11.29.2009

ယာယီပတ်စပို့ လုပ်ငန်းကြောင့် မဟာချိုင်မှ အလုပ်သမားအချို့  အိမ်ပြန်

နိုဝင်ဘာ ၂၉
ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံအစိုးရတို့ အကောင်အထည် ဖေါ်နေကြသော ယာယီပတ်စပို့ လုပ်ငန်းကြောင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့  တောင်ဘက်ရှိ မဟာချိုင်နယ်မြေမှ မြန်မာ အလုပ်သမား အများအပြား မြန်မာနိုင် ငံ နေရပ်ရင်းသို့ နေ့စဉ် ပြန်နေကြကြောင်း အလုပ်သမားများက ပြောသည်။

မဟာချိုင်မြို့ ထိုင်းယူနစ်နယ်မြေ မှ အလုပ်သမား ၆ ဦးနှင့် ပြီးခဲ့သော၂ရက်က အလုပ်သမ၅ဦးတို့  ပြန်သွား ကြကြောင်း အတူတူ အလုပ်လုပ်ခဲ့သူ မွန်အမျိုးသမီး မပြုံးက ပြောသည်။ “ဒီကပွဲစားတွေက ပတ်စပို့ လုပ်ခ တစ်သောင်းကျော် ပေးရမယ်လို့ ပြောတယ်။ ရွာက မိဘတွေက ပြန်ဆင်းလာဖို့် မှာတယ်။ မွန်ပြည်နယ် အပေါင်မြို့နယ် လက်ပန်တော ရွာမှာလည်း ငွေတောင်းနေတယ်။

နက်ြဖန်လည်း ပြန်မယ့်လူတွေ ရှိနေတယ်။ နေ့တိုင်း ပြန်နေကြတယ်။ ပြန်နေကြတာ တစ်လလောက် ရှိနေပြီ။ ဒီမှာ ပိုက်ဆံတောင်းတာ ပြဿနာ မရှိပေမယ့် ရွာမှာ တောင်းတော့ အဖေအမေတွေ အခက်အခဲ ရှိတာပေါ့။ ကျမတို့ လည်း နေမ၇ရင်ပြန်မယ်”ဟု ပြောသည်။

ထိုင်းယူနစ် ငါးသေတ္တာ လုပ်ငန်း တစ်ခုတည်းတွင် မြန်မာအလုပ်သမားပေါင်း ရှစ်ထောင်ကျော်ခန့် ရှိသည်။ ယမန်နေ့က အလုပ်သမားများအား ခေါ်ယူပြီး ယာယီပတ်စပို့  မလုပ်ပါက အလုပ်လုပ်ကိုင် နေထိုင်ခွင့် (ဘတ်)ကို သက်တမ်း တိုးပေးမည် မဟုတ်ကြောင်း ပတ်စပို့ လုပ်ခ ဘတ်ငွေ ၅၅၀၀ ကုန်ကျမည် ဖြစ်ကြောင်း စက်ရုံ ဘာသာပြန်က ပြောဆိုသည်။
ထိုအလုပ်သမားများ ထံမှ ပတ်စပို့ ဓါတ်ပုံများ တောင်းယူပြီး မြန်မာပြည် နေရပ်လိပ်စာများအား ဖြည့်စွက်ခိုင်းပြီး လက်ဗွေများ နှိပ်ယူသည်။ အလုပ်သမ မမိထွေးက“ ကျမတို့ ဘတ်လုပ်လာတောင် အချို့  ကြွေးမကျေ နိုင်သေးဘူး။ ခုဟာက ဘတ်လည်းလုပ်ရမယ်၊ ပတ်စပို့လည်း လုပ်ရမယ်ဆိုတော့ ဘာသွားစား ကြတော့မလဲ။ တရားသဖြင့် ကုန်ကျသလောက် ဆိုရင် ကျမတို့ သည်းခံပြီး လုပ်ကြမှာပေါ့။ မြန်မာဘက်မှာ ဘတ်၁၀၀ (ကျပ်ငွေသုံးထောင်)နဲ့ ထိုင်းဘက်ခြမ်းမှာ ဘတ်၅၀၀ ပဲ ပေးရတာ။ လမ်းစရိတ် ကမသကာ တစ်ထောင်ပေါ့၊ ခုဟာက လမ်းကြောင်းရှင်းခ ပေးရမယ်ဆိုပြီး ပြောတယ်။ ကျမတို့ အရမ်း စိတ်ဆင်း၇ဲ နေကြတယ်ရှင့်။ ပြန်မယ့်လူတွေပဲ ဖြစ်နေတယ်။ လုံးဝပြန်လို့ မဖြစ်တဲ့ လူတွေပဲ နေခဲ့ကြမယ် ထင်တယ်”ဟု ပြောသည်။

မြန်မာ အလုပ်သမားများမှာ ယခု ယာယီပတ်စပို့ လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး အထူး စိတ်သောက ရောက်နေ ကြကြောင်း ထိုင်းယူနစ် လုပ်ငန်းခွင် အနီး အလုပ်သမားများကို အင်္ဂလိပ်စာ သင်ကြားပေးသော ဆရာ တစ်ဦးက “ ကျနော် နားမလည်ဘူးဗျ၊ အလုပ်သမားတွေခမြာ စားစရိတ်၊ အခန်းခ ဟိုအကြွေး ဒီအကြွေး လုံးချာလည်ကို လိုက်နေကြတာ။ ခု ပတ်စပို့ လုပ်မယ်ဆိုတာလည်း ၂ခါပြန် ကုန်ပေါ့ဗျာ။ အလုပ်သမားတွေကို ဒုက္ခရောက်အောင် နှစ်နိုင်ငံ အစိုးက လုပ်တာဗျ။ ခုကြည့်လေ အစိုးရနှစ်ရပ် တရားဝင် လုပ်တာ နယ်စပ်ကို အလုပ်သမားတွေ သွားဖို့ လမ်းကြောင်းရှင်းခ တောင်းတယ်။
မဖြစ်မနေ လုပ်ရတယ် ထားအုံး၊ စောစော
က မိထွေးပြောသလို ဗမာဘက်မှာ ဘတ် ၁၀၀ ဗျာ၊ ထိုင်းဘက်မှာ ဘတ်၅၀၀၊ ကားခ စားစရိတ်က ထောင်ကဏန်းပေါ့ ။ အလုပ်သမားတွေ ဘယ်လို လုပ်နိုင်မလဲ၊ ဘယ်လို စီစဉ်ပေးရင် အားလုံးလုပ်မလဲ။ ဘယ်နည်းလမ်းက အသက်သာဆုံးလဲ ဆိုတဲ့ စေတနာလေး ထားပြီး စဉ်းစားချင့်ချိန် လုပ်ကြစေချင်တယ်ဗျာ။ ခု ဒီမှာ သတင်းတွေ အမျိုးမျိုးကြောင့် ပြန်ကုန်ပြီ” ဟု အဆိုပါ ကျောင်းဆရာက ပြောသည်။

မဟာချိုင်၊ ထိုင်းယူနစ်၊ မူစီ၊ တလာကုန့် တို့တွင် မြန်မာ အလုပ်သမားများ သုံးသိန်းကျော်ခန့် ရှိကြောင်း၊ ၄င်း အလုပ်သမား များမှာ ကုမ္ပဏီမှ နှစ်အကုန်တွင် အလုပ်သမားများအား ပေးလေ့ရှိသော၊ ရက်မှန်ကြေး (ဆုကြေး)များ ရရှိအောင် စောင့်ဆိုင်း နေကြကြောင်း၊ စက်ရုံအနီးမှ ကွန်ပျူတာ ဆရာတစ်ဦးက ပြောသည်။

မြန်မာအလုပ်သမား တစ်သိန်းကျော်ခန့် ရှိသော မဟာချိုင် တလာကုန်တွင် မြန်မာ အလုပ်သမား တစ်ဦးအား ပတ်စပို့ နှင့် (ဘတ်)လုပ်ခ ဘတ်၉၅၀၀ လက်ငင်း ပေးသွင်းရမည် ဖြစ်သည်။ တလာကုန့် ထာလုံထိန် ငါးသေတ္တာ အလုပ်ရုံမှ ကိုအောင်က “ကျနော်တို့ ကို ဖေါင်ဖြည့်ပြီး လက်ဗွေနှိပ်ခိုင်းပြီးပြီ။ ပတ်စပို့ မလုပ်ရင် အလုပ် မလုပ်ရဘူးလို့  ပြောနေတယ်၊ အလုပ်သမားတွေ တော်တော်များများတော့ မလုပ်ကြဘူး၊ အဆင်ပြေတဲ့လူ ရာကဏန်းလောက်တော့ လုပ်ကြတယ်။ ပြီးခဲ့တဲ့လက ကျနော်တို့  မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်၊ ဖရုံကျေးရွာမှာ ဒီက ပတ်စပို့ လုပ်ဖို့ ဖေါင်ဖြည့်လိုက်တဲ့ လူတွေကို မြို့ နယ် ၇ဲစခန်းက လာပြီး လူတစ်ယောက်ကို ကျပ်ငွေ ၅၀၀၀စီ ကောက်တယ်တဲ့၊ ပြီးတော့ တစ်လကို အခွန်အဖြစ် ကျပ်ငွေ၃၀၀၀၀ ပေးရမယ်လို့ ပြောသွားတယ်တဲ့၊ ငွေပေးလိုက်ရတဲ့ လူတွေက ကြောက်နေကြတယ်။ ကျနော်တို့ရွာမှာ အိမ်ခြေ ၆၀၀ကျော် ရှိတယ်၊ အိမ်တိုင်းစေ့က ဒီထိုင်းမှာလာပြီး အလုပ်လုပ်နေကြတယ်။ ရွာမှာ အလုပ်မှမရှိပဲဟာ၊ ခုတော့ မဟာချိုင်က လူတွေ နေ့တိုင်း ပြန်နေကြတယ်” ဟု ပြောသည်။
ယခု လောလောဆယ်တွင် ထိုင်းနိုင်ငံ ဘန်ကောက်နှင့် အချို့ မြို့ ကြီးတို့ တွင် အလုပ်ရုံများက ယခင်က ကဲ့သို့ (ဘတ်)ရှိရုံဖြင့် အလုပ်သမားများကို လက်ခံခြင်း မပြုတော့ပဲ၊ ပတ်စပို့ လုပ်ပြီးမှ အလုပ်သမား လက်ခံမည် ဖြစ်ကြောင်း အလုပ်အကိုင် အပြောင်းအရွှေ့ လုပ်နေသူများက ပြောသည်။ အလုပ်အကိုင် ရှာဖွေရ ခက်ခဲနေသဖြင့် မြန်မာ အလုပ်သမားများ အခက်အခဲကြုံ နေကြရကြောင်း ကြားသိနေရသည်။

ထိုင်းအခြေစိုက် နိုင်ငံတကာ အင်ဂျီအိုများနှင့် မြန်မာ အလုပ်သမား အဖွဲ့ အချို့ တို့ မှာလည်း အလုပ်သမားများ ကြုံ တွေ့နေရသည့် သတင်းများကို ကြားသိ နေကြရသော်လည်း မည်သို့မှ ၀င်ရောက်ကူညီပေးနိုင်ခြင်း မရှိပေ။

သန်းချီရှိသော မြန်မာ အလုပ်သမားများမှာမူ ၂၀၁၀ ခု ဖေဖေါ်ဝါရီလ ကုန်သည်နှင့် တပြိုင်တည်း သိမ်းကြုံး ဖမ်းဆီး ပြန်ပို့ ခံရမည်မှာ သေချာနေသည်။
အလုပ်သမား သတင်းများကို ကိုကျော်သောင်းမှ ပေးပို့ပါသည်။

ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ အကြိုဘန်ကောက်တွင်ကျင်းပ

နိုဝင်ဘာ ၂၉

ထိုင်းနိုင်ငံဘန်ကောက်မြို့ အနောက်ဘက် မော်ချစ် အဝေးပြေးကားဂိတ်နှင့် မော်ချစ်ကောင်းကင်ရထား ဘူတာ အနီးတွင်ရှိသော ဂျပ်တူဂျပ် ပန်းခြံထဲတွင်၊ ထိုင်းနိုင်ငံအခြေစိုက် အင်ဂျီအိုပေါင်းစုံတို့က၊ ကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့ အကြိုအဖြစ် စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။

အခမ်းအနားကို ယမန်နေ့ လည်၁နာရီမှ ညနေ၅ နာရီထိ ကျင်းပခဲ့ပြီးယနေ့တွင် ဆက်လက် ကျင်းပကြ ခြင်း ဖြစ်သည်။ ပန်းခြံအတွင်းသို့ လာရောက် အပန်းဖြေကြသော လူထုများအား HIV/AIDS ဆိုင်ရာ ပညာပေး ဟောပြောခြင်း၊ သီးချင်းများ သီဆိုခြင်းများ ပြုလုပ်ကြသည်။ အစီအစဉ်အရ ဘန်ကောက်မြို့ ဘန်ဘော် အခြေစိုက် PATH အဖွဲ့ မှ HIV/AIDS ဆိုင်ရာအကြံပေး မအေးက “ဒီကားချပ်မှာ လာပြီးတော့ ထိုင်းလူငယ် လူရွယ်တွေ လာပြီး ပလာစတာ အ၀ိုင်းလေးတွေ လာကပ်ကြတာကတော့၊ (၁)ကလေးတွေလည်း လိင်ဆက်ဆံခြင်းနဲ့ ပတ်သက်ပြီး သိထားသင့်တယ်။ (၂)လိင်တူအချင်းချင်းလည်း တရားဝင် လက်မှတ်ထိုးပြီး လက်ထပ်နိုင်တယ်။ (၃)မင်္ဂလာ မဆောင်ခင်လည်း လိင်ဆက်ဆံလို့ ရတယ်။ (၄)အဆင်သင့် မဖြစ်သေးတဲ့ အမျိုးသမီးတွေ သန္ဓေသားကို ဖျက်ချနိုင်တယ်။ (၅)လိင်မှုလုပ်ငန်းက ၀င်ငွေ၇ှာတဲ့ လူတွေလည်း တရားဝင် လက်ထပ်နိုင်တယ်။ (၆)HIV ရောဂါပိုးရှိတဲ့ အမျိုးသမီးတွေလည်း ကိုယ်ဝန်ဆောင်နိုင်တယ်။ အဲဒါတွေကို ကျမတို့က လူထုတွေဆီက သဘောထား စစ်တမ်း ကောက်တဲ့ သဘောပါ”ဟု ပြောသည်။

အဆိုပါ အဖွဲ့ရှေ့ တွင် လိင်တူချစ်သူများ၊ ကျောင်းသားလူငယ်များ၊ ကလေးမိခင်များနှင့် အထူးစည်ကား နေသည်။ လာသမျှသော ပရိတ်သတ်များကို ကွန်ဒုံး၊ အေအိုင်ဒီအက်ပညာပေးစာများ ရေးသားထားသည့် ပြက္ခဒိန်၊ မှတ်စုစာအုပ် (ဒိုင်ယာယီ)များကို အခမဲ့ဝေငှပေးသည်။

အခြားအဖွဲ့ များကလည်း သကြားလုံးများ ဝေငှခြင်း ကံစမ်းမဲများ ဖေါက်ခြင်းများ ပြုလုပ်ကြသည်။ ဖါးမစ် HIV/AIDS ဆိုင်ရာ အင်ဂျီအိုမှ ပရိုဂျက် မန်နေဂျာ စတင်ထွန်ပွန် က “ အယင်တုန်းက ထက်တော့ ထိုင်းတွေ ရော နိုင်ငံခြား ရွှေ့ပြောင်း အလုပ်သမားများပါ HIV/AIDS ရောဂါနဲ့ ပတ်သက်ပြီးတော့ အသိပညာတွေ တော်တော် တိုးတက်လာပြီလို့ ပြောလို့ ရပါတယ်။ ကျနော်တို့လည်း အဖွဲ့ ပေါင်းစုံ တစ်နိုင်ငံလုံးမှာ အင်တိုက် အားတိုက် ကြိုးစားကြတယ်။ ဆက်ပြီးတော့လည်း အမြဲလုပ်နေရမယ့် ကိစ္စရပ်ဖြစ်ပါတယ်” ဟု ပြောသည်။

အခြားအဖွဲ့ တစ်ဖွဲ့မှ မြန်မာ၊ အင်္ဂလိပ်၊ ထိုင်း သုံးဘာသာဖြင့် အေအိုင်ဒီအက်စ် ပညာပေး သီချင်းများ တီးခတ် ဖျော်ဖြေကြသည်။ အခြားထူခြားမှု တစ်ခုမှာ ထိုင်းလူငယ် အမျိုးသား၂ဦးတို့က မြန်မာတိုက်ပုံနှင့် ရခိုင်ပုဆိုးတို့ကို ယဉ်ကျေးစွာ ၀တ်ဆင်ထားကြပြီ၊း ထိုင်းအမျိုးသမီး၂ဦးကမူ မြန်မာဝတ်စုံများကို ၀တ်ဆင်ပြီး သရုပ်ပြကြသည်။

အဆိုပါ ၀တ်စားဆင်ယင်မှု သရုပ်ပြခြင်းနှင့် ပတ်သက်၍ PATH အဖွဲ့ မှ HIV/AIDS ဆိုင်ရာ လမ်းညွှန် ပညာပေး ကိုဆန်းလွင်က “ ကျနော်တို့ မြန်မာတွေက ထိုင်းနိုင်ငံမှာ မြန်မာဝတ်စုံနဲ့ သွားလာ လှုပ်ရှားဖို့ ခက်တယ်လေ။ ဒါကြောင့် အင်ဂျီအိုမှာလုပ်တဲ့ ထိုင်းလူငယ်တွေက မြန်မာတွေ ဘယ်လိုပဲ ၀တ်စားဆင်ယဉ်မှု ယဉ်ကျေး ပေမယ့် ဒီ HIV/AIDS ရောဂါ ဆိုတာ မဆင်ခြင်ရင် ကူးစက်နိုင်တယ် ဆိုတာကို ပြချင်တဲ့ ရည်ရွယ်ချက်နဲ့ပါ။ ကျနော်တို့ က အဓိက ဆောင်ရွက်တာကတော့ ရောဂါရှိသူတွေကို ARVနဲ့ AZT စတဲ့ ဆေးဝါးတွေကို အခမဲ့ ရရှိဖို့ ကူညီဆောင်ရွက်ပေးတယ်၊ ကွန်ဒုံးတွေကို တွေ့သမျှလူ ယူသမျှ လူတွေကို နေ့တိုင်း လိုက်ဝေပါတယ်။ လိုက်ပြီးတော့ ဟောပြောပါတယ်။ ကျနော်တို့က မြန်မာတွေ ဆိုတော့ မြန်မာတွေနေတဲ့ နေရာ တွေကို စနေ၊ တနင်္ဂနွေနေ့တွေမှာ သွားပြီး ဟောပြောပေးပါတယ်” ဟု ပြောဆို သွားသည်။

အရိုးကိုက်ကြသူများ

ရန်ကုန် မြို့ လည်လမ်းများ အတွင်းရှိ မွတ်ဆလင် ဘာသာဝင်တို့  ၏ အစ် နေ့  တွင် စွန့်  ပစ်သော အမဲ ရိုးများ အား ရန်ကုန် မြို့ လည်လမ်းများ အတွင်းရှိ မွတ်ဆလင် ဘာသာဝင်တို့  ၏ အစ် နေ့  တွင် စွန့်  ပစ်သော အမဲရိုး များအား ရန်ကုန် မြို့  အနီးအနားရှိ ဒလ ၊ဆိပ်ကြီး ခနောင် တို ၊ ရွှေပြည်သာ အစရှိသည် မြိုံ နယ် များမှ မရှိ ဆင်းရဲသားများမှာ အလုအယှက် လာရောတောင်းယူနေကြပြီး...ရရှိလာ သောအမဲရိုးများ ၊ ခေါင်းခွံ များ တွင် ကပ်လျှက် ကျန်ရစ်နေသော အသား အနည်းငယ်အား ခြစ်ယူ နေကြသည် ကို ယနေ့  တွေ့  မြင် ကြရ ပါသည် ။ အချို့  မှာ မိသားစု လိုက် လာ ရောက် ကြသည် ။ ထိုသို့  လာရောက် ကြသူများတွင် မြန်မာ အများစု ပါဝင်ကြ ပြီး.. ကျောင်းနေအရွယ် ကလေးသူငယ်များ ၊ သက်ကြီးရွယ်အိုများ ပါဝင်ကြသည်ကို မြင် တွေ ကြရ ပါသည် ။ ယခုနှစ် တွင် လာရောက်ယူငင်သူများမှာ ယခင် နှစ် များထက် ပိုမို များပြားလာ သည် ကိုကြည့်ခြင်းအားဖြင့်  အောက်ခြေ လူတန်းစား ပြည်သူများမှာ ပိုမိုငတ်မွတ်ခေါင်းပါးလာသည်ကို မြင်တွေ့ နိုင်ပါသည် ။


ရန်ကုန် မြို့  တွင်း နေရာစုံ မှာ ပုံများ......
DSC02070
DSC02070.JPG
Size: 175.7 KB
DSC02075
DSC02075.JPG
Size: 193.4 KB
DSC02079
DSC02079.JPG
Size: 201.1 KB
DSC02080
DSC02080.JPG
Size: 205.4 KB
DSC02085
DSC02085.JPG
Size: 190.1 KB
DSC02090
DSC02090.JPG
Size: 202.6 KB
DSC02096
DSC02096.JPG
Size: 184.8 KB
DSC02098
DSC02098.JPG
Size: 191.3 KB
Image017
Image017.jpg
Size: 52.7 KB
Image020
Image020.jpg
Size: 72.8 KB
Image019
Image019.jpg
Size: 85.3 KB
Image021
Image021.jpg
Size: 68.2 KB
Image024
Image024.jpg
Size: 76 KB
Image022
Image022.jpg
Size: 83 KB
Image025
Image025.jpg
Size: 95.4 KB
Image026
Image026.jpg
Size: 94.9 KB
Image028
Image028.jpg
Size: 88.6 KB
Image029
Image029.jpg
Size: 102.3 KB
Image030
Image030.jpg
Size: 89.3 KB
Image035
Image035.jpg
Size: 80.6 KB