5.19.2010

Burma's News World's News




Smoke billows over Bangkok, 19 May
Thailand's government puts the capital Bangkok under curfew after leaders of the red-shirt street protest surrender.
Breaking NewsThe South Korean vessel which sunk in March is lifted from the sea
Non-crew members were in the cockpit of a plane in which the Polish president and 95 others died, an investigation finds.
South Korea's foreign minister blames the North for sinking a South Korean naval vessel in March.
Security forces at Bagram air base following the attackfacebook logo
The Taliban attack one of the biggest US bases in Afghanistan, using machine guns and a rocket-propelled grenade launcher.
The social network suggests it could simplify its privacy settings soon, following widespread condemnation of its changes.


SLIDE SHOW

Violence Erupts in Bangkok after Redshirts Surrender

By THE IRRAWADDY
The Thai army enters the Redshirt encampment in Bangkok on Wednesday, ending the months-long standoff but widespread mob violence engulfs the capital as isolated bands of Redshirt protestors set fire to major buildings.

Bangkok Eyewitness—Protesters Run Amok as Army Moves In

By SIMON ROUGHNEEN
Bangkok is in chaos as hardcore protesters run amok after violent suppression of the Redshirt protest by the army.

One More Political Prisoner Dies in Jail

By THE IRRAWADDY
Another political prisoner, Kyaw Soe, 40, has died at Myingyan Prison in central Burma, according to the Assistance Association for Political Prisoners-Burma.

Six Burmese Businessmen Seek Private Banking Licenses

By NAYEE LIN LATT
Burma's wealthiest tycoon Tay Za and five other businessmen close to the military regime have applied for permits to establish private banks.

USDA Continues to Harass Water Volunteers

By KO HTWE
Members of the Union Solidarity and Development Association(USDA) continue to try to co-opt local volunteer groups who try to distribute water in drought-stricken areas of Burma.

Armed Robbers Kill Two Near Rangoon
By BA KAUNG
Armed robbers open fire and throw a grenade at neighbors during a house break-in at a small village outside Rangoon.

Disciplined democracy's dry run

water-crisis-dalah1s
Rangoon blast lensman’s father in court
A journalist who with his son was detained in alleged connection with the suspected ...Rain cheers hot and bothered in Pegu
Rain has brought brief relief and some smiles in Pegu Division, which has been suffering ...
Kungyankone robbers kill two, wound 13
Two residents died and 13 were wounded, some critically, by gunfire and grenade ...
Death rates soar amid heatwave
Daily death rates in Rangoon, Mandalay, and Magway Divisions towns have more than ...Junta’s election cards not above board
(Commentary) The Burmese military junta has and is playing its election cards the way it ...HIV rates among Asian men ‘alarming’ thumbnail

HIV rates among Asian men ‘alarming’

Punitive laws against homosexuality across Asia ‘pushing the problem underground’, with 30 percent of gay and bisexual men in Rangoon infected US media law ‘won’t affect’ Burma thumbnail

US media law ‘won’t affect’ Burma

Burmese journalists claim that US bill that requires state department to single out governments guilty of media restriction will have little impact on the pariah state
‘Soldiers’ kill 3 in armed robbery thumbnail

‘Soldiers’ kill 3 in armed robbery

Men dressed in army uniform storm house in Rangoon division village and open fire, killing three and injuring 13

သောကြာသားများ အတွက် မိုးတား ဂါထာ

E-mail Print
ချင်းမိုင်နေ ဦးရုက္ခစိုးကြီးမှာ ရုက္ခစိုးလိုမနေဘဲ ဆတ်ဆော့မိသောကြောင့် ဖိုးရှုပ် သတင်းသွားယူရာ ဘန်ကောက်ရှိ ရှပ်နီများ ဆန္ဒပြသည့် နေရာသို့ ရောက်သွားခဲ့သည်။ သေနတ်ဖောက်သံများကို မကြောက်လှ သော်လည်း မတော်ချော်မှန်လျင် လူကြားမကောင်း ဖြစ်မည် စိုးသောကြောင့် ဖနောင့်နှင့် တင်ပါး တသားတည်းနေအောင် ပြေးခဲ့ရာ ရန်ကုန် ရောက်မှ လွတ်ပြီ ကျွတ်ပြီဟူ၍ စိတ်ဒုန်းဒုန်းချပြီး ရပ်လိုက်မိတော့၏။

ရန်ကုန်မြို့လယ်တွင်တော့ ပုဆိုးကို ရင်ခေါင်းတက်ဝတ်ထားပြီး ကျွတ်မကျစေရန် ခါးပတ်စည်းထားသည့် ဦးသိန်းဂိန်မှာ အစိမ်းရောင် အလံများ ကိုင်၍ ညွှန်ကြားမှု များ ပြုလုပ်နေသည်။ သူ့ဘေးတွင် ချိုကုပ်ဒူးကြီးကို ခေါင်းတညိတ်ညိတ် ကျေနပ် သည့် မျက်နှာနှင့် တွေ့လိုက်ရသည်။

ရုက္ခစိုး။     ။ ဟောဟဲ … ဟောဟဲ … မောလိုက်တာဗျာ … ရေလေး တပေါက် လောက် တိုက်စမ်းပါ။

သိန်းဂိန်။     ။ ဟာ … မတိုက်နိုင်ပါဘူး။ သောက်ချင်ရင် ကျော်သူ့ဆီ သွားတောင်း သောက်။ ပြီးရင် ကြံ့ဖွံ့ပါတီ စာရင်းထဲ ထည့်မှတ်ထားလိုက်။

ဦးသိန်းဂိန်စကားကြောင့် ဦးရုက္ခစိုး အံ့သြကာ ပါးစပ်အဟောင်းသား ပွင့်သွား သော်လည်း ဦးသိန်းဂိန်ဘေးတွင် ရပ်နေသည့် ချိုကုပ်ဒူးကြီးကတော့ သဘောအခွေ့ကြီး ခွေ့သည့်ဟန်နှင့် ခေါင်းတညိတ်ညိတ် လုပ်နေသည်။

ချိုကုပ်။     ။ ဒါနဲ့ ဦးရုက္ခစိုးကြီးက ဘယ်ကဘယ်လို ရောက်လာတာလဲဗျ။ ချွေးတွေလည်း ရွှဲလို့ပါလား။

ရုက္ခစိုး။     ။ ဖိုးရှုပ်နဲ့အတူ ဘန်ကောက်က ရှပ်နီဆန္ဒပြပွဲလိုက်သွားတာ။ သေနတ်တွေ ဖောက်နေလို့ ထွက်ပြေးလာတာလေ။ ကြောက်စရာကြီးဗျာ။ ပစ်နေလိုက်ကြတာ။

ချိုကုပ်။     ။ အတော်ညံ့တဲ့ကောင်တွေ။ အဲဒါ အစောကြီးကတည်းက လုပ်ရမှာ။ လက်ညှိုးလေး တချက် ကွေးလိုက်ရင် အားလုံးငြိမ်သွားမယ်လို့ ကျုပ် အစကတည်းက အကြံပေးတာကို နားမထောင်လို့ ခုလို ဖြစ်ရ တာ။

ဦးသိန်းဂိန်။     ။ ဟုတ်ပါ့ဗျာ၊ ကျုပ်တို့ ချိုကုပ်ဒူးကြီးသာဆိုရင် ပွဲ အငြိမ်ပဲ။ ရှပ်နီမကလို့ … သင်္ဃန်း အဝါ ဖြစ်ဖြစ် အပြုတ် ဖြုတ်ပစ်မှာ။

ဦးသိန်းဂိန်က ပြောရင်း ခါးပတ်ကိုဆွဲတင်၊ ပုဆိုးကိုဆွဲချနှင့် ဂနာမငြိမ်ဖြစ်နေသည်။

ချိုကုပ်။     ။ ဘယ်လိုဖြစ်နေတာလဲ သိန်းဂိန်ရယ်၊ အိနြေ္ဒရရနေမှပေါ့။

သိန်းဂိန်။     ။ ပုဆိုးဝတ်ကျင့် မရှိလို့ပါဗျာ။ နောက်တော့လည်း ပုဆိုးနဲ့ပဲ ဝါးကျင့်ရှိသွားမှာပါ။ သြော် ယောင် လို့ … ပုဆိုး ဝတ်ကျင့် ရှိသွားမှာပါ ပြောတာ။

ထိုစဉ် “ရေကုသိုလ်” ဆိုသည့် ကားတစီး သူတို့နားတွင်လာရပ်သည်။ ဦးသိန်းဂိန်က အစိမ်းရောင် ခြင်္သေ့ ပုံပါသည့် အလံတခုကို ထိုကားတွင် သွားစိုက်ရင်း …. “ဦးရုက္ခစိုး ရေဆာတယ်ဆို၊ သောက်လေ … သောက် လို့ရပြီ” ဟုဆိုသည်။

ရုက္ခစိုး။     ။ ရေလှူတာပဲဗျာ ကိုယ့်ဘာသာလှူလည်း ရတာပဲ။ ဘာလို့ သူများဟာမှာ သွားတံဆိပ် တပ်တာလဲ။

သိန်းဂိန်။     ။ ဒါကတော့ … ကျုပ်တို့က ရေ အတွက်လောက်နဲ့ အလုပ်ရှုပ် မခံချင်တော့လို့ပါ။ ခုဆို ကျုပ်တို့ ဓားပြ တိုက်ထားတာ … အဲ ယောင်လို့ … ကျုပ်တို့ကို စီးပွားရေး လုပ်ငန်းရှင်ကြီးတွေက လှူထားတာ သိန်း ၇ ထောင်ကျော်ရနေပြီ။

ရုက္ခစိုး။     ။ အဲဒါတွေက ဘာလုပ်ဖို့လဲ။

သိန်းဂိန်။     ။ ငွေတိုးပေးစားပြီး အမြတ်ထဲက များများကို ပါတီအတွက်ဘုန်းမယ်၊ ကျန်တာ စာကြည့် တိုက်တွေအတွက် သုံးမယ်။ စာအုပ်စာပေ လူ့မိတ်ဆွေတဲ့ မကြားဖူးဘူးလား။ လူတွေက စာမဖတ်လို့ သူ့ကျွန် ဘဝရောက်ရတာလေ ...။ စာဖတ်ရင် သူ့ကျွန်ဘဝ မရောက်တော့ဘူး၊ အချင်းချင်း ကျွန်ပြုရုံပဲ။ ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲဖိတ် ဆိုတဲ့သဘောပေါ့။ အဲဒါကျုပ်ပြောတာ မဟုတ်ဘူးနော် … ဆော်ကြမ်းပြောတာ။ ဟဲဟဲ။

ရုက္ခစိုး။     ။ စာမဖတ်ခင် ရေငတ်နေတာကို ဘယ်လိုလုပ်မလဲ။

သိန်းဂိန်။     ။ သြော် … အဲဒီ အသေးအဖွဲတွေကတော့ ကျော်သူတို့ လုပ်ပါလိမ့်မယ်။

ထိုစဉ် ချိုကုပ်ဒူးကြီးက “တိတ်တိတ်နေကြစမ်းဗျာ … ဒီမှာ ဂါထာရွတ်နေတာ အနှောင့်အယှက်ဖြစ်တယ်” ဟု ပြောရင်း လက်အုပ်ချီကာ ပါးစပ်ကလည်း ပွစိပွစိလုပ်နေသည်။

ရုက္ခစိုး။     ။ ဘာဂါထာလဲဗျ။

သိန်းဂိန်။     ။ ရှူး … တိုးတိုး … စက်ကွင်းမလွတ် ဖြစ်သွားမယ် ဘာမှတ်လဲ။ မိုးတား ဂါထာ ရွတ်နေတာဗျ။

ရုက္ခစိုး။     ။ ဘယ်လို … မိုးတား ဂါထာ ဟုတ်လား။ မိုးမရွာလို့ လူတွေ ဒုက္ခရောက်နေတာကို မိုးက ဘာလို့ တားရတာလဲ။

သိန်းဂိန်။     ။ သောကြာသားတွေ အတာစားပြီးတဲ့နောက် သေကိန်းရှိတယ် ဆိုလို့ ဗေဒင်က မသေအောင် မိုးတားရမယ်လို့ ဟောလို့ပါ။

ထိုအချိန်တွင် ချိုကုပ်ဒူးကြီး ဂါထာရွတ်ပြီးသွားပြီဖြစ်သည်။

ချိုကုပ်။     ။ ဘယ်သူသေသေ ငရွှေ မာရင်ပြီးရော ဆိုတဲ့ စကား ရှိတယ်မဟုတ်လား ဦးရုက္ခစိုးရယ်။ ကမ္ဘာ မီးလောင် သားကောင်တောင် ခြကိုနင်းသေးတာပဲ။

သိန်းဂိန်။     ။ ကမ္ဘာမီးလောင် သားကောင် ချနင်းပါ။

ချိုကုပ်။     ။ ငါသိတယ် မရှည်နဲ့။ (ဦးရုက္ခစိုးဘက် ပြန်လှည့်၍) ခုတော့ အားလုံးပြီးသွားပါပြီ။ ကျုပ် ဂါထာ ကြီးလည်း အောင် သွားပြီ။

ရုက္ခစိုး။     ။ ဟုတ်လား … ဘယ်လို အောင်သွားတာလဲ။

ချိုကုပ်။     ။ သောကြာသားတွေ သေမယ် ဆိုတော့ ကျုပ်တို့၊ သိန်းဂိန်တို့ မောင်သောင်းတို့အတွက် လန့် သွားတာပေါ့ဗျာ။ အဲဒါ ဗေဒင်လည်း မေးရော … မိုးတားဂါထာကို ကျုပ်ကိုယ်တိုင် ရွတ်ရမယ်တဲ့။ မှန် လိုက်တာဗျာ … အဲဒီဂါထာလည်း ရွတ်ရော မိုးကခေါင် … လူတွေလည်း ရေဒုက္ခရောက် … ဘာပြော ကောင်းမလဲ၊ ကျုပ်ကလည်း ဆက်ရွတ်၊ လူတွေလည်း ဆက် ဒုက္ခရောက် … အဲဒီအချိန်မှာပဲ ယတြာ ကျေသွားတာ။

အားပါးတရ ပြောနေသည့် ချိုကုပ်ဒူးကြီးကို ဦးရုက္ခစိုးက “တယ်ဟုတ်တဲ့ ဂါထာပါလားဗျ” ဟု ပင့်ပေး လိုက်သည်။

ချိုကုပ်။     ။ ဟုတ်တယ်လေ … နာမည်ကြီး သောကြာသားတွေချည်းပဲ ဆက်တိုက်သေလိုက်တာ မတွေ့ ဘူးလား … ဟော … သာဂဒိုး၊ သန်းမြင့်အောင်၊ သုမောင် … သုံးယောက်တောင်မှပဲ။ အဲဒီမှာ ဗေဒင်ဆရာက ပြောတယ်၊ ယတြာကျေသွားပြီ ဆက်ရွတ်စရာ မလိုတော့ဘူးတဲ့။

ရုက္ခစိုး။     ။ ကျုပ်သိတာတော့ အစိုးရမင်းတွေ မကောင်းရင် မိုးခေါင်တယ်တဲ့ … ဂါထာတောင် ရွတ်စရာ မလိုပါဘူးဗျာ။ အလိုလို မိုးခေါင် နေပြီးသားပဲ။ ပါးစပ်ညောင်းရုံပဲရှိမှာပေါ့။

သိန်းဂိန်။     ။ ဟာ … အဲဒီလို မပြောနဲ့လေ။ မင်းမကောင်းလို့ မိုးခေါင်ပေမယ့် လူတွေက အလိုက်ကမ်းဆိုး မသိ လွန်ဆွဲနေကြတာ။ တော်ကြာ မိုးက တားမရဘဲ ရွာလာရင် ယတြာပျက်သွားမှာပေါ့။

ချိုကုပ်။     ။ ကဲ ကဲ ပြောမနေနဲ့တော့ … မလိမ်မိုး မလိမ်မာလေးတွေ ခွင့်လွှတ်လိုက်ပါ။ ပြီးသွားပြီပဲ … ။

ထိုအချိန်၌ လက်ဖက်ရည်ဆိုင် တဆိုင်တွင်ဖွင့်ထားသည့် တီဗီ ဖန်သားပြင်ပေါ်၌ ဘန်ကောက် ဆန္ဒပြ သူများကို နှိမ်နင်းသည့် သတင်း ပြသနေသည်ကို သူတို့အားလုံး မြင်လိုက်ရသည်။ ထိုမြင်ကွင်းကို ကြည့်ရင်း ချိုကုပ်ဒူးကြီးက ပြုံးကာ ခေါင်း တညိတ်ညိတ်နှင့် သဘောကျနေသည်။

ချိုကုပ်။     ။ ကြည့်လိုက်စမ်း … သူများနိုင်ငံတွေမှာ အလုပ်မရှိအလုပ်ရှာ ဆန္ဒပြတဲ့သူတွေကို ဖြေရှင်း ရတာနဲ့ တိုင်းပြည် မငြိမ်မသက်ဖြစ်နေရပြီ။ တို့ တိုင်းပြည်ဆို ဒါမျိုး ဘယ်တော့မှမဖြစ်ဘူး။ တိုင်းပြည် ငြိမ်ဝပ်ပိပြားဖို့ကို အမြဲ ဦးစားပေးတယ်။ မှတ်ထားသိန်းဂိန် မင်း နိုင်ငံတော်သမ္မတ ဖြစ်လာရင်လည်း အဲဒီကိစ္စကိုပဲ ဦးစားပေးဖြေရှင်း ကြားလား။ မီးလာဖို့တို့၊ ရေရှိဖို့တို့ ကုန်ဈေးနှုန်း ကြီးတာတို့၊ လူတွေ ငတ်နေတာတို့၊ ရောဂါဘယ ထူပြောတာတို့၊ သဘာဝဘေးဒဏ် မကာကွယ်နိုင်တာတို့ … ဘာမှ အရေးမကြီးဘူးနော်။

ချိုကုပ်ဒူးကြီး၏ ဆုံးမစကားအပြီးတွင် ဦးသိန်းဂိန်မှာ အလွန်လေးစား၊ ရိုသေ၊ အားကျသော မျက်နှာနှင့် ချိုကုပ်ဒူးကြီးကို ကြည့်ရင်း လက်အုပ်ချီ၍ “မှန်ပါ့ဘုရား” ဟု ပြောလိုက်သည်နှင့် တပြိုင်နက်တည်း မဝတ် တတ်ဝတ်တတ် ဝတ်ထားသော ပုဆိုးလည်း ကွင်းလုံး ကျွတ်ကျသွားလေတော့သည်။

“ထွေရာလေးပါး” သည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းမှန်များအပေါ် အခြေခံ ရေးသား ထားခြင်း မဟုတ်ပါ။

မြန်မာ့သတင်း ကမ္ဘာ့သတင်း

Thai police officers arrive at the edge of Victory Monument intersection to disperse protesters and remove a fire road block, Monday, May 17, 2010 in Bangkok
ဓာတ်ပုံ ASSOCIATED PRESS

ထိုင်းစစ်တပ် သံချပ်ကာ ကားတွေနဲ့ ရှပ်နီတွေကို သတိပေး

အစိုးရသံချပ်ကာကားတွေက ဘန်ကောက်မြို့မှာရှိတဲ့ အစိုးရ ဆန့်ကျင်ရေး သပိတ်စခန်းတွေကို လာဆုံပြီး ၀ိုင်းလိုက်ကြပါတယ်။
သတင်းအပြည့်အစုံ | နားဆင်ရန်
ဘန်ကောက်တွင် ည မထွက်ရ အမိန့်ထုတ်

ဘန်ကောက်တွင် ည မထွက်ရ အမိန့်ထုတ်

ဘန်ကောက် မြို့တွင် ဖြစ်ပွားနေသည့် အဓိကရုဏ်း များကြောင့် အစိုးရက ညမထွက်ရ အမိန့် ထုတ်ပြန် လိုက်ကြောင်း သိရသည်။ထိုင်းစစ်တပ်က ဆန္ဒပြသူများ၏ ခံတပ်နီကို ၀င်ရောက်
ရှပ်နီဆန္ဒပြမှု ချင်းမိုင်ကို ကူးစက်

ရှပ်နီဆန္ဒပြမှု ချင်းမိုင်ကို ကူးစက်

ဘန်ကောက် မြို့တွင် ဆန္ဒပြနေသည့် ရှပ်နီ ခေါင်းဆောင်များက အညံ့ခံကြောင်း မွန်းလွဲ ၁ နာရီခွဲမှာ ကြေညာပြီး ဒုတိယမြို့တော် ချင်းမိုင်ရှိ ရှပ်နီတို့က မွန်းလွဲ ၂ နာရီတွင် ၎င်းတို့၏

ဘန်ကောက် စခန်းနီကျပြီ

ထိုင်းစစ်တပ်က ရှပ်နီစခန်းကို တစိတ်တပိုင်း သိမ်းပိုက်ကာ ပိတ်ဆို့ထားပြီးနောက် ယနေ့ မွန်လွဲ ၁ နာရီခွဲတွင် ရှပ်နီခေါင်းဆောင်များက အညံ့ခံရန် ကြေညာလိုက်ပြီ ဖြစ်သည်။

ဦးတေဇတို့ ဘဏ်လုပ်ငန်းရှင် ဖြစ်ဖွယ်ရှိ

အာဏာပိုင်တို့က  ဦးတေဇ အပါအ၀င် စီးပွားရေး လုပ်ငန်းရှင် ၆  ဦးကို ပုဂ္ဂလိက ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့် ပြုရန် ခေါ်ယူ ဆွေးနွေး နေကြောင်း သိရသည်။ထိုပုဂ္ဂိုလ်များမှာ

ရေလှူသူများကို ကြံ့ဖွံ့ အလံနှင့် တံဆိပ်များ တပ်ဆင်ခိုင်း

ပဲခူးတိုင်းအတွင်း သောက်သုံးရေ ပြတ်လပ်သော ဒေသများသို့ ရေလှူရန် သွားရောက်သည့် စေတနာ့ဝန်ထမ်း အလှူရှင်များ၏ ကားများကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းဝင်

ကျောင်းအပ်ခများ သတ်မှတ်နှုန်းထက် ပိုပေးရ

အစိုးရ စာသင် ကျောင်းများ၌ ကျောင်းအပ် နှံရာတွင် သတ်မှတ် နှုန်းထားထက် ပိုမိုတောင်းခံခြင်း မပြုရန် သက်ဆိုင်ရာက ညွှန်ကြားထား သော်လည်း အပိုငွေများ ပေးဆောင် နေရဆဲ

စခန်းနီသို့ အလည်တခေါက်

ထိုင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ထောက်ခံ ဆန္ဒပြနေသည့် ရှပ်နီ အဖွဲ့ဝင်များ ရှိရာ ဘန်ကောက်မြို့ Siam Paragon ကုန်တိုက် အနီးအနားသို့ ယနေ့ ဧရာဝတီ သတင်းထောက် စောရန်နိုင်နှင့် သန်းထိုက်ဦးတို့ ရောက်သွားခဲ့သည်။

အပူကြောင့် နွေဆန် ထွက်နှုန်း ထိခိုက်

အပူရှိန် လွန်ကဲမှုကြောင့် ယခုနှစ် နွေဆန် အထွက်နှုန်း ထိခိုက် နိုင်ကြောင်း လုပ်ငန်းရှင်များနှင့် လယ်သမား များထံမှ သိရသည်။အစိုဓာတ် ကင်းစင်သည့် စပါးများကို ကြိတ်ခွဲသည့် အခါ ပျက်စီးမှု

ဘန်ကောက်တွင် ညမထွက်ရအမိန့်ထုတ်ပြန် ရွှေ့ပြောင်းအလုပ်သမားများ သတိထားရန်လို

ဘန်ကောက်တွင် ညမထွက်ရအမိန့်ထုတ်ပြန် ရွှေ့ပြောင်းအလုပ်သမားများ သတိထားရန်လို

ညမထွက်ရအမိန့်ဆိုတာ ရှင်းရှင်းပြောရရင် သတ်မှတ်ချိန်ကျော်လို့ မိမိနားနေရာမှာ မရှိဘဲ၊ လမ်းပေါ်မှာတွေ့ရင် လုံခြုံရေးအဖွဲ့ဝင်တွေက ပစ်ဖမ်းလို့ရတယ်။ မသိနားမလည်တာ တခုတည်းနဲ့ အသက်ပျောက်သွားနိုင်တယ်။
နယ်ခြားစောင့် တပ်ရင်းအသစ် ဖွင့်

ဘန်ကောက်တွင် ညမထွက်ရအမိန့်ထုတ်ပြန် ရွှေ့ပြောင်းအလုပ်သမားများ သတိထားရန်လို

ညမထွက်ရအမိန့်ဆိုတာ ရှင်းရှင်းပြောရရင် သတ်မှတ်ချိန်ကျော်လို့ မိမိနားနေရာမှာ မရှိဘဲ၊ လမ်းပေါ်မှာတွေ့ရင် လုံခြုံရေးအဖွဲ့ဝင်တွေက ပစ်ဖမ်းလို့ရတယ်။ မသိနားမလည်တာ တခုတည်းနဲ့ အသက်ပျောက်သွားနိုင်တယ်။
ကွမ်းခြံကုန်း ကျေးလက်ဒေသများ သောက်သုံးရေပြတ်လပ်မှု ဆိုးဝါးဆဲ


more



more
အပူရှိန်ကြောင့် ကျွဲ၊ နွားများ သေဆုံး
Wed, 19/05/10 – 5:24 | 
မေလ ၁၉ရက်။ စောသိန်းမြင့်(ကေအိုင်စီ)
ယခုနှစ် နွေရာသီအပူချိန်သည် ယခင်နှစ်ထက် အဆမတန်မြင့်တက်သောကြောင့် ကရင်ပြည်နယ် ကြာအင်း ဆိပ်ကြီးမြို့နယ် ကွင်းကလေးကျေးရွာအုပ်စုတွင် အပူရှိန်ကြောင့် ကျွဲ၊ နွားများ သေဆုံးကြကြောင်း ဒေသခံ များက ပြောသည်။

ကျောက်မဲမြို့နယ်တွင် အမည်မသိ သတ္တု လျှို့ဝှက်တူးဖေါ်

သျှမ်းပြည် (မြောက်ပိုင်း) ကျောက်မဲမြို့နယ်တွင် အမည်မသိဓါတ်သတ္တုတစ်မျိုးထွက် ပေါ်နေပြီး နအဖစစ်အစိုးရက လျှို့ ၀ှက် တူးဖေါ်လုပ်ကိုင်နေကြောင်း သိရသည်။
နိုင်ငံရေးအကျဉ်းသား ကိုကျော်စိုး မြင်းခြံထောင်တွင်း၌ ကွယ်လွန်
အေအေပီပီ
မေ ၁၉၊ ၂၀၁၀

နိုင်ငံရေးအကျဉ်းသား တဦး ဖြစ်သူ ကိုကျော်စိုး ယနေ့ နံက်တွင် မြင်းခြံထောင်တွင်း၌ ကွယ်လွန်သွားကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) (အေအေပီပီ) က ကြားသိရပါသည်။
အသက် ၃၉ နှစ် ရှိ ကိုကျော်စိုးသည် ၁၉၈၈ ခုနှစ်မှ စတင်၍ ထောင်တွင်း၌ ကွယ်လွန်သူများ စာရင်းတွင် ၁၄၄ ဦးမြောက် ကွယ်လွန်သူ ဖြစ်သည်။
အေအေပီပီက ကိုကျော်စိုးကွယ်လွန်မှုအပေါ် မိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြောင်းကိုလည်း ဖေါ်ပြလိုက် သည်။
အပြည့်အစုံသို့ ...
 

ဘန်ကောက်ဆန္ဒပြပွဲ အကြမ်းဖက် ဖြိုခွင်း၊
ရှပ်နီ ခေါင်းဆောင်တို့ အဖမ်းခံ၊
ရှပ်နီ အမာခံတို့ သတင်းသမားများကို တိုက်ခိုက်
ဘန်ကောက်တွင် ညမထွက်ရ အမိန့်ထုတ်
ဓာတ်ပုံသတင်း မေ ၁၉၊ ၂၀၁၀

ဘန်ကောက်မြို့ ရှပ်နီတို့၏ ဆန္ဒပြသည့်ကို ထိုင်းစစ်သားများက ယနေ့နံနက်တွင် အင်အားသုံး စီးနင်းလိုက်သည်။ ယခုအခါ ည ၈ နာရီ နှင့် မနက် ၆ နာရီအတွင်း အပြင်မထွက်ရန် အမိန့် ထုတ်လိုက်သည်။ (အပေါ်ပုံ - စစ်သားများ၊ အဖမ်းခံရသူ ရှပ်နီ ၂ ဦး)
အပြည့်အစုံသို့ ...
 

မန္တလေးတွင် အပူကြောင့် အနည်းဆုံး ၂၃၀ သေဆုံး
ဆင်ဟွာ သတင်းဌာန
မေ ၁၉၊ ၂၀၁၀

ပြီးခဲ့သည့် အပတ် အတွင်း အပူဒဏ် ပြင်းထန်သောကြောင့် မန္တလေးတွင် အနည်းဆုံး ၂၃၀ သေဆုံးသည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီကို ကိုးကားပြီး 7DAY သတင်းဂျာနယ်တွင် ဖော်ပြထားသည်။
မန္တလေး၏ အပူချိန်မှာ ၄၅ ဒီဂရီ စင်တီဂရိတ်ဖြစ်သည်။
သေဆုံးသူ အများစုမှာ အရက်သောက်သုံးသူများ ဖြစ်ကြောင်း၊ အာဏာပိုင်တို့က အရက်ရောင်းချမှု ပိတ်ပင် ထားကြောင်း သတင်းက ဆိုသည်။
မန္တလေး ဆေးရုံကြီးရှိ လူနာ အများအပြားလည်း အပူရှိန်ကြောင့် သေဆုံးကြသည်။
အပြည့်အစုံသို့ ...
 

သမ္မတ အိုဘားမားက စာနယ်ဇင်းလွတ်လပ်ခွင့် ဥပဒေကို လက်မှတ်ထိုး
မိုးမခအထောက်တော် ၀၀၂
မေ ၁၉၊ ၂၀၁၀
မေ ၁၇ က အမေရိကန် သမ္မတအိမ်ဖြူတော်တွင် အိုဘားမားက ဒင်နီယယ်ပါးလ် အထိမ်းအမှတ်ပြု စာနယ်ဇင်းလွတ်လပ်ခွင့် ဥပဒေကို လက်မှတ်ထိုးလိုက်သည်။ ၎င်းဥပဒေမှာ ၂၀၀၂ က အစ္စလန်မစ်အစွန်းရောက်တို့၏ သတ်ဖြတ်ခြင်းခံခဲ့ရသော အမေရိကန်ဝေါစထရိသတင်းထောက်ကို ဂုဏ်ပြုပြီး ခေါ်ဝေါ်ခြင်း ဖြစ်သည်။ သမ္မတက စာနယ်ဇင်းလွတ်လပ်ခွင့်ကို ဖိနှိပ်သော တားမြစ်သော နိုင်ငံများကို အထူးစောင့်ကြည့်ရန် နိုင်ငံခြားရေးအတွင်းဝန်ရုံးသို့ ညွန်ကြားထားသည်ဟု ဆိုသည်။
အပြည့်အစုံသို့ ...
 


 ပဲခူးမြို့တွင်း သံဃာတော်များ လှည့်လည်ပြီး ပရိတ်ရွတ်၊ မိုးရွာရန် မေတ္တာပို့ ဆုတောင်း
သတင်းရင်းမြစ် - ဦးအေးမြင့်၊ လမ်းပြကြယ်
မိုးမခအထောက်တော် ၀၀၃
မေ ၁၉၊ ၂၀၁၀
အပြည့်အစုံသို့ ...
 
မြန်မာစစ်အစိုးရက လျှပ်စစ်ဓာတ်အားလိုင်းများကို နယူကလီးယားစမ်းသပ်စက်ရုံများအတွက် သုံးစွဲနေဟု သတင်းထွက်ပေါ်
မိုးမခအထောက်တော် ၀၀၂
မေ ၁၉၊ ၂၀၁၀
          မြန်မာပြည် တ၀ှမ်းလုံးတွင် လျှပ်စစ်ဓာတ်အားများ အကြီး အကျယ် ပြတ်တောက်နေသည့်အပြင် ရန်ကုန်ရှိ စက်မှုဇုံများက ပါဝါမီတာလိုင်းများကိုပါ ယာယီဖြတ်တောက်သည့် ဆောင်ရွက်ချက်များကြောင့် ရန်ကုန်မြို့နေ နည်းပညာ ပညာရှင်အချို့က သုံးသပ်ရာတွင် ပြည်တွင်းရှိ လျှပ်စစ်ဓာတ်အားများကို စစ်အစိုးရ ၏ လျို့ဝှက် နယူကလီယားစမ်းသပ် စက်ရုံများအတွက် ဆွဲယူ သုံးစွဲနေသည်ဟု ခန့်မှန်းချက် ထွက်ပေါ်လာသည်။
အပြည့်အစုံသို့ ...
 

ကွန်ကရစ်ရွာ သံမဏိတံခါးများကြားမှ မျက်ရည်မှတ်တမ်းများ
(မသေသောဝိဉာဉ်နှင့် ဦးစောဝင်း)
ဦးဇ၀န
မေ ၁၉၊ ၂၀၁၀
(၁)
မျက်ရည်များသာ ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်မည်ဆိုလျှင် ဦးဇင်းတို့၏ ရှိုက်သံများကား သမိုင်းဆရာတို့အတွက် အမှန်အကန်ဆုံး ထွက်ဆိုပေးမည့် သက်သေတို့ပင်ဖြစ်ပေလိမ့်မည်။ ဦးဇင်းတို့ အိပ်မက်တွေကလည်း ဘယ်တော့မှ မပုပ်မသိုး ထာဝရလတ်ဆတ်နေသည်။ စေတနာတွေက အထပ်ထပ် သန့်စင်ထားသော အနောဓါတ်ရေပမာ ကြည်လင်သန့်ရှင်းနေသည်ဟု သံသယမရှိ ယုံကြည်မိသည်။ ထိုယုံကြည်ချက်ကပင် ဦးဇင်းတို့အိပ်မက်တွေ အတိုင်းအဆမဲ့ ရှင်သန်နိုင်ရမည်ဟု အာမခံနိုင်ခြင်းဖြစ်သည်။
အပြည့်အစုံသို့ ...
 
ပဲခူးတွင် မိုးရွာ၊ ဒေသခံများ ဝမ်းမြောက်
ရက်ပေါင်း ၂ဝ ကျော် ပူပြင်း၍ ရေရှားသောဒဏ် ခံနေရသော ပဲခူးမြို့တွင် ယနေ့ စတင်မိုးရွာသွန်း ...
အပူကြောင့် နည်းပညာ တက္ကသိုလ်များ အချိန်ပြောင်းလဲနိုင်
အပူချိန် ပြင်းထန်သဖြင့် တိုင်း ၃ တိုင်းရှိ နည်းပညာ တက္ကသိုလ်များ ကျောင်းစာသင်ချိန် ပြောင်း ...
စစ်သား ၆ ဦး ရခိုင်အဖွဲ့ထံ လက်နက်ချ
ရခိုင်ပြည်နယ် စစ်တွေအခြေစိုက် ခလရ ၂၃၂ မှ တပ်ကြပ်တဦး အပါအဝင် စစ်သား ၆ ဦးသည် ... မြစ်ဆုံစီမံကိန်း လုပ်အားပေးခေါ်
ကချင်ပြည်နယ် မြောက်ပိုင်း မြစ်ဆုံရေကာတာ စီမံကိန်း ဧရိယာအတွင်းမှ ယခုလအတွင်း အပြီး ...
သောကြာဂြိုဟ်နှင့် လ နီးကပ်မှု ယူဆချက်အမျိုးမျိုး ပေါ်ထွက်
လနှင့် သောကြာဂြိုဟ် နီးကပ်မှုသည် စကြာဝဋ္ဌာအတွင်း ဖြစ်ရိုးဖြစ်စဉ်သာဖြစ်ပြီး လူအများ ...