11.18.2010

NLD ၏ တရားစွဲဆိုမှုကို လက်ခံရန် နေပြည်တော်တွင် လျှောက်လဲချက်ပေး

ရန်ကုန် နိုဝင်ဘာ ၁၈။
NLD ပါတီပျက်ပျယ်ပြီဟု ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ကြေငြာချက်အပေါ် ကန့်ကွက် တရားစွဲဆိုသည့် လျှောက်ထားချက်ကို ဦးဥာဏ်ဝင်းနှင့် ရှေ့နေနှစ်ဦးတို့က နေပြည်တော် တရားရုံးချုပ်တွင် ယနေ့နံနက်က နှစ်နာရီကြာ လျောက်လဲချက်ပေးခဲ့သည်ဟု နေပြည်တော်တွင် လက်ရှိရှိနေသော ဦးဥာဏ်ဝင်းကပြောခဲ့ပါသည်။
သူတို့အနေဖြင့် ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ကြေငြာချက်သည် ဥပဒေနှင့် ဆန့်ကျင်သည်ဟူသော အချက်ကို အဓိက လျှောက်လဲချက်ပေးခဲ့သည်ဟု ဆိုပါသည်။ ထိုလျှောက်လဲချက်ထဲတွင် ၁၉၈၈ ခုနှစ် အာဏာသိမ်းစဉ်က စစ်တပ်အာဏာပိုင်များ ထားရှိခဲ့သော ဂတိကဝတ်များကို ပြန်လည် ထောက်ပြခဲ့ သည်ဟု ဆိုပါသည်။ ထိုဂတိကဝတ်များကု ထောက်ပြပြီး NLD ပါတီ၏ တရားဝင်တည်ရှိမှုကို လက်ခံရန် တရားရုံးချုပ် ကို လျှောက်လဲခဲ့သည်ဟု ဆိုပါသည်။
သူ့အနေနှင့် ထိုလျှောက်လဲချက်ကို တရားရုံးချုပ်က လက်ခံ လက်မခံကို ရက်အနည်းငယ်အတွင်း အမိန့်ချမှတ်လိမ့်မည်ဟု ထင်မြင်ကြောင်း ပြောပြခဲ့ပါသည်။
ပြည်တွင်းသတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)