1.11.2009

ခိုင်ချိန်ပေါင်၏ အလစ်အငိုက် ဖြတ်ထုံးများ

အွန်လိုင်းစစ်ပွဲနှင့် ခိုင်ချိန်ပေါင်

ကမ္ဘာလုံးဆိုင်ရာ အွန်လိုင်းစစ်ပွဲကြီးသည် မြန်မာဒီမိုကရေစီရေးလှုပ်ရှားသူ တချို့၏ တဦးကိုတဦး အပြစ်တင် ဝေဖန်မှုများ၊ တဦးမျက်နှာ တဦး ချစ်ကြည်စွာ သဲနှင့်ပက်မှုများ၊ တဦးနှင့်တဦး ပုဆိုးဆွဲချွတ် သိက္ခာချ ကြည်စားနေမှုများ၊ တဦးဖိနပ် တဦးတက်နင်း နေမှုများကြောင့် ဖြစ်ပွားလာရသည် ဆိုလျှင် မှားမည်မထင်။ ခေတ်မှီ အိုင်တီ နည်းပညာများကို တီထွင်ခဲ့ကြသည့် ဥာဏ်ကြီးရှင်များပင် ရှိုက်ကာရှိုက်ကာ ငိုကြွေး နေရလေပြီ။

၎င်းတို့၏ငိုကြွေးမှုများကြောင့် နိုင်းမြစ်ကြီး၏ မြစ်ရေမှာ စိုးရိမ်ရေအမှတ်သို့ရောက်ရှိကာ အီဂျစ်အစိုးရမှ နိုင်ငံတကာသို့ အရေးပေါ် အကူအညီ တောင်းခံလိုက်တော့သည်။ UN အတွင်းရေးမှုး ဘန်ကီမွန်းမှ ကုလသမဂ္ဂအရေးပေါ် ညီလာခံ ခေါ်ယူလိုက်ရာ… UN အရေးပေါ် ညီလာခံမှ အမေရိကန်သမ္မတ ဂျော့ဘုရှ်ကို ဤအရေးကိစ္စအား ဖြေရှင်းပေးရန် တာဝန်ကို ကန့်ကွက်မဲ မရှိပဲ ထောက်ခံလိုက်ပါသည်။ ဘုရှ်မှ ဤအရေးပေါ်ကိစ္စကို စစ်ရေးနည်းဖြင့် ဖြေရှင်းရာ အောင်မြင်မှု လုံးဝမရှိပဲ အမေရိကန်စီးပွားရေး ပျက်ကပ်ကြီးပါ ဖြစ်ပေါ်လာပြီး ကမ္ဘာ တစ်ဝှမ်းလုံးပါ မျှဝေ ခံစားနေရ ပါတော့သည်။

ဇန်နဝါရီ လထဲ၌ အမေရိကန်သမ္မတအသစ် အိုဘားမားကို ဂျော့ဘုရှ်မှ လုပ်ချင်တာလုပ်ပြီး ဖြစ်ချင်တာဖြစ်ပုံစံဖြင့် လွှဲပြောင်းပေးရပါတော့မည်။ အိုဘားမား အစိုးရအဖွဲ့ရဲ့အသစ်စက်စက် နိုင်ငံခြားရေး ဝန်ကြီးလောင်း ဟီလာရီကလင်တန်မှ သူမ ဒီပြဿနာကို ဖြေရှင်း ပေးနိုင် ကြောင်း ကြေငြာလိုက်ပါသည်။

ထို့နောက် ဟီလာရီကလင်တန်နှင့် အဖွဲ့သည် ထိုင်းနိုင်ငံမဲဆောက်မြို့ ဈေးနား၊ နတ်စင်လမ်းထဲရှိ ပေါင်ချိန်ရုံးခန်းသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါတော့သည်။ ပေါင်ချိန်ခမြာမှာ တရုပ်ဈေးကွက် စီးပွါးရေးတွင် ဈေးကောင်းရသဖြင့် ခိုင်ဖုန်းမြို့မှ သူ့ တရားရုံးကို ရောင်းပြီး နောက်ထပ် တရားရုံး မဝယ်နိုင် တော့သဖြင့် အခြေအနေအရ မဲဆောက်ဈေးထဲသို့ ရွေ့လာခဲ့ရရာ ကံအကြောင်းမလှစွာဖြင့် ကျောင်းဆရာ ခိုင်ချိန်ပေါင်နှင့် အိမ်နီးနားချင်း လာဖြစ်နေပါသည်။

ပေါင်ချိန်ရုံးခန်း၏ ထောင့်နား၌ ပိတ်စကန့်လန့်ကာဖြင့် ကာထားသော တလလျှင် ဘတ် ၅၀၀ သာ ပေးရသည့် အခန်းကျဉ်းလေးတွင် နေသည့် ခိုင်ချိန်ပေါင်မှာ တလလျှင် ထောက်ပံ့ကြေး ၂၂၅၀ (မှတ်ချက်-ဒေါ်လာမဟုတ်ပါ) ရရှိသူ ကျောင်းဆရာ ဖြစ်ပြီး။ ငွေကြေး ပြတ်လပ်သည့် အခါတိုင်း ရှိသည့် အဟောင်းအမြင်း ပစ္စည်းလေးများကို ချိန်တွယ်ရောင်းချလိုက်၊ ပေါင်လို့ ရတာလေးကို ပေါင်သုံးလိုက် လုပ်နေရာမှ နာမည်အရင်းပျောက်၍ ခိုင်ချိန်ပေါင် အမည်ရလာခြင်း ဖြစ်သည်။ ပေါင်ချိန်တို့အဖွဲ့ ငွေယားလေးရွှင်နေသဖြင့် ကာရာအိုကေ သွားလိုက်၊ မာဆတ်သွားလိုက် လုပ်နေကြရာ ၄င်းတို့ မရှိသည့်အချိန် အမှုသည်လာတိုင်း ခိုင်ချိန်ပေါင်မှ ပုံမှားရိုက်ကာ အလစ်အငိုက် ဖြတ်ထုံးများဖြင့် အများပြည်သူကို ကူညီနေသူလည်း ဖြစ်သည်။

ထိုအနှီ ခိုင်ချိန်ပေါင်သည် နံနက်ခင်းမှ သုံးလိပ်နှစ်ဘတ်ဖြင့် ဝယ်ထားသော နောက်ဆုံးလက်ကျန် သုခိတာ ဖက်ကြမ်းတိုလေးကို ဖွာလျှက် စွန့်ခွာသွားသော ချစ်ဇနီးလေးကို သတိရလျှက် ရှိနေချိန်တွင် ရုံးရှေ့မှ အသံများကြားရသဖြင့် တရားသူကြီးပေါင်ချိန် ထိုင်သော ခုံတွင် ခပ်တည်တည်ဖြင့် ဝင်ထိုင် နေလိုက်ပါသည်(ထုံးစံအတိုင်း ပေါင်ချိန်မှာ ဘယ်အလေလိုက် နေမှန်းမသိပါ)။

ခိုင်ချိန်ပေါင်……ကျောင်းမှတိုလာသော စာရွက်ဖိသည့် ဖန်တုံးဖြင့် စာပွဲကိုထု၍

“အမှုအကြောင်း ပြောစမ်း”

ဟီလာရီ….“ကျမဒီကိုရောက်လာရခြင်း အကြောင်းက အွန်လိုင်း နိုင်ငံရေးသမားတွေ စတဲ့ ဇတ်လမ်းကနေ…အခုဖြစ်လာတဲ့ ကမ္ဘာ့စီးပွား ပျက်ကပ်ကြီး ကို ဖြေရှင်း ပေးစေလိုတာပါ ဆရာကြီး” ဟုအစချီကာ ဖြစ်စဉ်များကို ဇာတ်ကြောင်းပြန်နေရာ ခိုင်ချိန်ပေါင်က မှင်သေသေဖြင့် နားထောင်နေပါသည်။

ဟီလာရီ…..“ဒီကိစ္စဟာ တကမ္ဘာလုံးအတွက် အင်မတန်မှအရေးကြီးတဲ့ ကိစ္စဖြစ်လို့ ဆရာကြီး

အနေဖြင့် ကမ္ဘာသူ ကမ္ဘာသားအရေးကိုကြည့်ပြီး ဆုံးဖြတ်ချက်ချပေးလိုပါတယ်

ဆရာကြီး”

ခိုင်ချိန်ပေါင်………….“ဒီလိုအဖြစ်မျိုးတွေရှိသကိုး” ….ဒုံး(စာပွဲကိုထုလျှက်) “အမိန့်ချမယ်…အားလုံးနာခံကြ”

“အာကာသထဲ လွှတ်တင်ထားတဲ့……..ဆက်သွယ်ရေး ဂြိုလ်တု အားလုံးကို…လေဆာရောင်ခြည်နဲ့…ပစ်ချစေ..”

ထိုသို့ပြောင်မြောက်စွာ အမိန်ချပြီး ပေါင်ချိန်၏ လုပ်ထုံးလုပ်နည်းအတိုင်း လှည့်အထွက်တွင် ဝဲစရာ ဝတ်ရုံစ မရှိသဖြင့် ဝတ်ထားသော နှစ်ခြမ်းကွဲ ပုဆိုးကြီးကို (ပေါင်ချိန်ကဲ့သို့ အောက်ခံ ဘောင်းဘီတို မပါပဲနှင့်) ဝဲလိုက်ရာ ဟီလာရီကလင်တန်ခမြာ ဝမ်းသာလုံးဆို့သွား လေသည်လား မသိ သတိလစ်လျှက် ကျန်ခဲ့ ပါလေ တော့သည်။

နောက်ဆက်တွဲ ရရှိသော သတင်းများအရ ဟီလာရီ ကလင်တန်သည် နှလုံးရောဂါ ပြင်းထန်လာသဖြင့် မယ်တော် ဆေးခန်း၏ အစီအစဉ်ဖြင့် အမေရိကန်သို့ ပြန်ပို့ လိုက်ရကြောင်း သိရပါသည်။

ဆရာကြီးအောင်ခိုင်မှ မှတ်တမ်းရေးသားပြုစုသည်။

ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်

ဘုန်းကျော် (လက်ဖက်မြေ) / ၉ ဇန်န၀ါရီ ၂၀၀၉


(၁)

၂ဝဝ၉ နှစ်ဦးပိုင်းလောက်မှာ နိုင်ငံရေးပါတီတည်ထောင်ခွင့်ဥပဒေ၊ ရွေးကောက်ပွဲဥပဒေ တွေကို နအဖ စစ်အုပ်စု ပြဋ္ဌာန်း တော့မယ်။ အတိအကျ မဟုတ်တာတောင်မှ တဆင့်စကား တဆင့်နားကြားရတဲ့ ကောလာဟလ သတင်းကနေ သူတို့မထင်မှတ်ဘဲ တကယ်လုပ်တတ် ကြတဲ့ အာဏာရှင်တွေမို့ တကယ်မဟုတ်နိုင်ဘူးလို့လည်း ငြင်းဆန်ရ ခက်နေပြန်ရော မဟုတ်လား။ တကယ်လို့များ ဥပဒေ ပြဋ္ဌာန်းလိုက်ရင်တော့ မကြာခင် ကာလအတွင်း နိုင်ငံရေး ပါတီထူထောင်ခွင့်တွေ၊ ပါတီစည်းရုံးရေးဖော်ဆောင်ခွင့်တွေ ရဖို့ မျှော်လင့်နိုင်ပါပြီ။ သူတို့ရဲ့ ဥပဒေပါ အကန့်အသတ်အတိုင်း စည်းရုံးရေးမူဘောင်ပေါ့လေ၊ မကြိုက်ရင်တော့ အားလုံးဟာ ဥပဒေနဲ့ ငြိတာတွေချည်း ဖြစ်နေမလားပဲ။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့၊ နိုင်ငံရေးပါတီ ထူထောင်ခွင့်နဲ့ ရွေးကောက်ပွဲဥပဒေတွေ ပြဋ္ဌာန်း လိုက်ရင်တော့ တကယ့်ကိုပဲ မြန်မာပြည်ကြီးမှာ နိုင်ငံရေးပါတီတွေ ဖွဲ့စည်းထူထောင်ခွင့် ရတော့မယောင်ပေါ့။

အဲဒီလို မျက်စိလည်ပြီး ကိုယ်ကျိုးကြည့်တတ်သူတွေတချို့အတွက်တော့ အားကျချင်စရာပါ။ နအဖ ကြိုးဆွဲရာ လုံးလုံးလိုက်ကတဲ့ ကိုအေးလွင်တို့ ကျောင်းသားပါတီအဖွဲ့ကတော့ ခုကတည်းကိုက စည်းရုံးရေးတွေ စတင် နေပြီမဟုတ်လား။ တချို့တိုင်းရင်းသား အဖွဲ့အစည်းတချို့ကလည်း မပြေးသော်ကန်ရာရှိ ဆိုတဲ့အတိုင်း သူများ မိုးခါးရေသောက်ရင် ကိုယ်လည်းသောက်ရမယ် မူးမူး ရူးရူးပေါ့။ ခြေကျွံသွားမိလို့ နစ်နေတဲ့နွံထဲကနေ ရုန်းမထွက် နိုင်သေးတဲ့ အဖွဲ့အစည်းတွေကတော့ သိသိကြီးနဲ့ အမှားထပ်ကျူးလွန်ကြမယ့်ပုံပါ။

ပိုပြီး မျက်စိလည်သူ၊ မျက်စိလည်ဟန်ဆောင်သူတွေကတော့ ပါတီဖွဲ့စည်းခွင့်ဥပဒေတောင် မထုတ်ပြန်သေးဘူး။ ဘယ်လောက်လွတ်လပ်ခွင့်ရှိမလဲဆိုတာ မသိသေးဘဲနဲ့ အခွင့်ထူးအမျိုးမျိုးကို မျှော်ကိုးပြီး ပါတီဖွဲ့စည်းမယ်၊ ခွင့်ပြုချက်ရယူမယ် အစသဖြင့် လေပြေထိုးနေကြပါပြီ။ တချို့ဆိုရင် မျက်စိ၊ နား၊ ဦးနှောက် သူများထက် စိတ်ထင်တိုင်း ကျယ်ကျယ်ဖွင့်ထားနိုင်တဲ့ နေရာဒေသမှာ ရှိနေတာတောင် အပင်း၊ အကန်း၊ အအ အဖြစ်ခံပြီး ကနေဒါနိုင်ငံကတဆင့်တောင် ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ ညီညွတ်တဲ့နိုင်ငံရေး ပါတီဖွဲ့နေပါပြီ။ တရားဝင် ဖွဲ့စည်းခွင့်ကို သက်ဆိုင်ရာ သံရုံးကနေတဆင့် လျှောက်ထား အုံးမယ်တဲ့။

တချို့ အန်ဂျီအို ယောင်ယောင် နိုင်ငံရေးသမားတွေ၊ စားဖားတွေကတော့ ဥရောပသမဂ္ဂကြီးကို မျက်စိ လည်အောင်လုပ်ပြီး ပြည်တွင်းကလူတွေကို နိုင်ငံရေးပါတီ ဖွဲ့စည်းပုံတွေ၊ ရွေးကောက်ပွဲ ကျင်းပရေးတွေအတွက် ပညာပေး စည်းရုံးရေး လုပ်မယ်ဆိုပြီး အိတ်ဖောင်းအောင် အစပြုသူ တွေကလည်း တစထက်တစ ထင်ထင် ရှားရှား ထွက်ပေါ်လာပါပြီ။ ဘာမှမတတ်နိုင်တာနဲ့နှိုင်းယှဉ်ရင် ကိုယ့်ပြည်သူအတွက် နောက်ဆုံး မဖြစ်နိုင်တဲ့ မျက်ကန်း မျှော်လင့်ချက်ထားသူလည်း ရှိကြပါတယ်။

(၂)
ကျနော်တို့မှာ တကယ်ကိုပဲ အခြားရွေးချယ်စရာ ဘာမှ မရှိတော့ဘူးလား။
နအဖ ကျင်းပမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ကိုယ့်သတ်ကွင်းကို ကိုယ်ကိုယ်တိုင် တကယ် ဖန်တီး လမ်းပြ ပေးဖို့အပြင် နိုင်ငံရေးပြဿနာဖြေရှင်းဖို့ အခြားရွေးချယ်စရာ နည်းလမ်းတခုခု မရှိနိုင်တော့ဘူးလား။

၂ဝ၁ဝ ရွေးကောက်ပွဲပြီးသွားခဲ့ရင်၊ နအဖစစ်အုပ်စုက တရားဝင်အစိုးရဖြစ်သွားခဲ့ရင် ဆိုပြီးတော့ ကိုယ့်တပ်ပေါင်းစု၊ အဖွဲ့အစည်းတွေ ဘယ်လိုဆက်လက် ရပ်တည်ကြမလဲ ဆိုတာကို တွေးကြောက်ပြီး၊ ၂ဝ၁ဝ အလွန် ပြင်ဆင်ချက်တွေကြားထဲ နစ်မွန်းပြီး ရပ်တည်ချက်တွေဝေဝါးရင်း ပြည်သူလူထုတရပ်လုံး ဒုက္ခအတိကျရောက်စေမယ့် ရန်သူရဲ့ဗျူဟာကို ပူးပေါင်းလုပ်ဆောင်မယ့် လုပ်ငန်းစဉ်ဟာ ကျနော်တို့အတွက် တကယ်မှန်ကန် သင့်မြတ်တဲ့ ရွေးချယ်ဆုံးဖြတ်ချက် ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

ကျနော်တို့ ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း ဖြစ်သင့်တာတခုကတော့ နအဖ စစ်အုပ်စုဟာ ၂ဝ၁ဝ ရွေးကောက်ပွဲကို တဖက်သတ်ကျင်းပပြီး ဘယ်လိုပဲ လူထုအာဏာကို အဓမ္မရယူသွားပါစေ၊ ကျနော်တို့ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ လူထုကိုယ်စားပြု လုပ်ပိုင်ခွင့်တွေ၊ ဒီမိုကရေစီနဲ့ အမျိုးသားတော်လှန်ရေး လုပ်ပိုင်ခွင့်တွေ (Mandate) ဟာ ဘယ်လိုမှပျက်ပြယ်မသွားပါဘူး။ ကျနော်တို့ဟာ ပြည်သူလူထုဘက်က အစဉ် ရပ်တည်ပြီး တော်လှန်ရေးအောင်မြင်မယ့် လုပ်ငန်းစဉ်တွေကို ရပ်တည်ချက် ခိုင်ခိုင်မာမာတည်ဆောက်ရင်း လုပ်ကိုင် ဆောင်ရွက်စုစည်းကြမယ်ဆိုရင် ကျနော်တို့ တော်လှန်ရေးအင်အားစုတွေကသာ ဒီတော်လှန်ရေး အလုပ်ကို အပြီးသတ်လုပ်ကိုင် သယ်ဆောင်ရမယ့် တကယ်တာဝန်ရှိသူတွေ ဖြစ်ပါတယ်။ တရားဝင် လုပ်ပိုင် ခွင့်ရှိသူတွေ ဖြစ်ပါတယ်။

နအဖ စစ်အုပ်စုဟာ ဘယ်လိုနည်းလမ်းနဲ့မှ ကျနော်တို့ရဲ့ လူထုကိုယ်စား တရားဝင် လုပ်ပိုင်ခွင့်ကို ရုပ်သိမ်းပိတ်ပင်လို့ မရပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကြီးကို ဘယ်လိုနည်းလမ်း ဗျူဟာနဲ့မှ ပပျောက်ချုပ်ငြိမ်း ပျက်စီးသွားအောင် လုပ်လို့မရပါဘူး။
အကောင်အထည်မဖော်ရသေးတဲ့ ၉ဝ ရွေးကောက်ပွဲရလဒ်ရဲ့ တရားဝင်မှုကို ပျက်ပြယ်ချုပ်ငြိမ်းသွားအောင် ဘယ်လိုမှလုပ်လို့မရပါဘူး။ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ဒီမိုကရေစီ အင်အားစုတွေရဲ့ လူထုကိုယ်စားပြုတဲ့ တော်လှန်ရေးလုပ်ဆောင်မှုကို တရားဝင်ချုပ်ငြိမ်း ရပ်တန့်သွားအောင် ဘယ်လိုမှလုပ်လို့မရပါဘူး။

အဲဒီလို တကယ်တမ်း ပျက်ပြယ်ချုပ်ငြိမ်း၊ တရားမဝင်၊ ရပ်တန့်သွားအောင် တကယ်လုပ်နိုင်တဲ့ သူတွေကတော့ တကယ်ကိုပဲ လက်ရှိတော်လှန်ရေးကြီးထဲမှာ ပါဝင်ထမ်းဆောင်တာဝန်ယူ နေကြတဲ့ ခေါင်းဆောင်တွေ၊ အဖွဲ့ဝင် တွေဖြစ်တဲ့ ကျနော်တို့ကိုယ်တိုင်ပါပဲ။ နအဖ စစ်အုပ်စု မဟုတ်ပါဘူး။

(၃)
နအဖ လက်ကိုင်စွဲထားတဲ့ လမ်းပြမြေပုံအဆင့်ဆင့် အလုပ်မဖြစ်ဘဲ ရပ်တန့်သွားအောင်၊
စစ်မှန်တဲ့ လူထုဆန္ဒတောင်းဆိုမှုအတိုင်း ဖြစ်လာအောင်၊ တိုင်းရင်းသားပြည်သူလူထုကို ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတွေ အမှန်တကယ် ဆောင်ကြဉ်းပေးနိုင်မှာမဟုတ်တဲ့ နအဖ တဖက်သတ်ရေးဆွဲပြီး လူထုဆန္ဒကို ဓားပြတိုက်အတည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပျက်ပြယ်အားလျှော့သွားအောင်၊ ပြည်သူလူထုနဲ့ နိုင်ငံတကာမိဘပြည်သူများရဲ့ ဆန္ဒကိုမျက်ကွယ်ပြုပြီး တဖက်သတ်ကျင်းပချင်တဲ့ ၂ဝ၁ဝ အထွေထွေရွေးကောက်ပွဲ မကျင်းပနိုင်ဘဲ နအဖစစ်အုပ်စုရဲ့ လမ်းကြောင်းကိုလွှဲပြောင်းပြီး အားလုံး ပါဝင် ပတ်သက်နိုင်တဲ့ အခင်းအကျင်းမျိုးဖြစ်အောင် ကျနော်တို့မှာ ရပ်တည်ချက် ရေခံမြေခံကောင်းတွေ အများကြီး ရှိပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ပြီး အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးအခင်း အကျင်း ဖြစ်လာအောင် လုပ်ဖို့ တောင်းဆိုပြီး တရားဝင် သဘောထားထုတ်ပြန်ထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကြီးရဲ့ မှန်ကန် သင့်လျှော်တဲ့ သဘောထား ရပ်တည်ချက်၊ တက်ကြွတဲ့နိုင်ငံရေးလှုပ်ရှားသူ၊ လူ့အခွင့်အရေးလှုပ်ရှားသူ ရဟန်း ရှင်လူ၊ ကျောင်းသား လူငယ်၊ အဖွဲ့ချုပ်အဖွဲ့ဝင်၊ တိုင်းရင်းသားအင်အားစုတွေကို မတရားဖမ်းဆီး နှစ်ရှည်ထောင် ဒဏ် ချမှတ်တဲ့ နအဖစစ်အုပ်စုရဲ့ လတ်တလောလုပ်ရပ်၊ တိုင်းရင်းသားဒေသအတွင်း ဆိုးရွားတဲ့ လူ့အခွင့်အရေး ဆက်တိုက်ချိုးဖောက်မှု၊ နာဂစ်မုန်တိုင်းကိစ္စကို တာဝန်ယူမှုကင်းမဲ့စွာ၊ အကြင်နာတရားကင်းမဲ့စွာ ကိုင်တွယ်နေတဲ့ နအဖစစ်အုပ်စုကို မိဘပြည်သူနဲ့ နိုင်ငံတကာမိသားစုကြီးတွေက ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချနေတာတွေ…။

လက်ရှိပြည်တွင်း၊ ပြည်ပမှာ တက်တက်ကြွကြွလှုပ်ရှားနေကြတဲ့ ဒီမိုကရေစီနဲ့ တိုင်းရင်းသား တော်လှန်ရေး အင်အားစုများရဲ့ ရပ်တည်ချက် သဘောထားနဲ့ အဖွဲ့ချုပ်တောင်းဆိုချက်အပေါ် ဝိုင်းရံထောက်ပံ့မှုတွေ…။

တကယ်မိုးထဲရေထဲ အကျဉ်းအကျပ်ကြားမှာရှိတဲ့ အချို့တိုင်းရင်းသား အပစ်အခတ်ရပ်စဲရေး အဖွဲ့တွေရဲ့ နအဖ စစ်အုပ်စု လမ်းပြမြေပုံလုပ်ငန်းစဉ်ကို နိုင်ငံရေးပရိယာယ်ကြွယ်ကြွယ် ငြင်းဆန်ကန့်ကွက်ပြီး၊ အားလုံးပါဝင်နိုင်တဲ့ အခင်းအကျင်းဖြစ်အောင် လမ်းကြောင်းပေးနေတဲ့ ရပ်တည်ချက်တွေ…။

ပြည်တွင်း ပြည်ပမှာရှိတဲ့ ဝါရင့်နိုင်ငံရေးသမားတွေ၊ လှုပ်ရှားတက်ကြွတဲ့ ဒီမိုကရေစီနဲ့ တိုင်းရင်းသား တော်လှန်ရေး အင်အားစုတွေ၊ နိုင်ငံရေးအပြောင်းအလဲကို လိုလားတဲ့ ရဟန်းရှင်လူ မိဘပြည်သူတွေ အစရှိတဲ့ အလွှာ ပေါင်းစုံကနေ လက်ရှိတော်လှန်ရေးကြီး ကျစ်လျစ်စုစည်းညီညွတ်ရေးအပေါ် တူညီတဲ့ တောင်းဆို မှုတွေ…။

အစရှိတဲ့ရပ်တည်ချက်တွေဟာ နအဖ စစ်အုပ်စုကို စိန်ခေါ်နေတဲ့ ကျနော်တို့ တော်လှန်ရေး အင်အားစုတွေအတွက် တကယ့်အားကောင်းချက်တွေပါ။ ဒီမူတွေ၊ ရပ်တည်ချက်တွေ အပေါ်မှာ ခိုင်ခိုင် မာမာ ရပ်တည်ပြီး စုစည်းကျစ်လျစ်စွာနဲ့ ဝိုင်းတွန်းကြမယ်ဆိုရင် သေချာပါတယ် ကျနော်တို့ ဒီလက်တဆုပ်စာ စစ်အုပ်စုကို ဖယ်ရှားနိုင်ပါတယ်။

ကျနော်တို့ရဲ့မူ၊ ရပ်တည်ချက်တွေပေါ်မှာသာ ခိုင်ခိုင်မာမာရပ်တည်ဖို့လိုတာပါ။အဲဒီလို ကျစ်လျစ်ခိုင်မာစွာ စုစည်းလိုက်မယ်ဆိုရင် ချိန်ဆနေတဲ့အချို့သော အပစ်ရပ်တိုင်းရင်းသားအဖွဲ့တွေ၊ အကြောက်တရား များစွာကြားမှာ ရှင်သန်နေရတဲ့ ကျနော်တို့ရဲ့ ပြည်သူလူထုတွေ၊ ကျနော်တို့ကို ထောက်ခံချင်နေတဲ့ နိုင်ငံတကာ မိသားစုတွေ အစရှိတဲ့ ထောက်ခံမှုပေါင်းများစွာကို ကျနော်တို့ ရရှိကြမှာပါ။

အခုအချိန်မှာ ကျနော်တို့အတွက် အရေးကြီးတာက နအဖ စစ်အုပ်စု တဖက်သတ်ကျင်းပမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲကို ပြတ်ပြတ်သားသားဆန့်ကျင်ရမယ်ဆိုတဲ့ ရပ်တည်ချက်အပေါ် တစုတစည်းတည်း ရပ်တည်လှုပ်ရှားကြဖို့ပါ။ နအဖ သွားနေတဲ့လမ်းကြောင်းကိုပြောင်းလဲပြီး ဘက်ပေါင်းစုံပါဝင်နိုင်တဲ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုမျိုး ဖြစ်လာအောင် စုစည်းလုပ်ဆောင် ကြဖို့ပါ။
(၄)
လွန်ခဲ့တဲ့ မေလလူထုဆန္ဒခံယူပွဲကို ကန့်ကွက်တဲ့လှုပ်ရှားမှုအပေါ် အခြေခံပြီး သုံးသပ်ကြည့်မယ်ဆိုရင်လည်း လက်ရှိ နအဖ စစ်အုပ်စုရဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲဟာ ကျနော်တို့ ပြည်သူလူထုတွေအတွက် ဘယ်လိုမှ မှန်ကန်တဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုမျိုး ဖြစ်မလာနိုင်ဘူးဆိုတာ ထင်ရှားပါတယ်။

မေလလူထုဆန္ဒခံယူပွဲဟာ တရားမျှတမှုလုံးဝမရှိခြင်း၊ နိုင်ငံတကာစောင့်ကြည့် လေ့လာရေးအဖွဲ့များမပါရှိခြင်း၊ နအဖစစ်အုပ်စုတို့ရဲ့ ပြည်သူလူထုဆန္ဒကို မသမာတဲ့ နည်းလမ်းပေါင်းစုံဖြင့် တဖက်သတ်အနိုင်ယူခဲ့ခြင်းသာ ဖြစ်တဲ့အတွက်ကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လူထု (၉၂) ရာခိုင်နှုန်းကျော် ထောက်ခံတယ်လို့ သူတို့ ဘယ်လိုပဲ လိမ်လည် ပြီး ကြေညာနေပါစေ အဲဒီအဖြေရလဒ်ဟာ တရားမဝင်ဘူး။ ဘယ်သူမှ အသိအမှတ် မပြုပါဘူး။

ကျနော်တို့ ပလောင်အလုပ်အဖွဲ့ရဲ့ မေလလူထုဆန္ဒခံယူပွဲဆန့်ကျင်ရေး လှုပ်ရှားမှု အတွေ့အကြုံအရ နအဖ စစ်အုပ်စုကျင်းပမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲကို ဝင်ရောက် စိတ်ကူးယဉ်ဖို့ ဘယ်လိုမှ မသင့်တော်တဲ့ အချက်တချို့တင်ပြချင်ပါတယ်။

ကျနော်တို့ဟာ နမ့်ဆန်၊ နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင်၊ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ နမ္မတူ၊ မန်တုန် အစရှိတဲ့ ပလောင်ပြည်သူတွေ နေထိုင်တဲ့ မြို့နယ်တွေမှာ မဲရုံမှူးတွေ၊ မဲရုံကြီးကြပ်ရေး အဖွဲ့တွေမှာ ကျနော်တို့စိတ်ချယုံကြည်ထားတဲ့လူတွေ မြောက်မြားစွာ မြှုပ်နှံစောင့်ကြပ် ခဲ့တာတောင်မှ နအဖစစ်အုပ်စုရဲ့ ညစ်ပတ်နည်းအမျိုးမျိုးနဲ့ လူထုဆန္ဒကို အတင်းအဓမ္မ ရယူခဲ့တာကို ကျနော်တို့ မဟန့်တားနိုင်ခဲ့ပါဘူး။ လူထုဆန္ဒခံယူပွဲပြီးသွားမှ စစ်အုပ်စု ဘယ်လိုနည်းလမ်းနဲ့ ညစ်ပတ်ခဲ့တယ်ဆိုတာကို အများပြည်သူသိအောင် ဖော်ထုတ်နိုင်တာ တခုပဲ လုပ်နိုင်ခဲ့တာပါ။

ဖွဲ့စည်းထားပေးတဲ့ ဆန္ဒခံယူပွဲကျင်းပရေးကော်မရှင်က ထုတ်ပြန်ထားတဲ့ ဆန္ဒခံယူပွဲ လုပ်ထုံး လုပ်နည်း ဥပဒေတွေကို မဲရုံမှူးနဲ့ မဲရုံအဖွဲ့ဝင်တွေဟာ လမ်းညွှန်ထားတဲ့ အတိုင်းမလုပ်ခဲ့ပါဘူး။ ပြီးတော့ မဲရုံမှူးနဲ့အဖွဲ့ဝင်အများစုဟာ ဆန္ဒခံယူပွဲလုပ်ထုံးလုပ်နည်းဥပဒေကိုလည်း ဖတ်ရှုနားလည်ထားခြင်း မရှိပါဘဲနဲ့ အထက်ကလာတဲ့ အမိန့်အတိုင်း မဲရုံကြီးကြပ်ပြီး လူထုဆန္ဒကို အဓမ္မလုယူခဲ့တာပါ။

ကျနော်တို့ လေ့လာတွေ့ရှိချက်အရဆိုရင် ဆန္ဒခံယူပွဲကျင်းပချိန်မှာ မဲရုံတွေမှာ မဲရုံမှူးနဲ့ မဲရုံအဖွဲ့ဝင်တွေဟာ ထောက်ခံမဲခြစ်ထားသော မဲပြားတွေ ထုတ်ပေးတာ၊ မဲရုံစောင့်တွေက မဲပေးသူတွေ ကိုယ်စား ထောက်ခံမဲခြစ်ပေးတာ၊ မဲရုံစောင့်တွေ မဲပေးတဲ့ လျှို့ဝှက်ခန်းအတွင်းထိ လိုက်လံကြည့်ရှု ကြတာ၊ ကိုယ်စားပြုမဲထည့်ကြတာ၊ မဲထည့်ပိုင်ခွင့်ကို အကြောင်းမဲ့ ကန့်သတ်ထိန်းချုပ်ခဲ့ကြတာ၊ နည်းအမျိုးမျိုးနဲ့ခြောက်လှန့်ပြီး ထောက်ခံမဲ ပေးခိုင်းတာ၊ ဆန္ဒပြုမဲပြားကို မဲပုံးထဲသို့မထည့်မီ မဲရုံမှူးတွေက စစ်ဆေး ကြည့်ရှုခဲ့တာ၊ ကန့်ကွက်မဲတွေကိုပယ်ဖျက်ပြီး ထောက်ခံမဲအဖြစ် ပြောင်းလဲပစ်တာ၊ မဲပေး ပိုင်ခွင့်ရှိသူတွေ မဲလာမပေးပေမယ့် မဲစာရင်းပြည့်အောင်ပြုလုပ်ခဲ့တာတွေ၊ မဲရုံကိုသတ်မှတ်ချိန်အထိ မကျင်းပဘဲ ပိတ်ချင်တဲ့အချိန် ပိတ်ပစ်တာ၊ မသမာတဲ့နည်းလမ်းတွေနဲ့ မဲရေတွက်ခဲ့တာ၊ မဲပေးပိုင်ခွင့်ရှိသူထက် မဲရလဒ်ပိုများနေတာ အစရှိတဲ့ မသမာတဲ့နည်းလမ်းအမျိုးမျိုးကို နေရာဒေသအလိုက် ခွဲခြားကျင့်သုံးသွားခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။

အချို့မဲရုံတွေမှာ ဖော်ပြတဲ့အချက်တွေထဲက အားလုံးမဟုတ်သည့်တိုင်အောင် မသမာနည်း (၄-၅) မျိုးကို မဲလာပေးတဲ့ မဲဆန္ဒရှင်များ အပေါ်မူတည်ပြီး သင့်တော်သလို အသုံးပြု ညစ်ပတ်သွားခဲ့ပါတယ်။ လွတ်လပ်မှုရှိပါတယ်လို့ဆိုထားတဲ့ မဲရုံတွေမှာတောင် မသမာတဲ့နည်းလမ်းအနည်းဆုံး (၃) မျိုး လောက်ကျင့် သုံးခဲ့တာကို တွေ့မြင်ခဲ့ရတာပါ။
(ပလောင်အဖွဲ့ကထုတ်တဲ့ လူထုဆန္ဒကို ဆန့်ကျင်သည့်မဲပြားများ အစီရင်ခံစာမှာ www.palaungland.org မှာ အသေးစိတ်လေ့လာနိုင်ပါတယ်)

မေလလူထုဆန္ဒခံယူပွဲကနေ အဓိကသင်ခန်းစာယူချင်တာကတော့ နအဖ စစ်အုပ်စု တဖက်သတ်ကျင်းပချင်တဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲသာဖြစ်ခဲ့ရင် ကျနော်တို့ ၁၉၉ဝ ပြည့်တုန်း ကလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သို့မဟုတ် လူထုဘက် အမှန်တကယ် ရပ်တည်တဲ့ ပါတီတွေ မဲနိုင်ဖို့ အလားအလာ လုံးဝမရှိ၊ ဒါမှမဟုတ် အတော်နည်းပါလိမ့်မယ်။

ဖွဲ့စည်းပုံအရ (၂၅) ရာခိုင်နှုန်းရပြီးတဲ့အပြင် သူတို့ကို ထင်သလောက် စိန်ခေါ်မှုမလုပ်နိုင်တဲ့ ပါတီတွေကိုပဲ အနည်းအကျဉ်း မဲပေးနိုင်ပြီး၊ ရာနှုန်းပြည့်နီးပါး အနိုင်ရအောင်လုပ်မယ့် ကောက်ကျစ်တဲ့နည်းလမ်းတွေကို ရွေးကောက်ပွဲကျင်းပတဲ့အချိန်အတွင်းမှာ ကျနော်တို့ ဘယ်လိုမှ မတားဆီး၊ မကာကွယ်နိုင်ပါဘူး။ ဆန္ဒခံယူပွဲတုန်းကလိုပဲ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ မတရားလုပ်တာတွေ အများသိအောင် ဖော်ထုတ် ပြနိုင်ခဲ့ရင်လည်း ကျနော်တို့ အများ ပြည်သူအတွက် ကောင်းကျိုးတွေရှိစေမယ့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုမျိုး ဖော်ဆောင်နိုင်ဖို့ အခွင့်အလမ်း အတော်နည်းပါတယ်။

အဲဒီအချက်တွေက ကိစ္စမရှိပါဘူး။ ဘာမှမရတာနဲ့စာရင် သူတို့ဖွဲ့စည်းမယ့်အစိုးရထဲမှာ ကိုယ့်လူတွေ တရားဝင် မဲနိုင်တဲ့ ကိုယ်စားလှယ်ရပြီး ထောက်ပြ လှုပ်ရှားနိုင်သေးတာပဲ ဆိုပြီး တချီတပွဲ နွှဲချင်သေးတယ်ဆိုတဲ့ စဉ်းစားချက် လုပ်ငန်းစဉ်ကလည်း ဘယ်လိုမှ ရည်ရွယ်တဲ့အတိုင်း အတိုက်ခံလုပ်နိုင်မှာ မဟုတ်တာ သေချာ ပါတယ်။

အပစ်အခတ်ရပ်စဲရေးလုပ်တဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေရဲ့ ခါးသီးတဲ့သင်ခန်းစာ၊ စိတ်ပြောင်းပြီး အခြားပူးပေါင်းတဲ့ နည်းလမ်းနဲ့ ကြိုးပမ်းကြည့်ချင်တဲ့ ဘက်ပြောင်းလှုပ်ရှားတဲ့ နိုင်ငံရေးသမားတွေကို စစ်အုပ်စုဘယ်လို ခြယ်လှယ် ချုပ်ကိုင်ထားတယ်ဆိုတာ လုံလောက်တဲ့ ပေးဆပ်မှုသင်ခန်းစာတွေပါ။ နစ်နာတဲ့ ပေးဆပ်မှုတွေ သိသိကြီးနဲ့ ထပ်ပြီး မဆုံးရှုံးသင့်တော့ပါဘူး။

(၅)
နအဖ စစ်အုပ်စု တဖက်သတ်ကျင်းပမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲကို စုစည်းညီညွတ်စွာ ပြတ်ပြတ်သားသားဆန့်ကျင်ရမယ်ဆိုတာ ယနေ့ ကျနော်တို့ တော်လှန်ရေးအင်အားစုများ အတွက် အသက်သမျှ အရေးကြီးတဲ့တောင်းဆိုမှုဖြစ်ပါတယ်။ နအဖ စစ်အုပ်စုက ဦးဆောင်ကျင်းပဖို့ ပြင်ဆင်နေတဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲကို ချေဖျက်ဖို့ ကျနော်တို့ ပြင်ဆင်မှုပေါင်းများစွာ လုပ်ရပါမယ်။

အဲဒီရွေးကောက်ပွဲကို ချေမှုန်းနိုင်ဖို့ ကျနော်တို့ဟာ ပြီးခဲ့တဲ့ မေလ လူထုဆန္ဒခံယူပွဲ ဆန့်ကျင်တုန်းက အတွေ့အကြုံတွေအပေါ် အခြေခံပြီး ထပ်မံ မှားယွင်းမှုတွေမဖြစ်အောင် အကျေအလည် ဆွေးနွေး ပြင်ဆင်ရပါမယ်။

ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးအင်အားစု၊ အပစ်ရပ်အင်အားစုတွေ၊ တက်ကြွလှုပ်ရှားသူတွေရဲ့ ရပ်တည် လှုပ်ရှားမှု…။

ပြည်ပမှာရှိတဲ့ တိုင်းရင်းသားနဲ့ ဒီမိုကရေစီ အစရှိတဲ့နိုင်ငံရေးအင်အားစုတွေ၊ လူမှုအသင်း အပင်းတွေရဲ့ တိကျရှင်းလင်းပြီး ကျစ်လျစ်ခိုင်မာတဲ့ ရပ်တည်ချက်သဘောထားနဲ့ အချင်းချင်း ဟန်ချက်ညီတဲ့ စုစည်းတဲ့ လှုပ်ရှားမှု…။

နိုင်ငံတကာအစိုးရတွေကို ထိရောက်စွာစည်းရုံးလှုံ့ဆော်ဖို့ ရှင်းလင်းတိကျတဲ့ ရပ်တည်လှုပ်ရှားမှု…။

အဲဒီရပ်တည်လှုပ်ရှားမှုတွေကို တည်ဆောက်နိုင်ဖို့ဆိုတာ ရန်သူအပေါ် သဘောထား ရှင်းလင်းဖို့ လိုပါတယ်။ ဒါမှသာ နအဖရဲ့ရွေးကောက်ပွဲကို ကျနော်တို့ စုစည်းကျစ်လျစ်စွာနဲ့ ချေမှုန်းလမ်းကြောင်းလွှဲနိုင်မှာပါ။

နအဖ စစ်အုပ်စု တဖက်သတ်ကျင်းပမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲကို စုစည်းညီညွတ်စွာ ပြတ်ပြတ် သားသား ဆန့်ကျင်ဖို့အတွက် အကြောင်းအရင်း ဖြစ်စဉ်တွေ များစွာရှိပါတယ်။

နအဖ စစ်အုပ်စုလျှောက်လှမ်းနေတဲ့ လမ်းပြမြေပုံအဆင့်တိုင်းဟာ စစ်မှန်တဲ့လူထုဆန္ဒ ထင်ဟပ် ဖော်ဆောင်မှု လုံးဝ မရှိတာ…။

တိုင်းရင်းသားပြည်သူလူထုကို ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတွေ အမှန်တကယ် ဆောင်ကြဉ်း ပေးနိုင်မှာ မဟုတ်တဲ့ တဖက်သတ်ရေးဆွဲပြီး လူထုဆန္ဒကို ဓားပြတိုက် အတည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုသာ လက်ခံ ကျင့်သုံးမယ်ဆိုရင် အဖွဲ့ချုပ် ခေါင်းဆောင် ဘဘ ဦးဝင်းတင် ပြောသလို “အဲဒီဖွဲ့စည်းပုံအတိုင်းသာသွားရင် အားလုံး ငရဲရောက်မယ်”

ဆိုတဲ့အတိုင်း ပြည်သူလူထုတရပ်လုံးရဲ့ နေ့စဉ်ဘဝကို အာဏာရှင်တွေ စိတ်တိုင်းကျ ခြယ်လှယ်ဖိနှိပ်သွေးစုပ်ဖို့ ရည်ရွယ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်နေတာ…။

အတိုက်အခံအင်အားစုအပေါ်၊ သဘောထားကွဲလွဲသူတွေအပေါ် ရဟန်းရှင်လူ၊ ကျောင်းသား၊ လူငယ်၊ နိုင်ငံရေး သမား၊ တိုင်းရင်းသား မခွဲခြားဘဲ အပြတ်သတ်ဖိနှိပ်ဖမ်းဆီး၊ တဖက်သတ် စီရင်ချက်ချပြီး ရာဇဝတ်မှု ကျူးလွန်သူ တွေထက် အဆပေါင်းများစွာ ဆိုးရွားတဲ့ နှစ်ရှည်ထောင် ဒဏ်တွေ ချမှတ်နေတာ…။

၁၉၉ဝ ရွေးကောက်ပွဲရလဒ်ကို ယနေ့အထိ လက်ခံအကောင်အထည်ဖော်ခွင့်ပြုဖို့ ငြင်းဆန်နေတာ…။

အစရှိတဲ့အကြောင်းအရာ အချက်အလက်တွေအပြင် အခြားမဖော်ပြနိုင်တဲ့ နအဖ စစ်အုပ်စုရဲ့ မတရားတဲ့ လုပ်ရပ်ပေါင်း မြောက်မြားစွာဟာ နအဖ စစ်အုပ်စုရဲ့ လက်ရှိကြိုးပမ်းနေတဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု တဖက်သတ် လုပ်ငန်းစဉ်တွေကို ကျနော်တို့တော်လှန်ရေးအင်အားစုတွေအနေနဲ့ မှန်မှန်ကန်ကန် သုံးသပ်ပြီး ပြတ်ပြတ် သားသား ဆန့်ကျင်လှုပ်ရှားတာကလွဲလို့ အခြားနည်းလမ်းမရှိတော့ဘူးလို့ ယုံကြည်ပါတယ်။

တိုင်းရင်းသားအင်အားစုတွေကော၊ အခြားအင်အားစုတွေပါ နအဖ ကျင်းပပေးမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲကို ဝင်ပြိုင်မယ်ဆိုတာ ပြည်သူလူထုအတွက် ကောင်းကျိုးတွေထက် နောက်ဆက်တွဲဆိုးကျိုးတွေက မြောက်မြား စွာပါ…။

တိုင်းရင်းသားပြည်သူလူထုကို အမှန်တကယ်ကိုယ်စားပြုတဲ့ခေါင်းဆောင်၊ အဖွဲ့အစည်း ဖြစ်တယ်လို့ ယုံကြည်တဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေဟာ ၂ဝ၁ဝ ရွေးကောက်ပွဲကို ဝင်ပြိုင်ဖို့ လုံးဝ မစဉ်းစား သင့်ပါ…။

ကျနော်တို့ရဲ့ လှုပ်ရှားမှုတိုင်း၊ ဆုံးဖြတ်ချက်တိုင်း၊ သဘောထားရပ်တည်ချက်တိုင်းဟာ နအဖ စစ်အုပ်စုရဲ့ လမ်းပြမြေပုံ လုပ်ငန်းစဉ်တွေကို အားဖြည့် ထောက်ပံ့ပေးစေမယ့် ပုံစံ အလားအလာမဖြစ်ဖို့ အထူး ဂရုပြုကြရမှာပါ...။

ကျနော်တို့ ပြည်တွင်းပြည်ပရှိ တိုင်းရင်းသားနဲ့ ဒီမိုကရေစီအင်အားစုတွေအကြားမှာ နအဖ စစ်အုပ်စု တဖက်သတ်ကျင်းပမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲကို စုစည်းညီညွတ်စွာ ပြတ်ပြတ် သားသားဆန့်ကျင်ရမယ်ဆိုတဲ့ သဘောထားရပ်တည်ချက်ကို ခိုင်ခိုင်မာချမှတ်ပြီး မြန်မာပြည်သူလူထုတရပ်လုံး အတိ ဒုက္ခဘဝကနေ လွတ်မြောက်ဖို့ အဓိကရည်ရွယ်ရင်း တော်လှန်ရေးကြီးထဲမှာ ပါဝင်တဲ့လူ၊ အဖွဲ့အစည်းတိုင်းက နိုင်ငံရေး တာဝန်ရှိမှု၊ ရိုးသားမှု အခြေခံကနေ စုစည်းညီညွတ်စွာ ဝိုင်းတွန်းကြမယ်ဆိုရင် “ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်” လို့ ရိုးသားစွာ တိုက်တွန်းအကြံပြု ရေးသားလိုက်ပါတယ်။

Burma News

Visitation rights denied to families of political prisoners

Family members of political prisoners have had to return from journeys to remote prisons without ever having a chance to meet with those detained, a result of the latest hardship...

Burmese blogger in running to win "Best Asian Blog"

The Weblog of a veteran Burmese Buddhist monk, Ashin Mattacara, which contains writings on Burma, has been selected among the finalists for the 'Best Asian Bolg' Award for 2008.
Failure of international community before drama of Burmese people
AsiaNews.it - Italy
Pascal Khoo Thwe, a Burmese dissident, adds up the balance of a tragic 2008: Nargis and the military dictatorship have pushed the population to the breaking ...
See all stories on this topic
Foreign Policy (subscription)
Mau-Mau and Irgun descendants head for the White House?
Foreign Policy (subscription) - USA
Can anyone tell me more about Obama's grandfather's experience with the British army in Burma during World War II, such as what regiment he was attached to? ...
See all stories on this topic
Burmese blogger in running to win "Best Asian Blog"
Mizzima.com - New Delhi,Delhi,India
by Solomon New Delhi (Mizzima) - The Weblog of a veteran Burmese Buddhist monk, Ashin Mattacara, which contains writings on Burma, has been selected among ...
See all stories on this topic

Google Blogs Alert for: burma news

Candle4Burma Human Rights: 300 migrants arrested in raid in Kuala ...
By moderator
URGENT NEWS FROM INSIDE BURMA: New Burma Army swee... URGENT NEWS FROM INSIDE BURMA: Hundreds of village... Lawyer in ILO case harassed by authorities · Detained NLD member denied family visits. Archives. Human Rights Links ...
Candle4Burma Human Rights - http://candle4burma.blogspot.com/
PICS from inside Burma Journal about NLD Youth protest « democracy ...
The IDPs of Eastern Burma rely on cross-border aid and intrepid groups such as the Free Burma Rangers (FBR) and the Back Pack Health Worker Teams Nowhere to Hide · UNODC Press release 6.01. Drug trafficking in the Golden Triangle ...
democracy for burma - http://democracyforburma.wordpress.com/
Burma Newscasts: FSA investigation finds Aon made payments to Burma
By news
Burma Newscasts. -** Pro-Democracy recordings only. All Agencies' News carry copyrights and are supported by written approval. -** All translations are based on personal interpretation only, links to the original scripts are provided ...
Burma Newscasts - http://burmanewscasts.blogspot.com/
Journals ordered to condemn NLD demonstration ,”I saw the article ...
Read inside Journal နအဖအကြိုက်ရေးရတဲ့ ပလီပလာ လုပ်ကြံသတင်းတွေ http://arzarni.blogspot.com/2009/01/blog-post_10.html · http://english.dvb.no/news.php?id=2065. Categories: Burma ...
democracy for burma - http://democracyforburma.wordpress.com/
Top Bush Aide Hopes Obama Will Push Burmese Cause « San Oo Aung’s ...
WASHINGTON — A top aide to US President George W Bush said on Wednesday that he hoped the incoming administration of President-elect Barack Obama would continue to push for democracy and protection of human rights in Burma. ...
San Oo Aung's Weblog - http://sanooaung.wordpress.com/
- Myanmar launches polio immunization drive click
- Myanmar boat people take up refuge in Sabang click
- CWS Hotline - 12 Jan 2009 : OPT, Myanmar, Sudan click
- Myanmar continues efforts in eradication of polio click
- Myanmar intensifies measures to stop bird flu at borders click

ဧရာဝတီမှသည်……..

နာဂစ်မုန်တိုင်းကြောင့်ပေါ့ လူတွေဒုက္ခရောက်ကြရတဲ့အချိန် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကရောက်လာတဲ့ အကိုကြီးတစ်ဦးနဲ့ စကားပြောဖြစ်ကြတော့ သူက နောက်တစ်ကြိမ် တော်လှန်ရေးက “ဧရာဝတီက စမှာကွ” လို့ရုတ်တရက်ပြောလိုက်တဲ့အခါ ကျွန်တော် ကြက်သီးဖြန်းဖြန်းထသွားခဲ့တယ်။ ဟောဒီကဗျာလေးကိုလည်း…. ရေးဖွဲ့ဖြစ်တယ်။ ခံစားချက်တူတဲ့သူတွေနဲ့ ထပ်တူကျမှာဘဲလို့လည်း ယုံကြည်မိပါရဲ့။



ဧရာဝတီမှသည်……..

၁။ ဧရာဝတီဟာ…

သူရဲကောင်းပါ…။

တောင်းမစားတတ်ပါဘူး…။

၂။ မြောက်ဘက်ဖျားမှာ… သန္ဓေတည်မွေးဖွား…

သွေးသားညီရင်း… ချင်းတွင်းဝန်းရံ…။

သံလွင် စစ်တောင်း… ညာလက်မောင်းဟေ့

စစ်မောင်းသံချီ… ဒုဌ၀တီ။

မှိုင်းရီဖြိုးဖြ… ရိုးမတွေဆီ…

နောင်တော်မြတ်မို့… လက်အုပ်ချီ။

ပြည်သူ့ရဲ့သွေး …

ပြည်သူ့ရဲ့သွေး …

ပြည်သူ့ရဲ့သွေး …

ဧရာဝတီ…။

၃။ ၁၉၇၀ နှစ်များက…

ပညာရေးတက္ကသိုလ်…

နောက်ဆုံးနှစ်ရဲ့… နှုတ်ဆက်ပွဲက…

ကိုဖူးသစ်ရဲ့…

“နိုးလော့ ထလော့ ဧရာတီ” တေးသွား…

သံတိုင်တွေကြား… ငါတို့သီဆို။

အားသစ်တွေတက်…

ထောင်တွင်းတိုက်ပွဲတွေ ဆက်ခဲ့…။

ပဒေသရာဇ်စနစ်ဆိုး…

မိုးကြိုးသံလျက် အာဏာစက်အောက်မှာ…

တုံးအောက်ဖားလို… ပြားပြားဝပ်နေ…

“ဟယ်” ပြည်သူတွေရဲ့… ရှိုက်ငိုကြွေးသံ…

ပြန်လည်လို့ကြားပါစလေ…

ပြန်လည်လို့ကြားပါစလေ…

“တောက်”… တက်ခေါက်နေတဲ့…

ဧရာဝတီ…။

၎။ ကောင်းလိုက်တဲ့စာသားနဲ့သံစဉ်

ဗိန်းဗေါင်းတီးလို့.. ဟစ်အော်လိုက်ချင်…။

… သူပုန် သူပုန် ထထ

… ဂဠုန် ဂဠုန် ကြွကြွ

… သပိတ် သပိတ် မှောက်မှောက်

… မြင်းခွာတချက်ပေါက်ရင်

… မီးဟုန်းဟုန်းတောက်စေရမလေ…။

… တို့ပြည်သူညီတူတေး

… သီဆိုကြမယ်လေ…။

… တူ တံဇင် ကိုင်ဆွဲ

… တိုက်ပွဲဝင် သူရဲကောင်းတို့…

… နီမောင်းတေးသံ… ကျူးရင့်ကြဟေ…

… နီမောင်းတေးသံ… ကျူးရင့်ကြဟေ…

… ပြည်သူ့ရဲ့ဧရာဝတီ…

… ပြည်သူနိုးထ အားမာန်ကြွချီ။

… နိုးလော့ထလော့… ဧရာဝတီ

… နိုးလော့ထလော့… ဧရာဝတီ

… နိုးလော့ထလော့… ဧရာဝတီ။

၅။ ဒီသံစဉ်နဲ့ စာသား

ရင်ထဲ နှလုံးသားထဲ

သံမှိုစွဲထားသလို…

အို… ဧရာဝတီသူရဲကောင်းတို့…။

၆။ ဆရာမင်းသုဝဏ်ရဲ့…

… စစ်ကိုလည်းကြုံ

… ခြအုံလည်းဖြစ်

… ဓါးထစ်လည်းခံခဲ့ရတဲ့ ဧရာဝတီ။

၇။ “၁၉၇၄”.. အလုပ်သမားအရေး

ထောင်တွင်းတေးတပုဒ်

ဂျွန် (၆) စိတ်ဓါတ်က။

… ငတ်ရင်းဖြင့်အသေမခံ

… တိုက်ရင်းသာအသေခံမည်…

… ဘာမထီ… ဇာနည်စိတ်ဓါတ်

… မွေး… ခဲ့သည်။

… အာဏာရူး စစ်အစိုးရသည်

… ပေးစရာဆန်အစား

… သနားမညှာ… ကျည်ဆံများသာ…

… ပေး… ခဲ့လေပြီ…။

၈။ ဒီတေးသွားနဲ့သံစဉ်

ခုတိုင်ပင်.. ပေါက်ကွဲလွင့်စင်မဆုံး

ဘယ်မှာတုန်း… တို့ပြန်သီကုံးဘို့…။

နာကျည်းစရာ သံစဉ်တွေ ရှာနေတုန်းလား။

ခေါင်းငြိမ့် ငုတ်တုတ်ခံနေရတုန်းလား။

၉။ လက်နက်နဲ့ စိတ်ဓါတ်

သူပြတ်ရင် ကိုယ်ပြတ်ရမယ်။

သူကိုင်တတ်ရင်… ကိုယ်ကိုင်တတ်ရမယ်။

သူတိုက်တတ်ရင်… ကိုယ်တိုက်တတ်ရမယ်လေ။

၁၀။ ငတ်ပြီး တောင်းနေလို့…

ပတ်ပြီး တောင်းနေလို့…

ပေးမဲ့အရာတွေက…

ပေးတဲ့သူတွေက…။

၁၁။ တိုက်ပွဲထဲက အတွေ့အကြုံ

ဒို့… ရင်ခုံပြီး… ယူရမယ်။

၁၂။ မတိုက်ဖူးသေးလို့ပေါ့

တိုက်ဖူးရင်… မိုးကိုတောင်

ဒူးနဲ့တိုက်ချင်လာမှာ…။

၁၃။ နာဂစ်မုန်တိုင်းထက်မြန်တဲ့

သန်တဲ့… နှုန်းတွေနဲ့…

ဧရာဝတီ သူရဲကောင်းတို့စိတ်ဓါတ်။

သေဆုံး… ပျောက်ဆုံးသူတို့ရဲ့…

ဝိညာဉ်တွေနဲ့အတူ…

ဧရာဝတီမှာ… အလံထူပြီး…

ဒို့ညီတူစကြစို့။

၁၄။ တိုက်ရဲသူသာ…

အောင်ပွဲရယူနှိုင်မှာ…။

ဘယ်သူတွေခံနှိုင်မလဲ။

တိုက်ပွဲထဲက…

သူရဲကောင်းတွေပေါ်လာမယ်။

၁၅။ အရှေ့ မျှော်မျှော်… အနောက်မျှော်မျှော်

တောင်မျှော်မျှော်… မြောက်မျှော်မျှော်

အသံကုန်ဟစ်ခေါ်ခေါ်…

ဘယ်သူတွေလာကြသလဲ…

ဘယ်သူတွေဘာလုပ်ကြသလဲ…

ဘာတွေလုပ်နေကြသလဲ...

ဘာတွေလုပ်ပေးနေသလဲ…

… ပါးစပ်ထဲက… လုစားနေသလိုပ…။

၁၆။ တော်လှန်တဲ့စိတ်ဓါတ်က

ရပ်ကြည့်နေတဲ့သူတွေပါ…

တိုက်လှဲသွားမယ်… ရိုက်ခွဲသွားမယ်။

တိုက်ပွဲဒီလှိုင်းတွေတက်လာရင်…။

၁၇။ အသနားမခံနဲ့

အကစားမခံနဲ့

တရားမမှန်တဲ့သူတွေကို…

မုန်တိုင်းလိုမွှေပေတော့။

၁၈။ ဧရာဝတီစိတ်ဓါတ်နဲ့

မြင့်မြတ်တဲ့…

သူရဲကောင်းတွေ…

တိုက်ပွဲကြားမှာ…

အောင်ပွဲခံကြလိမ့်မယ်။

၁၉။ “ဟေ့”…

ဧရာဝတီဟာ…

သူရဲကောင်းပါ…..။

၂၀။ “ဟေ့”…

ဧရာဝတီဟာ

ဂန္တ၀င်မြောက်တဲ့

ဒို့ရဲ့ သူရဲကောင်းပါ။

မောင်ဘိုးရန် (ခေတ္တ- တိုင်းတပါး) 030608

သိမှတ်ဖွယ်ရာထိုင်းနိုင်ငံအရေး…



ထိုင်းနိုင်ငံမှာ ၀န်ကြီးချုပ်ဟောင်း သူဌေးကြီးတက်ဆင်နဲ့ သူ့ရဲ့ကျောထောက်နောက်ခံအစိုးရတွေကို ပြုတ်ကျ သွားအောင် လပေါင်းများစွာ တိုက်ပွဲဝင်ခဲ့ကြတဲ့ ထိုင်းနိုင်ငံရဲ့ ဒီမိုကရေစီရေးပြည်သူ့တပ်ပေါင်းစု People Alliance for Democracy (PAD) က သူတို့အစီအစဉ်ရှိရှိ တိုက်ပွဲဝင် သွားခဲ့ကြတဲ့အပေါ် အစိုးရတွေ ပြုတ်ကျကုန်ပြီးတော့ အခု အဂတိလိုက်စားမှုကင်းမဲ့တဲ့ အစိုးရပေါ်ထွက်ရေးလမ်းကြောင်းပေါ် မှာ ရောက်ရှိ လာခဲ့ကြတယ် ဆိုတာ ကြားလိုက်ကြမယ် ထင်ပါတယ်။

အဲဒီတိုက်ပွဲကာလမှာ လူတချို့ဟာ ရဲအပါအ၀င် တခြား တက်ဆင်ထောက်ခံတဲ့ အနီရောင်ဝတ် လူတစုရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ကြတယ်၊ ထိခိုက်ဒဏ်ရာရခဲ့ကြတယ်။ အနီရောင်အ၀တ်အစားဝတ်ထားတဲ့ အစိုးရလက်ကိုင်ဒုတ်တွေနဲ့ အ၀ါရောင်ဝတ် PAD ဆန္ဒပြသူတွေအကြား အဓိကရုဏ်းတွေဖြစ်တယ်။ လမ်းမတွေပေါ်မှာ ဟိုဘက်ဒီဘက် ရုန်းရင်းဆန်ခတ် တိုက်ခိုက်ကြတာတွေလည်းရှိတယ်။ အဓိကကတော့ PAD အဖွဲ့ရဲ့လူထုရှိတဲ့နေရာကို ငွေပေးငှားထားတဲ့ အနီရောင်ဝတ် အစိုးရလက်ကိုင်ဒုတ်တွေက ဒုတ်၊ ဓား၊ လက်နက်တွေနဲ့ လာပြီးတိုက်ခိုက်ကြတာများတယ်။ PAD ဘက်ကလည်း ဆိုင်ကယ်ဦးထုပ်တွေကို အကာအကွယ်အဖြစ်ဆောင်းထားပြီး ဒုတ်တွေ၊ ဂေါက်ရိုက်တံတွေနဲ့ ပြန်ချကြတယ်။ အဲဒီလိုဖြစ်တဲ့အခါ PAD က လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူ ထိုင်းအမျိုးသမီးငယ်တဦးကို ခင်ဗျားတို့က အကြမ်းမဖက်တဲ့လှုပ်ရှားမှုတွေလုပ်နေတယ်ဆိုပြီးတော့ ဒီလို တဦးနဲ့တဦးအပြန်အလှန်တိုက်ခိုက်နေကြတဲ့အခါ ခင်ဗျားတို့ရဲ့ အကြမ်းမဖက်လှုပ်ရှားမှုကို မထိခိုက်ဘူးလားလို့ မေးကြည့်မိတော့ သူက “ဟုတ်တယ် ကျမတို့က အကြမ်းမဖက်ဆန္ဒပြနေကြတာဘဲလေ။ ရှင်တို့တွေ့တဲ့အတိုင်းဘဲ ဒီမှာ အစိုးရရဲ့ ရဲတွေ ကျမတို့ကို လာပြီးအတင်းဝင်ဖြိုခွဲတဲ့အခါ ကျမတို့က ဘာမှပြန်မလုပ်ပါဘူး။ လူထုအင်အားနဲ့ဘဲ ပိတ်ဆို့တားဆီးခဲ့ကြတာပါ။ ဒါပေမယ့် အစိုးရမဟုတ်တဲ့ ဘာမှန်းမသိတဲ့ လမ်းဘေးကလူတွေက ကျွန်မတို့ကို လက်နက်တွေနဲ့လာတိုက်ခိုက်တာမျိုးဆိုရင်တော့ ကျမတို့ကိုယ် ကျမတို့ ကာကွယ်ပိုင်ခွင့်ရှိတယ်။ ကျမတို့ကိုယ်ကျမတို့မကာကွယ်ရင် အနားမှာ ကျမတို့ကိုကာကွယ်မယ့်သူ ဘယ်သူမှမရှိဘူးမဟုတ်လား။ ဒါဟာ ကျမတို့ရဲ့အခွင့်အရေးပါ။” လို့ ဖြေဆိုသွားခဲ့ပါတယ်။

ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်တဲ့အခါ ကိုယ်ရောက်ရှိနေတဲ့စနစ်က မှန်ကန်တယ် မမှန်ကန်ဘူးဆိုတာကို အစိုးရအဖွဲ့ကထွက်ပြီး အဲဒီ PAD နဲ့ပူးပေါင်းခဲ့တဲ့လွှတ်တော်အမတ်တဦးက “အထဲမှာ ပြုပြင် ပြောင်းလဲရေး လုပ်နေလို့တော့ အများစုအရွေးခံထားရတဲ့ အုပ်စုကြီးထဲမှာ ဘယ်လိုမှဖြစ်မှာမဟုတ်လို့ ထွက်လာပြီး လူထုနဲ့ပူးပေါင်းတာပါ” လို့ပြောခဲ့တယ်။ တက်ဆင်ပြုတ်ကျပြီးနောက်ပိုင်းမှာလည်း မဲတွေကို ငွေနဲ့ဝယ်ပြီးကလိန်ကျခဲ့ကြတော့ တက်ဆင်ရဲ့ရုပ်သေးတွေဘဲ မဲနိုင်ပြီး အစိုးရဖွဲ့နှိုင်ခဲ့တယ်လေ။ အဲဒီအချိန်တုန်းက အစိုးရအပါအ၀င် စာနယ်ဇင်းတွေက PAD အဖွဲ့က သူပုန်ထတယ် ဆိုပြီး အကြီးအကျယ် ရေးခဲ့ကြသေးတယ်။ အစိုးရကိုပုန်ကန်တဲ့လူတွေကို ဘယ်နည်းနဲ့ဘဲ ပုန်ကန်ပုန်ကန် အဲဒီလိုအစိုးရတိုင်းက သူတို့ကိုဆန်ကျင်လာတဲ့အတွက် သူပုန်လို့အမည်ပေးကြတာပါဘဲ။ PAD ကလည်း သူတို့ရဲ့ လှုပ်ရှားမှုကြာလာတာနဲ့အမျှ တိုင်းပြည်နစ်နာတော့မယ်ဆိုတာကိုသိတော့ ပွဲဖြတ်ဘို့ အစိုးရအဆောက်အဦတွေ၊ လေယာဉ်ကွင်း တွေကို လူထုအင်အားနဲ့ သိမ်းပြီး စိမ်ခေါ်ခဲ့တယ်။ ရဲတပ်ဖွဲ့တွေကို အစိုးရအနေနဲ့ သုံးခဲ့ပေမယ့် စိတ်ဓါတ်ပြင်းတဲ့ PAD ဦးဆောင်တဲ့ ဆန္ဒပြလူထုကို မကျော်လွှားနှိုင်ခဲ့ဘူး။ တိုင်းပြည်ရဲ့ အကြီးဆုံးဝင်ငွေဖြစ်တဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတွေ ရပ်ဆိုင်းနေရတော့ အစိုးရလည်း ထွက်ပေးရတော့တာပေါ့။ အခုဆိုရင် PAD အဖွဲ့ဝင်တွေရဲ့အပြောအရတော့ အဂတိလိုက်စားမှုမရှိတဲ့ ဒီမိုကရေစီစံနစ်ကို ဦးတည်ရေးက ၇၅% လောက်တော့ အောင်မြင်ခဲ့တယ်ဆိုဘဲ။ ဟုတ်လဲဟုတ်ပါတယ် အခု ထိုင်းနိုင်ငံကသတင်းစာတွေက အဲဒီ PAD ရဲ့လှုပ်ရှားမှုကို အကြမ်းဘက်လှုပ်ရှားမှုလို့ ဘယ်သူမှမပြောကြတော့ဘူး။ ဒီမိုကရက်တစ်ပါတီရဲ့ အစိုးရသစ်အနေနဲ့ အခက်အခဲတချို့ကို ရင်ဆိုင်နေရတယ်ဆိုပေမယ့်လည်း ထိုင်းနိုင်ငံရေးက အကောင်းဘက်ကို ဦးတည်နေတယ်လို့ပြောလို့ရပါတယ်။ ဒါကလည်း စိတ်ဓါတ်တခုတည်းနဲ့တွင်မဟုတ်ဘဲ စနစ်တကျ အစီအစဉ်နဲ့တိုက်တဲ့တိုက်ပွဲရဲ့ အောင်မြင်မှုရလာဒ်ဖြစ်တယ်ဆိုတာ ငြင်းလို့မရတဲ့သက်သေတခုမဟုတ်ပါလား။


ကိုဘိုးရန်

သတင်းပဒေသာ


လေးဖြူ ပြန်လာပြီ

လေးဖြူ ပြန်လာပြီ

နိုင်ငံကျော် အဆိုတော် လေးဖြူ၏ စင်မြင့် ဖျော်ဖြေပွဲများ မကြာမီ ပြန်လည် စတင် တော့မည်ဟု ၎င်း၏ ပင်တိုင် တေးဂီတ အဖွဲ့ Iron Cross (IC) ၀ိုင်းတော်သား တဦးထံမှ သိရသည်။

မိုင်းဖုန်း ဆရာတော် မွေးနေ့ မြန်မာ နိုင်ငံသားများ လာရောက် ပူဇော်ကြ

ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် ကျိန်းသျှာန်မြို့နယ် ၀ိန်းကျောက် ရွာတွင် ကျင်းပသော မိုင်းဖုန်း ဆရာတော် ဦးဥာဏသံဝရ၏ သက်တော် ၄၆ နှစ်ပြည့် မွေးနေ့ပွဲသို့ မြန်မာနိုင်ငံမှ သံဃာတော်များ

နိုင်ငံရေး အကျဉ်းသားများကို ရဲဘက်စခန်းပို့ပြီ

နိုင်ငံရေး လှုပ်ရှား မှုကြောင့် ဖမ်းဆီး ခံထားရသူများ ရဲဘက် စခန်းတွင် ရောက်ရှိ နေသည်ဟု ရန်ကုန်မြို့ နိုင်ငံရေး အကျဉ်းသား မိသားစုများထံမှ သိရသည်။

မှတ်ပုံတင်ပျောက် နာဂစ် ဒုက္ခသည်များ အခက်အခဲဖြစ်

နာဂစ် မုန်တိုင်းဒဏ် ပြင်းပြင်း ထန်ထန် ခံခဲ့ရသည့် ဧရာဝတီ တိုင်းအတွင်း သက်ဆိုင်ရာ အာဏာပိုင်များက နိုင်ငံသား မှတ်ပုံတင် ပြန်လည် ပြုလုပ်ပေးခြင်း မရှိသေးသည့် အတွက်

၂ဝဝ၉ ခုနှစ်တွင် ချင်းပြည်နယ်၌ လူမှုဒုက္ခ အကြပ်အတည်းများ ပိုမိုလာဖွယ်ရှိဟု NGO ပြော

ရာသီဥတု ဆိုးရွား၍ သီးနှံများ အထွက်နှုံး ကျဆင်းခြင်းနှင့် ကြွက်ကပ်ကြောင့် သီးနှံများ ပျက်စီးခြင်းကြောင့် မြန်မာနိုင်ငံ အနောက်ပိုင်း ချင်းပြည်နယ်အတွင်း ၂ဝဝ၉ ခုနှစ်၌ လူမှုဒုက္ခ အကြပ်အတည်းများနှင့်...

တင်မောင်ဦး၏ သတ္တမမြောက် တကိုယ်တော်ပြပွဲ

ဓာတ်ပုံသတင်း

ဇန်န၀ါရီ ၁၀၊ ၂၀၀၉

ပန်းချီဆရာ တင်မောင်ဦး၏ ၇ ကြိမ်မြောက် တကိုယ်တော် ပန်းချီပြပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့ သုဝဏ္ဏဘူမိ အနုပညာ ခန်းမ တွင် ယနေ့ စတင်ပြုလုပ်ခဲ့သည်။ ဇန်နဝါရီလ ၁ဝရက်နေ့မှ ဖေဖော်ဝါရီလ ၁ဝ ရက်နေ့ အထိ တလတိတိ ခင်းကျင်းပြသသွားမည်ဖြစ်ပါသည်။ ပြပွဲတွင် ပန်းချီကားပေါင်း ၂၇ ကား ပါဝင်ပါသည်။ (photo: Naw Kabaw Shee)

Poet Ant Maung honored Dagon Taryar on 61st Burma Independence
မိုးမခရုပ်သံဘဏ်တိုက် - မိုးမခ မော်ကွန်းရုပ်သံ

ကဗျာဆရာ အံ့မောင်က ဒဂုန်တာရာကို လွတ်လပ်ရေးနေ့မှာ ကဗျာနဲ့ ဂုဏ်ပြုခဲ့

မိုးမခ ရုပ်သံ

ဇန်န၀ါရီ ၁၀၊ ၂၀၀၉

လွန်ခဲ့တဲ့ ဇန်န၀ါရီ ၄ က ကျင်းပခဲ့တဲ့ သက်ကြီး စာရေးဆရာကြီးများရဲ့ လွတ်လပ်ရေးနေ့ ညစာစားပွဲမှာ ကဗျာဆရာကြီး အံ့မောင်က ဆရာကြီး ဒဂုန်တာရာကို ကဗျာရွတ်ဆို ဂုဏ်ပြုခဲ့ပါတယ်။ ဆရာ ဒဂုန်တာရာ ရေးခဲ့တဲ့ ဂျပန်တော်လှန်ရေးကို သရုပ်ဖော်တဲ့ မတ်လတော်လှန်ရေး ဂန္ထ၀င်ကဗျာကို ပြန်လည်ရွတ်ဆိုပြတာ ဖြစ်ပါတယ်။

Pe Thit Ti cartoon 02
သောင်းပြောင်းထွေလာ - ကာတွန်း Box
Performance အနုပညာကို ခံစားမှု
ကာတွန်းဖေသစ်တည်
ဇန်န၀ါရီ ၉၊ ၂၀၀၉ ပုံ - [ ၁ ]
အျပည့္အစုံသိုႛ ...
Burmese in Singapore tour Buddhist Monastaries in New Year
မဵက်မှောက်ရေးရာ - ဓာတ်ပုံသတင်း
From Burmese in Singapore tour Buddhist Centers

စင်္ကာပူက ဘုန်းတော်ကြီးများနဲ့ မြန်မာမိသားစုတို့ နှစ်သစ်ကူး ဘုရားဖူး ခရီးစဉ် မြင်ကွင်း

မိုးမခ ဓာတ်ပုံသတင်း

ဇန်န၀ါရီ ၁၀၊ ၂၀၀၉

ဇန်န၀ါရီ ၁၊ နှစ်သစ်ကူးနေ့က စင်္ကာပူမှာ ၁ သုးံးလုံး ဘုရားဖူးအဖွဲ့က စင်္ကာပူရောက် ဘုန်းတော်ကြီးများနဲ့ မြန်မာမိသားစုများကို ဖိတ်ကြားပြီး ကျွန်းအနှံ့ ဘုရားဖူးခရီးစဉ်ကို မေတ္တာဖြင့် ပို့ဆောင်ခဲ့ပါတယ်။ ဆရာတော် ၁၅ ပါးနဲ့အတူ မြန်မာအမျိုးသားမိသားစုများ ၁၅၀ ကျော်တို့ကို ဘတ်စကားကြီး ၁စီး၊ ၂စီးတွဲ တစီးနဲ့ ခရီးလှည့်လည်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒီနှစ်မှာ ၅ ကြိမ် မြောက်ခဲ့ပြီလို့ ဆိုပါတယ်။ အထူးသဖြင့် စင်္ကာပူကို ရောက်ခါစ ဧည့်သည်များ၊ အလုပ်သမား လူငယ်များက စိတ်ဝင်စားကြတယ်လို့ သိရပါတယ်။ (Photo - ဂျစ်တူး)

Burmese in Wshington DC marked 61st Burma Independence
မဵက်မှောက်ရေးရာ - ဓာတ်ပုံသတင်း

#fullpost {display:none;}

ဝါရှင်တန်ဒီစီက ၆၁ နှစ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့ပွဲ

အနုပညာရှင်ကြီးများနှင့် ကျင်းပခဲ့သည့် မြင်ကွင်း

မိုးမခ ဓာတ်ပုံသတင်း

ဇန်န၀ါရီ ၁၀၊ ၂၀၀၉

လွန်ခဲ့တဲ့ ဇန်န၀ါရီ ၃၊ စနေနေ့က ၀ါရှင်တန်ဒီစီ၊ မေရီလင်း၊ ဗာဂျီးနီးယားဒေသရောက် မြန်မာအမျိုးသားများ စုစည်းကျင်းပတဲ့ ၆၁ နှစ်မြောက် လွတ်လပ်ရေးနေ့နှင့် ၈၈ နှစ်မြောက် ရန်ကုန်တက္ကသိုလ်မွေးနေ့ အခမ်းအနားမှာ ဆရာကြီး ဆရာမကြီးများဖြစ်ကြတဲ့ ဦးဝင်းဖေ၊ မောင်စွမ်းရည်နဲ့ မာမာအေး တို့အပြင် အနုပညာရှင်များဖြစ်တဲ့ အောင်ဝေး၊ စန္ဒယားအောင်ဝင်းတို့နဲ့ အတူ မကြာမီက အမေရိကန်ပြည်ထောင်စုကို ပြောင်းရွှေ့အခြေစိုက်လာတဲ့ မေငြိမ်းလည်း ကြွရောက်ချီးမြှင့်ကြတယ်လို့ သိရပါတယ်။ ပွဲတော် မှတ်တမ်းဓာတ်ပုံတွေကို ထပ်ဆင့် ဖော်ပြလိုက်ပါတယ်။ (Photo – NLD-LA)


- အပစ်ရပ်တောင်းဆိုချက်ကို အန်တု၊ အစ္စရေးလ်နဲ့ ဟားမတ်စ် ဆက်တိုက်နေကြ click
- ဂါဇာစစ်ဆင်ရေး အရှိန်မြှင့်မယ်လို့ အစ္စရေးပြော click
- အစ္စရေးအပေါ်ရပ်တည်ချက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ခုခံကာကွယ် click
- စီးပွားရေးဆုတ်ယုတ်မှုကြောင့် အမေရိကန်အလုပ်လက်မဲ့ဦးရေ များလာ click
- ရခိုင်ပြည်နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဘဏ္ဍာရေးမှူး ကိုမင်းအောင် နောက်ထပ် ထောင်ဒဏ် ၁၅ နှစ် ထပ်တိုး click
- ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်ခွင့် သက်တမ်းတိုးပေးနေပြီ click
- ကိုဇော်သက်ထွေးဇနီး ထောင်ဝင်စာတွေ့ခွင့်မရ click
- နိုင်ငံရေးအကျဉ်းသားတချို့ ရဲဘက်စခန်းပို့ click
- မိတ္ထီလာမထသ ချောကြေးကောက်ငွေ သိန်းသုံးရာကျော် ပျောက်ဆုံးနေ click
- ကချင်ကျောင်းသားသမဂ္ဂလှုပ်ရှားမှု click
- ကချင်အမျိုးသားအစည်းအရုံး ကချင်ပြည်နယ်နေ့အထိမ်းအမှတ် ကြေညာချက်ထုတ်ပြန် click
- အစ္စရေးက ထိုးစစ်ဆင်မှုတွေ တိုးလုပ်မယ်လို့ သတိပေးလိုက် click
- ကမ္ဘာ့စီးပွားရေးကျဆင်းမှုက မြန်မာ့စီးပွားရေးကို ရိုက်ခတ်နေပြီ click
- တင်မောင်ဦး၏ သတ္တမမြောက် တကိုယ်တော်ပြပွဲ (ဓာတ်ပုံသတင်း) click
- ၂ဝဝ၉ ခုနှစ်တွင် ချင်းပြည်နယ်၌ လူမှုဒုက္ခအကျပ်အတည်းများ ပိုမိုလာဖွယ်ရှိဟု NGO ပြော click
- စင်ပြိုင်အစိုးရသစ်ပေါ်ပေါက်ရေး စတင်လုပ်ဆောင်ပြီဟု အန်စီယူဘီ ပြောကြား click
- မြန်မာ့ဆန်ဈေးထိုးကျ click
- ကချင်ပြည်နယ်၌ ရဲများ တာဝန်မဲ့ အကျင့်ပျက် click
- မလေးရှား၌ မြန်မာအလုပ်သမားများ အဖမ်းခံရ click
- လောင်းကစားဝိုင်းမှ မော်တော်ဆိုင်ကယ် အစီး ၅၀ ကျော် သိမ်းဆည်းခံရ click
- ဂီနီရွေးကောက်ပွဲ ခြောက်လအတွင်းမလုပ်ရင် အာဖရိကသမဂ္ဂ အရေးယူမည် click
- ဆေးလိပ်အန္တရာယ် ထင်တာထက် ဆိုးရွား click
- ကဗျာဆရာ အံ့မောင်က ဒဂုန်တာရာကို လွတ်လပ်ရေးနေ့မှာ ကဗျာနဲ့ ဂုဏ်ပြုခဲ့ click
- စင်္ကာပူက ဘုန်းတော်ကြီးများနဲ့ မြန်မာမိသားစုတို့ နှစ်သစ်ကူး ဘုရားဖူးခရီးစဉ်မြင်ကွင်း၊ ၀ါရှင်တန်ဒီစီက ၆၁ နှစ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့ပွဲ အနုပညာရှင်ကြီးများနှင့် ကျင်းပခဲ့သည့်မြင်ကွင်း (ဓာတ်ပုံသတင်း) click