9.01.2008

ဒေါ်အောင်ဆန်းစုကြည်သေဆုံးသည်ဟုယနေ့နံနက်ပိုင်းကသတင်းများထွက်ပေါ်ခဲ့

Myanmar's Suu Kyi 'well'

YANGON - MYANMAR opposition leader Aung San Suu Kyi is well but has lost some weight, her lawyer said on Monday, following reports that she had refused new food supplies since Aug 15.

Mr Kyi Win, who met Ms Suu Kyi at her Yangon home where she has been under house arrest for five years, said she had not indicated whether or not she was on a hunger strike.

'I am well, but I have lost some weight. I am a little tired and I need to rest,' Mr Kyi Win quoted the 63-year-old Nobel Peace laureate as saying during their 30 minute meeting.

ဒေါ်အောင်ဆန်းစုကြည်သေဆုံးသည်ဟုယနေ့နံနက်ပိုင်းကသတင်းများထွက်ပေါ်ခဲ့သော်လည်း
သူမနှင့်ယနေ့နံနက်ပိုင်းကတွေ့ဆုံခွင်ရခဲ့သူရှေ့နေဦးကြည်ဝင်းကဒေါ်အောင်ဆန်းစုကြည်ဟာ
အရင်ကထက်စာရင်ပိန်သွား ပေမယ့် ကျန်းမာရေးကောင်းမွန်တယ်လို့ပြောပါတယ်။ဒါပေမယ့်
ဒေါ်အောင်ဆန်းစုကြည် အစာငတ်ခံ ဆန္ဒပြတယ်၊ မပြဘူး ဆိုတာကိုတော့ သူ့အနေနဲ့
သဘောထားတစုံတရာ မပြောခဲ့ပါဘူးလို့ဆိုပါတယ်။
ရှေ့နေကြီး ဦးကြည်ဝင်းဟာ ဒီနေ့ ဒေါ်အောင်ဆန်းကြည်ရဲ့နေအိမ်မှာ ဒေါ်အောင်ဆန်း
စုကြည်နဲ့မိနစ် ၃၀ လောက်တွေ့ခွင့်ရခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်
ချုပ် သက်တမ်းတိုးတာနဲ့ ပတ်သက်ပြီး အယူခံဝင်ရေး ပြင်ဆင်ထားတာတွေကိုရှေ့နေကြီး
ဦးကြည်ဝင်းဘက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပုံမှန်လက်ခံနေကျ အစားအသောက်တွေကို
လက်မခံတော့တာ ရက်အတော်ကြာသွားပြီ ဖြစ်တဲ့အတွက်လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့
ကျန်းမာရေးအတွက် ဒီမိုကရေစီ အင်အားစုတွေက စိုးရိမ်နေကြပါတယ်။
ဦးကြည်ဝင်းကတော့ ဒေါ်အောင်ဆန်းစုကြည်ဘက်က နေထိုင်ကောင်းတဲ့အကြောင်း
ပြောဆိုခဲ့ပေမယ့် နည်းနည်းပင်ပန်းနေတဲ့အတွက် အနားယူချင်တယ်လို့လည်း
ပြောဆိုခဲ့တဲ့အကြောင်း သတင်းထောက်တွေကို ပြန်ပြောပြပါတယ်။
အန်န်အယ်လ်ဒီ ပြန်ကြားရေးအဖွဲ့ဝင်ဒေါက်တာဝင်းနိုင်ကတော့ ဒီနေ့ ရှေ့နေကြီး
ဦးကြည်ဝင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ဆုံခဲ့တာနဲ့ ပတ်သက်ပြီး အခုလိုပြောပြပါတယ်။
"ဒီနေ့တွေ့တဲ့အခြေအနေကတော့ ကျနော်တို့သိသလောက် မနက်ပိုင်း
ရှေ့နေကြီးဦးကြည်ဝင်း ဒေါ်အောင်ဆန်းစုကြည်ခြံထဲ ၀င်တယ်လို့ သိရပါတယ်။ သူ ၁၀
နာရီခွဲလောက်မှာ ပြန်ထွက်လာတယ်။ သွားတဲ့ကိစ္စကတော့ သူ့အမှုကိစ္စအတွက်
အယူခံတင်ဖို့ကိစ္စလို့ ကျနော်တို့ သိထားရတယ်။ ဒေါ်စုရဲ့ ကျန်းမာရေးအခြေအနေက အခုလို
ကျနော်တို့လည်း ကြားထားရတာ ဒေါ်အောင်ဆန်းစုကြည် အစာငတ်ခံ ဆန္ဒပြနေတယ်
ဆိုတော့အခု ကြားထားတဲ့သတင်းအရ ရှေ့နေကြီး ဦးကြည်ဝင်း တွေ့တဲ့အခါမှာအတော်
ကြီးကိုပိန်သွားတယ်ဆိုတော့ လူအနေနဲ့ ကျန်းမာပေမယ့်လို့ ဦးကြည်ဝင်းရှေ့မှာ
စကားပြောနိုင်ပေမယ့်၊ ကျန်းမာတယ်ဆိုတဲ့ပုံစံ ရှိတယ်ဆိုပေမယ့် သူ့အနေအထားက
နဂိုထက်စာရင် ပိန်သွားတယ်ဆိုတော့ ကျန်းမာရေး အနည်းနဲ့အများ ချို့ယွင်းနေတယ်
ဆိုတဲ့ လက္ခဏာ ပြနေတယ်။
"အဲတော့ သူ အစားအသောက်စားတယ်၊ မစားဘူး၊ စားရတယ်၊ မစားရဘူးဆိုတာလည်း
ကျနော်တို့ မသိရဘူး။ ခြံထဲကို အခုထက်ထိတော့ ရိက္ခာတွေသွင်းဖို့ တားထားတယ်လို့
ကျနော်တို့ ကြားရတယ်။ တားတယ်ဆိုတာ ကျနော်တို့သိရတဲ့သတင်းပေါ့။
ကျနော်တို့အနေနဲ့ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကို အထူးပဲစိုးရိမ်တယ်။"
လို့ဒေါက်တာဝင်းနိုင် ကပြောပြသွားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဘက်က အစားအသောက်တွေကို လက်မခံတာကဒေါ်အောင်ဆန်း
စုကြည်အပေါ် စစ်အစိုးရရဲ့ ကန့်သတ်ပိတ်ပင်မှုတွေ၊ သူ့ကိုစောင့်ရှောက်နေသူတွေအပေါ်
လူမှုရေးအရ ကန့်သတ်မှုတွေနဲ့ တားမြစ်မှုတွေ၊ ဒီလိုအခွင့်အရေး ဆုံးရှုံးနေတဲ့ အခြေအနေတွေ
ကို ဆန့်ကျင်ပြီး အခုလို လက်မခံတော့တာလို့ အန်န်အယ်လ်ဒီ သတင်းရပ်ကွက်က
ပြောပါတယ်။ ဒါပေမယ့် အခုအချိန်အထိဒေါ်အောင်ဆန်းစုကြည်ရဲ့ အခွင့်အရေးတွေ
ရမရဆိုတာကိုလည်း အတိအကျတော့မသိရသေးပါဘူး။
"နောက်တချက်က သူပြောထားတဲ့ သူ့ရဲ့ လူမှုရေးနဲ့ပတ်သက်တဲ့ တောင်းဆိုချက်တွေက
လည်း ရတယ်၊ မရဘူး အခုအချိန်ထိတော့ တစုံတရာ မသိရသေးပါဘူး။"လို့အန်န်အယ်လ်ဒီ
ပြန်ကြားရေးအဖွဲ့ဝင် ဒေါက်တာဝင်းနိုင် ကပြောပြသွားပါတယ်။
အခုအချိန်ထိ ဒေါ်အောင်ဆန်းစုကြည် အစာငတ်ခံ ဆန္ဒပြနေတယ်ဆိုတာဟုတ်မဟုတ်
ဆိုတာကိုတော့ဘယ်သူမှ တိတိကျကျ မသိရသေးပါဘူး။ ဒီနေ့တွေ့ဆုံခဲ့တဲ့
ရှေ့နေကြီးဦးကြည်ဝင်းကလည်း ဒီကိစ္စနဲ့ပတ်သက်လို့ သဘောထားတစုံတရာပေးဖို့
ငြင်းဆိုတယ်လို့ သိရပါတယ်။

ထုတ်ပြန်ကြေငြာချက်

ထိုင်းဆန္ဒပြမှုသတင်းများ

ထိုင်းဆန္ဒပြလူအုပ် ဖြိုခွဲရန် မျက်ရည်ယိုဗုံး သုံးပြီ

29 August 2008

သတင်း - အစီအစဉ်ကိုရယူရန် (MP3) audio clip
သတင်း - နားဆင်ရန် (MP3) audio clip

Riot police scuffle with demonstrators outside the government house in Bangkok, 29 Aug 2008
ဘန်ကောက်မြို့ က အစိုးရ ရုံးဝန်း အပြင်ဘက်တွင် ရဲနှင့် ဆန္ဒပြသူများ လုံးထွေးသတ်ပုတ် နေကြပုံ (သြဂုတ်လ ၂၉၊ ၂၀၀၈)
ဘန်ကောက်မြို့က ရဲဌာနချုပ် အပြင်မှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြနေကြတဲ့ အင်အား ၂,၀၀၀ လောက်ရှိသူ လူအုပ်ကြီးကို ထိုင်းရဲက မျက်ရည်ယိုဗုံးတွေ သုံးပြီး လူစုခွဲခဲ့ပါတယ်။ အစောပိုင်းတုန်းက အစိုးရရုံး အပြင်မှာ ဖြစ်ခဲ့တဲ့ ရုန်းရင်းဆန်ခတ် မှုမှာ တာဝန်ရှိတဲ့ ရဲအရာရှိကို သူတို့လက်အပ်ဖို့ ဆန္ဒပြလူအုပ်ကြီး တောင်းဆိုနေ ကြတာပါ။

ထိုင်းဝန်ကြီးချုပ် စမတ် ဆွန်ထရာဝေ ရာထူးက နှုတ်ထွက်ပေးဖို့ ဆန္ဒပြ တောင်းဆိုနေသူတွေက အစိုးရ ရုံးကို ၀ိုင်းပိတ်ထားကြတာကို ထိုင်းရဲတပ်ဖွဲ့က အင်အားသုံးပြီး ရုံးထဲကို ပြန်ဝင်ခဲ့ပါတယ်။

ထိုင်းအစိုးရရုံးကို ပိတ်ပြီး ဆန္ဒပြနေကြတဲ့ လူအုပ်ကြီးကြားထဲက ထိုင်းလုံခြုံရေး တပ်ဖွဲ့က ဒီကနေ့မှာပဲ အတင်းတိုးဝင်ခဲ့ပြီး ဆန္ဒပြနေသူတွေ အနေနဲ့ အစိုးရရုံးကနေ အမြန်ထွက်သွားဖို့ တရားရုံးက ချမှတ်လိုက်တဲ့ အမိန့်ကို ထုတ်ပြန်ခဲ့ပါတယ်။

ဆန္ဒပြသူတွေက ရဲတပ်ဖွဲ့ဝင် အနည်းဆုံး ၄၀၀ လောက်ကို လည်း ဒီကနေ့ အစောပိုင်းမှာ အဲဒီ ဆန္ဒပြတဲ့ နေရာကနေ မောင်းထုတ်နိုင် ခဲ့ကြပါတယ်။ ရဲတွေဖက်ကလည်း ပြန်လည် ခုခံခြင်း မလုပ်ခဲ့ဘဲ ပြန်ထွက်သွားခဲ့ကြတဲ့ အတွက် ဆန္ဒပြသူတွေက အော်ဟစ် ကခုန်ပြီး ချီးကျူး ထောပနာပြုခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့ကစပြီး အင်အား ၁၀,၀၀၀ ကျော်ရှိတဲ့ အတိုက်အခံ ပြည်သူ့ ဒီမိုကရေစီ ညီညွတ်ရေး တပ်ဦး အဖွဲ့ဝင်တွေက အစိုးရရုံးကို ထိန်းချုပ် ထားခဲ့ကြတာပါ။

လက်ရှိဝန်ကြီးချုပ် ဆမတ် စွန်ထရာဝေဟာ ၂၀၀၆ ခုနှစ်မှာ စစ်တပ်အာဏာ သိမ်းပြီးနောက် ရာထူးက ဖြုတ်ချခံရပြီး အဂတိလိုက်စားမှုတွေ နဲ့ တရားစွဲဆို ခံထားရတဲ့ တက်ဆင် ရှင်န၀ဒ် နဲ့ အရမ်း နီးကပ်လွန်းနေတယ် လို့ ဆန္ဒပြသူတွေ ဖက်က စွပ်စွဲနေကြတာ ဖြစ်ပါတယ်။

ရာထူးမှနုတ်ထွက်ပေးမည် မဟုတ် ဟု ထိုင်းဝန်ကြီးချုပ် ဆမတ် တုံ့ပြန်

31 August 2008

မညိုညိုလွင် - အစီအစဉ်ကိုရယူရန် (MP3) audio clip
မညိုညိုလွင် - နားဆင်ရန် (MP3) audio clip

Anti-government protesters rally on the lawn of the Government House in Bangkok, Thailand, 30 Aug 2008
အစိုးရ ရုံးဝန်းရှေ့တွင် အစိုးရ ဆန့်ကျင် ဆန္ဒပြနေကြသူများ (သြဂုတ်လ ၃၀၊ ၂၀၀၈)
ရာထူးကနေ ဖယ်ရှားပေးဖို့ ဖိအားပေးမှုတွေ တိုးမြင့်လာနေပေမဲ့ သူ့အနေနဲ့က ရာထူးက နှုတ်ထွက်မှာ မဟုတ်ဘူးလို့ ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ဆမတ် စွန်ထရာဝေ က ပြောဆိုလိုက်ပါတယ်။ အစိုးရ အတိုက်အခံတွေ သူရဲ့ ရုံးချုပ်ကို စီးနင်း သိမ်းပိုက်ထားပြီး ၅ ရက်အကြာမှာ အခုလို ထုတ်ဖော်ပြောဆိုလိုက်တာပါ။ ဒီသတင်း နဲ့ပတ်သက်ပြီး ဘန်ကောက်မြို့က ရွန်ကော်ဘင် သတင်းပေးပို့ ထားတာကို မညိုညိုလွင် က တင်ပြထားပါတယ်။

က်ရှိထိုင်းအစိုးရကို ဆန့်ကျင်နေသူတွေက ၀န်ကြီးချုပ် ဆမတ် ရာထူးက ဆင်းပေးဖို့ ဆန္ဒပြ တောင်းဆိုနေတာတွေကို ငြင်းပယ်ပြီး သူအနေနဲ့ ဒီ ခြိမ်းခြောက် မှုတွေကို ရင်ဆိုင်သွားမယ်လို့ သူ့ကို အားပေးထောက်ခံသူတွေကို စနေနေ့ က ပြောဆိုလိုက်တာပါ။

စောစောပိုင်းမှာတော့ မစ္စတာ ဆမတ်ဟာ ထိုင်းနိုင်ငံ ဘုရင် ဘူမိဘော အဒူလ်ယာ ဒေ့ခ်ျ နဲ့ သွားရောက်တွေ့ဆုံပြီး ၅ ရက်တာ ကြာလာပြီဖြစ်တဲ့ အစိုးရကို ဆန့်ကျင် သူတွေရဲ့ ဆန္ဒပြမှုတွေကြောင့် လောလောဆယ်ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး မငြိမ်မသက်ဖြစ်နေမှုတွေနဲ့ ပတ်သက်ပြီး ပြောဆိုဆွေးနွေးခဲ့ပါတယ်။

သက်တမ်း ၇ လရှိပြီဖြစ်တဲ့ ၆-ပါတီ ညွှန့်ပေါင်း အစိုးရ ကိုယ်စားလှယ် တွေ ကတော့ အခုဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ဖြေရှင်းနိုင်ဖို့ ပါလီမန် အထူး အစည်းအဝေးခေါ် ဆွေးနွေးသင့်တယ်လို့ မစ္စတာ ဆမတ်ကို ထောက်ခံရင်း စနေနေ့ က ပြောဆိုခဲ့ကြပါတယ်။

ပြည်သူ့ဒီမိုကရေစီမဟာမိတ်အဖွဲ့ PAD ဦးဆောင်တဲ့ အစိုးရအတိုက်အခံ ဆန္ဒပြ သူတွေဟာ မစ္စတာ ဆမတ်ရဲ့ အစိုးရတဖွဲ့လုံးနှုတ်ထွက်ပေးဖို့ တောင်းဆိုနေတာ ပါ။ လက်ရှိဝန်ကြီးချုပ် ဆမတ်ဟာ လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ်က အာဏာသိမ်းမှု ဖြစ် ပွားခဲ့ပြီး အဂတိလိုက်စားမှုတွေကြောင့် ရာထူးက နှုတ်ထွက် ပေးခဲ့ရတဲ့ ၀န်ကြီးချုပ်ဟောင်း သက်ဆင် ရှီန၀ဒ် နဲ့ အလွန်နီးစပ်သူ တဦးဖြစ်တယ်လို့ ဆန္ဒပြသူတွေက စွပ်စွဲပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ က အစိုးရရုံးထိုင်တဲ့ အဆောက်အဦ ၀န်းထဲကနေ ဆန္ဒပြ သူတွေကို ထိုင်း ရဲတွေက အင်အားသုံးဖယ်ရှားဖို့ ကြိုးစားခဲ့ပါတယ်၊ ရဲတွေ ပြန်လည်မထွက်ခွာမီ နှစ်ဘက် ရုံးရင်းဆန်ခတ် အနည်းငယ်ဖြစ်သွားခဲ့ပါတယ်။

ချုလာလောင်ကောင်း တက္ကသိုလ်က နိုင်ငံရေးသိပံ္ပ ပညာရှင် ပဏ္ဍိတံ ၀ပ်ထနယာဂွန် ကတော့ ၀န်ကြီးချုပ်အနေနဲ့ ဆန္ဒပြသူတွေ ပြောဆိုနေတဲ့ ကိစ္စတွေ နဲ့ပတ်သက်ပြီး ဘာမှ ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး၊ အထူးသဖြင့် မစ္စတာ သက်ဆင်ရဲ့ သြဇာလွှမ်းမိုးမှုတွေ ရှိနေတဲ့ ဆိုတဲ့အကြောင်းပါပဲ လို့ ဆိုပါတယ်။

“ဒါဟာ တကယ့် နိုင်ငံရေး အကျပ်အတည်းပါပဲ၊ နိုင်ငံရေး နဲ့ပတ်သက်ပြီး တောင်းဆိုနေမှုတွေကို အခုချိန်ထိ စီစဉ်ဆောင်ရွက်ပေးတာ မရှိသေးပါဘူး၊ အထူးသဖြင့် ၀န်ကြီးချုပ်ပေါ့၊ ဒီတော့ သူတို့အနေနဲ့ ဆန္ဒပြသူတွေကို ဖမ်းဆီးနိုင်တယ်၊ ဖြိုခွဲပစ်နိုင်တယ်၊ ဆန္ဒပြသူတွေကလည်း ပြန်ပြီး စုဝေးမှာပဲ၊ ဘန်ကောက်တခုထဲမှာတင် မဟုတ်ပါဘူး၊ နေရာအနှံ့မှာပါ၊”

စတင်ဆန္ဒပြပြီး ဒုတိယနေ့ မှာ မီးရထားအလုပ်သမားတွေ လုပ်ငန်းခွင်တွေထဲကို မသွားကြတော့တာကြောင့် ထိုင်းနိုင်ငံက မီးရထားပိုးဆောင်ရေး လုပ်ငန်းတွေ စနေနေ့က ရပ်တန့်သွားပါတယ်၊ ဒါဟာ နိုင်ငံပိုင် လုပ်ငန်းတွေရဲ့ သမဂ္ဂတွေဟာ PAD ကို ထောက်ခံတယ်ဆိုတဲ့ သဘောပါပဲ။

အမေရိကန်ပြည်ထောင်စုအခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့် လေ့လာရေး အဖွဲ့ ရဲ့ ထိုင်းနိုင်ငံ တာဝန်ခံ ဆူနိုင်း ဖစွတ် ကတော့ ပြည်သူပိုင်ဌာနတွေက အလုပ်သမားသမဂ္ဂတွေ PAD ကို ထောက်ခံတာဟာ နိုင်ငံရေးမတည်ငြိမ်မှုတွေကို ပိုပြီး ဖြစ်ပွားစေတယ်လို့ ပြောဆိုလိုက်ပါတယ်။

“ဒီလို နိုင်ငံရေး မတည်ငြိမ်မှု အကျပ်အတည်းတွေဟာ ဖြိုခွဲလိုက်ယုံ၊ စီးနင်း ထိန်းသိမ်းလိုက်ယုံနဲ့ မပြီးသွားနိုင်ပါဘူး၊ အခု နောက်ပိုင်း ဆက်ဖြစ် လာတာက နှစ်ဦးနှစ်ဘက် ရင်ဆိုင်မှုတွေ ကြာလာတဲ့နောက် အခုတော့ နိုင်ငံပိုင် လုပ်ငန်း တွေရဲ့ သမဂ္ဂတွေဟာ PAD နဲ့ သွားပြီး ပူးပေါင်းလိုက်ပါပြီ၊”

မစ္စတာ ဆမတ် ကတော့ အစိုးရ အတိုက်အခံတွေဟာ စစ်အာဏာသိမ်းပြီး သူ့အစိုးရ ကို ဆန့်ကျင်တာမျိုး လိုလားနေတယ် လို့ စွပ်စွဲပြောဆိုလိုက်ပါတယ်။ သောကြာနေ့ က မစ္စတာ ဆမတ်ဟာ အကြီးတန်း စစ်တပ်အရာရှိတွေ နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒါပေမယ့် စစ်တပ်ဖက်ကတော့ နိုင်ငံမှာ စစ်အာဏာသိမ်းဖို့ အစီအစဉ် မရှိဘူးလို့ ပြောဆိုလိုက်ပါတယ်။ ထိုင်းနိုင်ငံမှာ နောက်ဆုံး စစ်အာဏာ သိမ်းခဲ့တာဟာ ၂၀၀၆ ခုနှစ် ၀န်ကြီးချုပ်ဟောင်း သက်ဆင် လက်ထက်က ဖြစ်ပါတယ်။


ထိုင်းအစိုးရဖြုတ်ချရေး အုံကြွမှု အထွေထွေသပိတ်သို့ ဦးတည်
အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှု နယ်တွေပါ ကူးစက်
ထိုင်းမှာ မီးရထားသပိတ် စတော့မည်၊ နယ်လေဆိပ်အချို့ ပိတ်ဆို့ခံရ

Bangkok Post/Agencies/ ၂၉ သြဂုတ် ၂၀၀၈

line


ထိုင်းဝန်ကြီးချုပ်ရုံးအပြင်ဘက်တွင် ရဲနှင့် ဆန္ဒပြသူများ ထိပ်တိုက်တွေ့နေစဉ်

ထိုင်းတောင်ပိုင်း ပြည်နယ်များဖြစ်သော ဆုံခလာနှင့် ဖူးခက်ရှိ ပြည်သူ့ဒီမိုကရေစီမဟာမိတ်အဖွဲ့ (ပီအေဒီ) ကိုထောက်ခံသူများက ဟတ်ယိုင်နှင့် ဖူးခက် နိုင်ငံတကာလေဆိပ် အ၀င်ပေါက်များကို ယနေ့မွန်းလွဲပိုင်း၌ ပိတ်ဆို့လိုက်သည်။ ဘန်ကောက်ရှိ ၀န်ကြီးချုပ်ရုံးဝန်းအတွင်း ဆန္ဒပြနေသူများ အား အကြမ်းဖက်နှိမ်နင်းမှုမပြုရန် တောင်းဆိုသည့်အနေဖြင့် ယခုကဲ့သို့ ပိတ်ဆို့ခြင်းဖြစ်သည်။

ရာနှင့်ချီရှိသော ပီအေဒီကို ထောက်ခံသူများက လေဆိပ်နှစ်ခုတွင်စုဝေးနေကြပြီး ဟောပြောစင်
များ ဆောက်လုပ်ရန် ကြိုးစားနေကြသည်။ ရဲများနှင့် ပိတ်ဆို့ဆန္ဒပြနေသူများအကြား ယခုအခါ အ၀င်ပေါက်များကို သော့ခတ်မှုမပြုရေး ညှိနှိုင်းနေကြသည်။

နိုင်ငံပိုင်ရထားပို့ဆောင်ရေး (အက်စ်အာတီ) သမဂ္ဂကလည်း ဘန်ကောက်ရှိ အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုများကို ထောက်ခံသည့်အနေဖြင့် မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းဒေသများသို့ ပြေး ဆွဲနေသော ရထားပို့ဆောင်ရေးကို ယနေ့ညသန်းကောင်မှစပြီး ရပ်ထားမည်ဖြစ်ကြောင်း ယမန် နေ့ကထုတ်ဖော်ခဲ့ကြသည်။ ပြည်တွင်းနှင့် နိုင်ငံခြားသား ခရီးသွားများကို အနှောက်အယှက် ဖြစ်
စေရုံသာမက ကုန်ပစ္စည်းစီးဆင်းရေးကိုပါ ထိခိုက်စေမည်ဖြစ်သည်။

ထိုအတောအတွင်း ဆန္ဒပြသူများအပေါ် ရဲ၏ကြမ်းတမ်းမှုကို လက်တုံ့ပြန်သည့်အနေနှင့် သပိတ် မှောက်ကြရန် ထိုင်းအဲယားဝေး အလုပ်သမားသမဂ္ဂအဖွဲ့ကြီးက အဖွဲ့ဝင်တသောင်းခွဲကို နှိုးဆော် ထားသည်။

ပီအေဒီ အမာခံခေါင်းဆောင်တဦးဖြစ်သူ ဆွန်ထိ ကလည်း နိုင်ငံတ၀န်းမှ ၎င်းအားထောက်ခံသူ များကို ဘန်ကောက် ၀န်ကြီးချုပ်ရုံးအတွင်းရှိ အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုများ၌ အမြန်ဆုံးလာ ရောက်ပူးပေါင်းကြရန် တိုက်တွန်းခဲ့သည်။ မစ္စတာဆွန်ထိက ယနေ့သည် “အဆုံး အဖြတ်ပေးမည့် နေ့” ဖြစ်ကြောင်း ကြေညာထားသည်။

ယနေ့ နံနက်၌ ရာနှင့်ချီရှိသော အဓိကရုဏ်း နှိမ်နင်းရေးရဲများက တုတ်၊ ဒိုင်းများအသုံးပြု၍
ဝန်ကြီးချုပ်ရုံးဝန်းအတွင်း ၀င်ရောက်ရန် ကြိုးစားသော်လည်း လက်ချင်းချိတ်ထားသည့် ပီအေဒီ ဆန္ဒပြ အဖွဲ့ဝင်များက ပြန်လည် တွန်းထုတ်နိုင်ခဲ့သည်။ အဆိုပါ အပြန်အလှန် တွန်းထိုးမှုများ
အတွင်း သွေးထွက်သံယိုမှုမရှိကြောင်း ရဲများကပြောသည်။ နံနက် (၁၀) နာရီခွဲခန့်တွင်မူ ရဲများ
က အဆိုပါရုံးဝန်းနှင့် အဆောက်အဦများအတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ခဲ့သည်။ ။