10.15.2009

Burma's News World's News


A Pakistani official removes a suicide jacket from a terrorist shot dead at a law enforcing building in Lahore, Pakistan, 15 Oct 2009
Thu. 15 Oct 2009 0510 UTC

32 Dead in Attacks on Pakistani Police

Officials say groups of gunmen stormed regional office of Federal Investigation Agency, two police training centers; many of dead appear to be police officers

Full Story »

President Barack Obama (file photo)

Obama to Visit New Orleans, Review Rebuilding Efforts

In first visit to city since becoming president, Barack Obama will visit charter school, talk to students

Abdullah Abdullah, a presidential candidate, top rival of President Hamid Karzai and former Afghan foreign minister, Kabul, 15 Oct. 2009

Afghan Presidential Candidate Hopeful About Runoff Vote

Abdullah Abdullah says he is hopeful UN-backed investigation into ballot-stuffing will lead to runoff election

Damage from riots in Xinjiang region

China Hands Down More Death Sentences for Xinjiang Riots

China saw its worst ethnic violence in decades, when riots erupted in Xinjiang's regional capital, Urumqi, in July

Map of South Korea

Warning, Apology Mark Week of Mixed Signals from North Korea Audio Clip Available

Pyongyang accuses South Korea of sending warships into its waters saying clash may result; Seoul says accusations have no truth whatsoever


Troops at scene of Lahore attack (15/10/09)
At least 38 people are killed in the latest in a series of gun and bomb attacks on security facilities in Pakistan.

US banks Goldman Sachs and Citigroup report positive quarterly results, lifting hopes of an end to the global banking crisis.

A Microsoft official says new trading rules are needed for the movement of electronic data around the world.

Elderly Face Lonely Challenges

By SOE LWIN
After Cyclone Nargis destroyed their dreams of a secure future, many elderly Burmese struggle to survive without loved ones or incomes.

The Message from Oslo

By AUNG ZAW
The example of Nobel Peace Prize laureate Aung San Suu Kyi is also relevant in the debate over the award of this year’s prize to US President Barack Obama.

Many Burmese Monks Arrested

By THE IRRAWADDY
The military junta arrests at least 30 monks across the country in the past two months, trying to discourage potential demonstrations.

Burmese Activists Urge Japan to Increase Pressure on Naypyidaw

By LAWI WENG
A group of Burmese pro-democracy activists has urged Japan’s new deputy foreign minister to increase pressure on Burmese regime to start a political dialogue.

NLD Leaders Meet EU Delegation in Rangoon

By KO HTWE
Representatives of Burma’s opposition NLD meet with an EU delegation at the party’s headquarters in Rangoon to discuss election issues.

Sanctions Undermined by Burma's Neighbors: US

By WILLIAM BOOT
The US effort to sanction gems sales from Burma are failing, says a US government watchdog agency.

Police brutality case under investigation

The North Okkalapa Police station is investigating the death of Kyawt Maung, allegedly beaten to death by police earlier this month. Police Station House Officer, Divisional Health Department...

Rice prices soar

Prices of rice of the low and middle variety have been pushed up given the rising export demand. The Myanmar Rice Merchants Association said, the prices of rice in July......

Editorial, Opinion and Analysis

Burma: Behind the talk-show

(Analysis) In a rare gesture, the Burmese military junta last week granted detained pro-democracy leader Aung San Suu Kyi her request to meet diplomats from the...

Only 2,000 Burmese migrant workers verify nationality

Nearly three months have elapsed yet only about 2,000 Burmese migrant workers have gone in for nationality verification from among an estimated one million in Thailand,...

Myaingyingu abbot offers to mediate between warring Karen factions

The Myaingyingu abbot U Thuzana has implored to the two Karen factions, which are at each other’s throat to stop fighting and offered to mediate and bring about peace. Abbot...

HRW award for poet, who ridiculed Than Shwe

The imprisoned poet, who famously ridiculed the junta Supremo Senior Gen. Than Shwe, calling him ‘power crazy’ has been awarded the Hellman/Hammet prize by...

Burmese activists repose faith on new Japanese government

Burmese pro-democracy activists on Wednesday met Japanese Deputy Foreign Minister in Tokyo and urged the Japanese government to pressurize Burma’s military rulers to...

ရှော့ပင်ခရီး၊ ဖိနပ်ပျံ နှင့် အတိတ်မေ့သွားသော ချိုကုပ်ဒူးကြီး

E-mail Print
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် နာမည်ကျော် ပုဂ္ဂိုလ်များ ရောက်ရှိနေကြသည်။ ချိုကုပ်ဒူးကြီး၊ ဒေါ်ကွိုင်ကွိုင်၊ သားသမီးများ နှင့် မြေးဖြစ်သူ ဖိုးလောက်လန်းတို့ ဖြစ်သည်။ ဗေဒင်ဆရာများက သူတို့ကို မြန်မာဘုရင်ခေတ်က သိမ်းပိုက်နိုင်ခဲ့သည့် ချင်းမိုင် ခေါ် ဇင်းမယ်တွင် အောင်မြေနင်းခြင်းဖြင့် ယတြာချေရန် တညီတညွတ်တည်း ညွှန်ကြားကြသဖြင့် ဤသို့ တပြုံတမကြီး ရောက်နေကြခြင်း ဖြစ်လေသည်။

မိသားစု တခုလုံး ချင်းမိုင်၏ အထင်ကရ နေရာတခုဖြစ်သည့် ဒွိုင်ဆူထေ့ တောင်ပေါ်ဘုရား ခြေရင်းသို့ သွားကြသည်။ တောင်ခြေရှိ အမှတ်တရပစ္စည်း အရောင်းဆိုင်တန်းတွင် ရှော့ပင် ထွက်ပြီး တယောက်တပေါက် ပြောနေကြသော မြေးတော် နှင့် သမီးတော်များကို ဒေါ်ကွိုင်ကွိုင်က လိုအပ်သည်များ ညွှန်ကြားလျက်ရှိသည်။

ဒေါ်ကွိုင်ကွိုင်။ ။ ဟဲ့ ကောင်မ … ၊ ကြိုက်တာတွေ့ရင် မြန်မြန်ယူ။ ပိုက်ဆံတော့ ပေးနော်၊ မြန်မာပြည်မှာလို ပိုက်ဆံမပေးဘဲ ဆိုင်ထဲက ထွက်မသွားနဲ့။ တော်ကြာ နောက်က လိုက်တောင်းမှ ငါတို့ အရှက်ကွဲနေဦးမယ်။

သမီးတော်(၁)။ ။ ပစ္စည်းတွေကလည်း အပေါစားတွေချည်းပဲ။ ဈေးကြီးတာလည်း မရှိပါလား။ ဟွန့် … … ။

သမီးတော်(၂)။ ။ ဒီဈေးသည်တွေကလည်း မြန်မာလိုမတတ် ဘာမတတ်နဲ့၊ သင်ထားတာ မဟုတ်ဘူုး … ။

ဖိုးလောက်လန်း။ ။ ဘေ့စ်ဘောရိုက်တံ ဒီမှာ ဘာကြောင့် မရောင်းတာလဲ။ ခက်တာပဲ … ။

မြေးနှင့်သမီးများ တယောက်တပေါက် ပြောနေစဉ် ချိုကုပ်ဒူးကြီးက ဗေဒင်ဆရာတို့၏ ညွှန်ကြားချက်များအကြောင်းသာ စဉ်းစားနေသည်။

ချိုကုပ်ဒူးကြီး။ ။ ငါ့ဗေဒင်ဆရာတွေ အပြောအရဆိုရင် ဒီလမ်းခရီးက အစစ အရာရာ အဆင်ပြေမယ် တဲ့ ကွိုင်ကွိုင်ရေ …။

ဒေါ်ကွိုင်ကွိုင်။ ။ ရှူး … … ၊ တိုးတိုးပြောပါရှင်။ ဒီမြို့မှာ မြန်မာပြည်သားတွေ သိပ်များတယ် တဲ့၊ ဘုရားဖူးတွေထဲမှာလည်း မြန်မာတွေ ပါနိုင်တယ်နော်။ ကျမတို့လာတာ သိသွားရင် ခက်ရချည်ရဲ့။

ချိုကုပ်ဒူးကြီး။ ။ သြော် … ကွိုင်ကွိုင်ကလည်း ဘာကို စိုးရိမ်နေတာလဲ။ ငါကြောက်တဲ့လူ ကမ္ဘာပေါ်မှာ မမွေးသေးပါဘူးကွ။ ငါတို့လာတာလည်း ဘယ်သူမှ သိမယ် မထင်ပါဘူး။

ထိုသို့ ချိုကုပ်ဒူးကြီးက ယူဆနေသော်လည်း သူ၏ ခရီးစဉ်သတင်းကို အတိအကျ သိထားသည့် ဘလော်ဂါ မိုးသီးဇူလိုင် နှင့် ဆန္ဒပြသူတချို့က တောင်ခြေ တနေရာတွင် စောင့်ဆိုင်းနေကြသည်။ အနီးတွင် သတင်းသမားတချို့လည်း ရှိနေသည်။

သတင်းသမားများကြားထဲတွင် ရန်ကုန်အခြေစိုက် အသံတိတ်ဂျာနယ် ထုတ်ဝေသူကိုလည်း တွေ့ရသည်။ သူက ကျပ် ၅၀၀၀ ထောင်တန် ငွေစက္ကူကို အထူးကြိုဆိုကြောင်း သူ့ဂျာနယ်တွင် ရေးသားလိုက်ရသဖြင့် ယခုအချိန်အထိ ပီတိဖြစ်နေသည်။ ယခုလည်း ထူးခြားသော အယ်ဒီတာ့ အာဘော်များ ရေးသားနိုင်ရေးအတွက် ဆန္ဒပြသူများ၊ သတင်းသမားများကြားတွင် စနည်းနာနေခြင်းဖြစ်သည်။

မကြာမီ ချိုကုပ်ဒူးကြီးတို့မိသားစု နှင့် ဆန္ဒပြရန် စောင့်နေသူများ ထိပ်တိုက် တွေ့ကြလေသည်။ ဆန္ဒပြသူများက လက်သီးလက်မောင်းများ ဆန့်တန်းပြီး တခဲနက် အော်ဟစ်၊ ကန့်ကွက်ကြရာ ချိုကုပ်ဒူးကြီးတို့ အထိတ်တလန့် ဖြစ်သွားကြသည်။

ချိုကုပ်ဒူးကြီး။ ။ ဟိုက် … မြန်မာပြည်သားတွေကွ၊ ဒုက္ခပဲ။

ဒေါ်ကွိုင်ကွိုင်။ ။ အောင်မယ်လေးတော်၊ ဒီတခါတော့ ကိုယ်ကျိုးနည်းပါပေါ့လား။

သမီးတော်(၁)။ ။ ဖေဖေ … ၊ မေမေ … လုပ်ပါဦး။ သမီးတို့ကို အော်နေကြပြီ၊ အော်နေကြပြီ။

သမီးတော်(၂)။ ။ အဖေကြီး … စစ်သားတွေကို ခေါ်ပြီး ပစ်ခိုင်းလိုက်လေ … ။

ဖိုးလောက်လန်း။ ။ မကြောက်စမ်းပါနဲ့ မာမီရယ်၊ ဒီလူတွေက လေသမားတွေပါ … ။ တောက် … … လက်ထဲမှာ ဘေ့စ်ဘောရိုက်တံ ရှိလို့ကတော့ ဒီလူတွေ နာပြီသာမှတ် … ။

ဆန္ဒပြ ကန့်ကွက်နေသူများကလည်း “လူသတ်သမား အလိုမရှိ … ၊ အာဏာရှင် အလိုမရှိ … ” စသည်ဖြင့် အဆက်မပြတ် အော်ဟစ်နေကြသည်။ ၎င်းတို့ထဲမှ ဦးဆောင်သူ ဖြစ်သည့် မိုးသီးဇူလိုင်က သူ၏ ဖိနပ်ကို ချွတ်လိုက်သည်။ ထို့နောက် ဖိနပ်ကို ဆုပ်ကိုင်ထားသည့် သူ၏ ညာဘက်လက်သို့ အတွင်းအားများ စုစည်းလိုက်ပြီး ဖိနပ်ကို ချိုကုပ်ဒူးကြီးထံ ပစ်လိုက်လေသည်။ သူက ဤဆန္ဒပြပွဲအတွက် ထူထဲ လေးလံသည့် ရှူးဖိနပ်တရံကို ကုန်တိုက်တကာ လှည့်လည်ရှာဖွေပြီး စိတ်ကြိုက် ၀ယ်ယူခဲ့ခြင်း ဖြစ်သည်။

၇ ရက်ကြာ အချိန်ယူ ရှာဖွေ ၀ယ်ယူထားရသည့် သူ၏ ဖိနပ်က ၁ စက္ကန့်လျှင် ၇ မိုင်နှုန်းဖြင့် ပျံသန်းသွားသည်။ ချိုကုပ်ဒူးကြီး၏ ခေါင်းကို တည့်တည့် ထိမှန်လေသည်။ ချိုကုပ်ဒူးကြီး အရုပ်ကြိုးပြတ် လဲကျသွားသည်။ မိုးသီးဇူလိုင် ပြုံးလိုက်သည်။

မိုးသီးဇူလိုင်။ ။ ကဲ … ရဲဘော်တို့၊ ပြန်ကြမယ် … ။ တို့ရဲ့ ဆန္ဒပြပွဲ အောင်မြင်တယ်။ ရဲတွေ မလာခင် ငါတို့ ဒီနေရာကနေ ခွာမှ ဖြစ်မယ်။ တနာရီအတွင်း စုရရပ်မှာ ပြန်ဆုံမယ်။ ဒီပွဲကို လာကြတဲ့ သတင်းထောက်တွေကိုလည်း ကျေးဇူးတင်ပါတယ်။

ထိုသို့ အမိန့်ပေးပြီး လူစုခွဲလိုက်ကြသည်။ မိုးသီးဇူလိုင်က ဆန္ဒပြပွဲနှင့် ပတ်သက်ပြီး သူ၏ ဘလော့ဂ်တွင် ရေးသားရန် အင်တာနက်ကဖေးတခုသို့ သွားသည်။ “ဆန္ဒပြပွဲ အောင်မြင်တယ်။ မိမိဘက်မှ အကျအဆုံး မရှိပါ။ လူနည်းသော်လည်း ညီညီညာညာ တိုက်ပွဲဝင်နိုင်သဖြင့် အကျိုးအမြတ် ကြီးလှပါတယ်” ဟု သူ၏ ဘလော့ဂ်တွင် ရေးသားရန် စိတ်ကူးထဲတွင် စာစီသွားသည်။

ရန်ကုန်အခြေစိုက် အသံတိတ်ဂျာနယ် ထုတ်ဝေသူကလည်း ဤဖြစ်ရပ်နှင့် ပတ်သက်ပြီး အလွန့်အလွန် ၀မ်းနည်းကြောင်း ဂျာနယ်၏ အယ်ဒီတာ့အာဘော်တွင် ရေးခိုင်းမည်ဟု ဆုံးဖြတ်လိုက်သည်။ “ရိုင်းစိုင်းသော နိုင်ငံတခုမှ လာသည့် ဖိနပ်ပျံဗျူဟာကို ဆန့်ကျင်ကြ” ဟု ခေါင်းစဉ်ပေးသင့်သည်ဟုလည်း တွေးလိုက်သည်။

ထိုအချိန်တွင် ဖိနပ်ထိထားသော ချိုကုပ်ဒူးကြီးက သတိလစ်နေဆဲဖြစ်ပြီး ဘေးတွင် မိသားစုက ပျာယာခပ်နေသည်။ ဒဏ်ရာမှ သွေးထွက်ခြင်း မရှိသော်လည်း အာလူးသီးအလတ်စားအရွယ် ဘုကြီး ထွက်လာသည်။ ကွမ်းတရာညက်ခန့်အကြာတွင် ချိုကုပ်ဒူးကြီး မျက်လုံး တဖြည်းဖြည်း ပွင့်လာသည်။ တွေဝေနေသော မျက်လုံးများဖြင့် အားလုံးကို ကြည့်နေသည်။

ဒေါ်ကွိုင်ကွိုင်။ ။ ဟော … မောင်တော် … သတိရလာပြီ၊ သတိရလာပြီ … ။

သမီးတော်(၁)။ ။ အောင်မယ်လေး … ဖြစ်မှ ဖြစ်ရလေ ဖေဖေရယ် … ။

ဖိုးလောက်လန်း။ ။ အဘိုး၊ အဘိုး … ဘယ်နား နာသွားသေးလဲဟင်။

သမီးတော်(၂)။ ။ သြော် … ဖိုးလောက်လန်းရယ်၊ ဘယ်နား နာရမှာလဲဟဲ့ … ၊ နားထင်မှာ ဘုထွက်နေတာ နင် မတွေ့ဘူးလား … ။

ဒေါ်ကွိုင်ကွိုင်က သူတို့အားလုံးကို မာန်မဲလိုက်သဖြင့် အသံများ တိတ်သွားသည်။ သူတို့အားလုံး ချိုကုပ်ဒူးကြီးကို စိုက်ကြည့်နေကြသည်။ ချိုကုပ်ဒူးကြီးကလည်း သူတို့အားလုံးကို ကြည့်နေသည်။

ချိုကုပ်ဒူးကြီး။ ။ မင်း … မင်းတို့ ဘယ်သူတွေလဲ၊ ငါ့ကို ဘာကြောင့် လာကြည့်နေကြတာလဲ၊ ငါကရော ဘယ်သူလဲ … ။

ချိုကုပ်ဒူးကြီး၏ စကားကြောင့် အားလုံး အံ့သြသွားကြသည်။ ဒေါ်ကွိုင်ကွိုင်က ဖြစ်ပျက်ခဲ့သည်များကို ပြန်လည် ရှင်းပြသည်။ သို့သော်လည်း ချိုကုပ်ဒူးကြီးက ဒေါ်ကွိုင်ကွိုင်ကို ခုမှ တွေ့ဖူးသည့်အလား စိုက်ကြည့်နေသည်။ နောက်ထပ် ကွမ်းတရာညက်ခန့် အကြာတွင် ဒေါ်ကွိုင်ကွိုင်က အခြေအနေမှန်ကို ရိပ်စားလိုက်မိသည်။ ထို့နောက် ရှိုက်ကြီးတငင် ငိုချလိုက်လေသည်။

ဒေါ်ကွိုင်ကွိုင်။ ။ အီး … ဟီး ဟီး … ၊ မောင်တော် အတိတ်မေ့သွားပြီ။

ဖိုးလောက်လန်း။ ။ ဟင် … ဘာလို့ငိုတာလဲ။ အတိတ်မေ့တယ်ဆိုတာ ဘာကို ပြောတာလဲ။

သမီးတော်(၁)။ ။ ဖိုးလောက်လန်းတကောင်နဲ့တော့ ခက်တော့တာပဲ၊ အတိတ်မေ့တယ်ဆိုတာ အတိတ်မေ့တာပေါ့ကွ။

ဖိုးလောက်လန်း။ ။ အဲဒါကြောင့် ပြောတာပေါ့ဗျ၊ ချင်းမိုင်ကို မသွားနဲ့၊ ပတ္တရားသွားမယ်လို့ ကျနော်ပြောတာကို နား မထောင်ကြဘူး။ ရန်ကုန်မှာ ကော်ဖီဆိုင်ဖွင့်ပြီးမှ သွားမယ် ဆိုတာကိုလည်း လက်မခံဘူး။ ခုတော့ ထိပြီပေါ့၊ ကဲ … ဘိုးဘိုးကြီး အားကိုးတဲ့ ဗေဒင်ဆရာတွေ၊ ဘိုးတော်တွေ ဘယ်မှာလဲ။

ဖိုးလောက်လန်း၏ စကားအဆုံးတွင် ၀ုန်းခနဲ မြည်သံနှင့်အတူ မီးခိုးလုံးကြီးထသွားသည်။ မီးခိုးများ စဲသွားသောအခါ သူတို့၏ ရှေ့တွင် တစိမ်းတယောက်ကို တွေ့လိုက်ကြသည်။ ထိုသူမှာ တခြားမဟုတ်၊ ချင်းမိုင်ရုက္ခစိုးကြီး ဖြစ်သည်။

သမီးတော်(၂)။ ။ ဖိုးလောက်လန်းရေ ဘိုးတော် ကြွလာပြီထင်တယ်၊ အဲဒါကြောင့် နင့်ကို ပြောတာ ဗေဒင်တို့ ဘိုးတော်တို့ကို ပစ်ထားလို့ မရဘူးဆိုတာ ခုတော့ နင် ယုံပြီ မဟုတ်လား။

ဒေါ်ကွိုင်ကွိုင်။ ။ အမိုက်အမဲလေးကို ဗွေမယူပါနဲ့ ဘိုးတော်ရယ် … ။ တပည့်တော်မ တောင်းပန်ပါတယ်။ ဟော … ဟောဒီမှာ မောင်တော်ရဲ့ ခေါင်းမှာ အာလူးသီးကြီး ထွက်ပြီး အတိတ်မေ့နေပါတယ်။ ပြန်ပြီး သတိရလာအောင် ဘိုးတော်က ကူညီ၊ စောင်မ၊ ကြည့်ရှု၊ စောင့်ရှောက်၊ ကုသပေးတော်မူပါဦး။

ဖိုးလောက်လန်း။ ။ ဟုတ်တယ်ဗျာ။ ကူနိုင်ရင် ကူပါဦးဗျ။ ကျနော်က ကမ္ဘာ့အကြီးဆုံး ကော်ဖီဆိုင်ကြီးကို ရန်ကုန်မှာ ဖွင့်ဖို့ ပြင်နေတာ။ ကျနော့်ဆိုင်ထက်ကြီးရင် အဲဒီဆိုင်ကိုသွားပြီး ရိုက်ခွဲလိုက်မယ်။ ဟဲဟဲ … ဆိုင် ဖွင့်ပြီးရင် ဘိုးတော် နေ့တိုင်းလာသောက်ဗျာ။

ရုက္ခစိုး။ ။ ဟေ့ … ငါက ဘိုးတော်မဟုတ်ဘူးကွ … ။ ဒါပေမယ့် ငါတတ်နိုင်သလောက် လုပ်ပေးပါ့မယ်ကွာ။ နေစမ်းပါဦး၊ နေစမ်းပါဦး … ၊ ဘယ်လိုဘယ်လို ဖြစ်ကြတာလဲ ပြောပြပါဦး။

အမှန်တကယ်တွင်မူ ရုက္ခစိုးကြီးက ဖြစ်ရပ် အစအဆုံးကို မြင်တွေ့ပြီး ဖြစ်သည်။ မသိချင်ယောင်ဆောင်ကာ မေးလိုက်ခြင်း ဖြစ်သည်။ ဒေါ်ကွိုင်ကွိုင်က ဖြစ်ကြောင်းကုန်စင် ရှင်းပြလိုက်သည်။ အတိတ်မေ့နေသော ချိုကုပ်ဒူးကြီး သတိပြန်လည်ရေးအတွက် ထပ်မံ အကူအညီ တောင်းပြန်သည်။ ခြေဦးတည့်ရာ သွားမည့် ဟန်ပြင်နေသည့် ချိုကုပ်ဒူးကြီးကိုလည်း ၀ိုင်း၍ ဆွဲထားရသေးသည်။ ရုက္ခစိုးကြီးက နှုတ်ခမ်းမွေးကို လက်ဖြင့် သပ်ပြီး ခေတ္တမျှ စဉ်းစားခန်း ၀င်ကာ နောက်ဆုံးတွင် သူတို့အား အကြံကောင်းတခု ပေးလိုက်လေသည်။

ရုက္ခစိုး။ ။ ငါကြည့်ဖူးတဲ့ ရုပ်ရှင်ဇာတ်လမ်းတွေမှာတော့ အတိတ်မေ့တဲ့သူဆိုတာ ခေါင်းမှာ တခုခုနဲ့ ပြင်းပြင်း ထန်ထန် ထိခိုက်သွားတဲ့အခါ ပြန်ပြီး သတိရလာတတ်ကြတယ်။ အဲဒီတော့ … ဒီပုဂ္ဂိုလ်ရဲ့ ခေါင်းကိုလည်း ခပ်နာနာလေး နှက်လိုက်ရင် အားလုံးကို သတိပြန်ရလာနိုင်တယ်၊ ရုပ်ရှင်ထဲကလိုမျိုးပေါ့ကွာ။ ဘယ်လိုလဲ၊ စမ်းကြည့်ကြမလား။

ဖိုးလောက်လန်း။ ။ သိပ်ကောင်းတာပေါ့ ဘိုးတော်ရယ်၊ အဲ … ရုက္ခစိုးကြီးရယ်။ ကျနော် ကိုင်လိုက်ပါ့မယ်။ အတော်ပဲ လက်စွမ်းပြချင်နေတာနဲ့။

ဒေါ်ကွိုင်ကွိုင်။ ။ ဟဲ့ … ဟဲ့ … ဟဲ့ကောင်လေး … ၊ နေစမ်းပါဦးဟယ်။

သမီးတော်(၁)။ ။ ဟေ့ … ဟေ့ … ဖိုးလောက်လန်း မလုပ်နဲ့ … မလုပ်လိုက်နဲ့ … ။

သမီးတော်(၂)။ ။ သားရေ … မလုပ်နဲ့နော်၊ သတိထားနော် … ။

ဖိုးလောက်လန်းကို ၀ိုင်းဝန်း တားမြစ်ရန် ကြိုးပမ်းကြသော်လည်း နောက်ကြသွားလေပြီ။ ဖိုးလောက်လန်းက ဟိုဟို ဒီဒီ ကြည့်ပြီး အနားတွင် တွေ့ရသော တုတ်ကို ကောက်ကိုင်ကာ ချိုကုပ်ဒူးကြီး၏ ခေါင်းကို ခပ်ဆဆလေး နှက်လိုက်လေသည်။

ဖိုးလောက်လန်း၏ တုတ်ချက်ကြောင့် ချိုကုပ်ဒူးကြီး ဒုတိယအချီ မှောက်သွားလေသည်။ ခေါင်းတွင်လည်း ဒုတိယမြောက် အာလူးသီးတလုံး တဖြည်းဖြည်း ထွက်လာသည်ကို တွေ့လိုက်ရသည်။

ရုပ်ရှင်ထဲက ကဲ့သို့ အတိတ်မေ့သည့် ရောဂါ ပျောက်ကင်းသွားခြင်း ရှိမရှိကို သိနိုင်ရန် သူတို့ အားလုံး ချိုကုပ်ဒူးကြီး ဒုတိယအကြိမ် သတိပြန်ရလာသည်အထိ ထိုင်စောင့်နေကြရလေသည်။

ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များ အပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။ အားပေး ဝေဖန်ကြသော ပရိသတ်ကို လေးစားလျက် … ။

သပိတ်မှောက် ဖိနပ်ရုံအလုပ်သမား ရ၀၀ ကျော် ဖိအားပေးခံနေရသဖြင့် အလုပ်ထွက်ခဲ့ကြရ

အောက်တိုဘာ ၁၅

ခြုံဘူရီခရိုင် စမူပါကန် ဘန်ချလုံအရပ်ရှိ သော aerosoft ဖိနပ်စက်ရုံမှ ဆန္ဒပြ မြန်မာ အလုပ်သမားများအား အလုပ်ရုံမှ နည်းမျိုးစုံ သုံးဖိအားပေး နေသဖြင့် အလုပ်သမားမြောက်များစွာ အလုပ်ထွက်လိုက်ကြသည်။

အောက်တိုဘာလ ၈ရက်နေ့မှစ၍ သတင်းတစ်ပတ်အတွင်း အလုပ်ထွက်လိုက်ရသော အလုပ်သမား အရေ တွက်မှာ ၇၀၀ခန့် ရှိပြီး ဖြစ်ကြောင်း အလုပ်ထွက်လာသူများက ပြောသည်။

ပြီးခဲ့သော အောက်တိုဘာလ ၅ ရက်နေ့က ဘန်ကောက်အခြေစိုက် ရောင်ခြည်ဦး အလုပ်သမားအဖွဲ့နှင့် ထိုင်း အင်ဂျီအို အဖွဲ့တစ်ခုတို့ ကြားဝင်စေ့စပ်မှုဖြင့် အဆိုပါအလုပ်ရုံမှ အလုပ်သမား အခွင့်အရေးများကို ပေးမည် ဖြစ်ကြောင်း ဂတိပြုခဲ့သဖြင့် အလုပ်သမားများနှင့် ကူညီပေးသူများက ၀မ်းမြောက်ခဲ့ကြသည်။

ထိုသို့အောက်တိုဘာလ ၃ရက်နေ့ အလုပ်မဆင်းပဲ စတင်ဆန္ဒပြခဲ့သော မြန်မာအလုပ်သမားများ၏ အခွင့်အရေး ချိုးဖေါက်ခံနေရမှု တောင်းဆိုချက်များကို အလုပ်အကိုင်ရှာဖွေရေး (ဆ၀ါဒီကန်)ရုံးမှ တာဝန်ရှိ လူကြီးများရှေ့တွင် လိုက်လျှောမည်ဖြစ်ကြောင်း မန်နေဂျာနှင့် စက်ရုံတာဝန်ရှိသူများက ဂတိပြုခဲ့သော်လည်း အောက်တိုဘာ ၆ရက်နေ့ အလုပ်စဆင်းသည်နှင့် တစ်ပြိုင်နက်တည်း အလုပ်ရှင်နှင့် မန်နေဂျာတို့က ပညာပြခဲ့ ကြသည်ဟု အလုပ်သမားများက ဆိုသည်။

သုံးနှစ်ကျော်ကြာ အဆိုပါ ဖိနပ်စက်ရုံတွင် လုပ်ကိုင်လာသော ကိုရဲမင်းက “ကျွန်တော် အဲဒီစက်ရုံမှာ လုပ်တာ ကြာပြီ ကျွန်တော် ဖိနပ်ပုံ ရိုက်ရတယ်လေ။ ထိုင်လုပ်ရတယ် တောက်လျှောက် အဲဒါပဲလုပ်လာတာ။ ၆ရက်နေ့ ကျွန်တော်တို့ အလုပ်ဆင်းတာနဲ့ ကျွန်တော့်ကို ဆေးရောင်သုတ်တဲ့ နေရာကို ပို့တယ်။ အခြား လူတွေကိုလည်း ဟိုပို့ဒီပို့ လုပ်လိုက်တယ်။ လူတွေ တော်တော် စိတ်ဓါတ်ကျ သွားကြတယ်။ သူတို့ပါးစပ်က အလုပ်ထွက်လို့ မနှင် ထုတ်ပေမယ့် ဗမာတွေဘာဖြစ်တယ် ညာဖြစ်တယ် ခိုင်းတာလုပ်ရမယ် ထိုင်းတွေလို လုပ်လို့မရဘူး ဘာညာ ပြောတယ်။ ကျနော်တို့ လုပ်လို့ မပျော်တော့တာကြောင့် ထွက်လိုက် ကြတယ်”ဟု ပြောသည်။

အလုပ်သမားများ တောင်းဆိုချက်များတွင် အလုပ်သမားများ နေ့တွက်တပြေးညီ ရရှိရေး ကျမ္မာရေး မကောင်း လျှင် ဆေးခွင့်ရရှိရေး အပြင် အချိန်ပို သတ်မှတ်ခြင်းနှင့် နိုင်ငံတော် ရုံးပိတ်ရက်များတွင် အလုပ်လုပ် ပါက ရက်တွက် ဆတိုးရရှိရေး တို့က ပါဝင်ခဲ့သည်။

သို့ရာတွင် အောက်တိုဘာလ ၆၇က်နေ့ အလုပ်ဆင်းသည်နှင့် မန်နေဂျာနှင့် စက်ရုံလူကြီးများက မြန်မာ အလုပ် သမားများကို အုပ်စုခွဲပြီး သွေးတိုးစမ်းခဲ့သည်။ နေ့တွက် ၁၉၅ ဘတ်ပေးလျှင် အချိန်ပိုပေးမည် ဖြစ်သော်လည်း အလုပ်သမားများ တောင်းဆိုထားသော တစ်နေ့၂၀၃ ဘတ် ပေးရပါက အချိန်ပို လုံးဝမပေးကြောင်း လုပ်ငန်းခွင် ရုံးခန်းသို့ အလုပ်သမားများကို အသုတ်လိုက် ခေါ်ယူ ပြောဆိုခဲ့သည်။

အလုပ်ထွက်လာရသူ ကိုမျိုးက “ကျွန်တော်တို့က အလုပ်သမားတွေကို လိုက်ပြောတယ်။ ပထမနေ့ကတော့ ညီတယ်။ နောက်နေ့ကျတော့ ဘာပြောလဲဆိုတော့ အချိန်ပိုမဆင်းပဲ ၃ရက်နေရင် အလုပ်ထုတ်ပစ်မယ်၊ အဲလို ခြိမ်းခြောက်လာတယ်။ ဘတ်တွေ ဆက်မရအောင် လုပ်ပစ်လိုက်မယ်။ အဲလိုပြောလာတယ်။ မြန်မာ အလုပ်သမားတွေ ကလည်း သိတဲ့အတိုင်းပဲလေ မညီကြဘူး။ အလုပ်ဆင်းတဲ့ လူဆင်း မဆင်းတဲ့လူ မဆင်း ဖြစ်ကုန်တယ်။ ကျနော်တို့ ခုလို အလုပ်လက်မဲ့ဖြစ်သူဖြစ် ဒုက္ခတွေ ရောက်ကုန်ကြတာ မြန်မာအလုပ်သမားတွေ မညီညွတ်လို့ ဖြစ်ပါတယ်” ဟု ပြောသည်။

ဆန္ဒပြပွဲကို ဦးဆောင်သူများအနက် တစ်ဦးအပါအ၀င်ဖြစ်သော ကိုကျော်စိုးပိုင်က “တစ်နေပကို လူတွေရာချီပြီး ထွက်ကြတယ်။ ကျွန်တော်တို့ကတော့ စောစောစီးစီး ထွက်လိုက်ပြီးတော့ အလုပ်ရှာနေကြပြီ။ စိတ်မကောင်း ဘူးပေါ့၊ အကူညီပေးခဲ့တဲ့လူတွေကို ဖုန်းဆက်တော့လဲ ဖုန်းမကိုင်ဘူး။ အခြားဖုန်းတွေနဲ့ ဆက်လို့ ကိုင်ပြန်တော့ လဲ စီစဉ်နေတယ်၊ စီစဉ်နေတယ်နဲ့ ၊ဘာမှ ခုထိအကူအညီ ပေးတာမရှိဘူး။ လူတွေ ဟိုရောက် ဒီရောက် ရွာပျက် သလို ဖြစ်နေပြီ။ မိသားစုများတဲ့ လူတွေ တော်တော် ဒုက္ခရောက်ကြတယ်။ တော်ပြီ၊ နောက်ဆိုရင် ကိုယ်ဖြစ် ကိုယ်ခံ ဘာမှ ကျနော်မလုပ်တော့ဘူး။ မျက်နှာပူရတယ်။ ကိုယ်လည်း ဒုက္ခရောက်တယ်”ဟု စိတ်မကောင်းခြင်း များစွာဖြင့် ပြောဆိုသွားသည်။ ဘန်ကောက်အခြေစိုက် ရောင်ခြည်ဦး အလုပ်သမားများ အဖွဲ့အား ဖုန်းဆက် သွယ်ရာ ဖုန်းကိုင် ဖြေဆိုခြင်းမရှိခဲ့ပေ။

အလုပ်သမား အခွင့်အရေးများ ချိုးဖေါက်ခံရမှုများကို တောင်းဆိုဆန္ဒပြခြင်းကြောင့် အလုပ်သမားများ အနိုင်ရ ခဲ့သည်ဟု ပြည်ပအခြေစိုက် ရေဒီယိုများနှင့် ရုပ်မြင်သံကြား အစီအစဉ်တို့မှ ထုတ်လွှင့်ခဲ့သော်လည်း ယင်းနောက်ပိုင်းတွင် ဖိနပ်စက်ရုံမှ မြန်မာအလုပ်သမားများမှ နေစဉ်ရာချီ အလုပ်ထွက် နေကြရသဖြင့် သတင်းတစ်ပတ်အတွင်း မြန်မာအလုပ်သမား ၇၀၀ ကျော် အလုပ်လက်မဲ့ ဖြစ်ခဲ့ရပြီးဖြစ်ကြောင်း အလုပ်သမား များက ပြောသည်။
ကိုကျော်သောင်းမှ ပေးပို့ပါသည်။

မြန်မာ့သတင်း ကမ္ဘာ့သတင်း

U.S. Secretary of State Hillary Rodham Clinton answers a question at Echo Moskvy radio station Wednesday morning, Oct. 14, 2009.AP

ရုရှားနိုင်ငံမှာ ဒီမိုကရေစီရေးကို ရှေးရှုနေတဲ့ ဖြစ်ထွန်းတိုးတက်မှုတွေ ရှိနေပေမဲ့ သတင်းထောက်တွေနဲ့ လူ့အခွင့်အရေး ခုခံကာကွယ်သူတွေကို နှိပ်ကွပ် တိုက်ခိုက်နေတာတွေဟာ ဒီတိုးတက်မှုတွေကို အဟန့်အတား ဖြစ်စေတယ်လို့ မစ္စကလင်တန်က ပြောဆိုလိုက်ပါတယ်။

Saw_Wai_150
NLD flag

အန်အယ်လ်ဒီ ဗဟိုကော်မတီဝင်များနှင့် ဥရောပသံတမန်အဖွဲ့တွေ့ဆုံ
NEJ / ၁၅ အောက်တိုဘာ ၂၀၀၉

“အခြေခံဥပဒေပြင်ဖို့တို့ ဆိုတာဟာ power sharing လုပ်ဖို့လားဆိုတာတွေ သူတို့က မေးတယ်။ ကျနော်တို့က ဘယ်လိုပြောသလဲဆိုတော့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ထောက်ထားသောအားဖြင့်ဆိုရင် power sharing ဆိုတာ လုံးဝမရှိဘူး။ ဒါ့အပြင် အခုတောင်းဆိုနေတဲ့ဟာက power sharing ကိစ္စမဟုတ်ဘူး။ ကျနော်တို့တောင်းဆိုနေတာ.....”အပြည့်အစုံသို့

လူငယ်အကြိုက် နေ့ကလပ်များ ရန်ကုန်တွင် ပြန်ခေတ်စား
ဝီရ / ၁၅ အောက်တိုဘာ ၂၀၀၉ “အဲဒီကိုသွားနိုင်တဲ့ ကျောင်းနေအရွယ် ကလေးတွေက ရပ်ကွက်လူကြီးတို့၊ အထက်အာဏာပိုင်လူကြီးတို့ရဲ့ သားသမီးတွေ၊ တူ တူမတွေပဲ များတယ်....”အပြည့်အစုံသို့
ကေအိုင်အိုခေါင်းဆောင် မန္တလေးဆေးရုံတွင် ကုသမှုခံယူ
ခိုင်လင်း / ၁၅ အောက်တိုဘာ ၂၀၀၉ “တရုတ်ပြည်ဘက်က ဆေးရုံတွေနဲ့ ဘာမှပြဿနာမရှိပါဘူး။ ကျနော်တို့ဆီက ....”အပြည့်အစုံသို့
မြန်မာအဆိုတော်များ မဲဆောက်တွင် သီဆိုဖျော်ဖြေမည်

ရဲရင့် / ၁၅ အောက်တိုဘာ ၂၀၀၉ လာရောက်သီဆိုဖျော်ဖြေ မည့်သူများမှာ ရုပ်ရှင်သရုပ်ဆောင် ချစ်သုဝေ....အပြည့်အစုံသို့
ဖွတ်မရ ဓားမပါ ဆုံးကြရမည့် မြန်မာအလုပ်သမားများဘဝ
ရဲရင့် / ၁၄ အောက်တိုဘာ ၂၀၀၉

ထိုင်းနှင့်မြန်မာဆောင်ရွက်နေသည့် နိုင်ငံသားစိစစ်မှုနှင့် ယာယီနိုင်ငံကူး လက်မှတ်ထုတ်ပေးမှု လုပ်ငန်းစဉ် သည် ထိုင်း-မြန်မာနှစ်နိုင်ငံ အစိုးရများအတွက် အကျိုးစီးပွားဖြစ်ထွန်းစေမည့် အစီအမံများသာဖြစ်ပြီး ထိုင်းတွင် ...အပြည့်အစုံသို့

မငြိမ်းချမ်းသော မောင်ငြိမ်းချမ်း

E-mail Print


NLD ၏ နိုင်ငံရေးအမြင် EU ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံမေးမြန်း

NLD ၏ နိုင်ငံရေးအမြင် EU ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံမေးမြန်း

ဥရောပ သမဂ္ဂ (EU) နှင့် အဖွဲ့ဝင်နိုင်ငံများမှ သံတမန်များ အပါအဝင် ကိုယ်စားလှယ်များက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင်များကို ယမန်နေ့က တွေ့ဆုံပြီး၂၀၁၀

မြန်မာ အလုပ်သမားများထံမှ ထိုင်းရဲက ငွေညှစ်

ထိုင်းနိုင်ငံ တောင်ပိုင်း ဖူးကက်မြို့ အကန်ခ မြို့နယ်တွင် အလုပ်လုပ်နေသည့် မြန်မာ အလုပ်သမား ၁၄ ဦးထံမှ ဒေသခံရဲများက အလုပ်နေရာ ပြောင်းလုပ်သည်ဟု အကြောင်းပြကာ ဘတ်ငွေ

စစ်အစိုးရအား ပိုမိုဖိအားပေးရန် ဂျပန်အစိုးရသစ်ကို တောင်းဆို

မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဋ္ဌာနမှ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Tesuro Fukuyama တို့ ယမန်နေ့က ဂျပန်နိုင်ငံ တိုကျိုမြို့တွင် တွေ့ဆုံဆွေးနွေး

သံဃာ ၃၀ ခန့် ဖမ်းဆီးခံရ

ရွှေဝါရောင် တော်လှန်ရေး ၂ နှစ် ပြည့်မြောက်သည့် စက်တင်ဘာမှ စတင်၍ အာဏာပိုင်များက သံဃာ အပါး ၃၀ ခန့်ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။မိတ္ထီလာမြို့မှ သံဃာ ၁၃ပါး၊ ကျောက်ပန်းတောင်းမြို့မှ

“အာနာရူးကြီး မှူးကြီး သန်းရွှေ” ကဗျာ ရေးသားခဲ့သူ ဆုရရှိ

စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို “အာနာရူးကြီး” ဟု ဝေဖန်ရေး သားခဲ့သော ကဗျာဆရာ စောဝေအား အမေရိကန်နိုင်ငံ အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေး

သဘာဝဘေး ကာကွယ်ရေး လေ့ကျင့်မှု မြစ်ဝကျွန်းပေါ်တွင် ပထမဆုံးပြုလုပ်

နာဂစ်ဆိုင်ကလုန်း မုန်တိုင်းဒဏ်သင့် မြစ်ဝကျွန်းပေါ် ဒေသတွင် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ကာကွယ်နိုင်ရန်အတွက် လေ့ကျင့်မှုတရပ်ကို ကမ္ဘာ့ဘေးအန္တရာယ် လျော့ချရေးနေ့

ကိုညီညီအောင်အမှု ရုံးတင်၊ နိုင်ငံရေးလှုပ်ရှားသူများ နှစ်ရှည်ထောင်ဒဏ်ချ

အာဏာပိုင်တို့က လေဆိပ်တွင် ဖမ်းဆီးခဲ့သူ ကိုညီညီအောင်ကို လိမ်လည်မှု၊ စာရွက် စာတမ်း အတု ပြုလုပ်မှု တို့ဖြင့် အင်းစိန်ထောင်တွင်း တရားရုံး၌ ယနေ့ စတင် ရုံးထုတ်ခဲ့ကြောင်း

ဖာပွန်မြို့နယ်ရှိ ရွာသားများ အဓမ္မ ရွှေ့ပြောင်းခံရ

ကရင်ပြည်နယ် ဖာပွန်ခရိုင်ရှိ ကျေးရွာ ၆ ရွာမှ ကရင်ရွာသား ၂၀၀၀ ခန့်ကို တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်ဖွဲ့ (DKBA) တပ်များက ၎င်းတို့ ထိန်းချုပ်ထားသော ဒေသအတွင်းသို့ အတင်းအဓမ္မ ပြောင်းရွှေ့ နေရာချထားကြောင်း သိရသည်။

မြန်မာ့အရေးကူညီချင်သူ အမေရိကန်ဂျင်ဝက် မျက်နှာမလိုက်ရန် ညီညီအောင့်မိတ်ဆွေများက တောင်းဆို

မိုးမခအထောက်တော် ၀၀၂

အောက်တိုဘာ ၁၄၊ ၂၀၀၉

လွန်ခဲ့သည့် စက်တင်ဘာလဆန်းက စစ်အုပ်စု၏ ဖမ်းဆီးချုပ်နှောင်ခြင်း ခံထားရသူ မြန်မာအမေရိကန်နိုင်ငံသား ကိုကျော်ဇော်လွင် ခေါ် ညီညီအောင်၏ လွတ်မြောက်ရေးကို နှိုးဆော်နေကြသူ ၎င်း၏မိတ်ဆွေများက အမေရိကန်ဆီနိတ်တာ၊ အာရှပစိဖိတ်အရေး တာဝန်ခံ ဂျင်ဝက်ကို မျက်နှာမလိုက်ရန် တောင်းဆိုလိုက်သည်။
အျပည့္အစုံသိုႛ ...

တရုတ်-မြန်မာ နယ်စပ်ကုန်စည်ပြပွဲ ကျင်းပမည်

၉ ကြိမ်မြောက် တရုတ်-မြန်မာ နယ်စပ် ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် အတွင်းရှိ ကျယ်ဂေါင်မြို့၌ လာမည့် ဒီဇင်ဘာ လဆန်းတွင် ၅ ရက်ကြာ ကျင်းပသွားမည်...

ဝ' ၏ တင်းမာမှုက စိုးရိမ်မှုများ တိုးပွား (ရုပ်သံသတင်း)
ဆန်ကြမ်း၊ ဆန်လတ် ဈေးနှုန်းများ မြင့်တက်
EU သံတမန်များ ဒီချုပ် ခေါင်းဆောင်များနှင့် တွေ့၊ ရွေးကောက်ပွဲ သဘောထားစုံစမ်း

စာမျက်နှာများ ရေးဖွဲ့ခြင်းနှင့် ပါးလျှသော မျဉ်းတကြောင်း၏ တဖက်တချက်

အံ့သြစရာ ကောင်းတာတခုကို ကျနော် သတိထားမိခဲ့တာ နှစ်ပိုင်းလောက်တော့ ရှိပါပြီ။ ပြောရရင် ခပ်ငယ်ငယ် ကျောင်းသားဘဝ ၁၉၇၆ ခုနှစ်...

ပထမဦးဆုံး ဆူနာမီ လေ့ကျင့်မှု မြန်မာနိုင်ငံတွင် ပြုလုပ်

မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ်အဖြစ် ဆူနာမီ ကြိုတင်လေ့ကျင့်မှုတခုကို ကမ်းရိုးတန်း ဒေသများဖြစ်သော ပြည်နယ် နှင့် တိုင်း ၅ ခုတွင်...

ကရင်နှစ်ဖွဲ့ ပေါင်းစည်းရေး မြိုင်ကြီးငူ ဦးဆောင်ရန် ကမ်းလှမ်း

အသေအကြေ တိုက်ခိုက်နေကြသော အဓိက ကရင်အဖွဲ့ကြီး နှစ်ခုအတွင်း ငြိမ်းချမ်းရေး တည်ဆောက်ရေးအတွက် မြိုင်ကြီးငူ ဆရာတော် ဦးသုဇနအနေဖြင့် ဦးဆောင်ဦးရွက်ပြုပါရန်...

ဥရောပသံရုံး ကိုယ်စားလှယ် အဖြဲႚနဲႛ အမ်ိဳးသားဒီမုိကေရစီအဖြဲႚခ်ဳပ္ေတြႚဆုံ

အမေရိကန်နိုင်ငံသား ကိုညီညီအောင်အမှုရုံးတင်

ေ႟ရွးကောက်ပွဲမစခင် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖိုႛ ဂျပန်လိုလား

ရေပိုင်နက်ပြဿနာ ဖြေရှင်းရေး ဘင်္ဂလားဒေ့ရှ် အစိုးရကရှေႚနေအဖွဲ့ငှားရမ်း