12.02.2009

လုပ်ငန်းရှင်က လုပ်ခမပေးပဲ သေနတ်ဖြင့် ခြိမ်းခြောက်သဖြင့် အလုပ်သမားများထွက်ပြေး

ဒီဇင်ဘာ ၂

ဘန်ကောက်မြို့ တနေရာတွင် ရှိသော အသေးစား ရေခဲစက်ရုံတွင် အလုပ်သမား များက လုပ်အားခ တောင်းခံရာ လုပ်ငန်းရှင်က သေနတ်ကို ပြသဖြင့် အလုပ်သမားများ ကြောက်လန့် ထွက်ပြေး သွားကြကြောင်း သိရပါသည်။

ယနေ့ နံနက်ပိုင်း ရေခဲလိုက်ပို့စဉ် ကားပေါ်မှ ဆင်းနေခဲ့ကြသဖြင့် အလုပ်သမားများ ဘေးအန္တရာယ် တစ်စုံတစ်ခု မဖြစ်ပဲ ချောမွေ့စွာ မိတ်ဆွေများ အခန်းသို့ ရောက်ရှိခဲ့ကြသည်။ ထို ရေခဲစက်ရုံမှ ထွက်ပြေး လွတ်မြောက် လာသော အလုပ်သမားများမှာ မအေးမိစံ၊ ထွန်ထွန်းဝင်း၊ ဝေလင်းနှင့် ကိုသိန်းဇံတို့ ဖြစ်ကြပါသည်။

မိန်းကလေး အလုပ်သမများကို နံနက်၃နာရီ ကတည်းက ထ၍ ညနေ၈နာရီထိ ခိုင်းစေပြီး၊ ယောက်ျား အလုပ်သမားများကိုမူ ညဥ့် ၁၀ နာရီအထိ နာရီပေါင်းများစွာ အလုပ်လုပ်ကြရသော်လည်း လုပ်အားခ မပေး သဖြင့် စားသောက်စရာမျှ မရှိကြောင်း အလုပ်သမားများက ပြောသည်။ ထမင်းဟင်း စားသောက်ရန်ပင် အထူးခက်ခဲ လာခဲ့ရသည်ဟု ကရင်အမျိုးသမီး မအေးမိစံက “လုပ်အားခလည်း ထုတ်မပေးတော့ ထမင်းကို ငပိရည်နဲ့ ငရုပ်သီးနဲ့ ပဲစားနေရတော့ ၀မ်းတွေလည်း ပူလှပြီ၊ ပြေးစရာလည်းမရှိ၊ စားစရာလည်း မရှိဘူး။ ကျမတို့ ငွေတောင်းတော့ သူဌေးက သူ့အခန်းကို ခေါ်သွားတယ်လေ၊ ပြီးတော့ သေနတ်ကို ထုတ်ပြတယ်။ ငွေကို ရှင်းမပေးတာ ထွက်ပြေးသွားမှာ စိုးလို့တဲ့၊ ထမင်း မစားရတော့ဘူးဆိုမှ ဘတ်၂၀၀ မျိုး ၃၀၀ မျိုး ပေးပါတယ်။ ကျမတို့ ပင်ပင်ပန်းပန်း လုပ်ပြီး ကြက်ဥတောင် မစားရတဲ့ အနေအထား ၊ တော်တော်ဆိုးပါတယ်။ သေနတ် ပြတော့ ကျမတို့ ကြောက်တာပေါ့နော်၊ ကျမတို့ လုပ်အားခမရပဲ ထွက်ပြေးလာခဲ့တာပါ”ဟု ပြောသည်။

အလုပ်စ၀င်တုန်းက ယောက်ျား အလုပ်သမားများကို တစ်လ ၅၃၀၀ ဘတ်နှင့် မိန်းမအလုပ်သမကို တစ်လ ၄၃၀၀ ဖြင့် လုပ်ကိုင်ခဲ့ကြသည်။ သို့ရာတွင် စနေနေ့များတွင် နံနက် ၃နာ၇ီမှ စ၍ နောက်နေ့ ၄နာရီလောက်ထိ လုပ်ခိုင်းပြီး အချိန်ပို လုပ်အားခ မရရုံမျှမက အလုပ်နားရက် တနင်္ဂနွေနေ့ အတွက် နေ့တွက်ခကိုပါ ဖြတ်သည်ဟု ဆိုသည်။

ထွက်ပြေး လွတ်မြောက်လာသူ အလုပ်သမား ကိုဝေလင်းက “ ကျနော်တို့တွေ ကိုခိုင်းတယ်၊ ထောင်သား တွေလိုပဲ၊ နာရီ ၂၀ လောက်စီ လုပ်ရတယ်၊ ၂ရက်ဆက်တိုက် ခိုင်းတယ်၊ တစ်ရက်နားရတယ်၊ နားတဲ့ အတွက်ဆိုပြီးတော့ ဖြတ်တယ်၊ ဆိုတော့ ကျနော်တို့ လေးထောင်လောက်ပဲရပြီ၊ ဒီကထွက်မယ်ဆိုရင် လူရှာပေး ပြီးမှ ထွက်လို့ ရတယ်၊ အလုပ်ကို မြန်မြန် လုပ်ခိုင်းတယ်၊ ကျနော်တို့ ရေခဲလိုက်ပို့ ရတယ်၊ ကားကို သေသေ ချာချာ ရပ်မပေးခင် ကျနော်တို့ ခုန်ဆင်းရတယ်။ ခုန်တက်ရတယ်။
နဲနဲ နောက်ကျတာနဲ့ ပက်ပက်စက်စက်ဆဲတယ်။ ပြောတာ နားမလည်ရင် သံတုတ်နဲ့ ရိုက်မလို့ ရွယ်တယ်၊ သူ့အခန်းကို ခေါ်ပြီး သေနတ်ကို ပြတယ်။ ထွက်ပြေးရင် ပစ်သတ်မယ်လို့ ပြောတယ်” ဟုပြောပြခဲ့သည်။

အဆိုပါ ရေခဲစက်အလုပ်ရုံတွင် ထွက်ပြေးစရာ အဆက်အသွယ်မရှိသော ၂လသားအရွယ်ကလေး တဦးရှိသူ လင်မယားနှစ်ဦးနှင့် အခြား ရောက်ခါစ လူငယ်နှစ်ဦး ကျနေခဲ့ကြောင်း ထွက်ပြေးလာသူ များက ပြောပြသည်။

အလုပ်သမားများနေထိုင်သော အခန်းနံရံများတွင် ရှေ့ကထွက်သွားသူများက (ဤအလုပ်ရုံတွင် ခေတ္တ နေထိုင် ပြီးနောက် လွတ်မြောက်ရာလမ်းကို အမြဲကြံဆောင်ကြရန်နှင့် လွတ်မြောက်နိုင်မည့် အချိန်အခါကို အမြဲ စောင့်စားပြီး လွတ်မြောက်အောင် ကြိုးစားကြရန်) စာများ ရေးသားထားဟု ထွက်ပြေးလာသူများက ပြောပြကြ သည်။

ယခု ထွက်ပြေးလာသူများမှာ အပြင်တွင် ဘတ်လုပ်ထား သူများဖြစ်ပြီး ကျန်နေခဲ့သူအချို့နှင့် ယခင် ထွက်ပြေး သွားကြသူများမှာ အလုပ်သမားလက်မှတ် ဘတ်လုပ်ခ ပေးခဲ့ကြရသော်လည်း ဘတ်ကို မရရှိသွားကြကြောင်း သိရသည်။
(မှတ်ချက်။ ။ စက်ရုံလိပ်စာနှင့် ကုန်အမှတ်တံဆိပ်ကို ထွက်ပြေးလာသူ အလုပ်သမားတဦး ရိုက်ထားသော ဓါတ်ပုံတို့ လက်ဝယ်ရှိသော်လည်း ထို အလုပ်သမားများအတွက် ရပ်တည် ကူညီမည့် ကျန်နေသူများကို ကယ်ဆယ်ပေးမည့် NGO အဖွဲ့အစည်းများ မရှိသေး သည့်အတွက် လိပ်စာ အတိအကျနှင့် ကုန်အမှတ်တံဆိပ်ကို ချန်လှပ် ထားခဲ့ပါသည်။)
ကိုကျော်သောင်းမှ ပေးပို့ပါသည်။

Burma's News World's News



Taliban fighters in Afghanistan
The Taliban say they will step up the fight in Afghanistan, after pledges by the US to send substantial reinforcements.

British yachtsmen freed by Iran
Families speak of their relief as five British yachtsmen held for a week by Iran's Revolutionary Guard are released.

Men's genes 'may limit lifespan'
Men carry a gene which allow them to grow bigger than women, but limit their lifespan, research on mice suggests.



UN in Malaysia Grants More Burmese Refugee Status

By LAWI WENG
About 11,000 Burmese refugees in Malaysia were recognized by the UN refugee agency in 2009, making them eligible for resettlement in third countries.

News of Stiglitz Visit Arouses Hopes but also Doubts

By BA KAUNG
News of the forthcoming visit to Burma by Nobel Economics laureate Joseph Stiglitz has been greeted with a mixture of hope and doubt among Burmese and foreign economists.

Mekong Media Forum

By ZARNY WIN
A conference called the Mekong Media Forum will be held in Chiang Mai in Thailand on Dec 9-12.

Thailand Bans Booze in Holiday Gift Baskets

By THE ASSOCIATED PRESS
The ban on booze-filled baskets is the latest attempt by Thai government to curb drunken revelry around the holidays that result every year in hundreds of road deaths.

Marcos joins Pacquiao, Arroyo in run for Congress

By HRVOJE HRANJSKI
Former Philippine first lady Imelda Marcos filed her candidacy for next year's congressional elections.
Cross-Country Ties an Obstacle to East Timor Justice
By MATT CROOK
East Timor’s leaders say bringing to justice perpetrators of atrocities committed during the Indonesian army’s occupation would sour relations between the neighboring countries, but not everyone is so keen to forgive and move on.

Inaugural ceremony of the China-Myanmar Border Trade Fair 2009 being held at Ruili-JiegaoBurmese women in New Delhi singing at a function organised by SANGAT, a Network of...

Women's Voice

Burmese women in New Delhi singing at a function organised by SANGAT, a Network of...

Australia helps Burma in fighting HIV/AIDS

Australia will provide $ 3 million to Burma, Indonesia and Papua New Guinea as part of its effort to help reduce the spread of HIV in Asia-Pacific region. The Australian...

Court charges four women activists

Four women activists, who were arrested on October 3 for offering alms to Buddhist monks, had been charged by a district court on Monday under section 505(b) of the Penal...

‘Prayer’ activists face sedition charges

Dec 2, 2009 (DVB)–Four women, including an opposition party politician, have begun a trial in Rangoon in which they face charges of sedition after praying for the release of political prisoners in Burma. - more


Tension rises as stallholders stay put

Dec 2, 2009 (DVB)–Around 700 market vendors in southern Burma’s Irrawaddy division are defying orders from local authorities to move their market through fear of losing business in the cyclone-stricken delta. - more


Experts to debate sanctions on Burma

Dec 2, 2009 (DVB)-A group of experts on Burma will tonight debate the efficacy of controversial Western sanctions on the country, following renewed international engagement with the ruling junta. - more


Renovation to begin on Suu Kyi’s house

Dec 2, 2009 (DVB)–Renovations on the house-cum-prison of Burmese opposition leader Aung San Suu Kyi could begin this week after being approved by government authorities, Suu Kyi’s lawyer said. - more


Suu Kyi ranks 26th on ‘100 Top Global Thinkers’

Dec 2, 2009 (DVB)–Detained Burmese Nobel laureate Aung San Suu Kyi has ranked 26 on an annual table of ‘100 Top Global Thinkers’, released yesterday by the US-based Foreign Policy magazine. - more

အလှူပေး သူဌေးဖြစ်

Wednesday, 02 December 2009 18:58 ရန်ကုန်သားတာတေ
ချင်းမိုင်ဆောင်းကို အံတုသည့် အနေနှင့် ဦးရုက္ခစိုး၊ ဖိုးရှုပ်၊ ကြွက်စုတ်တို့ မီးလှုံနေစဉ် သူတို့အနားသို့ အနီရောင် ဝတ်စုံဝတ်၊ မုတ်ဆိတ်၊ ပါးမြိုင်းမွှေး ဖြူဖြူ၊ နှာခေါင်း ချွန်ချွန်နှင့် လူဝကြီးတဦး ချဉ်းကပ်လာသည်။ ဖိုးရှုပ်က ကြွက်စုတ်ကို လက်တို့၍ ...

ဖိုးရှုပ်။ ။ အလှူခံထင်တယ် ကြွက်စုတ်ရေ ...။

ကြွက်စုတ်။ ။ အဲဒါဆိုရင်တော့ ကန်တော့ပါသေးရဲ့လို့သာ ပြောလိုက်တော့။ အင်းခေတ်ကြီးက ပြောင်းလာတော့ လူတွေလည်း ရတဲ့နည်းနဲ့ အလှူခံနေတယ် ထင်ပါရဲ့။

ရုက္ခစိုး။ ။ မဟုတ်တာက စပြောပြီ။ ဘယ်က အလှူခံရမှာလဲ။ ဇော်ဂျီဖြစ်မယ်ကွ ...။ လျှက်ဆားလေးဘာလေး တောင်းစားရင် ကောင်းမယ်ထင်တယ်။

သူတို့ ၃ ဦး ထင်ရာပြောနေသည်ကို ကြားသဖြင့် ထိုပုဂ္ဂိုလ်မျက်နှာ ရှုံ့မဲ့သွားကာ “မဟုတ်ရပါဘူးဗျာ၊ ကျနော်က ခရစ္စမတ် ဘိုးဘိုးကြီးလို့ ခေါ်တဲ့ စန်တာကလော့စ်ပါ… ” ဟု ပြောရင်း ထမ်းလာသည့် အိတ်ကြီးကို ဘေးတွင်ချလိုက်သည်။

ရုက္ခစိုး။ ။ မှားတဲ့အခါလည်း များပေမပေါ့ဗျာ ဟဲဟဲ … ကျုပ်က အနီရောင်တွေ့တော့ ဇော်ဂျီထင်လို့။ ဒါထက် စန်တာကလော့စ်က ချင်းမိုင် ဘာလာလုပ်တာလဲ။

ကြွက်စုတ်။ ။ တော်ပါသေးရဲ့ … အလှူခံလားလို့ ကန်တော့ပါသေးရဲ့ ပြောတော့မလို့။ စန်တာကလော့စ် ဆိုတော့ လျှက်ဆား မပါတောင် ချော့ကလက်လေး၊ သကြားလုံးလေး ပါမှာပေါ့နော်။

စန်တာကလော့စ်က ပါလာသည့်အိတ်ကြီးကို ဖွင့်ပြရင်း “ချော့ကလက်တော့ မပါဘူး ဒေါ်လာတွေပဲ ပါတယ်။ ဒီမှာကြည့်” ဟု ပြောလိုက်သည်။

ဖိုးရှုပ်။ ။ ဟာ … ဒေါ်လာတွေ များလှချည်လား … ဒါတွေအားလုံး ထိုင်းမှာဝေပေးဖို့လား။

စန်တာ။ ။ စဉ်းစားနေတာ … ။

ကြွက်စုတ်။ ။ ဟီးဟီး … ဒီလိုလုပ်ပါလား စန်တာကလော့စ်ကြီးရယ်။ ကျနော်တို့ကို ပေးပါလား။ ကျနော်တို့က စတိတ်မင်း NGO အဖွဲ့လေ။ ကျနော်တို့ အပင်ပမ်းခံလုပ်နေတာ အများကြီးရှိတယ်။

ကြွက်စုတ်ကော ဖိုးရှုပ်ပါ ဒေါ်လာမျက်နှာနှင့် ဦးရုက္ခစိုးကိုပင် စိတ်မဝင်စားနိုင်တော့ဘဲ စန်တာကလော့စ်ကြီးကိုသာ အာရုံစိုက် နေကြသည်။

စန်တာ။ ။ မင်းတို့ စတိတ်မင်း အဖွဲ့ကို သိပါတယ်။ ဒါပေမယ့် ဒီနှစ်တော့ မင်းတို့ကို ပေးမယ့် ပိုက်ဆံ လျှော့မလို့။

ဖိုးရှုပ်။ ။ ကြွက်စုတ်ရေ … မင်းနားလိုက်တော့ ...။ စန်တာကလော့စ်က ပြည်တွင်းကိုပဲ သွားပေးတော့မှာ။ ဒါပေမယ့် ငါတို့ မီဒီယာ သမားတွေကိုတော့ ပေးမှာပါ … ကြည့်နေ။

စန်တာ။ ။ ဟာ … ဒီအတိုင်းတော့ မပေးနိုင်ဘူး … စာရင်းပြရမယ်။ မောင်ရင်တို့ သုံးတာတွေ သိပ်များတယ်။ အိမ်သာသုံး စက္ကူ မဝယ်နဲ့ … ရေရှိတာပဲဟာ၊ ရေနဲ့ပဲသုံး ...။ ကော်ဖီလည်း မသောက်ကြနဲ့ ...။ သောက်ချင်ရင် မဲဆောက်က ဝယ်လာတဲ့ လက်ဖက်ခြောက်နဲ့ ရေနွေးကြမ်းသောက်ကြ။ မောင်ရင်တို့ လစာတွေလည်း သိပ်များတယ်။ လစာများလို့ ငွေတွေ ပိုနေရင် ပျက်စီးမယ်။ အလကား အရက်သောက်ပြီး … ဟိုအခန်း ဒီအခန်း ရောက်နေမှာ … မဖြစ်ပါဘူး။ လစာလည်း လျှော့ယူကြ။

ကြွက်စုတ်။ ။ ပိုက်ဆံတွေက အများကြီးပဲဟာ … ကျနော်တို့ကိုလည်း ပေးသင့်ပါတယ်။

စန်တာ။ ။ မင်းက ပိုက်ဆံများတာပဲ မြင်တာကိုး ...။ ဒီပိုက်ဆံတွေ မင်းတို့ကို မပေးတော့ဘဲ မြန်မာပြည်တွင်းက NGO တွေကို သွားပေးမှာကွ။ ဘာဖြစ်လို့လဲ ဆိုတော့ ဘယ်သူ့ကိုပဲပေးပေး ငါတို့က စင်ပေါ်ကပဲလေ။ ဒီလစာပဲ ရမှာပဲဟာ။ ဒါပေမယ့် ပြည်တွင်းကို သွားပေးလိုက်ရင် မျက်နှာကောင်းပိုရမယ်၊ လူအထင်ကြီး ပိုခံရမယ်။ ပြည်ပက လူတွေပေးတာက ထူးမှ မထူးဆန်းဘဲ။

ဖိုးရှုပ်။ ။ ပြည်တွင်းကို ပေးတာတော့ ဟုတ်ပါပြီ … ဘယ်သူတွေကို ပေးမှာလဲ။

ဖိုးရှုပ်က သတင်းသမားပီပီ စပ်စုလိုက်သည်။

စန်တာ။ ။ ဒါကတော့ ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲဖိတ်တာ ကောင်းတာပေါ့။ UN တို့၊ တခြား ကျုပ်တို့လို နှာခေါင်းချွန် လူထွားတွေ အုပ်စိုးထားတဲ့ NGO တွေကို များများပေးမယ်။ ကျန်တဲ့နည်းနည်းပါးပါးကိုတော့ ဒေသခံ NGO လေးတွေကို ကျေးဇူးတင်ခံပြီး ပေးလိုက်မယ်။ သူတို့ကို ပေးတယ်ဆိုတာလည်း ကျုပ်တို့နဲ့ အလွမ်းသင့်တဲ့သူတွေကိုပဲ ပေးမှာပါ။ တခြားသူတွေ ကတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရှာသုံးပစေပေါ့။

ရုက္ခစိုး။ ။ အဖွဲ့အစည်းအကြီးကြီးတွေကို အများကြီးပေးပြီး တကယ်ကော ထိရောက်လို့လားဗျာ ...။

တချိန်လုံး ငြိမ်နားထောင်နေသော ဦးရုက္ခစိုးကြီးက ဝင်ပြောလိုက်သဖြင့် စန်တာကလော့စ်ကြီး စိတ်တိုသွားသည်။

စန်တာ။ ။ ထိရောက်တာ မထိရောက်တာ အသာထားလေ၊ အဲဒီအဖွဲ့အစည်းကြီးတွေမှာ နှာခေါင်းချွန်တွေ များတော့ လစာတွေ ပိုပေးရတယ်။ အကုန်အကျ ပိုများတာပေါ့။ ကျုပ်တို့လူမျိုးတွေက လစာနည်းနည်းနဲ့ အလုပ်မလုပ်တတ်ဘူးဗျ။ ခင်ဗျားတို့က ဆင်းရဲ လက်စနဲ့ မထူးဘူးလေ။

ထိုစဉ် သူတို့နားသို့ လူ ၂ ဦးချဉ်းကပ်လာရာ ကြွက်စုတ်က ဦးရုက္ခစိုးနားကပ်၍ “သေချာကြည့်ထား ဦးရုက္ခစိုး … အဲဒီလူ ၂ ယောက်က NGO တွေလေ။ ဟိုဘက်က ကိုကယ်ဆယ်သူ၊ ဒီဘက်က ကိုကူညီလိုသူ” ဟု တိုးတိုးပြောလိုက်သည်။

ကူညီလိုသူ။ ။ ဟာ … စန်တာကလော့စ်ကြီးက ဒီရောက်နေတာကိုး … ရှာလိုက်ရတာဗျာ။

စန်တာ။ ။ မင်းတို့ကလည်း ငါ့ကို အပျောက်ကို မခံပါလား။ ကိုယ့်ဘာသာ အေးအေးကို မနေရဘူး။

ကယ်ဆယ်သူ ။ ။ စန်တာကလော့စ်ကြီးပဲ စာရင်းစစ်မလို့ဆို။ ကျနော်တို့ စာရင်းတွေ လိမ်တင် … အဲ တင်ပြမလို့လေ။

စန်တာ။ ။ ပြစမ်းပါဦး … ဟာ … မင်းက လစာ ဒေါ်လာ ၁၀၀ တောင်ရတာပဲ။ သိပ်များလွန်းတယ်။ ဘယ်နေရာတွေမှာ သုံးလဲ။

ကူညီလိုသူ။ ။ ဟို … ဟို ...။

စန်တာ။ ။ အဲဒါပဲ … ဘာမှလည်း မပြောနိုင်ဘူး။ ဦးရုက္ခစိုးရေ … အဲဒါသာကြည့်တော့ …ကျနော့်မှာတော့ တလကို ဒေါ်လာ ၆၀၀၀ လေးနဲ့ ဒီအလုပ် အပင်ပန်းခံလုပ်နေရတာ၊ မတန်ပါဘူးဗျာ။ မောလိုက်တာ။ အနှိပ်ခန်းလေးဘာလေး သွားရရင်ကောင်းမှာပဲ။ ကဲ နောက်တယောက် … မင်းတို့ ဘာတွေလုပ်နေတယ်ဆိုတာ ပြောပြ။

ကယ်ဆယ်သူ။ ။ ကျနော်တို့ လှုပ်ရှားမှုတွေ လုပ်နေပါတယ်။ ပြည်တွင်းမှာကော၊ ပြည်ပမှာကော … လုပ်လို့ရတာ အကုန် လုပ်ပါတယ်။ အရေးကြီးတယ် ထင်တာ … တခုမှ မကျန်စေရပါဘူး …။ စွမ်းစွမ်းတမံ … ဦးဆွေးဆံမြေ့ ...။

စန်တာ။ ။ တော်ပြီ၊ တော်ပြီ … အဲဒါတွေ တခုမှလည်း မဟုတ်ဘူးဆိုတာ ငါသိတယ်။

ကယ်ဆယ်သူ။ ။ ဒါကတော့ ကျနော်တို့ အဖွဲ့အစည်းလေး ရပ်တည်ရေးအတွက် … ဒီလိုပဲ ကြံဖန်ပြီး မဟုတ်တာကော၊ ဟုတ်တာပါ တနှစ်တခါ လုပ်ကြံပြောဆိုနေကျပါပဲခင်ဗျ။ အဲဒါမှ ကျနော်တို့ အဖွဲ့အစည်းမှာပါတဲ့ လူ နှစ်ယောက်နဲ့တပိုင်းအတွက် လစာ တလကို ဒေါ်လာ ၁၀၀ စီလောက်ရပြီး စားဝတ်နေရေး ပြေလည်မှာပါခင်ဗျ။

ရုက္ခစိုး။ ။ ဒါနဲ့ စန်တာကလော့စ်ကြီး … မဲဆောက်က မယ်တော် ဆေးခန်းကို အလှူငွေတွေ မပေးတော့ဘူးဆို။ ဘာဖြစ်လို့လဲ။

စန်တာ။ ။ ဒါကတော့ ခုနပြောသလို ပြည်တွင်းကိုပဲ ပေးတော့မှာမို့လို့ပါ။

ရုက္ခစိုး။ ။ တနေ့ … တနေ့ကို ကုပေးနေတဲ့ လူနာတွေအတွက် ထည့်မစဉ်းစားတော့ဘူးလား။ ပြည်တွင်းကပါ လာကုတာနော်။

စန်တာ။ ။ ဆေးရုံဝန်ထမ်းတွေကို လစာပေးရတာ များတယ်ဗျာ။ သူတို့ဘာသာ ကုချင်ရင် ကိုယ့်ထမင်းကိုယ်စားပြီး ဆက်ကုပစေပေါ့။

ဖိုးရှုပ်။ ။ ဝန်ထမ်းတွေကို လစာ ဘယ်လောက်တောင် ပေးရလို့လဲဗျ။

စန်တာ။ ။ အဲဒီဝန်ထမ်းတွေအားလုံးပေါင်းရဲ့ လစာက ကျုပ်လစာလောက်ရှိတယ်ဗျာ၊ စဉ်းစားကြည့်။ တော်တော်များတာ။

ထိုစဉ် ကြွက်စုတ်က ရုတ်တရက်ထရပ်၍ “သဘောတူပါတယ်၊ သဘောတူပါတယ်” ဟု အသံပြဲကြီးနှင့် အော်သည်။

ရုက္ခစိုး။ ။ ကြွက်စုတ်တော့ အလှူငွေ မရတာနဲ့ ရူးသွားပြီးထင်တယ် ဖိုးရှုပ်ရေ။

ကြွက်စုတ်။ ။ မရူးပါဘူးဗျာ ….။ ပြည်တွင်းကို အလှူငွေတွေ ပေးမယ်ဆိုတာ သဘောတူတယ်လို့ ပြောတာ။

ဖိုးရှုပ်။ ။ ဟာ သဘောမတူဘူး … မင်းတကယ်ရူးသွားပြီလား ကြွက်စုတ် … ဟင်။

ကြွက်စုတ်။ ။ ဘာလို့ ရူးရမှာလဲ။ ငါမရမယ့်အတူတူ … တခြားသူတွေကိုလည်း မရစေချင်ဘူးလေ။ အဲဒီတော့ ပြည်တွင်းကိုပဲ သွားတာ သဘူတောပါတယ်။

ကူညီလိုသူ။ ။ သဘော ၈၀ ရာခိုင်နှုန်းလောက် တူပါတယ်။ ၂၀ ရာခိုင်နှုန်းလောက် မတူပါဘူး။

ကယ်ဆယ်သူ။ ။ သဘူနည်းနည်းတောပါတယ် … ဟာ ရှုပ်ကုန်ပြီ။ သဘောနည်းနည်းတူပါတယ်၊ များများ မတူပါဘူး။

ဖိုးရှုပ်။ ။ ခင်ဗျားတို့က ဘာလဲဗျ … တူတယ်ဖြင့်တူတယ်၊ မတူဘူးဖြင့်မတူဘူး မပြောဘူး။

ကူညီလိုသူ။ ။ ဒါကတော့ဗျာ ဘယ်သူ့ကိုပဲဖြစ်ဖြစ် ပြောလာသမျှ ကန့်ကွက်မယ်ဆိုပြီး ဆုံးဖြတ်ထားလို့ပါ။

ကယ်ဆယ်သူ။ ။ ကျုပ်ကလည်း ဘယ်သူနဲ့မှ မတူချင်လို့။

ကြွက်စုတ်။ ။ ကျနော်တို့ ၄ ယောက်စလုံးရဲ့ ခံယူချက်တွေက မတူဘူးဆိုတော့ … ဒီ လေးယောက်ပေါင်းပြီး အဖွဲ့တဖွဲ့ ထောင်သင့်တယ်ဗျ။

ရုက္ခစိုး။ ။ အေး လုပ်ကြ လုပ်ကြ … ဟိုမှာစန်တာကလော့စ်ကြီးက အနှိပ်ခန်းထွက်သွားပြီ။ ငါလည်းသွားတော့မယ်၊ မင်းတို့ဘာသာ ဖွဲ့ချင်တာဖွဲ့တော့။ ဘယ့်နှယ် လူ ၄ ယောက် ရှိတာ အဖွဲ့က ၅ ဖွဲ့ … ကောင်းကြသေးရဲ့လား အရပ်ကတို့ရေ ...။

မီးဖိုကထွက်နေသော မီးခိုးငွေ့များနှင့်အတူ … ဦးရုက္ခစိုးတယောက် စိတ်ညစ်ညစ်နှင့် ကိုယ်ရောင် ဖျောက်သွားလေတော့သည်။

ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များ အပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။ အားပေး ဝေဖန်ကြသော ပရိသတ်ကို လေးစားလျက် … ။

မြန်မာ့သတင်း ကမ္ဘာ့သတင်း


President Barack Obama speaks about his Afghanistan policy before cadets at the U.S. Military Academy at West Point, 01 Dec 2009-ap

အာဖဂန်နစ္စတန်နိုင်ငံကို အမေရိကန်စစ်သား နောက်ထပ် အနည်းဆုံး ၃၀,၀၀၀ ထပ်ပြီး စေလွှတ်မယ့် အစီအစဉ် အပါအ၀င် အာဖဂန်နစ္စတန်အတွက် မဟာဗျူဟာသစ်ကို သမ္မတ အိုဘားမား ကြေညာဖို့ရှိပါတယ်။

A Myanmar family passes Saturday, Aug. 20, 2005 an anti-AIDS campaign board erected in downtown Yangon, Myanmar.AP

Myanmar detained opposition leader Aung San Suu Kyi smiles while exiting the Inya Lake Hotel after meeting with U.S. Assistant Secretary of State Kurt Campbell in Yangon, Myanmar, Wednesday, Nov. 4, 2009.AP

မြန်မာ့ အမျိုးသမီးအရေး အလေးထားရန် တောင်းဆို

မြန်မာ့ အမျိုးသမီးအရေး အလေးထားရန် တောင်းဆို

မြန်မာ စစ်အစိုးရ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံတွင်းရှိ အဖိနှိပ်ခံ အမျိုးသမီးများ အရေးကို အလေးထား ဆောင်ရွက်ရန် တောင်အာရှ အမျိုးသမီးများ အဖွဲ့က တောင်းဆိုတိုက်တွန်း
မြန်မာ ဒုက္ခသည် အများအပြား မလေးရှား UNHCR အသိအမှတ်ပြု

မြန်မာ ဒုက္ခသည် အများအပြား မလေးရှား UNHCR အသိအမှတ်ပြု

မလေးရှားနိုင်ငံ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ချင်းနှင့်မွန် တိုင်းရင်းသား ၃၀၀၀ ကျော် ဒုက္ခသည် အဖြစ် အသိအမှတ်ပြု လတ်မှတ်များ ထုတ်ပေးလိုက်ကြောင်း မလေးရှား

မွန်ပညာရေးကျောင်းများ ဘဏ္ဍာရေးအခက်ကြုံ

မွန်ပြည်နယ် အတွင်းရှိ မွန်အမျိုးသား ပညာရေး ကော်မတီ (MNEC)မှ ဖွဲစည်း တည်ထောင်ထားသည့် ကျောင်းများသည် နိုင်ငံတကာ အလှုရှင်များ၏ လှုဒါန်းထောက်ပံ့မှု နှောင့်နှေး နေသည့်အတွက်

မြန်မာနှင့် မဲခေါင်ဒေသ သတင်းသမားများ ထိုင်းတွင် တွေ့ကြမည်

မြန်မာ နှင့် မဲခေါင်မြစ်ဝှမ်း နိုင်ငံများမှ စာနယ်ဇင်း သမားများ၏ နှီးနှောဖလှယ်ပွဲ တခုကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မကြာမီ ရက်ပိုင်းအတွင်း ပြုလုပ်တော့မည် ဖြစ်သည်။အာရှဒေသအတွင်း စာနယ်ဇင်း

ကမ္ဘာ့ ထိပ်တန်းတွေးခေါ်ရှင် ၁၀၀ တွင် ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်ခံရ

အမေရိကန် ပြည်ထောင်စု Foreign Policy မဂ္ဂဇင်းက အမှောင်ထုတွင်းမှ မျှော်လင်ချက်များကို ရှင်သန်စေသော သင်္ကေတ အမှတ်အသား အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာ့ ထိပ်တန်း

စီးပွားရေး နိုဗဲလ်ဆုရှင်တဦး မြန်မာနိုင်ငံသို့ သွားရောက် အကြံပေးမည်

ကမ္ဘာ့ဘဏ်မှ စီးပွားရေး နိုဗဲလ်ဆုရှင် မစ္စတာ ဂျိုးဇက် စတစ်ဂ်လစ်ဇ်သည် မြန်မာနိုင်ငံသို့ ဒီဇင်ဘာ ၁၄ ရက်နေ့တွင် သွားရောက်မည်ဟု ကုလသမဂ္ဂ အရာရှိတဦးက ပြောလိုက်သည်။

ပထမဆုံးသော ကချင်အလှမယ်ပြိုင်ပွဲ ရန်ကုန်တွင် ပြုလုပ်

ကချင် တိုင်းရင်းသူများ၏ ပထမဦးဆုံးသော အလှမယ်ပြိုင်ပွဲကို ကြာသပတေးနေ့က ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် ပြုလုပ်ခဲ့သည်။ ကချင်တိုင်းရင်းသူ ဖက်ရှင်

မခိုင်ရွှန်းလဲ့ရည် သေဆုံးမှု နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှု စတင်ပြီ

ရန်ကုန်မြို့ ရွှေဂုံတိုင် အထူးကု ဆေးခန်းတွင် မခိုင်ရွှန်းလဲ့ရည် ဆိုသည့် ကျောင်းသူတဦး သေဆုံးခဲ့ရခြင်းနှင့် ပတ်သက်၍ ပြည်တွင်း သတင်း ဂျာနယ်များက အကျယ်တ၀င့် ရေးသားဖော်ပြပြီးနောက်

မြန်မာ့နည်း မြန်မာ့ဟန် ဒီမိုကရေစီ˝

၂၀၀၈ ခုနှစ် အခြေခံ ဥပဒေသည် သမ္မတစနစ်ကို အခြေပြုသည်ဟု လူအများက ယူဆကြသည်။ သို့သော် ဤအခြေခံဥပဒေ၌ အသုံးပြုထားသော သမ္မတစနစ်သည် ပုံစံအသစ် ဖြစ်ပြီး ဆက်ဖတ်ရန် ...
(အမှတ်တရဆောင်းပါး)
အာဇာနည်မျိုး သေရိုးမရှိ

ရဲဘော်ဖိုးသံချောင်း / ၂ ဒီဇင်ဘာ ၂၀၀၉
အာဇာနည်တိုင်းကို တယောက်မကျန် ဂုဏ်ပြုရပါမယ်။ တိုက်ပွဲမှာကျဆုံးသူဖြစ်စေ၊ ထောင်ထဲမှာကျဆုံးသူဖြစ်စေ၊ ဆေးရုံမှာ ကိုယ့်အိမ်မှာ ကျဆုံးသူဖြစ်စေ၊ ပြည်သူလူထု အတွက် ပြည်သူလူထုရဲ့ ရန်သူကို ဆန့်ကျင်ရင်း ကျဆုံး (ကွယ်လွန်) သူတွေကို အာဇာနည်လို့ သတ်မှတ်ရမယ်လို့ပဲ ကျနော်ယုံကြည်ပါတယ်။ အခြေအနေပေးရင်ပေးသလို သူတို့ကို....အပြည့်အစုံသို့

ပြည်သူ့စစ်ဖွဲ့ရန် လက်ခံထားသည့် ရာမညတပ်ဖွဲ့ခေါင်းဆောင် စစ်အစိုးရတပ်တွင် အကျယ်ချုပ်ချထားခံရ
ဝီရ / ၂ ဒီဇင်ဘာ ၂၀၀၉

“အခြားမွန်ခွဲထွက်အဖွဲ့ နိုင်အောင်နိုင်တို့အဖွဲ့ကလည်း နိုင်ရှောင်ကို တွေ့ဖို့ စကခ (၁၉) ကို တောင်းခံတာ နှစ်ခါစလုံး ပေးမတွေ့ဘူးလို့ ကျနော်တို့ကြားရတယ်။ ဒီအဖွဲ့တွေ အချင်းချင်းပေါင်းပြီး ပြည်သူ့စစ်ဖွဲ့ဖို့ကိုလည်း နအဖက ခွင့်မပြုတဲ့သဘောမှာ ရှိတယ်။ မွန်အမျိုးသား လက်နက်ကိုင်အဖွဲ့အစည်းငယ်တွေ ပေါင်းသွားမှာကိုလည်း နအဖက ...”အပြည့်အစုံသို့
လူငယ်အယ်ဒီတာ ပြန်လည်လွတ်မြောက် မူလ အလုပ်ပြန်ရရန် မသေချာသေး
NEJ / ၂ ဒီဇင်ဘာ ၂၀၀၉ “သူ (သန့်ဇင်စိုး) ရယ်၊ နောက် သတင်းထောက် ကိုပိုင်စိုးဦးရယ်၊ သူတို့ အတူတူ အဖမ်းခံရတဲ့ လူငယ်တစုလုံး ပြန်လွတ်လာတယ်။ ဒါပေမယ့် သူတို့ရှေ့က....”အပြည့်အစုံသို့
မိုးညှင်းခရိုင် စပါးအထွက်နှုန်းလျော့နိုင်

ခိုင်လင်း/ ၂ ဒီဇင်ဘာ ၂၀၀၉ “လယ်လုပ်လို့ကတော့ ထမင်းနပ် မှန်အောင်တောင် မလွယ်ဘူး။ လယ်လုပ်ပြီး ....”အပြည့်အစုံသို့
ဒုက္ခသည်များ စခန်းအပြင်ထွက် အလုပ်လုပ်လိုကြ

ရဲရင့် / ၂ ဒီဇင်ဘာ ၂၀၀၉ “ပေးတာယူ ကျွေးတာစား ထားရာနေဘ၀နဲ့ အကျယ်ချုပ်လို ဒုက္ခသည်စခန်းထဲမှာ”အပြည့်အစုံသို့
နာဂစ်မုန်တိုင်းဒဏ်သင့်သူများ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးဆဲ
မေကျော် / ၂ ဒီဇင်ဘာ ၂၀၀၉ “အခုထိ သူတို့မှာ မယ်မယ်ရရ ဘာမှမရှိသေးဘူး။ လပွတ္တာဆိုရင် နေစရာ အိမ်မရှိ...”အပြည့်အစုံသို့
ဆိုင်ကယ်လိုင်စင်လုပ်ပေးသည့် သတင်းကြောင့် ဆိုင်ကယ်ဈေး အဆမတန် တက်နေ
- သတင်းနှင့်မီဒီယာကွန်ယက်။ ဇော်ကြီး။
ဒီဇင်ဘာလ ၂ ရက်၊ ၂၀၀၉ ခုနှစ်။
ဒီလိုင်စင်လုပ်ပေးနေတယ် လည်းကြားရောလေ။ အရင်က (ထိုင်းဘတ်) လေး သောင်းနှစ်ထောင် တန်တဲ့ဟာ အခုက တာချီလိတ် ရောက်ရင် ငါးသောင်းနဲ့ သုံး ထောင်လောက်ဖြစ်သွားတယ်။ အဲဒါ Dream 125 .........(အပြည့်အစုံ)
လှေလမ်းကြောင်းပိတ်ပွဲကို ချောင်းဆုံနှင့် ကျွန်းချောင်းတွင် နှစ်နေရာကျင်းပ
Wed 02 Dec 2009, မင်းအဲ၊ IMNA
ယခုနှစ်အတွင်း ချောင်းဆုံမှ ကြာအင်းဆိပ်ကြီး၊ ချောင်းနှစ်ခွသို့ ပြေးဆွဲနေသည့် ရေလမ်းခရီးပိတ်ပွဲအခမ်းအနားကို ချောင်းဆုံနှင့် ကျွန်းချောင်း၌ ...

မွန်ပြည်သစ်ပါတီ ခရီးစဉ်ကို မသိရှိသည့်အတွက် ဂိတ်တာဝန်ခံ ဗိုလ်ကြီးတဦး ပြောင်းရွေ့ခံရ
Tue 01 Dec 2009, မင်းအာသံ
မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာ၏ မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်အတွင်းရှိ မွန်ကျေးရွာခရီးစဉ်အတွင်း ရေး၊ တံတားဖြူ စစ်ဆေးရေးဂိတ်ကို ...

တောတွင်း ခရီးကြမ်း အပြေးပြိုင်ပွဲတွင် မပါဝင်၍ လုံထိန်း တပ်ရင်း ၂ ရင်းမှ ကျပ်ငွေ တသိန်းစီဒဏ်တပ်ခံရ

၁၂၊၁၊၂၀၀၉

ရခိုင်ပြည်နယ်တွင် အခြေစိုက်ထားသည့် လုံထိန်းတပ်ရင်းများကို ပြုလုပ်သည့် တောင်တွင်း ခရီးကြမ်းအပြေးပြိုင်ပွဲတွင် မပါဝင်ခဲ့သည့်အတွက် လုံထိန်းတပ်ရင်း နှစ်ရင်းမှ ဒဏ်ငွေ တသိန်းစီ နိုင်ငံတော်ရဲဌာနချုပ်ကို ပေးခဲ့ရကြောင်း သိရှိရသည်။ အပြည့်အစုံသို့


တင်ပို့မှုများ၍ ဘင်္ဂလာဒေ့ရှ်ဈေးကွက်တွင် မြန်မာသစ်များ ဈေးကျ

၁၂၊၁၊၂၀၀၉

တင်ပို့မှုများလာနေခြင်းကြောင့် ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် မြန်မာသစ်များ ဈေးကျလာနေသည် ဟု နယ်စပ်ကုန်သည်တစ်ဦးကပြောသည်။ အပြည့်အစုံသို့


ဝ နှင့် နအဖ တိုက်ပွဲဖြစ်နိုင်ခြေအလားအလာ ရာနှုန်းများ

ဗမာ့တပ်မတော် နှင့် ၀ ပြည်သွေးစည်းရေးတပ်မတော်တို့အကြား တိုက်ပွဲဖြစ်နိုင်ခြေအလားအလာ ရာခိုင်နှုန်းများကြောင်း ၀ တပ်မှူးများ နှင့် ရင်းနှီးသည့် တောင်ပိုင်း SSA တပ်မှူးတဦးက ပြောပါသည်။

၉ ကြိမ်မြောက် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ကုန်စည်ပြပွဲ ဖွင့်လှစ်

၉ ကြိမ်မြောက် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ကုန်စည်ပြပွဲကို တရုတ်ဘက်ခြမ်း ကျယ်ဂေါင်မြို့၌ ယနေ့နံနက်ပိုင်းတွင် စတင်ဖွင့်လှစ်...
NLD က နာဂစ်သင့် ဒေသတွင် ရေတွင်းများ တူးဖော်ပေးမည်
သြစတြေးလျားက မြန်မာကို HIV/AIDS တိုက်ဖျက်ရေးအတွက် ကူညီ
မြန်မာတံငါသည် ၁၂ ဦးကို သီရိလင်္ကာရေတပ် ကယ်တင်

တောင်နှင့် အရှေ့တောင်အာရှ အမတ်များ မြန်မာ့အရေး တညီတညွတ်တည်းရှိ (ရုပ်သံသတင်း)

တောင်နှင့် အရှေ့တောင်အာရှ အမတ်များ မြန်မာ့အရေး တညီတညွတ်တည်းရှိ (ရုပ်သံသတင်း)...

နှစ်ဖက်အကြား ညှိနှိုင်းဖြေရှင်းမည်ဟု SSA နှင့် PNLO ပြောဆို

ရှမ်းပြည်တောင်ပိုင်း တပ်မတော် SSA နှင့် ပအိုဝ့်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ PNLO တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲနှင့် ပတ်သက်၍...

ဝိညာဉ် နုတ်သိမ်းခံရခြင်း

ဒီဇင်ဘာလက နှစ်တနှစ်ကို အနားသတ်ရန် စိုင်းပြင်း၍နေသည်။ ၂ဝဝ၉ ခုနှစ်က နောက်ဆုံးနေ့များကို ဖြတ်သန်းရင်း …. ၂ဝ၁ဝ ဆီသို့......


သမိုင်းအသစ် ဖတ်စာအသစ်အတွက် ဉာဏ်စမ်းမေးခွန်းများ - ၎

ကိုမိုက်ခဲစိန်

ဒီဇင်ဘာ ၁၊ ၂၀၀၉

မေးခွန်းများ မေးလာတဲ့ အခန်းဆက်ဆောင်းပါးက ယခု ၂၀၀၆ - ၂၀၁၀ မှာ ဇာတ်သိမ်းမှာ ဖြစ်ပါတယ်။ တကယ်တမ်းကတော့ ၂၀၀၆ က ၂၀၀၉ အထိပဲ ဉာဏ်စမ်းမေးခွန်းတွေကို မေးရမှာ ဖြစ်ပါတယ်။ ၂၀၀၆ နှောင်းပိုင်းမှာ ပူပူနွေးနွေး အကျည်းတန်တဲ့ သွေးစွန်းတဲ့ ဖြစ်ရပ်တွေ လုပ်ကြံမှုကြီးတွေ နှစ်စဉ် ဖြစ်ပွားခဲ့တဲ့အတွက်ကြောင့် စစ်အာဏာသိမ်းပြီး စတုတ္ထ ၅ နှစ်ပိုင်းဟာ မြန်မာများအဖို့ မေ့ပစ်ဖို့ ခဲယဉ်းမှုတွေနဲ့ ပြည့်နေတယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့်မို့လို့ သိပ်ပြီး အသေးစိတ်တဲ့ မေးခွန်းတွေ မေးနေစရာမလိုဘဲ ထင်ရှားတဲ့ အဖြစ်တွေကို ခေါင်းစဉ်လုပ်ပြီး မေးခွန်းတွေအဖြစ် စီစဉ်ထားလို့ရပါတယ်။
အဴပည့္အစုံသိုႛ ...


more


more


more


more


more


more


more


more


more


more


more


more


more

NLD အေအိုင်ဒီအက်စ်နေႛ အခမ်းအနား

စီးပွားရေးနိုဘယ်ဆုရှင် မြန်မာနိုင်ငံကို လာရောက်မည်

အောင်လံတောင်သူများ သီးနှံရင့်မှည့်ပေမယ့် မရိတ်သိမ်းနိုင်

မလေးရှားရောက် မွန်ဒုက္ခသည်များ UNHCR အသိအမှတ်ပြု

ကမ္တာ့အေအိုင်ဒီအက်စ်နေႛ ထိုင်းမြန်မာနယ်စပ်နဲႛ လိုင်ဇ္ဘာမို့မှာ ပြုလုပ်