10.24.2008

Burmese Junta Sentences NLD Activists

By WAI MOE Friday, October 24, 2008

Win Mya Mya, a well-known pro-democracy activist in Mandalay, and five other members of the opposition National League for Democracy (NLD) were sentenced to long prison terms on Friday.

The court sentenced the six members of the NLD’s Mandalay Division to up to 13 years imprisonment, Nyan Win, an NLD spokesperson, told The Irrawaddy.

“Daw Win Mya Mya and U Kan Tun received 12 years, and U Than Lwin who was elected in the 1990 election, received eight years in prison,” he said.

Min Thu from Mogok Township, received 13 years; Win Shwe from Kyaukpadaung Township received 11 years; and Tin Ko Ko from Meiktila Township received two years.

According to a Burmese human rights group, the Assistance Association for Political Prisoners (AAPP), the NLD members were charged with Act 505 (B) for meeting with American diplomats and 153 (A) for campaigning for political and human rights and the reopening of NLD offices in the country.

Win Mya Mya is a well-known pro-democracy activist in Mandalay, Burma’s second largest city. Since 1988, she provided food and other material to political prisoners in Mandalay Prison. In return, authorities harassed her family business and arrested her several times during 20 years as a political activist.

She was injured and arrested when Aung San Suu Kyi’s supporters were brutally ambushed by thugs backed by the junta in Depayin, Sagaging Division in northern Burma in late May, 2003. She has been in detention since the September 2007 demonstrations.

Than Lwin, who was a successful candidate for Madaya Township in 1990, is vice-chairman of the NLD's Mandalay Division. He was arrested during the 2007 demonstrations. He was also assaulted when he returned home from praying for the release from house arrest of NLD leader Aung San Suu Kyi at a Buddhist temple in the township in June 2007.

NLD spokesman Nyan Win said, “They didn’t commit any crimes. So the jail term for them is unjust and unfair.”

မေတ္တာလွှမ်း၍အေးချမ်းနိုင်ပါစေ




မေတ္တာလွှမ်း၍အေးချမ်းနိုင်ပါစေ

ဒီနေ့ညနေဘက်ကမှမိတ်ဆွေတယောက်ဆေးရုံတက်နေတာသတင်းမေးဖို့
မယ်တော်ဆေးခန်းကိုရောက်သွားပါတယ်။လူနာတွေပြည့်ကျပ်နေတော့အံသြ
သွားမိတယ်။နောက်မှနိုင်ငံခြားကမျက်စိခွဲစိတ်ဆရာဝန်တွေရောက်နေလို့မျက်
စိခွဲဖို့ရောက်နေကြတာလို့သိရတယ်။ဒီကလူတွေဒီလောက်များလှခြည်လားလို့
စပ်စုမိတော့မှ..မြန်မာပြည်အနှံအပြားကလူတွေဖြစ်နေတာကိုး။

မနေနိုင်လို့တွေ့တဲ့လူအချို့ကိုဗျူးကြည့်မိတော့မျက်စိတခါခွဲဖို့ဆိုတာပြည်တွင်း
မှာမလွယ်ပါလားလို့သိရတော့တယ်။ကော့ကရိတ်မှလူနာတဦးကဒီလောက်
တောင်စားဖို့နေဖို့တောင်ကျပ်နေတဲ့အချိန်မှာသုံးလေးသိန်းအကုန်ခံပြီးခွဲဖို့ဆို
တာအိမ်မက်တောင်မမက်နိုင်ဘူး။အပြင်ဆေးခန်းမှာမခွဲနိုင်လို့ဆေးရုံသွားရင်
လဲဆရာဝန်ကလွဲလို့ဘာမှအလကားမရဘူး။

ဒီကြားထဲမှာဟိုကဟောက်လိုက်ဒီကဟောက်လိုက်၊ဟိုဘက်သွားခိုင်းလိုက်၊ဒီ
ဘက်သွားခိုင်းလိုက်နဲ့လူကိုကြေးစည်လိုခြာခြာလည်နေတော့နောက်ထပ်စိတ်
ကျရောဂါပါအဆစ်ရလာမှာစိုးရတယ်။ဒီမှာကအားလုံးအလကားလုပ်ပေးနေတာ။
ဒါကြောင့်သတင်းရတာနဲ့ကမန်းကတန်းပြေးလာရတာဟုဆိုပါသည်။

မော်လမြိုင်ကဘုန်းတော်ကြီးတပါးက..မော်လမြိုင်ဘက်တင်ဘယ်ကမလဲ၊ဟို
ဒကာမကြီးတယောက်ဆိုရွေဘိုက၊ရန်ကုန်ကလာတဲ့လူလဲရှိတယ်။ဖားအံ၊ကော့
ကရိတ်နဲ့ကရင်ပြည်နယ်ကလူတွေကအများစုပေါ့။

ကရင်လူမျိုးတွေများတယ်။တချို့ဆိုမြန်မာစကားတောင်မတတ်ဘူး။ခွဲမယ့်လူက
၆၀၀ရှိတယ်။အဖေါ်လိုက်လာတာက၈၀၀ကျော်တယ်။အကုန်လုံးကိုနေရာပေး။
ထမင်းကျွေးထားတာ။ကျုပ်လဲဒီမှာပဲတည်းတယ်။ဘုန်းကြီး၃၀လောက်နဲ့သီလရှင်
၂၀လောက်ပါတယ်။စေတနာကောင်းချက်ဗျာပြောမနေနဲ့။ဆရာမလေးတွေ
ဆိုပြုံးနေတာပဲ။

ထမင်းလဲကျွေး၊ပိုက်ဆံလဲတပြားမှမပေးရဘူး။ဒီကိုလာရတဲ့စားရိတ်နဲ့လမ်းမှာ
စားတာသောက်တာနဲ့လွန်ရောကျွံရော၁သိန်းလောက်ကုန်မှာပေါ့။မော်လမြိုင်မှာ
ဆိုသပြေတို့၊သရဖူတို့မှာခွဲရင်ခွဲတာပဲနှစ်သိန်းခွဲလောက်ပေးရမယ်။ဒီကြားထဲ....
စာအုပ်လုပ်တာ..ရက်ချိန်းပြန်ပြတာ။ကွန်ပြူတာမျက်စိစမ်းတာနဲ့စားစရိတ်နဲ့
ဘာနဲ့ဆို၎သိန်းလောက်ကုန်တာပေါ့။

ဘယ်ကသတင်းရလဲဆိုတော့လူသတင်းလူချင်းဆောင်တာပေါ့ဗျာ။ကျုပ်ကိုတော့
ဘုန်းကြီးချင်းသတင်းလှမ်းပေးလို့ပြေးလာရတယ်။အခုတခါကညာဘက်ခွဲမှာ။ပြီး
ခဲ့တဲ့နှစ်ကဘယ်ဘက်တခါလာခွဲပြီးသွားပြီ။ဘယ်ဘက်ကအခုဆိုရင်ရှင်းနေတာပဲ။
ခွဲရမဲ့ဘက်ကတော့အခုလုံးဝမမြင်ရဘူး။အခုနံပါတ်လေးဆယ်ရှိသွားပြီ။ကျုပ်က
နံပါတ်၇၀ဆိုတော့မိုးမချုပ်ခင်ခွဲရမှာပေါ့။တကြိမ်ခွဲဘူးတော့ကြောက်ပါဘူး။ပထမ
ခွဲတော့လဲဒီအမေရိကန်ဆရာမကြီးပဲ။သူကမြန်မာစကားလဲတတ်တယ်ဗျာ။ကျုပ်
ကိုခွဲတော့သူ့ဘာသာစကားနဲ့မေတ္တာပို့တယ်ပြောတယ်။ပြီးတော့မြန်မာလိုပါလူ
သားအားလုံးကျမ်းမာချမ်းသာပါစေလို့မေတ္တာပို့တယ်။ကျုပ်မှာသူ့ကိုအံသြနေ
တာနဲ့ဘယ်အချိန်ကထုံဆေးထိုးပြီးဘယ်အချိန်ခွဲလိုက်မှန်းမသိလိုက်ဘူး.....
ဘုန်းဘုန်းပြန်လို့ရပြီဆိုမှပြီးမှန်းသိတယ်။

ကျုပ်ကငယ်ဖြူမဟုတ်ဘူးကိုးဝါပဲရသေးတယ်။အရင်ကMOGEမှာလုပ်တယ်။
တပြည်လုံးသွားရတာလဲနှံ့လို့။အဆင်မပြေလွန်းလို့လူထွက်ပြီးဘုန်းကြီးဝတ်
လိုက်တယ်.....ငြိမ်းချမ်းတာပေါ့ဗျာ။

ဘာ..မြန်မာပြည်ပိုက်ဆံမရှိတဲ့လူတွေဘယ်လိုလုပ်မလဲဟုတ်လား....
မျက်စိဆိုကန်း....ရောဂါကျွမ်းရင်သေပေါ့ဗျာ။
ဘယ်လိုလုပ်ကြမလဲ……မေတ္တာတွေခြောက်ခမ်းနေတာ…….

ပြောပြောဆိုဆိုဖြင့်အလှည့်နီး၍ထွက်သွားသောဘုန်းတော်ကြီးကိုကြည့်ရင်း......
ကျွန်တော်သံဝေဂတော်တော်ရမိပါတယ်။မယ်တော်ဆေးခန်းမှ..............
ဒေါက်တာဒေါ်စင်သီယာမောင်နှင့်ဆရာဆရာမများကိုလည်းလူနာများကိုယ်စား
ကျေးဇူးတင်ရသည်။နိုင်ငံရပ်ခြားကသွေးမတော်သားမစပ်သူများကဒုက္ခရောက်
နေသည့်ဝေဒနာသည်များကိုစာနာကူညီရုံမက။မေတ္တာပါပို့သည်တဲ့..............

ကျွန်တော်တို့နိုင်ငံမှစစ်ဗိုလ်ကြီးများကတော့ထိုဆင်းရဲနွမ်းပါးသောပြည်သူများ၊
ဝေဒနာသည်များကိုဂရုမပြုရုံမကမေတ္တာပို့စီတန်းလမ်းလျှောက်သူများက
ိုသေနတ်ဖြင့်ပစ်သည်။
ထိုမျှမကမေတ္တာပို့သောသံဃာတော်များကိုထောင်သွင်းအကျဉ်းချသည်..............
မေတ္တာခြင်းကခြားနားလှပါပကော။

ဆင်းရဲဒုက္ခငရဲတွင်းမှမြန်မာပြည်သူများအတွက်မေတ္တာလွှမ်း၍အေးချမ်းနိုင်ပါစေ
လို့ဆန္နပြုရုံမှအပ………………………………။

Saffron Reporter

ထီတစောင်၂၀၀ကျပ်ဖြစ်တော့မည်

အောင်ဘာလေ ထီတစောင် ကျပ် (၂၀၀) နှုန်းဖြင့် တိုးမြှင့်သတ်မှတ်ရောင်းချရခြင်းသည် အောင်ဘာလေ သိန်းဆုအခွန်ငွေ နှစ်ဆတိုး ရရှိစေရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်း ပြည်တွင်းအခွန်ဦးစီးဌာနရုံးမှ ဦးစီးအရာရှိတဦးက ပြောသည်။

၎င်းက “လက်ရှိ ကျပ် (၁၀၀) နဲ့ ရောင်းနေတဲ့ ထီလက်မှတ်တွေကနေ တနှစ် ပျှမ်းမျှအခွန် ကျပ်ငွေ (၁၂) ဘီလီယံကျော်ရနေတယ်။ အဲဒါ လာမယ့် ၂၀၀၉ ခုနှစ်က စပြီး ကျပ်ငွေ (၂၄) ဘီလီယံကျော်ရအောင် စီမံကိန်းချပြီး လုပ်တာဖြစ်တယ်” ဟုပြောသည်။

လာမည့် ဒီဇင်ဘာ (၁) ရက်မှ စတင်ကာ အောင်ဘာလေထီတစောင်ကို ကျပ် (၂၀၀) ဖြင့် ရောင်းချမည်ဖြစ်ပြီး ၂၀၀၉ ခု ဇန်န၀ါရီ (၁) ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း အစိုးရသတင်းစာများတွင် ဖော်ပြသည်။

မြန်မာပြည်တွင်း၌ အစိုးရအောင်ဘာလေ ထီအပြင် ထိုင်းအိုင်တီဗွီ ချယ်နယ်မှ တနေ့နှစ်ကြိမ် ဖော်ပြသည့် အစုရှယ်ယာဈေးနှုန်း နောက်ဆုံးဂဏန်း နှစ်လုံးကို လောင်းကစားသည့် (၂) လုံးထီ၊ တလ နှစ်ကြိမ်ဖွင့်လှစ်သည့် ထိုင်းထီကို အခြေခံလောင်းကစားသည့် ချဲထီတို့လည်း ပျံ့နှံ့နေပြီး ယခုနောက်ပိုင်း စင်ကာပူနိုင်ငံမှ အောင်ဘာလေထီကိုပါ ထိုးနေကြသည်ဟု ရန်ကုန်မြို့ခံများက ပြောသည်။

ယင်းလောင်းကစားမှုများကို နယ်မြေခံရဲများက ပုံမှန်ဆက်ကြေးကောက်ယူကာ ခွင့်ပြုထားခြင်းဖြစ်ကြောင်းလည်း ဒေသခံများထံမှ သိရသည်။

မည်သို့သောသုံးသပ်ဝေဖန်ချက်များရှိသည်ဖြစ်စေသေချာသည့်အချက်တခုမှာ

စစ်အာဏာရှင်များအတွက်အခွန်ငွေနှစ်ဆတိုး၍ရရှိစေမည်မှာအသေအချာပင်
ဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် လူ့အခွင့်အရေး တိုးတက်အောင်လုပ်ဖို့ ကင်တားနား တိုက်တွန်း

24 October 2008

ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ်က မြန်မာနိုင်ငံမှာ ၂၀၁၀

ရွေးကောက်ပွဲမတိုင်ခင် လူ့အခွင့်အရေး အခြေအနေ တိုးတက်ကောင်းမွန်အောင်
လုပ်ဆောင်ဖို့ စစ်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။ ယုံကြည်ချက်ကြောင့် အကျဉ်း
ကျခံနေရတဲ့ အကျဉ်းသား ၂,၀၀၀ ကျော်ကို လွှတ်ပေးဖို့လည်း မစ္စတာ တိုးမာ့စ် အိုဟေး
ကင်တားနား (Tomas Ojea Quintana) က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ
တောင်းဆိုလိုက်တာဖြစ်ပါတယ်။

မစ္စတာ တိုးမာ့စ် အိုဟေး ကင်တားနားဟာ မြန်မာနိုင်ငံကို သြဂုတ်လမှာ ပထမဆုံး
အကြိမ် သွားရောက်ခဲ့ပြီးတဲ့နောက် ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် စစ်အစိုးရလုပ်ရ
မယ့် အချက် ၄ ချက်ကို အဆိုပြုခဲ့ပါတယ်။

Tomas Ojea Quintana, Special Rapporteur on the Situation of Human Rights in Myanmar, Monday, June 9 2008.AP
ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ်
မစ္စတာ ကင်တားနား။ ဇွန် ၉၊ ၂၀၀၈။
"နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းတွေနဲ့
ကိုက်ညီအောင် ပြည်တွင်းဥပဒေတွေကို ပြင်ဆင်
ပါ၊ နိုင်ငံရေးခံယူချက်တွေကြောင့် ဖမ်းဆီးထားသူ
တွေအားလုံးကို လွှတ်ပေးပါ၊ စစ်တပ်ကို ပြုပြင်
ပြောင်းလဲရေးလုပ်ပါ၊ စစ်တပ်မှာ လူ့အခွင့်အရေး
သင်တန်း ပေးပါ၊ လွတ်လပ်တဲ့ တရားစီရင်နိုင်မှုနဲ့
တရားဥပဒေစိုးမိုးအောင် လုပ်ပါ။"

စက်တင်ဘာလတုန်းက အကျဉ်းသား ၉,၀၀၀
လွှတ်ပေးခဲ့တာကို မစ္စတာကင်တားနားက ကြိုဆို
ပေမယ့် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ
၇ ယောက်ပဲ ပါတယ်ဆိုတာကို ထောက်ပြပါ
တယ်။ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူပေါင်း ၂,၀၀၀ ကျော်ရှိနေတာကို
လွှတ်ပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ ဒီထဲမှာ အထင်ရှားဆုံးကတော့ အမျိုးသားဒီမို
ကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပဲ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အထိန်းသိမ်းခံသက်တမ်း ၁၃ နှစ် ပြည့်ပြီ



Burmese opposition leader Aung San Suu Kyi (file photo)
မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက ဖမ်းဆီး
ထိန်းသိမ်းခဲ့တာ မနက်ဖြန်ဆို ၁၃ နှစ်ပြည့်ပြီဆိုပြီး
ကမ္ဘာအနှံ့က မြန်မာ့အရေးလှုပ်ရှားနေတဲ့
လူ့အခွင့်အရေး အဖွဲ့အစည်းတွေကနေ
ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသား
တွေကို လွှတ်ပေးဖို့ တောင်းဆိုနေကြပါတယ်။

စာရေးဆရာမ ခင်ပန်နှင်း ကဗျာဆရာစောဝေဘက်မှ သက်သေထွက်ဆို

ဓာတ်ပုံသတင်း
အောက်တိုဘာ ၂၃၊ ၂၀၀၈

ကဗျာဆရာစောဝေဘက်မှ သက်သေလိုက်ပေးနေသော စာရေးဆရာမ ခင်ပန်နှင်း (ဒေါက်တာဒေါ်ခင်မြင့်ဦး)။

မိတ်ဆွေတဦးဖြစ်သောကြောင့် တရားရုံးတက်ပြီး သက်သေလိုက်ပေးနေခြင်းဖြစ်သည်ဟု သိရသည်။ လွန်ခဲ့သည့် ၉ လက ဖမ်းဆီးခံခဲ့ရသော ကဗျာဆရာစောဝေသည် ယခုအခါ အင်းစိန်အကျဉ်းထောင်ဆေးရုံတွင် ရောက်ရှိနေပြီး ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀၅(ခ)ဖြင့် တရားရင်ဆိုင်နေရသည်။ ၅၀၅(ခ)သည် ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်ခံရနိုင်သည့်ပုဒ်မဖြစ်သည်။ လာမည့်လဆန်းတွင် စီရင်ချက်ချမည်ဟု ကဗျာဆရာ၏ရှေ့နေဖြစ်သူက အာအက်ဖ်အေ သတင်းဌာနသို့ ပြောကြားခဲ့သည်။ အာဏာပိုင်များက ကိုစောဝေဖွဲ့ဆိုခဲ့သည့် “အာဏာရူးကြီး မှူးကြီးသန်းရွှေ” ကဗျာကြောင့် အများပြည်သူထိတ်လန့်နိုင်သည်ဟု စွပ်စွဲထားသည်။ (ဓာတ်ပုံ စာဖတ်သူဂျာနယ်)

[FFO] China poisoned milk

၁၄ကြိမ်မြောက်KNUကရင်အမျိုးသားအစည်းအရုံး၏ ထုတ်ပြန်ကြေညာချက်



ကေအန်ယူ ဒု-ဥက္ကဋ္ဌ ပဒိုဒေးဗစ်သာကပေါက “တွေ့ဆုံဆွေးနွေးရေးမူကို ကေအန်ယူက ဆက်လက်ကိုင်စွဲထားပေမယ့် နအဖက ကေအန်ယူကို တဖက်သတ် သူတို့နဲ့ပူးပေါင်းဖို့ လက်နက်ချဖို့ပဲ ပြောတယ်။ နိုင်ငံရေးအရ ဖြေရှင်းမှုကို မကြိုးစားဘူး။ သူတို့ရဲ့ အာဏာတည်မြဲရေးလမ်းစဉ်ကိုပဲ ဆက်လုပ်နေတယ်။ တွေ့ဆုံဆွေးနွေးရေးလုပ်မှသာ ငြိမ်းချမ်းစွာနဲ့ မြန်မာနိုင်ငံပြဿနာကို ဖြေရှင်းနိုင်မယ်” ဟုပြောသည်။

သို့သော် နအဖက နိုင်ငံရေးပြဿနာကို စစ်ရေးနှင့်သာ ဖြေရှင်းလိုသည့်အတွက် ကေအန်ယူလက်အောက်ခံ တပ်မဟာများတွင် တိုက်ပွဲများ အမြဲဖြစ်ပွားနေသကဲ့သို့ ကျန်တပ်မဟာများတွင်လည်း ဖြစ်ပွားနေကြောင်း ၎င်းကပြောသည်။

“နအဖ အနေနဲ့ ကေအန်ယူ အပါအဝင် တော်လှန်ရေးအဖွဲ့အစည်းတွေကို နောက်ထပ်အနှစ် (၁၀၀) အထိ ဆက်တိုက်ချင်ရင်လည်း ရတယ်။ ဗိုလ်သန်းရွှေကို ပြောချင်တာက မြန်မာ့နိုင်ငံရေးပြဿနာကို စစ်ရေးနည်းနဲ့ ဘယ်လိုမှ ဖြေရှင်းလို့ရမှာမဟုတ်ဘူး။ ဒါကြောင့် တွေ့ဆုံဆွေးနွေးရေးနည်းကသာ အကောင်းဆုံးဖြစ်တယ်” ဟု ပဒိုဒေးဗစ်သာကပေါက ပြောကြားခဲ့ပါသည်။
မူရင်းPDFင်္ File ဒေါင်းလုပ်ရယူရန်
14 Congress Statement(KNU) - Upload a Document to Scribd