2.28.2009

Burma News


After the storm voices from the Delta

ExecSum After the Storm Final 23Feb09

Thai PM Calls for All Sides to Participate in Burmese Elections

By WAI MOE
Thai Prime Minister has asked Burmese premier to encourage the opposition to compete in the forthcoming general election in Burma.

QUOTE OF THE DAY The open engagement of community based organizations is essential to effectively implement sustainable recovery and rebuilding efforts in the [Delta] region.

—Cynthia Maung, Burmese renowned humanitarian worker


Voice of America
Johns Hopkins School Calls for UN Investigation into Burma's ...
Voice of America - USA
By Ron Corben A report led by the Johns Hopkins Bloomberg School of Medicine has called for a United Nations investigation into Burma's handling of aid and ...
See all stories on this topic
Honoring the fallen and the brave
CPJ Press Freedom Online - New York,NY,USA
That journalistic drive put Nagai in the line of fire during Burma 's 2007 Saffron Revolution, when he was shot and killed by a soldier while filming a ...
See all stories on this topic
ILO, Burma extend ‘supplementary understanding’
Mizzima.com - New Delhi,Delhi,India
by Mungpi New Delhi (Mizzima) - The International Labour Organization and Burma’s military regime on Thursday extended Supplementary Understanding on the ...
See all stories on this topic
Burma's refugees barred
The Australian - Sydney,Australia
CHA-AM, Thailand: Malaysian Prime Minister Abdullah Badawi has called for Burma's Muslim boatpeople to be pushed back if they attempt to land on any ...
See all stories on this topic
Burmese regime blocked international aid to cyclone victims ...
guardian.co.uk - UK
Burmese people beg for food in the rain as aid begins to arrive following cyclone Nargis. Photograph: Getty Images International aid for cyclone victims in ...
See all stories on this topic
Burma sets condition for accepting Rohingya migrants
Mizzima.com - New Delhi,Delhi,India
by Usa Pichai Hua Hin (Mizzima) The Thai Foreign Minister has said that the Burmese military regime has agreed to take back only those migrants, ...
See all stories on this topic
Global Fund Discusses Possible Return to Burma
The Irrawaddy News Magazine - Chiang Mai,Thailand
By THE IRRAWADDY A visit to Burma this week by a Global Fund delegation could result in a resumption of the fund’s discontinued anti-AIDS program there, ...
See all stories on this topic
Burmese junta should be referred to ICC: Report
Mizzima.com - New Delhi,Delhi,India
by Mizzima News New Delhi (Mizzima) - The United Nations Security Council should refer Burma’s military rulers to the International Criminal Court for ...
See all stories on this topic
Will US Oil Companies Return to Burma?
The Irrawaddy News Magazine - Chiang Mai,Thailand
By WILLIAM BOOT BANGKOK — Burma watchers are wondering if US oil and gas developers might return to the country after the Barack Obama government announced ...
See all stories on this topic
Burma agrees to take back Muslim boat people
Nation Multimedia - Bangkok,Thailand
Chaam - Burma has agreed to take back the socalled Rohingya Muslim boat people if they could be identified as ethnic Bangali who were born in the country, ...
See all stories on this topic

Blogs Alert for: Burma news

ABITSU - All Burma I.T Students' Union
By MG
By Ron Corben, VOA News, Bangkok: A group of Southeast Asian politicians promoting human rights and justice in Burma say this week’s ASEAN summit on political reform in Burma will be a vital test for the 10-member group. ...
ABITSU - All Burma IT Students Union - http://www.abitsu.org/
Burma Deliberately Blocked Cyclone Aid: John Hopkins Report
By The Huffington Post News Editors
Burma Deliberately Blocked Cyclone Aid: John Hopkins Report - The Huffington Post. ... Your Name: optional, but suggested. Personal Note: optional. Your request is being processed... Get Breaking News Alerts. never spam.
The Huffington Post | Full News Feed - http://www.huffingtonpost.com/thenewswire/
TIMOR LOROSAE NAÇÃO news in english: RAMOS HORTA URGES OBAMA TO ...
By Fábrica dos Blogs
US President Barack Obama should seize on his global popularity and reach out to Burma and Cuba, which are ready to change if sanctions are lifted, East Timor's leader Jose Ramos-Horta said Wednesday. Ramos-Horta, who shared the 1996 ...
TIMOR LOROSAE NAÇÃO news in english - http://timorlorosaenacaonewsinenglihs.blogspot.com/
MYANMAR – MALAYSIA Burmese refugees in Malaysia abused, handcuffed ...
Source talks to AsiaNews about visiting a refugee centre, describing its horrors: a hundred people living to a room without blankets to sleep; women humiliated and forced to strip; the canteen selling ordinary items at exorbitant prices ...
Asianews.it - http://new.asianews.it/
Australia signs FTA with ASEAN boost bilateral economy | Home ...
The deal could be worth in excess of 40 billion Australian dollars ($25.8 billion) for the Australian economy over the next two decades and gives companies greater scope for trade with the 10 ASEAN members - Brunei, Burma, Cambodia, ...
philstar.com - Breaking News - http://www.philstar.com/

ဒေါ်အောင်ဆန်းစုကြည် တပေါင်းလပြည့် လွတ်မည်

(မြန်မာ့နိုင်ငံရေး ဟောစာတန်း)
ပညာကျော် /၂၆ ဖေဖော်ဝါရီ ၂၀၀၉

လူတဦးတယောက်၏ ကံအနိမ့်အမြင့်သည် ကုသိုလ်၊ အကုသိုလ်နှင့် ဆိုင်သလို ထိုကုသိုလ်နှင့် အကုသိုလ်ကိုလည်း ဇာတာ (ကံ) က ပြုလုပ် ပေးတတ်ပါသည်။ လောကသဘောအရလည်း မြဲသောတရား သဘော တို့သည်ကား မရှိကြကုန်ရာသာ ဖြစ်သည်။

မြန်မာစစ်အာဏာရှင်တို့ကလည်း ထာဝရကိုသာ ယုံကြည်ကာ အာဏာ တည်မြဲရေးအတွက် ကြိုးစားနေကြရာ တပေါင်းလပြည့်နေ့မှာ အကျဉ်းသား လွတ်မည်ဟု ကျွန်ုပ်ပြောတော့ ကျွန်ုပ်ကို ရူးများနေပြီလားဟု လူတွေက ပြောကြသည်။

ပြောမည်ဆိုလည်း ပြောကြမည်သာ။ ဗေဒင်ကို ပညာရှင်ဘွဲ့ တတ်ခြင်း မခံရသော ကျွန်ုပ်လို လူက ကမြောက်ကချောက် လျှောက်တွက်နေတော့ မယုံတာလည်း အကြောင်းတော့ မဟုတ်ပါ။ သို့သော်လည်း လွတ်မယ့်လွတ်တော့ အကျဉ်းသားတွေက ကြိုလွတ်လာတယ်။ အကျဉ်းသားလွတ်တော့လည်း ဝမ်းသာရတာ ပေါ့။ ဝမ်းသာသာနဲ့ ဟိုတွက်ဒီတွက် လျှောက်ချက်တွက်တာ ဒီတခါ ဒေါ်စု လွတ်ကိန်းကိုပါ တွေ့နေပြန်သည်။

ယခုနှစ် မြန်မာသက္ကရာဇ် ၁၃၇၀ ခုနှစ်သည် ထူးခြားသော နှစ်တခုဟုဆိုရပါမည်။ အထူးသဖြင့် အုပ်ချုပ်သူ အစိုးရကို ဒုက္ခပေးသော နှစ်လည်းဖြစ်သည်။

၁၃၇၀ ကိုတည် ခုနှစ် (၇) ဖြင့်စားလျှင်၊ (၅) ကြွင်းသည်။ မဟာဘုတ်ထူလျှင် တနင်္ဂနွေမရဏတွင် ကျနေသဖြင့် လူကြီး မင်းအစိုးရတို့ အပြောင်းအလဲရှိသည်။ မင်းအစိုးရကျဆုံးမည်။ မြန်မာစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ သောကြာသားသည် ပုတိတွင်ရောက်နေခြင်းကြောင့် အောက်လူတို့၏ အတိုက်အခိုက် ခံရမည်။ မြန်မာ၏ ကံကြမ္မာသက်ရောက်မှာလည်း စနေသက်ရောက် ဖြစ်နေခြင်းကြောင့် ကိုးကွယ်ရာမရ ဖြစ်ရ မည်။

၁၃၇၀ ကို အကြေပေါင်းလျှင် (၂) ရသဖြင့် မဟာဘုတ်အလို သန်းရွှေအား အောက်လက်ငယ်သားများက တော်လှန်ပြီး အာဏာသိမ်းရန်လည်း ရှိနေပြန်သည်။

မြန်မာ၏ ဂြိုဟ်မှာလည်း တနင်္လာဂြိုဟ်၊ တနင်္လာသက်ရောက် ဖြစ်နေ၍ မိန်းမဂြိုလ် ဖြစ်သဖြင့် တနင်္လာ၊ သောကြာ၊ စနေ၊ ဗုဒ္ဓဟူးသား တို့၏ အာဏာလု အာဏာသိမ်းယူခြင်းကို ခံရတတ်သည်။

သန်းရွှေ၏ နန်းစံသက်မှာလည်း (၁၇) ဖြစ်နေပြန်၍ ဂြိုလ်မိန်းမ ဖြစ်သလို ရာဟုကြီးစိုးကာ မိန်းမကို ဦးစားပေး ကိုးကွယ်မှ အသက်ချမ်းသာရမည့် ကိန်းဆိုက်နေသည်။

ထိုအချက်ကိုသိသော သန်းရွှေတို့ကလည်း နန်းသက်ကိုဆက် အကျဉ်းလွှတ်ဆိုပြီး စနေနေ့၊ တနင်္လာ အချိန် ညနေ လေးနာရီမှ စတင်ပြီး အကျဉ်းသား (၆,၃၁၃) ဦးကို လွှတ်ပေးခြင်းဖြစ်သည်။

(၂၆.၁.၂၀၀၉) တပို့တွဲလဆန်း (၁) ရက် တနင်္လာနေ့တွင် နေကြတ်ခြင်းကို ကြည့်ပြန်လျင်လည်း ထိုနေ့မှာ ပြဿဒါးဖြစ်ခြင်း၊ နေကြတ်ချိန် ညနေ (၄) နာရီ ဖြစ်သဖြင့် နေ့အလိုအခါကို ကြည့်သော် ဗုဒ္ဓဟူး အခါဖြစ်ပြီး ညနေဆိုသောကြောင့် ရာဟုသာဖြစ်ခြင်း၊ နေကြတ်ခြင်းတို့ကို ဖော်ပြသော အိန္ဒိယ ဗြိုဟဇ်သံကဟိတကျမ်း အလိုနှင့် မြန်မာ့သရ တွက်ရိုးကျမ်း အလိုအရ အုပ်ချုပ်သော မင်းတို့ နာအံ့။ စစ်သူကြီးများ ကျဆုံးအံ့။ စစ်သား များ ပုန်ကန်အံ့ ဟု ဆိုထားသဖြင့် စစ်အစိုးရအဖို့ တပူပေါ်နှစ်ပူဆင့်ကာ ပိုပြီး အရေးတကြီး စဉ်းစားရကိန်း ဆိုက်လာနေတော့သည်။

(၁) မြန်မာ့ မူလဇာတာနှင့် ခုနှစ်ဇာတာကို နှိုင်းယှဉ်သော် ဇာတာနှစ်ခု စလုံးတွင် မင်းဇာတာမှာ အပျက်တွင်ရှိနေပြီး ပြည်သူတို့၏ သြဇာ လွှမ်းမိုးနေခြင်းတို့ကြောင့် ၂၀၀၉ ခုနှစ် အတွင်း တွင် ပြည်သူအများ ဆူပူအုံကြွမည်။ အစိုးရကို ဆန့်ကျင့်မည့် ကိန်းအရတခု။

(၂) မြန်မာသက္ကရာဇ် ၁၃၇၁ ခု နှစ်ဆန်းတစ်ရက်သည် သောကြာဖြစ်ပြီး သင်္ကြန်ကျချိန်မှာ အင်္ဂါနေ့ နံနက် (၃) နာရီ (၁၅) မိနစ် (၃၆) စက္ကန့် ဖြစ်ပြီး တက်ချိန်မှာ ကြာသပတေးနေ့ နံနက် (၇) နာရီ (၂၀) မိနစ် (၁၇) စက္ကန့် ဖြစ်နေပြန်ရာ ကျချိန်မှာ စနေအခါ ဖြစ်နေခြင်း၊ တက်ချိန်မှာလည်း ကြာသပတေးအခါတွင် တက်နေခြင်းကြောင့် နှစ်ဆန်းတစ်ရက်နေ့မှ သောကြာဆိုသည်မှာ ရက်အလိုသာဖြစ်၍ သင်္ကြန် တက်ပြီးချိန်မှ နောက်အချိန် သည်နှစ်ဆန်းအချိန် (ရက်) ဖြစ်သဖြင့် (ကြာသပတေးနှင့် စနေ) မှာ ပြဿဒါးဖြစ်ကာ ဇာတာခွင်အလို တိုင်းကား ပြည်ရွာပျက်စီးခြင်း၊ ရေဘေးကြုံရခြင်း။

(၃) ကောဇာ ၁၃၇၁ ခု၏ ဇာတာအရ သောကြာသား၊ စနေသား၊ တနင်္လာသား မင်းတို့ ကျဆုံးကိန်းတွင် ရှိနေ ပြန်ပြီး၊ ပြည်သူတို့ ထကြွကာ လက်အောက်ငယ်သားတို့၏ တော်လှန်မှုကိုခံရမည်။ တိုင်းတစ်ပါး၏ အတိုက်အခံ ကြောင့် ကျဆုံးရမည့် ကိန်းဆိုက်နေခြင်း။

ဖော်ပြပါ ဇာတာသဘောကို နှိုင်းယှဉ်ပြီး ထိုကိန်းတို့မှ လွတ်မြောက်နိုင်ရေးကို ကြည့်လျှင် “အင်္ဂါကယ်မှ ပြည်ငြိမ် မည်။ တနင်္လာလွတ်မှ ရန်ငြိမ်းမည်" ဟူသော အယူကိုမသုံးလျင် အကုန်ကျဆုံးရမည်ဖြစ်၍-

-အင်္ဂါအလို ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရမည်။
-တနင်္လာအလို ခွန်ထွန်းဦးကို လွှတ်ရန်ရှိသည်။

အင်္ဂါအလို နေ့နမ်ကိုတွက်သော် ဇာဂနာ၊ စုစုနွေး တို့လည်း ပါနိုင်ပြီး၊ တနင်္လာအလို ကိုကိုကြီး တို့ကိုပါ စဉ်းစား ရမည်။ ခွန်ထွန်းဦးကို လွှတ်ခြင်းမှာ တိုင်းတစ်ပါးရန်ကို ကာကွယ်ရန် လူမျိုးခြားကို လွှတ်ပြီး ဓာတ်တူနမ်တူ ပြုခြင်း ဖြစ်သည်။

ဘယ်လတွင် လွှတ်မည်ဆိုလျင် "တပေါင်းလပြည့် အင်္ဂါနေ့တွင် လွှတ်မည်”။

အကယ်၍ တပေါင်းလပြည့် မလွှတ်သော် ၁၃၇၁ ခုဆန်းပြီး ခြောက်လ (သီတင်းကျွတ်လထိ) အတွင်း လွှတ်ရ မည်။

(အကျယ်ရေးလျင် ရှည်မည်စိုးသဖြင့် သဘောတရားကို အကျဉ်းချုံး ဖော်ပြခြင်းဖြစ်သည်။ )

ပညာကျော်
(သတ္တဝါမှန်သမျှ ချမ်းသာရာ ရနိုင်ကြပါစေ။)

သတင်းပဒေသာ

ဒဂုံတက္ကသိုလ်ကျောင်းသားများ စော်ဘွားကြီးကုန်းတွင် ရိုက်နှက်ခံရ
မိုးမခအထောက်တော် အမှတ် ၎
ဖေဖော်ဝါရီ ၂၈၊ ၂၀၀၉

ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဒဂုံတက္ကသိုလ် တတိယနှစ် ဘူမိဗေဒ ကျောင်းသား ၄ ဦး နှင့် နည်းပြဆရာ တဦး တို့ကို အရက်သမားတချို့က ရိုက်နှက်ခဲ့သည်။

စော်ဘွားကြီးကုန်းရှိ ဒို့ရိုးရာ လက်ဖက်ရည်ဆိုင်မှ အထွက်တွင် အနားရှိ အရက်ဆိုင်အတွင်းမှ လူ ၇ ဦးက ရန်စပြီး ကိုဝေဖြိုးကျော် (တတိယနှစ် ဘူမိဗေဒ) အား စတင် ထိုးကြိတ်ခဲ့သည်။ ၀င်ရောက် တားဆီးသော နည်းပြဆရာ ဦးအောင်မင်းဦးလည်း နောက်မှ ရိုက်နှက်ခံခဲ့ရသည်။

အျပည့္အစုံသိုႛ ...

ရန်ကုန်တွင် မီးပြတ်တောက်မှု ပိုဆိုးဝါး၊ နေပြည်တော်မှာ မီးထိန်ထိန်သာ

မိုးမခ အထောက်တော် (ရန်ကုန်)

ဖေဖော်ဝါရီ ၂၈၊ ၂၀၀၉

ယခုလအတွင်းမှ စတင်ပြီး ရန်ကုန်မြို့ အနှံ့တွင် မီးပြတ်တောက်မှုများ ဆိုးဝါးလာသည်ဟု မြို့ခံတို့က ပြောကြားသည်။ ယနေ့ညဥ့်နက်ပိုင်းမှ မီးလာသဖြင့် မိသားစုများက မီးဖိုချောင်ကိစ္စ၊ ရေချိုးခန်းကိစ္စများကို စောင့်ပြီး ဆောင်ရွက်ရကြောင်း၊ နေ့ခင်းနှင့် ညပိုင်းတွင်သုံးရန် ဘက္ထရီများ အားသွင်းရကြောင်း ၎င်းက ပြောကြားသည်။

“အခု တပတ်လုံးလုံး ဆင်ခြေဖုံးအရပ်တော်တော်များများမှာ နေ့ခင်းနဲ့ ညဦးပိုင်းမှာ မီးမလာဘူး။ အရင်က တရက်ပျက်၊ တရက်လာ၊ နောက်တော့ တပိုင်းစီ ပျက်၊ တပိုင်းစီလာ။ အခုတော့ တပတ်လုံးပျက်ပြီး မနက် ၁ နာရီကနေ ၃ နာရီလောက်ထိ လာတော့တယ်” ဟု မိုးမခ စာဖတ်သူတဦးက စာရေးပို့ထားသည်ကို တွေ့ရသည်။

အျပည့္အစုံသိုႛ ...

ငါးကျမ်းပြန်ကျောင်းတိုက်၊ နာဂစ်သင့် မိဘမဲ့ကလေးများ စောင့်ရှောက်ရေး ရန်ပုံငွေဖြင့် ကလေး ၅၀၀ ကျော်ကို ကူညီခဲ့

မိုးမခ အထောက်တော် ၀၀၂

ဖေဖော်ဝါရီ ၂၇၊ ၂၀၀၉

မေလ ၂ နှင့် ၃ ရက်၊ ၂၀၀၈ က တိုက်ခတ်ခဲ့သော နာဂစ်ဆိုင်ကလုံးကြောင့် မိဘ ၂ ပါး မဲ့ခဲ့ရသည့် ကလေးသူငယ်များကို စာရင်းပြုစုပြီး ကူညီထောက်ပံ့မှုပေးနေသော ငါးကျမ်းပြန်ကျောင်းတိုက် ဆရာတော်များဦးဆောင်သည့် ရန်ပုံငွေအဖွဲ့က ကလေး ဦးရေ ၅၆၀ ကို လစဉ်ထောက်ပံ့မှုများ ပြုလုပ်နိုင်ခဲ့သည်ဟု ဆိုသည်။

အျပည့္အစုံသိုႛ ...

ရွှေ့ပြောင်း ရိုဟင်ဂျာများကို လက်ခံရန် မြန်မာက စည်းကမ်းသတ်မှတ်

မြန်မာနိုင်ငံမှ ‘ဘင်္ဂါလီ’ များဟု စိစစ်တွေ့ရှိရသူ ရွှေ့ပြောင်း နိုင်ငံသားများကိုသာ ပြန်လည် လက်ခံမည်ဟု မြန်မာစစ်အစိုးရက ပြောဆိုကြောင်း ထိုင်းအစိုးရ နိုင်ငံခြားရေး ဝန်ကြီးက ထိုင်းနိုင်ငံတွင် ကျင်းပသော...

ကျိုက်ထိုမှာ မီးလောင်

မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ ဈေးဆိုင်ခန်း ၃ ခန်း ယမန်နေ့က မီးလောင်ကျွမ်းခဲ့သည်။ ကျိုက်ထိုမြို့ တောင်သူရပ်ကွက် ဗိုလ်ချုပ်လမ်းဘေးရှိ ဦးမျိုးနိုင်...

ယခုနှစ်အတွက် ပထမ 'လေးလပတ် အစည်းအဝေး' ကျင်းပရန် စစ်အစိုးရ ပြင်ဆင်နေ

မြန်မာစစ်အစိုးရသည် ၂ဝဝ၉ ခုနှစ်အတွက် ပထမဆုံး လေးလပတ် အစည်းအဝေးကို မတ်လ ဒုတိယ အပတ်အတွင်း ကျင်းပရန် ပြင်ဆင်နေသည်။...

- လှေစီးပြေးတွေ မြန်မာနိုင်ငံမှာ နေထိုင်ကြောင်း အထောက်အထားပြနိုင်ရင် ပြန်လက်ခံမည် click
- အဓမ္မအလုပ်ခိုင်းစေမှု တိုင်ကြားရေးရုံး မြန်မာနိုင်ငံမှာ ဆက်ထားမည် click
- ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် ပုန်ကန်မှုအတွင်း အသေအဆုံး အများအပြားရှိခဲ့ click
- စစ်အစိုးရကို နိုင်ငံတကာခုံ႟ုံးတင်နိုင်ရန် နာဂစ်မုန်တိုင်းအစီရင်ခံစာ ထုတ်ပြန် click
- အာဆီယံထိပ်သီးညီလာခံမှာ မြန်မာ့အရေးအလေးထားဖို့ တောင်းဆို click
- အကျဉ်းသားကျန်းမာရေးကို အာဏာပိုင်များ လျစ်လျူရှု click
- မြန်မာ့အရေး ထိရောက်စွာကိုင်တွယ်ဖို့ အာဆီယံကို တောင်းဆို click
- နိုင်ငံကူးလက်မှတ်ကိုင် မြန်မာသံဃာနှစ်ပါးကို ထိုင်းရဲဖမ်း ဘတ်ငွေများပျောက်ဆုံး click
- ထိုင်းဝန်ကြီးချုပ်က မြန်မာ့ဒီမိုကရေစီရေးကို အားပေးသွားမည်ဟု ပြောဆို click
- ဂမ်ဘာရီခရီးစဉ်အပေါ် အမေရိကန် စိတ်ပျက်မိ click
- မုန်တိုင်းလွန်ကာလ လှိုင်းဂယက် click
- ရန်ကုန်တွင် မီးပြတ်တောက်မှု ပိုဆိုးဝါး၊ နေပြည်တော်မှာ မီးထိန်ထိန်သာ click
- ငါးကျမ်းပြန်ကျောင်းတိုက်၊ နာဂစ်သင့် မိဘမဲ့ကလေးများစောင့်ရှောက်ရေး ရန်ပုံငွေဖြင့် ကလေး ၅၀၀ ကျော် ကို ကူညီခဲ့ click
- ကုန်ဈေးနှုန်း၊ နယ်စပ်ကုန်သွယ်ရေး - စာမေးပွဲကာလ ဖယောင်းတိုင် ရောင်းကောင်း click
- ပြည်ပအလုပ်အကိုင်တွေ ရှား၊ အေဂျင်စီတချို့ ရပ်နား click
- “ရိုဟင်ဂျာ မဟုတ်ဘူး၊ ဘင်္ဂါလီ”ဟု နိုင်ငံခြားရေးဝန်ကြီးပြော click
- အာဆီယံက မြန်မာကို ဖိအားပေးမည်မဟုတ် click
- မြန်မာနိုင်ငံ၊ အတိုက်အခံများနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု (ဆောင်းပါး) click
- သံလျင်မှာ ရွေးကောက်ပွဲအတွက် ခြေလှမ်း click
- ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များရှိ ရဲတပ်ဖွဲ့ဝင်များထံမှ လမ်းလျှောက်စကားပြောစက်တွေကို စစ် တပ်က သိမ်း click

စစ်အစိုးရအား နိုင်ငံတကာ ခုံရုံးတင်နိုင်ရန် နာဂစ်မုန်တိုင်း အစီအရင်ခံစာ ထုတ်ပြန်




နာဂစ်ဆိုင်ကလုန်းဒဏ်ခံရတဲ့ မြန်မာနိုင်ငံ မုန်တိုင်းဒုက္ခသည်တွေ အပေါ် မြန်မာစစ်အစိုးရ ပြုမူခဲ့ခြင်းနဲ့ ပတ်က်ပြီး လူသားချင်း စာနာထောက်ထားထောက်မှု ကင်းမဲ့ခြင်း လုပ်ရပ်တွေကို စာတမ်းပြုစုပြီး ယမန်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နိုင်ငံခြား သတင်းထောက်များ ကလပ်မှာ ထုတ်ပြန် ခဲ့ပါတယ်။

နာဂစ်အပြီး မြစ်ဝကျွန်းပေါ်ကအသံများဟု အမည်ပေးထားသော (After the storm: Voices from the Delta) စာမျက်နှာ ရ၈ မျက်နှာစာတမ်းကို ဂျွန်ဟော(ပ်)ကင်းတက္ကသိုလ် ပြည်သူ့ကျမ္မာရေးဌာနနှင့် ထိုင်းမြန်မာ နယ်စပ် အခြေစိုက် အရေးပေါ် ကူညီပေးရေး အဖွဲ့ (မြန်မာနိုင်ငံ)တို့ ပူးပေါင်းထုတ်ဝေခဲ့ခြင်း ဖြစ်သည်။

အဆိုပါအစီရင်ခံစာတွင် သဘာဝဘေးအန္တရယ်ကို ပြည်သူများသိအောင် အသိမပေးခဲ့ခြင်း။ ပြည်တွင်း၊ပြည်ပမှ အလှူရှင်များ ပေးပို့လှူဒါန်းသော ကယ်ဆယ်ရေးပစ္စည်းများကို သက်ဆိုင်ရာအာဏာပိုင် အဆင့်ဆင့်တို့ အလွဲ သုံးစားလုပ်ခြင်း။ လယ်ယာမြေများအား သိမ်းယူခြင်းများနှင့် လူ့အခွင့်အရေးချိုးဖေါက်မှုများ အပါအ၀င် ပြည် တွင်းမှာ ကယ်ဆယ်ရေးလုပ်နေကြသော စေတနာ့ဝန်ထမ်းများအား မတရားသဖြင့် ဖမ်းဆီးထောင်ချခြင်းများကို သက်သေ ထွက်ဆိုချက် အမြောက်အများတို့ဖြင့် ရေးသား ဖေါ်ပြထားသည်။

ထိုင်းမြန်မာနယ်စပ်အခြေစိုက် အရေးပေါ်ကူညီပေးရေးအဖွဲ့(မြန်မာနိုင်ငံ)မှ ဥက္ကဌ ဆရာမဒေါက်တာစင်သီယာ မောင်က “နာဂစ်ကြောင့်ရယ်လို့ သီးခြားရောဂါ တစ်မျိုးမျိုးနဲ့ နယ်စပ်ကို ရောက်လာတာမရှိပေမယ့် အထူးသဖြင့် ကလေးတွေရဲ့  စိတ်ပိုင်းဆိုင်ရာ စိုးရိမ်ထိပ်လန့်မှုတွေ၊ အထူးသဖြင့် မိဘတွေမရှိတော့တဲ့ ကလေးတွေရဲ့  ကျမ္မာ ရေး၊ ပညာရေး၊ အနာဂတ်အရေးတွေဟာ အထူးစိုးရိမ်ရပါတယ်။ စီးပွားရေးလုပ်ငန်းတွေ ပြန်လည် ထူထောင် ရေးဟာလည်း ခုထိ နာလန်မထူနိုင်သေးတော့ အတော့်ကိုစိုးရိမ်စရာကောင်းပါတယ်။ ပြီးတော့ စေတနာ့ ၀န်ထမ်းတွေ မတရားသဖြင့် ဖမ်းဆီးထောင်ချ လိုက်တာတွေဟာ အလွန်ရက်စက်တဲ့ အပြုအမူတွေပါ။ ကျမတို့ အခု ထုတ်ပြန်တဲ့ စာတမ်းဟာ နာဂစ်ဒုက္ခသယ်တွေကို တိုက်ရိုက်မေးမြန်းပြီး တိကျတဲ့ အချက်အလက်တွေကို အခြေခံပြီးတော့ ထုတ်ဝေတာဖြစ်ပါတယ်”ဟု ပြောသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ ဂျာမနီနိုင်ငံမှ ခေတ္တကြွရောက်လာသော ငြိမ်းချမ်းရေးလမ်းလျှောက် ကိုယ် တော် အရှင်သောပါက ကနိုင်ငံခြားသတင်းထောက်များ၏ အမေးကို ဖြေကြားတော်မူရာတွင် ”ဦးဇင်းနှစ်ချက် ထောက်ပြချင်ပါတယ်။ ပထမအချက်က အာဆီယံက မှားယွင်းနေတဲ့အချက်၊ ပြည်တွင်းရေးကို ၀င်ရောက် မ စွက်ဖက်ရဆိုတဲ့ မူဟာ မှားယွင်းတဲ့မူဖြစ်တယ်။ ဥပမာ မိဘတွေက ကိုယ့်သားသမီး တွေကို သတ်ချင်သလို သတ်မယ် ဆိုလို့ရှိရင်၊ အစိုးရတရပ်က ကိုယ့်ပြည်သူတွေကို သတ်ချင်သလို သတ်နေမယ်ဆိုလို့ရှိရင် ပြည်တွင်း ရေး မဟုတ်တော့ဘူး။ လူသားများအားလုံး အေ၇းဖြစ်လာပြီ။ Human affairs ဖြစ်လာပြီ။ နာဂစ်ဒေသ ဒုက္ခသယ် တွေအရေးကို လူသားအားလုံး ၀ိုင်းဝန်းလုပ်ကြဖို့။ နောက်တစ်ချက်က ကုလ၊ အာဆီယံနဲ့ မြန်မာပေါင်းထားတဲ့ အဖွဲ့ကပေါင်းပြီး အောင်မြင်တယ်လို့ ရေးတဲ့ ထုတ်ပြန်ကြေညာချက်ပေါ့၊ ဦဇင်းတို့ မြန်မာတွေဟာနအဖ ပြောတာ တွေကို အမြဲတန်း ပြောင်းပြန်နားလည်းရတယ်။ Upside down လို့ပြောပြတယ်။ သူတို့က အောင်မြင်တယ် ဆိုရင်၊ မအောင်မြင်ဘူးပေါ့”ဟု မိန့်တော်မူသည်။

ဂျွန်ဟော(ပ်)ကင်းတက္ကသိုလ် ပြည်သူ့ကျမ္မာရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ခရစ်ဘေယာက “မြန်မာ အာဏာ ပိုင်တွေဟာ ဒုက္ခသယ်တွေအတွက် ဘာမှအဆင်သင့်မဖြစ်လာသေးပဲ အတင်းအဓမ္ထ နေရာရွှေ့ ပြောင်းတာ၊ မောင်းထုတ်တာတွေဟာ အကြီးမားဆုံး လူ့အခွင့်အရေး ချိုးဖေါက်မှုတွေဖြစ်တယ်။ ပိုဆိုးတဲ့ အချက် တစ်ခုက နာဂစ်ဒုက္ခသည်တွေကို လုပ်အားပေး စေခိုင်းတာပဲဖြစ်တယ်”ဟုပြောသည်။

အရေးပေါ် ကူညီပေးရေးအဖွဲ့(မြန်မာနိုင်ငံ) အဖွဲ့မှ ဦးမန်မန်းက “နာဂစ်မုန်တိုင်း ဒဏ်ခံရတဲ့ဒေသက လူ(၉၀) အပါ အ၀င် စေတနာ့ ၀န်ထမ်းတွေကို မေးမြန်းထားတာ ဖြစ်ပါတယ်’’ ပြောသည်။

မြစ်ဝကျွန်းပေါ်ဒေသကို ၂၀၀၈ ခုနှစ်မေလတွင် တိုက်ခတ်ခဲ့သော နာဂစ် ဆိုင်ကလုန်း မုန်တိုင်းကြောင့် လူပေါင်း ၁၄၀၀၀ ခန့် သေကြေခဲ့ရပြီး လူလေးသန်း ၀န်းကျင်ခန့် အတိဒုက္ခ ရောက်ခဲ့ကြရကြောင်း သိရှိရသည်။

ကိုကျော်သောင်းမှပေးပို့ပါသည်။

2.27.2009

Burma News

New Report Slams Junta for Nargis ‘Crimes’

By NEIL LAWRENCE
A new report on the aftermath of Cyclone Nargis says the Burmese junta’s actions in the wake of the disaster could constitute crimes against humanity.

Will US Oil Companies Return to Burma?

By WILLIAM BOOT
Will a new US policy towards Burma allow the return of US oil companies as part of a “carrot and stick” approach to influence the regime?

Burma Insists Rohingyas are ‘Bengalis’

By WAI MOE
Burma is insisting at the Association of Southeast Nations summit in southern Thailand that the boatpeople now fleeing Arakan State are not Rohingyas but Bengalis.

Global Fund Discusses Possible Return to Burma

By THE IRRAWADDY
A visit to Burma this week by a Global Fund delegation could result in a resumption of the fund’s discontinued anti-AIDS program there, according to a report by the Chinese news agency Xinhua.

Wa Receive Permanent Identity Cards

By MIN LWIN
Immigration officers have been issuing permanent Burmese identity cards to ethnic Wa adults over the age of 18 since the beginning of February.

Weekly Business Roundup (February 27, 2009)

By WILLIAM BOOT
Burmese bureaucracy’s failure to act on a trade swap of stakes in oil and gas exploration sites between Thailand and China sets back plans of both countries.

Burma sets condition for accepting Rohingya migrants

The Thai Foreign Minister has said that the Burmese military regime has agreed to take back only those migrants, who have been verified as “Bengalis” from Burma, at the regional...

Army-drug gang encounter in Golden Triangle

There was exchange of gunfire on February 18 between Burmese Army troops and a drug trafficking gang operating in Meng Peng region, Shan State in the Golden Triangle.

Editorial, Opinion and Analysis

Challenging human rights in Burma

[Interview] The United Nations Human Rights expert Tomas Ojea Quintana, who recently concluded a six-day visit to Burma, said the ...


KNU Colonel faces trial in Thai Court

Leader of an ethnic Karen resistance group, Colonel Ner Dah Mya is facing trial in a court in Thailand, charged with illegal possession of a weapon , an official of...

Burmese junta should be referred to ICC: Report

The United Nations Security Council should refer Burma’s military rulers to the International Criminal Court for committing crimes against humanity, by stopping relief aids in the aftermath of Cyclone

Ramos-Horta Urges Obama to Ease Stance on Burma
The Irrawaddy News Magazine - Chiang Mai,Thailand
Speaking in Washington on Wednesday, Ramos-Horta said that the decades-long impasse in Burma would be “one of the easiest” in the world to resolve if the US ...
See all stories on this topic
RIGHTS-BURMA: Rohingya Issue Figures in Regional Summit
Inter Press Service - Rome,Italy
By Marwaan Macan-Markar CHA-AM, Thailand, Feb 26 (IPS) - Burma’s military regime has set a tough challenge for regional leaders to grapple with when they ...
See all stories on this topic
ASEAN pressed on Myanmar's abuses
International Herald Tribune - France
Although reform in Myanmar, also known as Burma, may be discussed on the sidelines of the conference, ASEAN traditionally shies away from all criticism of ...
See all stories on this topic
Human Rights in Burma Appalling: US
The Irrawaddy News Magazine - Chiang Mai,Thailand
By LALIT K JHA WASHINGTON — The human rights situation in Burma remains grim as the military government continues to ignore basic rights and continues to ...
See all stories on this topic
Burma's refugees cut from ASEAN agenda
ABC Online - Australia
In recent weeks, hundreds of Rohingya asylum seekers have left Burma. Some are being cared for in the Indonesian province of Aceh, after allegedly being ...
See all stories on this topic
Thailand: Washington Forging New Myanmar Policy
Sin Chew Jit Poh - Malaysia
The generals of Myanmar, also known as Burma, continue to crush popular protests with guns, commit atrocities against ethnic minorities and currently hold ...
See all stories on this topic
Ramos-Horta urges Obama to embrace Burma
Ninemsn - Sydney,New South Wales,Australia
US President Barack Obama should seize on his global popularity and reach out to Burma and Cuba, which are ready to change if sanctions are lifted, ...
See all stories on this topic
Letter to ASEAN Secretary-General Surin Pitsuwan
منظمة هيومان رايتس ووتش - حقوق الانسان - USA
First, ASEAN should set a new standard to address the human rights situation in Burma. Secondly the recent tragedy surrounding the perilous exodus of ...
See all stories on this topic
Rethinking Relations With Burma
Voice of America - USA
This entails a review of the way the United States deals with specific countries, and such an effort is now under way regarding the government of Burma. ...
See all stories on this topic
US Rights Report Cites Abuses in China, Russia, Iran
Voice of America - USA
Burma's military-led government was said to be continuing repressive measures including harassment and imprisonment of human rights and democracy activists. ...
See all stories on this topic

Blogs Alert for: Burma news

Burmese monks share stories of repression - News
"There were brutal crackdowns for Burma's own people, even its religious leaders, shocking the world," U Pyinya Zawta said. "The monks use nonviolent and peaceful response to the military government. We look to our own people as our own ...
The Chronicle - http://www.dukechronicle.com/home/
GMANews.TV - Asean pressed on Myanmar's abuses - World - Official ...
"The tragedy surrounding the Rohingyas' perilous exodus reveals glaring failures of Asean in dealing with Burma," Human Rights Watch said. "Asean's continuing failure to hold the Burmese military government accountable for abuses and ...
GMA News.tv - http://www.gmanews.tv/
Thugs and Thieves_The Burmese military junta has purchased 14 ...
By peacerunning
They increase our target every year,” said a farmer in Letpanchau village. The junta has started purchasing rice from November 2008. But there is no explanation or information to the people regarding this. - Khonumthung News ...
democracy for burma - http://democracyforburma.wordpress.com/
Color Daily World News (beta): Annual U.S. rights report cites ...
By Color Daily
"We will be conducting a review of our U.S.-Burma policy, again with the notion of looking for: are there any other ways that we haven't tried, are there more creative ways that we might add to our approach to push for greater respect ...
Color Daily World News (beta) - http://colordailyworldnews.blogspot.com/
Pastor Mark's Thailand-Burma Trip: Burma Retrospective - Part Two
By Rev. Dr. Mark S. Caruana
Burma Retrospective - Part Two. I am currently sitting in Toyko's Narita Airport with a three hour layover before the next leg of hour-long flight is behind me. The bad news is that I have another twenty-one hours in planes and airports ...
Pastor Mark's Thailand-Burma Trip - http://pastormarksthailand-burmatrip.blogspot.com/

အတုအယောင် ရီဖရင်ဒမ်ကြီးပြီးလို့ ၂၀၀၉၊ ၂၀၁၀ တိုင် လေလှိုင်းတွေကမြိုင်

(ဆောင်းပါး)
ဒေါက်တာလွဏ်းဆွေ /၂၆ ဖေဖော်ဝါရီ ၂၀၀၉

ဆန္ဒခံယူပွဲဆိုတုန်းကလည်း ဆန္ဒခံယူပွဲအလျောက်မို့ အခုလည်း ၂၀၁၀ ရွေးကောက်ပွဲဆိုပြီး နအဖက အနံ့လေး ထပ်ထုတ်ပေး ထားပြန်တော့ ၂၀၁၀ ရွေးကောက်ပွဲ အနံ့ကို ရှုရင်းရှိုက်ရင်း တိုက်ရိုက် လေလှိုင်း ဆွေးနွေးပွဲတွေမှာ အာပေါင်အာရင်း သန်သန်နဲ့ ဆွေးနွေးငြင်းခုံ နေကြသံ တွေကြားနေရပြန်ပါပြီ။ ပါဝင်ဆွေးနွေးကြသူ အများစုက ပြည်ပမှာ နေထိုင် ကြသူတွေပါ။ အမေးနွားကျောင်းသား များက ပျော်မဆုံးမော်မဆုံး ဆွမေး ဖွမေးနေကြသလို အဖြေဘုရားလောင်းများကလည်း တယောက်တမျိုး မရိုး နိုင်အောင် ဖြေကြားတော်မူနေကြတာကို ခပ်စိတ်စိတ် ကြားနေရပါတယ်။ ဆွေးနွေးသံတွေ မြိုင်မြိုင်ဆိုင်ဆိုင် ကြားနေရပုံများ “သီတင်းကျွတ် ပွဲတော်ကြီးပြီးလို့ တန်ဆောင်မုန်း တန်ဆောင်တိုင် ဆီမီးကမြိုင်” ဆိုတဲ့ သီချင်း ကို စာသားပြောင်းပြီး “အတုအယောင် ရီဖရင်ဒမ်ကြီးပြီးလို့ ၂၀၀၉၊ ၂၀၁၀ တိုင် လေလှိုင်းတွေကမြိုင်” လို့ ထဟဲရတော့မလို …။

တခုပဲ တွေးမိပါတယ်။ မြန်မာပြည်ထဲမှာ ခြစ်ကုတ်ဝယ်ထားကြတဲ့ ရေဒီယိုလေးတွေဖွင့်ပြီး ညမှောင်မှောင် လမှောင်မှောင်ထဲကနေ နားဆင်နေကြတဲ့ ကျနော်တို့ရဲ့ ချစ်လှစွာသော ပြည်သူလူထုကြီးကတော့ တယောက်တပေါက် ဆွေးနွေးငြင်းခုံသံတွေကို ကြားရပြီး၊ ဒီမိုကရေစီရေးအတွက် အားတက်ကြလေမလား၊ မျက်လုံးကလေးတွေ ကလယ်ကလယ်နဲ့ အားကိုးရာမဲ့ ဖြစ်နေကြလေမလား၊ တော်ပြီ … ဓာတ်ခဲဖိုး ကုန်တယ်ကွာဆိုပြီး ရေဒီယိုကိုပဲ ပိတ်ပစ် လိုက်ကြလေမလား ဆိုတာကို စိုးရိမ်တကြီး တွေးနေမိတာပါ။

အခုအထိ ကြားခဲ့ရသမျှတွေထဲမှာ လှုပ်လှုပ်ရှားရှားအဖြစ်ဆုံး ဆွေးနွေးပွဲလေးကို ညွှန်းပါဆိုရင်ဖြင့် ဖေဖော်ဝါရီ (၂၁) ရက် စနေညပိုင်းက ထုတ်လွှင့်ခဲ့တဲ့ ဗွီအိုအေ တိုက်ရိုက်လေလှိုင်း အစီအစဉ်ကို ညွှန်းရပေလိမ့်မယ်။ အဲဒီဆွေးနွေးပွဲမှာ ထူးခြားတာက စီစဉ်တင်ဆက်တဲ့ ဦးကျော်ဇံသာရဲ့ လူရွေးချယ်မှုပါ။ အဓိက ပင်တိုင်ဆွေးနွေးဖို့ ရွေးချယ်ထားတဲ့ မြန်မာ့အရေး လေ့လာသုံးသပ်သူလို့ ဆိုတဲ့ ဦးအောင်သူငြိမ်းနဲ့ ဦးမင်းဇော်ဦးတို့ နှစ်ဦးစလုံးက ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ကြဖို့ နှပ်ကြောင်းပေး ပြောဆို ဆွေးနွေးသွားကြတာကို ကြားလိုက်ရလို့ပါ။ တိုက်ဆိုင်တာပဲလား တမင်တကာလုပ်တာလား ဆိုတာတော့ ဦးကျော်ဇံသာ ကိုယ်တိုင်မှပဲ သိနိုင်ပါလိမ့်မယ်။ စီစဉ်တင်ဆက်သူ ဦးကျော်ဇံသာရဲ့ အကြိုမိတ်ဆက် ပြောကြားမှုတွေကို ကြားရပုံကလည်း ၂၀၁၀ ရွေးကောက်ပွဲကိုဝင်ဖို့ တွန်းအားပေးချင်ချင် လေသံမျိုး ပေါက်နေလေ တော့ ကြားထားတဲ့ သတင်း အစ အနတွေ မှန်နေလေပြီလားလို့တောင် တွေးမိပြီး ဆံပင်တွေ ထောင်ချင်ချင် ဖြစ်မိပါတော့တယ်။

ပြီးခဲ့တဲ့ ဆန္ဒခံယူပွဲတုန်းကလည်း ဒိုနာ ဆိုသူတွေက အတိုက်အခံ အုပ်စုအချို့ကို ဒေါ်လာသိန်းနဲ့ ချီချပေးပြီး “ဗုတ်နိုး ” လိုင်းကို လျှောက်ခိုင်းခဲ့တယ်။ ဒါပေမယ့် နအဖ မျက်နှာပြောင်တိုက် လိမ်ညာ သမျှကို လက်ပိုက် ကြည့် နေရပြီး ဘာမှမခုခံ မတုန့်ပြန်နိုင်ဘဲ ခွက်ခွက်လန်ရှုံးနိမ့်မှုနဲ့ ရင်ဆိုင်ခဲ့ရ တယ်။ အခုလည်း ဒိုနာ ဆိုသူတွေက သူတို့အနှစ် (၂၀) ကြာ အထောက်အပံ့ပေးခဲ့တဲ့ ပြည်ပအတိုက်အခံ အုပ်စုတွေရဲ့ စွမ်းဆောင်ရည်ကို စိတ်ပျက် လက်ပျက်ဖြစ်လာပြီး ၂၀၁၀ ရွေးကောက်ပွဲကိုဝင်ဖို့ ဖိအားပေးနေတယ်လို့ ကြားရပါတယ်။ ဒိုနာတွေက သူတို့ကြိုးဆွဲရာကတဲ့ အဖွဲ့အစည်းကိုမှ (၂၀၁၀ ရွေးကောက်ပွဲဝင်မှ) ဒေါ်လာ အထောက်အပံ့ ပေးတော့မယ်လို့ ဆိုပါတယ်။

အဲဒီအတွက် ဒေါ်လာရရေး ဒို့အရေးဆိုပြီး ရွေးကောက်ပွဲဝင်ဖို့ တိတ်တိတ်ပုန်း ခြေပုန်းခုတ် လှုံ့ဆော်နေတဲ့ အတိုက်အခံဆိုသူ အချို့ရှိနေပြီဆိုတဲ့ အသံတွေ နားနဲ့မဆံ့အောင် ကြားနေရ ပါတယ် (ဘယ်သူတွေလဲ ဆိုတာ တော့ မကြာမတင်သော ကာလမှာ မျက်ဝါးထင်ထင် တွေ့မြင် ကြရတော့မှာပါ။ နအဖက ၂၀၁၀ ရွေးကောက်ပွဲကို အမှန်တကယ် ကျင်းပပေးတော့မယ် ဆိုရင်ပေါ့)။

ဗွီအိုအေ တိုက်ရိုက်လေလှိုင်း အစီအစဉ်ကို နားဆင်ရတဲ့အခါမှာတော့ ပိုပြီးသံသယ၀င်စေပါတော့တယ်။ ဘာဖြစ် လို့လဲဆိုတော့ ဗုတ်နိုး ကာလတုန်းက နိုးဗုတ်သတင်းပို့ရင် အသံလွှင်ဋ္ဌာန တွေကမယူဘူး၊ မလွှင့်ဘူးဆိုတဲ့ မိတ်ဆွေသတင်းထောက်ရဲ့ စကားကို ပြန်လည် ကြားယောင်မိ လို့ပါ။

ကြုံရဆုံ ရဘုံဘ၀က အနို့ကလို သို့ကလိုမျိုးတွေ ဖြစ်နေလေတော့ ဗိုလ်ချုပ်အောင်ဆန်းတို့ ဖက်ဆစ် ဂျပန် တော်လှန်ရေး ကာလတုန်းကများ အခု အချိန်အခါလို ပရိုပိုဇယ်တွေ ဒိုနာတွေ မှိုလိုပေါနေခဲ့ရင် မြန်မာပြည်လွတ်လပ်ရေးတောင် ရခဲ့မှာမဟုတ်ဘူးလို့ တွေးမိပြီး တော်ပါသေးရဲ့လို့ သက်ပြင်းချမိရဲ့။

ပထမဦးစွာ ဦးကျော်ဇံသာရဲ့ မိတ်ဆက်စကားလေးကို ဆွေးနွေးကြည့်ချင်ပါတယ်။ ဦးကျော်ဇံသာ က “တကယ်တော့ ဒီ ၂၀၁၀ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် လူတချို့ကိုကြည့်ရင် တချို့ကလည်း ပွဲလန့် တုန်း ဖျာခင်းချင်တဲ့လူတွေ၊ အာဏာပိုင်တွေကို မျက်နှာချိုသွေးပြီးတော့ မျက်နှာလိုမျက်နှာရ လုပ်လိုလို့ ယှဉ်ပြိုင်မယ့်သူတွေ ရှိကောင်းရှိမှာ ဖြစ်ပေမယ့်လည်း ဒီလမ်းစဉ်ဟာ တိုင်းပြည်အကျိုးကို တကယ် ဆောင်ရွက် နိုင်မယ်လို့ သဘောရိုးနဲ့ ယုံကြည်ပြီး ဆောင်ရွက်တဲ့လူတွေလည်း ပါမယ်ဆိုတာ မလွဲပါဘူး။ ဒါကြောင့် ဒီဟာကို ချင့်ချင့်ချိန်ချိန် စဉ်းစားနိုင်အောင်လို့ ဒီနေ့အစီအစဉ်ကို ရွေးချယ်လိုက်ခြင်း ဖြစ်ပါတယ်”လို့ ဆိုပါတယ်။

ပွဲလန့်ဖျာခင်းသူတွေနဲ့ အာဏာပိုင်တွေကို မျက်နှာချိုသွေးသူတွေအကြောင်း အထူးတလည် ဆွေးနွေး စရာ မရှိပေမယ့် “သဘောရိုးနဲ့ ယုံကြည်ပြီး ဆောင်ရွက်သူတွေပါမယ်ဆိုတာ မလွဲပါဘူး” ဆိုတဲ့ ဦးကျော်ဇံသာရဲ့ ထင်မြင်ယူဆမှု အပေါ်မှာတော့ အနည်းငယ်ဆွေးနွေးလိုပါတယ်။

ဒီနေ့အထိ စီအာပီပီ၊ အန်အယ်လ်ဒီ၊ ယူအန်အေနဲ့ မွန်ပြည်သစ်ပါတီလို အပစ်အခတ်ရပ်အဖွဲ့များ၊ လက်နက် ကိုင်တော်လှန်ရေး အဖွဲ့အစည်း တော်တော်များများက ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်နေချိန်မှာ ရွေးကောက် ပွဲဝင်မယ့် အဖွဲ့ဆိုလို့ ၈၈ မျိုးဆက်ကျောင်းသားအတုတွေ၊ အန်အယ်လ်ဒီကခွဲထွက်ပြီး နအဖအလိုကျ ခေါင်းညိတ် ခေါင်းခါလုပ်နေတဲ့ ရုပ်သေးအမတ်တွေ၊ တစညတွေ၊ ကြံ့ဖွံ့တွေနဲ့ ငါတို့အနေချောင်ရင်ပြီးရော ဘယ်သူ တက်တက် ဒို့အစိုးရဆိုတဲ့ ခပ်တိမ်တိမ်လူမျိုးတွေသာ ရွေးကောက်ပွဲဝင်ဖို့ ဆွေးနွေးပြောဆိုနေကြတာပါ။ အဲဒီ လူတွေပဲ ပါတီထောင်ခွင့်တွေ၊ ရွေးကောက်ပွဲဥပဒေတွေ မထုတ်ပြန်ခင်မှာ နအဖရဲ့ မျက်နှာသာပေးမှုနဲ့ ခြေပုန်းခုတ် စည်းရုံးလှုံ့ဆော်ခွင့်တွေ ရနေကြတာပါ။ ပြည်ပကနေ ပြန်ဝင်လာပြီး ၂၀၁၀ ရွေးကောက်ပွဲ ၀င်မယ် ဆိုတဲ့ သူတွေကလည်း ယူဒီပီလို မရှင်းမရှင်းအဖွဲ့တွေနဲ့ ဒိုနာအလိုကျ ကပြအသုံးတော်ခံမယ့် အဖွဲ့အစည်းတွေ ရယ်လောက်ပဲ ရှိမှာပါ။

အဲဒီတော့ ဦးကျော်ဇံသာပြောတဲ့ သဘောရိုးနဲ့ ယုံကြည်ပြီး ဆောင်ရွက်တဲ့လူတွေကို အခု မြင်တွေ့နေရပြီဆိုရင် ဘယ်သူတွေလဲဆိုတာရယ်၊ အဲဒီလူတွေအနေနဲ့ နအဖ မျက်နှာသာ အပေးခံရသူတွေလို ပါတီ တရားဝင် ထောင်ခွင့်မရခင် အခုလိုအချိန်မှာ စည်းရုံးလှုပ်ရှားခွင့် ရနေကြပြီလားဆိုတာရယ် သိလိုလှပါတယ်။

အဲဒီလူတွေက အခုတော့ မမြင်သာသေးဘူး ရွေးကောက်ပွဲနီးမှ ပေါ်လာလိမ့်မယ်ဆိုရင်တော့ အဲဒီ ပေါ်လာမယ့် လူတွေဟာ သဘောရိုးနဲ့ ဆောင်ရွက်တဲ့လူတွေ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် အားကိုးလောက်တဲ့ လူတွေလို့တော့ ပြောလို့ရမှာမဟုတ်ပါဘူး။ အခွင့်အရေးသမားတွေ၊ ပေါင်းစားမယ့်သူတွေ မဟုတ်ရင် နအဖအခြေခံဥပေဒရဲ့ ညစ်လုံးညစ်ကွက် ကောက်ကျစ်လှည့်ဖျား မှုတွေကို မမြင်တတ်၊ ရှေ့ရှေး နောက်ရေးလည်း ဘာမှမချင့်ချိန် မစဉ်းစားတတ်တဲ့ လူနုံလူအတွေပဲ ဖြစ်ပါလိမ့်မယ်။

အဲဒီတော့ တမတ်သား စစ်ဗိုလ်တွေရယ်၊ အခွင့်အရေးသမားတွေ၊ နအဖနဲ့ ပေါင်းစားမယ့် လူတွေ ရယ်၊ အဲဒီလို (ရိုးသားပြီး စိတ်ကောင်းရှိချင်ရှိမယ်) လူနုံလူအတွေရယ် ပါဝင်မယ့် လွှတ်တော်ဟာ လည်း ပြည်သူ့လူထုအတွက် အားကိုးအားထားပြုရမယ့် လွှတ်တော်ဖြစ်လာနိုင်စရာ အကြောင်းမရှိဘူးလို့ပဲ ပြောရပါမယ်။

ဆက်လက်ပြီးတော့ ဦးအောင်သူငြိမ်းရဲ့ ဆွေးနွေးချက်တွေကို ကောက်နှုတ်ကြည့်မယ်ဆိုရင် …

ဦးအောင်သူငြိမ်း ။ ။ “၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကတော့ အခု ၂၀၁၀ ဖြစ်တဲ့အချိန်မှာ ဆိုလို့ရှိရင် နှစ် (၂၀) ကျော်ကြာခဲ့ပြီလို့ ပြောရင်ရနိုင်ပါတယ်။ ဆိုတော့ အခုအချိန်မှာ စစ်အစိုးရက နောက်ထပ်ရွေးကောက်ပွဲ တကယ် လို့ ပြန်လုပ်မယ် ဆိုပါစို့။ ဆိုတော့ အခုအချိန်အထိလည်း ကျနော်တို့က တော်တော်ပြောဖို့ခက်သေးတာက ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဥပဒေတွေလည်း မထွက်သေးဘူး။ နောက်တခုက ပါတီတွေကို ဘယ်လို စည်းရုံးခွင့်၊ လှုပ်ရှားခွင့် လွတ်လပ်စွာ ပေးမလား စသည်ဖြင့် ဒါတွေလည်း အခြေအနေတွေ ကျနော်တို့ သေချာမသိရသေးပါဘူး။ ဆိုတော့ ဒီလိုအနေအထားမှာတော့ အပ်ကျမတ်ကျတော့ သေချာပြောဖို့ ခက်ပါ သေးတယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် အခု ၂၀၁၀ ရွေးကောက်ပွဲ ဖြစ်လာတဲ့အချိန်မျိုးမှာ ကျနော်တို့လို အင်အား စုတွေက ပါဝင်ပြီးတော့ လုံးဝမလှုပ်ရှားဘဲနေမလား၊ ဒါမှမဟုတ်ရင် ပါပြီးတော့ ကျနော်တို့က နေပြီးတော့ ကိုယ့်ဘာသာကိုယ် တတ်နိုင်တဲ့ဘက်က လှုပ်ရှားကြမလားဆိုတဲ့ မေးခွန်း ဖြစ်လာပါတယ်။ ဆိုတော့ အဲလို အနေအထားမှာတော့ ကျနော်မြင်တဲ့ အယူအဆကတော့ ခုနပြောသလိုပဲ ဒီလိုရွေးကောက်ပွဲ တခုလုံးကို လုံးဝ ပစ်ပယ်လိုက်မယ့်အစား တချို့ အင်အားစု တွေက ၀င်ပြီးလှုပ်ရှားကြမယ် ဆိုလို့ရှိရင်ကတော့ ကျနော် အနေနဲ့ကတော့ လက်ခံနိုင်တဲ့ အနေအထားလည်း ရှိပါတယ်။ ဆိုတော့ ကျနော့်အနေနဲ့က ၀ိုင်းဝန်းပံ့ပိုးနိုင်တဲ့ အနေအထားလည်း ရှိပါတယ်ခင်ဗျ။”

ဦးအောင်သူငြိမ်းရဲ့ ဆွေးနွေးချက်ကို သုံးသပ်ရရင် (၉၀) ပြည့်နှစ် ရွေးကောက်ပွဲဟာ နှစ် (၂၀) ကျော်ခဲ့ပြီမို့ လွှင့်ပစ်ရမယ့် အနေအထားလို့ သွယ်ဝိုက်ဆိုလိုရာ ရောက်နေပါတယ်။ လူထုက မဲပေးရွေးချယ်ခဲ့တဲ့ ရလဒ် ကြီးတခုကို မစဉ်းစားမဆင်ခြင်ဘဲ အလွယ်တကူ လွှင့်ပစ်လိုက်မယ်ဆိုရင် မဲပေးခဲ့တဲ့ မြန်မာလူထုကြီးရဲ့ သဘောထားဆန္ဒကို ပစ်ပယ်စော်ကားရာ ကျမနေဘူးလားလို့ ကျနော်တော့ တွေးမိပါတယ်။ နောက်ပြီး (၉၀) ရလဒ် ကို အကောင်အထည်မဖော်နိုင်ခဲ့ဘဲ အနှစ် (၂၀) ကျော်ကြာခဲ့ရတဲ့ အ ကြောင်းအရင်းဟာ အန်အယ်လ်ဒီက ဘာမှမလှုပ်ရှား မဆောင်ရွက် လို့လား၊ နအဖစစ်အုပ်စုက နည်းမျိုးစုံနဲ့ ညစ်ပတ်ခဲ့လို့လား ဆိုတာကိုတော့ ဦးအောင်သူငြိမ်းအနေနဲ့ ရှင်းရှင်းလင်းလင်း မြင်နိုင်မယ်လို့ထင်ပါတယ်။

အဲဒီတော့ နအဖအနေနဲ့ အမှန်တကယ် ရွေးကောက်ပွဲ လုပ်ပေးချင်တယ် ဆိုရင် နှစ် (၂၀) အတွင်း ကွယ်လွန်လစ်လပ်သွားတဲ့ လွှတ်တော်ကိုယ်စား လှယ်တွေ နေရာကိုသာ ကြားဖြတ်ရွေးကောက်ပွဲ လုပ်ပေးပြီး လွှတ်တော် ခေါ်ပေးသင့်တယ်လို့ မြင်ပါတယ်။ လွှတ်တော်ထဲမှာ ကျုပ်တို့ စစ်ဗိုလ်တွေပါ ပါဝင်ဆွေးနွေးရမှ ဆိုရင်လည်း ပြည်သူက မန်းဒိတ်ပေးထားတဲ့ ပြည်သူ့ လွှတ်တော် ကိုယ်စားပြု ကော်မတီဝင်တွေနဲ့ ဆွေးနွေးညှိနှိုင်းလို့ ရနိုင်မယ် ထင်ပါတယ်။ အဲဒီလိုမှမဟုတ်ဘဲ စစ်ဗိုလ်တွေက တဖက်သတ် ဗိုလ်ကျရေးဆွဲထားတဲ့ လူထုကိုလည်း ကိုယ်စား မပြုတဲ့ ၂၀၁၀ ရွေးကောက်ပွဲကြီးကို ပါဝင်ယှဉ်ပြိုင်ဖို့ အကြံပြုနေတာကတော့ ပြည်သူ့ဆန္ဒကို ဆန့်ကျင် စော်ကား ရာကျသလို အဆင်ခြင်မဲ့ ပြောဆိုရာရောက်တယ်လို့လည်း ထင်ပါတယ်။

ဘာဖြစ်လို့ အဆင်ခြင်မဲ့ ပြောဆိုရာရောက်သလဲဆိုရင် ပြီးခဲ့တဲ့ ဆန္ဒခံယူပွဲရလဒ်ကို ကြည့်ရင် ထင်ရှားပါတယ်။ ဆန္ဒခံယူပွဲတုန်းက ဒိုနာတွေကိုယ်တိုင် ဒေါ်လာတွေ အလုံးအရင်းနဲ့ ထောက်ပံ့ ကူညီခဲ့တာတောင် ဘာမှမခုခံနိုင်ဘဲ နအဖက (၉၂) ရာခိုင်နှုန်းကျော်နဲ့ မျက်နှာပြောင်တိုက် လိမ်လည် အတည်ပြုသွားတာကို ခံခဲ့ ရတယ် မဟုတ်လား။ အခုလည်း ယှဉ်ပြိုင်ခွင့်ရမယ့် (၇၅) ရာခိုင်နှုန်းမှာ နအဖက သူ့လူတွေ အကုန်လုံး နီးပါးရအောင် ညစ်ဦးမယ်ဆိုတာကို မဆင်ခြင်မိလို့ လက်လွတ်စပယ် ရွေးကောက်ပွဲဝင်ဖို့ ပြောကြားလေသလား တွေးမိလို့ပါ။

ဦးအောင်သူငြိမ်း အကြံပြုပုံက ဘာနဲ့တူသလဲဆိုတော့ ရပ်ကွက်ထဲမှာ ချဲမလျော်ဘဲ ထွက်ပြေးသွား တဲ့ ချဲဒိုင်က နှစ်အတော်ကြာမှ ပြန်လာပြီး ဒီတခါတော့ ထိုးပါခင်ဗျာ တကယ်လျော်ပါမယ်၊ ဒါပေမယ့် (၁၀၀) ထိုးရင် (၇၅) ကျပ်ပဲ လျော်ပါမယ်ဆိုတာကို ယုံလွယ်ပြီး အမှတ်သည်းခြေမရှိ “သွားထိုးကြပါ” လို့ ဆော်သြ ပေးသူလို ဖြစ်နေပါတယ်။ ထပ်အလိမ်ခံရရင် ဦးအောင်သူငြိမ်း ဘာများ လုပ်ပေးမှာလဲလို့ပဲ မေးရတော့မယ်ထင်ပါရဲ့။

ဦးမင်းဇော်ဦးရဲ့ ဆွေးနွေးချက်ကို ကောက်နှုတ်ကြည့်မယ်ဆိုရင် …

ဦးမင်းဇော်ဦး။ ။ စစ်တပ်က အုပ်ချုပ်တဲ့ နိုင်ငံတွေကနေပြီးတော့ ဒီမိုကရေစီဘက်ကို အကူးအပြောင်း လုပ်ခဲ့တဲ့အခါမှာ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ဆင်တူတဲ့ အဖြစ်အပျက်တခုကို ကျနော် ပြောရမယ်ဆိုလို့ရှိရင် ချီလီ နိုင်ငံမှာ ၁၉၈၈ ခုနှစ်က စစ်တပ်ဆွဲထားခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပေဒ အောက်မှာ အရပ်သားတွေ ၀င် ရောက်ယှဉ်ပြိုင်ခဲ့ရတဲ့ ရွေးကောက်ပွဲနဲ့ သွားပြီးဆင်တူပါလိမ့်မယ်။ အဲဒီအချိန်မှာ ဒီကနေ့ ကျနော်တို့ ချီလီကို ကြည့်လိုက်မယ်ဆိုလို့ရှိရင် စစ်တပ်ကနေ ဒီမိုကရေစီကို ပြောင်းတဲ့ နိုင်ငံတွေထဲမှာ ချီလီက အတည်ငြိမ်ဆုံး အတိုးတက်ဆုံးလို့ ပြောလို့ရပါတယ်။ အဲဒီတော့ ဒီလိုနည်းလမ်းမျိုးနဲ့လည်း အပြောင်းအလဲလုပ်ရင် မရနိုင် ဘူးလားဆိုတော့လည်း ရနိုင်တဲ့ အောင်မြင်နိုင်တဲ့ အလားအလာတွေရှိပါတယ်။ ဒါပေမယ့် ဒီလိုလုပ်မှ အောင်မြင် မှာလား ဆိုတော့လည်း အဲလိုလုပ်မှ အောင်မြင်မှာတော့ မဟုတ်ဘူး။ တခြား အကောင်းဆုံးနည်းလမ်းတွေ ရှိလာဆိုလို့ရှိရင် ဗမာပြည်အတွက် အကောင်းဆုံးကတော့ တွေ့ဆုံဆွေးနွေးပြီးတော့ အပြောင်းအလဲလုပ်လိုက် ဒါကအကောင်းဆုံးဆိုတာတော့ အားလုံးလက်ခံပြီးသားဖြစ်တယ်။ ဒါပေမယ့် စစ်တပ်ဖက်က လက်ရှိအာဏာကို ကိုင်ထားတဲ့အချိန်မှာ အပြောင်းအလဲပေါ်မှာ အခြေခံတဲ့ အပြောင်းအလဲကို သွားမယ်ဆိုလို့ရှိရင် တွေ့ဆုံ ဆွေးနွေးရေးနဲ့ မသွားဘူး။ ငါတို့အတွက် အာမခံနိုင်တဲ့ ကွန်စတီကျူးရှင်းကနေ ချထားတဲ့ လမ်းကြောင်းတွေ ကနေ သွားမယ်ဆိုတဲ့ဟာကို ပြောထားပြီးတဲ့အတွက် ကျနော်တို့မှာက အခြားနည်းလမ်းမရှိတော့ဘဲနဲ့ ဒီနည်း လမ်းတခုပဲ ရှိတယ်ဆိုတဲ့ အမြင်မျိုးရှိတဲ့ နိုင်ငံရေးသမားတွေကတော့ ဒီအခါမှ ၀င်ပြိုင်ကြလိမ့်မယ်လို့ ကျနော် ထင်ပါတယ်။

ချီလီ ဥပမာနဲ့ နှိုင်းယှဉ်ပြောကြားပေးတဲ့ ဦးမင်းဇော်ဦးကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့်လည်း နိုင်ငံရေး ဆိုတာမျိုးက (၁+၂=၃) ဖြစ်တဲ့ဟာမျိုးလည်း ဟုတ်ချင်မှ ဟုတ်တာဆိုတော့ ပုံတူကူးချလို့ ဖြစ်နိုင်တဲ့အနေအထား ရှိချင်မှရှိမယ်လို့ထင်ပါတယ်။ ချီလီစစ်ခေါင်းဆောင်တွေနဲ့ မြန်မာစစ်ခေါင်းဆောင်တွေရဲ့ စိတ်နေသဘောထား၊ ဖိနှိပ်အုပ်ချုပ်မှု အတိုင်းအတာ၊ ဆွဲထားတဲ့ အခြေခံဥပေဒရဲ့ တရားမျှတမှုအချိုးအစား၊ သက်ဆိုင်ရာ စစ် ခေါင်းဆောင်တွေနဲ့ ပြည်သူတွေ၊ အတိုက်အခံတွေရဲ့ ဆက်ဆံရေးအနေအထားတွေ ကွာခြားတာနဲ့အမျှ ရလဒ်တွေကလည်း ကပြောင်းကပြန်တွေ ဖြစ်တတ်တာကို မြင်နိုင်ရမှာပါ။ (၁+၂=၃) အလွယ်တကူ ဖြစ်ခဲ့မယ် ဆိုရင်တော့ အတိုင်းအထက်အလွန်ပေါ့။ နိုင်ငံရေးဆိုတာက အဲသလိုမဖြစ်လို့ ခက်နေတာကိုး။

တခါတခါကျတော့လည်း ပညာရှင်တွေဆီက ကောင်းတဲ့အကြံဥာဏ်တွေ ရတတ်သလို တခါတခါကျတော့လည်း ပညာရှင်တွေဟာ ရပ်ကွက်ထဲက ချဲဆရာကြီးတွေလို များများသိလို့ တွက်လေ လွဲလေ၊ လွဲတော့ ထပ်လေ့လာ၊ ထပ်လေ့လာတော့ ပိုသိ၊ ပိုသိပြီး ထပ်တွက်တော့ ပိုလွဲ ဆိုတာမျိုးတွေလည်း ရှိတတ်တာကို ကျနော်တို့ သတိ ပြုရမှာပါ။

ခြုံငုံပြီး ပြောရမယ်ဆိုရင်တော့ ဗွီအိုအေ ဆွေးနွေးဝိုင်းမှာ မြန်မာအရေးလေ့လာသူ နှစ်ဦး ဆွေးနွေးသွားတဲ့ အသိအမြင်တွေလောက်ကိုတော့ ကျနော်တို့ရဲ့ အစစ်အမှန် တိုက်ပွဲခေါင်းဆောင် တွေဖြစ်တဲ့ ဒေါ်အောင်ဆန်း စုကြည်၊ ဦးဝင်းတင်အပါအ၀င် တိုင်းရင်းသားခေါင်းဆောင်များ၊ လက်နက်ကိုင် အဖွဲ့အစည်းခေါင်းဆောင်များ၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ တွေးပြီးသိပြီးသားဖြစ်မယ်လို့ ထင်ပါတယ်။

အဲဒီတော့ ကျနော်တို့ပြည်သူတွေအနေနဲ့က ကိုယ့်ခေါင်းဆောင်တွေ ဘာဖြစ်လို့ နအဖ အခြေခံဥပေဒကို ဆန့် ကျင်တယ်၊ ဘာဖြစ်လို့ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်တယ်၊ ဘာဖြစ်လို့ ထောင်ကျတန်းကျခံ အနာခံပြီး တိုက်ပွဲ ၀င်နေတာလဲဆိုတာကို ရှင်းလင်းမြင်သာစေဖို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးရဲ့ ပြောစကားလေးနဲ့ပဲ နိဂုံးချုပ်လိုက်ပါရစေ။

“နိုင်ငံရေးဖြေရှင်းမှုဆိုတဲ့အခါမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ အယူအဆဟာ Social Contract Theory ပါ။ တယောက်နဲ့ တယောက် ပဋိညာဉ်ပြုတဲ့ လွတ်လပ်တဲ့ သဘောဆန္ဒနဲ့ချုပ်ဆိုကြတဲ့ Contract ပါ။ အဲဒါကို ဘာမှမှ မလုပ်နိုင်ဘဲကွာ အရှုံးသာပေးလိုက်ပါတော့ ဆိုတာက အဲတော့ ကျနော်တို့က အရှုံးပေးလိုက်လို့ ကျနော်တို့ ပြည်သူတွေဟာ အခုရေတွင်းတူး အခုရေကြည်မသောက်ပါဘူး။ ကျနော်တို့ကလည်း ဒီလောက် အလော မကြီးဘူး။ တဖြည်းဖြည်း ပြုပြင်နိုင်တဲ့ အခွင့်အလမ်းမျိုး တွေ ရမလားဆိုတာကိုလည်း ကျနော်တို့က တလျှောက် လုံး မျှော်လင့်နေတယ်။ ကျနော်တို့ ကြိုးစားနေတယ်။ အခုဟာက လူထုကနေ ရွေးချယ်သမျှ ကိုယ်စားလှယ် အားလုံး တနည်းအားဖြင့် တိုင်းရင်းသားတွေ လူထုတွေ သန်း (၅၀) စလုံးက ပြင်ချင်ပါတယ် ဆိုရင်တောင်မှ စစ်ခေါင်းဆောင်က သဘောတူမှ ပြင်လို့ရမယ်ဆိုတဲ့ အခြေအနေကို ကျနော်တို့က ဒါကိုမှ သတိမပြုဘူး ဂရု မစိုက်ဘူးဆိုရင် နောင်အခါလာ နောင်အခါဈေးဆိုရင် တဘက်က တပ်မတော်ရဲ့ အခြေခံမူတွေထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသက်နဲ့လဲပြီး ကာကွယ်စောင့်ရှောက်မယ်လို့ သူကပြောထားတယ်။ အဲဒီတော့ နောင်တချိန်ပြင်ချင်ရင် ကျနော်တို့ နောင်လာ နောက်သားတွေ ကလည်း အသက်နဲ့လဲပြီးတော့ ပြင်ကြ ဆိုပြီး တော့ ကျနော်တို့ ကလေးတွေကို ဒီလိုမျိုး သေကြေ ဒဏ်ရာရမယ့် လမ်းပေါ်မှာ သေကြေရမယ့် အခြေအနေမျိုးကို ကျနော်တို့ ခွင့်မပြုနိုင်ပါဘူး။ နောင်အခါလာ နောင်အခါဈေး လုပ်လို့မရတဲ့ အချိန်ဆိုတာကို ကျနော် သတိ ပေးချင်တာပါ။”

(ဘီဘီစီ၏ ‘မြန်မာ့အရေး ကမ္ဘာ့အရေး’ အစီအစဉ်တွင် ဖြေကြားချက်)

သတင်းပဒေသာ



NEJ / ၂၇ ဖေဖော်ဝါရီ ၂၀၀၉

မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ စီးပွားရေး ဒဏ်ခတ်မှု မအောင်မြင်ရခြင်း အချက် (၅) ချက် ရှိကြောင်း သမ္မတ ဘွတ်ရှ် လက်ထက် အမေရိကန် ကွန်ဂရက်သို့ တင်သွင်းသည့် မြန်မာ-အမေရိကန် ဆက်ဆံရေး အစီရင်ခံစာ တစောင်တွင် ဖော်ပြသုံးသပ်ထားသည်။...အပြည့်အစုံသို့

------------------------------------------------------------------------------------------------------------------------------
ဗိုလ်ချုပ်ကြီးသိန်းစိန် အာဆီယံစည်းဝေးတက်မည်
မြန်မာ ရိုဟင်ဂျာပြဿနာရှောင်နေဟု စွပ်စွဲခံရ

NEJ /၂၇ ဖေဖော်ဝါရီ ၂၀၀၉
ထိုင်းနိုင်ငံ ဟွာဟင်းတွင် ကျင်းပနေ သည့် (၁၄) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ရန် အတွက် နအဖ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် ယနေ့ နေပြည်တော်မှ ထွက်ခွာ လာခဲ့ သော်လည်း ရိုဟင်ဂျာ ပြဿနာကို ....အပြည့်အစုံသို့
ဝန်ကြီးဦးအောင်သောင်းအား
ရိုဟင်စစ်ဆင်ရေး တာဝန်ပေး

NEJ / ၂၇ ဖေဖော်ဝါရီ ၂၀၀၉
ရိုဟင်ဂျာ ဒုက္ခသည်များ ကိစ္စနှင့် ပတ်သက်ပြီး မြန်မာစစ် အစိုးရအပေါ် အာဆီယံနိုင်ငံ အချို့က ဖိအားပေးပြောနေ ချိန်တွင် ပြန်လည်ချေပနိုင်ရန် အခြေခံ အချက်အလက်များ ရှာဖို့အတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက စက်မှု (၁) ၀န်ကြီးဦးအောင်သောင်းအား ရခိုင်ပြည်နယ်သို့ စစ်ဆင်ရေး ပုံစံဖြင့် လျှို့ဝှက် တာဝန်ပေးထားသည်။...အပြည့်အစုံသို့

အိုင်အယ်အိုနှင့် စစ်အစိုးရ
နားလည်မှုစာချွန်သက်တမ်းတနှစ်တိုး

NEJ / ၂၇ ဖေဖော်ဝါရီ ၂၀၀၉
အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) အမှုဆောင် ညွှန်ကြားရေးမှူး Mr.Kari Tapiola နှင့် နအဖ အလုပ်သမားဝန်ကြီး ဦးအောင်ကြည်တို့ ဖေဖော်ဝါရီ (၂၅) ရက်တွင် တွေ့ဆုံခဲ့ကြပြီး (၂၆) ရက်တွင် နောက်ထပ်တနှစ်တာ အဓမ္မခိုင်းစေမှု တိုင်ကြားချက်များ ဆောင်ရွက်ရန် နောက်ဆက်တွဲ နားလည်မှု ရယူခဲ့ကြသည် ...အပြည့်အစုံသို့
စစ်ခေါင်းဆောင်တွေကို ဘန်ကီမွန်းက
အကျပ်ကိုင်ခိုင်းလို့မရဟု ဂမ်ဘာရီပြော
NEJ / ၂၆ ဖေဖော်ဝါရီ ၂၀၀၉
မြန်မာ့အရေး ဆောင်ရွက်ရာမှာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်းက မြန်မာစစ်ခေါင်းများအား လုပ်သင့်သည်များကို အတင်းအကျပ်ခိုင်း၍မရဘဲ တိုက်တွန်းသည့်နည်း၊ ဆွဲဆောင်သည့်နည်းမျိုးဖြင့်သာ လုပ်ကိုင်နိုင်ကြောင်း မစ္စတာ ဂမ်ဘာရီက ထုတ်ဖော်ပြော ဆိုသည်။ ...အပြည့်အစုံသို့


“ရိုဟင်ဂျာ မဟုတ်ဘူး၊ ဘင်္ဂါလီ” ဟု နိုင်ငံခြားရေး ဝန်ကြီးပြော

“ရိုဟင်ဂျာ မဟုတ်ဘူး၊ ဘင်္ဂါလီ” ဟု နိုင်ငံခြားရေး ဝန်ကြီးပြော

ရိုဟင်ဂျာ ဆိုသည်မှာ ဘင်္ဂါလီလူမျိုးများသာ ဖြစ်၍ မြန်မာတိုင်းရင်းသားထဲတွင် မပါဝင်ကြောင်း မြန်မာ စစ် အစိုးရ၏ နိုင်ငံခြားရေး ဝန်ကြီး ဦးဥာဏ်ဝင်းက ငြင်းဆိုသည်

အာဆီယံက မြန်မာကို ဖိအားပေးမည်မဟုတ်

အရှေ့တောင် အာရှနိုင်ငံများ အသင်း (အာဆီယံ) ၏ ဥက္ကဌက မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေနှင့် ရိုဟင်ဂျာ အကြပ်အတည်း တို့အပေါ် ၁၄ ကြိမ်မြောက် အာဆီယံ စုံညီ

ထိုင်းမြောက်ပိုင်းတွင် လေထုညစ်ညမ်း

ထိုင်းနိုင်ငံ မြောက်ပိုင်းတွင် လေထုညစ်ညမ်းမှု ဖြစ်ပေါ်နေသောကြောင့် ဒေသခံ ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ ထွက်ရှိပါက နှာခေါင်းစည်းများစည်း၍ ထွက်ရန် ထိုင်းပြည်သူ့

ဝတွေကို မှတ်ပုံတင် ထုတ်ပေး

ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံခရိုင်ရှိ ဝတိုင်းရင်းသားများကို အစိုးရ လူဝင်မှုကြီးကြပ်ရေးဌာန (လဝက) အရာရှိများ က နိုင်ငံသားကတ်များ ပြုလုပ်ပေးနေကြောင်း ဒေသခံများက

သတင်းထောက် တဦး၏ နာဂစ်ဒိုင်ယာရီ

သန်းစိုးလှိုင်

ဖေဖော်ဝါရီ ၂၆၊ ၂၀၀၉

ဧပြီလ ၂၉၊ ၃၀ရက်၊ ၂၀၀၈ခုနှစ်၊

ပူပြင်းလှသည့် နွေရာသီ ဧပြီလ၏ နောက်ဆုံးသီတင်းပတ်၊ မိုးကသည်းထန်စွာ ရက်ဆက်ရွာသွန်းနေခဲ့သည်။ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်း ရပ်ဝန်းဖြစ်ပေါ်နေသည်လား၊ မုန်တိုင်းဖြစ်ပေါ်နေသည်လား တခုခု ဖြစ်လိမ့်မည်ဟု အင်တာနက်သတင်းများမှာ စေ့ငုကြည့်တော့ ဖြစ်ပေါ်နေသည့် မုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ် သို့မဟုတ် မြန်မာနိုင်ငံ ဧရာဝတီတိုင်းကို ၀င်ဖို့ အလားအလာရှိနေသည် ဟုဧပြီလ ကုန် ၂၈၊၂၉ ရက်ဝန်းကျင်တွင် ဖတ်ရှုရသည်။

အျပည့္အစုံသိုႛ ...

ဧရာဝတီကို တရားစွဲမည်ဟုဆိုသည့် ဦးကျော်မြင့် နှင့် ဗွီအိုအေ အင်တာဗျူး
VOA
ဖေဖော်ဝါရီ ၂၆၊ ၂၀၀၉
VOA - ဦးကျော်မြင့်အနေနဲ့ မြန်မာနိုင်ငံမှာ ကျုံယွမ်ကုမ္ပဏီနဲ့ လုပ်ငန်း လုပ်ခဲ့စဉ်တုန်းက ငွေကြေးနဲ့ စီးပွားရေးပြဿနာတွေအတွက် စစ်အစိုးရကနေပြီးတော့ ထောင်ဒဏ် အပြစ်ပေးခံခဲ့ရဖူးတယ်လို့ စွပ်စွဲထားတာတွေ ရှိပါတယ်။ အဲဒီအချိန်က ဘာကြောင့်မို့ ဦးကျော်မြင့် အနေနဲ့ ထောင်ဒဏ် အပြစ်ပေးခံခဲ့ရတာလဲခင်ဗျ။
UKM - ကျနော် ၉၇ ခုနှစ်တုန်းက စစ်အစိုးရနဲ့ ပြဿနာဖြစ်တာ ငွေကြေးစီးပွားရေးပြဿနာ မဟုတ်ဘူး။ အဓိက နိုင်ငံရေးပါ။ နိုင်ငံရေးဆိုတာ ၅(ည)ပေါ့။ ကျနော်တို့ ငွေရေး ကြေးရေး စီးပွားရေး ထောင်ဒဏ်ချတာ မရှိပါဘူး။ သူတို့ ချထားတာ ၅(ည)၊ နိုင်ငံတော် ဆန့်ကျင်မှုပေါ့။ အဲဒါနဲ့ ထောင်ဒဏ်ချတာပါခင်ဗျ။

VOA - အဲဒီ ၅(ည)က ဘာ့ကြောင့်ချတာလဲ။
UKM - ကျနော် စာဖြန့်တာပေါ့နော်။ အဲဒီအချိန်မှာ စစ်အစိုးရရဲ့ အားနည်းချက်ပေါ့။ ဟို ပြည်သူ အစိုးရတခု လိုပါတယ် လို့။ စာဖြန့်တယ်။ ပြီးတော့ တချို့ ပါဝါတွေလည်း ဒေါ်အောင်ဆန်းစုကြည် တို့ကို လွဲပေးဖို့ လိုပါတယ်။ အဲဒါမျိုး စာဖြန့်တာပါခင်ဗျ။
အျပည့္အစုံသိုႛ ...

E-mail Print

သံလျင်မှာ ရွေးကောက်ပွဲအတွက် ခြေလှမ်း

နိုင်ငံရေးပါတီတခုအဖြစ် ၂၀၁၀ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရန် ရန်ကုန်တိုင်း သံလျင်မြို့တွင် လိုက်လံ စည်းရုံးသူများ ပေါ်ထွက်လာသည်။ ယခုလ ၂၅ ရက်နေ့က အဖွဲ့ဦးဆောင်သူ ၁၀ ဦးခန့်က...

မြန်မာလုပ်သား ရာပေါင်းများစွာ ထိုင်းတွင် ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ မဲဆောက်မြို့မှ မြန်မာလုပ်သား ရာပေါင်းများစွာသည် ပြီးခဲ့သည့် ၃ ရက်အတွင်း ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးပြန်ပို့မှုများ ခံရကာ ဆက်လက်၍လည်း...

နာရေးအသင်း နိဗ္ဗာန်ယာဉ်များ သုဿန်သို့ ပြောင်းရမည်

နိုင်ငံကျော် ရုပ်ရှင်မင်းသား ဦးကျော်သူ ဦးစီးလုပ်ကိုင်သည့် ရန်ကုန်မြို့ နာရေးကူညီမှု အသင်း၏ နိဗ္ဗာန်ယာဉ်များကို ရေဝေးသုဿန်သို့ ပြောင်းရွှေ့ရမည်ဟု အာဏာပိုင်များက...

'လူ့အခွင့်အရေး'' တောင်းသူ တိုက်ပိတ်ခံရ (အင်တာဗျူး)

''လူ့အခွင့်အရေး ရရှိရေး - ဒို့အရေး'' ဆိုပြီး အင်းစိန် ထောင်ထဲတွင် အော်ဟစ်ကြွေးကြော်သဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်...


- မြန်မာအပေါ် နိုင်ငံတကာဒဏ်ခတ်မှု စစ်အစိုးရကို တရုတ်ကူညီနေသည့်အတွက် အဓိက မအောင်မြင် click
- ဗိုလ်ချုပ်ကြီးသိန်းစိန် အာဆီယံစည်းဝေးတက်မည်၊ မြန်မာ-ရိုဟင်ဂျာပြဿနာ ရှောင်နေဟု စွပ်စွဲခံရ click
- ၀န်ကြီးအောင်သောင်းအား ရိုဟင်စစ်ဆင်ရေး တာဝန်ပေး click
-ဆက်လက်အုပ်ချုပ်ချင်ရင် စစ်တပ်ရွေးကောက်ပွဲဝင် (အင်တာဗျူး) click
- ထိုင်းမြောက်ပိုင်းတွင် လေထုညစ်ညမ်း click
- ၀တွေကို မှတ်ပုံတင် ထုတ်ပေး click
- အိုဘားမားနှင့် မြန်မာပြည် (ဆောင်းပါး) click
- ရွှေတြိဂံမှာ မူးယစ်ဂိုဏ်းနဲ့ မြန်မာစစ်တပ် တိုက်ပွဲဖြစ် click
- 'လူ့အခွင့်အရေး' တောင်းသူ တိုက်ပိတ်ခံရ (အင်တာဗျူး) click
- ရွှေတြိဂံမှာ မူးယစ်ဂိုဏ်းနဲ့ မြန်မာစစ်တပ် တိုက်ပွဲဖြစ် click
- ကျိုက်ထိုမှာ မီးလောင် click
- အာဆီယံ ထိပ်သီးဆွေးနွေးပွဲ စတင် click
- သမ္မတအိုဘားမား အစိုးရဘတ်ဂျက် တင်ပြ click
- အရှေ့တီမောရွေးကောက်ပွဲ ကုလသမဂ္ဂ ကူညီမည် click
- ဗကသကျောင်းသား၏ ထောင်တွင်းအတွေ့အကြုံ ဒုတိယပိုင်း) click
- နိဗ္ဗာန်ယာဉ်များ ရန်ကုန်မြို့တွင်း ထားခွင့်မပြုဖို့ တားဆီးမိန်ႛထုတ်ပြန် click
- မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအမတ်များအဖွဲ့ ဆွေးနွေးပွဲပြုလုပ် click
- အာဆီယံအစည်းအဝေးတွေ ကျင်းပပြီ click
- မြန်မာ့အရေး ယှဉ်ပြိုင်အာဆီယံအဖွဲ့ ဆွေးနွေး click
- စစ်အစိုးရနှင့် အိုင်အယ်လ်အို သဘောတူစာချုပ် သက်တမ်းတိုး - အိုင်အယ်အိုအရာရှိနဲ့ ဆက်သွယ်မေးမြန်း ချက် click
- မြန်မာ့လူ့အခွင့်အရေးအခြေအနေကို ဆွေးနွေးရန် အာဆီယံကို အေအိုင်တောင်းတို click
- လူ့အခွင့်အရေးချိုးဖောက်သည့် မြန်မာစစ်အစိုးရကို အမေရိကန် ပြစ်တင်ရှုတ်ချ click
- မန်းဝင်းမောင် အတ္ထုပတ္တိ အပိုင်း (၁၀) click
- သတင်းထောက်တဦး၏ နာဂစ်ဒိုင်ယာရီ click
- မဲဆောက်တွင် ဖမ်းဆီးမှုများ ဆက်လက်ရှိနေဆဲ click
- ကေအိုင်အိုထိန်းချုပ်ရာ နယ်မြေအတွင်း မီးလောင်၊ လူနေအိမ်များ မီးသင့်လုဖြစ် click
- တရုတ်မီးသတ်သမား ၅၀၀ ကျော် မြန်မာနိုင်ငံဘက် ၀င်ရောက်မီးငြှိမ်းပေး၊ မြန်မာဘက်ခြမ်းတွင် လောင် ကျွမ်းဆဲဖြစ် click
- နာဂစ်အလွန် လူ့အခွင့်အရေးချိုးဖောက်မှုများကို အရေးယူရန်တောင်းဆို click
- မူဆယ်တွင် (၄၃)ကြိမ်မြောက် မဟာသတိပဌာန် ညီလာခံပွဲကြီး ကျင်းပ click
- နားကောင်းမူးအုပ်စုတွင်း လမ်းပြုပြင်မွမ်းမံ ဒေသခံများ ပိုက်ဆံသိန်းချီထည့်ရ click
- နစ်မြုပ်နေသော သင်္ဘောပျက်များကို စစ်တပ်က ရှာဖွေ click
- ၃၃ နာရီကြာ ဘင်္ဂလာရိုင်ဖယ်တပ်ဖွဲ့ပုန်ကန်မူ ပြီးဆုံး၊ အနည်းဆုံး လူပေါင်း ၃၀ ခန့် သေဆုံးခဲ့ click
- မြန်မာနိုင်ငံအတွင်း နိုင်ငံကူးလက်မှတ် ပြုလုပ်သူနည်းပါးလာ click
- မွန်ပြည်သစ်ပါတီ ဥက္ကဌကြီးနှစ်ဦး၏ အုတ်ဂူ၌ အမှတ်တရရုပ်ပုံကပ် click
ကာတွန်း ဟန်လေး - ခေတ်ပြိုင်ဝက်ဘ်ဆိုက်