7.02.2011

ဒေါ်အောင်ဆန်းစုကြည် သြစတြီးယား နိုင်ငံခြားရေးဝန်ကြီးနှင့် သွားရောက်တွေ့ဆုံ

ရန်ကုန်၊ ဇူလိုင် ၂။

သြစတြီးယား နိုင်ငံခြားရေးဝန်ကြီး Kevin Rudd သည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သြစေကြီးယား သံအမတ်ကြီး၏ နေအိမ်တွင် ယနေ့နံနက် ၁၁ နာရီမှ နေ့လည် ၂ နာရီ အထိ တွေ့ဆုံဆွေးနွေးခဲ့ပြီး သံမတ်ကြီး Ms. Bronte Moules က နေ့လည်စာ ဖြင့် တည်ခင်း ဧည့်ခံခဲ့ပါသည်။
တွေ့ဆုံဆွေးနွေးမှုနှင့် ပါတ်သက်၍ နှစ်ဖက်လုံးက ထုတ်ပြန်ပြောကြားရန် ငြင်းဆိုခဲ့ပါသည်။
သြစကြီးယား နိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်သည် ၂၀၀၂ ခုနှစ်က လာရောက်ခဲ့သော Alexander Downer ၏ ခရီးစဉ်နောက်ပိုင်း ကိုးနှစ်အတွင်း ပထမဆုံး နိုင်ငံခြားရေးဝန်ကြီး ခရီးစဉ် ဖြစ်ပါသည်။
နိုင်ငံခြားရေးဝန်ကြီးသည် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် မနေ့က နေ့လည်ပိုင်းက နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ဦးသိန်းစိန်နှင့် မတွေ့ဆုံခင်ကလည်း နိုင်ငံခြားရေးရုံးတွင် နိုင်ငံခြားရေးဝန်ကြီး ဦဝဏ္ဏမောင်လွင်နှင့်လည်း နေ့လည် ၁၂ နာရီတွင် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ နိုင်ငံပိုင် သတင်းစာများက စီးပွါးရေးဆက်ဆံမှုအတွက် ဆက်ဆံမှုနှင့် ရင်းနှီးမှု တည်ဆောက်ခြင်း ဖြစ်သည်ဟု ရေးသားဖေါ်ပြခဲ့ ကြပါသည်။
Kevin Rudd သည် ဇွန်လ ၃၀ ရက်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး ယနေ့ ညနေပိုင်းတွင် ပြန်လည် ထွက်ခွါမည် ဖြစ်ပါသည်။
ပြည်တွင်းသတင်းထောက်(ရွှေဝါရောင် သတင်းလွှာ)

ရပ်ထားရသော ရေအားလျှပ်စစ် စီမံကိန်းများကြောင့် ကချင်ဒေသ စစ်ရေးတင်းမာလာနေ

ရန်ကုန်၊ ဇူလိုင် ၁။
တိုက်ခိုက်ရေးအင်အား ရှစ်ထောင်ခန့်ရှိသည့် အင်အားကြီးများသော KIA တပ်များ၏ ဆန့်ကျင်မှုကြောင့် ကချင်ပြည်နယ်အတွင်း ဆောက်လုပ်နေသော ရေအားလျှပ်စစ် စီမံကိန်းများကို လုံခြုံရေး အခြေအနေအရ ရပ်တန့်ထားရသည်ဟု ကချင်ပြည်နယ်မှလာသော သတင်းပေးပို့ချက် များမှ သတင်းရရှိပါသည်။
ရေအားလျှပ်စစ် စီမံကိန်း ၇ ခုထဲမှ တရုတ်နိုင်ငံ Datang ( Yunnan ) United Hydropower Developing ( DUHD ) ကုမ္ပဏီနှင့် မြန်မာ့ အမှတ်(၁) လျှပ်စစ်စွမ်းအင် ဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်နေသည့် တာပိန်ရေအားလျှပ်စစ် စီမံကိန်း၊ Lashsa ရေအားလျှပ်စစ် စီမံကိန်းနှင့် ၂၀၀၉ ဒီဇင်ဘာ ၂၁ က စီမံကိန်းဖွင့်ပွဲ ပြုလုပ်ခဲ့သော မြန်မာနိုင်ငံ၏ အကြီးဆုံး မြစ်ဆုံရေအား လျှပ်စစ် စီမံကိန်းများကို ယခုအခါ ရပ်ဆိုင်း ထားလိုက်ရပြီ ဖြစ်ပါသည်။
မြစ်ဆုံရေကာတာကို တရုတ်နိုင်ငံမှ China Power Investment ( CPI ) ကုမ္ပဏီနှင့် မြန်မာ့ လျှပ်စစ်စွမ်းအင် ဝန်ကြီးဌာနနှင့် Asia World ကုမ္ပဏီတို့မှ တာဝန်ယူ ဆောင်ရွက်နေခြင်းဖြစ်ပြီး မီဂါဝပ် ၆၀၀၀ ထွက်ရှိမည့် စီမံကိန်းဖြစ်ပြီး ပြီးဆုံးခဲ့လျှင် မြန်မာ့ အကြီးဆုံးနှင့် ကမ္ဘာ့ ၁၅ခုမြောက် အကြီးဆုံး ရေအားလျှပ်စစ်စီမံကိန်း ဖြစ်လာမည် ဖြစ်ပါသည်။
ထိုသို့ရပ်ဆိုင်းထားရခြင်းကြောင့် ဦးသိန်းစိန်အစိုးရက အပစ်ရပ် KIA အဖွဲ့ကို တိုက်ခိုက်ရန်အတွက် စစ်သားများနှင့် လက်နက်ခဲယမ်းမီးကျောက်များကို မြစ်ကြီးနားသို့ အခုရက်များအတွင်း စေလွှတ် တင်ပို့ နေသည်ဟု သတင်းများက ဆိုပါသည်။
တချိန်တည်းမှာပင် ဆိုးရွားနေသော လက်ရှိအစိုးရနှင့် KIA တို့ကြား ပြေလည်စေရေး ကြိုးပမ်း အဖြေရှာ နေမှုအပေါ် ကချင်ပြည်နယ် ပါလီမန်နှင့် စစ်ကိုင်းဒေသကြီး ပါလီမန်တို့်တွင် ဆွေးနွေးချက်များကို ပယ်ချ လိုက်ပြီ ဖြစ်ပါသည်။
KIA တပ်ဖွဲ့များသည် ဇွန်လ ၁၄ ရက်နှင့် ၁၆ ၇က်များအတွင်းက တံတား ၂၅ စင်းကို ချိုးဖျက်ခဲ့သလို၊ မြစ်ကြီးနား မန္တလေးသွား ရထားလမ်းမှ ရထားကူး ပိန်ချောင်း တံတားကို ဇွန်လ ၂၁ ရက်နေ့က ထပ်မံ ဖေါက်ခွဲခဲ့ရာ ယခုအခါ မြစ်ကြီးနားနှင့် မန္တလေး ရထားလမ်း ရပ်တန့်နေပြီဟု မြစ်ကြီးနား မြို့ခံတဦးက ပြောကြောင်း  သတင်းပေးပို့ချက်က ဆိုပါသည်။ 
ပြည်တွင်းသတင်းထောက်(ရွှေဝါရောင် သတင်းလွှာ) 

ဂျပန်ပါလီမန် ဒုတိယဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်တွေ့ဆုံ

ရန်ကုန် ၊ ဇွန် ၂၉။
ဂျပန် နိုင်ငံခြားရေးရာ ပါလီမန် ဒုတိယဥက္ကဌ Ms. Makiko Kikuta သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ယနေ့နေ့လည်ပိုင်းက NLD ပါတီ ဌာနချုပ်တွင် တနာရီကျော် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

ဆွေးနွေးမှုနှင့် ပါတ်သက်သော အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ခြင်း မရှီသော်လည်း ဆွေ့ဆုံဆွေးမှုသည် ရင်နှီးမှုကို မြန်မာအစိုးရနှင့် ဂျပန်အစိရုးကြားတွင်သာမက ဂျပန်နှင့် မြန်မာပြည်သူများ ကြားတွင်ပါ တည်ဆောက် သွားနိုင်ရေးကို အလေးထားခဲ့သည်ဟု ဒေါ်အောင်ဆန်းစုကြည်ကဆိုပါသည်။
ထို့အတူ မြန်မာနိုင်ငံသားများကိုယ်စား ဂျပန်ငလျှင်နှင့် ရေးဘေးဒဏ် ခံစားခဲ့သူများအတွက် စာနာ ထောက်ထားကြောင်း ပြောပြခဲ့သည်ဟုလည်း ဆိုပါသည်။ အခြားဆွေးနွေးသည် ကိစ္စများကိုမူ ဂျပန်ဘက်မှ အများပြည်သူ သိရန် ထုတ်ဖေါ်စေလိုခြင်း မရှိဟုလည်း ဆိုပါသည်။
Ms.Makiko Kikuta သည် မနေ့က နံနက်စောစောပိုင်းတွင် နေပြည်တော်တွင် ကျင်းပခဲ့သည့် ဂျပန်အစိုးက မြန်မာအစိုးရသို့ စားသောက်ကုန်များကို ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်မှ တဆင့် လွဲပြောင်းပေးအပ်သည့် အခမ်းအနား အစီအစဉ်ကိုလည်း တက်ရောက်ခဲ့ပါသည်။
ထိုအစီအစဉ်မှ မြန်မာနိုင်ငံသို့ ဂျပန်နိုင်ငံက ဒေါ်လာ ၅.၈ သန်း တန်ဖိုးရှိ စားသောက်ကုန် တန်ချိန် ၁၇၀၀ နှင့် စားသုံးဆီ ၁၆၂၅ တန်ကို လှူဒါန်းခဲ့ပါသည်။ ဂျပန်နိုင်ငံသည် ၂၀၁၀ နှစ်ဦးပိုင်းလည်း အမေရိကန်ဒေါ်လာ ၅.၄၈၉ သန်း တန်ဖိုးရှိ စားသောက်ကုန် ၁၀၀၀ တန်နှင့် ပဲ ၄၁၆၄ တန်ကို လှူဒါန်းခဲ့ဖူးပါသည်။ ထိုလှူဒါန်းပွဲတွင် Ms. Makiko Kikuta က ယခုလာရောက်ခြင်းသည် ဂျပန်နှင့် မြန်မာအကြား ဆက်ဆံမှုကဏ္ဍအသစ်တခု ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း ပြောပြခဲ့ပါသည်။ ထိုနောက် အထောက်အကူပစ္စည်းများ အတွက် စာရွက်စာတမ်းများကို ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့မှ ဌာနေ တာဝန်ခံထံ ပေးအပ်ခဲ့ပါသည်။
ထိုအခမ်းအနားကို နယ်စပ်ဒေသရေးရာနှင့် စက်မှုဖွံ့ဖြိုးတိုးတက်ရေး ပြညန်ထောင်စုဝန်ကြီး ဦးသိန်းဌေးနှင့် အဆင့်မြင့် ဝန်ကြီးများ တက်ရောက်ကြကြောင်း သိရပါသည်။
သူမသည် ထိုနောက်ပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ပြည်သူလွတ်တော် ဒုတိယပြောရေးဆိုခွင့်ရှိသူ ဦးနန္ဒကျော်စွာ တို့နှင့်လည်း သီးခြားတွေ့ဆုံဆွေးနွေးခဲ့သည်ဟု ဆိုပါသည်။
သူမသည် ယနေ့ညနေပိုင်းတွင် ဂျပန်နိုင်ငံသို့ ပြန်လည်ထွက်ခွာမည်ဟု သတင်းရရှိပါသည်။ 
ပြည်တွင်းသတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)