7.14.2008

Bo Jyoke Aung San







Posted by Picasa

ရန်ကုန်အစိုးရရုံးများတွင် လုံခြုံရေးတင်းကျပ်

၁၄ ဇူလိုင် ၂၀၀၈

ရန်ကုန်ရှိ အစိုးရဌာနဆိုင်ရာများအားလုံးတွင် လုံခြုံရေး တင်းကျပ်စစ်ဆေးရန် ညွှန်ကြားထား ကြောင်း နေပြည်တော်သတင်းရပ်ကွက်မှ သိရသည်။
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးက “ဌာနဆိုင်ရာတွေမှာ လုံခြုံရေး တိုးမြှင့်ဖို့ အတွက် အထက်က ပြီးခဲ့တဲ့ ဇွန် (၂၇) ရက်မှာ စတင် ညွှန်ကြားတာပါ။ ညွှန်ကြားချက်အရ မိမိတို့ ရုံးက ၀န်ထမ်းတွေအနေနဲ့ အလှည့်ကျ စောင့်ရမှာဖြစ်တယ်” ဟု ပြောသည်။
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအနေဖြင့် ၎င်းတို့ဌာနအောက်ရှိ ပြည်တွင်းအခွန်များဦးစီးဌာန ဦးစီးရုံးအပါအ၀င် ဌာနခွဲများ၊ ပြည်ပသို့ ထွက်ခွာသွားသူများအား စိစစ်ရေးအဖွဲ့၊ ရန်ကုန်တိုင်း အခွန်ဦးစီးဌာနမှူးရုံး၊ ကုမ္ပဏီများဆိုင်ရာ အခွန်ရုံး အမှတ် (၁)၊ (၂) တို့ တည်ရှိသည့် အဆောက် အအုံများရှိ တာဝန်မှူးများ၊ တာဝန်ကျသူများ၊ အစောင့်များနှင့် သီးခြားအစောင့် မရှိသော ဌာန အဆောက်အအုံများအား ညအချိန်နှင့် ရုံးပိတ်ရက်များတွင် လှည့်လည်စစ်ဆေးကြည့်ရှုရန် တာဝန်များ ချပေးထားကြောင်း အဆိုပါ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ အရာရှိဖြစ်သူက ပြောသည်။
ဝန်ကြီးဌာနအသီးသီးရှိ ဌာနဆိုင်ရာရုံးများတွင်လည်း ထိုပုံစံအတိုင်း တာဝန်ခွဲဝေချထားကြောင်း သိရသည်။
ယခုအခါ ရန်ကုန်မြို့ရှိ ဌာနဆိုင်ရာရုံးများ အသီးသီး၌ အစောင့်များချကာ တံခါးများကို လိုအပ်မှ ဖွင့်ပေးပြီး ရုံးတွင်းသို့ ၀င်ခွင့်ပေးကြောင်း ယာဉ်ထိန်းရုံးသို့ ကိုယ်တိုင်သွားရောက်ခဲ့သူတဦးက ပြောသည်။ “အရင်တုန်းကတော့ (၅၁) လမ်း ယာဉ်ထိန်းရုံးမှာ တံခါး တခါမှ မပိတ်ထားဖူးဘူး။ အခုတော့ တံခါးကို အလုံပိတ်ထားပြီး လာတဲ့လူကို သေသေချာချာ စိစစ်မေးမြန်းပြီးမှ ၀င်ခွင့်ပြုတယ်” ဟု ၎င်းကပြောသည်။ဇူလိုင် (၁) ရက်တွင် အမှတ် (၆) ရပ်ကွက် ရွှေပြည်သာမြို့နယ်ရှိ ကြံ့ဖွံ့ရုံးတွင် ဗုံးပေါက်ကွဲမှု ဖြစ် ပွားခဲ့သည့်အတွက် ယခုကဲ့သို့ ညွှန်ကြားချက်များဖြင့် ဌာနဆိုင်ရာ ရုံးတိုင်း လုံခြုံရေး ချထားခြင်း ဖြစ်ကြောင်း ယာဉ်ထိန်း တပ်ဖွဲ့ဝင် ရဲသားတဦးက ပြောသည်။
စွမ်းအားမြှင့် မြန်မာကျောင်းသားစစ်သည်တော်များအဖွဲ့ကလည်း အင်တာနက်ဝက်ဘ်ဆိုဒ်များ တွင် ၎င်းတို့အနေဖြင့် နအဖနှင့် ပတ်သက်သည့် အရာများအား ဖောက်ခွဲရေးများ ပြုလုပ်မည် ဖြစ်ကြောင်း ကြေညာချက်များ ထွက်ပေါ်ခဲ့သည်။ ထို့နောက် ယခုကဲ့သို့ အစိုးရဌာနဆိုင်ရာရုံးများ လုံခြုံရေး တင်းကျပ်လာခြင်းဖြစ်သည်။ ။

မဲဆောက်တံတားအနီး အဖမ်းခံရသူမှာမိမိတို့တပ်ဖွဲ့ဝင် မဟုတ်ကြောင်း ကေအန်ယူ ငြင်းဆို

မဲဆောက်တံတားအနီး အဖမ်းခံရသူမှာ မိမိတို့တပ်ဖွဲ့ဝင် မဟုတ်ကြောင်း ကေအန်ယူ ငြင်းဆိုNEJ/ ၁၄ ဇူလိုင် ၂၀၀၈

မြ၀တီ-မဲဆောက် ချစ်ကြည်ရေးတံတားအနီး ထိုင်းဘက်ခြမ်းတွင် သောကြာနေ့က အမည်မသိ အဖွဲ့တဖွဲ့၏ ဖမ်းဆီးခြင်းခံရပြီး မြန်မာဘက်ခြမ်းသို့ ခေါ်ဆောင်သွားခြင်းခံရသူ ကရင်အမျိုးသား သည် မိမိတို့တပ်ဖွဲ့မှ အရာရှိတဦးမဟုတ်ကြောင်း ကရင်အမျိုးသား ရဲတပ်ဖွဲ့မှ ရဲဗိုလ်မှူး စောအိုက် ဇက်က ခေတ်ပြိုင်သို့ ပြောကြားသည်။
ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဘားအံခရိုင် ရဲမှူး စောအိုက်ဇက်က “အဖမ်းခံရတဲ့ စောပုပုကို အဖွဲ့က ဘာတာဝန်မှ ပေးထားတာ မရှိပါဘူး။ အခုကိစ္စ သူ့ကိုယ်ရေးကိုယ်တာကိစ္စနဲ့ ဟိုဘက်ကမ်းက လူတွေနဲ့ ဆက်သွယ်ပြီး ဖြစ်သွားတာလို့ ထင်တယ်” ဟု ပြောသည်။
၎င်းက “ပုပုဟာ အရင်က ကျနော်တို့ ခရိုင်ရဲတပ်ဖွဲ့မှာ တပ်ကြပ်ကြီးအဆင့်ရှိတယ်။ မနှစ်က အဖွဲ့ပိုင် လက်နက်ငယ် (၅) လက် ယူဆောင်သွားပြီး ဒီကေဘီအေကနေတဆင့် ဗိုလ်ဌေးမောင်ရဲ့ ငြိမ်းချမ်း ရေး ကောင်စီအဖွဲ့ဆီမှာ သွားရောက်ခဲ့တယ်။ လွန်ခဲ့တဲ့ (၆) လလောက်က သူမှားပါတယ်၊ သူ့ကို ခွင့်လွှတ်ပါ ပြန်လာပါရစေဆိုလို့ လူကြီးတွေက သဘောထားကြီးကြီးနဲ့ ပြန်လက်ခံတာပါ၊ သူ့ကို စောင့်ကြည့်တဲ့အဆင့်ပါ” ဟု ဆက်ပြောသည်။
ကရင်အမျိုးသားအစည်းအရုံး ဘားအံခရိုင်ဥက္ကဋ္ဌ ပဒိုစောအာတိုးက “သူ့ကို တာဝန်ရယ်လို့ ပေး ထားတာ မရှိဘူး။ အရင်ကလည်း စည်းကမ်းဖောက်ဖျက်လို့ သူ့ကို အရေးယူရတာတွေရှိတယ်။ ကျနော်တို့က ဒီကေဘီအေတို့၊ ကေအန်ယူ/ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီတို့က ပြန်လာတဲ့လူတွေကို ဘာတာဝန်မှမပေးဘူး၊ ၀န်ခံချက်တွေနဲ့ အရပ်သားပုံစံတွေနဲ့ နေသွားကြ တာပဲ” ဟု ပြောသည်။
စောပုပု အဖမ်းခံရပုံနှင့် ပတ်သက်၍ ချစ်ကြည်ရေးတံတားအနီး ပရိဘောဂပစ္စည်း ရောင်းချသူ မျက်မြင်သက်သေ မြန်မာအမျိုးသမီးတဦးက “အဲဒီနေ့က လူတယောက်ကို လူလေးငါးယောက်က ၀ိုင်းထိုးကြပြီး မှန်လုံကားထဲ ထည့်သွားတာ တချက်တွေ့လိုက်တယ်” ဟု ပြောသည်။
စောပုပု ဖမ်းဆီးခံရမှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၇) တပ်ရင်း (၁၀၁) တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီးစောဖောဒို့က“ဒီကိစ္စ သေချာတယ်ဆိုတာ ကျနော်တို့ အခိုင်အမာ ပြောနိုင်ပါတယ်။ ဒီနေ့ ထပ်ရတဲ့ သတင်းအရ သူ့ကို သတ်လိုက်ပြီလို့ သိရတယ်။ မြန်မာဘက် ခြမ်းက မျက်မြင်သက်သေကတော့ မနက်ဖြန်ရောက်မယ်” ဟုခေတ်ပြိုင်သို့ အတည်ပြု ပြော ကြားသည်။
စောပုပုကို မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းက ဖမ်းဆီးမှန်း တိတိကျကျ မသိရသော်လည်း တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) လက်နက်ကိုင်အဖွဲ့ ဖြစ်နိုင်သည်ဆိုသည့် ထင်ကြေးပေးမှုများ ထွက်ပေါ်လာသည်။ သို့ဖြစ်၍ ဒီကေဘီအေအဖွဲ့မှ အရာရှိတဦးဖြစ်သူ ဗိုလ်ပြည်သိမ်းကို ဒီကေဘီအေက ဖမ်းဆီးထားခြင်း ဟုတ်မဟုတ် မေးမြန်းရာ ဗိုလ်ပြည်သိမ်းက မဟုတ်ကြောင်း ငြင်းဆိုသွားသည်။
ယခင်က လက်နက်ကိုင် ကရင်အဖွဲ့အစည်းများကြားနှင့် စစ်မက်ဖြစ်ပွားရာ ဒေသများတွင်သာ ၀င်ရောက်ဖမ်းဆီးမှုများ ဖြစ်ပွားခဲ့သော်လည်း ယခုကဲ့သို့ ဆန့်ကျင်ဘက် အဖွဲ့အစည်းများကြား တွင် နှစ်နိုင်ငံချစ်ကြည်ရေးတံတားကို အသုံးပြု၍ ဖမ်းဆီးခေါ်ဆောင်မှုသည် ဒေသအတွင်း ပထမဦးဆုံး ဖြစ်ရပ်တခု ဖြစ်သည်။ ။

အာဇာနည်နေ့အခမ်းအနားကိုNLDမှသတိရှိစွာဖြင့်ကျင်းပမည်

အာဇာနည်နေ့အခမ်းအနား လုံခြုံရေးသတိဖြင့် ကျင်းပမည်
၁၄ ဇူလိုင် ၂၀၀၈

လာမည့် ဇူလိုင် (၁၉) ရက်တွင်ကျင်းပမည့် (၆၁) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားကို လုံခြုံရေးသတိရှိစွာဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ပြောကြားသည်။
ပြီးခဲ့သည့် ဇွန် (၁၉) ရက်က ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲ အခမ်းအနားကျင်းပရာသို့ စွမ်း အားရှင်နှင့် ကြံ့ဖွံ့အဖွဲ့ဝင်များက ကားဖြင့် လာရောက်၍ အန်အယ်လ်ဒီပါတီဝင်အချို့ကို အကြမ်း ဖက် ရိုက်နှက်ဖမ်းဆီးမှု ဖြစ်ပွားခဲ့သည်။
အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက “ကျနော်တို့ကတော့ တတ်နိုင်သလောက် လူငယ်တွေကို ထိန်းသိမ်းသွားမယ်။ ပိုပြီးတော့ ဂရုစိုက်သွားမယ်။ သက်ဆိုင်ရာမြို့နယ်ကိုတော့ ကျင်းပမယ့်အကြောင်း အကြောင်းကြားထားပါတယ်။ ကျနော်တို့ကတော့ အခမ်းအနားကို အေးအေးချမ်းချမ်း ငြိမ်းငြိမ်းချမ်းချမ်းပဲ ကျင်းပမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
နိုင်ငံတော် ၀မ်းနည်းခြင်းအထိမ်းအမှတ် သတ်မှတ်ထားသည့် အာဇာနည်နေ့၌ ပဋိပက္ခဖြစ်ပွား မည်ကို မလိုလားကြောင်းနှင့် အကြမ်းဖက်လာမည့် အန္တရာယ်မှ ကာကွယ်ရန် လုံခြုံရေး တင်းတင်း ကျပ်ကျပ်ဖြင့် လုပ်သွားမည်ဟု အန်အယ်လ်ဒီဗဟို လူငယ်အဖွဲ့ဝင် ကိုရာဇာကလည်း ပြောသည်။
၎င်းက “ဒီလို အာဇာနည်နေ့လို နေ့ကြီး နိုင်ငံရဲ့အထင်ကရ နေ့ကြီးမှာ ဒါမျိုးမဖြစ်စေချင်ပါဘူး။ သူတို့ကိုယ်တိုင် အလေးအမြတ် ပြုရမယ့်နေ့ဗျ။ သူများကို ရန်ရှာရမယ့်နေ့ မဟုတ်ဘူး။ ကျနော်တို့ လူငယ်တွေကတော့ လုံခြုံရေးတိုးမှာပေါ့။ တင်းတင်းကျပ်ကျပ်လုပ်မယ်။ ကိုယ့်စည်းကိုယ့်ကမ်းနဲ့ နေမယ်ပေါ့ဗျာ။ ထပ်ဖြစ်မယ်ဆိုရင်တော့ အရမ်းကို ရုပ်ပျက်လွန်းသွားပြီ။ ခုမဖြစ်သေးခင် ပြောနေ တာပေါ့။ ဖြစ်တဲ့အချိန်မှာ သွေးဆူနေရင်တော့ မပြောနိုင်ဘူး။ ကျနော်တို့လည်း လူငယ်တွေပဲ” ဟု ပြောသည်။
ကြံ့ဖွံ့နှင့် စွမ်းအားရှင်များက အန်အယ်လ်ဒီရုံးသို့ လာအကြမ်းဖက်မှု လုပ်ဆောင်ခဲ့ဖူးသဖြင့် အတင့်ရဲလာပြီး နောက်တခါ ထပ်လာရောက်နိုင်သည်ဟု ရန်ကုန်မြို့ခံ အရပ်သားတဦးက ထင်မြင်ချက်ပေးသည်။

ဇူလိုင် (၁၉) ရက်၌ ရန်ကုန်မြို့ရှိ အဖွဲ့ချုပ်ဗဟိုဌာနချုပ်တွင် အာဇာနည်နေ့ အောက်မေ့ဖွယ် အခမ်းအနားနှင့် ဟောပြောပွဲများ ကျင်းပမည်ဖြစ်ပြီး အဖွဲ့ချုပ်လူငယ်များက အာဇာနည်ဗိမာန်သို့ လွမ်းသူပန်းခွေ သွားပို့ရန် အစီအစဉ်ရှိကြောင်း သိရသည်။ ။

ဒိုက်ဦးမြို့အဝင်တွင်ဗုံးပေါက်ကွဲ

ယနေ့နံနက်ပိုင်းကဒိုက်ဦးမြို့အဝင်သံတံတားအလွန်ကိုက်၂၀၀ ကျော်ခန်.တွင်ဗုံးပေါက်ကွဲမှုတခုဖြစ်ပွါးခဲ့ကြောင်းသိရပါသည်။ရန်ကုန်နှင့်ကျောက်ကြီးပြေှးဆွဲနေ
သောရွှေခရီးအမည်ရှိခရီးသည်တင်ကားပေါ်တွင်ပေါက်ကွဲမှုဖြစ်ခဲ့ရခြင်းဖြစ်ပြီး
ခရီးသည်တဦးသေဆုံးပြီးတဦးဒဏ်ရာရရှိခဲ့ကြောင်းမျက်မြင်တွေ့ရှိသူများကပြော
ပြပါသည်။မျက်မြင်တွေ့ရှိသူတဦးကပြောပြရာတွင်ကားနောက်ပိုင်းမှာပွင့်ထွက်သွား
ပြီးလူတဦးသေဆုံးနေသည်ကိုတွေ့ရကြောင်းပြောပြခဲ့ပါသည်။သေဆုံးသူအမည်မသိရ
သေးသော်လည်းရှေ့နေတဦးဖြစ်သည်ဟုပြောပြပါသည်။ဒဏ်ရာရသူကိုဒိုက်ဦးဆေးရုံ
တွင်ဆေးကုသပေးနေကြောင်းသိရပါသည်။
ယင်းရွေခရီးမော်တော်ယဉ်လိုင်းမှယဉ်တစီးပေါ်တွင်ပြီးခဲ့သောဧပြီလကတကြိမ်ဗုံးပေါက်ကွဲ
မှုဖြစ်ခဲ့ဘူးပါသည်။
Bomb Explodes on Bus in PegU
A bomb exploded in a highway bus around 8 a.m. On Monday near the town of Daik-U in Pegu Division. The explosion occurred near the Kawliya Bridge as the bus was traveling from Kyaukkyi, Pegu Division, to Rangoon on Burma’s main Rangoon-Mandalay highway. According to initial reports, one person was killed and five were injured. However, other sources say the blast left at least one people dead and one injured.
No further details were immediately available.-->