12.24.2010

မင်္ဂလာရှိမည့် ( ၂၀၁၁)

မင်္ဂလာရှိမည့် ( ၂၀၁၁)

လေးစားအပ်ပါသော
အင်တာနက် ဖရီးဘားမားရောင်းရင်းများသို့ 
မင်္ဂလာပါလို့  နှုတ်ဆက်ရင်း --------
နှလုံးသားတွေ လှကြစေ
အပြုံးပန်းတွေ သီကြစေ
မုဒိတာတရား ပွားနိုင်ကြစေလို့ 
ဆုတောင်းပို့ သ မေတ္တာတော်အနန္တနဲ့ 
နှစ်သစ်ကို ကြိုဆိုလိုက်ပါတယ်။

အဟောင်းတွေကို ထား
အသစ်တွေကို ယူဆောင်
ရာစုနှစ်သစ်
လူသစ် စိတ်သစ်
အတွေးအခေါ်သစ်တွေ
Chinese zodiac
ဒီနှစ်က ယုန်နှစ်
ဒီပလိုမေစီ နှစ် ညှိနှိုင်းရေး နှစ်
ငြိမ်းချမ်းရေးအသွင်ဆောင်သောနှစ်
အိုင်တီ ကမ္ဘာ - မီဒီယာ ကမ္ဘာ-
စီးပွားပျက်လဲ
ကမၻာၾကီၤးက ခပ္တည္တည္ပဲ
သူ ့အထာနဲ ့သူ
လှည့်ပတ်ပြေးနေရဲ့ ။


ကျနော်တို့ နိုင်ငံမှာ
ရေလိုတယ်
မီးလိုတယ်
ကျန်းမာရေးလိုတယ်
ပညာလိုတယ်
ကုန်ဈေးနှုန်းကျဖို့ လိုတယ်
ဆေးလိုတယ်
လောင်စာလိုတယ်
အခြေခံ အခွင့်အရေးတွေလိုတယ်
လူမှုအသင်းအဖွဲ့ များစွာလိုတယ်
စာကြည့်တိုက်တွေလိုတယ်
ဆင်ဆာကင်းလွတ်ခွင့်တွေလိုတယ်
သတင်းလွတ်လပ်ခွင့်တွေလိုတယ်
နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ခွင့်လိုတယ်
သမဂ္ဂဖွဲ့ စည်းခွင့်တွေလိုတယ်
လိုအပ်ခြင်းများစွာနဲ့ 
မြန်မာပြည်ကတော့ လှပစွာ ဖျားနာနေဆဲပါ။

အဲဒီ--အဲဒီ လိုအပ်ချင်များစွာထဲမှာ
အလိုအပ်ဆုံး အတောင့်တဆုံး
(၂၁)ရာစု ပင်လုံတဲ့ 
ဒေါ်အောင်ဆန်းစုကြည် အတွေးအခေါ်သစ်
ဘယ်ပုံဘယ်နည်း-သွားမလဲ
နည်းပညာထွန်းကားတဲ့ ခေတ်ထဲ
ညီရင်းအကိုလို တကယ်ဖြစ်ရေးဆိုရင်
သမိုင်းဟောင်းတွေ
ညည်းချင်းဟစ်မယ့်အစား
(အားမနာတမ်းပြောရရင်လေ)
ကရင်ပြည်သူ အချင်းအချင်းကြား
ရှမ်းပြည်သူ အချင်းချင်းကြား
ရခိုင်ပြည်သူ အချင်းချင်းကြား
ချင်းပြည်သူတွေ အချင်းချင်းကြား
(တကယ့်) ငြိမ်းချမ်းရေးတွေ တည်ဆောက်ရအောင်
မြင်းဒုန်းစိုင်းစီး မြှားပစ်ကျွမ်းတဲ့ 
ဂျင်ဂျစ်ခန်သူရဲကောင်းခေတ်
ဖတ်လို့ ကောင်းတဲ့ သမိုင်းစာအုပ်ထဲမှာ ကျန်ခဲ့ ပြီ။

ကျနော်တို့ အားလုံးအတွက်
ရာစုသစ်မှာ
စိတ်ကူးသစ်တွေလိုတယ်
အစားထိုးမလား
ပေါင်းစပ်မလား
မှီငြမ်းပြုမလား
ချဲ့ ထွင်မလား
ပယ်ဖျက်မလား
ပြောင်းပြန်လှန်မလား
အစဉ်အလာတွေကို ဖောက်ထွက်ရဲတဲ့  သတ္တိလိုတယ်

ကဲ --- ယဉ်ကျေးမှုအရတော့----
အစဉ်အလာမဖျက်
မင်္ဂလာပါလို့  နှုတ်ဆက်ရင်း------
နှစ်သစ်ကို ကြိုဆိုလိုက်ပါတယ်။

ဝန်ခံချက်။ ကျနော် ဗမာ မစစ်ပါ၊
ဖိုးဇီဝ ( ဒီဇင်ဘာ ၂၃ ရက်။ ၂၀၁၀)