3.29.2010

Burma's News World's News


EUROPE
At least 38 people have been killed in two suicide bombings on the Metro system in Moscow, officials say.
Suu Kyi party to boycott election
Burma's opposition National League for Democracy says it will not take part in military-run elections expected this year.
Four Rio Tinto executives jailed

Four executives of Rio Tinto are found guilty of bribery and secrets theft by a Chinese court and handed lengthy jail terms.
QUOTABLE
While Burmese political activists and the international community focus on the election, the people of Burma don’t see the elections as bringing any hope of change.
— Zoya Phan, international coordinator of the Burma Campaign UK


NLD Says 'No' to Election

By THE IRRAWADDY
The National League for Democracy's decision not to register for this year's election was made unanimously.

Junta on Collision Course with Asia

By WAI MOE
With a series of visits by Asian leaders lined up, Naypyidaw faces rebukes and criticism over its handling of the election process.

NLD Will be Gagged: Media Sources

By KO HTWE
Burmese publications have reportedly been told by the regime's Press Scrutiny Board that they can carry special election sections provided they don't report on political parties that fail to register.

Exile Groups Support NLD Rejection of Registration

By KYAW THEIN KHA
Exiled political groups welcome the National League for Democracy decision not to register and take part in the Burmese election.

Thangyat Songs Ridicule Than Shwe's Election

By LAWI WENG
The planned election is one of the main targets of this year's traditional Thangyat album of satire, poetry and music produced by Burmese activists living in India.
NLD not to re-register with Election Commission
nld-office-ygn1sIn a significant decision, which may have far reaching consequences in Burmese politics, ...Hawk’s eye on literary and academic talk show
The literary and academic talk show to be held in Rangoon is under ...Rules restrict construction of Thingyan pavilions
ygn-thingyan-mandat1sStrict rules are being enforced by Burmese authorities in the construction of Thingyan ...
Suu Kyi’s party to boycott elections thumbnail

Suu Kyi’s party to boycott elections

The National League for Democracy votes "with no objection" against participating in Burma's elections this year French company denies ‘surveillance’ support thumbnail

French company denies ‘surveillance’ support

Alcatel-Lucent denies charges that communications equipment provided to Burmese junta through Asian subsidiary is used to monitor phone calls
Suu Kyi urges ‘unification’ with army thumbnail

Suu Kyi urges ‘unification’ with army

Opposition leader on Armed Forces Day criticises accusations that party is divisive and calls for civilians and army to unite for 'a democratic' Burma

ဦးညွှတ်ပါသည် NLD

မြန်မာနိုင်ငံ၏ အင်အားအကြီးမားဆုံး နိုင်ငံရေး ပါတီကြီးဖြစ်သော NLD ပါတီ၏ အီးစီစုံညီ  ဗဟိုကော်မတီ အစည်းအဝေးက နအဖ ထုတ်ပြန်ခဲ့သည့် ရွေးကောက်ပွဲဆိုင်ရာနှင့် ပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ များ တရားမျှတမှု မရှိခြင်းကြောင့် ရွေးကောက်ပွဲဝင်ရန် မှတ်ပုံတင်တော့မည် မဟုတ်ကြောင်း ယနေ့ ဆုံးဖြတ်ချက် ချခဲ့ပါသည်။
ထိုဆုံးဖြတ်ချက်ကို NLD ဗဟိုဌာနချုပ်တွင် ကျင်းပပြုလုပ်ခဲ့သော NLD ဗဟိုကော်မတီ အစည်းအဝေးက ယနေ့ နေ့လည်ပိုင်းက ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး အစည်းအဝေးတွင် ဗဟိုကော်မတီဝင် ၁၁၃ဦး တက်ရောက် ခဲ့ကြပါသည်။ ထိုဗဟိုကော်မတီ အစည်းအဝေးကပင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေး အကျဉ်းသားများကို ချက်ခြင်းလွှတ်ပေးရန် တောင်းဆိုခဲ့ပါသည်။ ထိုဆုံးဖြတ်ချက်သည် နအဖက ယခုနှစ် အတွင်း ကျင်းပမည့် တဖက်စောင်းနင်း ရေးဆွဲထားသည့် ၂၀၀၈ အခြေခံ ဥပဒေကို မူတည်ပြီး ပြုလုပ်မည့် ရွေးကောက်ပွဲအပေါ် ကြီးစွာသော သက်ရောက်မှု ရှိလာမည် ဖြစ်ပါသည်။
NLD၏ ဒုတိယ ဥက္ကဌ ဦးတင်ဦးက အစည်းအဝေးအပြီး သတင်းသမားများကို ပြောပြရာတွင် NLD ပါတီ သည် မိမိတို့ပါတီကို ဖျက်သိမ်းမည်မဟုတ်ပဲ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ပြည်သူ လူထုများ၊ တိုင်းရင်းသား လူမျိုးစုများနှင့် လက်တွဲကာ ပါတီမရှိတော့လျှင်ပင် ဆက်လက် လုပ်ဆောင်သွား မည်ဟု ဆိုပါသည်။ ထို့အတွက် စစ်အစိုးရအနေနှင့် သူတို့အားလုံးကို ဖမ်းဆီးသည်ဖြစ်စေ ကြိုက်သလို ဆောင်ရွက်နိုင်ကြောင်း NLD အနေဖြင့် ဖိနှိပ်မှု အားလုံးကို ရင်ဆိုင်သွားရန် အသင့်ဖြစ်နေပြီဟု ကြေငြာ သွားခဲ့ပါသည်။
ယနေ့ အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်ကလဲ သူမ၏ သဘောထား အမြင်ကို ဗဟိုကော်မတီသို့ ပေးပို့ခဲ့ပါသည်။ ထိုသဘောထားကို ယူဆောင်လာခဲ့သူ ဦးဥာဏ်ဝင်းက ပြန်လည်ပြောပြရာတွင် သူမအနေ နှင့် အချက်၆ချက်ပါ သဘောထားအမြင်ကို ပေးပို့ခဲ့သည်ဟု ဆိုပါသည်။ ထိုသဘောထားများမှာ-
၁။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လုံးဝလက်မခံနိုင်ပဲ ရွှေဂုံတိုင် ကြေငြာချက်ကိုသာ ဆက်လက် ကိုင်စွဲ သွားရန်၊
၂။ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများနှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေများသည် တရားမျှတမှု လုံး ဝ မရှိ။
၃။ NLD ပါတီသည် သူမပိုင်ပါတီ မဟုတ်သလို မည်သူတဦးယောက်မှ တသီးပုဂ္ဂလ ပိုင်ဆိုင်ခြင်း မရှိ။
၎။ ပါတီတွင်း အုပ်စုဖွဲ့မှုစည်းရုံးမှုများကို လက်မခံ 
၅။ NLD ပါတီအနေနှင့် ဆက်လက် ရပ်တည်နိုင်ခြင်း မရှိလျှင်ပင် သူမအနေနှင့် ပြည်သူလူထုအတွက် ဒီမို ကရေစီ မျှော်မှန်းချက်များ ရရှိသည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမည်။
၆။ စစ်အစိုးရ အနေနှင့် NLD ကို ဖျက်သိမ်းလိုက်လျှင်လည်း NLD သည် ပျက်စီးသွားမည်ဟု မယူဆ ။
စသည်တို့ ဖြစ်ပါသည်။
ထို ဆုံးဖြတ်ချက်သည် NLD ပါတီအတွက် သမိုင်းဝင်စေမည့် ဆုံးဖြတ်ချက်ပင် ဖြစ်ပါသည်။ ထိုကဲ့သို့ ဆုံးဖြတ်ခြင်း အတွက် NLD သည် စစ်အာဏာရှင်များနှင့် ထိပ်တိုက် ရင်ဆိုင်ရတော့မည် ဖြစ်သည်။ ငြိမ်းချမ်း သော နည်းလမ်းကိုသာ ကိုင်စွဲထားသည့် NLD အတွက် လက်ရှိအာဏာကို စစ်အာဏာသိမ်း ချုပ်ကိုင်ထား သူ စစ်အုပ်စု၏ ဖိနှိပ်မှု အမျိုးမျိုးကို ရင်ဆိုင်ရပေတော့မည်။ ပါတီကို မတရား ဖျက်သိမ်းခံရ နိုင်သည်ကို သိ လျှက် ၊ မိမိတို့ကို အချိန်မရွေး ဖမ်းဆီးနိုင်သည်ကို သိလျှက်နှင့်ပင် ထိုဆုံးဖြတ်ချက်ကို တညီတညွတ်တည်း ချမှတ်ခဲ့ ကြခြင်းသည် သူတို့၏ အံ့ချီးဘွယ်ရာ သတ္တိကို ပြလိုက်ခြင်းလည်း ဖြစ်သည်။
အကယ်၍ NLD ကသာ ယနေ့ အစည်းအဝေးတွင် မှတ်ပုံတင်မည်ဟု ဆုံးဖြတ်ခဲ့ပါလျှင်၊ စစ်အာဏာရှင်တို့ စိတ်ကြိုက် တဖက်သတ်ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် လည်းကောင်း တဖက် စောင်းနင်း ရွေးကောက်ပွဲ ဥပဒေများသည်လည်းကောင်း သက်ဝင်လာတော့မည် ဖြစ်ပေသည်။
အာဏာလက်ရှိ လက်မဲ့ကို မစဉ်းစားပဲ တရားဝင်မှုကိုသာကြည့်လျှင်၊ စစ်အုပ်စုသည် ၁၉၈၈ခုနှစ် ပြည်သူ တို့၏ သဘောဆန္ဒကို ဆန့်ကျင်၍ အလောင်းချင်းထပ်အောင် ပစ်သတ်ကာ အာဏာသိမ်းခဲ့ သူများဖြစ်ပြီး ၊ NLD သည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် ပြည်သူလူထု၏ တခဲနက် ထောက်ခံမှုဖြင့် အနိုင်ရကာ လူထုက အာဏာ အပ်နှင်းခဲ့သော ပါတီဖြစ်သည်။ ထိုအချိန်က စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောမောင် ကိုယ်တိုင် ထိုရွေးကောက်ပွဲသည် တရားမျှတပါသည်ဟု ဝန်ခံခဲ့ပြီးဖြစ်သည်။ မည်သူက တရားဝင်သည်ကို နှိုင်းယှဉ်၍ပင် မရပါ။ လက်နက်ရှိရုံမျှဖြင့် တရားမဝင်သူက တရားဝင်သူကို ဖျက်သိမ်းလျှင် စုစည်း ငြိမ်းချမ်း စွာဖြင့် ရင်ဆိုင်ကြရုံသာရှိသည်။
တကယ်က ယခုဆုံးဖြတ်ချက်သည် ယနေ့တက်ရောက်လာကြသော ဗဟိုကော်မတီဝင် ၁၁၃ ဦး၏ သဘော ထားသာ မဟုတ်ပဲ ၄င်းတို့ ကိုယ်စားပြုလာကြသော ပြည်နယ်၊ တိုင်း၊ မြို့နယ် အသီးသီးမှ ပါတီဝင် အားလုံး၏ သဘောထားသာ ဖြစ်သည်။ ထို့အတူ ပြည်သူလူထုက အာဏာလွဲအပ်ထားသော ပါတီဖြစ်သဖြင့် ပြည်သူ လူထု တရပ်လုံး၏ သဘောထားလည်း ဖြစ်ပါသည်။ တနည်းဆိုရလျှင် NLD သည် သူ့အားယုံကြည်စွာ ထောက်ခံခဲ့ကြသော ပြည်သူလူထုများ အပေါ်တွင် တင်လာသည့် စစ်ကျွန်ပြုရေး တံပိုးကြီးကို ရိုက်ချိုးလိုက် ပြီ ဖြစ်သည်။
နအဖ အနေနှင့် မည်သို့ပင် သပ်လျှို၊ ဖြိုခွဲ ဖိနှိပ်ကာ NLD ပါတီ တရပ်လုံးကို ခြေမှုန်းလိုက်သော်မှ ထိုသမိုင်း ဝင် ဆုံးဖြတ်ချက်ကို ပျက်ပြယ်စေနိုင်သော အကြောင်း တစုံတရာ မရှိပါ။ အာဏာရပါတီ NLD အပေါ် ဖိနှိပ် လုပ်ဆောင်ချက် မှန်သမျှသည် နိုင်ငံတကာ ရာဇဝတ် တရားရုံး(ICC) တွင် တရားစွဲဆိုစရာ သက်သေခံ ချက်များ အဖြစ်ကို ရောက်ရှိလာမည်သာ ဖြစ်သည်။
မည်ကဲ့သို့သော နှောင့်နှေးမှုများ ရှိခဲ့သည်ဖြစ်စေ လက်ရှိ အခြေအနေတွင် NLD သည် သူတို့အား ယုံကြည် လေးမြတ်စွာ ထောက်ခံခဲ့သော ပြည်သူလူထုကြီး တရပ်လုံးအတွက် ထိုက်တန်စွာ ပြန်လည် အလုပ်အကြွေး ပြုခဲ့ပြီဖြစ်သည်။ မကြာသေးခင်ကမှ အကျဉ်းထောင်ကပြန်လည် လွတ်မြောက်လာခဲ့သူ NLD ဒုတိယ ဥက္ကဌ ဦးတင်ဦး တင်စား ချီးကျူးခဲ့သည့် မြန်မာပြည်မှဂန္ဒီ ဒေါ်အောင်ဆန်းစုကြည်သည် သူမဘဝတခုလုံးနှင့် ရင်းနှီးကာ ပေးဆပ်နေသည့် မြန်မာနိုင်ငံသား တိုင်းရင်းသား ပြည်သူလူထုများအတွက် သူမကဲ့သို့ပင် ပေးဆပ် အလုပ် အကျွေးပြုရန် သူမ ဦးဆောင်ခဲ့သည့် ပါတီကို ပြောင်မြောက်စွာ လမ်းညွှန်ပြသခဲ့ပါပြီ။
သို့ဖြစ်ပါ၍ မြန်မာပြည်၏ဂန္ဒီ ဒေါ်အောင်ဆန်းစုကြည်နှင့် မိမိတို့ အတွက် မငဲ့ကွက်ပဲ ပြည်သူလူထုများ ပေါ် တွင် တင်နေသည့် စစ်ကျွန်တံပိုးကို ရိုက်ချိုးခဲ့ကြသည့် NLD ဗဟိုကော်မတီဝင်များနှင့်တကွ ပါတီဝင်များ အားလုံးကို လေးစားစွာဖြင့် ဦးညွှတ် ဂုဏ်ပြု မှတ်တမ်းတင်အပ်ပါသည်။ 
ရွှေဝါရောင် သတင်းလွှာ၏ ပြည်တွင်းသတင်းထောက် ပေးပို့လာသည့် သတင်းအချက်အလက်များ အပေါ် Saffron Mail Letter Group မှ သုံးသပ်တင်ပြပါသည်။ 

မြန်မာ့သတင်း ကမ္ဘာ့သတင်း

U Tin Oo, deputy leader of the detained pro-democracy leader Aung San Suu Kyis NLD Party, talks to journalists at the party headquarters Monday, March 29, 2010, in Yangon, Myanmar-AP

စစ်အစိုးရက ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲ ဥပဒေတွေဟာ တရားမျှတခြင်း မရှိတဲ့အတွက် NLD ပါတီအနေနဲ့ ရွေးကောက်ပွဲ ၀င်ရေးအတွက် ထပ်မံ မှတ်ပုံတင်တော့မှာ မဟုတ်တဲ့အကြောင်း ဒီနေ့ ကျင်းပခဲ့တဲ့ ဗဟိုဦးစီး စည်းဝေးပွဲက ဆုံးဖြတ်လိုက်ပါတယ်။
President Barack Obama reviews the honor guard with Afghan President Hamid Karzai, left, at the presidential palace in Kabul, Afghanistan, Sunday, March 28, 2010-AP
Japanese Foreign Minister Katsuya Okada, March 9, 2010-AP
NLD ရွေးကောက်ပွဲ မ၀င်

NLD ရွေးကောက်ပွဲ မ၀င်

နိုင်ငံ တ၀န်းလုံးရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကိုယ်စားလှယ် များသည် လာမည့် ရွေးကောက်ပွဲတွင် ပါတီမှတ်ပုံ မတင်ရန် ဆုံးဖြတ်ချက်ကို ယနေ့ ချမှတ် လိုက်သည်။ ရန်ကုန်မြို့
“သူသေကိုယ်ရှင် တိုက်ပွဲဝင်” သံချပ်သီချင်းခွေ ထွက်ပြီ

“သူသေကိုယ်ရှင် တိုက်ပွဲဝင်” သံချပ်သီချင်းခွေ ထွက်ပြီ

နှစ်စဉ် တင်ဆက်နေကျ အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများ၏ သင်္ကြန်သံချပ် သီချင်းခွေများတွင် ပင်တိုင် ရေးသား ပေးခဲ့သည့် ကဗျာဆရာ မြတ်ထက် ကျန်းမာရေး ချို့ယွင်းနေ

မလေးရှားတွင် တရားဝင် နေထိုင်သူများလည်း အဖမ်းခံရ

မလေးရှား နိုင်ငံတွင် တရားမ၀င် နိုင်ငံခြားသားများကို အရှိန်မြှင့် ဖမ်းဆီးလျက် ရှိရာ တရားဝင် နေထိုင်သူ များကိုပါ စစ်မေးခြင်း မရှိဘဲ ဖမ်းဆီး နေကြောင်း သိရသည်။ ယခုတပတ် စနေနှင့် တနင်္ဂနွေ နေ့များက

ဝက်တုပ်ကွေး သံသယ တပ်မတော်နေ့ကို ဂယက်ရိုက်

နေပြည်တော်တွင် ၀က်တုပ်ကွေး (H1N1) ဟု ယူဆရသော ရောဂါဖြစ်ပွား နေသောကြောင့် ပြီးခဲ့သည့် တပ်မတော်နေ့ အခမ်း အနားသို့ ကာကွယ်ရေး ၀န်ကြီးဋ္ဌာနမှလွဲ၍ ကျန်သော ၀န်ကြီးဋ္ဌာနများအား

စစ်အစိုးရကို ဂျပန်က အကူအညီသစ်များ ပေးမည်မဟုတ်

စစ်အစိုးရက ပြုလုပ်ပေးမည့် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်း စုကြည်နှင့် တခြားသော နိုင်ငံရေး အကျဉ်းသားများ ပါဝင်ခွင့်မရပါက နောက်ထပ် အကူအညီ သစ်များ ပေးမည်မဟုတ်

ရန်ကုန်သင်္ကြန် စည်ကားရန် အာဏာပိုင်တို့ စီစဉ်နေ

ယခုနှစ် သင်္ကြန် နေပြည်တော် တွင်သာ စည်ကားမည်ဟု သတင်း ထွက်ပေါ် နေချိန်တွင် အာဏာပိုင်တို့က ရန်ကုန်သင်္ကြန် စည်ကားရေး အတွက် လုပ်ဆောင်ရန် ရန်ကုန်တိုင်း အဆင့် တာဝန်ရှိသူ

မှတ်ပုံတင်ခွင့် မရသေးမီ ပါတီ ၂ ခု ဟောပြောစည်းရုံး

တရားဝင် ပါတီအဖြစ် မှတ်ပုံတင်ခွင့်ရရန် ရွေးကောက်ပွဲ ကော်မရှင်သို့ လျှောက်ထားဆဲ ကာလ၌ပင် စစ်အစိုးရနှင့် နီးစပ်သည်ဟု စွပ်စွဲခံရသည့် ပါတီ ၂ ခုက နိုင်ငံရေး တရား ဟောခြင်းနှင့်

ရွေးကောက်ပွဲ သတင်း ပုဂ္ဂလိကမီဒီယာများ စတင်ဖော်ပြခွင့်ရ

၂၀၁၀ ရွေးကောက်ပွဲ ဥပဒေ ထုတ်ပြန် ကြေညာ ပြီးနောက် တစ်လခန့် အကြာမှ စတင်၍ သတင်းများကို ပုဂ္ဂလိကပိုင် မီဒီယာ များအား ဖော်ပြခွင့် ပေးခဲ့သည်။ လွန်ခဲ့သည့် တပတ်ကျော်၌ စာပေစိစစ်ရေးက

ဘာမှမလိုချင်ဘူး ...

E-mail Print
အန်အယ်လ်ဒီသည် ပါတီအဖြစ် ထပ်မံမှတ်ပုံတင်မည်မဟုတ်ကြောင်း ကြေညာ
NEJ/ ၂၉ မတ် ၂၀၁၀
“ပထမပိုင်းအစည်းအဝေးတွင်ပင် အစည်းအဝေးတက်ရောက်သူများက ပါတီမှတ်ပုံမတင်ရေးအတွက် တသံတည်း သဘောထားဆန္ဒ ပေးကြသည့်အတွက် မဲခွဲဆုံးဖြတ်စရာမလိုဘဲ အားလုံးတညီတညွတ်တည်း သဘောတူ ဆုံးဖြတ်လိုက်ကြခြင်းဖြစ်ကြောင်း ....” အပြည့်အစုံသို့
ကော်မရှင်ကြောင့် ပါတီမှတ်ပုံတင်မည့်သူများ ဒုက္ခရောက်
NEJ/ ၂၉ မတ် ၂၀၁၀
“ဒီလို တကယ့်အရေးကြီးတဲ့ ဥပဒေဆိုင်ရာ ကိစ္စတွေနဲ့ ပတ်သက်ပြီး နိုင်ငံရေးပါတီ ထောင်မယ့်သူတွေကလည်း သဲသဲကွဲကွဲ မသိ၊ ဂျာနယ်တွေကလည်း ...” အပြည့်အစုံသို့
ရွေးကောက်ပွဲ သတင်းဆောင်းပါးများ ဆင်ဆာဖြတ်တောက် ခွင့်ပြု
တက်လူ/ ၂၉ မတ် ၂၀၁၀ “ဥပဒေအကြောင်းကို နားလည်သူတိုင်းကလည်း ဒီလိုပဲ သုံးသပ်တာပဲ။ ဒီကနေ့ ဆုံးဖြတ်တဲ့ အန်အယ်လ်ဒီရဲ့ ဆုံးဖြတ်ချက်ကို ဂျာနယ်တွေက ...” အပြည့်အစုံသို့
ဝဒေသအတွင်းသို့ ဝင်ရောက်မှု တင်းကျပ်ထား
ပေါက်ပေါက်/ ၂၉ မတ် ၂ဝ၁ဝ
“နတလ ဝန်ထမ်းတွေကော၊ အန်ဂျီအိုတွေကော ပြန်ကြတော့ နည်းနည်းတော့ ရုတ်ရုတ်ဖြစ်တာပေါ့။ ဒီမှာ လာအလုပ်လုပ်တဲ့ အရပ်သားတွေလည်း ဟိုပန်ဘက် ...” အပြည့်အစုံသို့
စစ်တပ်ညှဉ်းပန်းမှုကြောင့် ရွာသား (၁) ဦးသေဆုံး
ခိုင်လင်း/ ၂၉ မတ် ၂၀၁၀
“ခိုကျင်ရွာသားကတော့ ဓားနဲ့ ခုတ်လိုက်တာ ပွဲချင်းပြီး သေသွားတယ်။ ဟန်းထက်ရွာသားတယောက်ကျတော့ ဓားတွေနဲ့ အမွှန်းခံထားရတယ်။ အခု ...” အပြည့်အစုံသို့  
တောင့်ထား အန်အယ်လ်ဒီ
ရဲဘော်ဖိုးသံချောင်း/ ၂၉ မတ် ၂၀၁၀
“သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို နအဖက
အခုလို တမင်အညွန့်ချိုးဖို့ လုပ်တာဟာ ဒီနေ့ ပြည်သူလူထုရဲ့ လှုပ်ရှားမှုနဲ့ စိတ်ဓာတ်အရှိန်ကို ချိုးနှိမ်ဖို့လုပ်တာ ဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို ဦးတည်တယ်လို့ ဆိုပေမယ့် ... ” အပြည့်အစုံသို့
ကျယ်ပြန့်လာနိုင်တဲ့ ပြည်တွင်းစစ်အန္တရာယ်
အောင်ဇံ/ ၂၉ မတ် ၂၀၁၀
“ပြည်တွင်းစစ်မီးသာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလာမယ် ဆိုပါက နောက်ထပ်ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေ၊ တိုင်းပြည်ရဲ့ဘဏ္ဍာငွေတွေ ဘယ်၍ဘယ်မျှ ဆုံးရှုံးမယ်ဆိုတာ မခန့်မှန်းနိုင်သလို ပြည်သူတွေရဲ့ ဒုက္ခတွေဟာလည်း အတိုင်းအဆမဲ့ ရင်ဆိုင်ကြုံတွေ့ ကြရမှာ ဖြစ်ပါတယ်။ နအဖအနေနဲ့ကတော့ စစ်ပွဲကို အကြောင်းပြုပြီး စစ်တပ်တွေကို တိုးချဲ့လာနိုင်သလို တိုင်းပြည်ရဲ့ဘဏ္ဍာ တွေကိုလည်း အမြောက်အမြား သုံးစွဲပြီးတော့ စစ်အာဏာရှင်စနစ် တည်မြဲရေးအတွက် ... ” အပြည့်အစုံသို့
ကြံ့ဖွံ့အသင်းမှ ကြံ့ဖွံ့ပါတီအဖြစ် ပြောင်းလဲ
စစ်အစိုးရ ဖွဲ့စည်းထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (ကြံ့ဖွံ့) က နာမည်တူဖြင့်ပင် ...
ရွေးကောက်ပွဲ မဝင်ရန် NLD ဆုံးဖြတ်
Copy-of-NLD-Officesssအကြိတ်အနယ်ဆွေးနွေးပြီးနောက် ၂ဝ၁ဝ ရွေးကောက်ပွဲနှင့် ပတ်သက်၍ အမျိုးသား ...

လွှတ်တော်ကိုယ်စားလှယ် ဦးဒိုထောင်း ကွယ်လွန်
စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ...

မူစယ်တွင် အတိုင်ခံရသူ ရှေ့နေက ပြန်တရားစွဲ

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့နယ် စာနယ်ဇင်းအတွင်းရေးမှူးနှင့် အထက်တန်းရှေ့နေ ဦးတင်ထွန်း (ခ) ရွှေလီ မောင်မောင်က ၎င်းအား စုကြေးငွေအလွဲသုံးစားလုပ်သည်ဟု တိုင်ကြားခဲ့သူများကို  မတ်လ ၁၂ ရက်နေ့က မူစယ် တရားရုံးတွင် ပြန်လည် တရားစွဲဆိုလိုက်ကြောင်း သိရသည်။

၈၈ ကျောင်းသူ မာမာဦး ထောင်တွင်း၌ ယားယံသည့် ဝေဒနာ ခံစားနေရ

ကချင်ပြည်နယ် ဗန်းမော်ထောင်တွင် ထောင်ဒဏ်နှစ် ၇၀ ကျော် ကျခံနေရသည့် ၈၈ မျိုးဆက် ကျောင်းသူ မမာမာ ဦးသည် ခန္ဒာကိုယ်အရေပြားယားယံသည့် ဝေဒနာ ခံစားနေရကြောင်း မတ်လ ၂၅ ရက်နေ့ က ထောင်ဝင်စာပို့ ပြန်လာသည့် အသက် ၇၀ ကျော်အရွယ် အဖေဖြစ်သူ ဦးအုန်းမောင်က  သျှမ်းသံတော်ဆင့်သို့ ပြောသည်။


more



more



more



more | audio

စစ်အစိုးရကို အရေးယူဖိုႛ အာဆီယံ လူႛအခွင့်အရေးကော်မရှင်ကို တိုက်တွန်း