9.16.2009

မြန်မာ့သတင်း ကမ္ဘာ့သတင်း

အတ္တပရဟိတ လုပ်ငန်း
အောင်သူငြိမ်း တုန့်ပြန်ချက်ရေးသားတဲ့ ဆရာ လူထုစိန်ဝင်းရဲ့ဆောင်းပါး

အမှန်တရားဂျာနယ် အတွဲ၁ အမှတ်၇

အမှန်တရားဂျာနယ် အတွဲ၁ အမှတ်၇ ကိုအွန်လိုင်း တွင်ဖတ်ရှုရန်

Burma's News World's News

Israeli Prime Minister Benjamin Netanyahu (R) and U.S. Mideast envoy George Mitchell, shake hands during their meeting at Mr. Netanyahu's office in Jerusalem, 16 Sep 2009
Wed. 16 Sep 2009 0909 UTC

US Envoy Meets Israeli PM Again to Discuss Settlements

George Mitchell said he hopes to bring his current phase of talks with the parties to a 'positive conclusion' in the coming weeks

Full Story »

Yukio Hatoyama, who will be Japan's next prime minister, addresses members of his Democratic Party of Japan at a meeting in Tokyo, 15 Sep 2009

Hatoyama Becomes Japan's New Prime Minister

In a landslide election victory last month, Yukio Hatoyama's Democratic Party of Japan won 308 of the 480 seats in parliament's lower chamber

iraq

Iraqi, US Troops Detain Militants After Baghdad Green Zone Mortar Attack

Militants fired four mortars at the complex Tuesday, hours after US Vice President Joe Biden arrived in Baghdad for meetings with US military and Iraqi officials

US Navy Admiral Michael Mullen

Top US Military Officer Says More Troops Likely Needed in Afghanistan Video clip available

Admiral Michael Mullen did not say how many more soldiers would be needed, but he said he expects request for additional troops in next two weeks

Workers count ballots at the Independent Election Commission in Kabul, Afghanistan, 27 Aug 2009

Afghan Election Recount Begins Before Final, Preliminary Results Released Audio Clip Available

Recount amid fraud allegations leaves open possibility of second round for disputed election


Yukio Hatoyama in Tokyo on 16 September 2009
PM Hatoyama promises economic revival and strong US ties, taking office to end a half century of one-party rule in Japan.

Former US President Jimmy Carter says much of the vitriol against President Barack Obama's health reform plans is "based on racism".

Renault says it will not dispute allegations of F1 race-fixing, as team principal Flavio Briatore quits the team.

ASEAN can take a leaf out of African Union

(Commentary) ASEAN still has much to learn about establishing an effective human rights body from – of all places – Africa. As the Association of Southeast Asian Nations prepares......

Suu Kyi denied permission to attend appeal hearing

Aung San Suu Kyi’s request to the Rangoon Division of the Special Branch of Police to allow her to be present in court, which will hear her appeal...

Burmese rebels clarifies court over prosecution statement

The City Sessions Court in India’s Kolkata city on Tuesday sought clarifications from 34 Burmese rebels, who are currently facing trial on charges of gunrunning. The trial resumed...

NLD ‘Youth Working Groups’ set up in 69 townships

National League for Democracy, Burma’s main opposition party, is consolidating its youth and women party members across the country and has formed ‘Youth Working Groups’...

Editorial, Opinion and Analysis

ASEAN can take a leaf out of African Union

(Commentary) ASEAN still has much to learn about establishing an effective human rights body from – of all places – Africa. As the Association of Southeast ...


Food Shortages Reported in Laogai

By LAWI WENG
Many people in the Kokang area are short of food because of the suspension of aid programs by the UN and NGOs following the fighting between government troops and Kokang militia.

Don’t Dance Until You Hear the Tune

By AUNG ZAW
As everyone awaits Than Shwe’s next move, the shareholders in next year’s election are already maneuvering for position.

Junta Announces Selection of Proxy Candidates

By THE IRRAWADDY
Three hundred candidates are selected to run under the banner of the National Political Party, a government-approved proxy party for the military.

A Child Porter

By LAWI WENG
A 16-year-old Mon boy describes his ordeal as a porter forced to carry ammunition on the frontline for Burmese government troops.

Htoo Company Plans Tea Plantation near Mount Popa

By THE IRRAWADDY
Businessman Tay Za is clearing timber in the reserve forest near Mount Popa for a tea plantation, raising environmental concerns.

Burma Fails to Meet Global Counter-narcotics Measures

By LALIT K JHA
The junta may be subject to more US sanctions following a determination it has “failed demonstrably” to adhere to international counter-narcotics standards.

ရုက္ခစိုးကြီးက ပါတီထောင်ချင်သတဲ့လား

E-mail Print
ကြွက်စုတ်။ ။ အခြေအနေမကောင်းဘူး ဖိုးရှုပ်ရေ။

ဖိုးရှုပ်။ ။ ဘာလဲကွာ ဆိုင်းမဆင့်ဗုံမဆင့် ..။ ရုံးမှာ ကိုဂေါ်ကြီးအလစ် ခဏထွက်လာတဲ့ ဟာကို။

ကြွက်စုတ်။ ။ ကိုဂေါ်ကြီးအလစ် .. မင်းက ဘာလာလုပ်တာလဲ။

ဖိုးရှုပ်။ ။ မင်းအခန်းမှာ ချက်တင်ထိုင်ပြီး ကောင်မလေးနဲ့ ပွားမယ်လေ။

ကြွက်စုတ်။ ။ အောင်မာ ဟေ့ကောင်၊ ငါ့ကွန်ပျူတာက ချက်တင်ထိုင်ပွားဖို့ မဟုတ်ဘူးကွ ..။

ဖိုးရှုပ်။ ။ ချက်တင်ထိုင် ပွားဖို့မဟုတ်ရင် ဘာလုပ်ဖို့လဲ။

ကြွက်စုတ်။ ။ တော်လှန်ရေးလုပ်ဖို့၊ နိုင်ငံရေးလုပ်ဖို့၊ တိုက်ပွဲဝင်ဖို့ကွ ..။

ဖိုးရှုပ်။ ။ ထားပါတော့ကွာ .. ဒါဆိုလည်း မပွားတော့ပါဘူး။ ပြောပါဦး၊ ဘာတွေအခြေအနေ မကောင်းတာလဲ။

ကြွက်စုတ်။ ။ ချင်းမိုင်မှာ ဖမ်းနေတယ်လေ။ နိုင်ငံရေးအဖွဲ့အစည်းတွေကို ဝင်ဖမ်းနေတာ မင်းမကြားဘူးလား။

ဖိုးရှုပ်။ ။ ကြားသားပဲ၊ ဒါကတော့ကွာ .. နားညည်းတယ်ဆိုပြီး တိုင်တဲ့သူက တိုင်တော့ ဖမ်းတဲ့သူကလည်း ဖမ်းမှာပေါ့။

ကြွက်စုတ်။ ။ ငါတို့လည်း တခါတလေ မူးပြီးသောင်းကျန်းတာလေး၊ ဆူမိတာလေး ရှိတယ်လေကွာ။ အဲဒီလို လုပ်မိလို့ တိုင်ရင် ငါတို့လည်း ဖမ်းခံရမှာပေါ့။

ဖိုးရှုပ်။ ။ အဲဒီတော့ မင်းက ဘာလုပ်ချင်လို့လဲ။

ကြွက်စုတ်။ ။ ရန်ကုန်ပြန်ရင် ကောင်းမလားလို့။

ဖိုးရှုပ်။ ။ ဘာ .. ရန်ကုန်ပြန်ပြီး ဘာလုပ်မှာလဲ။

ကြွက်စုတ်။ ။ နိုင်ငံရေး ပါတီလေးဘာလေးထောင်မယ်လေကွာ။ ခု ပါတီတွေ ထောင်နေကြပြီ .. မကြားဘူးလား။

ဖိုးရှုပ်။ ။ အရူးက ထပြန်ပြီကွာ .. ပါတီမထောင်ခင် .. မင်းကိုဖမ်းရင် ဘယ်လိုလုပ်မလဲ။

ကြွက်စုတ်။ ။ မဖမ်းပါဘူးကွ၊ ဟိုရောက်တော့လည်း စကားရောဖောရောနဲ့ ဒီဘက်က လူတွေ အကြောင်း နည်းနည်းပါးပါး သားပုတ်လေလွင့် လျှောက်ပြောမှာပေါ့။ ဒီကလူတွေကို စိတ်ကုန်လို့ပါ ဆိုပြီး ရောမှာပေါ့၊ အရေးကြီးတာ ပါတီထောင်ခွင့်ရဖို့ပဲကွ။

“အင်း ဒီနိုင်ငံရေးရူးနဲ့တော့ ပြောလို့လည်းရမှာမဟုတ်ဘူး” ဟု ဖိုးရှုပ်စိတ်ထဲက တွေးလိုက်သည်။

ဖိုးရှုပ်။ ။ ပါတီထောင်မှာတော့ ဟုတ်ပါပြီ။ မင်းရဲ့ ပါတီမှာ ဘယ်သူတွေပါမှာလဲ။

ကြွက်စုတ်။ ။ လောလောဆယ်တော့ ၃ ယောက်ရှိနေပြီ။

ဖိုးရှုပ်။ ။ ဘယ်သူတွေလဲကွ။

ကြွက်စုတ်။ ။ ငါရယ်၊ မင်းရယ်၊ ဦးရုက္ခစိုးရယ် ..။ တကယ်လို့ စည်းရုံးတာ အဆင်ပြေရင် ရန်ကုန်က ကွမ်းယာရောင်းတဲ့ တာတေ့ကိုပါထည့်မယ်။

ဖိုးရှုပ်။ ။ မင်းဟာကလည်းကွာ၊ ငါနဲ့ ဦးရုက္ခစိုးက ပါမယ်ပြောလို့လား။

ကြွက်စုတ်။ ။ ဒီလိုပဲ လျာထားရတာပေါ့။ ခဏပါကွာ .. ငါအာဏာရရင် မင်းကို ပြန်ကြားရေးဝန်ကြီး ခန့်ပါ့မယ်။

ဖိုးရှုပ်။ ။ (စိတ်ထဲမှ - ဒီအရူးနဲ့တော့ ငါလိုက်မထိမ်းရင် ပေါက်ကရတွေ ဖြစ်ကုန်တော့မယ်) မင်းဘာသာ လုပ်ချင်တာသာ လုပ်တော့ ကြွက်စုတ်ရေ .. ဒါနဲ့ မင်းက ဘယ်တော့ပြန်မှာလဲ။

ကြွက်စုတ်။ ။ အခုပဲလေ .. အခုပြန်မှဖြစ်မှာပေါ့၊ ဘယ်သူမှမသိအောင် ခုလို ရုတ်တရက် ထပြန်လိုက် မယ်။ ကဲလာ သွားမယ်။

ပြောပြောဆိုဆို ပစ္စည်းများကို ကောက်သိမ်းကာ ဖိုးရှုပ်လက်ကို အတင်းဆွဲခေါ်သွားသဖြင့် ဖိုးရှုပ် ကန့်လန့် .. ကန့်လန့်နှင့် မရုန်းနိုင်ဘဲ လိုက်ပါသွားရလေတော့သည်။ စာမျက်နှာအခက်အခဲကြောင့် ထို ၂ ဦး၏ ပြည်တော်ပြန် ခရီးစဉ်ကို အပြည့်အစုံ မဖော်ပြနိုင်ခြင်းအား သည်းခံပါလေ ..။ သူတို့ ၂ ဦး ပြည်တော်ပြန် ခရီးစဉ်မှာ အခက်အခဲမရှိ လွယ်ကူချောမော လှသည်တော့မဟုတ်။ သူတို့ထက် အိုင်ဒီယာဦးကာ ပြန်နှင့်၍ ထောက်လှမ်းရေးကို လက်တို့မည့်သူများ မမြင်အောင် ပုန်းလျှိုး ကွယ်လျှိုး ပြန်ရသောကြောင့် .. သူများ ခြံစည်းရိုး ခွေးတိုးပေါက်များမှ တိုး၍ တသွယ်၊ အိမ်နောက်ဖေး လမ်းကြား၊ ရေအိမ်များကြားမှ ဖြတ်လျှောက်၍ တနည်း လျှို့ဝှက်သည်းဖိုဆန်ဆန် ရန်ကုန်ရောက်လာကြခြင်း ဖြစ်သည်။

ကြွက်စုတ်။ ။ ကဲဖိုးရှုပ်၊ သတင်းစာရှင်းလင်းပွဲ အရင်လုပ်ရအောင်၊ မင်းက သတင်းထောက်ဆိုတော့ ရန်ကုန်က သတင်းသမားတွေကို ခေါ်ကွာ ..။

ပါတီထောင်ဖို့အတွက် တက်ကြွနေသည့် ကြွက်စုတ်ကို ဂရုမစိုက်အားဘဲ ဖိုးရှုပ် တနေရာသို့ စူးစိုက် ကြည့်နေသည်။

ဖိုးရှုပ်။ ။ ဟာ .. ဟေ့ ကြွက်စုတ်၊ ဟိုမှာ .. ဟိုမှာ .. ဦးရုက္ခစိုးကြီး မဟုတ်လား။

ကြွက်စုတ်။ ။ ဟုတ်ပါ့ကွာ .. သူ့နောက်မှာ ကွမ်းယာရောင်းတဲ့ တာတေပါလား။

ကြွက်စုတ်က ဦးရုက္ခစိုးကြီးကို အော်ခေါ်လိုက်ရာ ဦးရုက္ခစိုး သူတို့နားသို့ စွေ့ခနဲ ရောက်လာသည်။

ရုက္ခစိုး။ ။ မင်းတို့လည်း ရန်ကုန်ရောက်နေကြပါလား။ ဘာလာလုပ်ကြတာလဲကွ။

ကြွက်စုတ်။ ။ နေပါဦး .. ဦးရုက္ခစိုးအရင်ပြောပါ။ ဦးရုက္ခစိုးက ဘာလာလုပ်တာလဲ။

ရုက္ခစိုး။ ။ ငါလား .. ပါတီ လာထောင်တာလေကွာ .. ။ ဟောဒီ တာတေ့ကိုတောင် စည်းရုံးရေးမှူး ခန့်လိုက်ပြီ။

ကြွက်စုတ်။ ။ ဟာ .. ကျနော်တို့လည်း ပါတီလာထောင်တာပဲလေ ..။ ဦးရုက္ခစိုးကို ကျနော့်ပါတီထဲ ပါခိုင်းမလို့ .. ပြီးတော့ တာတေ့ကိုပါ စည်းရုံးမလို့ ..။

ရုက္ခစိုး။ ။ မင်း နောက်ကျသွားပြီ ကြွက်စုတ်ရဲ့ .. ငါတို့က နှစ်ယောက်နဲ့ တပါတီ ထောင်လိုက်ပြီ။ ပြောလိုက်လေ တာတေ။

ဦးရုက္ခစိုးက ကွမ်းယာသည် တာတေ့ကို တံတောင်နှင့် တွတ်လိုက်ရာ တာတေက ရင်ဘတ်ကိုကော့၍ လည်ချောင်း ရှင်းလိုက်သည်။

တာတေ။ ။ ဒီလို ရှိတယ်နော အားကို့။ ချွန်ဒေါ်တို့ ပါတီကို ထောက်ခံရင် ကွမ်းယာ တသောင်းဖိုးတိတိ အလကားဝေမယ်၊ နောက်ပြီး ချွန်ဒေါ်တို့က ဒီမိုကလေးစီး ရဖို့ အပြင်းအထန်ကြိုးစားမယ်။ ဒီမိုကလေးစီးနော် .. ချွန်ဒေါ်တို့ ချက်ချင်းမရနိုင်ဘူးနော်၊ ကိစ္စမရှိဘူး အားကို့ ..။ နောက် တဖြည်းဖြည်းရမယ်၊ စိတ်ရှည်ပါ။ ချွန်ဒေါ်တို့ ပါတီသာ အနိုင်ရကြည့် တိုင်းပြည်ချမ်းသာဝပြောဖို့ အပြင်းအထန် လုပ်ပေးမယ်။ ဒီစစ်အစိုးရနဲ့ ဒီမိုကလေးစီး ချက်ချင်းပေးပါ ဘယ်လိုလုပ်ရမလဲ အားကို့ ..။ မလွယ်ဘူးလေ .. အဲဒီတော့ ချွန်ဒေါ်တို့က ရသလောက်လေး ယူထားမယ် .. ပြီးမှ ကိုယ်လိုချင်တာကို တဖြည်းဖြည်း ချဲ့ယူရမယ်။ ဟုတ်တယ်နော် အဘ။

တာတေက ကြွက်စုတ်တို့ဘက်ကြည့်ကာ ပြောရင်း ဦးရုက္ခစိုးဘက်သို့ လှည့်ကာ ထောက်ခံချက် တောင်းလိုက် သေးသည်။

ဖိုးရှုပ်။ ။ ခင်ဗျားတို့က ပါတီတွေ စွတ်ထောင်နေကြ .. ၊ ဦးဝင်းတင်ကတော့ ရွေးကောက်ပွဲ မဝင်ရေးဘဲ နော်၊ အဓိကကျတဲ့ အတိုက်အခံ ပါတီတခုလုံးကို လျစ်လျူရှုကြမလို့လား။

ရုက္ခစိုး။ ။ ဟာ .. ဦးဝင်းတင်ကသာ မဝင်ရေး လုပ်နေတာ၊ သူ့ပါတီထဲမှာတောင် တချို့က ဝင်ဖို့ ပြင်နေကြပြီ မဟုတ်ဘူးလား။ တချို့ဆို ဟိုဘက်က ဆိုင်းသံဗုံသံ ပေးတာနဲ့ ခါးတောင်းကျိုက်ပြီး လိုက်ကြမယ် ဖြစ်နေတာ။ တော်ကြာ ဝင်ရမလို မဝင်ရမလိုနဲ့ ဘာလုပ်ရမှန်းမသိဘဲ ကျန်ခဲ့မှာစိုးလို့ စိတ်ချရအောင် .. အဲ အဲ ခေတ်မီအောင်လည်း ပါတာပေါ့ကွာ .. အဲဒါ ပါတီတခု ထောင်ထားမလို့ .. မင်းတို့ကော ဝင်မလား၊ ဘာပဲဖြစ်ဖြစ် နောင်ခါလာ နောင်ခါဈေးပေါ့ကွာ။

ကြွက်စုတ်။ ။ ဟာ ကျနော်လည်း တပါတီထောင်မယ်ဗျာ .. ။ ဖိုးရှုပ်ဆိုတဲ့ကောင် မပါလည်း တယောက်တည်း တပါတီပဲ။

ဖိုးရှုပ်။ ။ ငါကတော့ ရွေးကောက်ပွဲ မဝင်ရေးဘဲဟေ့။

တာတေ။ ။ ဟာ ခင်ဗျားတို့ဟာကလည်း လူသုံးယောက်မှာနော် … ၂ ယောက်က တယောက်ကို တပါတီနှုန်းနဲ့ ၂ ပါတီ၊ ကျန်တဲ့ တယောက်က ရွေးကောက်ပွဲ မဝင်ရေး ဘယ်လိုတုန်းဗျ။ တကယ်ဆို ခင်ဗျားတို့ ၃ ယောက်က အစက တဖွဲ့တည်း မဟုတ်လား။

ရုက္ခစိုး။ ။ ဟုတ်တယ်လေ … တဖွဲ့တည်းပဲ … ။ ဒါပေမယ့် ပါတီလည်း များချင်တယ် .. ဒီကြားထဲ ရွေးကောက်ပွဲ လုံးဝမဝင်တဲ့သူလည်း ပါချင်တယ်ဆိုတော့ သုံးယောက်က တခုစီအတွက် ပရောက်စီ (Proxy) လုပ်လိုက်တာ။ မင်းလည်း ပရောက်စီလုပ်လေ တာတေ .. သုံးကိုယ်ခွဲလိုက် ပြီးရင် သုံးယောက်စလုံးနဲ့ ပူးပေါင်းလိုက်။

တာတေ။ ။ ဟာ အဘ၊ ဒါဆို ဒီးလိုလုပ်မယ် .. ချွန်ဒေါ်ရယ်၊ ချွန်ဒေါ့်မွိန်းမွရယ် ချွန်ဒေါ့်ယောက္ဖရယ် .. သုံးယောက်က အဘတို့ တယောက်စီအတွက် ပရောက်စီလုပ်မယ်။ ဒီးလောက်တော့ ကျွမ်းပါတယ် အဘရယ် .. ချွန်ဒေါ့်ကွမ်းယာဆိုင်တောင် ပရောက်စီလုပ်ထားတာ ဆိုင်ခွဲအများကြီးပဲရှိတယ်နော် …။

ဖိုးရှုပ်။ ။ အေးလုပ်ကြ .. လုပ်ကြ၊ ခုတော့ အားလုံးပရောက်စီ၊ တိုင်းရင်းသားအပစ်ရပ် အဖွဲ့တွေလည်း ပရောက်စီတွေလုပ်ပြီး .. ရွေးကောက်ပွဲဝင်ကြ၊ ဗိုလ်ချုပ်တွေလည်း ပရောက်စီလုပ်ပြီး ရွေးကောက်ပွဲ ဝင်ကြ တော့မယ်၊ ခေတ်မီသူတိုင်း ပရောက်စီလုပ်သည်လို့ ပြောရမလိုတောင် ဖြစ်နေပြီ။

ထိုစဉ် သူတို့နားသို့ လူတဦးချဉ်းကပ်လာသည်။ ထိုသူက ပုဆိုးဘိုသီဖတ်သီနှင့်၊ ခေါင်းစုတ်ဖွားနှင့် မျက်နှာက လည်း ကတ္တရာပုံးကို မိုးကြိုးပစ်ချထားသလို (မှောင်မည်း ရှုံ့တွနေတာကို သရုပ်ဖော်ခြင်းဖြစ်သည်)

ရုက္ခစိုး။ ။ ဟင် … ချိုကုပ်ဒူးကြီးပါလား၊ ဘာဖြစ်လာတာလဲ။ ယူနီဖောင်းနဲ့လည်း မဟုတ်ဘူး။ ဘာလဲ ပရောက်စီချိုကုပ်ဒူးကြီးလား။

ချိုကုပ်။ ။ မဟုတ်ရပါဘူးဗျာ … ဒီမှာ စိတ်ညစ်နေတာ။

ဖိုးရှုပ်။ ။ ဘာတွေ စိတ်ညစ်နေတာလဲဗျ။ ချိုကုပ်ဒူးကြီးက အားလုံး လုပ်ချင်တာ လုပ်နိုင်နေတာပဲဟာ။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ကန်စောင်းက အိမ်ထဲပြန်ထည့်ထားနိုင်တယ်၊ နိုင်ငံတကာကိုလည်း ခဏလောက်ပဲ ဖြစ်ဖြစ် ငြိမ်နေအောင် ထိန်းထားနိုင်တယ်။

ချိုကုပ်။ ။ မဟုတ်ဘူးနော်၊ စိတ်အရမ်းညစ်နေတယ်။

ပြောရင်းချိုကုပ်ဒူးကြီး ခေါင်းကို တဗျင်းဗျင်းကုတ်နေသည်။

ကြွက်စုတ်။ ။ ဟုတ်တယ်လေဗျာ။ ၂၀၁၀ ရွေးကောက်ပွဲကိုလည်း ခင်ဗျား စိတ်တိုင်းကျ လုပ်နိုင် တော့မယ် မဟုတ်လား။ ခုဆို တိုင်းရင်းသားတွေကလည်း ပါတီတွေထောင်ဖို့၊ ရွေးကောက်ပွဲ ဝင်ဖို့ ပြင်နေကြပြီ၊ အတိုက်အခံပါတီကြီးတောင် ဝင်မယ့်သူ မဝင်မယ့်သူ ကွဲမလိုလို ဘာလိုလို ဖြစ်နေပြီ။ ဒါ ခင်ဗျား စွမ်းလို့ပေါ့ဗျ။

ချိုကုပ်။ ။ မဟုတ်ဘူး .. ခင်ဗျားတို့ အားလုံး မှားနေကြပြီ။ ခု ကျုပ်ဝဋ်လည်တော့မှာဗျ။ သိလား။

တာတေ။ ။ အား ဟုတ်တယ် … ဝဋ်ဆိုတာနော် လည်တတ်တယ်။ ချွန်ဒေါ် ကောင်းကောင်း နားလည်တယ် ပြောပါ။

ရုက္ခစိုး။ ။ အာ … ဒီကွမ်းယာသည်က တမှောင့် .. ဆိုစမ်းပါဦး။ ဘာတွေများ ဝဋ်လည်မှာ မို့လို့လဲ။

ချိုကုပ်။ ။ ကျုပ်မြေးဖိုးလောက်လန်းလေ။ အဲဒီကောင် လျှောက်သောင်းကျန်းပြီး လုပ်ချင်ရာ လုပ်နေတာ မနိုင်တော့ဘူး။ ဟိုးအရင် ဦးနေဝင်းမြေးတွေကို နှိပ်ကွပ်သလို ပြန် အလုပ်ခံရတော့မယ့်ကိန်း ဆိုက်နေပြီဗျ။

ကြွက်စုတ်။ ။ အာ .. မတူနိုင်ပါဘူး ချိုကုပ်ဒူးကြီးကလည်း။ ခင်ဗျားက ပိုစွမ်းပါတယ်ဗျာ။ ခင်ဗျား လုပ်ချင်တဲ့ ရွေးကောက်ပွဲသာ လုပ်လိုက် … အားလုံးပြီးသွားမှာပဲဟာ။

ချိုကုပ်။ ။ ဟာ … စိတ်ညစ်နေပါတယ် ဆိုမှဗျာ။ နေပါဦး … ခင်ဗျားတို့က ဘာလို့ တနေရာတည်းမှာ လာစု နေကြတာလဲ။ ဘာလုပ်နေတာလဲ။

ရုက္ခစိုး။ ။ ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်မယ်လေ။

ချိုကုပ်။ ။ ဘာ …

ကြွက်စုတ်။ ။ ဟုတ်တယ်လေ … ။ အားလုံးပြင်ဆင်နေကြပြီ၊ စီစဉ်နေကြပြီ။ အာဏာရရင် ဘာလုပ်ကြမယ်ဆိုတာတောင် စဉ်းစားပြီးပြီ။ လူတွေကို ချပြ … ပြ …

“ဟားဟားဟား ဟားဟားဟားဟားဟား” … ကြွက်စုတ်စကားအဆုံးတွင် ချိုကုပ်ဒူးကြီးက အူလှိုက် သည်းလှိုက် အော်ရယ်လိုက်သည်။

ချိုကုပ်။ ။ အူတက်လို့ သေတော့မယ်။ အရူးတွေ၊ အရူးတွေ၊ ခင်ဗျားတို့ အားလုံး အရူးတွေချည်းပဲ။ ဒီမှာ … အားလုံးနားထောင်။ ရွေးကောက်ပွဲလုပ်မယ်လို့ ခင်ဗျားတို့ကို ဘယ်သူပြောလဲ။ တကယ်တော့ အစီအစဉ် လုံးဝ …. လုံးဝ … မရှိဘူးဗျ။ အရူးတွေ၊ အရူးတွေ၊ နိုင်ငံရေးရူးတွေ … ဟားဟားဟား ဟားဟားဟားဟားဟား … တူနယ်တယ့်နယ်ဗျောင် … တယ်နယ် တူ့နယ် ဗျောင် … ။

ပြောချင်ရာပြော၍ ပါးစပ်ဆိုင်းတီးကာ ကွေးနေအောင်ကပြီး ထွက်သွားသော ချိုကုပ်ဒူးကြီးကို ကြည့်ကာ … ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေသူများ ပါးစပ်အဟောင်းသားဖြင့် ကျန်ခဲ့ကြလေတော့သည်။

မှတ်ချက်။ ။ တကယ်တော့ အဆိုပါ ချိုကုပ်ဒူးကြီးမှာ ပရောက်စီ ချိုကုပ်ဒူးကြီးသာ ဖြစ်သည်။ သူက ၂၀၁၀ ရွေးကောက်ပွဲ အပြီးတွင် တိုက်ပုံနှင့် ပုဆိုးဝတ်၍ တိုင်းပြည်ကို ဆက်လက် အုပ်ချုပ်သွားမည် ဖြစ်သည်။ ယူနီဖောင်းဝတ် ချိုကုပ်ဒူးကြီးမှာကား နေပြည်တော် လိုဏ်ခေါင်းအတွင်း အိပ်ငိုက်နေသဖြင့် ထိုအဖြစ်အပျက် များကို ဘာမှမသိ လိုက်ရပေ။ ။

ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များအပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။ အားပေး ဝေဖန်ကြသော ပရိသတ်ကို လေးစားလျက် … ။

မြန်မာ့သတင်း ကမ္ဘာ့သတင်း

ဗုဒ္ဓတရားတော်နဲ့ နိုင်ငံရေး

ဗုဒ္ဓတရားတော်နဲ့ နိုင်ငံရေး ဘာသာရေးက လူ့အဖွဲ့အစည်းရဲ့ ပြဿနာတွေကို ချဉ်းကပ်ရာမှာ လူ့အဖွဲ့အစည်းရဲ့ကိစ္စတွေကို ဆောင် ကြဉ်းနေတဲ့ လူတဦးချင်းကို ပြုပြင်ပြောင်းလဲဖို့အတွက် လိုအပ်တဲ့ယေဘုယျမူတွေကို အကြံပြုပြီး ဒီမူတွေအရ လူသားတရပ်လုံးရဲ့
ဦးပဉ္ဇင်းကျော်ဟိန်း ပဲခူးတွင် တရားမဟောရ

ဦးပဉ္ဇင်းကျော်ဟိန်း ပဲခူးတွင် တရားမဟောရ

နာမည်ကျော် ရုပ်ရှင်အနုပညာရှင် ဦးကျော်ဟိန်းသည် ဦးကိတ္တိသာရ ဘွဲ့အမည်ဖြင့် သာသနာ့ဘောင်သို့ ဝင်ရောက်ပြီးနောက် တရားဟောပြောမှုများ ပြုလုပ်နေရာ မကြာသေးခင်က ပိတ်ပင်

ကာတွန်း ဟန်လေး၏ ဒုတိယအကြိမ် ပန်းချီပြပွဲ ချင်းမိုင်တွင် ပြုလုပ်မည်

အဝေးရောက် မြန်မာများ အိမ်အလွမ်းပြေ စေရန် ရည်ရွယ်၍ The Three Nations အမည်ရ ပန်းချီပြပွဲတွင် မြန်မာနောက်ခံ ရှုခင်းပန်းချီကားများကို အဓိက ပြသသွားရန် စီစဉ်နေကြောင်း
U.N. High Commissioner for Human Rights, South African Navanethem Pillay, September 14, 2009.AP

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး နာဗီ ပီလေးက ခွဲခြားဆက်ဆံမှုဆိုတဲ့ ဉာဉ်ဆိုးကြီးကြောင့် ကမ္ဘာတ၀န်းမှာ လူသန်းပေါင်းများစွာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ခံနေရတယ်လို့ ပြောကြားလိုက်ပါတယ်။


နမ္မတီး သကြားစက်ကို KIO ၀ယ်ယူ

ကချင်ပြည်နယ်၊ နမ္မတီးမြို့နယ်ရှိ နမ္မတီး သကြားစက်ကို အပစ်ရပ် အဖွဲ့အစည်း တခု ဖြစ်သည့် ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO)က ကျပ်ငွေ သိန်း သုံးထောင်ဖြင့် အင်္ဂါနေ့တွင် ဝယ်ယူ

စစ်တပ်က နိုင်ငံရေးပါတီ ဖွဲ့တော့မည်

နေပြည်တော်ရှိ စစ်အစိုးရ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်၌ လက်ရှိ တက်ရောက်နေသော စစ်အရာရှိကြီး ၈၆ ဦးကို ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ရန် ရွေးချယ်

၂၀၁၀ ရွေးကောက်ပွဲနဲ့ နအဖ အကျပ်အတည်းများ

ဒေါက်တာလွဏ်းဆွေ / ၁၆ စက်တင်ဘာ ၂၀၀၉
အကျပ်အတည်းမျိုးစုံဆိုက်နေတဲ့ စစ်အုပ်စုက ဖင်လှည့်ခေါင်းလှည့်နဲ့ ရောက်လာတော့မယ့် ၂၀၁၀ မှာ အားလုံးပါဝင်ပြီး လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲကြီး ကို ကျင်းပပေးမယ်လို့ နိုင်ငံတကာလူကြီးမင်းများကို အာမဘန္တေခံထားလေသတဲ့။ “နားရှိလို့သာကြား ဟုတ်ပါ့မလား မောင်ကာဠုရယ်” လို့ပဲ နအဖဖော်လံဖား.....အပြည့်အစုံသို့

ရန်ကုန်တိုင်းရဲမှူး အပြောင်းအလဲ ဆက်ကြေးပုံစံပါ ပြောင်းလဲ
NEJ / ၁၆ စက်တင်ဘာ ၂၀၀၉
“ကျနော်တို့က ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးကို တလ ပုံမှန် (၆) သိန်းလောက် ပေးရတယ်။ အခု ရဲမှူးကြီးအသစ်ပြောင်းတော့ ဈေးနှုန်းလည်း ပြောင်းမယ် ပြောတယ်။ နောက် အနှိပ်ခန်းနဲ့ ပြည့်တန်ဆာကိစ္စ ရောလုပ်တဲ့လုပ်ငန်းတွေကိုတော့ လောလောဆယ် ပြည့်တန်ဆာကိစ္စတွေ နားထားဖို့ ညွှန်ကြားထားတယ်။ ကျနော်တို့ကတော့ ရိုးရိုးအနှိပ်ခန်းပဲဆိုတော့.....”အပြည့်အစုံသို့
ကျောင်းကြိုပို့ယာဉ်များ နေရာကန့်သတ်ချထားမှု ကျောင်းသားများ ယာဉ်အန္တရာယ် စိုးရိမ်ရ
အောင်ထက် / ၁၆ စက်တင်ဘာ၂၀၀၉ “ကျောင်းသားတွေရဲ့ အနာဂတ်က အရေးမကြီးပါ၊ ယာဉ်ကြောပိတ်ဆို့မှုမဖြစ်ရေးသာ အရေးကြီးသည်” ဟူသော ဒု-ရဲမှူး ၀င်းရွှေ၏ ပြောကြားချက်ကို ....အပြည့်အစုံသို့
ဆင်ပေါင်ဝဲမြို့နယ်မှ ကလေးတဦး စစ်သားအဖြစ် စုဆောင်းခံရ
မင်းနိုင်သူ / ၁၆ စက်တင်ဘာ ၂၀၀၉ မောင်ရဲဇော်ထက်သည် အသက် (၁၅) နှစ်နှင့် နှစ်လသာ ရှိသေးပြီး ဆယ်တန်းတက်နေသော ကျောင်းသားတဦးဖြစ် ကာ ၎င်းနေထိုင်ရာရွာမှ ပြည်မြို့ရှိ ......အပြည့်အစုံသို့
ပတ္တနိက္ကုဇ္ဇနကံဆောင်ပွဲ အထမြောက်စေရမည်ဟု သံဃာ့အဖွဲ့ချုပ်မှ မိန့်ကြား
မင်းနိုင်သူ / ၁၆ စက်တင်ဘာ၂၀၀၉ “စစ်အစိုးရရဲ့ ထင်ရာလုပ်နေတဲ့ လုပ်ရပ်တွေကို ဦးဇင်းတို့ သံဃာအဖွဲ့ချုပ် (မြန်မာနိုင်ငံ) က ပြင်းထန်စွာကန့်ကွက်ပြီး၊ သံဃာတော်တွေကို ဆက်လက်စော်ကားပြီး...”အပြည့်အစုံသို့
စိတ်ကြွဆေးပြားများနှင့်မြန်မာနိုင်သားတဦး မဲဆောက်မြို့တွင် ဖမ်းမိ
ရဲရင့် / ၁၆ စက်တင်ဘာ ၂၀၀၉ “ဒီကိစ္စဟာ မြန်မာပြည်ကလူတွေ ဆင်းရဲမွဲတေမှုများပြီး နယ်ခြား သောင်ရင်းမြစ်ကို ...”အပြည့်အစုံသို့

စက်မှုဇုန်များ တနေ့ ၅ နာရီသာ လျှပ်စစ်မီးခွဲတမ်းရ

လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်များတွင် ဓာတ်အားပေးချိန် ထပ်မံ လျှော့ချလိုက်ရာ တရက်လျှင် ၅ နာရီသာ လျှပ်စစ်မီး ရရှိတော့...

ကုလသမဂ္ဂ ၆၄ ကြိမ်မြောက် အထွေထွေညီလာခံ၊ မြန်မာစစ်ဝန်ကြီး သိန်းစိန် နဲ့ ရွှေဝါရောင်နှစ်လည် နယူးယောက်မြန်မာတို့ ဆန္ဒပြကြမည်

မိုးမခအထောက်တော် ၀၀၂

စက်တင်ဘာ ၁၆၊ ၂၀၀၉

လာမည့် စက်တင်ဘာ ၂၃ နေ့တွင် အမေရိကန်ပြည်၊ နယူးယောက်မြို့၊ ကုလရုံးချုပ်မှာ ကုလသမဂ္ဂအထွေထွေညီလာခံ ၆၄ ကြိမ်မြောက် ကျင်းပမည် ဖြစ်ရာ မြန်မာအရေးလှုပ်ရှားသူ ရဟန်းရှင်လူတို့က ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး နှစ်လည်အဖြစ် တိုက်ဆိုင်ပြီး မြန်မာ့ဒီမိုကရေစီရေးအတွက် ဆန္ဒပြပွဲများ ကျင်းပရန် စီစဉ်ထားသည်ဟု ကြားသိရသည်။

၎င်းညီလာခံသို့ မြန်မာစစ်အုပ်စု၏ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်ကိုယ်တိုင် လာရောက်ပြီး မြန်မာအရေးကိစ္စများကို ရှင်းလင်းတင်ပြမည်ဟု သတင်းကြားသိရသဖြင့် စစ်အာဏာရှင်ဆန့်ကျင်သူ မြန်မာဒီမိုကရေစီရေးလှုပ်ရှားသူများက ၎င်းစစ်ဝန်ကြီးခရီးစဉ်နှင့် အစီအစဉ်များကိုပါ အထူးတိုးမြှင့်ပြီး ကန့်ကွက်ဆန္ဒပြကြရန် ပြင်ဆင်လျက် ရှိသည်ဟု ဆိုသည်။
အျပည့္အစုံသိုႛ ...


more


more

ဒီမိုကရေစီအင်အားစုများ၊ ပြည်ပသတင်းဌာနများ၊ ပြည်တွင်းပြည်ပမြေအောက် လှုပ်ရှားမှုကွန်ရက်များသို့ အသိပေးနှိုးဆော်ချက်

(8888 People Power မေးလ်မှ ရယူဖော်ပြသည်)

အောင်သူငြိမ်းရေးတဲ့ လမ်းသစ် (တုံ့ပြန်ချေပချက်ဆောင်းပါး)

(နာမည်ကြီး ဘလော့ကာ ကိုလွဏ်းဆွေရဲ့ ဘလော့မှာ တင်ထားတာဖြစ်လို့ ဘန်းထားတယ်ဆိုရင် ပြည်တွင်းက လူတွေဖတ်လိုရအောင် အခြားနည်းနဲ့ တင်ထားပေးပါတယ်။ Saffron News Letter သို့ အကြံပြုလိုတာပဲ ဖြစ်ဖြစ် ၊ မိမိတို့ အတွေးအမြင်တွေ ရေးပေးချင်ရင်ပဲ ဖြစ်ဖြစ် saffrontoward@gmail.com သို့ ပေးပို့နိုင်ပါတယ်။
ပုဂ္ဂိလ်ရေး တိုက်ခိုက်စော်ကား နေတာမျိုး မဟုတ်ရင် ဘလော့မှာ ထည့်သွင်းဖေါ်ပြသွားပါမယ်။)

မြန်မာနိုင်ငံအသွင်ကူးပြောင်းရေး ချက်မှာဆွေးနွေး

၂၀၁၀ေ႟ရွးကောက်ပွဲ သဘောထားများ

လေဆင်နှာမောင်းဖြတ်သွား၍ ဘိုကလေးလူထု ထိတ်လန်ႛ