1.05.2009

Burma News

Junta Determined to 'Guide' 2010 Polls

By MARWAAN MACAN-MARKAR
Burma’s military regime ended 2008 with greater resolve to steamroll over opposition voices in order to pave the way for a junta-friendly government when the country holds general elections in 2010.

Bush to Discuss Burma with Ban at White House

By LALIT K JHA
In what will probably be a final visit, US President George W Bush and UN Secretary-General Ban Ki-moon will discuss the Burma issue in the White House on Tuesday.

Restless Souls of the Irrawaddy Delta

By SAW YAN NAING
Soldiers stationed in Burma’s Irrawaddy delta are being detailed to help soothe fears that the ghosts of cyclone victims are stalking the region.

Weekly Business Roundup (January 02, 2009)

By WILLIAM BOOT
2008 saw a surge in foreign companies doing business in Burma despite U.S. and European Union sanctions, observers and activists say.

Win Tin Denies NLD Divided Over 2010 Election

By MIN LWIN
Prominent opposition leader Win Tin rejected claims that he had told a visiting diplomat his party was divided over an election slated for 2010.

Burma Blacklists US Artist
自由亚洲电视 - Washington DC,USA
An American academic couple abandons a visit to Burma because one of them is blacklisted. BANGKOK—A prominent American professor and human rights advocate ...
See all stories on this topic
findingDulcinea
On This Day: Burma Declares Independence from Britain
findingDulcinea - New York,New York,USA
4, 1948, Burma ended 60 years of colonial rule when it officially declared independence from Britain. In June 1945, Burmese soldiers fought with the British ...
See all stories on this topic
US expresses support in Burma anniversary message
Radio Australia News - Melbourne,Australia
The United States has highlighted its support for efforts to establish democracy in military-run Burma, in a statement marking Burma's 61st anniversary of ...
See all stories on this topic
Burma Junta marks independence day
Independent Online - Cape Town,South Africa
Yangon - Myanmar/Burma marked the 61st anniversary of its independence on Sunday with pomp and defiance, as the military junta called on citizens to support ...
See all stories on this topic
코리아타임즈
Human Rights Abuse in Myanmar?
코리아타임즈 - South Korea
``Burma'' is used here to show solidarity with those who denounce as nothing less than evil the actions of military junta who were responsible for naming ...
See all stories on this topic
Marking Burma's Independence Day
Voice of America - USA
Sunday, January 4, 2009 marks the 61st anniversary of Burma’s independence from British rule. Yet for most of the years since then, the aspirations of ...
See all stories on this topic
Burmese refugees struggle to resettle in Canada
Calgary Herald - AB, Canada
She is part of a group of 54 refugees from Burma — including 36 children and 14 women — who have landed recently in Quebec thanks to a federal refugee ...
See all stories on this topic
Flathead Beacon
Images from Ethiopia
Flathead Beacon - Kalispell,MT,USA
An elderly woman in Burma whose ethnic group had been all but wiped out. Centuries-old architecture and traditional rituals, dress and cultural norms. ...
See all stories on this topic
Burma Sends 19 North Koreans to Thailand
코리아타임즈 - South Korea
Burmese authorities have sent 19 North Koreans, arrested while trying to defect to South Korea across the Thai border, to Thai’s Chiang Rai province, ...
See all stories on this topic

Blogs Alert for: Burma news

NCUB to form new government in exile | Burma Bloggers' Network
The National Council of the Union of Burma has announced its plans to establish a new government in exile in advance of the Burmese military regime’s planned.
Burma Bloggers' Network - http://www.burmabloggers.net/
Renovated Strand Hotel a regal nod to old Burma
RANGOON, Burma — In the colonial heyday of this elegant Victorian-era hotel, gentlemen in white dinner jackets and ladies in flowing gowns sipped cocktails on the shaded veranda as the sun went down, enjoying a welcome respite from the ...
Arkansas Democrat-Gazette stories - http://www2.arkansasonline.com/news/
Professor Kim's News Notes: Clever 2008 wrap-up video
By Professor Kim
Professor Kim's News Notes. Eclectic intelligence. .... NPR Blogs: Tell Me More. Happy New Year From The TMM 'Barbershop' · Wishing You More in 2009 · New Year's Resolutions? Grim (But Important) News · What We Missed in '08 ...
Professor Kim's News Notes - http://professorkim.blogspot.com/
Israeli troops clash with Hamas in Gaza Strip | MOTHER IRRAWADDY
I like the cartoon and the best medicine ,laughter and other news pages Thank you if you have time pls visit to us http://symposium.22web.net. bo aung: Everything is perfect your site , so i very like it all. ...
MOTHER IRRAWADDY - http://irrawaddy.burmabloggers.net/
Zichi Lorentz Artosphere: Newspaper Gives up Print Edition
The effect of New Media continues to change the way we have traditionally read our news. Those traditional publications like newspaper will have to find new ways to bring their news, and new venues of revenues. Those who fail to pick up ...
Zichi Lorentz Artosphere - http://zichi.blogspot.com/

၂၀၀၈ ခုနှစ်၏ အရေးပါသူများ (၁)

၂၀၀၈ ခုနှစ်၏ အရေးပါသူများ (၁)

၂၀၀၈ ခုနှစ်၏ အရေးပါသူများ (၁)

၂၀၀၈ ခုနှစ်တွင် အထင် ကရ အဖြစ် အပျက် များစွာ ဖြစ်ခဲ့သည်။ နာဂစ် ဆိုင်ကလုန်း မုန်တိုင်း၊ အလိမ် အညာ အခြေခံ ဥပဒေ ဆန္ဒ ခံယူပွဲ၊ ၂၀၀၇ ခုနှစ် သြဂုတ်လ / စက်တင်ဘာလအပြီး နောက်ဆက်တွဲ အကျိုးဆက်များနှင့် နိုင်ငံရေး သဘောထားကွဲလွဲသူ အတိုက်အခံခေါင်းဆောင်များအပေါ် ပြစ်ဒဏ်ချမှတ်ခဲ့သော တရားမဲ့ ခုံရုံးများ စသည့် အဖြစ်အပျက်များက လူတဦးချင်းအရသော်လည်းကောင်း၊ အဖွဲ့အစည်းအရသော်လည်းကောင်း သူတို့၏ အမည်များနှင့် ဖြစ်ရပ်များ၊ လှုပ်ရှားမှုများသည် သတင်းခေါင်းကြီးပိုင်းများ ဖြစ်လာကြသည်။

မြန်မာနိုင်ငံအတွင်း နိုင်ငံရေး အပြောင်းအလဲများ တိုးတက်လာစေရန်နှင့် ဆိုင်ကလုန်းဒဏ်ခံခဲ့ရသူ ပြည်သူများအတွက် အထောက်အပံ့ ပစ္စည်းများ ကူညီပေးကြရာတွင် ကိုယ်ကျိုးမဲ့ဆောင်ရွက်ခဲ့ကြသောကြောင့် လူပုဂ္ဂိုလ်အတော်များများလည်း သတင်းများတွင် ထည့်သွင်းဖော်ပြခံကြရသည်။ သို့သော် မကောင်းသတင်းဖြင့် ကျော်စောသူတဦးတော့ ရှိခဲ့သည်။ ၂၀၀၈ ခုနှစ် အတွက် အမည်စာရင်းတွင် ထည့်သွင်းရန် သူသည်လည်း အရည်အချင်း ပြည့်မီသည်ဟု ဆိုရမည်။ ထိုသူမှာ ဆိုင်ကလုန်းမုန်တိုင်းသင့်၍ ဒုက္ခကြုံနေရသော ပြည်သူများထံသို့ အကူအညီများ ပိတ်ပင်ရာတွင် အဓိက အခန်း ကဏ္ဍမှ ပါဝင်ခဲ့သူ၊ ဆန္ဒခံယူပွဲကို ခေါင်းမာမာဖြင့် ဆက်လက်ဆောင်ရွက်ခဲ့သူ၊ အငြင်းပွားဖွယ်ရှိနေသော ၂၀၁၀ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေချိန်တွင် အတိုက်အခံအားလုံးကို ရက်ရက်စက်စက် အပြုတ်တိုက်နေသူ စစ်အစိုးရ ထိပ်သီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေပင် ဖြစ်သည်။

၂၀၀၈ ခုနှစ်၏ အမည်စာရင်းသည် မြန်မာနိုင်ငံသားများ အတွက်သာ ကန့်သတ်ထားခြင်းမဟုတ်။ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဘားနာ့ဒ် ကုချနာ၊ အမေရိကန်သမ္မတ ဂျော့ခ်ျ ဒဗလျူဘုရှ် နှင့် သူ၏ ဇနီး လော်ရာဘုရှ် အပြင် ကမ္ဘာ့ကုလသမဂ္ဂ၏ ပြောရေးဆိုခွင့်ရှိသူ ကိုယ်စားလှယ်နှစ်ဦးသည်လည်း မြန်မာပြည်၏ အဖိနှိပ်ခံပြည်သူများကိုယ်စား ၎င်းတို့၏ ဆောင်ရွက်ချက်များကြောင့် အမည်စာရင်းတွင် ထည့်သွင်းထိုက်သူများဖြစ်သည်။

ဗိုလ်ချုပ်သန်းရွှေနှင့် သူ၏ စစ်အုပ်စုက အကူအညီ သေရေး ရှင်ရေး လိုအပ်နေသော ပြည်သူများကို မသိဟန်ပြုနေချိန်တွင် မုန်တိုင်းသင့် ပြည်သူများကို မဖြစ်မနေ ကူညီရမည်ဟူသော Save the Children၊ နယ်စည်းမခြား ဆရာဝန်များ MSF (Médecins sans Frontières) နှင့် မာလင်း (Merlin) ကဲ့သို့သော အဖွဲ့အစည်းတို့၏ ခိုင်ကျည်သော ကြိုးပမ်းမှုများကိုလည်း အသိအမှတ်ပြု ထည့်သွင်းဖော်ပြရမည် ဖြစ်ပါသည်။

သတင်းခေါင်းစည်းကို ဖန်တီးသူများ

ဦးဝင်းတင်

စစ်အစိုးရက ၁၉ နှစ်ကျော် ထောင်ဒဏ်ချမှတ်ခံခဲ့ရပြီး ၂၀၀၈ စင်တင်ဘာတွင် ပြန်လွတ်လာသော သတင်းစာဆရာကြီး ဦးဝင်းတင် (ဓာတ်ပုံ - အေပီ)

အကျဉ်းထောင်ထဲတွင် ယခုအချိန်ထိရှိနေသေးသော နိုင်ငံရေးအကျဉ်းသား ၂၁၀၀ ခန့်၏ ကံကြမ္မာက မရေမရာ ဖြစ်နေရဆဲ၊ စိုးရိမ်နေရဆဲအခြေအနေတွင် နှစ်ရှည်လများထောင်ကျခဲ့သော အတိုက်အခံ နိုင်ငံရေး သမားတဦး ၂၀၀၈ ခုနှစ်တွင် ပြန်လွတ်လာခဲ့သည်။ ထိုသူမှာ အသက် ၇၉ နှစ်အရွယ် သတင်းစာဆရာကြီး ဦးဝင်းတင် ဖြစ်သည်။ ရန်ကုန်မြို့မှ နာမည်ကျော် အင်းစိန်ထောင်တွင် ၁၉ နှစ်ကြာ အကျဉ်းချခံနေရရာမှ စက်တင်ဘာလတွင် ဦးဝင်းတင် ပြန်လွတ်လာခြင်းဖြစ်သည်။

၁၉၈၉ ခုနှစ် အကျဉ်းမကျခင်က ဦးဝင်းတင်သည် ထင်ရှားသော အတိုက်အခံ နိုင်ငံရေးသမားတဦး ဖြစ်ပြီး၊ အထိန်းသိမ်းခံ ငြိမ်းချမ်းရေးနိုဗဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ အရေးပါသည့် ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် တဦးလည်း ဖြစ်ခဲ့သည်။ ဦးဝင်းတင်သည် အဖွဲ့ချုပ်၏ တတ်သိပညာရှင်များကို ဦးဆောင်၍ အနုပညာလွတ်လပ်ခွင့်၊ သတင်းလွတ်လပ်ခွင့်များကို အရေးဆိုခဲ့သူတဦး ဖြစ်သောကြောင့်လည်း မျိုးဆက်သစ် လူငယ်များအကြားတွင် "ဆရာ" ဟူသော ဂုဏ်ထူးဝိသေသတခုကို ပိုင်ဆိုင်ခဲ့သူ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က ဦးဝင်းတင်ကို "သတ္တိရှိ၍ တည်ကြည်ဖြောင့်မတ်သူ" ဟု ညွှန်းခဲ့ပြီး၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီလှုပ်ရှားမှုတွင် အဓိက အခရာကျသူ တဦး ဖြစ်သည်ဟု အသိအမှတ် ပြုခဲ့သည်။ ဦးဝင်းတင်ကလည်း ဒေါ်စုကို "စစ်မှန်သော ခေါင်းဆောင်" တဦးဟု ပုံဖေါ်ခဲ့သည်။ “မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကြပ်အတည်းကို ကျော်လွှားဖို့ ဒေါ်စုရဲ့အခန်းကဏ္ဍ ရှိသေးသလား” ဟူသည့် ပြောဆိုချက်များနှင့် ပတ်သက်၍ ဧရာဝတီက မေးမြန်းခဲ့ရာတွင် ဦးဝင်းတင်က "ဒေါ်စုရဲ့ ကိုယ်ကျင့်သိက္ခာ၊ အသိပညာ၊ ခေါင်းဆောင်မှု အရည်အချင်းတို့နဲ့ ပတ်သက်လို့ ကျနော့်မှာ သံသယ မရှိပါဘူး၊ ကျနော် ဒေါ်ဆောင်ဆန်းစုကြည်ကို ယုံတယ်" ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်

နေအိမ်အကျယ်ချုပ် ကျခံနေရဆဲ ဖြစ်သည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - ဧရာဝတီ)

မြန်မာနိုင်ငံ၏ အတိုက်အခံခေါင်းဆောင်၊ တကမ္ဘာလုံးတွင် တဦးတည်းသော အကျဉ်းကျခံ ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင်သည် ယခုနှစ်တွင်လည်း ခြောက်နှစ်ဆက်တိုက် တရားမ၀င် အကျယ်ချုပ် ကျခံနေရသည်။ သူ၏ ရှေ့နေက ဤသို့ဖမ်းဆီးထားမှုသည် ဥပဒေကြောင်းနှင့်မညီဟု ဆိုသည်။ နေပြည်တော်ရှိ အာဏာပိုင်များက အကျယ်ချုပ် သက်တမ်းတိုးမှုနှင့် ပတ်သက်သည့် ရှေ့နေ၏အယူခံလွှာကို မသိကျိုးကျွန် ပြုနေဆဲ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့၊ အင်းလျားကန်စောင်းရှိ နေအိမ်တွင် အကျယ်ချုပ် သက်တမ်း စုစုပေါင်း ၁၃ နှစ် ကျခံခဲ့ပြီး ဖြစ်သည်။

အသက် ၆၃ နှစ် ရှိပြီ ဖြစ်သော ဒီမိုကရေစီခေါင်းဆောင်က အတိုက်အခံများနှင့် တွေ့ဆုံ ဆွေးနွေးပွဲလုပ်ရန် စစ်အစိုးရ၏ ဆက်လက်ငြင်းပယ်နေမှုကို စိတ်မရှည်တော့သည့်ဟန် ပြသခဲ့သည်။ သြဂုတ်လအတွင်း ကမ္ဘာ့ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂန်ဘာရီ မြန်မာနိုင်ငံသို့ နောက်ဆုံး လာရောက်ခဲ့စဉ်က လက်ခံတွေ့ဆုံရန် ငြင်းပယ်သည့်နည်းဖြင့် သူ၏ သဘောထားကို ဖော်ပြလိုက်သည်။ မစ္စတာ ဂန်ဘာရီသည်လည်း စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ခွင့်မရဘဲ နယူးယောက်သို့ ပြန်သွားရသည်။ သူ၏ ခရီးစဉ်သည် ပဋိပက္ခဖြစ်နေသည့် ဘက်နှစ်ဘက် ပြန်လည်သင့်မြတ်ရန်၊ နိုင်ငံရေး အပြောင်းအလဲများ ဖြစ်ပေါ်လာရန် မဆောင်ရွက်နိုင်ခဲ့ဘဲ အရှုံးနှင့် အဆုံးသတ်ခဲ့ရသည်ဟူသော စွပ်စွဲချက်များ ပေါ်ထွက်ခဲ့သည်။

ဂန်ဘာရီ၏ အကြီးအကဲ အထွေထွေ အတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်းသည်လည်း ကုလသမဂ္ဂက တာဝန်အပ်နှင်းထားသည့် ရည်မှန်းချက်များ အထမြောက် အောင်မြင်စေရေးအတွက် သိသာ ထင်ရှားသော တိုးတက်မှု တစုံတရာ မဆောင်ရွက်နိုင်ဘဲ အရှုံးပြနေသည်ဟု ဆိုကြပြန်သည်။ ထို့အပြင် ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံသို့ သွားရောက်မည့် သူ၏ ခရီးစဉ်ကိုလည်း ဖျက်သိမ်းလိုက်ရသည်။

ကုလသမဂ္ဂလုံခြုံရေး ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရေးဟူသည် မြန်မာနိုင်ငံ၏ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲများ ဖြစ်ပေါ်လာစေရေး နှင့် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအတွက် မရှိမဖြစ်လိုအပ်သော ပထမအဆင့် ဖြစ်သည်ဟု ထပ်တလဲလဲ ဖော်ပြခဲ့သည်။ ဒေါ်စုကလည်း "တွေ့ဆုံ ဆွေးနွေးရေး လုပ်ငန်းစဉ် အောင်မြင်ဖို့အတွက်ဆိုရင် ကျမက အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အဆင့်သင့် ရှိပါတယ်" ဟု ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။

ဦးပညာဝံသ

နာဂစ် ဆိုင်ကလုန်း ဒုက္ခသည်များ ကူညီကယ်ဆယ်ရေးအတွက် ဒေါ်လာ သန်းနှင့် ချီ၍ ဦးစီးထောက်ပံ့ ခဲ့သော ပီနန် ဆရာတော်ကြီး ဦးပညာဝံသ (သရုပ်ဖော်ပန်းချီ - ဧရာဝတီ)

မလေးရှားနိုင်ငံ၊ ပီနန်မြို့ ဓမ္မိကာရာမ ကျောင်းတိုက်တွင် သီတင်းသုံးနေသော ဦးပညာဝံသသည် ၂၀၀၇ ခုနှစ် စက်တင်ဘာ လူထုအုံကြွမှုနှင့် ဆိုင်ကလုန်း နာဂစ်မုန်တိုင်းကြောင့် ထင်ရှားလာသည်။ လူသားချင်း စာနာမှုဆိုင်ရာ ကူညီရေး လုပ်ငန်းများ၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများ ကမ္ဘာအနှံ့ တည်ဆောက်ခြင်း လုပ်ငန်းများကြောင့်လည်း မူလကပင် ထင်ရှားသော သံဃာတော်တပါးဖြစ်သည်။

ဆရာတော်သည် သက်တော် ၈၄ နှစ်ရှိပြီ ဖြစ်ပြီး မြန်မာ့နိုင်ငံရေး ဆွေးနွေးမှုများတွင် မပါဝင်ဘဲ ခပ်ရှောင်ရှောင် နေလာခဲ့သည်။ သို့သော်လည်း အမိနိုင်ငံအတွင်း သံဃာတော်များဦးဆောင်သော ဆန္ဒပြပွဲများကို စစ်တပ်က မတရား ဖြိုခွင်းခဲ့မှုကြောင့် မခံရပ်နိုင်တော့သည့်အဆုံး စစ်အစိုးရ၏ ရက်စက်ကြမ်းကြုတ်မှုများကို ဝေဖန်ပြောဆိုလေသည်။

ဆရာတော်က ဗုဒ္ဓဘာသာ မြန်မာသံဃာများ၏ နိုင်ငံတကာအဖွဲ့အစည်းတခုကိုလည်း ဦးဆောင် တည်ထောင်ခဲ့သည်။ အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ် (၀ါ) သာသနမောဠိ ဟု လူသိများသော အဖွဲ့အစည်းပင် ဖြစ်သည်။ ဆရာတော်သည် ထိုအဖွဲ့ကြီး၏ ပထမဦးဆုံးသော ဥက္ကဋ္ဌ ဆရာတော်တပါးလည်း ဖြစ်သည်။

မေလတွင် မြန်မာနိုင်ငံ၌ နာဂစ်ဆိုင်ကလုန်း တိုက်ခတ်လိုက်သောအခါ ဆရာတော်က အမေရိကန် ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်အတွင်းရှိ အဖွဲ့ပေါင်း ၂၇ ဖွဲ့ကို ခေါ်၍ ရန်ပုံငွေရှာဖွေရေး အစည်းအဝေးတရပ်ကို ဦးစီး ကျင်းပခဲ့သည်။ သဘာဝဘေးဒဏ်သင့် ပြည်သူများထံ ကူညီပေးနိုင်ရေးအတွက် ရန်ပုံငွေ အနည်းဆုံး ဒေါ်လာ ၂ သန်းခန့် ကောက်ခံနိုင်ခဲ့သည်။

သြဂုတ်လတွင် ဒိန်းမတ်နိုင်ငံ၌ ဗုဒ္ဓရံသီဟု အမည်ရသော ပထမဦးဆုံးသော ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းကို ဖွင့်လှစ်နိုင်ခဲ့သည်။ ဆရာတော်၏ နှစ်ပေါင်း ၅၀ ကျော် ကမ္ဘာတ၀န်း တည်ထောင်ခဲ့သော ဘုန်းတော်ကြီးကျောင်းများ အနက်မှ နောက်ဆုံးတည်ထောင်ခဲ့သည့် ကျောင်းတကျောင်းလည်း ဖြစ်သည်။

ဆရာတော်ဦးပညာဝံသကို ၁၉၂၄ ခုနှစ် ဇန်န၀ါရီလ၌ ဧရာဝတီတိုင်း၊ ၀ါးခယ်မမြို့တွင် မီးရှုးသန့်စင် ဖွားမြင်ခဲ့သည်။ ၀ါးခယ်မ၊ ရန်ကုန်၊ မန္တလေးမြို့များတွင် ပါဠိဘာသာနှင့် ဗုဒ္ဓဘာသာကို လေ့လာဆည်းပူးခဲ့သည်။
၁၉၅၄ ခုနှစ်၌ သီရီလင်္ကာ၊ အက်ဒမန်ကျွန်းစုများ နှင့် အိန္ဒိယနိုင်ငံတောင်ပိုင်း တို့တွင် သာသနာပြန့်ပွားရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့သည်။

၈၈ မျိုးဆက်ကျောင်းသားများ

လောင်စာဆီကျဆင်းရေး ဆန္ဒပြသည့်အတွက် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံထားရသည့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များဖြစ်သော မနီလာသိန်း၊ မမီးမီး၊ ကိုမြအေး၊ ကိုမင်းကိုနိုင်၊ ကိုဂျင်မီ တို့ကို အတူ တွေ့ရစဉ်

၂၀၀၇ ခုနှစ် သြဂုတ်လ၊ စက်တင်ဘာလ စီတန်းချီတက် ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သူများနှင့်အတူ "၈၈ မျိုးဆက် ကျောင်းသားများ"ဟု ထင်ရှားသည့် အတိုက်အခံများသည် ကြီးလေးသည့် ပြစ်ဒဏ်များ ချမှတ်ခံရနေရသည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ အပြောင်းအလဲများကို တောင်းဆိုသော လှုပ်ရှားမှုတွင် ဦးဆောင်ခဲ့ကြသောကြောင့် ဖြစ်သည်။

ဤအဖွဲ့တွင် လူသိများထင်ရှားသော ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမင်းဇေယျာ၊ ကိုဂျင်မီ၊ ကိုပြုံးချို၊ ကိုမြအေး၊ ကိုဌေးကြွယ်၊ မနီလာသိန်း၊ မမီးမီးအပါအ၀င် အခြားသော အဖွဲ့ဝင် ၂၂ ဦး သည် မကြာသေးမီက ထောင်ဒဏ် ၆၅ နှစ်စီ ချမှတ်ခံခဲ့ရသည်။ ၎င်းတို့အားလုံး အသက် ၃၀ ကျော် ၄၀ အရွယ်များ ဖြစ်ကြသည်။ ဖိနှိပ်သူ စစ်အစိုးရလက်အောက်တွင် ထောင်သက်တမ်းပြည့် နေရမည် ဆိုပါက သူတို့၏ ဘ၀တသက်တာလုံး အကျဉ်းထောင်ထဲတွင်သာ ပြီးဆုံးသွားဖို့ ရှိနေသည်။

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့သည် နိုင်ငံရေးပါတီတခု မဟုတ်ပေ။ ၁၉၈၈ ဒီမိုကရေစီအရေး လူထုအုံကြွမှုကြီး ဖြစ်ပေါ်သော အချိန်တွင် ပါဝင်ခဲ့ကြသော ကျောင်းသားလူငယ်များကို စုစည်းထားသည့် လှုပ်ရှားမှု အစုအဖွဲ့ တခုသာ ဖြစ်သည်။ စစ်တပ်က ထိုအုံကြွမှုကြီးကို ဖြိုခွင်းခဲ့ပြီး ဆန္ဒပြသူများကို နိုင်ငံတော် ဆန့်ကျင်ရေး ပုဒ်မ မျိုးစုံ တပ်ကာ ထောင်သွင်း အကျဉ်းချခဲ့သည်။ အများစုကို ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်ခဲ့သည်။ ၁၉၉၀ နောက်ပိုင်းတွင် ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်ခဲ့သည်။

တသက်တာလုံး ထောင်ထဲတွင် နေသွားရမည့်အရေး သို့မဟုတ် အသက်ဆုံးရှုံး သွားနိုင်သည့်အရေး ရှိနေသော်လည်း ၎င်းတို့၏ တိုက်ပွဲဝင်စိတ်ဓာတ်ကို သတ်နိုင်လိမ့်မည် မဟုတ်ပေ။

ထောင်ဒဏ်ချမှတ်အပြီးတွင် ခေါင်းဆောင်တဦး ဖြစ်သူ ကိုမင်းဇေယျာက ပြစ်ဒဏ်ချမှတ်သူ တရားသူကြီးကို "၆၅ နှစ်ပဲလားကွ.." ဟု မထီမဲ့မြင် ပြန်၍ အော်ဟစ် ပြောဆိုခဲ့သည်ဟုလည်း သတင်းများ ကြားသိခဲ့ရသည်။

ဝမ်းနည်းဖွယ်ကောင်းသော အချက်တခုမှာ သတ္တိပြောင်သော အန်တုမှုတခုတည်းဖြင့် ဒီမိုကရေစီ လှုပ်ရှားမှု၏ ရည်မှန်းချက်များကို မရနိုင်ကြောင်း နှစ်ပေါင်း ၂၀နှစ်ဆယ်ကြာ တော်လှန်ရေး၏ သမိုင်းက သက်သေပြခဲ့ပြီး ဖြစ်သည်။ အထူးသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လူငယ်) နှင့် မျိုးဆက်သစ်လူငယ်များ အစည်းအရုံး (Generation Wave) ကဲ့သို့ အင်အားကောင်းသော လှုပ်ရှားတက်ကြွသူ အစုအဖွဲ့များ အပါအ၀င် အတိုက်အခံအုပ်စု အားလုံးကို စစ်အစိုးရက ပစ်မှတ်ထား၍ ချေမှုန်းနေသည်။ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီတွင် အတိုက်အခံ အင်အားစုတခုလုံး တုပ်တုပ်မျှ မလှုပ်နိုင်အောင် လုပ်ထားမည့်သဘောကို တွေ့နေရသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ

နာဂစ် ဆိုင်ကလုန်း လေဘေးကို လျစ်လျူရှုပြီး အာဏာတည်မြဲရေးအတွက်ကိုသာ အလေးထားသော စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ဓာတ်ပုံ - အေအက်ဖ်ပီ)

မြန်မာနိုင်ငံ၏ ထိပ်သီးစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် နိုင်ငံ၏ အရေးပေါ် အခြေအနေနှစ်ခု ဖြစ်သော ၂၀၀၇ ခုနှစ် စက်တင်ဘာ လူထုလှုပ်ရှားမှုနှင့် နာဂစ်ဆိုင်ကလုန်းမုန်တိုင်း ဖျက်ဆီးမှုများမှ မပွန်းမရှ ရှင်ကျန်ရစ်သူ၊ ဘေးမသီ ရန်မခ ကျန်ရစ်နေသူ ဖြစ်သည်။ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများလုပ်ရန် ငြင်းဆန်နေသော သူ၏ ခေါင်းမာသည့်ဝသီကို ဖြိုလှဲနိုင်ရန် ပြင်ပကမ္ဘာမှ ကြိုးပမ်းအားထုတ်နေမှု အားလုံးကိုလည်း ဆက်လက် စိန်ခေါ်နေဆဲ ဖြစ်သည်။

ဖိအားများက မြန်မာနိုင်ငံ၏ ပြင်ပမှသာ လာနေခြင်းမဟုတ်။ သတင်းများအရ အလယ်အလတ် တပ်မတော် အရာရှိများသည်လည်း ဗိုလ်ချုပ်သန်းရွှေ၏ ခေါင်းဆောင်မှုအပေါ် မကျေနပ်မှုများ တစစတိုးပွားလာနေသည် ဟူသော ပြောဆိုချက်များ ရှိနေသည်။ သို့ပင်ငြား ၎င်းတို့၏ မကျေနပ်ချက်များကို လူသိရှင်ကြား ထုတ်ဖော် ပြောဆိုရန်အတွက်မူ ချီတုံချတုံ ဖြစ်နေကြသေးသည်။

လူကြိုက်နည်းလာသော အခြေအနေကို လုံးဝသိနေသည့် ဗိုလ်ချုပ်သန်းရွှေက သူ၏ တကိုယ်တော်ဘ၀ကို ယုံကြည်ရသော လူနည်းစု နောက်လိုက်များ၊ ဗေဒင်ဆရာများ ခြံရံ၍ လူသူမနီး မြို့တော် နေပြည်တော်တွင် စံမြန်းနေသည်။ သူ့မိသားစုက ဗေဒင်ဆရာများ၏ ယုတ္တိမတန်သော အကြံဉာဏ်များ၊ အကြံပေးချက်များကိုသာ နှစ်နှစ် ခြိုက်ခြိုက် အားကိုးလိုက်နာ၍ ပြဿနာဖြေရှင်းနိုင်ရေး လုံးပမ်းနေကြသည်။

မြန်မာနိုင်ငံ၏ လက်တွေ့ အဖြစ်အပျက်များကို မျက်ကွယ်ပြုနေသော ဗိုလ်ချုပ်သန်းရွှေသည် ပကတိအခြေအနေကို သိမြင်လာစေရေး ကြိုးပမ်းအားထုတ်မှုအားလုံးကိုလည်း ပစ်ပစ်ခါခါ ငြင်းပယ်နေပြန်သည်။ မစ္စတာ အီဗရာဟင် ဂန်ဘာရီကဲ့သို့သော ကုလသမဂ္ဂကိုယ်စားလှယ်များကိုလည်း အဖက်မတန်သလို ဆက်ဆံခဲ့သည်။ လာရောက်တွေ့ဆုံလည်ပတ်သော သံတမန်များကိုလည်း "စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ" စနစ်သို့ ဦးတည်သွားနေသော စစ်အစိုးရ၏ တိုးတက်လုပ်ဆောင်မှုများအကြောင်း ဆက်လက် သြ၀ါဒခြွေနေသည်။

နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန်၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးရန် စသော တောင်းဆိုချက်များကို လျစ်လျူရှုထားဆဲ ဖြစ်သည်။ မေလတွင် တိုင်းပြည်အတွင်းရှိ နေရာ အများအပြားကို နာဂစ်သဘာဝဘေးဆိုးက ဖျက်ဆီးပစ်ခဲ့သောအခါ မုန်တိုင်းဒဏ်ခံ ပြည်သူများထံသို့ အရေးပေါ် အထောက်အပံ့များ ပေးခွင့်ပြုရန် နိုင်ငံတကာ၏ မေတ္တာရပ်ခံချက်ကိုလည်း ဗိုလ်ချုပ်သန်းရွှေက မကြားဟန် ပြုခဲ့ပြန်သည်။

အသက် ၇၆ နှစ် ပြည့်တော့မည့် ဗိုလ်ချုပ်သန်းရွှေသည် နိုင်ငံရေးဇာတ်ခုံမှ ဆောလျှင်စွာ ဆင်းပေးမည့်ဟန် မပြသေးသည့်အပြင် စီစဉ်ထားသော ၂၀၁၀ ရွေးကောက်ပွဲအထိ ဆက်ရှိနေဦးမည်ဟု မျှော်လင့်ရသည်။ ၎င်းရည်မှန်းချက် အောင်မြင်ရေးအတွက် မည်သည့်အတားအဆီးကိုမှ လက်မခံနိုင်သော ပိုင်းဖြတ်ချက်က သူ၏ ရူးသွပ်ခေါင်းမာစိတ်နှင့် ရက်စက်ကြမ်းကြုတ်မှုကို ပြသနေသည်။

ဉာဏ်များသော ခေါင်းဆောင်ကြီးက နိုင်ငံတကာမှဝေဖန်သူများ ရှုပ်ထွေးသွားရန် မရေရာသော သတင်းအချက်အလက်များ မကြာခဏ ဖြန့်ပေးခြင်းဖြင့် အချိန်ကို ဆွဲဆန့်နေသေးသည်။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမည်ဟူသော ရွေးကောက်ပွဲအကြို လုပ်ဟန်တခုကိုပင် ပြောဆိုသံများ ကြားနေရပြန်သည်။ သို့သော်လည်း ဤသတင်းစကားကို မည်သူတဦးကမျှ အယုံအကြည် မရှိကြပေ။

ဦးအောင်သောင်း

လာမည့် ၂၀၁၀ ရွေးကောက်ပွဲပြီးလျှင် ပေါ်ပေါက်လာမည့် အရပ်သား အစိုးရတွင် ထိပ်ပိုင်းခေါင်းဆောင် တဦးဖြစ်လာနိုင်သည်ဟု ထင်ကြေးပေးခံနေရသော စက်မှု(၁) ၀န်ကြီး ဦးအောင်သောင်း (သရုပ်ဖော်ပန်းချီ - ဧရာဝတီ)

ဦးအောင်သောင်းဟူသော အမည်ကို အမှတ်ရနေဖို့ လိုသည်။ သူက လောလောဆယ်တွင် လူစိတ်ဝင်စားခြင်း မရှိသော အမှတ် (၁) စက်မှုဝန်ကြီးရာထူးကို ယူထားသည်။ သို့သော်လည်း လာမည့် ၂၀၁၀ ရွေးကောက်ပွဲအပြီးတွင် အရပ်သား အစိုးရကို ဦးဆောင်မည့်သူတဦးဟု အများက ယူဆနေကြသည်။

ဦးအောင်သောင်း၏ အမည်က လွန်ခဲ့သော ငါးနှစ်ခန့်က ဖြစ်ခဲ့သော ဖြစ်ရပ်တခုမှ အစပြုပြီး ပေါ်ထွက်လာသည်။ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လိုက်ပါလာသော မော်တော်ကားတန်းကို စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့အနီး ခြုံခိုတိုက်ခိုက်မှုတွင် သူနှင့် ကွယ်လွန်သူ ၀န်ကြီးချုပ် ဗိုလ်ချုပ်စိုးဝင်းတို့ ပါဝင်ပတ်သက်ခဲ့သည်ဟု အတိုက်အခံများက စွပ်စွဲခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူအများအပြားလည်း ၎င်းလုပ်ကြံမှုတွင် သေဆုံးခဲ့ကြရသည်။ ဒေါ်စုကိုယ်တိုင် အသက်ဘေးမှ ပွတ်ကာသီကာ လွတ်မြောက်ခဲ့သော်လည်း အဖမ်းခံရပြီး ဤဖြစ်ရပ်နောက်ပိုင်းမှ လက်ရှိအချိန်တိုင် အိမ်အကျယ်ချုပ် ကျခံနေရဆဲ ဖြစ်သည်။

ဦးအောင်သောင်းက ဗိုလ်ချုပ်သန်းရွှေ၏ ရုံးခန်းနှင့် မိသားစုနေအိမ်သို့ တံခါးမရှိဓားမရှိ ၀င်ထွက်နိုင်သူတဦး ဖြစ်သည်နှင့်အညီ သူ၏တက်လမ်းသြဇာ ကြီးထွားခဲ့ရသည်။ ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေး၏ သမီးနှင့် သူ၏သား လက်ထပ်ထားသောကြောင့်လည်း စစ်အစိုးရအတွင်း သူ၏ သြဇာ ပိုမိုတောင့်တင်းလာသည်။

(သရုပ်ဖော်ပန်းချီ - ဧရာဝတီ)

သူက ဗိုလ်ချုပ်မောင်အေးနှင့်လည်း အလွမ်းသင့်သည်။ ဦးအောင်သောင်းမိသားစုက မြန်မာနိုင်ငံ၏ အချမ်းသာဆုံး မိသားစုများအနက်မှ တခုဖြစ်သည်ဟု ဆိုနိုင်ပြီး ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကျွန်းသစ်နှင့် အခြား သစ်တောထွက်ပစ္စည်းများ ကူးသန်းရောင်းဝယ်သော အောင်ရီဖြိုး၊ ကွင်းစတား၊ IGE စသည့် ကုမ္ပဏီ ၃ ခုကိုလည်း ပိုင်ဆိုင်ထားသည်။ ၎င်းကုမ္ပဏီများက ကွန်ပျူတာနှင့် အခြားလျှပ်စစ် ပစ္စည်းများကိုလည်း တင်သွင်းရောင်းချနေကြသည်။

မြန်မာ့စီးပွားရေးလာကတွင် ထိုကဲ့သို့သော လုပ်ပိုင်ခွင့်ရထားသူများသည်လည်း တခါတရံတွင် ဗိုလ်ချုပ်သန်းရွှေ၏ ကွပ်ညှပ်မှုကို ခံရသည်။ သို့သော် ခန့်မှန်းရခက်သော ဗိုလ်ချုပ်သန်းရွှေက ဦးအောင်သောင်းမိသားစု၏ စီးပွားရေးလုပ်ငန်းများကို မသိကျိုးကျွန် ပြုထားလေသည်။ ဗိုလ်ချုပ်သန်းရွှေ၏ လက်သုံးတော် ထူးကုမ္ပဏီ ပိုင်ရှင်ဦးတေဇ၏ အင်ပါယာနှင့် ယှဉ်ပြိုင်ရသည့်အခါတွင်ပင် မသိကျိုးကျွန်ပြု၍ လွှတ်ထားပေးခဲ့သည်။


သတင်းပဒေသာ

From Burmese Senior Writers marked 61st Anniversary

ဆရာ ဒဂုန်တာရာ၊ ဆရာ ပါရဂူနှင့် သက်ကြီး စာပေပညာရှင်များ

၆၁နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ညစာစားပွဲ ကျင်းပ

မိုးမခ၊ ဓာတ်ပုံသတင်း

ဇန်န၀ါရီ ၄၊ ၂၀၀၉

ရန်ကုန်မြို့ စားသောက်ဆိုင်တခုမှာ သက်ကြီးစာပေပညာရှင်များနှင့် လူငယ် စာနယ်ဇင်းသမားများ စုဝေးကြပြီး နှစ်စဉ်ကျင်းပနေကြ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မိတ်ဆုံညစာစားပွဲ ပြုလုပ်ခဲ့ကြပါတယ်။ ဆရာ ဒဂုန်တာရာ၊ ဆရာပါရဂူတို့နှင့်အတူ မောင်မိုးသူ၊ မောင်ဝံသ၊ ထက်မြက်၊ သန်းစိုးနိုင်၊ မျိုးမြင့်ညိမ်းနှင့်တကွ သက်ကြီးစာပေပညာရှင်များကို တွေ့ရပါတယ်။

Burmese Senior Politicians marked 61st Anniversary of Burmese Independence
မဵက်မှောက်ရေးရာ - သတင်းဖတ်စာ

From 4th Jan 2009 - Senior Politican marked 61st Anniversary Burma Independence

ဝါရင့်နိုင်ငံရေးသမားကြီးများ ၆၁ နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပ၊
သဘောထားကြေညာချက် ထုတ်ပြန်

မိုးမခ၊ ဓာတ်ပုံသတင်း
ဇန်န၀ါရီ ၄၊ ၂၀၀၉

၂၀၀၉ ဇန်န၀ါရီ ၄ ရက်နေ့မှာ ကျရောက်တဲ့ ၆၁ နှစ်မြောက် လွတ်လပ်ရေးနေ့ကို ပြည်တွင်း ပြည်ပက မြန်မာနိုင်ငံရေး အဖွဲ့အစည်းပေါင်းစုံက အထိမ်းအမှတ်များ ကျင်းပကြပြီး လက်ရှိမြန်မာပြည် နိုင်ငံရေးနှင့် အထွေထွေအကြပ်အတည်းအပေါ်မှာ သဘောထားများ ထုတ်ပြန်ခဲ့ကြပါတယ်။



Palestinians carry a dead man into the Shifa hospital in Gaza City, killed during the Israeli army operation in Gaza, 04 Jan 2009

ပါလက်စတိုင်း နယ်မြေထဲကို အစ္စရေးလ် နိုင်ငံက မြေပြင် ထိုးစစ် စတင်ခဲ့အပြီး တရက် ကြာလာတဲ့ အချိန်မှာ ဂါဇာမှာ တိုက်ပွဲတွေ အရှိန်မြင့်လာပါတယ်။


ဝါရင့်နိုင်ငံရေးသမားကြီးများအဖွဲ့၏ လွတ်လပ်ရေးနေ့သဘာပတိမိန့်ခွန်း၊ မေတ္တာ ရပ်ခံပန်ကြားလွှာနှင့် NLD ၏ လွတ်လပ်ရေးနေ့သဘာပတိမိန့်ခွန်း

Independence Statements

နိုင်ငံရေး နှင့် ရွေးချယ်မှု

နိုင်ငံရေး နှင့် ရွေးချယ်မှု

နိုင်ငံရေး ဆိုသည့် အနက်ကို နိုင်ငံရေး ခေါင်းဆောင်များ၊ တတ်သိ ပညာရှင်များ က အဓိပ္ပါယ် ဖွင့်ဆိုကြရာဝယ် ၀ါကျ၊ တိုရှည်၊ စကားလုံး ရွေးချယ်မှုသာ ကွာမည်၊ တူညီသော အချက်က '' နိုင်ငံရေး ဆိုသည်မှာ ပြဿနာများကို ဖြေရှင်း အဖြေရှာ ရေးပဲ ဖြစ်သည်။ ပြဿနာများကို အဖြေရှာရာ မည်သို့ မည်ပုံ အဖြေရှာမည်ကို စဉ်းစား ဆုံးဖြတ် ကြရာတွင်

Read more

- အထိန်းသိမ်းခံ ဒီမိုကရေစီခေါင်းဆောင် ခြံဝင်းအတွင်း လွတ်လပ်ရေးနေ့သီချင်းသံများ ကြားနေရ click
- ပြည်သူ့အကျိုးအတွက် ပြတ်ပြတ်သားသား ဆောင်ရွက်ကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း click
- ၆၁ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွေ ရန်ကုန်မှာ ကျင်းပ click
- ဆရာဒဂုန်တာရာ၊ ဆရာပါရဂူနှင့် သက်ကြီးစာပေပညာရှင်များ ၆၁ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအ မှတ် ညစာစားပွဲကျင်းပ click
- ၀ါရင့်နိုင်ငံရေးသမားကြီးများ ၆၁ နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပ၊ သဘောထားကြေငြာချက် ထုတ်ပြန် click
- ၆၁ နှစ်မြောက်လွတ်လပ်ရေးနေ့မှာ သုံးပွင့်ဆိုင်ဆွေးနွေးရေးစတင်ဖို့ တိုင်းရင်းသားလူမျိုးများကောင်စီ တိုက် တွန်း click
- မန္တလေးမှာလည်း ၆၁ ကြိမ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပ click
- လွတ်လပ်ရေးနေ့နဲ့ ရန်ကုန်တက္ကသိုလ် ၈၈ နှစ်မြောက် အခမ်းအနား ကျင်းပ click
- ရန်ကုန်မြို့က ခြောက်ကပ်ကပ် လွတ်လပ်ရေးနေ့ click
- NLD က နအဖရဲ့ သဘောထားကို လက်မခံ click
- အနာဂတ်အတွက် မျှော်လင့်ချက်မရှိဟု အတိုက်အခံ မှတ်ချက်ပြု click
- စင်ပြိုင်အစိုးရ ဖွဲ့စည်းမယ့်အပေါ် ဆွေးနွေးချက် (အာရ်အက်ဖ်အေ တနင်္ဂနွေဆွေးနွေးပွဲ) click
- စင်ပြိုင်အသံ (သူတို့အာဘော်) click
- မြစ်ငယ်မှာ အစိုးရဆန့်ကျင်ရေး လက်ကမ်းစာစောင်ဖြန့် click
- ဂါဇာမှာ အစ္စရေးမြေပြင်တပ်နဲ့ ဟားမတ်အဖွဲ့ တိုက်ပွဲများပြင်းထန်၊ လူ ၅၀၀ ၀န်းကျင် သေဆုံးပြီ click
- အမေရိကန်ပါမောက္ခနှင့် ဇနီးသည်ကို စစ်အစိုးရက ပြည်ဝင်ခွင့်ငြင်းပယ် click
- ‘၀’ဒေသကို အမည်သစ်နဲ့ ပြောင်းလဲခေါ်မယ်လို့ဆို click