2.13.2009

အကြောက်တရားများ



ငယ်စဉ်ကတည်းက အရိုးစွဲခဲ့သော အကြောက်တရားများ


ကျွှန်တော်တို့ ဘ၀မှာ လူမှန်းသိကတည်းက အရာရာမှာ ကြောက်နေခဲ့ရတာပါ။ ငယ်စဉ်လူမှန်း သိတတ်စ ကတည်းက အမေက ပြောမရတဲ့ အခါရပ်ကွက်ထဲက အမူးသမားနဲ့ခြောက် ဒါမှမဟုတ် အမှိုက်သိမ်း ချေးကျုံးတဲ့ ကုလားကြီးနဲ့ ခြောက်လို့ကြောက်ရ။ ကျောင်းတက်တဲ့ အရွယ်ရောက်ပြန်တော့ ကျောင်းအုပ်ဆရာကြီးကို မော်တောင် မကြည့်ရဲအောင် ကြောက်ရ၊ အရိုက်ကြမ်းတဲ့ အတန်းပိုင်ဆရာကို ကြောက်ရနဲ့၊ ကျွန်တော့်သူငယ်ချင်း တယောက်ဆို အပေါ့သွားချင်တာ ဆရာကို ခွင့်မတောင်းရဲလို့ အတန်းထဲမှာ သေးထွက်ကျတဲ့ အထိ ကြောက်ခဲ့ရတာပါ။

အပိုတွေလို့ တချို့ ငယ်သူတွေ ထင်ကြရင် ကိုယ့်ပါတ်ဝန်းကျင်က အသက်လေးဆယ် တန်းလောက်သူတွေကို မေးကြည့်ပါ။ ကျောင်းမှာဆိုလဲ အဆင့်ဆင့် ကြိုးကိုင်ဖို့ သူတို့ဖွဲ့ထားခဲ့တဲ့ တေဇလူငယ်၊ ရှေ့ဆောင်လူငယ်၊ လမ်းစဉ်လူငယ် စတာတွေကို မဖြစ်မနေ ၀င်ခိုင်းတာတွေကို မငြင်းဝံ့အောင် ကြောက်ခဲ့ရတာတွေ၊ ၀န်ထမ်းတွေဆိုလဲ ပါတီဝင်မှ၊ ဖေါင်ကြီးသင်တန်း တက်မှဆို ရာထူးမတက်မှာ ကြောက်လို့ ဇွတ်မှိတ်ပြီး လုပ်ကြရတာတွေ အများကြီးပါ။

ဆင့်ပွါးလာသော ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ အကြောက်တရားများ

အဲဒါတွေ မဟုတ်ဘဲ လမ်းဘေး ဈေးရောင်းတော့ မြူနီစပယ်ကြောက်ရ၊ ဆိုင်ခင်း ရောင်းပြန်တော့ မချိမဆန့် အခွန်အခတွေနဲ့ ဈေးလူကြီးဆိုတာကို ကြောက်ရ၊ ရပ်ကွက်ထဲနေပြန်တော့ ရပ်ကွက်ကောင်စီ (အခုရအဖ) ဆိုတာတွေ ကြောက်ရ၊ အခုတခါ လမ်းဘေးက အလုပ်မရှိ အကိုင်မရှိတွေကိုနေ့တွက်ပေးပြီး စွမ်းအားရှင်တွေ ဆိုတဲ့ တံဆိပ်ကပ် လူတွေကို နှိပ်စက်လို့ ကြောက်ကြရပြန်ရော၊ ယူနီဖေါင်း မပါတာတွေတောင် ဒီလောက် ကြောက်နေရမှ ယူနီဖေါင်း ဝတ်ထားတဲ့ ရဲတို့ စစ်တပ်တို့ဆို ပြောဖို့တောင် မလိုတော့ပါဘူး။ ဒါတောင် ကျွန်တော်တို့ နေခဲ့တာ ရန်ကုန်မြို့ကြီး မှာပါ။

တောနယ်တွေဆို စဉ်းစားသာကြည့်ပါတော့။ အညိုရောင် အမဲရောင်စတဲ့ သူတို့ သတ်မှတ်ထားတဲ့ နယ်မြေ တွေမှာ ဆိုရင်တော့ ပေါ်တာဆွဲခွင့် လိုင်စင်ရ၊ မုဒိမ်းကျင့်ခွင့်လိုင်စင်ရ၊ လူသတ်ခွင့်လိုင်စင်ရတဲ့ လက်နက်ကိုင် အဖွဲ့ အစည်းတွေပေါ့။

ရုပ်ပိုင်းဆိုင်ရာ ကြောက်နေရတာတောင် အားမရနိုင်ကြသေးဘဲ စိတ်ပိုင်းဆိုင်ရာကိုပါ ချိုးနှိမ်မှူ အမျိုးမျိုးတွေနဲ့ စနစ်တကျ ဖိနှိပ်ခံရပါသေးတယ်။ ဘာသာရေး အဆုံးအမတွေထဲက လိုသလို ထုတ်နှုတ်ပြီး စိတ်ပိုင်းဆိုင်ရာပါ ချိုးနှိမ်ကြပြန်ပါတယ်။ ကိုယ့်ထက် တနာရီ တမိနစ် တစက္ကန့်ပဲ ကြီးသူကိုတောင် လေးစားရမယ် ဆိုတာမျိုးတွေက အစချီလို့ အရပ်ဘက်မှာ၊ စစ်တပ်ထဲမှာ အထက်အရာရှိ အဆင့်ဆင့်ကို လုံးဝ ပြန်မလှန်ရဲအောင် ချိုးနှိမ်ထားလိုက်တာ၊ ကိုယ့်ထက် တဆင့်လောက် မြင့်သူကိုတောင် အဲဒီလောက် ကြောက်ရအောင် ချိုးနှိမ်ထားမှတော့ ဗိုလ်ချုပ်မှူးကြီးလောက် ကြီးတဲ့ အကောင်ကြီးကို မော်တောင် မကြည့်ဝန့်တာ အဆန်းတော့ မဟုတ်ပါဘူး။

အကြောက်တရားအပေါ် ရင်ဆိုင်အံတုခဲ့ဘူးသည့် ဖြစ်စဉ်များ

အဲဒီလိုရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာတွေ ချိုးနှိမ်ခံခဲ့ရတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ၈၈အရေးအခင်း လောက် ကြီးမားတဲ့ အရေးအခင်းကြီး ဖြစ်ပွါးခဲ့ရတယ်ဆိုတာ တကယ်စဉ်းစား ကြည့်မယ်ဆိုရင် မယုံနိုင် လောက်အောင် ပါဘဲ။ တဖက်က ပြန်ကြည့်မယ်ဆိုယင်တော့ ဒီလောက်တောင် ကြောက်ရသူတွေကို အဲဒီလို ပြန်တုန့်ပြန် ချင်လာလောက်အောင် ဘယ်လောက်အထိ မတရားမှူတွေကို ပြည်သူလူထုတွေ ခါးစည်း ခံခဲ့ရတယ်ဆိုတာ ပြနေတာပါဘဲ။

တသက်လုံး လူတကာကို အနိုင်ကျင့်လာခဲ့တဲ့ အာဏာရှင် နေဝင်း တယောက်ကတော့ လူထုအား ဆိုတာ ဒါပါပဲလား ဆိုတာ သေသည်အထိ သတိရသွားမှာပါ ။မ.ဆ.လရဲ့ အမွေခံသား န.အ.ဖဆိုတဲ့ စစ်ဗိုလ်များကလဲ ဒီနည်းလမ်းကိုသာ အားထားရာအဖြစ် ယူမှတ်ပြီး လက်နက်နဲ့ခြောက်၊ အာဏာနဲ့ခြောက် ဖိနှိပ်မှုတွေနဲ့ ခြောက်ပြီး ပြီး ဒီလမ်းကို ဆက်ရှောက်နေကြပြန်ပါတယ်။ ဒီတကြိမ်မှာတော့ ပိုပိုပြီး ဖိနှိပ်လာခဲ့ပါတယ်။

လက်နက်နဲ့ အကြမ်းဖက် ဖြေရှင်းတာမျိုးတွေ၊ တကယ့်ရာဇဝတ်သားကြီးတွေလို နှစ်ရှည်ထောင်ဒဏ်တွေ မတရားချတာမျိုးတွေ ကစလို့ နည်းစုံလမ်းစုံနဲ့ မီးကုန်ယမ်းကုန် ဖိနှိပ်လို့ မလှန်နိုင်အောင်ကို ဖိလုပ်ခဲ့တာပါ။ ဒါပေမယ့် သူတို့အောင်မြင်တယ်၊ မအောင်မြင်တယ် ဆိုတာကိုတော့ အဆင့်ဆင့် ဖြစ်ပွားလာခဲ့တဲ့ လူထုအုံကြွမှူတွေ ကျောင်းသား လုပ်ရှားမှူတွေကို ကြည့်ယင် သိနိုင်ပါတယ်။ အခု နောက်ဆုံးဖြစ်ပွားခဲ့တဲ့ သံဃာတော်များ ဦးဆောင်တဲ့ ရွှေဝါရောင် တော်လှန်ရေးကြီးဟာ တကမ္ဘာလုံးကိုတောင် တုန်လှူပ်စေခဲ့တဲ့ သက်သေပါပဲ။

ကျွန်တော်တို့ ပြည်သူလူထုတွေဟာ အခါအခွင့်ကြုံတိုင်း သူတို့ရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို လိုလားတဲ့ ဆန္ဒ၊ စစ်အာဏာရှင် စနစ်အပေါ် ခါးသီးတဲ့ သဘောထားကို စစ်အာဏာ သိမ်းခံရပြီးတဲ့ ၈၈ခုနှစ် နောက်ပိုင်း အဆမတန် ကြီးမြင့်လာတဲ့ ကုန်ဈေးနှုန်းတွေ၊ အမျိုးမျိုးသော အကြပ်အတည်းတွေ ကြားထဲမှာ သူတို့ဘဝ ရှင်သန်ရေး အတွက်၊ မသေရုံတမယ် စားသောက် နေထိုင်ရေးအတွက် ရုန်းကန် လှုပ်ရှားနေရင်းနဲ့တောင် အကြိမ်ပေါင်း မြောက်များစွာ ထုတ်ဖေါ် ပြသခဲ့ ကြပါတယ်။

ဒီမိုကရေစီ နည်းလမ်းကျကျ တရားမျှတစွာ ရွေးချယ်ခွင့်သာ ရှိမယ်ဆိုရင် ဒီမိုကရေစီအရေး လှုပ်ရှား သူတွေဟာ ဘာမဲဆွယ်လှုပ်ရှားမှုမှ မလိုပဲ အိမ်မှာအိပ်နေရင်တောင် အချိန်တန်တဲ့အခါ သူတို့မဲပုံးတွေ ပြည့်နေမှာပါ။

၁၉၉၀ခုနှစ် ရွေးကောက်ပွဲဟာ သက်သေပါပဲ။ ကျွန်တော်ဆိုလိုချင်တာက ပြည်သူလူထုတွေဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အခြေခံအချက်တွေကို ရယူပိုင်ဆိုင်လိုတဲ့ ဆန္ဒတွေ အမြဲ ရှိနေပါတယ် ဆိုတာပါပဲ။ တနည်း ပြောရရင် ကျွန်တော်တို့ ပြည်သူလူထုမှာ နိုင်ငံရေးနိုးကြားမှု အပြည့်အဝရှိတယ် လို့ ဆိုလိုချင်တာပါ။

ဆန္ဒပြရင် ပစ်သတ်မယ်ဆိုပြီး မောင်းတင်ထားတဲ့ သေနတ်ပြောင်းတွေရှေ့မှာ ချီတက်ဆန္ဒ မပြရဲတာနဲ့၊ ပြီးခဲ့တဲ့ စက်တင်ဘာ အရေးအခင်းတုန်းက ရေသန့်ဘူးလေး လှူမိတာတောင် ဖမ်းဆီးချုပ်နှောင်တတ်တဲ့ န.အ.ဖကို တရားဝင်မဆန့်ကျင်ရဲတာကို နိုင်ငံရေးမနိုးကြားဘူးလို့တော့ အလွဲ မသုံးသပ်ကြ စေချင်ပါဘူး။ သူသူကိုယ်ကိုယ် ဘယ်သူမဆို ကိုယ့်အသက် ဆုံးရှုံးရမှာ၊ ဒို့အရေးလို့ တခွန်းလေး အော်မိတာနဲ့ နှစ်ရှည်လများ ထောင်ထဲမှာ သွားနေရမှာကို ကြောက်တာဟာ တရားနည်းလမ်း ကျပါတယ်။ နဂိုကတည်းကို စစ်အာဏာရှင် အဆက်ဆက်ဟာ သူတို့ရဲ့ အာဏာသက် ရှည်ရေးအတွက် အကြောက်တရားကို စနစ်တကျ ပျိုးထောင် ပေးခဲ့တာပါ။

ကြောက်စိတ်ကို ဘယ်လို ဖယ်ရှားနိုင်ပါမလဲ

ပြည်သူလူထုတရပ်လုံး တခဲနက် ပူးပေါင်း ပါဝင်လာဖို့ဆိုတာ ကျွန်တော်အထက်မှာ ဖေါ်ပြခဲ့ သလိုပဲ ပြည်သူလူထု ရင်ထဲမှာ အရိုးစွဲနေတဲ့ အဲဒီအကြောက်တရားကို ဘယ်လို ဖယ်ထုတ်ပေးရမလဲ ဆိုတာအဓိက ကျတဲ့ အချက်ဖြစ်ပါတယ်။ မြန်မာတပြည်လုံးက ပြည်သူတွေရင်မှာ စူးဝင်နေတဲ့ အဲဒီအကြောက်တရားဆိုတဲ့ သပ်တချောင်းကို ဆွဲနှုတ်ပေးနိုင်တဲ့နေ့ဟာ စစ်အာဏာရှင်စနစ် အမြစ်ပြုတ်တဲ့နေ့ပါပဲ။

ကျွန်တော်ရည်ညွန်းတဲ့ ပြည်သူလူထုဆိုတာ သာမန်အရပ်သူ အရပ်သားတွေ သာမကပဲ ဌာနအသီးသီးက အရပ်ဖက်ဝန်ထမ်းတွေ၊ စစ်အာဏာရှင် လက်တဆုပ်စာကလွဲရင် အောက်ခြေဝန်ထမ်း လက်နက်ကိုင် အသီးသီးတွေလည်း အကြုံးဝင်ပါတယ်။ စစ်အာဏာရှင်တစုနဲ့ သူတို့ရဲ့ လက်ဝေခံတချို့ကလွဲရင် အားလုံးဟာ
အကြောက်တရားနဲ့ ချုပ်ကိုင်ခံနေရတာပါ။

အဲဒီလူတွေအားလုံးသာအမှန်တရား(သို့) မိမိတို့ရဲ့ သဘောဆန္ဒကို ဖေါ်ထုတ်တာဟာ ကြောက်စရာ မဟုတ်ဘူးဆိုတာ နားလည်လာခဲ့မယ် ဆိုရင် ရှေ့ဆက်ရေးရမယ့် ကျွန်တော်တို့ မြန်မာ့နိုင်ရေးသမိုင်းမှာ စစ်အာဏာရှင်စနစ်ဆိုတာ သက်ဦးဆံပိုင်ဘုရင်စနစ်လို သမိုင်းထဲမှာ သင်ရတဲ့ အဖြစ်မျိုးကို ရောက်သွားမှာ ကျိန်းသေပါပဲ။

တကယ်တော့ စာမျက်နှာ အနည်းငယ်လောက်နဲ့ အကြောက်တရားကို ဖြေရှင်းလိုက်ရင် ပြဿနာတွေ အားလုံးပြေလည်သွားမယ်လို့ ရေးပြရတာ လွယ်ပါတယ်၊ လက်တွေ့ လူထုကြားမှာ ဖြေရှင်း ဆောင်ရွက်ကြဖို့ လုပ်ဆောင်ရာမှာတော့ အင်မတန်သိမ်မွေ့ပြီး လက်ဝင်တဲ့အလုပ်ပါပဲ။ ကြောက်နေတာကို မကြောက်ပါနဲ့လို့ ပြောဖို့ လွယ်ပေမယ့် အဲဒီအကြောက်တရားက တကယ် လွတ်မြောက်အောင် လုပ်ပေးဖို့ကတော့ သိပ်မလွယ်ပါဘူး။ ဒါပေမယ့် မလုပ်နိုင်အောင် ခက်ခဲတဲ့ အလုပ်မျိုးတော့လဲ မဟုတ်ပါဘူး။

ကာယကံရှင်များ ကိုယ်တိုင် ပူးပေါင်းဆောင်ရွက်ရန် လိုပါသည်

အကြောက်တရားဆိုတာ လူတွေရဲ့ ရင်ထဲမှာ စူးဝင်နေတဲ့ သပ်တချောင်းလို့ ကျွန်တော်တင်ပြခဲ့ ပြီးပါပြီ။ ဆူးဆိုတာ စူးဝင်တုန်းကလဲ နာသလို၊ ဆူးရှိနေတုန်းမှာလဲ နာကျင်ခံစားနေရတာပါပဲ။ ပြန်နှုတ်မယ်ဆိုရင်လဲ အဲဒီနာကျင်မှု နှစ်ရပ်ပေါင်းပြီး ပိုတောင် ခံစားရမှာ ဖြစ်ပါတယ်။ ကျွန်တော် ဆိုလိုချင်တဲ့ သဘောက ဝေဒနာရှင် ကိုယ်တိုင်မှာ အဲဒီဆူးကို တကယ်နှုတ်ချင်တဲ့ ဆန္ဒနဲ့ ပူးပေါင်း ပါဝင်မှ ဒီဝေဒနာကို ကုစားနိုင်မယ် ဆိုတာပါပဲ။ ဆူးဆက်ရှိနေရင် အမြေ့မြေ့နဲ့ ဘဝ တလျောက်လုံး နာကျင်နေမယ်ဆိုတာကို တကယ်သဘောပေါက်သလို ဆူးနှုတ်တဲ့အချိန်မှာ တခဏတာ အပြင်းအထန် နာကျင်မှု ခံစားရပေမယ့် ဆူးထွက်ပြီးတဲ့ အချိန်ကစလို့ ကျမ်းမာ ပျော်ရွင်စွာ နေထိုင် သွားနိုင်မယ်ဆိုတာ ကာယကံရှင် ကိုယ်တိုင် လက္ခံဖို့ လိုပါတယ်။ အဲဒီလိုပါပဲ ကျွန်တော်တို့ ပြည်သူတွေကိုလည်း အကြောက်တရားနဲ့ ဆက်နေသွားမယ် ဆိုရင် အာဏာရှင်စနစ်ရဲ့ သားစဉ် မြေးဆက်ရဲ့ အောက်မှာ ကျွန်သက်ရှည်သွားမယ်။

အကြောက်တရားကို ပယ်ဖျောက်မယ်ဆိုယင်တော့ လက်တလောမှာ ခါးသီးပြင်းထန်တဲ့ တိုက်ပွဲတွေ ကြုံရင် ကြုံနိုင်ပေမယ့် ကျွန်တော်တို့ရဲ့ သားစဉ်မြေးဆက်တွေကတော့ ဒီမိုကရေစီရဲ့ ချိုမြိန်တဲ့ အသီးအပွင့်တွေကို ခံစား နိုင်မှာ ဖြစ်ပါတယ်ဆိုတာ ပြည်သူတွေ ကိုယ်တိုင်နားလည်ပြီး ပူးပေါင်းဆောင်ရွက်လိုတဲ့ စိတ်ဖြစ်လာဖို့ ပထမအဆင့်အနေနဲ့ လိုအပ်ပါတယ်။

ကြောက်စိတ်များကို သရုပ်ခွဲကြည့်ခြင်း

ဒီအကြောက်တရားကို ဖြေရှင်းဖို့ ယျေဘူယျအားဖြင့် သဘောတူပြီဆိုရင် ဖြစ်နိုင်ခြေရှိမယ့် အခြေခံ အချက်ကလေးတွေကို ကျွန်တော်တို့ ဝိုင်းစဉ်းစားနိုင်ပါပြီ။ လောကမှာ ကြောက်နည်း ကြောက်ဟန်တွေ အမျိုးမျိုးရှိပါတယ်၊ သေရမှာ ကြောက်တာ၊ ဖမ်းဆီးခံရမှာ ကြောက်တာ၊ မိမိတို့ စည်းစိမ်ဥစ္စာတွေ၊ ပျက်ဆီးးဆုံးရှုံးမှာ ကြောက်တာ၊ ကိုယ့်ကို မှီခိုနေတဲ့လူတွေ ခိုကိုးရာမဲ့ ဖြစ်မှာ ကြောက်တာ ဒါတွေဟာ ကြီးမားတဲ့ ကြောက်ရွံ့မှူ (အကြောက်ကြီး)လို့ ပြောလို့ ရပါတယ်။

ကျောင်းမှာ ဆရာကိုကြောက်တာ၊ အကောင်ဘလောင်တွေကို ကြောက်တတ်တာ၊ သရဲတစ္ဆေကို ကြောက်တတ်တာ ၊ အခြားအခြားသော အရိုးစွဲနေတဲ့ အကြောက်တရား တချို့ဟာ ပင်ကို ပါလာခဲ့တဲ့ အကြောက်သေးလို့ ပြောလို့ရပါတယ်။

ယုတ္တိဗေဒနည်း ကျကျ စဉ်းစားကြည့်မယ်ဆိုယင်၊ ပုံမှန်အားဖြင့် လူတွေဟာ အကြောက်သေးတွေကို ဖြေရှင်းလို့ ရပေမယ့် အထက်က ပြောတဲ့ အကြောက်ကြီးတွေကို ကျဖြေရှင်းရခက်လိမ့်မယ်လို့ ယူဆစရာရှိပါတယ်။ တကယ်တမ်းမှာတော့ လူတွေဟာ အဲဒီအကြောက်သေးတွေကို သေသည့် တိုင်အောင် ဆက်ကြောက် သွားကြပါတယ်။ ဥပမာ-သရဲကြောက်တဲ့လူဟာ တသက်လုံး အဲဒီလိုပဲ ဆက်ကြောက်သွားတာပါ။

အကြောက်ကြီးလို့ ပြောတဲ့ ဖမ်းဆီင်္းခံရမယ့် ရာဇဝတ်မှုမျိုးတွေ၊ မိမိစည်းစိမ်ဥစ္စာ ပြုတ်ပြုတ်ပြုန်း သွားစေတဲ့ လောင်းကစားမှုမျိုးတွေကိုတော့ ဘဝတလျောက်လုံးမှာ စိတ်ခံစားမှူကိုလိုက်လို့ မကြာခဏဆိုသလို ပြုလုပ်လေ့ရှိကြပါတယ်။ တကယ် နာကျည်းခံပြင်းလာတဲ့ အခါမှာလဲ အဲဒီကြောက်စိတ်တွေဟာ ခွန်အားအဖြစ် ပြောင်းသွားတတ်ပါတယ်။ ရေရှည်ခိုင်မာတဲ့ စနစ်ကျတဲ့ အင်အားမျိုးတော့ မဟုတ်ပါဘူး။ ကောက်ရိုးမီးလို ဟုန်းကနဲ့ တောက်လာပြီး အချိန်အတော်ကြာတဲ့ အခါပြန်ပျောက် သွားတတ်ပါတယ်။ အထက်ပါ ဥပမာကို ကြည့်မယ်ဆိုရင် အရိုးစွဲနေတဲ့ အကြောက်သေး ကပိုလို့ ဖြေရှင်းရ ခက်တယ်ဆိုတာ တွေ့ရပါလိမ့်မယ်။ ကျွန်တော်တို့ ပြည်သူတွေ ရင်ထဲမှာ ရှိနေတဲ့ အခြေအနေက အဲဒီနှစ်မျိုး ရောထွေးနေတယ်ဆို သေသေချာချာ သုံးသပ်ကြည့်ရင် တွေ့ပါလိမ့်မယ်။ ရှိနေတဲ့ မခံချင်စိတ်ကြောင့် မကြာခဏ ဆိုသလို ဆန္ဒပြ လှူပ်ရှားမှူတွေထဲမှာ ပူးပေါင်း ပါဝင်လာခဲ့ပြီး လူထု အုံကြွမှူတွေ ဖြစ်လာပေမယ့် စစ်အာဏာရှင်တွေက အင်အားသုံး ဖြိုခွဲလာတဲ့အခါ အရိုးစွဲနေတဲ့၊နှစ်ပေါင်းများစွာ ဖိစီးလာခဲ့တဲ့ အကြောက်တရားကြောင့် အလွယ်တကူ ပြန်ပြီး ပြိုကွဲသွားပါတယ်။

ရိုးစင်းသော နည်းလမ်းတချို့

ကြီးမားတဲ့ အကြောက်တရားကို မခံချင်စိတ် ပြင်းပြလာတဲ့ အချိန်မှာ ဖယ်ရှားဖေါ်ထုတ်ပေး နိုင်သလို အရိုးစွဲ နေတဲ့ အငုံ့စိတ်(သို့)အကြောက်သေးကိုပါ ဖယ်ရှားပေးဖို့ လိုပါတယ်။ တိရိစ္ဆာန်တွေမှာ ငယ်စဉ် ကတည်းက ကြောက်ခဲ့ရတဲ့ အကောင်ကို ဘယ်လောက်ပဲ အကောင်ကြီးလာပေမယ့် ဘယ်တော့မှ မလှန်ရဲတော့ သလိုပါပဲ။ န.အ.ဖဟာ ဒီအချက်ကို အခွင့်အရေးယူပြီး လူထုကို ငယ်နိုင်လို လုပ်နေတာပါပဲ။ ဒါပေမယ့် အဲဒီအကြောက်သေးတွေကို ဖြေရှင်းဖို့ အင်မတန်ရိုးစင်းတဲ့ နည်းလမ်းတချို့ရှိပါတယ်။

အင်္ဂလိပ်စကား အီဒီယမ်မှာ(Face it)ဆိုတဲ့ အသုံးလေးတခု ရှိခဲ့ဘူးပါတယ်။ သူတို့ဆီမှာ လွန်ခဲ့တဲ့ နှစ်အတော်ကြာ လောက်က ပြဇတ်တွေ ကတဲ့အချိန်မှာ တချို့သရုပ်ဆောင်တွေဟာ ဇတ်ခုံရဲ့အရှိန်ကို ကြောက်တာရော ပရိတ်သတ်ကို ကြောက်တာရောနဲ့ တုန်လှုပ် ခြောက်ခြားနေတဲ့အခါ သူတို့အချင်းချင်း အားပေးတဲ့ အနေနဲ့ (Don’t worry man , face it )လို့ ပြောလေ့ပြောထ ပြောထရှိပါတယ်။ အဓိပ္ပါယ်ကတော့ ရင်ဆိုင်ရမယ့် အတူတူ ရင်ဆိုင်လိုက်စမ်းပါလို့ ပြောတာပါပဲ။ အဲဒီစကားတလုံးနဲ့ ကြောက်စိတ်ကို ဖယ်ရှားပြီိး ရင်ဆိုင်ရင်းနဲ့ အောင်မြင် ကျော်ကြားတဲ့ အနုပညာရှင် ဖြစ်သွားတဲ့လူတွေ အများကြီးရှိခဲ့တယ်လို့ မှတ်သားခဲ့ရဘူးပါတယ်။ သူတို့သာ အဲဒီကြောက်စိတ်ကို ရင်မဆိုင်ခဲ့ဘူး ဆိုရင် အောင်မြင်ကြော်ကြားတဲ့ သူတွေဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။

ကျွန်တော်တင်ပြချင်တဲ့ အချက်က အဲဒီရိုးစင်းတဲ့ အချက်ကလေးပါပဲ။ ဘာကိုကြောက်နေသလဲ ဆိုတာ သေသေချာချာ တွေးခေါ်သုံးသပ်ပြီး ရင်ဆိုင်မှ ပြေလည်မယ်ဆိုရင် ဆိုင်လိုက်ပါဆိုတာပါပဲ။ မြန်မာစကားပုံနဲ့
ပြောရင် "လာမယ့်ဘေး ပြေးတွေ့ " ဆိုတဲ့ သဘောပါ။

စိတ်ပညာရဲ့ သဘောတရားကို နားလည်တဲ့ တချို့ မိဘတွေ ဟာလဲ သူတို့သားသမီးတွေရဲ့ အကြောက် တရားကို သိမ်မွေ့စွာနဲ့ ဖြေရှင်းပေး တတ်ကြပါတယ်။ ဥပမာ သရဲ ကြောက်တတ်တဲ့ ခလေးကို မကြောက်နဲ့လို့ မပြောပဲ ညဘက်မှာ သူတို့ မလုပ်ရဲတဲ့ အလုပ်မျိုးကို နဲနဲချင်း တိုးလုပ်ခိုင်းရင်းနဲ့ အကြောက်တရားကို ဖျောက်ပေး တတ်ကြပါတယ်။ တနည်းဆိုရင် သူတို့ကြောက်နေတဲ့ အရာနဲ့ မသိမသာ ရင်ဆိုင်ခိုင်း တာပါပဲ တကယ် ရင်ဆိုင်ကြည့်လို့ ဘာမှမဖြစ်မှန်း သိလာတဲ့အခါ အဲဒီအကြောက်တရားဟာ အလိုလို ပျောက်ပျက်သွားပါတယ်။

ကျွန်တော်အင်္ဂလိပ်စာ သင်တန်းတက်တော့ အဲဒီ (Face it) ဆိုတဲ့စကားလုံးလေးကို သိလာတဲ့အခါ နှစ်ခြိုက်လို့ ကျွန်တော်ကြောက်တဲ့ ရှောင်လွှဲလို့လည်း မရတဲ့ကိစ္စ တော်တော်များများကို အဲဒီလိုပဲ ရင်ဆိုင်ခဲ့ဘူးပါတယ်။ ရာနှုန်းပြည့် မဟုတ်ပေမယ့် ၉၀ ရာခိုင်နှုန်းလောက်ဟာ ကျွန်တော်ကြောက်ခဲ့သလို ဖြစ်မလာပါဘူး။ ကျန်တဲ့၁၀ရာခိုင်နှုန်း လောက်ကလဲ အဲဒီကိစ္စကို ရှောင်လွှဲမနေပဲ ထိပ်တိုက်ရင်ဆိုင်ခဲ့တဲ့ အတွက် ဖြေရှင်းဖို့ အချိန်ပိုရခဲ့ပါတယ်။

ကြုံခဲ့ပြီးသော အဖြစ်အပျက်များမှ သင်ခန်းစာများ

အခြားအခြားသော မြောက်များစွာသော ဥပမာတွေ ထပ်ပေးနိုင်ပေမယ့် စာဖတ်သူတွေမှာလည်း ကျွန်တော့်လိုပဲ ကိုယ်တိုင် ရင်ဆိုင်ကြုံတွေ့ဘူးတဲ့ လူတွေချည်းပဲမို့ ထပ်မံ မတင်ပြတော့ပါဘူး။ လူတိုင်းသာ မတရားဘူးလို့ထင်တဲ့ ကိစ္စတွေကို အကြောက်တရားနဲ့ ကြိတ်မှိတ်ငုံ့ခံမနေပဲ ကိုယ့်အသိ စိတ်ဓါတ်နဲ့ ကိုယ်ဝိုင်းဝန်းရင်ဆိုင်ကြမယ်ဆိုရင် မတရားတဲ့သူတွေဟာ ပြေးစရာမြေတောင် ရှိမှာမဟုတ်ပါဘူး။ ကျောက်တောင်ကြီးကို ခေါင်းနဲ့ ဆောင့်ရင်တော့ ခေါင်းကွဲမှာအမှန်ပါ။ ဒါပေမယ့် မဖြစ်မနေ လုပ်သင့်လုပ်ထိုက်တယ်လို့ ကိုယ့်စိတ်ထဲက ယုံကြည်လာပြီ ဆိုယင်တော့ ဖြစ်နိုင်မယ့် နည်းလမ်းဟာ ထွက်ပေါ်လာမှာပါ။

၁၉၈၈ခုနှစ် အရေးအခင်းတုန်းက မြေနီကုန်းကြက်တန်းအနီးမှာ ကျောင်းသားငယ်လေး တွေကို ဒိုင်းတွေတုတ်တွေကိုင်ထားတဲ့ လုံထိန်းတွေက ရိုက်နှက်နေတဲ့အချိန်မှာ အနားမှာရှိတဲ့ ပြည်သူလူထုက မတရားတာကို သိတဲ့စိတ်နဲ့ ဝိုင်းဝန်း ပါဝင်ပတ်သတ်လာတဲ့ အခါ လုံထိန်းတွေ ခွေးပြေး ဝက်ပြေးပြေး ကြရပါတယ်။ ဒါလဲမတရားတာကို လူထုအားနဲ့ရင်ဆိုင်နိုင်တဲ့ သက်သေပြချက်တခုပါ။

နောက်တခါ ဆန္ဒပြပြည်သူလူထုထဲကို သေနတ်နဲ့ပစ်တဲ့ ကုန်သွယ်ရေးရုံး အပေါ်က လက်နက် အပြည့်အစုံနဲ့ တပ်စိတ် တစိတ်ကို ၁၉၈၈မှာ လက်နက်မဲ့ ပြည်သူလူထုကြီးက ဝိုင်းဝန်းညာသံပေးပြီး ဖမ်းဆီး လက်နက် သိမ်းနိုင်ခဲ့ ပါတယ်။

၈၈အရေးအခင်းကာလမှာလဲ အုပ်ချုပ်ရေး ပျက်သွားတဲ့အချိန်မှာ ကိုယ့်ရပ်ကွက်ကို ကိုယ်စည်းရိုးကာလို့ ကိုယ့်လုံခြုံရေးကို ကိုယ့်အသိစိတ်ဓါတ်နဲ့ ကိုယ် တာဝန်ယူခဲ့ ကြရတာပါ။ ဘယ်မသမာသူ တယောက် ဒါမှမဟုတ် စစ်ကားတစီးမှ ကျူးကျော်မဝင်ရောက်နိုင်ပါဘူး။ တကယ်ဆိုယင် အဲဒီအချိန်ဟာ အရပ်ဖက်အုပ်ချုပ်ရေးရဲ့ အစပါ။ ရပ်ကွက် အုပ်ချုပ်ရေးမှ မြို့နယ်၊ မြို့နယ်မှ တိုင်းနဲ့ပြည်နယ်၊ အဲဒီကမှ တပြည်လုံးအထိ အရပ်ဘက် အုပ်ချုပ် ရေးကို ဖေါ်ဆောင်နိုင်တဲ့ အချိန်ပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ အခွင့်အရေး ဆက်မယူနိုင် ခဲ့ကြပါဘူး။

စက်တင်ဘာ ၁၈ ရက်နေ့မှာ အာဏာသိမ်းတဲ့အချိန်ကစလို့ ပစ်တော့ခတ်တော့မယ်ဆိုတဲ့ အကြောက်တရားက ကျွန်တော်တို့ရဲ့ ခိုင်မာတဲ့ စုစည်းမှုတွေကို တခုပြီးတခုဖြိုခွဲသွားတာပါ။ ပစ်ခတ်ဖြိုခွဲခံရတဲ့ နေရာက လက်ချိုး ရေလို့ရပါတယ်။ သူ့အလိုလျောက် ပြိုကွဲသွားတဲ့ နေရာတွေက ရေတွက်လို့တောင် မရပါဘူး။ ဒါဟာ အကြောက်တရားက ပေးတဲ့ ဆုံးရှုံးမှုတခုပါ။

၁၉၉၀ ရွေးကောက်ပွဲမှာလဲ ကျွန်တော်တို့ရဲဝံ့စုစည်းစွာနဲ့ တခါအောင်ပွဲခံနိုင်ခဲ့ပြန်ပါတယ်။ ပြီးမှ နအဖ ခြိမ်းခြောက်ထုတ်ပြန်တဲ့ ဥပဒေတွေကို ကြောက်တဲ့စိတ်နဲ့ ရှုံးခဲ့ရပြန်တာပါ။ ကျွန်တော် ထင်သာမြင်သာတဲ့ ဥပမာတခု နောက်ဆုံးပေးချင်ပါသေးတယ်။

လူမိုက်အစုတ်အပြတ်တွေကို ကောက်သင်းကောက်ထားတဲ့ စွမ်းအားရှင်ဆိုတဲ့ နအဖရဲ့ နေ့စားလူမိုက်တွေ လှည်းတန်းမှာ မစုစုနွေးတို့အဖွဲ့တွေကို အတင်းဝင်ဆွဲနေတဲ့ အချိန်မှာ ဒီလှည်းတန်း အနီးဝန်းကျင်မှာ လူဦးရေ ဟာ မရှိဘူးဆိုရင် ၅၀၀နီးပါးလောက် ရှိပါတယ်။ စွမ်းအားရှင်ဆိုတဲ့ ကလေကချေ အုပ်စုတွေက လွန်ရောကျွံရော ၂၀ယောက်ကျော်ပါပဲ။ ကျွန်တော်အဲဒီဓါတ်ပုံကို ဒီဆောင်းပါးရေး နေတဲ့အချိန်မှာ ကြည့်ရင်း စဉ်စားမိတာ တခုက အဲဒီလှည်းတန်း ပရိတ်သတ် နေရာမှာ ဟိုတုန်းက မြေနီကုန်းက ပရိတ်သတ်သာဆိုရင် အဲဒီ စွမ်းအားရှင် ဆိုတဲ့ လူတွေ ခွေးပြေး ဝက်ပြေး ပြေးရမှာပါ။

မြန်မာပြည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် ကိုယ်ကျိုးစွန့် ဆောင်ရွက်နေကြသူ တွေကို မတရားနိုင်ထက်စီးနင်း လုပ်ခံနေရမှန်းလဲလည်း သိပါရဲ့ နဲ့ဝင်ပါတ်သက်ရင် ငါပါ ဒုက္ခဖြစ်လိမ့်မယ် ဆိုတဲ့ အကြောက်တရားကြောင့် ပြည်သူလူထု အများကြီး ကြားမှာ အဲဒီလက်တဆုတ်စာ လူတစုက မတရား လုပ်နိုင်တာပါ။ ဒီနေ့အထိလည်း လူကြား သူကြားထဲမှာပဲ လိုင်စင်ရ အာဏာ ပါးကွက်သား များလို အနိုင့်ထက် ပြုကျင့် နိုင်နေကြတာပါ။

ပြည်သူလူထု ပိုင်ဆိုင်သောအရာ

ကျွန်တော် နိဂုံးချုပ်အနေနဲ့ တင်ပြချင်တာက တိုင်းပြည်အုပ်ချုပ်မှု အာဏာဆိုသည်မှာ မိမိတို့ ပြည်သူလူထု ပိုင်ဆိုင်သော အရာဖြစ်တယ်ဆိုတာပါပဲ။ ကျွန်တော်တို့မှာ ကိုယ့်ကို အုပ်ချုပ်မယ့်သူကို ရွေး ချယ်ပိုင်ခွင့်၊ အများ သဘောတူတဲ့ ဥပဒေတွေ ပြဌန်းပိုင်ခွင့်၊ တရားစီရင်နိုင်တဲ့ အာဏာကို မိမိတို့သဘောကျတဲ့ သူကို အပ်နှင်း ပိုင်ခွင့် စတာတွေ အပါအဝင် အများပြည်သူနဲ့ သက်ဆိုင်သမျှ အားလုံးဟာ ပြည်သူအားလုံး ပိုင်ဆိုင်တဲ့ အရာတွေဖြစ်ပါတယ်။

မိမိပိုင်ဆိုင်တဲ့အိမ်ကို တပါးသူ ဝင်ရောက် နိုင်ထက်စီးနင်း လုပ်ရင် ပြန်လည်တွန်းလှန်ရမယ် ဆိုတာ လူတိုင်း သိကြပါတယ်။ ကိုယ့်ရဲ့ လူပီသတဲ့ အခွင့်အရေးအားလုံးကို အနိုင်ထက် ပြုကျင့် သိမ်းယူထားတဲ့ သူတွေကို တွန်းလှန်ဖယ်ရှားဖို့ ဆိုတာ ပိုတောင် လုပ်သင့်တဲ့ အရာဖြစ်ပါတယ်။ ကိုယ့်ရဲပိုင်ဆိုင်မှုတွေ ကိုယ့်လက်ထဲ ပြန်ရောက်ဖို့ အတွက် မိမိတို့ကို ဖိစီး ခြိမ်းခြောက်နေတဲ့ အဲဒီ အကြောက်တရားတွေကို လက်တွေ့ နည်းလမ်းရှာ ရင်ဆိုင်ကြည့်တဲ့ နည်းနဲ့ ရဲရဲဝံ့ဝံ့ အဖြေရှာ ရင်ဆိုင် ကြည့်ကြပါစို့လို့ တင်ပြလိုက်ပါတယ်။



D-Wave
ယခုဆောင်းပါးကို ၂၀၀၈ ဂျူလိုင်လ ၇ ရက်နေ့က ဖေါ်ပြပြီး ဖြစ်ပါသည်။ အချိန်အခါနှင့် တိုက်ဆိုင်၍ ပြန်လည် ဖေါ်ပြခြင်း ဖြစ်ပါသည်။

မတရား အလုပ်ဖြုတ်ခံရသည့် မြန်မာ အလုပ်သမ ၄ ဦး နစ်နာကြေးရရှိ



JACBA

ဖေဖေါ်ဝါရီ ၁၃

ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် အကြောင်းပြချက် တစ်စုံတစ်ခု မရှိပဲ အလုပ်ဖြုတ်ခံခဲ့ရသော မြန်မာ အလုပ် သမများ ယမန်နေ့က နစ်နာကြေးငွေ ဘတ်တစ်သိန်းကျော် ရရှိလိုက်သည်။

၂၀၀၉ခုနှစ် ဖေဖော်ဝါရီလ၁၂ရက်နေ့ တွင် အလုပ်ရှင်က လျော်ကြေးငွေ (၁သိန်း၂သောင်း) ပေးသည်ကို
အလုပ် သမား ၄ဦးက ထိုင်းရှေ့ နေ ရုံးမှ တစ်ဆင့် လက်ခံ ရယူခဲ့သည်။၂၀၀၇ခုနှစ် မေလ ၁၈ရက်က အမျိုးသမီး ၂၄ဦး အကြောင်းမဲ့ အလုပ်ဖြုတ်ခံခဲ့ရစဉ် မဲဆောက် အခြေစိုက်(JACBA နှင့် SAW)တို့ မှ စောင့်ရှောက် ထားသည်။

၂၀၀၇ခုနှစ် ဇွန်လ ထိုင်းရှေ့ နေများ ကောင်စီ ဥပဒေ အထောက်အကူပြုဌာန (LLC)နှင့် တွဲဖက်၍ မြန်မာ ပြည်သူများ အရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA)မှ အလုပ်သမား ကာကွယ်ရေးရုံးသို့ အဆိုပါ အမှုကို တရားရုံး တင်ခဲ့သည်။ တရားရုံးသို့ မချိုသက်၊ မအိအိမွန်၊ မချိုချိုနှင့် မခင်ဌေးဝင်း ၄ဦးသာ တိုင်ကြားခဲ့သည်။)

၂၀၀၈ခုနှစ် ဇွန်လ၂၈ရက် အလုပ်သမား တရားရုံးမှ အဆိုပါ အလုပ်သမား၎ဦးအတွက် လျော်ကြေး
ငွေ (၄သိန်းခွဲ)ကို ပေးစေရန် တရားရုံးက ချမှတ်ခဲ့သည်။၂၀၀၈ခုနှစ် ဒီဇင်ဘာလ ၂၆ရက်နေ့ တွင် အလုပ်ရှင်က လျော်ကြေးပေးရန် ပျက်ကွက်သဖြင့်အလုပ်သမား တရားရုံးမှ အလုပ်ရှင်ပိုင်သောသိုးမွှေးစက် (၅၃)လုံးကို အမိန့် ဖြင့် သိမ်းယူခဲ့သည်။ ထိုသို့ စက်များ အသိမ်းခံရကာမှ အလုပ်ရှင်ဘက်က သဘောထားပြောင်းကာ လျော်ကြေးပေးရန် သဘောတူခဲ့သည်။ သို့သော် ၄င်း၏ အခြေအနေအရ လျော်ကြေးငွေ (၁သိန်း၂သောင်း)သာ ပေးနိုင်ပါကြောင်း တရားရုံးထံ ပန်ကြားခဲ့သည်။

မြန်မာပြည်သူများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA)ဥက္ကဌ ကိုမိုးကြိုး က “ကျနော်တို့အဖွဲ့ စတင် ဖွဲ့စည်း ခဲ့တဲ့ ၂၀၀၄ ကနေ ၂၀၀၉ ခုထိဆိုရင်ဒီလိုနစ်နာဆုံးရှုံးမှုတွေကနေ အမှုပေါင်း ၃၀ အတွက် လျှော်ကြေး (ဘတ်၇၀၀၀၀၀) ရရှိ အောင်မြင်ခဲ့ပြီး ဖြစ် ပါတယ်၊”ဟု ပြောသည်။

မဲဆောက်မြို့ တွင်း ထိုင်းအစိုးရအနေဖြင့် တစ်နေ့လုပ်အားခ ၁၅၀ ဘတ် သတ်မှတ်ထားသော်လည်း လုပ်ငန်းရှင်များက မည်သည့်အခါမှ မပေးသည့်အပြင် အလုပ်ရုံပိုင်ရှင်များက စည်းဝေးတိုင်ပင်၍ တစ်နေ့ကို ၁၂၀ ဘတ်ပေးမည်ဟု တရားဝင် ထုတ်ဖေါ် ပြောဆိုခဲ့သော်လည်း ယခုအချိန်ထိ မဲဆောက်တွင် မြန်မာအလုပ်သမား တစ်ယောက်၏ လုပ်အားခမှာ ဘတ် ၄၀ နှင့် ဘတ်၁၀၀ အကြားတွင်သာ ရှိသည်။ မဲဆောက်မြို့သည် အလုပ်သမား လိုအပ်ချက်ထက် အလုပ်သမားများ အလွန်ပိုလျှံနေသဖြင့် လုပ်ငန်းရှင်များက ပေးချင် သလောက် ပေး၍ ခိုင်းစေနေကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများက ပြောပြသည်။

ကိုကျော်သောင်းမှ ပေးပို့ပါသည်။

သတင်းပဒေသာ

NEJ/ ၁၃ ဖေဖော်ဝါရီ ၂၀၀၉

မြန်မာ့ဆန်မှာ အရည်အသွေးညံ့သည့်တိုင် အာဖရိကမှအ၀ယ် လိုက်နေသည့်အတွက် ဇန်န၀ါရီလမှစပြီး တန်ချိန် (၄၀၀,၀၀၀) ထိ အရောင်းသွက်နေသည်ဟု အာရှဒေသတွင်းရှိ ဆန်ကြိုရောင်း ကြိုဝယ်သမားများက ပြောသည်။ ဗီယက်နမ်ဆန်က တတန်ကို ကန်ဒေါ်လာ (၃၄၈) မှ (၃၅၃) ဒေါ်လာထိ ရောင်းနေချိန်တွင် ဆန်အကျိုး (၂၅) ရာနှုန်းပါသည့် ...အပြည့်အစုံသို့


မရမ်းကုန်းဓာတ်အားခွဲရုံ မီးလောင်
သိန်း (၃၀၀) ဖိုးဆုံးရှုံး

NEJ/ ၁၃ ဖေဖော်ဝါရီ ၂၀၀၉
ဖေဖော်ဝါရီ (၁၂) ရက် ပြည်ထောင်စုနေ့ ညနေ (၄) နာရီခွဲ အချိန်ခန့်က ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် စိန်ပန်းမြိုင် လျှပ်စစ်ဓာတ်အားခွဲစက်ရုံ မီးလောင်ကြောင်း ရန်ကုန်မြို့ခံများ ၏ ပြောပြချက်အရ သိရသည်။ မီးလောင်မှုကြောင့် ထရန် စဖော်မာတလုံး ပျက်စီးခဲ့ပြီး မြို့နယ်လျှပ်စစ်ရုံးတာဝန်ခံတဦး ၏ ပြောပြချက်အရ ...အပြည့်အစုံသို့
မြန်မာရှေးဟောင်းပစ္စည်းတွေ
ဒီလိုခိုးထုတ်ပါတယ်
ရဲရင့်မြင့်မောင်/ ၁၃ ဖေဖော်ဝါရီ ၂၀၀၉
မြန်မာနိုင်ငံတွင် စစ်အစိုးရများ အဆက်ဆက် စီးပွားရေးတောက် လျှောက်ကျဆင်းလာပြီး လူမူရေး ဘက်မှာလည်း အကျင့်စာရိတ္တ ပျက်ပြားမှုများ တိုးမြင့်လာသည့်အပြင် မြန်မာစစ်အစိုးရ များကလည်း ရှေးဟောင်းပစ္စည်း ...အပြည့်အစုံသို့


ပိတ်ထားသော မြန်မာ့လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း နောက်ဆုံး နေသွားခဲ့သည့် ရန်ကုန်မြို့ရှိ နေအိမ် ...ရန်ကုန်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုရုံးချုပ်တွင် ဖေဖော်ဝါရီ ၁၂ ရက်၊ ၂၀၀၉ ခုနှစ်က ၆၂ မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အခမ်းအနား....

် ပြည်ထောင်စုနေ့ အခမ်းအနား

ရန်ကုန်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုရုံးချုပ်တွင် ဖေဖော်ဝါရီ ၁၂ ရက်၊ ၂၀၀၉ ခုနှစ်က ၆၂ မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အခမ်းအနား....

ဦးတင်ဦး၏ နေအိမ်အကျယ်ချုပ် သက်တမ်းတိုး

မြန်မာစစ်အစိုးရက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင်ဦး၏ နေအိမ် အကျယ်ချုပ် သက်တမ်းကို တိုးမြှင့်လိုက်ပြန်ကြောင်း သတင်းရပ်ကွက်များ အပြောအရ သိရသည်။ မကြာမီအသက် ၈၂ နှစ်...
ရိုဟင်ဂျာကို စာနာသော မင်းသမီးကို ထိုင်းအစိုးရ မကျေနပ်

ရိုဟင်ဂျာကို စာနာသော မင်းသမီးကို ထိုင်းအစိုးရ မကျေနပ်

ကမ္ဘာကျော် ဟောလိဝုဒ် မင်းသမီး အန်ဂျလီနာ ဂျိုလီ၏ ရိုဟင်ဂျာများ အရေးနှင့် ပတ်သက်သည့် မှတ်ချက် စကားကို ထိုင်းအစိုးရ ခေါင်းဆောင်များက ဘ၀င်မကျ ဖြစ်နေကြသည်။

နာမည်မသေသော ဖဒိုမန်းရှာ

ကရင် တိုင်းရင်းသား ခေါင်းဆောင် ဖဒိုမန်းရှာလားဖန်း လုပ်ကြံခံရပြီး ကွယ်လွန်ခဲ့သည်မှာ ၁ နှစ်ပြည့်ပြီ ဖြစ်သော်လည်း ယခုအချိန်အထိ ဒီမိုကရေစီ အင်အားစုများက သတိရနေကြဆဲ

ရိက္ခာရှားပါးသော်လည်း ဆန်အမြောက်အမြား ပြည်ပတင်ပို့နေ

မြန်မာ နိုင်ငံတွင်း လူ ၅ သန်းခန့် စားနပ်ရိက္ခာ အခက်အခဲနှင့် ရင်ဆိုင်နေရ သော်လည်း စစ်အစိုးရက ဇန်န၀ါရီ လ မှစတင်၍ ပြည်ပသို့ ဈေးအနိမ့်ဖြင့် ဆန်အမြောက်အမြား တင်ပို့မှု

အကျဉ်းသား လွှတ်ပေးရန် ပြည်ထောင်စုနေ့တွင် လူ ၅၀၀ လက်မှတ်ထိုး

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ရုံးတွင် ယနေ့ ကျင်းပသော ၆၂ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား တက်ရောက် လာသူများက နိုင်ငံရေး အကျဉ်းသားများ

- ဗိုလ်ချုပ်မွေးနေ့ပွဲ ဒီချုပ် ကျင်းပ click
- ဦးတင်ဦး၏ နေအိမ်အကျယ်ချုပ် သက်တမ်းတိုး click
- အနာဂတ် ဘယ်မှာ (ဆောင်းပါး) click
- မမေ့သင့်သော ကလေးများနေ့ (ဆောင်းပါး) click
- စစ်အစိုးရ၏ ရွေးကောက်ပွဲကို ကန့်ကွက်ခဲ့သည့် အမတ်နှစ်ဦးကို ထောင်ဒဏ်ချမှတ် click
- နိုင်ငံရေးအကျဉ်းသားလွှတ်ရန်၊ လွှတ်တော်ခေါ်ရန် အဖွဲ့ချုပ်တောင်းဆို၊ လက်မှတ်ရေးထိုးလှုပ်ရှားမှု စတင် click
- ခပ်ညံ့ညံ့ မြန်မာဆန် ကမ္ဘာ့ဈေးကွက် အရောင်းသွက် click
- မရမ်းကုန်းဓာတ်အားခွဲရုံ မီးလောင်၊ သိန်း ၃၀၀ ဖိုး ဆုံးရှုံး click
- မြန်မာရှေးဟောင်းပစ္စည်းတွေ ဒီလိုခိုးထုတ်ပါတယ် (သတင်းဆောင်းပါး) click
- မြန်မာဒုက္ခသည်များ ထိုင်းနယ်စပ်မှာ ရောင်းစားခံရ click
- ကုလသမဂ္ဂမှ မြန်မာသံအမတ်ဖယ်ရှားရေး CC ရပ်ဆိုင်းသွားပြီလား (ဆောင်းပါး) click
- အရေးကြီးပြီ သွေးနီးကြပါစို့ (၂) (ဆောင်းပါး) click
- နာမည်မသေသော ဖဒိုမန်းရှာ click
- ရိက္ခာရှားပါးသော်လည်း ဆန်အမြောက်အမြား ပြည်ပတင်ပို့နေ click
- သုံးပွင့်ဆိုင်ဆွေးနွေးပါဟု စစ်အစိုးရကို ယူအန်အေ တောင်းဆို click
- တိုင်းရင်းသားခေါင်းဆောင်သုံးဦးက ဂျပန်၌ မြန်မာ့အရေး တင်ပြတောင်းဆို click
- ပြည်ထောင်စုနေ့ညစာစားပွဲ တိုင်းရင်းသားများ လက်ဆုံစား click
- ပြည်ထောင်စုနေ့ အခမ်းအနား အိန္ဒိယ၌ ကျင်းပ၊ ဗြိတိန်၌ ချီတက်ဆန္ဒပြ click
- ပြည်ထောင်စုနေ့၌ ရခိုင်နှင့် ချင်းအဖွဲ့အစည်းတို့က ကြေညာချက်ထုတ်ပြန် click
- မန္တလေး၊ ရေနံချောင်းနှင့် ကွာလာလမ်ပူ၌ ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပ click
- အဖွဲ့ချုပ်က ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပ click
- ရိုဟင်ဂျာများကို ပင်လယ်ထဲ နှင်ထုတ်ခဲ့ကြောင်း ထိုင်းဝန်ကြီးချုပ် ၀န်ခံ click
- ရိုဟင်ဂျာကို စာနာသော မင်းသမီးကို ထိုင်းအစိုးရ မကျေနပ် click
- “ရိုဟင်ဂျာဟာ အာရကန်သား” (အင်တာဗျူး) click
- မြန်မာ့ကြော်ငြာလုပ်ငန်း ထိုးကျသွား click
- မဇ္ဈိမသတင်းထောက် ပြန်လွတ်လာပြီ click
- မြန်မာငွေဈေး မြင့်တက် click
- တရုတ်များ မိုင်ဂျာယန်ကို စွန့်ခွာ click
- နေရောင်မခတဲ့ တောင်တွေဆီမှာ (ဆောင်းပါး) click
- စီးပွားရေးအကျပ်အတည်းက အမေရိကန်လုံခြုံရေးကို ခြိမ်းခြောက် click
- ကုန်ဈေးနှုန်း၊ နယ်စပ်ကုန်သွယ်ရေး click
- ရှေ့နေများကောင်စီက ဥပဒေသင်တန်း ဖွင့်လှစ် click
- ရွှေဈေးကျသော်လည်း ၀ယ်သူမရှိ click
- အပြည်ပြည်ဆိုင်ရာ သံဃာ့ဦးသျှောင်အဖွဲ့(ဘင်္ဂလာဒေ့ခ်ျဌာနခွဲ)ကို အသစ်ပြန်လည်ဖွဲ့စည်း click
- နိရဉ္စရာနှင့် ဆက်သွယ်မူကြောင့် ဒီမိုကရေစီအရေးလှုပ်ရှားသူတဦး ထောင် ၅ နှစ် ချမှတ်ခံရ click
အသားမည်းသူများ သတိထား (ကာတွန်း ဟန်လေး - ဧရာဝတီဝက်ဘ်ဆိုက်)

Burma News

Jolie's Refugee Comment Stirs Debate in Thailand

By AMBIKA AHUJA
Thailand's government may still be miffed at Angelina Jolie for speaking out on behalf of impoverished boat people, but the actress has prompted soul-searching for some.

Justice in Sight for Khmer Rouge Victims

By MARWAAN MACAN-MAKAR
An experiment in international justice finally gets under way on February 17 when a war crimes tribunal begins in Cambodia to prosecute the notorious jailer of the genocidal Khmer Rouge regime.

NLD Marks Union Day with Petition Calling for Release of Prisoners

By MIN LWIN
Burma’s main opposition party has launched a new campaign for the release of political prisoners at a gathering to mark the country’s 62nd Union Day.

For Whom the Bell Tolls

(Environment) Forests in Northern Burma, some of the last frontiers of Asia's rain forests, are facing a chronic threat. Logging is back in Kachin State with a new mask. Logging...

Junta's business crony to build Natural Park in northern Burma

The Burmese military junta's business associate, the Htoo Trading Company, has begun building a Natural Park in Northern Burma, which will house rare species of butterflies, orchids and wild...

Chinese businessmen abandon Sino-Burmese border town

Chinese authorities have cut off electricity supply and disconnected telephone lines in the Burmese town of Maija Yang on the Sino-Burmese border, compelling thousands of Chinese businessmen....

Exiled Burmese government calls for tripartite dialogue on Union Day

Burma's government in exile – the National Coalition Government of Union of Burma – today urged the ruling military junta to immediately begin a tripartite dialogue with the opposition party..

Ulster To Honour Burma Pro-Democracy Leader Aung San Suu Kyi
University of Ulster Online - Coleraine,UK
Leader of the National League for Burma and Nobel Peace Laureate Aung San Suu Kyi will be awarded the honorary degree of Doctor of Laws (LLD) in abstentia ...
See all stories on this topic
Czech Happenings
Four Burmese families arrive in Prague to get asylum
Czech Happenings - Pragues,Czech Republic
Prague - Four Burmese families, whom the Czech Republic has grated asylum, arrived in Prague today, Tomas Haisman, from the Czech Interior Ministry, ...
See all stories on this topic
Call to prayer for Burma's oppressed Karen minority
ChristianToday - London,UK
Christian Solidarity Worldwide is calling for prayers for Burma this weekend on the first anniversary of a Karen leader in Burma. ...
See all stories on this topic
FIJI: South Pacific's Burma?
Inter Press Service - Rome,Italy
"I honestly fear that we may be seeing, in an embryonic form, the ‘Burma of the Pacific,’" says Lal, who was part of the three-member Fiji Constitution ...
See all stories on this topic
Angelina Jolie's defence of Muslim refugees criticised
guardian.co.uk - UK
A senior Thai diplomat rebuked Hollywood star Angelina Jolie yesterday for speaking out on behalf of Muslim refugees from Burma. ...
See all stories on this topic
Activists lobby Burmese embassy in Malaysia
Democratic Voice of Burma - Oslo,Norway
Feb 12, 2009 (DVB)–Malaysian police forced the Burmese embassy in Kuala Lumpur to accept a statement from opposition activists during a demonstration ...
See all stories on this topic
Malaysia Sun
Obama can learn from Bush on Burma
Malaysia Sun - Malaysia
In 2005, he spent almost an hour in the Oval Office with a young Shan woman activist from Burma, Charm Tong, and heard about the military regime's use of ...
See all stories on this topic
Urging Justice for Detained Burmese in India
NewsBlaze - Folsom,CA,USA
By Nava Thakuria The pro-democracy Indian civil society groups and the exile Burmese in India came one and all to raise voice for the detained 34 Burmese ...
See all stories on this topic
The human rights brand
Boston Globe - United States
This is commendable, as is the ad's salute to Aung San Suu Kyi, the Nobel Peace Prize winner who has been incarcerated by the dictatorship in Burma for 13 ...
See all stories on this topic
Burma envoy raps ugly, dark Rohingya
Bangkok Post - Thailand
Hong Kong (AFP) - The top Burmese official in Hong Kong has described the Rohingya people as "ugly as ogres" in a letter sent to media and foreign officials ...
See all stories on this topic

Blogs Alert for: Burma news

URGENT REQUEST FROM THE JUNGLES OF BURMA - Buffalohair Gazette ...
By Buffalohair
Let's assume you've plucked this fine publication, at least once, from one of its many red news boxes on New York City sidewalks. You might not have noticed that the container had been mischievously assaulted with a frantic array of ...
Buffalohair Gazette International - http://buffalohair-jage.com/WP-BGI/
BURMA DEMOCRACY & DEVELOPMENT:ပြည်ထောင်စုနေ ...
By BURMA DEMOCRACY & DEVELOPMENT
“Xinhua News Agency should be careful what they posted on Burma/Myanmar issue.” said one of the journalists who reside in Rangoon. He continued “If Chinese accused the Western media that creating more problems and using ...
BURMA DEMOCRACY & DEVELOPMENT - http://burmadd.blogspot.com/
Buffalohair:URGENT REQUEST FROM THE JUNGLES OF BURMA « Redwood Forest
By littlerunningdeer
The angels of mercy within the jungles of Burma, The Free Burma Rangers, have made a personal request for medical supplies. With Than Shwe’s military government of Burma on a campaign of genocide he’s escalated his ...
Redwood Forest - http://annlrd.wordpress.com/
- Burmese Opposition Launches Campaign to Free Political Prisoners click
- Myanmar: UN Envoy Concludes Asian Consultations click
- Burma – The Other Side click
- Exiled Burmese government calls for tripartite dialogue on Union Day click
- Call to prayer for Burma's oppressed Karen minority click
- Prime Minister receives outgoing Myanmar ambassador click
- No Sanctuary: Trafficking of Burmese people at the ThaiMalay Border click
- Myanmar party to petition for Suu Kyi's freedom click
- Thai PM admits boat people pushed out to sea click
- UN Envoy, Japan Encourage Myanmar On Next Year's Elections click

Happy Birth Day Our Father General Aung San



ဗကသများအဖွဲ့ချုပ်(နိုင်ငံခြားရေးရာကော်မတီ)က
ဗိုလ်ချုပ်အောင်ဆန်း ၉၄ နှစ်ပြည့် အထိမ်းအမှတ် ဂုဏ်ပြုထုတ်ဝေသည့် ပို့စကတ်


` ဦးရေ… ဗယ်လင်တိုင်း နေ့မှာ ဘာလုပ်မလဲဗျ ´
ကျွန်တော့်တူ ရှစ်တန်းကျောင်းသားလေး က ကျွန်တော်ကို မေးလိုက်ခြင်းပါ။ ဒါနဲ့ ကျွန်တော်ကလည်း သူ့ကို ရုတ်တရက် ပြန်ပြီး
` နေပါဦးဟ အဲဒီနေ့က ဘယ်နေ့တုန်း ´ လို့ မသိချင်ဟန်ဆောင်ပြီး ပြန်မေးလိုက်ပါတယ်..။
` အာဗျာ.. ဦးကလည်း သိရက်နဲ့ သားကို ပြန်မေးနေတယ်.. ဖေဖော်ဝါရီ (၁၄ ) ရက်နေ့လေဗျာ ´ လို့ မကြည်သလို ကြည့်ပြီး ပြန်ပြောပါတယ်။ ကျွန်တော်ကလည်း ပြန်ပြီး
`ဒါနဲ့ ဖေဖော်ဝါရီ (၁၃) ရက်နေ့ကရောကွ ဘာနေ့လဲ သိလား ´ ဆိုတော့ သူက တစ်ချက်စဉ်းစားးတယ်ဗျ.. နောက် လက်ချိုးကြည့်ပြီး
`ဖေဖော်ဝါရီ (၁၃) ရက်က သောကြာနေ့လေဗျာ.. ဘာလို့လဲ ပုံမှန်ရက်တစ်ရက်ပဲ မဟုတ်လား ´ တဲ့……။ ကျွန်တော်လည်း စိတ်ပေါက်ပေါက်ရှိလာပြီး ခေါင်းကို တစ်ချက် ထုလိုက်ပါတယ်…။
` တယ် ငါထုလိုက်ရ.. ဘယ်က သောကြာနေ့လဲ ဘယ်က ပုံမှန်ရက်တစ်ရက်လဲ .. ငါတို့ နိုင်ငံရဲ့ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ကွ ´ ဆိုမှ
` အော်.. မှတ်မိပြီဗျ…. ကျွန်တော်တို့ ငယ်ငယ်တုန်းက သင်ခဲ့ရတဲ့ ကဗျာထဲမှာ ပါတာပဲ….. မေ့တောင်နေပြီ .. ကျွန်တော်က ဖေဖော်ဝါရီ ဆိုရင် ဗယ်လင်တိုင်းနေ့ ရှိတာပဲ သတိရတာဗျ…ဗိုလ်ချုပ်မွေးနေ့ဆိုတာတောင် သတိမထားမိပါဘူး… ´ တဲ့ဗျာ……….။

—————————————————-

ကဲဗျာ… ဘယ့်နှယ်လုပ်ကြရပါ့.. ကလေးတွေတောင် ဗိုလ်ချုပ်မွေးနေ့ကို သတိမရကြတော့ဘူးတဲ့..။ ထားလိုက်ပါတော့ ကလေးတွေက ငယ်သေးလို့ သတိမရတာ။ လူကြီးတွေ ကရော.. သတိရကြပါရဲ့လား။ ဗယ်လင်တိုင်းဒေးကိုတော့ သတိရပြီး ဗိုလ်ချုပ်မွေးနေ့ကို သတိမရကြတဲ့ လူကြီးတွေရော ဘယ်လောက်များနေပါသလဲ။ စဉ်းစားမိရင် စိတ်မကောင်း အတော်ဖြစ်မိတယ်ဗျာ..။

ခုနောက်ပိုင်းတွေမှာ ကလေးတွေဟာ ဗိုလ်ချုပ်ကို သိပ်မသိတော့တာလဲ အပြစ်လို့ ဆိုလို့မရဘူးထင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ငယ်ငယ်က ကျောင်းတွေမှာ နိုင်ငံတော် အလံကို အလေးပြုရင် အရှေ့ကနေ ` ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီး များအား …… အလေးပြု ´ လို့ ဆိုခဲ့ကြပေမယ့် ခုနောက်ပိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်း ဆိုတာ မပါတော့ပဲ `ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်း များအား … အလေးပြု ´ ဆိုတာပဲ ကြားနေရတာတွေ၊ နောက် ကျောင်းတွေ ရုံးတွေမှာဆိုရင် ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံတွေကို နိုင်ငံတော် အလံရဲ့ အောက်မှာချိတ်ထားတာတွေဟာ ခုဆိုရင် မတွေ့ရတော့ပါဘူး..။ ဒါတွေဟာ နောင်တက်လာမယ့် ကလေးတွေကို ဗိုလ်ချုပ်အောင်ဆန်းဆိုတာကို မသိတော့အောင် ဖြစ်စေတယ်လို့ ထင်ပါတယ်။ နောက်တစ်ခုကတော့ မီဒီယာပိုင်းအနေနဲ့ ဆိုရင် ဖေဖော်ဝါရီလအတွက် ထွက်လာတဲ့ မဂ္ဂဇင်းတွေ အတော်များများမှာ ဗယ်လင်တိုင်းဒေးကိုပဲ အလေးထားဖော်ပြကြတာတွေကိုသာ တွေ့ရပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ဖြစ်တဲ့လ အဖြစ် သိပ်မတွေ့ရတာကရော လူကြီးတွေ မေ့လျှော့နေကြခြင်းလား…။ အမေ့ခံနေကြခြင်းလား။ မေ့အောင် လုပ်နေကြခြင်းလား..။

ယခုနှစ် ဖေဖော်ဝါရီ တစ်ဆယ်သုံးရက်နေ့ဆိုရင် ကျွန်တော်တို့ နိုင်ငံတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ (၉၄) နှစ်ပြည့်မွေးနေ့ဖြစ်တယ်ဆိုရင် မှားမယ်မထင်ပါဘူးဗျာ..။ ကျွန်တော်တို့ အားလုံး.. မြန်မာနိုင်သားအားလုံးရဲ့ ရင်ထဲမှာ ဖေဖော်ဝါရီလဆိုတာ ဗင်လင်တိုင်းဒေးထက် ဗိုလ်ချုပ်မွေးနေ့ ဆိုတာကိုရှိသင့်တယ်လို့ ထင်မိပါတယ်။ ကျွန်တော်တို့ အားလုံးရဲ့ နှလုံးသားတွေထဲမှာ ဘယ်တော့မှ မမေ့နိုင်တဲ့ ကဗျာလေး တစ်ပုဒ်ကို ကိုယ်စီငြီးရင်းနဲ့ …. ဗိုလ်ချုပ်ရဲ့ မွေးနေ့ဆီသို့..

ဖေဖော်ဝါရီ တစ်ဆယ်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ ပါ
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး
ရှေ့နေဦးဖာ သား
ဇာတိနတ်မောက် မကွေးခရိုင်
သိကြ များခုတိုင်
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင် ဒေါစုသား ….
တစ်ထောင့် ကိုးရာလေးဆယ့်ခွန်
ပြောင်းကြွတမလွန်
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် ဒို့ဖခင်
ကောင်းစေချင်တဲ့ အမှာစကား
ငါတို့ မမေ့အား
ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား…။

အီးမေးမှ ပေးပို့လာခြင်းဖြစ်ပြီး ရေးသူအမည် မပါလာပါ။

2009 စုစည်းလှုပ်ရှားမှု ကော်မတီ၏ ၆၁နှစ်မြောက် ပြည်ထောင်စုနေ့ ထုတ်ပြန်ချက်

လာမည့် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့သည် ကျွန်ုပ်တို့ မြန်မာပြည်၏ ၆၂နှစ်မြောက် ပြည်ထောင်စုနေ့ အခါသမယ ဖြစ်ပေသည်။ ၁၉၄၇ခုနှစ် ဖေဖေါ်ဝါရီလ ၁၂ရက်နေ့က အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်သော တိုင်းရင်းသား ခေါင်းဆောင် များသည် အမျှော်အမြင် ကြီးမားစွာဖြင့် တောင်တန်းနှင့် ပြည်မ ဒေသအားလုံး တပေါင်းတည်း လွတ်လပ်ရေးကို ရယူကြရန် စည်းလုံးညီညွတ်သည့် သဘောထားကို ပြခဲ့သော စာချုပ်လည်း ဖြစ်သည်။

ထိုအခြေခံပေါ်တွင်မူတည်၍ ၁၉၄၈ခုနှစ် ဇန်နဝါရီလ ၄ရက်နေ့တွင် မြန်မာနိုင်ငံသည် တပေါင်းတစည်းတည်း အချုပ်အခြာ အာဏာပိုင်သော နိုင်ငံတော်အဖြစ် ရောက်ရှိခဲ့ ပေသည်။သို့ရာတွင် မြန်မာတမျိုးသားလုံး သူ့ကျွန်ဘဝမှ လွတ်မြောက်ရန်နှင့် တိုင်းရင်းသား များ စည်းလုံး ညီညွတ်မှု ရရှိရန် မနားမနေ ကြိုးစားခဲ့သော အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းသည် အမျိုးသား သစ္စာဖောက်များ၏ လက်ချက်ဖြင့် ကျဆုံးခဲ့ရပြီး လွတ်လပ်ရေး ရသည်ကိုပင် မြင်မသွား ခဲ့ရရှာပေ။ ထို့အတူ တိုင်းရင်းသား ခေါင်းဆောင်များ အပါအဝင် အာဇာနည် ခေါင်းဆောင် (၈)ဦးတို့သည်လည်း ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ လုပ်ကြံခံခဲ့ ကြရ ပေသည်။

ယနေ့လွတ်လပ်ရေးရရှိပြီးသည်မှာ ၆၁ နှစ်ကြာရှိခဲ့သော်လည်း ကျွန်ုပ်တို့ တမျိုးသားလုံးမှာ လွတ်လပ်ခွင့် အရသာကို ခံစားနေရခြင်း မရှိသေးပေ။ လွတ်လပ်ရေး ရပြီးချိန်တွင်လည်း ပြည်တွင်းစစ်ဖြစ်ပွားခဲ့ရပြီး ၊ လွတ်လပ်ရေး ရပြီးစက ပါလီမန်ဒီမိုကရေစီ စနစ်မှာ ၁၉၆၂ ခုနှစ် မတ်လ (၂) ရက်နေ့၌ ဗိုလ်ချုပ်နေဝင်း ဦးဆောင်သည့် တော်လှန်ရေးကောင်စီမှ နိုင်ငံတော် အာဏာကို မတရာသိမ်းပိုက်၍ စစ်အာဏာရှင်စနစ် ထူထောင်ခဲ့သဖြင့် ချုပ်ငြိမ်းသွား ခဲ့ရပေသည်။

၁၉၈၈ခုနှစ်၌ ရှစ်လေးလုံးအရေးတော်ပုံကြီး ပေါ်ပေါက်လာခဲ့ပြီး တပါတီစနစ်ကို ဖြိုချဖျက်ဆီး နှိုင်ခဲ့သော်လည်း ၁၉၈၈ခုနှစ် စက်တင်ဘာလ (၁၈)ရက်နေ့၌ စစ်တပ်မှ နောက်တကြိမ် စစ်အာဏာ သိမ်းပိုက်ခဲ့ပြန်သည်။ ၁၉၆၂ခုနှစ်မှစ၍ တပါတီအာဏာရှင်စနစ် န ဝ တ ၊ န အ ဖ စစ်အာဏာရှင်တို့သည် မြန်မာပြည်၏ အခြေအနေအရပ်ရပ်ကို ဖျက်ဆီးတိုက်စား ခဲ့ကြပေသည်။ ထိုစစ်အာဏာရှင်များသည် တိုင်းရင်သားလူမျိုးများ၏ ဘဝများကို အငြိုးကြီးစွာဖြင့် စနစ်တကျ ဖျက်ဆီး နေခဲ့ရာ တိုင်ရင်းသား လူမျိုးစုများ၏ ဘဝများသည် အလွန်ပင်စိုးရိမ်ဖွယ် အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်သည်။

၆၂ နှစ်မြောက် ပြည်ထောင်စုနေ့အခါသမယတွင် ကျွန်ုပ်တို့သည် တိုင်းရင်းသားလူမျိုးစုများ၏ ဘဝအခြေအနေ များကို အထူးအလေးထားရမည်ဖြစ်သည်။ အမျိုးသားပြည်လည်စည်းလုံး ညီညွတ်ရေး ပြန်လည်ရရှိရန် မဖြစ်မနေကြိုးပမ်းသွားရမည် ဖြစ်ပေသည်။အမျိုးသား ပြန်လည်ညီညွတ်ရေးအတွက် ကြိုးပမ်းကြချိန်တွင် တိုင်းရင်းသား လူမျိုးစုများ၏ အခန်းကဏ္ဍမှာ အလွန် အရေးကြီး နေပေသည်။

သို့ဖြစ်ပါ၍ ကျွန်ုပ်တို့အနေဖြင့် တိုင်းရင်းသားလူမျိုးစုများ အင်အားများနှင့် အတူ စုစည်းညီညွတ်စွာဖြင့် စစ်အာဏာရှင်စနစ်ကို အပြီးတိုင် ဖြိုချဖျက်ဆီးပစ်ပြီး ဒီမိုကရေစီရေး ၊ တရားမျှတမှုရှိရေး၊ တန်းတူညီမျှရေး ဆိုသည့် အနှစ်သာရများကို အတူတကွခံစားခွင့်ရရှိစေရန် စည်းလုံး ညီညွတ်စွာဖြင့် အတူတကွ တိုက်ပွဲ ဝင်ကြပါရန် လူထုလူတန်းစားအားလုံးသို့ တိုက်တွန်းနှိုးဆော်အပ်ပါသည်။


၂၀၀၉ စုစည်းလှုပ်ရှားမှု ကော်မတီ

2009 Collective Action committee(Burma)

သတင်းပဒေသာ


အကျဉ်းသား လွှတ်ပေးရန် ပြည်ထောင်စုနေ့တွင် လူ ၅၀၀ လက်မှတ်ထိုး

အကျဉ်းသား လွှတ်ပေးရန် ပြည်ထောင်စုနေ့တွင် လူ ၅၀၀ လက်မှတ်ထိုး

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ရုံးတွင် ယနေ့ ကျင်းပသော ၆၂ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား တက်ရောက် လာသူများက နိုင်ငံရေး အကျဉ်းသားများ

ဗိုလ်ချုပ်ပုံများ ငွေစက္ကူပေါ်တွင် ရိုက်နှိပ်ဖြန့်ဝေ

မနက်ဖြန် ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် ကျရောက်မည့် ဗိုလ်ချုပ် အောင်ဆန်းမွေးနေ့ အထိမ်းအမှတ်အဖြစ် ငွေစက္ကူ ပေါ်တွင် ဗိုလ်ချုပ်ပုံကို ရိုက်နှိပ်ဖြန့်ဝေသည့် လှုပ်ရှားမှု ပြုလုပ်နေ

ကျောင်းသူတဦး သေဆုံးပြီးနောက် ချင်းမိုင်တွင် အဖမ်းအဆီးကြမ်း

ထိုင်းကျောင်းသူ တဦးအား မြန်မာပြည်သား အလုပ်သမားနှစ်ဦးက သတ်ဖြတ်ခဲ့သည် ဟူသော သတင်း ထွက်ပေါ်လာပြီး နောက်တွင် ချင်းမိုင်မြို့ရှိ တရားမ၀င် မြန်မာ အလုပ်သမား

ဗိုလ်မှူးချုပ် ထိန်မောင် နယ်စပ်စောင့်မည်

ကရင် အမျိုးသား အစည်းအရုံး (KNU) မှ ခွဲထွက်သွားသော အဖွဲ့တခုသည် နယ်ခြားစောင့် ပြည်သူ့စစ် အဖွဲ့အဖြစ် အသွင်ပြောင်း ရတော့မည်ဟု ထိုင်း-မြန်မာ နယ်စပ် သတင်းရပ်ကွက်

ပြည်ထောင်စု စိတ်ဓာတ်နှင့် သူတို့အမြင်

စစ်အစိုးရက မဖြစ်မနေ အတင်းအကျပ် ရေးဆွဲပြဋ္ဌာန်းလိုက်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေသည်လည်း ပြည်ထောင်စု အခြေခံဖြစ်သည့် တိုင်းရင်းသားလူမျိုးများ အခွင့်အရေးများ အပြည့်အ၀ မပါရှိသလို၊ စစ်အုပ်စု ကြီးစိုးရေးလမ်းစဉ်အဖြစ် သူတို့က...

ပြည်ထောင်စု စိတ်ဓာတ်အတွက် တန်းတူအခွင့်အရေး လိုအပ်ဟု အီးအန်စီ ပြောကြား

ပြည်ထောင်စုစိတ်ဓာတ်၏ အနှစ်သာရမှာ မှေးမှိန်သွားပြီဟု မြန်မာတိုင်းရင်းသား ခေါင်းဆောင်များက ပြောကြားလိုက်ပြီး၊ ဖွဲ့စည်းပုံဥပဒေကို ပြန်ပြင်၍ စစ်မှန်သော ပြည်ထောင်စု စိတ်ဓာတ်...

သမိုင်းကဗ္ဗည်းတင်တဲ့ ခေါင်းဆောင်

(ဆောင်းပါး) ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွက် ပေးခဲ့သော ကတိတလုံးကို တည်အောင် လုပ်ပေးသွားသူ တယောက်သာ ယနေ့အချိန်ထိ သက်ရှိထင်ရှား ရှိနေသေးမည်ဆိုပါက...


- ပြည်ထောင်စုနေ့အခမ်းအနားများ NLD ဦးဆောင်ပြီး တိုင်းပြည်အနှံ့ ကျင်းပ click
- ပြည်ထောင်စု စိတ်ဓာတ်နှင့် သူတို့အမြင် click
- ဗိုလ်ချုပ်အောင်ဆန်းကို ပစ်ပယ်နေလို့ မြန်မာ့သမိုင်း ထိခိုက် click
- အမှတ်တရ ဗိုလ်ချုပ် (၁၉၁၅-၁၉၄၇) (ကဗျာ) click
- ဗကသများအဖွဲ့ချုပ်(နိုင်ငံခြားရေးရာ)က ဗိုလ်ချုပ်အောင်ဆန်း ၉၄ နှစ်ပြည့် ဂုဏ်ပြုပို့စကတ်ထုတ် click
- အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အမှတ်တရ click
- ငွေစက္ကူပေါ်မှာ ဗိုလ်ချုပ်အောင်ဆန်းပုံကို မျိုးဆက်သစ်လူငယ်များက တံဆိပ်နှိပ် click
- ဗိုလ်ချုပ်ပုံများ ငွေစက္ကူပေါ်တွင် ရိုက်နှိပ်ဖြန့်ဝေ click
- အကျဉ်းသားလွှတ်ပေးရန် ပြည်ထောင်စုနေ့တွင် လူ ၅၀၀ လက်မှတ်ထိုး click
- နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး အန်အယ်လ်ဒီ စီအီးစီ ဦးဆောင်လက်မှတ်စုဆောင်း click
- နိုင်ငံရေးအကျဉ်းသားတွေ ပိုမိုကူညီခွင့် အိုင်စီအာစီ သည်းခံစောင့်ဆိုင်း click
- လမ်းပြမြေပုံကို ဂန်ဘာရီနှင့် ဂျပန်ထောက်ခံ၊ မော်လဒိုက်သမ္မတ ကန့်ကွက် click
- လက်ရှိတိုင်းရင်းသားပါတီများ ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်မည်မဟုတ် click
- စစ်အစိုးရအုပ်စိုးနေတာ တစညလည်း မကြိုက် click
- ၀ပြည်သွေးစည်းညီညွတ်ရေးတပ်နှင့် မြန်မာစစ်တပ်အကြား တင်းမာမှုဖြစ်ပွား click
- မုန်တိုင်းသင့်ဒေသ ကြက်ဘဲသားပေါက် ဖြန့်ဝေရာမှာ အဂတိလိုက်စား click
- မြန်မာနိုင်ငံအရေး မောလဒိုက်ဖ်စ်သမ္မတက ဂမ်ဘာရီထံ စာပို့ click
- အိန္ဒိယ၊ မြန်မာနဲ့ ချင်းဒုက္ခသည်ပြဿနာ (မျက်မှောက်ရေးရာ) click
- နှစ်ဖက်တောင်းဆိုမှုများနဲ့ ကုလအခန်းကဏ္ဍ (မျက်မှောက်ရေးရာ) click
- ပြည်တွင်းက ဖတ်မိသမျှ ဂျာနယ် အပိုင်းအစ click
- ကျောင်းသူတဦးသေဆုံးပြီးနောက် ချင်းမိုင်တွင် အဖမ်းအဆီးကြမ်း click
- ဗိုလ်မှူးချုပ် ထိန်မောင် နယ်စပ်စောင့်မည် click
- လိပ်ပြာဥယျာဉ်ကို ထူးက တည်ဆောက်မည် click
- အဓမ္မပြုကျင့်မှုနောက် မြန်မာများကို အဖမ်းအဆီး ပိုမိုလာ click
- မြန်မာသူပုန်များကို ဖမ်းဆီးထားခြင်းမှာ နိုင်ငံရေးစေ့ဆော်မှုဟုဆို click
- ကွတ်ခိုင် နမ့်ဖတ်ကာကြား ဓားပြတိုက် click
- ဘင်္ဂလာစစ်တပ်နှင့် တိုက်ပွဲဖြစ်၍ ရခိုင်အဖွဲ့ဘက်မှ တဦးသေ တဦးဖမ်းဆီးခံရ click
- မြန်မာနယ်စပ်အနီးတွင် ဘင်္ဂလာဒေခ်ျ့စစ်တပ်မှ ဘိန်းစစ်ဆင်ရေးလုပ် click
- ပထမဆုံးအကြိမ် ဂြိုလ်တုနှစ်စင်း တိုက်မိခြင်း click
- အမေရိကန်ဂြိုဟ်တုနဲ့ ဆိုဗီယက်ဂြိုဟ်တုဟောင်း အာကာသထဲ တိုက်မိ click
- အိုဘားမားရဲ့ စီးပွားရေး အစီအစဉ် အထက်လွှတ်တော် အတည်ပြု click
- မွမ်ဘိုင်းတိုက်ခိုက်မှု ပါကစ္စတန် ပတ်သက် click
- အကြမ်းဖက်တာဟာ စိတ်ရောဂါကြောင့်လား click
ကာတွန်း ဟန်လေး - ခေတ်ပြိုင်ဝက်ဘ်ဆိုက်