Hopkins School Calls for UN Investigation into Burma's ...
Voice of America - USA
By Ron Corben A report led by the Johns Hopkins Bloomberg School of Medicine has called for a United Nations investigation into Burma's handling of aid and ...
See all stories on this topic
Honoring the fallen and the brave
CPJ Press Freedom Online - New York,NY,USA
That journalistic drive put Nagai in the line of fire during Burma 's 2007 Saffron Revolution, when he was shot and killed by a soldier while filming a ...
See all stories on this topic
ILO, Burma extend ‘supplementary understanding’
Mizzima.com - New Delhi,Delhi,India
by Mungpi New Delhi (Mizzima) - The International Labour Organization and Burma’s military regime on Thursday extended Supplementary Understanding on the ...
See all stories on this topic
Burma's refugees barred
The Australian - Sydney,Australia
CHA-AM, Thailand: Malaysian Prime Minister Abdullah Badawi has called for Burma's Muslim boatpeople to be pushed back if they attempt to land on any ...
See all stories on this topic
Burmese regime blocked international aid to cyclone victims ...
guardian.co.uk - UK
Burmese people beg for food in the rain as aid begins to arrive following cyclone Nargis. Photograph: Getty Images International aid for cyclone victims in ...
See all stories on this topic
Burma sets condition for accepting Rohingya migrants
Mizzima.com - New Delhi,Delhi,India
by Usa Pichai Hua Hin (Mizzima) The Thai Foreign Minister has said that the Burmese military regime has agreed to take back only those migrants, ...
See all stories on this topic
Global Fund Discusses Possible Return to Burma
The Irrawaddy News Magazine - Chiang Mai,Thailand
By THE IRRAWADDY A visit to Burma this week by a Global Fund delegation could result in a resumption of the fund’s discontinued anti-AIDS program there, ...
See all stories on this topic
Burmese junta should be referred to ICC: Report
Mizzima.com - New Delhi,Delhi,India
by Mizzima News New Delhi (Mizzima) - The United Nations Security Council should refer Burma’s military rulers to the International Criminal Court for ...
See all stories on this topic
Will US Oil Companies Return to Burma?
The Irrawaddy News Magazine - Chiang Mai,Thailand
By WILLIAM BOOT BANGKOK — Burma watchers are wondering if US oil and gas developers might return to the country after the Barack Obama government announced ...
See all stories on this topic
Burma agrees to take back Muslim boat people
Nation Multimedia - Bangkok,Thailand
Chaam - Burma has agreed to take back the socalled Rohingya Muslim boat people if they could be identified as ethnic Bangali who were born in the country, ...
See all stories on this topic

Blogs Alert for: Burma news

ABITSU - All Burma I.T Students' Union
By MG
By Ron Corben, VOA News, Bangkok: A group of Southeast Asian politicians promoting human rights and justice in Burma say this week’s ASEAN summit on political reform in Burma will be a vital test for the 10-member group. ...
ABITSU - All Burma IT Students Union - http://www.abitsu.org/
Burma Deliberately Blocked Cyclone Aid: John Hopkins Report
By The Huffington Post News Editors
Burma Deliberately Blocked Cyclone Aid: John Hopkins Report - The Huffington Post. ... Your Name: optional, but suggested. Personal Note: optional. Your request is being processed... Get Breaking News Alerts. never spam.
The Huffington Post | Full News Feed - http://www.huffingtonpost.com/thenewswire/
TIMOR LOROSAE NAÇÃO news in english: RAMOS HORTA URGES OBAMA TO ...
By Fábrica dos Blogs
US President Barack Obama should seize on his global popularity and reach out to Burma and Cuba, which are ready to change if sanctions are lifted, East Timor's leader Jose Ramos-Horta said Wednesday. Ramos-Horta, who shared the 1996 ...
TIMOR LOROSAE NAÇÃO news in english - http://timorlorosaenacaonewsinenglihs.blogspot.com/
MYANMAR – MALAYSIA Burmese refugees in Malaysia abused, handcuffed ...
Source talks to AsiaNews about visiting a refugee centre, describing its horrors: a hundred people living to a room without blankets to sleep; women humiliated and forced to strip; the canteen selling ordinary items at exorbitant prices ...
Asianews.it - http://new.asianews.it/
Australia signs FTA with ASEAN boost bilateral economy | Home ...
The deal could be worth in excess of 40 billion Australian dollars ($25.8 billion) for the Australian economy over the next two decades and gives companies greater scope for trade with the 10 ASEAN members - Brunei, Burma, Cambodia, ...
philstar.com - Breaking News - http://www.philstar.com/

ဒေါ်အောင်ဆန်းစုကြည် တပေါင်းလပြည့် လွတ်မည်

(မြန်မာ့နိုင်ငံရေး ဟောစာတန်း)
ပညာကျော် /၂၆ ဖေဖော်ဝါရီ ၂၀၀၉

လူတဦးတယောက်၏ ကံအနိမ့်အမြင့်သည် ကုသိုလ်၊ အကုသိုလ်နှင့် ဆိုင်သလို ထိုကုသိုလ်နှင့် အကုသိုလ်ကိုလည်း ဇာတာ (ကံ) က ပြုလုပ် ပေးတတ်ပါသည်။ လောကသဘောအရလည်း မြဲသောတရား သဘော တို့သည်ကား မရှိကြကုန်ရာသာ ဖြစ်သည်။

မြန်မာစစ်အာဏာရှင်တို့ကလည်း ထာဝရကိုသာ ယုံကြည်ကာ အာဏာ တည်မြဲရေးအတွက် ကြိုးစားနေကြရာ တပေါင်းလပြည့်နေ့မှာ အကျဉ်းသား လွတ်မည်ဟု ကျွန်ုပ်ပြောတော့ ကျွန်ုပ်ကို ရူးများနေပြီလားဟု လူတွေက ပြောကြသည်။

ပြောမည်ဆိုလည်း ပြောကြမည်သာ။ ဗေဒင်ကို ပညာရှင်ဘွဲ့ တတ်ခြင်း မခံရသော ကျွန်ုပ်လို လူက ကမြောက်ကချောက် လျှောက်တွက်နေတော့ မယုံတာလည်း အကြောင်းတော့ မဟုတ်ပါ။ သို့သော်လည်း လွတ်မယ့်လွတ်တော့ အကျဉ်းသားတွေက ကြိုလွတ်လာတယ်။ အကျဉ်းသားလွတ်တော့လည်း ဝမ်းသာရတာ ပေါ့။ ဝမ်းသာသာနဲ့ ဟိုတွက်ဒီတွက် လျှောက်ချက်တွက်တာ ဒီတခါ ဒေါ်စု လွတ်ကိန်းကိုပါ တွေ့နေပြန်သည်။

ယခုနှစ် မြန်မာသက္ကရာဇ် ၁၃၇၀ ခုနှစ်သည် ထူးခြားသော နှစ်တခုဟုဆိုရပါမည်။ အထူးသဖြင့် အုပ်ချုပ်သူ အစိုးရကို ဒုက္ခပေးသော နှစ်လည်းဖြစ်သည်။

၁၃၇၀ ကိုတည် ခုနှစ် (၇) ဖြင့်စားလျှင်၊ (၅) ကြွင်းသည်။ မဟာဘုတ်ထူလျှင် တနင်္ဂနွေမရဏတွင် ကျနေသဖြင့် လူကြီး မင်းအစိုးရတို့ အပြောင်းအလဲရှိသည်။ မင်းအစိုးရကျဆုံးမည်။ မြန်မာစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ သောကြာသားသည် ပုတိတွင်ရောက်နေခြင်းကြောင့် အောက်လူတို့၏ အတိုက်အခိုက် ခံရမည်။ မြန်မာ၏ ကံကြမ္မာသက်ရောက်မှာလည်း စနေသက်ရောက် ဖြစ်နေခြင်းကြောင့် ကိုးကွယ်ရာမရ ဖြစ်ရ မည်။

၁၃၇၀ ကို အကြေပေါင်းလျှင် (၂) ရသဖြင့် မဟာဘုတ်အလို သန်းရွှေအား အောက်လက်ငယ်သားများက တော်လှန်ပြီး အာဏာသိမ်းရန်လည်း ရှိနေပြန်သည်။

မြန်မာ၏ ဂြိုဟ်မှာလည်း တနင်္လာဂြိုဟ်၊ တနင်္လာသက်ရောက် ဖြစ်နေ၍ မိန်းမဂြိုလ် ဖြစ်သဖြင့် တနင်္လာ၊ သောကြာ၊ စနေ၊ ဗုဒ္ဓဟူးသား တို့၏ အာဏာလု အာဏာသိမ်းယူခြင်းကို ခံရတတ်သည်။

သန်းရွှေ၏ နန်းစံသက်မှာလည်း (၁၇) ဖြစ်နေပြန်၍ ဂြိုလ်မိန်းမ ဖြစ်သလို ရာဟုကြီးစိုးကာ မိန်းမကို ဦးစားပေး ကိုးကွယ်မှ အသက်ချမ်းသာရမည့် ကိန်းဆိုက်နေသည်။

ထိုအချက်ကိုသိသော သန်းရွှေတို့ကလည်း နန်းသက်ကိုဆက် အကျဉ်းလွှတ်ဆိုပြီး စနေနေ့၊ တနင်္လာ အချိန် ညနေ လေးနာရီမှ စတင်ပြီး အကျဉ်းသား (၆,၃၁၃) ဦးကို လွှတ်ပေးခြင်းဖြစ်သည်။

(၂၆.၁.၂၀၀၉) တပို့တွဲလဆန်း (၁) ရက် တနင်္လာနေ့တွင် နေကြတ်ခြင်းကို ကြည့်ပြန်လျင်လည်း ထိုနေ့မှာ ပြဿဒါးဖြစ်ခြင်း၊ နေကြတ်ချိန် ညနေ (၄) နာရီ ဖြစ်သဖြင့် နေ့အလိုအခါကို ကြည့်သော် ဗုဒ္ဓဟူး အခါဖြစ်ပြီး ညနေဆိုသောကြောင့် ရာဟုသာဖြစ်ခြင်း၊ နေကြတ်ခြင်းတို့ကို ဖော်ပြသော အိန္ဒိယ ဗြိုဟဇ်သံကဟိတကျမ်း အလိုနှင့် မြန်မာ့သရ တွက်ရိုးကျမ်း အလိုအရ အုပ်ချုပ်သော မင်းတို့ နာအံ့။ စစ်သူကြီးများ ကျဆုံးအံ့။ စစ်သား များ ပုန်ကန်အံ့ ဟု ဆိုထားသဖြင့် စစ်အစိုးရအဖို့ တပူပေါ်နှစ်ပူဆင့်ကာ ပိုပြီး အရေးတကြီး စဉ်းစားရကိန်း ဆိုက်လာနေတော့သည်။

(၁) မြန်မာ့ မူလဇာတာနှင့် ခုနှစ်ဇာတာကို နှိုင်းယှဉ်သော် ဇာတာနှစ်ခု စလုံးတွင် မင်းဇာတာမှာ အပျက်တွင်ရှိနေပြီး ပြည်သူတို့၏ သြဇာ လွှမ်းမိုးနေခြင်းတို့ကြောင့် ၂၀၀၉ ခုနှစ် အတွင်း တွင် ပြည်သူအများ ဆူပူအုံကြွမည်။ အစိုးရကို ဆန့်ကျင့်မည့် ကိန်းအရတခု။

(၂) မြန်မာသက္ကရာဇ် ၁၃၇၁ ခု နှစ်ဆန်းတစ်ရက်သည် သောကြာဖြစ်ပြီး သင်္ကြန်ကျချိန်မှာ အင်္ဂါနေ့ နံနက် (၃) နာရီ (၁၅) မိနစ် (၃၆) စက္ကန့် ဖြစ်ပြီး တက်ချိန်မှာ ကြာသပတေးနေ့ နံနက် (၇) နာရီ (၂၀) မိနစ် (၁၇) စက္ကန့် ဖြစ်နေပြန်ရာ ကျချိန်မှာ စနေအခါ ဖြစ်နေခြင်း၊ တက်ချိန်မှာလည်း ကြာသပတေးအခါတွင် တက်နေခြင်းကြောင့် နှစ်ဆန်းတစ်ရက်နေ့မှ သောကြာဆိုသည်မှာ ရက်အလိုသာဖြစ်၍ သင်္ကြန် တက်ပြီးချိန်မှ နောက်အချိန် သည်နှစ်ဆန်းအချိန် (ရက်) ဖြစ်သဖြင့် (ကြာသပတေးနှင့် စနေ) မှာ ပြဿဒါးဖြစ်ကာ ဇာတာခွင်အလို တိုင်းကား ပြည်ရွာပျက်စီးခြင်း၊ ရေဘေးကြုံရခြင်း။

(၃) ကောဇာ ၁၃၇၁ ခု၏ ဇာတာအရ သောကြာသား၊ စနေသား၊ တနင်္လာသား မင်းတို့ ကျဆုံးကိန်းတွင် ရှိနေ ပြန်ပြီး၊ ပြည်သူတို့ ထကြွကာ လက်အောက်ငယ်သားတို့၏ တော်လှန်မှုကိုခံရမည်။ တိုင်းတစ်ပါး၏ အတိုက်အခံ ကြောင့် ကျဆုံးရမည့် ကိန်းဆိုက်နေခြင်း။

ဖော်ပြပါ ဇာတာသဘောကို နှိုင်းယှဉ်ပြီး ထိုကိန်းတို့မှ လွတ်မြောက်နိုင်ရေးကို ကြည့်လျှင် “အင်္ဂါကယ်မှ ပြည်ငြိမ် မည်။ တနင်္လာလွတ်မှ ရန်ငြိမ်းမည်" ဟူသော အယူကိုမသုံးလျင် အကုန်ကျဆုံးရမည်ဖြစ်၍-

-အင်္ဂါအလို ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရမည်။
-တနင်္လာအလို ခွန်ထွန်းဦးကို လွှတ်ရန်ရှိသည်။

အင်္ဂါအလို နေ့နမ်ကိုတွက်သော် ဇာဂနာ၊ စုစုနွေး တို့လည်း ပါနိုင်ပြီး၊ တနင်္လာအလို ကိုကိုကြီး တို့ကိုပါ စဉ်းစား ရမည်။ ခွန်ထွန်းဦးကို လွှတ်ခြင်းမှာ တိုင်းတစ်ပါးရန်ကို ကာကွယ်ရန် လူမျိုးခြားကို လွှတ်ပြီး ဓာတ်တူနမ်တူ ပြုခြင်း ဖြစ်သည်။

ဘယ်လတွင် လွှတ်မည်ဆိုလျင် "တပေါင်းလပြည့် အင်္ဂါနေ့တွင် လွှတ်မည်”။

အကယ်၍ တပေါင်းလပြည့် မလွှတ်သော် ၁၃၇၁ ခုဆန်းပြီး ခြောက်လ (သီတင်းကျွတ်လထိ) အတွင်း လွှတ်ရ မည်။

(အကျယ်ရေးလျင် ရှည်မည်စိုးသဖြင့် သဘောတရားကို အကျဉ်းချုံး ဖော်ပြခြင်းဖြစ်သည်။ )

ပညာကျော်
(သတ္တဝါမှန်သမျှ ချမ်းသာရာ ရနိုင်ကြပါစေ။)

သတင်းပဒေသာ

ဒဂုံတက္ကသိုလ်ကျောင်းသားများ စော်ဘွားကြီးကုန်းတွင် ရိုက်နှက်ခံရ
မိုးမခအထောက်တော် အမှတ် ၎
ဖေဖော်ဝါရီ ၂၈၊ ၂၀၀၉

ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဒဂုံတက္ကသိုလ် တတိယနှစ် ဘူမိဗေဒ ကျောင်းသား ၄ ဦး နှင့် နည်းပြဆရာ တဦး တို့ကို အရက်သမားတချို့က ရိုက်နှက်ခဲ့သည်။

စော်ဘွားကြီးကုန်းရှိ ဒို့ရိုးရာ လက်ဖက်ရည်ဆိုင်မှ အထွက်တွင် အနားရှိ အရက်ဆိုင်အတွင်းမှ လူ ၇ ဦးက ရန်စပြီး ကိုဝေဖြိုးကျော် (တတိယနှစ် ဘူမိဗေဒ) အား စတင် ထိုးကြိတ်ခဲ့သည်။ ၀င်ရောက် တားဆီးသော နည်းပြဆရာ ဦးအောင်မင်းဦးလည်း နောက်မှ ရိုက်နှက်ခံခဲ့ရသည်။

အျပည့္အစုံသိုႛ ...

ရန်ကုန်တွင် မီးပြတ်တောက်မှု ပိုဆိုးဝါး၊ နေပြည်တော်မှာ မီးထိန်ထိန်သာ

မိုးမခ အထောက်တော် (ရန်ကုန်)

ဖေဖော်ဝါရီ ၂၈၊ ၂၀၀၉

ယခုလအတွင်းမှ စတင်ပြီး ရန်ကုန်မြို့ အနှံ့တွင် မီးပြတ်တောက်မှုများ ဆိုးဝါးလာသည်ဟု မြို့ခံတို့က ပြောကြားသည်။ ယနေ့ညဥ့်နက်ပိုင်းမှ မီးလာသဖြင့် မိသားစုများက မီးဖိုချောင်ကိစ္စ၊ ရေချိုးခန်းကိစ္စများကို စောင့်ပြီး ဆောင်ရွက်ရကြောင်း၊ နေ့ခင်းနှင့် ညပိုင်းတွင်သုံးရန် ဘက္ထရီများ အားသွင်းရကြောင်း ၎င်းက ပြောကြားသည်။

“အခု တပတ်လုံးလုံး ဆင်ခြေဖုံးအရပ်တော်တော်များများမှာ နေ့ခင်းနဲ့ ညဦးပိုင်းမှာ မီးမလာဘူး။ အရင်က တရက်ပျက်၊ တရက်လာ၊ နောက်တော့ တပိုင်းစီ ပျက်၊ တပိုင်းစီလာ။ အခုတော့ တပတ်လုံးပျက်ပြီး မနက် ၁ နာရီကနေ ၃ နာရီလောက်ထိ လာတော့တယ်” ဟု မိုးမခ စာဖတ်သူတဦးက စာရေးပို့ထားသည်ကို တွေ့ရသည်။

အျပည့္အစုံသိုႛ ...

ငါးကျမ်းပြန်ကျောင်းတိုက်၊ နာဂစ်သင့် မိဘမဲ့ကလေးများ စောင့်ရှောက်ရေး ရန်ပုံငွေဖြင့် ကလေး ၅၀၀ ကျော်ကို ကူညီခဲ့

မိုးမခ အထောက်တော် ၀၀၂

ဖေဖော်ဝါရီ ၂၇၊ ၂၀၀၉

မေလ ၂ နှင့် ၃ ရက်၊ ၂၀၀၈ က တိုက်ခတ်ခဲ့သော နာဂစ်ဆိုင်ကလုံးကြောင့် မိဘ ၂ ပါး မဲ့ခဲ့ရသည့် ကလေးသူငယ်များကို စာရင်းပြုစုပြီး ကူညီထောက်ပံ့မှုပေးနေသော ငါးကျမ်းပြန်ကျောင်းတိုက် ဆရာတော်များဦးဆောင်သည့် ရန်ပုံငွေအဖွဲ့က ကလေး ဦးရေ ၅၆၀ ကို လစဉ်ထောက်ပံ့မှုများ ပြုလုပ်နိုင်ခဲ့သည်ဟု ဆိုသည်။

အျပည့္အစုံသိုႛ ...

ရွှေ့ပြောင်း ရိုဟင်ဂျာများကို လက်ခံရန် မြန်မာက စည်းကမ်းသတ်မှတ်

မြန်မာနိုင်ငံမှ ‘ဘင်္ဂါလီ’ များဟု စိစစ်တွေ့ရှိရသူ ရွှေ့ပြောင်း နိုင်ငံသားများကိုသာ ပြန်လည် လက်ခံမည်ဟု မြန်မာစစ်အစိုးရက ပြောဆိုကြောင်း ထိုင်းအစိုးရ နိုင်ငံခြားရေး ဝန်ကြီးက ထိုင်းနိုင်ငံတွင် ကျင်းပသော...

ကျိုက်ထိုမှာ မီးလောင်

မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ ဈေးဆိုင်ခန်း ၃ ခန်း ယမန်နေ့က မီးလောင်ကျွမ်းခဲ့သည်။ ကျိုက်ထိုမြို့ တောင်သူရပ်ကွက် ဗိုလ်ချုပ်လမ်းဘေးရှိ ဦးမျိုးနိုင်...

ယခုနှစ်အတွက် ပထမ 'လေးလပတ် အစည်းအဝေး' ကျင်းပရန် စစ်အစိုးရ ပြင်ဆင်နေ

မြန်မာစစ်အစိုးရသည် ၂ဝဝ၉ ခုနှစ်အတွက် ပထမဆုံး လေးလပတ် အစည်းအဝေးကို မတ်လ ဒုတိယ အပတ်အတွင်း ကျင်းပရန် ပြင်ဆင်နေသည်။...

- လှေစီးပြေးတွေ မြန်မာနိုင်ငံမှာ နေထိုင်ကြောင်း အထောက်အထားပြနိုင်ရင် ပြန်လက်ခံမည် click
- အဓမ္မအလုပ်ခိုင်းစေမှု တိုင်ကြားရေးရုံး မြန်မာနိုင်ငံမှာ ဆက်ထားမည် click
- ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် ပုန်ကန်မှုအတွင်း အသေအဆုံး အများအပြားရှိခဲ့ click
- စစ်အစိုးရကို နိုင်ငံတကာခုံ႟ုံးတင်နိုင်ရန် နာဂစ်မုန်တိုင်းအစီရင်ခံစာ ထုတ်ပြန် click
- အာဆီယံထိပ်သီးညီလာခံမှာ မြန်မာ့အရေးအလေးထားဖို့ တောင်းဆို click
- အကျဉ်းသားကျန်းမာရေးကို အာဏာပိုင်များ လျစ်လျူရှု click
- မြန်မာ့အရေး ထိရောက်စွာကိုင်တွယ်ဖို့ အာဆီယံကို တောင်းဆို click
- နိုင်ငံကူးလက်မှတ်ကိုင် မြန်မာသံဃာနှစ်ပါးကို ထိုင်းရဲဖမ်း ဘတ်ငွေများပျောက်ဆုံး click
- ထိုင်းဝန်ကြီးချုပ်က မြန်မာ့ဒီမိုကရေစီရေးကို အားပေးသွားမည်ဟု ပြောဆို click
- ဂမ်ဘာရီခရီးစဉ်အပေါ် အမေရိကန် စိတ်ပျက်မိ click
- မုန်တိုင်းလွန်ကာလ လှိုင်းဂယက် click
- ရန်ကုန်တွင် မီးပြတ်တောက်မှု ပိုဆိုးဝါး၊ နေပြည်တော်မှာ မီးထိန်ထိန်သာ click
- ငါးကျမ်းပြန်ကျောင်းတိုက်၊ နာဂစ်သင့် မိဘမဲ့ကလေးများစောင့်ရှောက်ရေး ရန်ပုံငွေဖြင့် ကလေး ၅၀၀ ကျော် ကို ကူညီခဲ့ click
- ကုန်ဈေးနှုန်း၊ နယ်စပ်ကုန်သွယ်ရေး - စာမေးပွဲကာလ ဖယောင်းတိုင် ရောင်းကောင်း click
- ပြည်ပအလုပ်အကိုင်တွေ ရှား၊ အေဂျင်စီတချို့ ရပ်နား click
- “ရိုဟင်ဂျာ မဟုတ်ဘူး၊ ဘင်္ဂါလီ”ဟု နိုင်ငံခြားရေးဝန်ကြီးပြော click
- အာဆီယံက မြန်မာကို ဖိအားပေးမည်မဟုတ် click
- မြန်မာနိုင်ငံ၊ အတိုက်အခံများနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု (ဆောင်းပါး) click
- သံလျင်မှာ ရွေးကောက်ပွဲအတွက် ခြေလှမ်း click
- ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များရှိ ရဲတပ်ဖွဲ့ဝင်များထံမှ လမ်းလျှောက်စကားပြောစက်တွေကို စစ် တပ်က သိမ်း click

စစ်အစိုးရအား နိုင်ငံတကာ ခုံရုံးတင်နိုင်ရန် နာဂစ်မုန်တိုင်း အစီအရင်ခံစာ ထုတ်ပြန်




နာဂစ်ဆိုင်ကလုန်းဒဏ်ခံရတဲ့ မြန်မာနိုင်ငံ မုန်တိုင်းဒုက္ခသည်တွေ အပေါ် မြန်မာစစ်အစိုးရ ပြုမူခဲ့ခြင်းနဲ့ ပတ်က်ပြီး လူသားချင်း စာနာထောက်ထားထောက်မှု ကင်းမဲ့ခြင်း လုပ်ရပ်တွေကို စာတမ်းပြုစုပြီး ယမန်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နိုင်ငံခြား သတင်းထောက်များ ကလပ်မှာ ထုတ်ပြန် ခဲ့ပါတယ်။

နာဂစ်အပြီး မြစ်ဝကျွန်းပေါ်ကအသံများဟု အမည်ပေးထားသော (After the storm: Voices from the Delta) စာမျက်နှာ ရ၈ မျက်နှာစာတမ်းကို ဂျွန်ဟော(ပ်)ကင်းတက္ကသိုလ် ပြည်သူ့ကျမ္မာရေးဌာနနှင့် ထိုင်းမြန်မာ နယ်စပ် အခြေစိုက် အရေးပေါ် ကူညီပေးရေး အဖွဲ့ (မြန်မာနိုင်ငံ)တို့ ပူးပေါင်းထုတ်ဝေခဲ့ခြင်း ဖြစ်သည်။

အဆိုပါအစီရင်ခံစာတွင် သဘာဝဘေးအန္တရယ်ကို ပြည်သူများသိအောင် အသိမပေးခဲ့ခြင်း။ ပြည်တွင်း၊ပြည်ပမှ အလှူရှင်များ ပေးပို့လှူဒါန်းသော ကယ်ဆယ်ရေးပစ္စည်းများကို သက်ဆိုင်ရာအာဏာပိုင် အဆင့်ဆင့်တို့ အလွဲ သုံးစားလုပ်ခြင်း။ လယ်ယာမြေများအား သိမ်းယူခြင်းများနှင့် လူ့အခွင့်အရေးချိုးဖေါက်မှုများ အပါအ၀င် ပြည် တွင်းမှာ ကယ်ဆယ်ရေးလုပ်နေကြသော စေတနာ့ဝန်ထမ်းများအား မတရားသဖြင့် ဖမ်းဆီးထောင်ချခြင်းများကို သက်သေ ထွက်ဆိုချက် အမြောက်အများတို့ဖြင့် ရေးသား ဖေါ်ပြထားသည်။

ထိုင်းမြန်မာနယ်စပ်အခြေစိုက် အရေးပေါ်ကူညီပေးရေးအဖွဲ့(မြန်မာနိုင်ငံ)မှ ဥက္ကဌ ဆရာမဒေါက်တာစင်သီယာ မောင်က “နာဂစ်ကြောင့်ရယ်လို့ သီးခြားရောဂါ တစ်မျိုးမျိုးနဲ့ နယ်စပ်ကို ရောက်လာတာမရှိပေမယ့် အထူးသဖြင့် ကလေးတွေရဲ့  စိတ်ပိုင်းဆိုင်ရာ စိုးရိမ်ထိပ်လန့်မှုတွေ၊ အထူးသဖြင့် မိဘတွေမရှိတော့တဲ့ ကလေးတွေရဲ့  ကျမ္မာ ရေး၊ ပညာရေး၊ အနာဂတ်အရေးတွေဟာ အထူးစိုးရိမ်ရပါတယ်။ စီးပွားရေးလုပ်ငန်းတွေ ပြန်လည် ထူထောင် ရေးဟာလည်း ခုထိ နာလန်မထူနိုင်သေးတော့ အတော့်ကိုစိုးရိမ်စရာကောင်းပါတယ်။ ပြီးတော့ စေတနာ့ ၀န်ထမ်းတွေ မတရားသဖြင့် ဖမ်းဆီးထောင်ချ လိုက်တာတွေဟာ အလွန်ရက်စက်တဲ့ အပြုအမူတွေပါ။ ကျမတို့ အခု ထုတ်ပြန်တဲ့ စာတမ်းဟာ နာဂစ်ဒုက္ခသယ်တွေကို တိုက်ရိုက်မေးမြန်းပြီး တိကျတဲ့ အချက်အလက်တွေကို အခြေခံပြီးတော့ ထုတ်ဝေတာဖြစ်ပါတယ်”ဟု ပြောသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ ဂျာမနီနိုင်ငံမှ ခေတ္တကြွရောက်လာသော ငြိမ်းချမ်းရေးလမ်းလျှောက် ကိုယ် တော် အရှင်သောပါက ကနိုင်ငံခြားသတင်းထောက်များ၏ အမေးကို ဖြေကြားတော်မူရာတွင် ”ဦးဇင်းနှစ်ချက် ထောက်ပြချင်ပါတယ်။ ပထမအချက်က အာဆီယံက မှားယွင်းနေတဲ့အချက်၊ ပြည်တွင်းရေးကို ၀င်ရောက် မ စွက်ဖက်ရဆိုတဲ့ မူဟာ မှားယွင်းတဲ့မူဖြစ်တယ်။ ဥပမာ မိဘတွေက ကိုယ့်သားသမီး တွေကို သတ်ချင်သလို သတ်မယ် ဆိုလို့ရှိရင်၊ အစိုးရတရပ်က ကိုယ့်ပြည်သူတွေကို သတ်ချင်သလို သတ်နေမယ်ဆိုလို့ရှိရင် ပြည်တွင်း ရေး မဟုတ်တော့ဘူး။ လူသားများအားလုံး အေ၇းဖြစ်လာပြီ။ Human affairs ဖြစ်လာပြီ။ နာဂစ်ဒေသ ဒုက္ခသယ် တွေအရေးကို လူသားအားလုံး ၀ိုင်းဝန်းလုပ်ကြဖို့။ နောက်တစ်ချက်က ကုလ၊ အာဆီယံနဲ့ မြန်မာပေါင်းထားတဲ့ အဖွဲ့ကပေါင်းပြီး အောင်မြင်တယ်လို့ ရေးတဲ့ ထုတ်ပြန်ကြေညာချက်ပေါ့၊ ဦဇင်းတို့ မြန်မာတွေဟာနအဖ ပြောတာ တွေကို အမြဲတန်း ပြောင်းပြန်နားလည်းရတယ်။ Upside down လို့ပြောပြတယ်။ သူတို့က အောင်မြင်တယ် ဆိုရင်၊ မအောင်မြင်ဘူးပေါ့”ဟု မိန့်တော်မူသည်။

ဂျွန်ဟော(ပ်)ကင်းတက္ကသိုလ် ပြည်သူ့ကျမ္မာရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ခရစ်ဘေယာက “မြန်မာ အာဏာ ပိုင်တွေဟာ ဒုက္ခသယ်တွေအတွက် ဘာမှအဆင်သင့်မဖြစ်လာသေးပဲ အတင်းအဓမ္ထ နေရာရွှေ့ ပြောင်းတာ၊ မောင်းထုတ်တာတွေဟာ အကြီးမားဆုံး လူ့အခွင့်အရေး ချိုးဖေါက်မှုတွေဖြစ်တယ်။ ပိုဆိုးတဲ့ အချက် တစ်ခုက နာဂစ်ဒုက္ခသည်တွေကို လုပ်အားပေး စေခိုင်းတာပဲဖြစ်တယ်”ဟုပြောသည်။

အရေးပေါ် ကူညီပေးရေးအဖွဲ့(မြန်မာနိုင်ငံ) အဖွဲ့မှ ဦးမန်မန်းက “နာဂစ်မုန်တိုင်း ဒဏ်ခံရတဲ့ဒေသက လူ(၉၀) အပါ အ၀င် စေတနာ့ ၀န်ထမ်းတွေကို မေးမြန်းထားတာ ဖြစ်ပါတယ်’’ ပြောသည်။

မြစ်ဝကျွန်းပေါ်ဒေသကို ၂၀၀၈ ခုနှစ်မေလတွင် တိုက်ခတ်ခဲ့သော နာဂစ် ဆိုင်ကလုန်း မုန်တိုင်းကြောင့် လူပေါင်း ၁၄၀၀၀ ခန့် သေကြေခဲ့ရပြီး လူလေးသန်း ၀န်းကျင်ခန့် အတိဒုက္ခ ရောက်ခဲ့ကြရကြောင်း သိရှိရသည်။

ကိုကျော်သောင်းမှပေးပို့ပါသည်။