4.03.2009

Monthly Chronology of Political Priso(By AAPP)

Monthly Chronology of Political Prisoners in Burma for March 2009 (Eng)

အမှန်တရား၊ သတင်းစာပညာနှင့် ဒီမိုကရေစီ

E-mail Print
မကြာသေးခင် ကာလက ပြည်ပအခြေစိုက် မြန်မာသတင်းစာ ဆရာများ၊ စာရေးဆရာများ၊ ဘလော့ဂါများနှင့် တခြားသော မီဒီယာသမားများ စုဝေးကျင်းပသည့် နှီးနှောဖလှယ်ပွဲ တခုတွင် ကျနော့်ကို စကားပြောရန် ဖိတ်ကြားခံခဲ့ရသည်။

ထိုသို့ ဖိတ်ကြားခံခဲ့ရစဉ် ကျနော့်အတွေးများက လွန်ခဲ့သည့် အနှစ် ၂၀ ကာလကို ပြန်လည် ရောက်ရှိသွားခဲ့ ပါသည်။

မျက်စိထဲတွင် ရန်ကုန်မြို့၏ အတိတ် မြင်ကွင်းများမှာ ဓာတ်ပုံ ဆလိုက်ရှိုးတခုပမာ အစီအရီပေါ်လာခဲ့၏။ အာဏာရှင် ဦးနေ၀င်း၏ ဆိုရှယ်လစ်အစိုးရ အုပ်စိုးစဉ်က အတိတ်ပုံရိပ်များပင် ဖြစ်ပါသည်။

ထိုစဉ်က ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းဝန်းအနီး စက်မှုတက္ကသိုလ်ကျောင်းသားတစုနှင့် ရပ်ကွက် လူငယ်တချို့ ခိုက်ရန် ဖြစ်ရာမှ အဓိကရုဏ်းနှိမ်နှင်းရေးရဲများ၏ ပစ်ခတ်နှိမ်နင်းမှုကြောင့် ကျောင်းသား ကိုဘုန်းမော် ၁၉၈၈ ခုနှစ် မတ်လ ၁၃ နေ့ တွင် သေဆုံးမှု ဖြစ်ပွားခဲ့သည်ကို အမှတ်ရနေမိပါသည်။

ကိုဘုန်းမော်သေဆုံးရခြင်းသည် ကျောင်းသားချင်း ခိုက်ရန်ဖြစ်ပွားမှုကြောင့် သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု အစိုးရက ကြေညာ ခဲ့သော်လည်း အဖြစ်မှန်ကိုသိထားသော ပြည်သူများနှင့်ကျောင်းသားများက ခံပြင်းခဲ့ ကြသည်။ ထိုသတင်းသည် တဆင့် စကား တဆင့်နားဖြင့် တမုဟုတ်ချင်း ရန်ကုန်တမြို့လုံးသို့ ပြန့်နှံ့ သွားတော့သည်။

နောက်ထပ် ရက်အနည်းငယ်အကြာတွင် ကျောင်းသားများ လမ်းမပေါ်ထွက်၍ ဆန္ဒပြကြတော့သည်။ ထိုဆန္ဒပြမှု၏ တခု တည်းသော တောင်းဆိုချက်မှာ ကိုဘုန်းမော်သေဆုံးရခြင်း၏ အဖြစ်မှန်ကို ဖော်ထုတ်ပေးရန် ဖြစ်ပါသည်။ အစိုးရက မမှန် သတင်းကို ဆက်လက် ဖြန့်သည်။ ကျောင်းသားများကလည်း အမှန်တရားကို ဆက်လက် တောင်းဆိုနေကြသည်။

အထက်တန်း ကျောင်းသားတဦးဖြစ်သော ကျနော်သည်လည်း အစိုးရ၏ လက်နက်ကိုင်တပ်များကို ထိပ်တိုက် ရင်ဆိုင် တွေ့ခဲ့သည့် ထို ဆန္ဒပြကျောင်းသားများထဲတွင် ပါဝင်ခဲ့ပါသည်။

ထိုအချိန်က ကျနော်တို့အားလုံး ဤမျှလောက် အန္တရာယ်ကြီးမားသော လုပ်ရပ်ကို လုပ်ဆောင်ခဲ့ကြခြင်းမှာ အမှန်တရား တခုတည်း အတွက် ဖြစ်ပါသည်။

ကျောင်းသားများ၏ အမှန်တရားအတွက် တောင်းဆိုချက်များသည် ရက်သတ္တပတ်များစွာ ကြာခဲ့ပြီးနောက် နိုင်ငံရေး ဘက်သို့ ဦးတည်လာခဲ့သည်။ ထိုတောင်းဆိုမှုကတော့ ဒီမိုကရေစီရေးပဲ ဖြစ်သည်။

ကျောင်းသား တဦး သေဆုံးရမှုအတွက် အမှန်တရားဖော်ထုတ်ပေးရန် ဆန္ဒပြကြရာမှ တနိုင်ငံလုံးပါဝင်သည့် ရှစ်လေးလုံး အရေးတော်ပုံ လူထုအုံကြွမှုကြီး ဖြစ်လာကာ နောက်ဆုံးတွင် တပါတီ အာဏာရှင် ဦးနေ၀င်း အစိုးရကို ပြိုလဲစေခဲ့သည်။

နှစ်များစွာကြာပြီးနောက် ကျနော်သည် ထိုအချိန်က ဆန္ဒပြပွဲအတွင်း သေနတ်ပြောင်းဝရှေ့တွင် အဘယ့်ကြောင့် သွားရပ် ချင်စိတ် ဖြစ်ပေါ်ခဲ့ရသနည်း ဆိုသည့် မေးခွန်းကို ကျနော့်ကိုယ်ကျနော် ပြန်မေးကြည့်မိရာ အဖြေက အမှန်တရားအတွက် ဟု ရရှိသည်။

ယခုအချိန်တွင် ဆယ်စုနှစ် တခုနီးပါး စာနယ်ဇင်းသမားတဦးဖြစ်နေသော ကျနော်သည် အမှန်တရားဆိုသည်မှာ သတင်း သမားများ အထူးစောင့်ထိန်းရမည့် တာဝန်ဝတ္တရား တရပ်ဆိုသည်ကို ထိုစဉ်က မသိရှိခဲ့ပါ။

ပြန်လည် ဆန်းစစ်ကြည့်သည့်အခါ လူအများစု အသက်ဆုံးရှုံးခဲ့ရသည့် အမှန်တရားအတွက် ကျနော်တို့၏ ဆန္ဒပြမှုကြီး သည် နဂို ရှိပြီးသား ဒီမိုကရေစီအခွင့်အရေးများပင် ဆုံးရှုံးခဲ့ရသည်။ သို့သော် ဤလှုပ်ရှားမှုကြီးက ဆယ်ကျော်သက်အရွယ် ကျောင်းသားတဦးဖြစ်သော ကျနော့်အား မြန်မာပြည်လွတ်မြောက်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်ရန် ခိုင်မာသည့် စိတ်ဓာတ်ကို ဖြစ်ပေါ်စေခဲ့ပါသည်။ စစ်အစိုးရကို ဆန့်ကျင်ပြီး နိုင်ငံရေးလှုပ်ရှားမှုတွေကို ကျနော် ဆက်လုပ်သည်။

စစ်အစိုးရက ၁၉၈၈ ခုနှစ် စက်တင်ဘာလတွင် အပြစ်မဲ့ပြည်သူများနှင့် ကျောင်းသား ၃ ထောင်ကျော်ကို ပစ်ခတ်၊ ဖမ်းဆီး ခဲ့သည်။

စစ်အစိုးရကို ဆန့်ကျင်သည့်နိုင်ငံရေးလှုပ်ရှားမှုများ ဖော်ဆောင်ရန် ကျောင်းသားသမဂ္ဂတခုကို လျှို့ဝှက် ဖွဲ့စည်းခဲ့ရာတွင် တခြားကျောင်းသားများနှင့်အတူ ကျနော်လည်းပါဝင်ခဲ့သည်။ ကျနော်၏ လုပ်ဖော်ကိုင်ဖက် ကျောင်းသားများ တယောက်ပြီး တယောက် အဖမ်းခံခဲ့ကြရသည်။

သို့ရာတွင် ကျနော်ကတော့ ၁၉၉၁ ခုနှစ် ဒီဇင်ဘာလအထိ ကံကောင်းစွာ လွတ်မြောက်နေခဲ့သည်။ ထိုလတွင် အထိန်း သိမ်းခံထားရသည့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ငြိမ်းချမ်းရေး နိုဗဲလ်ဆု ချီးမြှင့်ခဲ့သည်။

ရာပေါင်းများစွာသော ရန်ကုန်တက္ကသိုလ် ကျောင်းသားများစုဝေးပြီး နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင် လွတ်မြောက်ရေး၊ နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေးနှင့် ၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့ သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အာဏာလွဲပြောင်းရေးတို့အတွက် တောင်းဆိုခဲ့ကြသည်။

ထိုလှုပ်ရှားမှုတွင် ဆန္ဒပြကျောင်းသား ၆၀၀ ခန့် အဖမ်းခံခဲ့ကြရသည်။ ကျနော်ကိုယ်တိုင်လည်း စစ်ထောက်လှမ်းရေး အမှတ် (၆) နှင့် (၇)တို့တွင် စစ်ဆေးမေးမြန်း၍ ညှဉ်းပန်း နှိပ်စက်ခြင်းကို ခံခဲ့ရပါသည်။ ကျနော့်ကို စစ်ဆေးမေးမြန်းခဲ့သည် မှာ ၁၀ ရက်တိတိ ကြာခဲ့သော်လည်း ဆယ်နှစ်တာကြာသည်ဟု ထင်ခဲ့ ရသည်။

ထိုနောက် ကျနော့်ကို အင်းစိန်ထောင်ကိုပို့ကာ `အိုးဝေ´ သမဂ္ဂစာစောင် ထုတ်ဝေမှု အပါအ၀င် တခြားသော နိုင်ငံရေး လှုပ်ရှားမှုများအတွက် ထောင်ဒဏ် ၁၀ နှစ် အပြစ်ပေးခြင်း ခံခဲ့ရပါသည်။

ထောင်ထဲတွင် နေထိုင်ခဲ့ရသော ရှည်လျားလှသည့် ကာလအတွင်း စဉ်းစားသုံးသပ်ချိန် များစွာရခဲ့သည်။ ၁၉၈၈ ခုနှစ် ကတည်းက စခဲ့သည့် ကျနော့် လှုပ်ရှားမှုများ၏ ရည်ရွယ်ချက်ဘာလဲ ဆိုတာ ကိုယ့်ကိုယ်ကိုယ် မေးခွန်း ပြန်ထုတ်ခဲ့သည်။

ဘာကြောင့် အဲဒီအလုပ်တွေကို လုပ်ခဲ့တာလဲ၊ နိုင်ငံရေး ရည်မှန်းချက်ကြောင့်လား၊ ဘာကြောင့် အဲဒီလို အန္ကရာယ်များတဲ့ အလုပ်ကို လုပ်ခဲ့ပြီး ဘ၀တခုလုံးပေးဆပ် ခဲ့ရတာလဲ၊ အခြေခံအကြောင်းရင်းက ဘာလဲ .. စသည် .. စသည်ဖြင့် .. ။

ဤတကြိမ်တွင် ရရှိသည့်အဖြေကလည်း အသစ်မဟုတ်ပြန်ပါ။ အမှန်တရားကို ရှာဖွေခြင်းဆိုသည့် အဖြေ ပင်ဖြစ်သည်။ သို့သော် ယခုတကြိမ်တွင်တော့ ကျနော့်အတွက် အဓိပ္ပာယ်ပိုရှိပြီး ပိုမိုနက်နဲ ကျယ်ပြန့်လာပြီ ဖြစ်သည်။ ယခုတကြိမ် ကျနော့်အတွက် `အမှန်တရား´ ဆိုသည်မှာ တရားမျှတခြင်း၊ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်နှင့် ယုံကြည်ခွင့်၊ တရားဥပဒေရှေ့တွင်တန်းတူညီမျှခံစားခွင့် စသည့် ဒီမိုကရေစီ၏ အခြေခံ အချက်များ ဖြစ်လာသည်။

သို့ပေမယ့် အခြေခံကျကျပြောရလျင် ထိုအချက်များသည်လည်း အမှန်တရားနှင့် ဆက်နွယ်လျက်ပင် ရှိနေပါ သေးသည်။

ထောင်ထဲမှာ ၈ နှစ် နေခဲ့ရပြီးနောက် ၁၉၉၉ ခုနှစ် စက်တင်ဘာလတွင် ကျနော် ထောင်က လွတ်မြောက်လာ ခဲ့ပါသည်။ တနှစ်ကြာပြီးနောက် မြန်မာနိုင်ငံက ထွက်ခွာလာခဲ့ကာ ဧရာဝတီမဂ္ဂဇင်းတွင် သတင်းထောက်တဦး အဖြစ် ၀င်ရောက် လုပ်ကိုင်ခဲ့ပါသည်။ ကျနော့်အတွက်တော့ သတင်းလောကဆိုသည်မှာ နယ်ပယ်သစ် တခုသာ ဖြစ်သည်။

ထိုအချိန်တွင် သတင်းထောက်တဦး၏ ပထမဦးဆုံးတာဝန်မှာ အမှန်တရားကို ထုတ်ဖော်ရန်ဖြစ်သည် ဟု သိလိုက်ရ သည်။ ဤအချက်သည် လမ်းမပေါ်တွင် ဆန္ဒပြခဲ့သည့် ကျောင်းသားဘ၀နှင့် နိုင်ငံရေး အကျဉ်းသား ဘ၀ ကတည်းက ကျနော် ကိုင်စွဲသည့်တရားပင် ဖြစ်ပါသည်။

ဂျာနယ်လစ် တဦး လိုက်နာသင့်သော တခြားစည်းကမ်းများဖြစ်သည့် ပြည်သူများကို သတင်းမှန် ပေးနိုင်ရေး၊ နိုင်ငံသားများ အပေါ် သစ္စာရှိရေး၊ သတင်းမှန်ကန်မှုအတွက် အကဲဖြတ်နိုင်သည့် အခြေအနေရှိမှု၊ အာဏာရှိသူ .. သို့မဟုတ် နိုင်ငံရေး သမား၊ စီးပွားရေးလုပ်ငန်းရှင် စသူတို့၏ သြဇာမခံရေး၊ လွတ်လပ်သည့် သတင်းသမားဖြစ်ရေး၊ လွတ်လပ်ပြီး တရားမျှတ ဘက်မလိုက်သည့် သတင်းမီဒီယာအနေနှင့် လူ့အဖွဲ့အစည်း တခုလုံး၏ ချွတ်ယွင်းမှုများကို စောင့်ကြည့် ဖော်ထုတ်ပေးရေး စသည်တို့ကို လိုက်လျှောက်နိုင်ရန်လည်း အမှန်တရားက တွန်းအားတရပ်အဖြစ် ထိပ်ဆုံးတွင် ရှိနေသည်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီလှုပ်ရှားမှုကြီး နောက်ပိုင်းတွင် ထိုင်း၊ အိန္ဒိယ အပါအဝင် ပြည်ပနိုင်ငံများတွင် မြန်မာ သတင်း မီဒီယာများ ပေါ်ပေါက်ခဲ့သည်။ မြန်မာ သတင်းသမားများလည်း များပြားစွာ ပေါ်ထွက်ခဲ့ကြသည်။ ယခုအချိန်တွင် မြန်မာ မီဒီယာအဖွဲ့အစည်း ၂၀ ကျော်နှင့် အသံလွှင့်မီဒီယာ ၄ ခု၊ ရုပ်သံလွှင့်မီဒီယာ ၂ ခု ရှိနေပေပြီ။ ထိုအချက်က အားရစရာပင်ဖြစ်၏။

သို့သော် အရေးကြီးသည့် မေးခွန်းက ထိုသူတို့သည် သတင်းစာပညာ၏အခြေခံ ကျင့်ဝတ်များကို အမှန်တကယ် လိုက်နာကျင့်သုံး ကြရဲ့လား၊ အမှန်တကယ် လေ့လာကြရဲ့လား၊ နားကောလည်ကြရဲ့လား ဆိုသည်ပင် ဖြစ်ပါသည်။

ထိုမေးခွန်းများကို မီဒီယာကွန်ဖရင့်သို့ တက်ရောက်နေသည့် သတင်းသမား ၁၀၀ ကျော်ကို မေးခွန်းထုတ် ဖြစ်ခဲ့သည်။

ယခုမေးခွန်းများက တက်ရောက်လာကြသည့် သတင်းသမားများသည် ၎င်းတို့၏ နယ်ပယ်အတွင်း မည်သည့် ပုံသဏ္ဍန်ဖြင့် ရပ်တည်နေကြသည်ကို ပြန်လည်ဆန်းစစ်နိုင်ကြလိမ့်မည်ဟု မျှော်လင့်ပါသည်။

ဇန်န၀ါရီလက အသတ်ခံလိုက်ရသော သီရိလင်္ကာနိုင်ငံသား၊ ဆန်းဒေးလီဒါ(Sunday Leader)သတင်းစာ အယ်ဒီတာ လဆန်သာ ၀က်ခ်ရ မတ်တွန်ဂါ အကြောင်းကိုလည်း ကျနော် ထည့်သွင်း ပြောပြခဲ့သေးသည်။ ၀က်ခ်ရမတ်တွန်ဂါသည် သူအသတ် ခံရနိုင် သည်ကို သိခဲ့သော်လည်း ကြောက်ရွံ့ပြီး ပုန်းအောင်းမနေဘဲ သူအသတ်ခံရပါက ထုတ်ဝေရန် အက်ဆေး တပုဒ်ပင် ရေးထားခဲ့သည်။ သတင်းစာသမားတဦးအဖြစ် သူ၏ ယုံကြည်ချက်၊ တန်ဖိုးများနှင့် ခိုင်မာသည့် စိတ်ဓာတ်တို့ ပေါင်းစပ်ရာမှ ထိုသတ္တိကို ရရှိခဲ့သည်ဟု ကျနော် ယုံကြည်ပါသည်။

ကျနော်တို့ မြန်မာ သတင်းသမားများ ပြောလေ့ရှိသည်က မီဒီယာနှင့် သတင်းလွတ်လပ်ခွင့်၏ အဓိက ရန်သူမှာ စစ်အစိုးရဖြစ်သည်ဟူ၏။ သို့သော် အမှန်က သတင်းစာသမားများကိုယ်တိုင်ပင် ရန်သူ ဖြစ်သွားနိုင်ပေသည်။

ဤသည်မှာ ကျနော်တို့ အလုပ်၏ အထူး အရေးကြီးသော အချက် ဖြစ်ပါသည်။ ဆိုလိုသည်မှာ ယုံကြည်အားထုတ်မှုမရှိ၊ လေ့လာမှုမရှိ၊ ကျင့်ဝတ်များကို လိုက်နာခြင်း မရှိသည့် သတင်းသမားတဦးမှာ သူ့အလုပ်၏ ရန်သူပင် ဖြစ်သည်။ မိမိ နယ်ပယ် အတွက် မိမိကိုယ်တိုင်ကပဲ အတားအဆီးတရပ် ဖြစ်သွားနိုင် ပါသည်။

အသံလွှင့်ဌာနများ အပါအ၀င် ပြည်ပတွင် အခြေစိုက်နေသည့် မြန်မာသတင်းမီဒီယာဌာနပေါင်း ၂၀ ကျော်မှ သတင်းသမား များမှာ အများအားဖြင့် နိုင်ငံရေးနယ်ပယ်မှ လာကြသူများ ဖြစ်ကြသည်။ နိုင်ငံရေးအဖွဲ့အစည်းမှ ထွက်ကာ သတင်းသမား ဘဝသို့ အသွင်ကူးပြောင်းလာကြသူများဖြစ်သည်။ သို့အတွက်ကြောင့် အတိုက်အခံနိုင်ငံရေးပါတီများနှင့် တက်ကြွလှုပ်ရှား သူများကို ဝေဖန်သည့်အခါ မိမိကိုယ်တိုင် ကျင့်သုံးကြ သော်လည်း စစ်အစိုးရကို ဝေဖန် သည့် အခါတွင် ဘယ်သောအခါမှ ဒုတိယအကြိမ် ပြန်လည်တည်းဖြတ်ခြင်း၊ ပြန်စဉ်းစားခြင်းများ ပြုလုပ်လေ့ မရှိပါ။

ထိုအချက်က သတင်းသမားများအနေနှင့် အခြေခံအကျဆုံးသော စည်းကမ်းချက်ကို လိုက်နာခြင်းမရှိကြောင်း ပြသ နေသလိုပင်။ အခြေခံစည်းမျဉ်းကို ချိုးဖောက်ပြီးသား ဖြစ်နေသည်။

အမှန်ဆိုရလျှင် ကျနော်တို့ သတင်းသမားများတွင်လည်း နိုင်ငံရေးသမားများကဲ့သို့ပင် တူညီသော ရည်မှန်းချက်ရှိ ကြပါ သည်။ ယင်းမှာ ဒီမိုကရေစီပင်ဖြစ်ပါသည်။ ထိုထက်ပို၍ပြောရလျင် ကျနော်တို့၏ ယုံကြည်ချက်မှာ တရားဥပဒေစိုးမိုးရေး၊ တန်းတူညီမျှရေးနှင့် လွတ်လပ်ပွင့်လင်းမှုရှိသော မြန်မာ့လူ့ဘောင်သစ် တခုကို ဖန်တီးတည်ဆောက်ရန်ဖြစ်ပါသည်။

ထိုယုံကြည်ချက်အတွက် ပေးဆပ်ရမှုကလည်း နိုင်ငံရေးသမားများထက် လျော့ကျခြင်း မရှိပါ။ နိုင်ငံရေး တက်ကြွ လှုပ်ရှား သူများသည် စစ်အစိုးရကိုဆန့်ကျင် ဆန္ဒပြခြင်းနှင့် နိုင်ငံရေးလှုပ်ရှားမှုကြောင့် ထောင်ထဲဝင်ကြရ သကဲ့သို့ သတင်းစာ သမားများသည်လည်း ပြည်သူများခံစားနေရသောဒုက္ခများကို မီးမောင်းထိုးပြပေးခြင်း၊ သတင်းမှန်များ ရေးသားခြင်းတို့ကြောင့် နိုင်ငံရေးသမားများနည်းတူ ထောင်နန်းစံကြရပါသည်။

ထို့ကြောင့် သတင်းစာ ဆရာများသည်လည်း မြန်မာနိုင်ငံ၏ အနာဂါတ်ကိုပုံဖော်ရာတွင် ပါဝင်နေသူများ၊ တိုင်းပြည်အတွင်း တွင် အပြောင်းအလဲဖြစ်စေရန် ဖန်တီးသော သူများပင်ဖြစ်သည်ကို သူတို့ ကိုယ်တိုင် နားလည်သင့်သည်။

သို့သော်လည်း ထိုပန်းတိုင်သို့ အမှန်တကယ် ရောက်ရှိစေရေးအတွက် ကျနော်အပါအ၀င် သတင်းစာသမား တိုင်းက မိမိနယ်ပယ် တွင် ပိုမို၍ ကျွမ်းကျင်မှုရှိရန် စဉ်ဆက်မပြတ် လေ့လာသင်ယူ နေရမည်ဖြစ်သည်။

ဧရာဝတီမဂ္ဂဇင်း၏ ရည်ရွယ်ချက်သည်လည်း တနေ့နေ့တချိန်ချိန်တွင် မြန်မာပြည်တွင်းသို့ပြန်ကာ ကျနော်တို့၏ ယုံကြည် ချက်များကို သယ်ဆောင် အကောင်အထည်ဖော်ရေးပင် ဖြစ်သည်။ ဧရာဝတီနှင့်အတူ ကျွမ်းကျင်မှု များနှင့် ပြည့်စုံနေသော၊ အတွေ့အကြုံ ဗဟုသုတ ကြွယ်ဝသော လုပ်ဖော် ကိုင်ဖက်များလည်း အတူတွဲလျှက် ရှိနေမည်ကို မြင်ယောင်မိသည်။

ရှေ့လာမည့်ခရီးလမ်းတွင် အန္တရာယ် ကြီးမားသည့် အခက်အခဲများ၊ အတားအဆီးများ မလွဲမသွေ ရှိနိုင်သော် ငြားလည်း ကျနော်တို့၏ ရည်မှန်းချက်အတိုင်း အကောင်အထည်ဖော်နိုင်မည့် နေ့ကို မြင်တွေ့လိုလှပါသည်။

မြန်မာ့ သတင်း ကမ္ဘာ့ သတင်း

လူထုနှင့် အန်အယ်လ်ဒီ အခြေအနေ ဦးဝင်းတင်နှင့် တွေ့ဆုံမေးမြန်းခန်း
မင်းနိုင်သူ / ဧပြီလ(၃) ရက်၊ ၂၀၀၉ ကျနော်တို့ အဲဒါလုပ်တုန်းပဲဗျ။ မမှန်သေးဘူးဗျ။ တချို့ဟာတွေက မပို့နိုင်သေးဘူး။ ကျနော်တို့် CEC ကို တက်မလာသေးဘူး။ လူငယ်တွေက လုပ်နေတာဗျ။ နယ်တွေမှာတော့ တော်တော်များများတော့ လုပ်ကြတယ်။ တချို့နယ်တွေမှာဆိုရင်....အပြည့်အစုံသို့

ဦးသန့်နဲ့ ဘာသာရေး
မောင်စွမ်းရည်/ ဧပြီလ(၃) ရက်၊ ၂၀၀၉

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် (၁၉၆၁-၇၁) သက်တမ်း (၂) ဆက် ဆောင်ရွက်ခဲ့ရတဲ့ ဦးသန့်ဟာ ဗုဒ္ဓဘာသာမြန်မာလူမျိုးတဦးဖြစ်တယ်ဆိုတာ အထူး ထုတ်ဖော်ရေးသားစရာမလိုပါဘူး။ ဒါပေမယ့် ဗုဒ္ဓဘာသာ ဖြစ်တာနဲ့ ကုလသမဂ္ဂတာဝန်နဲ့ ဘာဆိုင်သလဲလို့မေးလာရင် တော့ ဦးသန့်ရဲ့ ဘာသာရေး ကိုးကွယ် ယုံကြည်မှုဟာ ထည့်သွင်းပြောဆိုစရာ ဖြစ်လာပါတယ်။ ပြောလည်း ပြောခဲ့ ကြပါတယ်။ ဦးသန့်ရဲ့ညီ ဦးခန့်က တက္ကသိုလ် စိန်တင်ရေးတဲ့ “ငြိမ်းချမ်းရေး ဗိသုကာဦးသန့်” ဆိုတဲ့ စာအုပ်မှာ အမှာစာ ရေးတော့ အောက်ပါအတိုင်းရေးထားတဲ့ ...အပြည့်အစုံသို့


ဗိုလ်သန်းရွှေ မိန့်ခွန်းနဲ့ အပြောင်းအလဲ new
ရဲဘော်ဖိုးသံချောင်း / ဧပြီလ(၁) ရက်၊ ၂၀၀၉
ဗိုလ်သန်းရွှေရဲ့ မိန့်ခွန်းတခုကို ရှားရှားပါးပါး ကြားလိုက်ရပါ တယ်။ ဖက်ဆစ်တော်လှန်ရေးနေ့က။ ..အပြည့်အစုံသို့


ရန်ကုန် UNHCR ရုံးကို ကုလသမဂ္ဂက စာရင်းစစ်မှု နောက်ဆက်တွဲ ဖြစ်ရပ်များ new
မတ်လ(၃၁) ရက်၊ ၂၀၀၉
မြန်မာနိုင်ငံကြက်ခြေနီအသင်းအတွက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ ၀ယ်ပေးထားသည့် ကားများသာမက ကွန်ပျူတာများ၊ လေအေးစက် များ၊ ...အပြည့်အစုံသို့

----------------------------------------------------------------------------------------------------------------------

ဥယျာဉ်စိုက်ပျိုးလုပ်ကိုင်နေကြသူများ စိတ်သောက ရောက်နေကြ new
မတ်လ(၃၁) ရက်၊ ၂၀၀၉
ခေတ်အဆက်ဆက် လယ်ယာကိုင်းကျွန်းနှင့် ဥယျာဉ်စိုက်ပျိုးကြသူများထံမှ အမြတ်ခွန်....အပြည့်အစုံသို့


သံခဲတို့ အဖေ

မောင်စွမ်းရည်

ဧပြီ ၃၊ ၂၀၀၉

သံခဲတို့၊ သံဒုတ်တို့ နာမည်တွေကို ဖတ်ရ၊ ကြားရတိုင်း သူတို့အဖေ ကိုစိုးဝင်းမောင်ကို သတိရမိတယ်။ “သြော်--- သံခဲတို့အဖေ ကံနည်းလို့ သေရှာခဲ့ပါပလော …” လို့လည်း စိတ်ထဲမှာ မြည်ကြွေးမိပါတယ်။ ထိုင်း-ဗမာ နယ်စပ်က သူပုန်လေးတွေနဲ့ ဖြစ်ကြတဲ့ သံခဲတို့ သံဒုတ်တို့ကို သွားရောက်နှုတ်ဆက် အားပေးချင်တယ်ဆိုတာ စိတ်ထဲကပဲ ရှိပြီး သူတို့ဆီကို သွားမယ် သွားမယ်နဲ့ ကြံရွယ်နေခဲ့တာ ၅ နှစ်ကျော်ကြာခဲ့ ပါပြီ။ ကျနော် အမေရိကန်ပြည်ထောင်စုကို ရောက်ပြီး သူတို့တတွေ နယ်စပ်မှာ ရှိနေကြတယ်လို့ ကြားကတည်းကပါပဲ။
အျပည့္အစုံသိုႛ ...


အင်န်အယ်ဒီလူငယ်များ စာဖတ်ဝိုင်းဆက်

မိုးမခ ဓာတ်ပုံသတင်း

ဧပြီ ၂၊ ၂၀၀၉

ယနေ့ နေ့လည် ၁ နာရီတွင် ရန်ကုန်မြို့၊ အင်န်အယ်ဒီပါတီ ရုံးချုပ်တွင် လူငယ်များ၏ စာဖတ်ဝိုင်းကို ပြုလုပ်ခဲ့သည်။ ၎င်းစာဖတ်ဝိုင်းတွင် ရနံသစ်မဂ္ဂဇင်းတွင်ပါဝင်သော အမေရိကန်သမ္မတသစ် အိုဘားမားအကြောင်း ဆောင်းပါးများကို ဆွေးနွေးကြသည်ဟု ဆိုသည်။

အျပည့္အစုံသိုႛ ...

ရခိုင်ဒေသမှ ဘင်္ဂါလီ သို့မဟုတ် ရိုဟင်ဂျာများ
ဓာတ်ပုံအက်ဆေး
ဝင်းမြတ်
ဧပြီ ၂၊ ၂၀၀၉
မကြာသေးမီ လများအတွင်း ဘင်္ဂလားဒေ့ရှ် နှင့် ရခိုင်ပြည်နယ် နယ်စပ်မှ အလုပ်အကိုင် ရှာဖွေသူ အများအပြားသည် ပင်လယ်ခရီးကို စွန့်စား ဖြတ်သန်းပြီး နေရပ်ကို စွန့်ခွာခဲ့ကြသည်။ ထောင် နှင့် ချီ ရှိသော လှေစီးခရီးသည်များသည် ထိုင်း၊ အင်ဒိုနီးရှားနိုင်ငံများသို့ သွားရောက် သောင်တင်ကြသောအခါ ၎င်းတို့၏ အကြောင်းက ကမ္ဘာ့သတင်း မျက်နှာစာတွင် နေရာယူလာကြသည်။ ၎င်းတို့ကို မြန်မာပြည်မှ ရိုဟင်ဂျာတိုင်းရင်းသားများဟု ဖော်ပြကြသည်။
မြန်မာအစိုးရက မြန်မာပြည်တွင်ရှိသော တိုင်းရင်းသား ၁၃၅ မျိုးထဲတွင် ရိုဟင်ဂျာ ဆိုသည့် လူမျိုးများ မပါရှိကြောင်း တုံ့ပြန်ခဲ့သည်။ သို့သော်လည်း မြန်မာနိုင်ငံတွင် နေထိုင်ခဲ့ကြောင်း အထောက်အထား ခိုင်ခိုင် လုံလုံ ပြသနိုင်ပါက ပြန်လည် လက်ခံမည်ဟု ဆိုသည်။ ၎င်းတို့သည် ဘင်္ဂါလီလူမျိုးများ ဖြစ်သည်ဟု ဆိုသည်။
အျပည့္အစုံသိုႛ ...

g20 leaders
G 20 ထိပ်‌သီး ညီလာခံ ပြီးစီး
ရခိုင်ပြည်ရှိ လယ်မြေများနှင့် မြေလွတ် မြေရိုင်းများအား ငှါးရမ်း လုပ်ကိုင်ရန် ဘင်္ဂလာဒေ့ရှ်က စီစဉ်

4/3/2009

မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်ရှိ လယ်မြေများ၊ မြေလွတ် မြေရိုင်းများကို ငှါးရမ်းပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများလုပ်ကိုင်နိုင်ရန်ဘင်္ဂလာဒေ့ရှ်နိုင်ငံမှ စီစဉ်နေကြောင်း သတင်း ရရှိသည်။

အပြည့်အစုံသို့

မြန်မာနိုင်ငံဘက်မှ တရားမ၀င် ၀င်ရောက်လာသူ ၆ ဦးကို ဘင်္ဂလား အာဏာပိုင်များမှ မြန်ဘက်သို့ ပြန်ပို့

4/3/2009

မောင်အေး (နိရဉ္စရာ) တရားမ၀င် ၀င်ရောက်လာသည့် မြန်မာနိုင်ငံသား ခြောက်ဦးကို ဘင်္ဂလားရိုင်ဖယ်တပ်ဖွဲ့မှ ဖမ်း ဆီးပြီး သူတို့နှင့်အတူပါလာသည့် ကုန်ပစ္စည်းများကိုသိမ်းဆည်းကာ မြန်မာနိုင်ငံဘက်သို့ ပြန်လည်ပို့ဆောင်လိုက်သည်။

အပြည့်အစုံသို့

မောင်တောမှ အိမ်တချို့ကို အတင်းပြောင်းရွှေ့ခိုင်း

4/2/2009

မင်းးဆက်ခိုင် (နိရဉ္စရာ) ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကညင်ချောင်း ကျေးရွာမှ အိမ်တချို့ကို စစ်တပ်မှ ပြောင်းရွှေ့ရန် များမကြာမှီက အမိန့် ထုတ်ပြန်လိုက်သည်ဟု ရွာသား တဦးက ပြောသည်။

အပြည့်အစုံသို့



more


more

သူပုန်များသာ မြေမြှုပ်မိုင်းသုံးဟု အစိုးရစွပ်စွဲ

သူပုန်များသာ မြေမြှုပ်မိုင်းသုံးဟု အစိုးရစွပ်စွဲ

မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းကြောင့် ပြည်သူအများ ထိခိုက်ပျက်စီးရခြင်းမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကြောင့် ဖြစ်သည်ဟု နိုင်ငံတကာ ဆွေးနွေးပွဲတခုတွင် မြန်မာ

အင်တာနက် ပုံမှန်ပြန်ဖြစ်ရန် ရက်အကန့်အသတ်မရှိ ကြာမည်

မြန်မာပြည်တွင်းရှိ အင်တာနက် အသုံးပြုနိုင်မှု အခြေအနေများနှင့် ပတ်သက်၍ မြန်မာ့ ဆက်သွယ်ရေး ၀န်ကြီးဌာနက ရက်အကန့် အသတ်မရှိ ကြာနိုင်မည် ဖြစ်ကြောင်း ယမန်နေ့ ရက်စွဲဖြင့် ထပ်မံကြေညာ

မလေးရှားက မြန်မာလက်ဖက်ကို စစ်ဆေးနေပြီ

မလေးရှားနိုင်ငံက မြန်မာပြည်မှ တင်သွင်းသည့် လက်ဖက် ပါဝင်သည့် စားသောက် ကုန်များတွင် တားမြစ်ထားသည့် ဆိုးဆေးများ ပါဝင်ခြင်း ရှိမရှိ စစ်ဆေးနေသည်ဟု ဘာနားမား

ဗိုလ်တထောင် ရဲစခန်းအနီး လင်မယား ၂ ဦး အသတ်ခံရ

ရန်ကုန်တိုင်း၊ ဗိုလ်တထောင် မြို့နယ် ရဲစခန်းအနီးတွင် နှစ်လောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့ရာ အပုပ်နံ့ ထွက်လာသည့် ဧပြီလ ၂ ရက်နေ့တွင်မှ သိရှိခဲ့ရသည်။


ရေပက်ကစားမည့် သင်္ကြန်မဏ္ဍပ်သို့ အခပေး၍ ရေလာပက်ကြရန် ကြော်ငြာထားသည့် ဆိုင်းဘုတ်တခု ...နာဂစ်အလွန်ပန်းပု ပြပွဲ ပြိုင်ပွဲတခုကို ရန်ကုန်မြို့ ဆရာစံလမ်း၊ ဆရာစံတာဝါတွင် ဧပြီ ၃ ရက်တွင် ကျင်းပ ...

သင်္ကြန်စီးပွားရေး

ရေပက်ကစားမည့် သင်္ကြန်မဏ္ဍပ်သို့ အခပေး၍ ရေလာပက်ကြရန် ကြော်ငြာထားသည့် ဆိုင်းဘုတ်တခု ...

မြန်မာ-တရုတ် စွမ်းအင်ပိုက်လိုင်း မြန်မာပြည် အလယ်ပိုင်းကို ဖြတ်သန်းမည်

ကီလိုမီတာ ၂ဝဝဝ ကျော် ရှည်လျားမည့် မြန်မာ-တရုတ် စွမ်းအင်ပိုက်လိုင်းသည် ရခိုင်ပြည်နယ်မှ စတင်ကာ မြန်မာပြည်တွင်းသို့ ဖြတ်သန်းပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် အဆုံးသတ်မည် ...
  • မြန်မာ-တရုတ် စွမ်းအင်ပိုက်လိုင်း မြန်မာပြည် အလယ်ပိုင်းကို ဖြတ်သန်းမည်

  • မြန်မာ့အရေးအတွက် အာရှနိုင်ငံများနှင့် ပူးပေါင်း ချဉ်းကပ်မည်ဟု အမေရိကန် ပြော

    မြန်မာ့အရေးကို ဖြေရှင်းရာတွင် ပူးပေါင်းဆောင်ရွက်မှုနှင် အပြုသဘောဆောင်သော ချဉ်းကပ်မှုကို လိုလားပြီး ဩဇာရှိ နိုင်ငံတစု၏ ကစားပွဲလေးတခု အဖြစ် ပြန်လည်...

    အဆိုတော် ဆောင်းဦးလှိုင် စင်္ကာပူ ဂီတဖျော်ဖြေပွဲ မသေချာ

    စင်္ကာပူနိုင်ငံ မြန်မာသင်္ကြန် အကြိုပွဲတော် အထူးဖျော်ဖြေရေး ဂီတခရီးစဉ်အတွက် အဆိုတော် ဆောင်းဦးလှိုင် သွားရောက် ဖျော်ဖြေရန် မသေချာသေးကြောင်း သိရသည်။...

    Burma's News World's News


    Barack Obama speaks after the G20 summit
    US President Obama hails the G20 agreements reached in London, as he heads to Strasbourg for a key Nato summit.

    Troops from Thailand and Cambodia exchange fire in a border area that both countries claim as theirs, officials say.

    America's lead climate negotiator tells the BBC that the US will only do what is politically and technologically achievable.

    President Barack Obama (file photo)

    President Obama is attending a summit marking the 60th anniversary of NATO

    Obama: G-20 Agreement a Turning Point
    G-20 Agrees on Huge Stimulus, Tough Regulations to End Economic Crisis
    French Police Use Tear Gas Against Anti- NATO Protesters

    Job seekers check employment offers in Miami
    Afghanistan has one of the highest maternal mortality rates in the world. UNICEF says about 1,800 Afghan women die out of every 100,000 live births
    Israeli soldiers gear up outside the West Bank Jewish settlement of Bat Ayin, 02 Apr, 2009
    People line up at a Workforce Plus job fair, in Tallahassee, Florida, 26 Mar 2009

    US distribute food aid to 350,000 cyclone victims

    Apr 3, 2009 (DVB)–A senior official at the US embassy in Rangoon traveled to cyclone-hit Irrawaddy Delta on Tuesday to oversee the distribution of over 16,000 tones of rice donated by the US government in February. - more

    Journey into Hell

    Tuesday, March 31, 2009

    Six-party Talks on Burma Proposal Gets US Support

    By WAI MOE
    The US is prepared to tackle the Burma issue by joining six-party talks along the lines of those held to discuss North Korea’s nuclear program, according to a senior State Department official.

    Philippines urges Burma to Protect Human Rights

    By JIM GOMEZ
    Burma should free all political prisoners and fulfill a long-standing pledge to democratize, says the Philippine foreign secretary.

    Oil Slips Below $52 After Surging Overnight

    By ALEX KENNEDY
    Oil slipped below US $52 a barrel Friday in Asia after surging overnight on investor optimism crude demand will soon rebound if the US recession has bottomed.

    KNU demands international community rescue Burma

    An armed ethnic Burmese resistance group, Karen National Union (KNU), has urged the international community to take stern action against Burma's military regime in order to restore peace

    Medical specialist to launch private airline

    Reports say famous liver disease specialist Dr. Khin Maung Win is trying to establish a private airline for operation inside Burma. It is envisioned that airplanes will be leased from...

    U.S. advocates for a common approach to Burma

    Deputy U.S. Secretary of State James B. Steinberg gave notice yesterday during a conference in Washington D.C. that the United States wants a "collaborative and constructive" approach on

    Indian armed forces withhold cooperation in trial of Burmese rebels

    India's Ministry of Defense has failed to cooperate in the Central Bureau of Investigation's (CBI) case concerning the detention of 34 Burmese freedom fighters currently lodged in Kolkata's Presidency...

    Editorial, Opinion and Analysis

    Capitalizing on a flawed electoral process

    (Commentary) As ripples continue to reverberate from the recently concluded and rare visit of an American official to Burma's administrative center of Naypyitaw...