11.30.2010

NLD ၏ထုတ်ပြန်ကြေငြာချက်

Photobucket
ဗိုလ်ချုပ်ဈေးတွင် ဈေးဝယ်နေကြသော ဒေါ်အောင်ဆန်းစုကြည်နှင့် သားဖြစ်သူ
၂၉ နိုဝင်ဘာ ၊ ၂၀၁၀။
ဒေါ်အောင်ဆန်းစုကြည် အနေနှင့် နိုင်ငံခြားသတင်းဌာန တစ်ခုက ထုတ်ပြန်ခဲ့သလို မြန်မာ စစ်အာဏာာပိုင် များ၏ လူ့အခွင့်အရေး ချိုးဖေါက်မှုများကို နိုင်ငံတကာ ရာဇဝတ် တရားရုံးတွင် တရားစွဲဆိုရေး ကိစ္စကို ဒေါ်အောင်ဆန်းစုကြည်က ကန့်ကွက်သည်ဟူသော ပြောဆိုရေးသားချက်သည် မဟုတ်မမှန်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ယနေ့ ထုတ်ပြန်ကြေငြာချက်ထုတ်၍ ငြင်းဆိုခဲ့ပါသည်။
ထိုထုတ်ပြန်ချက်ကို RFA သတင်းဌာနမှ ထုတ်ပြန်ကြေငြာခဲ့ပြီး ထိုကြေငြာချက်သည် နိုင်ဝင်ဘာလ ၂၃ ရက်နေ့ထုတ် နယူးယောက်တိုင်း သတင်းစာ၏ ရေးသားချက်ကို ကိုးကား၍ ဖေါ်ပြခဲ့ခြင်း ဖြစ်ပါသည်။
ပြည်တွင်းသတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)

ပတ်စပို့ရှိသည့် အလုပ်သမကြီးတစ်ဦး မဲဆောက်မှာ နာရီပိုင်းအတွင်း၂ကြိမ်အဖမ်းခံရ

Photobucket
နိုဝင်ဘာ ၂၉
ယာယီပတ်စပို့ ကိုင်ဆောင်ထားသည့် အသက်၅၀အရွယ် မြန်မာအလုပ်သမ ဒေါ်ဌေးသည် မိခင်ကွယ်လွန် ကြောင်း ကြားသိရသဖြင့် အလောင်းသဂြိုဟ်အမီ အပြင်းလာခဲ့စဉ်၊မဲဆောက်ကိုရောက်မှ ထိုင်းပုလိပ် ဖမ်းဆီးခြင်းကို နာရီပိုင်းအတွင်း ၂ကြိမ်ခံရသဖြင့် ဘတ်၉၀၀ ကုန်ကျခဲ့သည်။
ယမန်နေ့ စောစောပိုင်းက မဲဆောက်မြို့ ကို ရောက်ရှိပြီးနောက် မယ်တော်ဆေးခန်းအနီး အရောက်တွင် ထိုင်းပုလိပ် ဖမ်းဆီးခံရသဖြင့် ဘတ်၄၀၀ ပေးခဲ့ရသည်။ ထို့ နောက် လ၀ကရုံးသို့  ပြန်လည်ပြည်ဝင်ခွင့် ဗီဇာ
Re-entry သတင်း စုံစမ်းရန်လာစဉ် နောက်တစ်ကြိမ် ဖမ်းဆီးခံရသဖြင့် ၂ထပ်အချုပ်ခန်းသို့ ရောက်ရှိ သွားခဲ့သည်။
ဒေါ်ဌေးသည် ထိုင်းလာအိုနယ်နယ်စပ် ခေါင်ကယ်၊ ဒေချာဖန်းနစ် ငါးဖမ်းပိုက်ကွန်စက်ရုံတွင် ယာယီပတ်စပို့ 
ဖြင့် အလုပ်လုပ်နေရာမှ နေရပ်ရင်းကို ခေတ္တပြန်လာသည့် မြန်မာအလုပ်သမားဖြစ်သည်။ ဒေါ်ဌေးက“ အမေ ဆုံးတယ်လို့ ကြားလို့  ကျမ ချက်ချင်း ဆင်းလာခဲ့ပါတယ်။ တစ်လမ်းလုံး ချောချောမောမောပါပဲ။ မဲဆောက် အ၀င်မှာလည်း ဘာမှမဖြစ်ပါဘူး။ မဲဆောက်မြို့ ထဲမှာ အလုပ်လုပ်နေတဲ့ ကျမ အမျိုးသားရဲ့ ညီတော်စပ်သူ အခန်းကို လာတဲ့အခါ ပုလိပ်ဖမ်းတာပါ။ ကျမ ယာယီပတ်စပို့ ကို ထုတ်ပြပါတယ်။
ဝပ်ပါမစ် Work Parmit မပါလို့ ဖမ်းတာတဲ့ ကျမ ဘတ်၄၀၀ပေးလိုက်ရတယ်။ နောက် ကျမ တောမောရုံး ကို လာတော့ ကားပေါ်က ဆွဲချခံရပြန်တယ်။ ဘယ်လိုမှ ပြောလို့မရဘူး။ ကျမကို နှစ်ထပ်အချုပ်ခန်းကို ခေါ်သွားပါတယ်” ဟု ပြောသည်။
ဒေါ်ဌေးသည် မွန်ပြည်နယ် ဘီလင်းမြို့ နယ်၊ ဆွေလှေရွာမှဖြစ်ပြီး ထိုင်းတွင်တရားဝင်နေထိုင် အလုပ်လုပ်ကိုင်ခွင့် ယာယီပတ်စပို့ ကိုင်ဆောင်ထားသူ တစ်ဦးဖြစ်သည်။
“ ကျမလည်း ထူပူသွားတာပေါ့နှော်၊ အယင်လက ကျမတို့စက်ရုံမှာ ပတ်စပို့ကိစ္စ ပြဿနာတွေ အကြီး အကျယ်ဖြစ်လို့ ဘန်ကောက်က လာရောက်ဖြေရှင်းတဲ့ အဖွဲ့တစ်ခုဖြစ်တဲ့ ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံသားများ အဖွဲ့က ဖုန်းနံပါတ်ရှိတယ်။ ကျမဖုန်းဆက်ပြီး အကူအညီတောင်းလိုက်ပါတယ်။ ခဏနေတော့ မဲဆောက်က ရခိုင်အလုပ်သမား လှုပ်ရှားမှုအဖွဲ့က တာဝန်ခံ ကိုထက်ခေါင် ရောက်လာခဲ့ပါတယ်။ ကျမ မဲဆောက်အချုပ်မှာ ဘတ် ၅၀၀ ပေးခဲ့ရပါတယ်။ မရှိတဲ့အထဲက ကျမလာခဲ့တာပါ။ မဲဆောက်မှာ ပုလိပ်ကို ဘတ် ၉၀၀ ပေးလိုက်ရတာပေါ့နော်။ ကူညီပေးသူအားလုံးကို ကျေးဇူးတင်ပါတယ်” ဟု ဆက်လက် ပြောပြသည်။
သွားရောက် ကူညီပေးသည့် ကိုထက်ခေါင်က “ ကျနော့်ကို အတူလက်တွဲလုပ်နေကျဖြစ်တဲ့ ဘန်ကောက်က
BAT အဖွဲ့က ဦးကျော်သောင်းက ဖုန်းဆက်လာပါတယ်။ ကျနော်လည်း ချက်ခြင်းထသွားလိုက်တယ်။ တော်တော် စိတ်ဆင်းရဲစရာပါ။ ယာယီပတ်စပို့ လုပ်ထားပေမယ့် ကျနော်တို့ အလုပ်သမားတွေကို ထိုင်းအာဏာပိုင်တွေက ဒီအတိုင်း လုပ်ချင်သလို လုပ်နေတာတွေကို ရပ်သင့်ပြီးလို့ ကျနော်ပြောချင်ပါ တယ်။ အလုပ်သမားတွေကို အလုပ်သမားတွေ အဖြစ်မမြင်ပဲ၊ ထိုင်းပုလိပ်တွေအမြင်မှာ ဖမ်းစားလို့ အရသာရှိတဲ့ သတ္တ၀ါတစ်မျိုးလို့များ မြင်နေလား မသိပါဘူးဗျာ။” ဟု ပြောဆိုသွားသည်။
နှစ်နိုင်ငံ အစိုးရတို့ လက်ရှိလုပ်ကိုင်ပေးနေသည့် ယာယီပတ်စပို့မှာ ထိုင်းနိုင်ငံအတွင်း လွတ်လပ်စွာသွားလာ
ခွင့်ရှိကြောင်း တရားဝင် ပြောထားပြီးဖြစ်သည်။ Work Parmit မှာ အလုပ်လုပ်ကိုင်ခွင့်ဖြစ်ပြီး၊ ယခင် (ဘတ်) ကဲ့သို့ပင် ချုပ်နှောင်ထားဆဲဖြစ်သည်။ ယာယီပတ်စပို့လုပ်ပြီး ၁လအတွင်း Work Parmit လျှောက်ထား ရမည်ဖြစ်ပြီး ရက်ပေါင်း ၉၀ ပြည့်တိုင်း နီးစပ်ရာ လ၀က ရုံးတို့တွင် ဧည့်စာရင်း တိုင်ကြားရမည် (အသိပေးရမည်) ဖြစ်သည်။ ထိုင်းနိုင်ငံအနှံ့အပြားတွင် ယာယီပတ်စပို့ လုပ်ကိုင်ပြီးသည့် အလုပ် သမားများမှာ Work Parmit လျှောက်ထားခ အတွက် အစိုးရကို ၂နှစ်စာအတွက်၃၈၀၀ ပေးသွင်း ရသော်လည်း ပွဲစားခ ဘတ် ၃၀၀၀ မှ ၃၅၀၀ အထိ ပွဲစားနှင့် အငှားလုပ်ငန်းရှင်များအား ပေးဆောင် နေရသည်။ မသိနားမလည်သော မြန်မာအလုပ်သမားများအား လိမ်လည် လှည့်ဖြားသည့် ပြစ်မှုများလည်း နေရာတိုင်းတွင် ပေါ်ပေါက်နေကြောင်းသိရှိရသည်။
ရွေ့ ပြောင်း အလုပ်သမားများထံမှ နိုင်ငံပြန်လည်ပို့ ဆောင်ရေး ခရီးစရိတ်ဟူသည့် နာမည်ဖြင့် လာမည့်ဒီဇင် ဘာလကုန်မှ စတင်၍ အလုပ်သမားတစ်ဦးအား တစ်လကို ဘတ်၄၀၀နှုန်းဖြင့် ၆လတိုင်တိုင် ဖြတ်တောက်ရန် ထိုင်းအလုပ်သမား ၀န်ကြီးဌာနမှ လုပ်ငန်းရှင်များထံသို့ တရားဝင်စာပို့ ထားပြီး ဖြစ်ပါသည်။
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများမှာ ယာယီပတ်စပို့ လုပ်ပြီးမှ ယခင်ကထက်ပင် အခက်အခဲ ကြုံတွေ့ နေရကြောင်း အလုပ်သမားများ ပြောပြချက်အရ သိရှိရသည်။