5.21.2011

ငါးဖမ်းလှေ အနံ့ဆိုးကြောင့် မြန်မာအလုပ်သမား၂ဦးချက်ခြင်းသေ တစ်ဦးဆေးရုံတင်ရ

Photobucket

မေလ ၂၁
ထိုင်းဘာသာပြန် ကိုတီး (ရခိုင့်တံခွန်ဂျာနယ်)
ထိုင်းနိုင်ငံတောင်ပိုင်း ရေလယ်ကျွန်းတစ်ခုဖြစ်သော ကော့စမီကျွန်းလှေဆိပ်မှ ကိုကက နာဝီအမှတ်(၂) ငါးဖမ်းလှေမှ မြန်မာအလုပ်သမား၂ဦး ငါးအပုပ်နံကြောင့် ရုတ်တရက်သေဆုံးသွားပြီး တစ်ဦးကို ကော့စမီဆေးရုံသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ရကြောင်း ယနေ့ထုတ် ထိုင်းရပ်သတင်းစာတွင် ဖေါ်ပြထားသည်။
ပုံမှန်ကမ်းကပ်နေကျ နေ့ ရက်ဖြစ်သော မေလ ၁၉ ရက်နေ့ ညနေတွင် မှောင်နေသဖြင့် ၂၀ ရက်နေ့ မှ ဆိပ်ကမ်းသို့ ငါးများချရန် ဆိုက်ကပ်ခဲ့သည်။ အသက် ၁၉နှစ်အရွယ် မြန်မာအလုပ်သမား ကိုအငယ်က ငါးပါကင် အဖုံးအား ဖွင့်လိုက်စဉ် ငါးအပုပ်နံ့ ပြင်းပြင်းအား ရှုရိုက်ရသဖြင့် မူးလဲသေဆုံးသွားခဲသည်။ ကိုအငယ် ဆိုသူက ယခုကဲ့သို့ လဲကျသွားသည်ကို မြင်တွေ့ရသော အသက်၁၈ နှစ်အရွယ် မောင်မိုး ဆိုသူက သွားရောက်ဆွဲယူရာ မောင်မိုးပါ ချက်ခြင်းသေဆုံးသွားခဲ့ရသည်။ တပြိုင်တည်းတွင် အသက် ၁၈ နှစ်အရွယ် မောင်ဇော်ဆိုသူမှာ အသက်ဆုံးရှုံးမှု မရှိသော်လည်း အရေးပေါ်ဆေးရုံသို့ ပို့ ဆောင်ပေးခဲ့ရသည်။
အဆိုပါ ၀ါးတန်းလှေများတွင် ရက်ပေါင်းရှည်ကြာ ဖမ်းမိသောငါးများအား ငါးဖမ်းလှေ ၀မ်းဗိုက် အအေးခန်းတွင် သိုလှောင်ထားသည်။ ဖမ်းဆီးရမိသော ငါးမျိုးစုံတို့အား ရေခဲများဖြင့် သိုလှောင်ထားသည့် အအေးခန်း စနစ်ဖြစ်သည်။ ထို့ကြောင့် ရေခဲများ ကုန်ဆုံးသွားလျှင်ဖြစ်စေ၊ ရေခဲနည်းလျှင်ဖြစ်စေ အောက်စီဂျင် ကုန်ဆုံးသွားပြီး အပုပ်နံ့ပြင်းပြင်း (ဂက်စ်)များဖြစ်၍ အအေးခန်း အဖုံးများကိုဖွင့်သည့် အလုပ်သမားများ မကြာခဏ သေဆုံးလေ့ရှိသည်။
လှေပိုင်ရှင်နှင့် လှေပေါ်ကြီးကြပ်သူတို့အား ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းစာတွင် ရေးသားဖေါ်ပြထားသည်။ အဆိုပါလှေပေါ်တွင် မြန်မာလှေအလုပ်သမားပေါင်း ၃၄ ဦးရှိသည်။

ABMA ဂျာနယ် အတွဲ ၂ အမှတ် ၁၀

ABMA Journal Volume 2 No 10