3.08.2010

သံဃာ့တပ်ပေါင်းစု၏ ABMA ဂျာနယ် အတွဲ(၁) အမှတ်(၃)

၈-၃-၂၀၁၀ နေ့မှာ ABMA ဂျာနယ်ကို ၃-ကြိမ်မြောက်ဆက်လက် ထုတ်လုပ်ဖြန့်ဝေ လိုက်ပါတယ်၊
အွန်လိုင်းမှာရော A4-စာရွက်နဲ့ရော လွယ်လွယ်ကူကူထုတ်ယူဖတ်ကြည့်နိုင်အောင် စီစဉ်ထားပါ သည်၊
အဖွဲ့ပိုင် ၀တ်ဆိုဒ်မှာလည်း အခုပတ်ဂျာနယ်ရော ပြီးခဲ့တဲ့အပတ်ဂျာနယ်များပါ ဒေါင်းလုတ်ယူနိုင် ပါသည်၊
တပတ်ထက်တပတ် ပိုမိုကောင်းမွန်အောင် A B M A အဖွဲ့သားများ ဆက်ကြိုးစားသွားမည် ဖြစ်ကြောင်း စာဖတ်ပရိသတ်ကို အသိပေးပါသည်။    ။
ABMA ဂျာနယ် အတွဲ(၁) အမှတ်(၃)

ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများ မနက်ဖြန်ထုတ်ပြန်ကြေငြာမည်

နအဖ၏ တီဗီက ယနေ့ညနေ ၄နာရီတွင် မနက်ဖြန်တွင် ရွေးကောက်ပွဲ ဆိုင်ရာဥပဒေ ၅ရပ်ကို ထုတ်ပြန် ကြေငြာမည်ဟု ကြေငြာသွားပါသည်။ 
ထုတ်ပြန်မည့် ဥပဒေများမှာ -
(၁) ပြည်ထောင်စု ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေ၊
(၂) နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဆိုင်ရာ ဥပဒေ၊
(၃) ပြည်ထောင်စုလွှတ်တော် ရွေးကောက်မှုဆိုင်ရာ ဥပဒေ၊
(၄) အမျိုးသား လွှတ်တော် ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေနှင့်
(၅) ဒေသဆိုင်ရာ ရွေးကောက်ပွဲ ဥပဒေများ ဖြစ်သည်ဟု သိရပါသည်။
တီဗီ သတင်းက ထို ဥပဒေများကို မနက်ဖြန်ထုတ် နေ့စဉ် သတင်းစာများတွင် ထည့်သွင်း ဖေါ်ပြသွား မည်ဟု ဆိုပါသည်။
၂၀၀၈ အခြေခံ ဥပဒေပါ ပြဌန်းချက်များအရ ပြည်သူ့ လွှတ်တော်အတွက် အမတ် ၄၄၀ နေရာဖြစ်ပြီး ၊ အမျိုးသားလွှတ်တော်အတွက် တိုင်းရင်းသား လူမျိုးစုအမတ် နေရာ ၂၂၄ နေရာဖြစ်ပါသည်။ ထို့ကြောင့် ပြည်ထောင်စု လွှတ်တော် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေသည် ထိုအမတ်နေရာ ၄၄၀ အတွက် ရွေးချယ် တင်မြှောက်မှု ဆိုင်ရာ ဥပဒေများဖြစ်ပြီး၊ အမျိုးသားလွှတ်တော် ဆိုင်ရာ ဥပဒေသည် တိုင်းရင်းသား လူမျိုးစု အမတ်နေရာ ၂၂၄ နေရာအတွက် ရွေးချယ် တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေ ဖြစ်ပါသည်။ ထိုလွတ်တော် နှစ်ရပ်ကို ပေါင်း၍ ပြည်ထောင်စု လွှတ်တော်သို့ ပြည်ထောင်စု ပါလီမန်ဟု ခေါ်ဆိုရန် ထို အခြေခံဥပဒေတွင် ပြဌာန်းထားပါသည်။
၂၀၁၀ ရွေးကောက်ပွဲကို ပြုလုပ်မည်ဟု တွင်တွင် ပြောဆိုနေသော်လည်း ရွေးကောက်ပွဲ ပြုလုပ်မည့် နေ့ကိုလည်းကောင်း ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေများကို လည်းကောင်း နအဖက ထုတ်ပြန်ကြေငြာခြင်း မရှိခဲ့ရာမှ ယခုအကြိမ်သည် ပထမဦးဆုံး တရားဝင် ထုတ်ပြန်မှု ဖြစ်ပါသည်။ 
အတိုက်အခံ အင်အားစုများက ၂၀၀၈ အခြေခံဥပဒေပါ တရားမျှတမှု မရှိသည့် အချက်များကို ထောက်ပြ၍ ရွေးကောက်ပွဲကို ဆန့်ကျင်နေကြပါသည်။ ထို့အတူ NLD ပါတီကလဲ ရွှေဂုံတိုင် ကြေငြာစာတမ်းကို ထုတ်ပြန်၍ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးအတွက် ညှိနိုင်းဆောင်ရွက်ရန် ကမ်းလှမ်းထားပါသည်။ 
လက်ရှိအချိန်တွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ကို ပြန်လွှတ်ပေးခြင်း မရှိပဲနှင့် လည်းကောင်း အမျိုးသားပြန်လည် သင့်မြတ်ရေး အတွက် ဆောင်ရွက်ညှိနိုင်းမှု လုံးဝမရှိပဲနှင့် လည်းကောင်း ပြုလုပ်သော ရွေးကောက်ပွဲနှင့် ပါတ်သက်သော ခြေလှမ်းများသည် အလုံးစုံပျက်စီးရေးနှင့် ထိပ်တိုက် ရင်ဆိုင်ရေးကိုသာ ရှေးရှုနေကြောင်း နိုင်ငံရေး အကဲခတ်သူများက သုံးသပ်နေကြပါသည်။
ပြည်တွင်း သတင်းထောက်(ရွှေဝါရောင် သတင်းလွှာ)