

ယနေ့ထုတ်ဝေသော နအဖ၏ သတင်းစာ သုံးစောင်၏ မျက်နှာဖုံးတွင် ဖေါ်ပြထားချက်များအရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက လမ်းပြမြေပုံ ခုနှစ်ချက်သည် ခေတ်မှီ ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်ကြီး တည်ဆောက်ရေး အတွက် ရည်ရွယ်ရေးဆွဲထား ခြင်းဖြစ်၍ ထိုလမ်းပြမြေပုံ အတိုင်း ယခုနှစ်အတွင်း ရွေးကောက်ပွဲကို ကျင်းပ သွားမည် ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့ပါသည်။
ထို့အတူ ၂၀၀၈ ခုနှစ်တွင် အတည်ပြုခဲ့သော နာဂစ် အခြေခံ ဥပဒေကို ပြည်သူလူထု တရပ်လုံးက တခဲနက် အတည်ပြုခဲ့ပြီး ဖြစ်သည်ဟု အခိုင်အမာ ပြောဆို သွားခဲ့သလို ပြည်သူလူထု များကိုလည်း သူတို့၏ လမ်းပြမြေပုံ ၏ လုပ်ငန်းစဉ်များတွင် ပူးပေါင်း ဆောင်ရွက်ကြရန် ပြောဆိုသွားခဲ့ပါသည်။
ထို့အတူ နေအိမ် အကျယ်ချုပ် ကျခံနေရသူ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း သူတို့၏ ပါတီ ဌာနချုပ်တွင် ၆၂နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ကျင်းပ ပြုလုပ်၍ လက်ရှိနိုင်ငံရေး အခြေအနေ နှင့် ပါတ်သက်၍ သုံးသပ် ဝေဖန် ပြောဆိုမှုများ ပြုလုပ်ခဲ့သလို ထုတ်ပြန်ကြေငြာချက် တစောင်ကိုလည်း ထုတ်ပြန်ခဲ့ပါသည်။
၆၂နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ပြောဆိုခဲ့သော NLD ဗဟို အလုပ်အမှုဆောင် ဦးခင်မောင်ဆွေ၏ သဘာပတိ မိန့်ခွန်းနှင့် ထုတ်ပြန်ကြေငြာချက်ကို ပူးတွဲ ဖေါ်ပြပေးလိုက်ပါသည်။







