
နိုဝင်ဘာ ၈
နိုင်ငံတကာသတင်းထောက်များ၊ နိုင်ငံတကာသတင်းဌာနများနှင့် ဘန်ကောက်အခြေစိုက် မြန်မာ သတင်ထောက်အချို့ အပြင် မြန်မာ့အရေး တက်ကြွနိုးကြားသူများနှင့် နိုင်ငံတကာသံတမန်များ စုပေါင်း သတင်းရယူပွဲတစ်ခုကို ယမန်နေ့ ကျင်းပခဲ့ကြသည်။
မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်သတင်းယူခွင့်မရသော နိုင်ငံတကာသတင်းဌာနများက အနှစ်၂၀ အတွင်း ပထမဦးဆုံးအကြိမ် ကျင်းပသော မြန်မာနိုင်ငံရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်များအား စုပေါင်းရယူသည့် အနေဖြင့် တစ်နေကုန်နီးပါး ကျင်းပခဲ့ကြခြင်းဖြစ်သည်။
စုပေါင်သတင်းယူပွဲသို့ ၁၉၉၀ ပြည့် ရွေးကောက်ပွဲတုန်းက NLD ပါတီင်္ တပ်ကုန်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းလှိုင်လည်း တက်ရောက်ပါသည်။ ပြည်တွင်းက ရရှိသော သတင်းအချက်အလက်များကို သူက “ရန်ကုန်မှာ လုံခြုံရေးကို တင်းတင်းကြပ်ကြပ်ချထားတယ်။ ခြောက်ခြောက်ကပ်ကပ်ဖြစ်နေတယ်။ ၉၀တုန်းကလိုမဲဆန္ဒရှင်ပြည်သူတွေ တက်တက်ကြွကြွ မရှိကြတာကို သိရပါတယ်။ မဲပေးတဲ့လူတွေက ခမောက်ကို (NDF)ကိုပဲ ပေးကြတယ်လို့လည်း သိရပါတယ်” ဟု သတင်းထောက်များကို ပြောသည်။
အလားတူ မြန်မာနိုင်ငံဒီမိုက၇က်တစ်အင်အားစုက ဦးစိုးအောင်က သူဆက်သွယ်ရရှိတဲ့အချက်အလက်
ကိုအခုလို ပြောပြပါသည်။
“မွန်ပြည်နယ်မှာ မွန်ပါတီအနေနဲ့ မဲရုံကိုစစ်ဆေးခွင့်မရရှိလို့ သိရပါတယ်။ ပြီးတော့ ကြံ့ ဖွ့ံပါတီက ပြည်သူ
တွေကိုစိတ်အနှောက်ယှက်ဖြစ်အောင် ဘယ်လောက်လုပ်မလဲဆိုတာကိုလည်းစောင့်ကြည့်ရမှာဖြစ်ပါတယ်”
ထိုင်းမြန်မာနယ်စပ်က တက်ရောက်သူတဦးဖြစ်တဲ့ မွန်သတင်းဌာန အယ်ဒီတာချုပ် နိုင်ကဆော့မွန်ကတော့
ဆက်သွယ်ရရှိသမျှသောသတင်းများကိုရှင်းပြသည်။
“မွန်ဒေသတွင်းက မွန်ပါတီကို မွန်ပြည်သူတွေက မဲပေးပေမယ့် ကြံဖွံ့ မဲအဖြစ်လုပ်လိုက်ကြတယ်လို့ ကြား ရတယ်။
မဲရုံကို မွန်ပါတီကလူတွေကိုလည်းဝင်ရောက်စစ်ဆေးခွင့်မရှိဘူးလို့ သိရတယ်။ ပြည်ပကို ရောက်နေကြတဲ့ မွန်တွေရဲ့ ကြိုတင်မဲတွေအားလုံးကိုတော့ ကြံ့ဖွံ့ကပဲ လိမ်ယူပါလိမ့်မယ်။ ဒီရွေးကောက်ပွဲက ကျနော်တို့ တိုင်းရင်းသားတွေ မျှော်လင့်နေကြတဲ့ မြန်မာနိုင်ငံသူ/သားတွေ ရည်မှန်းနေကြတဲ့ တန်းတူရေးကို ဖေါ်ဆောင်မယ့် ရွေးကောက်ပွဲမဟုတ်ဘူး။ စစ်အာဏာရှင်စနစ်ကို တရားဝင်လုပ်မယ့် ပွဲသာဖြစ်ပါတယ်”ဟု ပြောသည်။
မော်လမြိုင်၊မုဒုံ၊ချောင်းဆုံ မြို့နယ်တို့တွင်မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ပါတီကိုထည့်သော မဲများအား ကြံ့ဖွံ့ပါတီမဲအဖြစ် ပြောင်းလဲလိုက်ကြောင်း ပြည်တွင်းက လူများအား ဆက်သွယ်လျှက်ပြောပြသည်။
နိုင်ငံခြားသတင်းထောက်များ ကလပ်တွင် နိုင်ငံတကာ သတင်းဌာနတွေက ထုတ်လွှင့်နေတဲ့ သတင်း ထုတ်လွှင့်ချက်တွေကို တပြိုင်တည်းပြသနေပါသည်။ ဒီရွေးကောက်ပွဲအပေါ် နိုင်ငံတကာသတင်းဌာနများက သတင်းအချက်အလက်များအား ရနိုင်သမျှ ကြိုးစားထုတ်လွှင့်နေချိန်တွင် မြန်မာအစိုး၇ ထုတ်လွှင့်သော MRTV မှ ကောက်လပ်စပါးရိုက်သိမ်းခြင်းများ၊ ကျောက်ဆည် ဆင်ပွဲတော်နဲ့ မြန်မာရုပ်သေးအကအပြင်
တိုင်းရင်းသားဝတ်စုံများဖြင့် ပြည်ထောင်စုသီချင်းများဖြင့် ဖျော်ဖြေနေပါသည်။
သတင်းစုပေါင်းပွဲသို့ ထိုင်းအခြေစိုက်နိုင်ငံတကာ သတင်းထောက်တွေသာမက အာရှဒေသတွင်း အခြား နိုင်ငံတွေက သတင်းထောက်တွေပါ အနီးကပ်သတင်းလာယုကြကြောင်းသိရှိရသည်။


A group of Myanmar refugees, who crossed over from Myanmar to Thailand when a battle erupted between Myanmar's soldiers and rebels, get down from a pick-up truck at the Thai border town of Mae Sot November 8, 2010. A clash erupted between ethnic minority Karen rebels and government soldiers in Myanmar's Myawaddy town opposite the Thai border town of Mae Sot, Reuters witnesses on the Thai side of the border said. Several rockets or mortar bombs fell on the Thai side, a witness said. There were no reports of casualties. REUTERS/Chaiwat Subprasom
A Myanmar refugee, who crossed over from Myanmar to Thailand when a battle erupted between Myanmar's soldiers and rebels, carries his relative at the Thai border town of Mae Sot November 8, 2010. A clash erupted between ethnic minority Karen rebels and government soldiers in Myanmar's Myawaddy town opposite the Thai border town of Mae Sot, Reuters witnesses on the Thai side of the border said. Several rockets or mortar bombs fell on the Thai side, a witness said. There were no reports of casualties. REUTERS/Chaiwat Subprasom
A group of Myanmar refugees, who crossed over from Myanmar to Thailand when a battle erupted between Myanmar's soldiers and rebels, walk along a street side at the Thai border town of Mae Sot November 8, 2010. A clash erupted between ethnic minority Karen rebels and government soldiers in Myanmar's Myawaddy town opposite the Thai border town of Mae Sot, Reuters witnesses on the Thai side of the border said. Several rockets or mortar bombs fell on the Thai side, a witness said. There were no reports of casualties. REUTERS/Chaiwat Subprasom







