9.11.2010

Burma's News World's News

9/11 anniversary marked amid rowHonour guard, Ground Zero, New York - 11 September 2010

The US marks the 9/11 anniversary as a pastor withdraws his threat to burn the Koran over plans for an Islamic centre near Ground Zero.

Taiwanese Spies on Burmese Soil?

By WAI MOE
Despite its professed adherence to the one-China policy, the Burmese regime allows Taiwanese agents to spy on China from Burma, according to intelligence sources.

China, the World and Burma

By KO KO THETT
China's growing role on the world stage will likely change the way it relates to pariah states like Burma.

Bribes Put Break On Illegal Car Registration

By THE IRRAWADDY
Bribery scandals force Naypyidaw to close local registration offices for illegal vehicles.

Weekly Business Roundup (September 11, 2010)

By WILLIAM BOOT
India aims to revive proposals for building two hydroelectric dams in northwestern Burma and to pump most of the power into northeastern Indian states at a cost of over US $5 billion.

Opposition Leader: China’s Burma Policy Could Backfire

By WAI MOE
Win Tin, a leader of the National League for Democracy, says that Beijing’s promotion of the Burmese junta may not be in China’s long-term interest, both with respect to Burma and the international community.
BREAKING NEWS
No Political Prisoners in Insein Release
By THE IRRAWADDY
Nearly 100 prisoners were released from Burma's notorious Insein Prison on Friday afternoon, but no political prisoners were among them.
Bago shootings spark riot fears thumbnail

 

 

Bago shootings spark riot fears

State media claims plot is being hatched by exiled media to spark retaliation against the killing of two men by troops in Bago division
Than Shwe tips a hat to China thumbnail

Than Shwe tips a hat to China

Burma junta supremo thanks China for 'aid and support over the years' as the end of a top-level diplomatic visit nears

Footage shows scorched earth Karen state

Evidence of a village razed by Burmese troops in July captured on camera as disturbing images emerge of children in Bago division shot and killed
Pegu shooting victims’ relatives muzzled
pegu-thumbPegu authorities have ordered the families of two youths shot dead by army captains not to speak to ...
Attempting to change Burma from the inside
khin-zaw-win1s(Interview) Development adviser Dr. Khin Zaw Win was arrested in 1993 at Rangoon International Airport ...
Rangoon team all face axe without national league win
yufc-logoThe father of Rangoon United’s owner, Tay Za, gave an ultimatum to the team that included coaches ...
Military intelligence detains Kachin captain over pistol
kia-army-arrest1sBurmese military intelligence officials arrested a Kachin militia captain on Wednesday for carrying ...

ဝ အရေး ဝ ကိစ္စနဲ့ ချိုကုပ်ဒူးကြီး တရုတ်ခရီးစဉ်

“ရှဲရှဲနီ”
“ဝေါ်ပို့ကျိသောက်”
“အိစံကွားလား ဘိုစံကွားလား ကွိစိ ကွစ”
“ဝမ်ချောင် မာဟန့် ကျန်းလုံ ကျောက်ဟူ”
“ကျန်ကျောင်း ကုန်းစွန်း ပေါင်ချိန်”
“ဟုတ်ကြည် ကျင်စိန် စွန်ပေါက် ဟုန်ကျင်းထန် ဝမ်ကျားပေါင်”
“တီလုံး ဒေးဗစ်ချန်း ဂျက်လီ ဂျက်ကီချန်း ဂေါင်လီ”
“ရှီးဖော ရှီးဖော”
မှန်ရှေ့တွင်ရပ်ရင်း အထက်ပါ စကားများကို တတွတ်တွတ်ပြောနေသူမှာ ဒေဝါလီမဂ္ဂဇင်း အယ်ချုပ် ကိုဂေါ်ကြီး မြှောက်ပေးသဖြင့် ပိုးတမျိုးဝင်သွားသူ ဖိုးရှုပ်ဖြစ်သည်။ သူ့ပိုးက တခြားပိုးတော့မဟုတ် … VJ ပိုး ခေါ် ဗီဒီယို ဂျာနယ်လစ် ပိုးဖြစ်၏။ သူ့နားတွင်တော့ ကင်မရာကြီး တကားကားဖြင့် ကြွက်စုတ်ကို မြင်ရလေသည်။
ရုက္ခစိုး။     ။ မင်းတို့ကောင်တွေ ရူးကုန်ကြပြီလား၊ ဘာတွေဖြစ်ကုန်ကြပြီလဲကွာ။
ဖိုးရှုပ်။     ။ ဝလို့ မီရူးဘူး ဦးရုတ်ခီစိုး … ဝ အီခု ဗီလီယို ဂျာနယ်လစ် လုပ်နီတာလေ။
ရုက္ခစိုး။     ။ ရိုးရိုးပြောစမ်းပါကွာ။ ဗီဒီယို ဂျာနယ်လစ် လုပ်တာတော့ လုပ်ပေါ့။ အခုတော့ ဘယ်ကဘယ်လို တီရုတ် … အဲလေ ငါတောင်ယောင်သွားပြီ … ဘယ်ကဘယ်လို တရုတ်ပိုးပါ ဝင်လာရပြန်တာလဲ။
အမှန်မှာ သူတို့ သုံးဦးစလုံး တရုတ်ပြည်သို့ ရောက်နေကြခြင်းဖြစ်သည်။ ချိုကုပ်ဒူးကြီး တရုတ်ပြည်လာမည် ဆိုသည့် သတင်းကြောင့် ဖိုးရှုပ်က သတင်းယူရန် ရောက်နေခြင်း ဖြစ်ပြီး ကြွက်စုတ်က ကင်မရာမင်းအဖြစ် လိုက်ပါလာခဲ့သည်။ ဦးရုက္ခစိုးကတော့ သူတို့ ၂ ဦး ကောင်းမှုဖြင့် ကန့်လန့်ကန့်လန့် ပါလာခြင်း ဖြစ်၏။
ကြွက်စုတ်။     ။ စိတ်လေတယ် ဦးရုက္ခစိုးရေ။ သူ့ဘာသာ အရူးထတာက အကြောင်းမဟုတ်ဘူး။ ကျနော်လည်း မနေရဘူး။ ဒီ အမြီးမှန်း အမောက်မှန်း မသိတဲ့ ကင်မရာကြီးနဲ့ သူ့ကိုရိုက်ပေးပါဆိုလို့ ရိုက်ပေးနေရတာသာ ကြည့်တော့။
ဖိုးရှုပ်က ဂျယ်များဖြင့် သထားသည့် သူ့ဆံပင် ပုံမှန် ရှိမရှိကို မှန်ထဲတွင် သေချာစွာကြည့်ရင်း ကြွက်စုတ်ကို ဘုကြည့် ကြည့်လိုက်သည်။
ဖိုးရှုပ်။     ။ ဟကောင်ရ … ကံကောင်းရင် မင်းကော၊ ငါကော ကမ္ဘာကျော်မှာလေ။ အခုဆို ငါ့မျက်နှာက ဒေဝါလီ အင်တာနက် စာမျက်နှာကို ဝင်ကြည့်တဲ့သူတိုင်း မသိသူမရှိ မဟုတ်ဘူးလား။ မင်းလည်း ကင်မရာမင်းဆိုတဲ့ နာမည် ရမှာလေ။ အခု ခေတ်က မာလ်တီမီဒီယာခေတ် ဖြစ်နေပြီ။ သူများ ဗီဂျေဆို ကိုယ်လည်း ဗီဂျေရမယ်။ သူများ တွီတာဆို ကိုယ်လည်း တွီ နိုင်ရမယ်၊ သူများ ဖေ့စ်ဘုဆို ကိုယ်လည်း ဖေ့စ်ဘု အမီလိုက်ရမယ် ဟုတ်တယ်မဟုတ်လား။
ဖိုးရှုပ်က ကိုဂေါ်ကြီးပြောနေကျ လေအတိုင်း တသဝေမတိမ်း ကြွက်စုတ်ကို ပြောလိုက်သည်။
ဖိုးရှုပ်။     ။ အခုဆို ငါတော်လို့ ကိုဂေါ်ကြီးလည်း ဆုတွေဘာတွေ ရသွားတယ်မဟုတ်လား။
ကြွက်စုတ်။     ။ အလကားနေရင်း ပဏ္ဍာက ဝင်ယူပြန်ပြီ။ သူ့ဘာသာဆုရတာ မင်းနဲ့ ဘာဆိုင်လဲ။
ဖိုးရှုပ်။     ။ ဆိုင်တယ်လေ … သူပဲ ပြောတာပဲ။ သူ့ဝန်ထမ်းတွေလည်း တော်လို့ အခုလို ဆုရတာပါတဲ့။ သူ့ဝန်ထမ်း ဆိုလို့ ငါတယောက်တည်းရှိတဲ့ဟာ … ငါတော်လို့ပေါ့ကွ။
ရုက္ခစိုး။     ။ ကဲပါ တော်ကြပါတော့။ မင်းတော်တာ သိပါတယ်။ ဒါပေမယ့် ခုနက မင်း ပွစိပွစိ လုပ်နေတာတွေက ဘာတွေလဲ။ ဝမ်ချောင် မာဟန့် တွေကော၊ ကျန်းလုံ ကျောက်ဟူတွေကော။
ဖိုးရှုပ်။     ။ တရုတ်ပြည် ရောက်နေတာလေ။ အဲဒီတော့ တရုတ်လို ကျင့်နေရတာပေါ့ ဦးရုက္ခစိုးရဲ့။ ယောင်းမရောက်ရင် ယောင်းမလို ကျင့်ရတယ်ဆိုတဲ့ စကားလည်း ရှိသားပဲ။
ရုက္ခစိုး။     ။ ရောမရောက်ရင် ရောမလို ကျင့်ပါကွာ၊ မင်းလုပ်မှပဲ ...။ ဒါနဲ့ … ကျန်ကျောင်း ပေါင်ချိန် တို့ ကုန်းစွန်း တို့က တရုတ်စကားလည်း မဟုတ်ဘဲနဲ့။
ဖိုးရှုပ်။     ။ ဒါက တရုတ်ကားတွေထဲက ကြားကြားသမျှကို မှတ်ထားတာလေ။ ဘာပဲဖြစ်ဖြစ် လူရှိန်တာပေါ့ ဦးရုက္ခစိုးရယ်။
ကဲ ကဲ ကြွက်စုတ် အဆင်သင့် ဖြစ်ရင် သွားရအောင်။ ဦးရုက္ခစိုးလည်း လိုက်ခဲ့နော်။
ရုက္ခစိုး။     ။ ငါက ဘာလိုက်လုပ်ပေးရမှာလဲ။
ဖိုးရှုပ်။     ။ (မျက်နှာကို ခရင်ပတ်နှင့် တို့ရင်း) ဦးရုက္ခစိုးက ကျနော် ဗီဒီယို ရိုက်တဲ့အခါကျရင် မျက်နှာမှာ ချွေးစို့နေလား၊ ဆံပင်ပုံပျက်နေလား ဆိုတာ ကြည့်ပေးလေ။
ရုက္ခစိုး။     ။ တော်စမ်းပါကွာ၊ ဟိုက ချိုကုပ်ဒူးကြီးလုပ်သမျှ မျက်စိလည်ရတဲ့အထဲ … မင်း မျောက်မူးလဲ လျှောက်လုပ်တာ ကြည့်ပြီး နတ်သက် စောစောကြွေနေပါ့မယ်။
ကြွက်စုတ်။     ။ ဟာ မျောက်မူးလဲဆိုလို့ အခုမှ သတိရတယ် ဦးရုက္ခစိုး … အခု ချိုကုပ်ဒူးကြီးရဲ့ ခရီးစဉ်မှာ သူ့မြေး မျောက်မူးလဲ ဖိုးလောက်လန်းလည်း ပါတယ်ဗျ။
ရုက္ခစိုး။     ။ ကြည့်ရတာ တရုတ်ပြည်ကို မိသားစုလိုက်လာပြီး မြန်မာပြည်က ထွက်ပြေးရတဲ့ အချိန်ကျရင် အောင်းဖို့ ဂူ လာ ရှာတာထင်တယ်။
ဖိုးရှုပ်။     ။ ကဲကဲ ဦးရုက္ခစိုး၊ ဘာမှ ပြောမနေနဲ့တော့၊ လိုက်ခဲ့ဗျာ။ ဟိုတယ်မှာ တပါးတည်း ယောင်ချာချာ ဖြစ်နေမယ်။
ဦးရုက္ခစိုးမှာ ငြင်းပင် ငြင်းနေရသော်ငြားလည်း ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ ဆွဲခေါ်သည့်နောက်သို့ ဒရွတ်ဆွဲ ပါသွားခဲ့ပြီ ဖြစ်သည်။ သူတို့ လေဆိပ်သို့အရောက်တွင် ချိုကုပ်ဒူးကြီးတို့ စီးလာသည့် လေယာဉ်လည်း ဆိုက်လာသည်။ လေယာဉ်ပေါ်မှ နေ၍ ချိုကုပ်ဒူးကြီးနှင့် အပေါင်းအပါများ ဆင်းလာကြသည်။
ချိုကုပ်ဒူးကြီး၊ ဇနီးသည် ဒေါ်ကွိုင်ကွိုင်၊ ၎င်းတို့၏ မြေး မျောက်လောင်း ခေါ် ဖိုးလောက်လန်း တို့၏ နောက်မှ ကပ်လျှက်သား လူတဦး ပုဆိုးကွင်းသိုင်းနှင့် ဆင်းလာသည်။ ထိုသူမှာ မနေ့တနေ့ကမှ ချိုကုပ်ဒူးကြီး လူဝတ်လဲပေးလိုက်သည့် ချိုကုပ်မက ဦး မကျ ရွှေပန်း ဖြစ်သည်။ ဖိုးရှုပ်က ရွှေပန်းနားသို့ ကပ်သွားသည်။
ဖိုးရှုပ်။     ။ ချိုကုပ်ရွှေပန်း … အဲ … ဦးရွှေပန်း။ ဘယ်လိုဖြစ်ပြီး ပုဆိုးကွင်းသိုင်းလာတာလဲဗျ။
ရွှေပန်း။     ။ ချိုကုပ်ဒူးကြီးက အမျိုးသားဝတ်စုံ ဝတ်ခဲ့ရမယ် ဆိုလို့လေ။ ရန်ကုန်က အထွက်မှာတော့ မိန်းမက ပုဆိုးကို သေချာစည်းပေးလိုက်တာပဲ။ ဒါပေမယ့် လေယာဉ်ပေါ်က အဆင်းမှာ မျောက်လောင်းလေးက ပုဆိုးစ တက်နင်းလိုက်လို့ ကျွတ်သွားတယ်လေ။ ပြန်မဝတ်တတ်တော့တာနဲ့ အခုလို ကွင်းသိုင်းထားတာပါ။
ဖိုးရှုပ်နှင့် ဦးရွှေပန်းအမေးအဖြေကို ကြွက်စုတ်က မှတ်တမ်းတင်နေသည်။ ဖိုးရှုပ်က ဦးရွှေပန်းပုံများထက် သူ့ပုံကို များများရိုက်ရန် ကြွက်စုတ်ကို အချက်ပြသည်။ ကြွက်စုတ်က ကင်မရာမင်း အစစ်မဟုတ်သောကြောင့် ခေါင်းပြတ် ခြေပြတ်ရုပ်ပုံများသာ ရိုက်ယူနိုင်သည်ကို ဖိုးရှုပ်မသိပေ။
ဖိုးရှုပ်။     ။ အခုဆိုရင် လူဝတ်မလဲတာဆိုလို့ ချိုကုပ်ဒူးကြီးနဲ့ ချိုကုပ်ကြီးမောင်ကွေးတို့ပဲ ကျန်တော့တယ်နော်။ ဘာဖြစ်လို့ အခုလို လုပ်တယ်လို့ ဦးရွှေပန်း ထင်ပါသလဲ။
ရွှေပန်း။     ။ ချိုကုပ်ဒူးကြီးက သူ့လက်အောက် ငယ်သားတွေ အပေါ် သိပ်အနစ်နာခံတယ်ဗျ။ ဝမ်းတွင်းမှာ ပုဆိုးတွေ မှာထားတာ အကုန် မရသေးတော့ သူက အနစ်နာခံတဲ့အနေနဲ့ ကျုပ်တို့ကို အရင်ပေးလဲတာပါ။ သူက နောက်မှ လဲမယ်လို့ ပြောပါတယ်။
ဖိုးရှုပ်။     ။ ဒါဆို ချိုကုပ်ကြီး မောင်ကွေးကကော ဘာလို့ ပုဆိုးမလဲတာလဲ။
ရွှေပန်း။     ။ ချိုကုပ်ဒူးကြီးက အနစ်နာခံတော့ ချိုကုပ်ကြီးမောင်ကွေးကလည်း အားကျမခံ သူလည်း ပုဆိုး မလဲသေးဘူး ဆိုပြီး နံစော်နေတဲ့ စစ်ဘောင်းဘီကြီးကို ဆက်ဝတ်ထားတာပါ။ တော်တော့်ကို ခေါင်းဆောင်ပီသတဲ့ သူတွေပါ ခင်ဗျာ။ နှစ် ၂၀ ကျော်ဝတ်ထားတဲ့ ဒီ စစ်ဘောင်းဘီကြီးတွေကို အနစ်နာခံပြီး ဘယ်လို ခေါင်းဆောင်မျိုးက ဝတ်မှာတဲ့လဲဗျာ။ ကျုပ်တော့ အရမ်းကို လေးစားတယ်။
ဦးရွှေပန်းက ပြောရင်းဝမ်းနည်းလာပြီး မျက်ရည်များပင် ကျလာလေသည်။ ချိုကုပ်ဒူးကြီးကတော့ သူ့ကိုလာကြိုသည့် တရုတ်ခေါင်းဆောင်များနှင့် လေပေးဖြောင့်နေလေသည်။
“ရှဲ့ရှဲ့ … ကျဲ့ကျဲ့ … ရှိဖော ...”
“အိစံ … ကွစံ … ပေါက်စီ … ခေါက်ဆွဲကျော် … ကြာဆံကျော်”
“ဆံပြုတ် … ဆုတ်ပြန် … ဒင်းဆန်း”
ဖိုးရှုပ်က ချိုကုပ်ဒူးကြီးနားသို့ ပြေးကပ်သွားပြန်သည်။
ဖိုးရှုပ်။     ။ ချိုကုပ်ဒူးကြီး တရုတ်ပြည်လာတာ ဝ ကိစ္စလို့ ပြောနေကြတယ်။ ဟုတ်ပါသလား ခင်ဗျာ။
ချိုကုပ်။     ။ မှန်လယ် မှန်လယ် … ဝ ကိစ္စကလွဲလို့ ဘာရှိဦးမှာလဲ။ ဝ ကိစ္စက အများကြီး ရှိလယ်လေ။ ဝ က … ဟိုတခါက အိန္ဒိယကို တွားလိုက်တော့ ထောင်ကဲတွေက ဝ ကို မုန်းလယ်လေ။ အဲဒါ လာချော့ရတာပေါ့။ ဒါမှ ထောင်ကဲတို့က ဝ ကို ချစ်မှာလေ။
“ဟိုက် … သူပြောတဲ့ ဝ ဆိုတာ သူ့ကိုယ်သူ ပြောတာကိုး” ဟု ဦးရုက္ခစိုး စိတ်ထဲက ပြောလိုက်သည်။
ဖိုးရှုပ်။     ။ ဟုတ်ကဲ့ … ဝ ကိစ္စ အပြင် ဘာရှိသေးလဲ ခင်ဗျ။
ချိုကုပ်။     ။ ဝ ကိစ္စ အပြင် ဘာမှ မရှိပါဘူး။ ဝ ကိစ္စ၊ ဝ မိန်းမ ကိစ္စ၊ ဝ မြေး ကိစ္စ၊ ဝ သမီးတွေ ကိစ္စ … ဒါတွေက အရေး အကြီးဆုံးလေ။
ဖိုးရှုပ်။     ။ သြော် ချိုကုပ်ဒူးကြီးတောင် တော်တော် တရုတ်သံ ပေါက်နေပြီပဲ။
ချိုကုပ်။     ။ ဒါကတော့ ထောင်ကဲတို့၊ ပေါက်ဖော်တို့ ကျေနပ်အောင် ဝဲပြရတာလေ။ စူတို့ ချစ်အောင် လုပ်ရမယ်လေ။ ဟုတ်တယ် မီဟုတ်လား။ ရှဲရှဲနီ ရှဲရှဲနီ ...။
ဖိုးရှုပ်။     ။ ဟုတ်တာပေါ့ … ဟုတ်တာပေါ့။ ဒီခရီးစဉ်မှာ ဘာလို့ ဖိုးလောက်လန်း ကိုပါ ခေါ်လာရတာလဲ ခင်ဗျာ။
ချိုကုပ်။     ။ ဝ က အီခု တိုင်းပြည်ကို … ပြောင်းလဲဖို့ လုပ်နေတယ် မီဟုတ်လား။ တိုင်းပြည်ပြောင်သွားရင် … အဲ … တိုင်းပြည် ပြောင်းသွားရင် … တီရုတ်က အစုတ်ပလုတ်တွေ အရင်ထက် ပိုသွင်းမယ်၊ ဝတို့ဆီက ကျွန်းသစ်တွေ၊ ကျောက်စိမ်းတွေ၊ ဓာတ်ငွေ့တွေ အရင်ထက် ပိုထုတ်မယ်။ ထောင်ကဲတို့အကြိုက် လုပ်ရမယ်လေ။ အဲလို လုပ်တဲ့အခါမှာ စီးပွားရေးလောကထဲ ဝင်ရှုပ်တတ်အောင် ဖိုးလောက်လန်းကို အခုကတည်းက လေ့လာဖို့ ခေါ်လာတာပါ။
ဖိုးရှုပ်။     ။ ဒါထက် ချိုကုပ်ဒူးကြီးက လုပ်ငန်း တော်တော်များများကို ပုဂ္ဂလိကပိုင် အဖြစ် ပက်ပက်စက်စက် ပေးနေတယ်နော်။
ချိုကုပ်။     ။ ပုဂ္ဂလိကပိုင် မီဟုတ်ဘူးလေ။ တေဂွပိုင်လို့ ပြောပါ။ အားလုံး တေဂွကို ပေးတာ။ တေဂွပိုင်ရင် ဝ ပိုင်သလိုပဲလေ။
ဖိုးရှုပ်။     ။ နောက်ထပ်ကော တေဂွကို ဘာတွေ ထပ်ပေးဦးမှာလဲ ခင်ဗျ။
ချိုကုပ်။     ။ အခု ထပ်ပေးဖို့ စီစဉ်ထားတာကတော့ ဝ မိန်းမ ကွိုင်ကွိုင်နဲ့ သမီးတွေပါ။ တေဂွပိုင်ရင် ဝ ပိုင်သလိုပါပဲ။
ဖိုးရှုပ်။     ။ ဒါဆို အခုတလော အသုံးအစွဲ အရမ်းကြီးတယ်လို့ နာမည်ကြီးနေတဲ့ မော်ဒယ်လ်မလေးတယောက် ကကော … သူလည်း တေဂွပိုင်လို့ ကြားတယ်နော်။
ချိုကုပ်။     ။ သြော် တေဂွပိုင်ရင် ဝ ပိုင်သလိုပါပဲဆို ...။
ထိုစဉ် ရုတ်တရက် ရုတ်ရုတ်သည်းသည်း ဖြစ်သွားသည်။ ချိုကုပ်ဒူးကြီး၏ အဖြေစကားကို ဒေါ်ကွိုင်ကွိုင်ကြားသွားပြီး ဒေါသ ထွက်သွားသဖြင့် ၎င်းကိုင်ဆောင်လာသော လက်ကိုင်အိတ်ကြီးဖြင့် ချိုကုပ်ဒူးကြီးကို လှမ်းထုလိုက်သောကြောင့် ဖြစ်သည်။ ဒေါ်ကွိုင်ကွိုင့်ဒေါသကို သိသော ချိုကုပ်ဒူးကြီးက ထွက်ပြေးလေရာ ၎င်းနောက်က လူအုပ်ကြီးလည်း တသီတတန်း လိုက်ပါရလေသည်။
ထိုသို့ ပြေးကြလွှားကြရင်း တရုတ်သိုင်းဝတ္ထုထဲကအတိုင်း မည်ကဲ့သို့ ပြုလုပ်လိုက်သည်မသိ ကြွက်စုတ်လက်ထဲက ကင်မရာကြီးမှာ ပြုတ်ကျပြီး တစစီ ကျိုးပဲ့ ကွဲကြေသွားလေတော့သည်။
ထို့ကြောင့် ဖိုးရှုပ်၏ “ချိုကုပ်ဒူးကြီး တရုတ်ခရီးစဉ်” အင်တာဗျူး ရုပ်သံမှတ်တမ်းကို ဒေဝါလီ ပရိသတ်တို့ ကြည့်ရှုခွင့် မရနိုင်ကြောင်း တောင်းပန်အပ်ပါသည်။     ။
ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များ အပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။

မြန်မာ့သတင်း ကမ္ဘာ့သတင်း

မဲဆန္ဒနယ် သတ်မှတ်ချက်ပါ အစိုးရထုတ် သတင်းစာအား ဖတ်ရှုနေသည့် ရန်ကုန်မြို့ခံအချို့။
ဓာတ်ပုံ AP

ရွေးကောက်ပွဲ သပိတ်မှောက်ရေး လှုံ့ဆော်မှု စစ်အစိုးရရှုတ်ချ

နိုဝင်ဘာလ ၇ ရက်နေ့ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲမထည့်ဝင်ကြဖို့ လှုံ့ဆော်နေသူတွေကို စစ်အစိုးရ သတင်းစာတွေက ရှုတ်ချသွားပါတယ်။
သတင်းအပြည့်အစုံ | နားဆင်ရန်

“စစ်တပ်ဆိုတော့ သက်သေလိုက်မပေးရဲကြဘူး ...”

ပြီးခဲ့သည့် စက်တင်ဘာ ၄ ရက်နေ့ ညက ပဲခူးမြို့ ဇိုင်းဂနိုင်း တောင်ပိုင်း ရပ်ကွက် မြလမ်းရှိ ကယ်လီဖိုးနီးယား စားသောက်ဆိုင်မှ ထွက်လာသော ခလရ ၅၉ မှ စစ်တပ်အရာရှိနှင့် အရပ်သား
ဆက်ဖတ်ရန် ...
ဦးပိုင် ကြော်ငြာများ စိစစ်ရေးကင်းလွတ်ခွင့်ရ

ဦးပိုင် ကြော်ငြာများ စိစစ်ရေးကင်းလွတ်ခွင့်ရ

မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက်နှင့် ပတ်သတ်သော ကြော်ငြာ၊ ပြက္ခဒိန်များနှင့် ဦးပိုင်က တာဝန်ယူ တပ်ဆင်ထားသော LED ရုပ်မြင် သံကြား စက်များတွင် ပြသသည့် အစီအစဉ်များ အားလုံး စိစစ်ရေး
စာနယ်ဇင်းသမား ရွေးကောက်ပွဲဝင်လျှင် နိုင်ငံရေးနှင့် မီဒီယာ ကဏ္ဍ ရောထွေးနိုင်

စာနယ်ဇင်းသမား ရွေးကောက်ပွဲဝင်လျှင် နိုင်ငံရေးနှင့် မီဒီယာ ကဏ္ဍ ရောထွေးနိုင်

ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ရန် ပြင်ဆင်နေကြသည့် စာနယ်ဇင်းသမားများ အနေဖြင့် နိုင်ငံရေးနှင့် မီဒီယာ ကဏ္ဍ ရောထွေးမှုများ ရှိလာနိုင်ကြောင်း သတင်းစာဆရာ အသိုင်းအ၀ိုင်းက ပြောသည်။နိုင်ငံရေးပါတီ

နေပြည်တော် အမျိုးသမီး ဝန်ထမ်းအိမ်ရာ လုံခြုံရေး စိတ်မချရ

နေပြည်တော်ရှိ အမျိုးသမီး ၀န်ထမ်းအိမ်ရာ များတွင် လုံခြုံရေး စိတ်မချရမှု ဖြစ်နေကြောင်း အမျိုးသမီး ဝန်ထမ်းများက ပြောသည်။“အမျိုးသမီး ဆောင်တွေမှာက အစောင့်မရှိတော့ မကြာခဏ

အကျဉ်းသား ၁၀၀ လွှတ်၊ နိုင်ငံရေး အကျဉ်းသား မပါ

အင်းစိန် အကျဉ်းထောင်မှ ယနေ့ လွှတ်ပေးလိုက်သော အကျဉ်းသား ၁၀၀ ခန့်တွင် နိုင်ငံရေး အကျဉ်းသားများ မပါဝင်ကြောင်း သတင်းရရှိသည်။“ကျား ၇၀၊ မ ၃၀။ တခြားပုဒ်မနဲ့ လူတွေ၊

မြန်မာ မိန်းကလေးများကြား တက်တူး ဖက်ရှင် ခေတ်စားလာ

မြန်မာပြည်ရှိ အမျိုးသမီး သရုပ်ဆောင်၊ အဆိုတော် များသာမက ခေတ်လူငယ် မိန်းကလေးများ ကြားတွင် ဆေးမင်ကြောင် (Tattoo) တက်တူး ထိုးခြင်းကို ဖက်ရှင်တခုအဖြစ် လက်ခံ ထိုးလာကြကြောင်း

အလုပ်သမား ၁၀၀၀ ကျော် ဆက်တိုက် ဆန္ဒပြ

ထိုင်းနိုင်ငံ မြောက်ပိုင်း Khon Kaen မြို့ရှိ Dechapanich ငါးဖမ်းပိုက်ကွန် စက်ရုံတွင် အလုပ်ရှင်က အလုပ်သမားများ အပေါ် မတရားမှုများ ရှိနေသဖြင့် မြန်မာ အလုပ်သမား ၁၀၀၀ ကျော်တို့

PR များကို နိုင်ငံသား ခံယူခိုင်း၍ စင်ကာပူရောက် မြန်မာများ အခက်တွေ့

စင်ကာပူနိုင်ငံတွင် အမြဲတမ်း နေထိုင်ခွင့် (Permanent Residents-PR) လက်မှတ် ကိုင်ဆောင်ထား သူများကို နိုင်ငံသားအဖြစ် ပြောင်းလဲခံယူရန် ညွှန်ကြား လိုက်သဖြင့် စင်ကာပူရောက်

အာဆီယံ လွတ်လပ်စွာ ကုန်သွယ်မှုတွင် မြန်မာ ယှဉ်ပြိုင်ရန် မလွယ်

၂၀၁၅ ခုနှစ်တွင် စတင် အကောင် အထည်ပေါ်မည့် အာဆီယံ လွတ်လပ်စွာ ကုန်သွယ်မှု ဧရိယာ (AFTA) သဘော တူညီချက်အရ ပြည်ပမှ သွင်းကုန် တချို့ကို အကောက်ခွန် ကင်းလွတ်ခွင့်

ဘယ်သူလာလာ ကြောက်နဲ့ ဝတို့ရှိလယ်

ရွှေဝါရောင် အလွန်မှာ - အပိုင်း (၁)
(ဆောင်းပါး) မိုးဖွဲဖွဲလေးကျနေပြီး ကျမတို့နေတဲ့ မိတ္ထီလာ စက်မှုဇုံ ၅ လမ်းအတွင်းမှာ လူအသွားအလာ ...
ဥပဒေအရ စစ်ဆေးရန် ရခိုင် ဆရာတော်ကြီးများ တောင်းဆို
sayatawရခိုင်ပြည်နယ်မှ ထင်ရှားသော သက်တော် ဝါတော်ကြီး ဆရာတော်ကြီးများက ရခိုင် ...

မြန်မာလုပ်သား တထောင်ကျော် ထိုင်းတွင် ၃ ရက်မြောက် ဆန္ဒပြ
Khon-Kaen-Strikesယာယီ နိုင်ငံကူး လက်မှတ်များကို အလုပ်ရှင်က ဖျက်ဆီးပစ်သည်ဆို ...
မြန်မာနှင့် ချစ်ကြည်ရင်းနှီးစွာ ဆောင်ရွက်ရန် တရုတ်ကတိပြု

မြန်မာနှင့် ချစ်ကြည်ရင်းနှီးစွာ ဆောင်ရွက်ရန် တရုတ်ကတိပြု

တကယ်တော့ အပြန်အလှန် အကျိုးစီးပွားတွေအတွက် ဆက်ဆံနေတာပေါ့။ နိုင်ငံတကာအခြေအနေအရ ဆက်ဆံနေရတာလည်း ရှိတယ်။ မြန်မာကတော့ တရုတ်ကို မှီခိုရတဲ့အပိုင်း ပိုတာပေါ့။ တရုတ်က ရင်းနှီးမြှုပ်နှံတဲ့အပိုင်းမှာ စွမ်းအင်တို့၊ ဓာတ်သတ္တုတို့မှာ လာရင်းနှီးမြှုပ်နှံတာက

မဲဆွယ်ရန် ကျပ် သိန်းပေါင်းများစွာ သုံးမည်ဟု ဇေကမ္ဘာ ဦးခင်ရွှေ ပြောကြား

မဲဆောက်-မြ၀တီတံတား ဖွင့်နိုင်ချေ မျှော်လင့်ချက်သာ ရှိသေး
နှီးဘုရား

နှီးဘုရားကြီး စံကျောင်းတော် ရေစက်ချပွဲ ရှမ်းပြည်နယ်မှ သံဃာ ၅၀ဝ ကျော် ပင့်ဖိတ်မည်

မြန်မာ နိုင်ငံတွင် ဥာဏ်တော် အမြင့်ဆုံး ဖြစ်သည့် နှီးဘုရားကြီး စံကျောင်းတော် ရေစက် ချပွဲ နှင့် ..

နေပြည်တော်ရှိ ကျပ်ငါးသိန်းတန် ဖုန်းများကို တစ်နိုင်ငံလုံး အနှံ့ သယ်ဆောင် အသုံးပြုနိုင် တော့မည်

နေပြည်တော်တွင် ချထား ပေးလျက် ရှိသော ကျပ်ငါးသိန်းတန် ကမ်းရိုးတန်း ဖုန်းဟု လူသိ များသည့် စီဒီအမ်အေ ၄၅၀ မဂ္ဂါဟတ်ဇ် မိုဘိုင်းဖုန်းများကို ...

မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ ရွေးကောက်ပွဲ တွင် ၀င်ရောက် ယှဉ်ပြိုင် နိုင်တော့မည် မဟုတ်

မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ သည် လာမည့် ၂၀၁၀ ပါတီစုံ အထွေထွေ ရွေးကောက် ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင် တော့မည် မဟုတ် ကြောင်း ...

ဦးခွန်ထွန်းဦးမွေးနေ့၌ တိုင်းရင်းသားခေါင်းဆောင်များတွေ့ဆုံဂုဏ်ပြု

ဦးခွန်ထွန်းဦးမွေးနေ့၌ တိုင်းရင်းသားခေါင်းဆောင်များတွေ့ဆုံဂုဏ်ပြု“ထောင်ကျနေတဲ့ ကျနော်တို့ ခေါင်းဆောင်စ၀်ခွန်ထွန်းဦးရဲ့ မွေးနေ့ကိုဂုဏ်ပြုတဲ့အနေနဲ့ ၈ မိုင်က စားသောက်ဆိုင် တခုမှာ ကျနော်တို့ SNLD နဲ့ UNA အဖွဲ့ဝင်တွေ့ဆုံဖြစ်ကြတယ်။”- SNLD အတွင်းရေးမှူးများအဖွဲ့ဝင် စိုင်းရွှေကြူးက ပြောပါသည်။

လဲချား၌ ကြံ့ဖွတ်ပါတီ ရှင်းလင်းပွဲဆင့်ခေါ်သော်လည်း တက်ရောက်သူနည်း

သျှမ်းပြည်တောင်ပိုင်း လိုင်းခါ့(လဲချား)မြို့သို့ ကြံဖွတ်ပါတီစည်းရုံးရေးဆင်းစဉ် ရပ်ကွက်အကြီးအကဲများမှတဆင့် ဆင့်ခေါ်ခိုင်းသော်လည်း မြို့ခံပြည်သူများတက်ရောက်ကြခြင်းမရှိကြောင်း စုံစမ်းသိရှိရပါသည်။

စစ်တပ်နဲ့ ပြည်သူကို ရန်တိုက်ပြီး သက်ဇိုးရှည်နေသည့် အာဏာရှင်စစ်ခေါင်းဆောင်များ
သန်းစိုးလှိုင်
စက်တင်ဘာ ၁၁၊ ၂၀၁၀
မဆန်းကြယ်တဲ့ အဖြစ်အပျက်
ပြီးခဲ့တဲ့ စနေနေ့ ညက ပဲခူးမြို့မှာ ဖြစ်ပွားခဲ့တဲ့ အရပ်သားတွေနဲ့ စစ်တပ်အရာရှိ နှစ်ဦးရန်ဖြစ်ပွားတဲ့ ကိစ္စဟာ စစ်အစိုးရ သတင်းစာတွေမှာ ရေးသားသလိုပဲ ထူးဆန်းတဲ့ အဖြစ်အပျက်မဟုတ်ပါဘူး။ ခိုက်ရန်ဖြစ်ပွားတာ၊ တယောက်နဲ့ တယောက် ထိုးကြိတ်ကြ ရိုက်ကြတာမျိုးတွေ ဖြစ်ပျက်တာဟာ မဆန်းကြယ်ပါဘူး။
အပြည့်အစုံသို့ ...
 

ကာတွန်း စောငို - ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး …
စက်တင်ဘာ ၁၁၊ ၂၀၁၀
 
LA will protest Junta's Actress while Oregon and Utica cancle their show
User Rating: / 4
မျက်မှောက်ရေးရာ - သတင်းဖတ်စာ
စစ်အစိုးရ၀ါဒဖြန့်သရုပ်ဆောင်ရဲ့ စတိတ်ရှိုးကို အယ်လ်အေမှာ နက်ဖြန်ဆန္ဒပြကန့်ကွက်မည်
အိုရီဂွန်နဲ့ ယူတီကာအရပ်များမှာ စတိတ်ရှိုး မကျင်းပဖြစ်တော့
မိုးမခအထောက်တော် ၀၀၂
စက်တင်ဘာ ၁၀၊ ၂၀၁၀
နက်ဖြန်မှာ ကျင်းပမယ့် အယ်လ်အေက မြန်မာစတိတ်ရှိုး ကို အယ်လ်အေသြဂနိုက်ဇာနှင့် မြန်မာဒီမိုကရေစီအရေး လှုပ်ရှားသူများ စုဝေးဆန္ဒပြ ကန့်ကွက်ကြမည် ဖြစ်သည်။ ၎င်းတို့ အစီအစဉ်ကို သည်နေရာမှာ ကြည့်နိုင်သည်။ မြန်မာစစ်အစိုးရ၏၀ါဒဖြန့်ကား၏ သရုပ်ဆောင်သူတဦး ပါဝင်သည့် စတိတ်ရှိုးပွဲများ အမေရိကန်အနှံတွင် သြဂုတ်လဆန်းကတည်းက လိုက်လံကပြလျက်ရှိရာ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတို့က ကန့်ကွက်ဆန္ဒပြလျက် ရှိသည်။
          ယခင်ပွဲများဖြစ်သည့် ဆန်ဖန်စစ္စကို၊ ဘတ်ဖဲလိုး၊ အယ်ဘနီ၊ မင်နီဆိုးတား၊ မြောက်ကယ်လိုရိုင်းနားတို့တွင် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတို့က ကန့်ကွက်ဆန္ဒပြခဲ့ကြပြီး ဖို့ဝိန်းမြို့တွင် စတိတ်ရှိုးပွဲသွင်းရန် အစီအစဉ်ကို ဖျက်သိမ်းခဲ့ကြသည်ဟု ဆိုသည်။ နယူးယောက် စတိတ်ရှိုးပွဲတခုသာ အနှောက်အယှက် မရှိဟု သိရသည်။
 ယခု လာမည့် အစီအစဉ်များထဲတွင် အမေရိကားအရှေ့ခြမ်း ယူတီကာအရပ်တွင်၎င်း၊ အမေရိကားအနောက်ခြမ်း အိုရီဂွန်အရပ်တွင်၎င်း စတိတ်ရှိုးအစီအစဉ်များ မဖြစ်တော့ဟု သိရသည်။
အပြည့်အစုံသို့ ...
 
မင်္ဂလာနှင့် နိုင်ငံရေး  ၁
မောင်လူရေး
စက်တင်ဘာ ၁၁၊ ၂၀၁၀
ရက်မှလ ၊ လမှနှစ် ၊ နှစ်တောင် မည်မျှကြာခဲ့သည် မသိ ။ မြန်မာ့အလင်းသတင်းစာ အယ်ဒီတာမင်းကြီးများ၏ စေတနာလား ၊ အထက်အထက်သော ပုဂ္ဂိုလ်ကြီးများ၏ ဒေသနာလား … “အသေဝနာစ ဗာလာနံ …” စသော မင်္ဂလာတရားအကြောင်း ပြောခဲ့ကြသည်မှာ ကြာတောင်း ကြာ လေပြီ ။
အပြည့်အစုံသို့ ...
ကာတွန်းဘီရုမာ - ငရဲခွေးကြီး လွတ်နေပြီ၊ ခွေးတိုးပေါက်တွေလည်း ပျောက်နေပြီ
စက်တင်ဘာ ၁၁၊ ၂၀၁၀


more



more



more



more



more



more



more



more



more



more



more



more



more



more

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ရခိုင်ပြည်နယ်မှာ ကြိုတင်စည်းရုံးနေ

2010-09-10
ရွေးကောက်ပွဲ ဥပဒေအရ ရွေးကောက်ပွဲ ကော်မရှင်က အတည်ပြုပြီးတဲ့နောက်မှ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ တရားဝင် မဲဆွယ်စည်းရုံးခွင့် ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ရခိုင်ပြည်နယ်က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းတွေဟာ အခုကတည်းက အများပြည်သူပိုင် ဓမ္မာရုံ၊ စာကြည့်တိုက်တွေ အသုံးပြုပြီး စည်းရုံးဟောပြောနေပြီလို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ရဲ့ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က RFA ကို ပြောပါတယ်။
2010-09-10

ထိုင်းငါးဖမ်းပိုက်စက်ရုံမှ မြန်မာများ သုံးရက်မြောက် ဆန္ဒပြနေဆဲ

ယာယီ နိုင်ငံကူးလက်မှတ်တွေ ပြန်ထုတ်ပေးဖို့ စက်တင်ဘာ ၈ ရက်နေ့ကစပြီး ထိုင်း-လာအိုနယ်စပ်နားက ခေါန်ကန်မြို့ ထိုင်းငါးဖမ်းပိုက် စက်ရုံမှာ ဆန္ဒပြနေကြတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေ စက်တင်ဘာ ၁၀ ရက် ဒီကနေ့အချိန်ထိ ၃ ရက်ကြာ ဆက်လက် ဆန္ဒပြနေဆဲ ဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။
2010-09-10

ကလေးစစ်သား ရဲဘက်စခန်း ရောက်

ကလေးစစ်သားအဖြစ် စုဆောင်းခံရပြီးနောက် အခု ရဲဘက်စခန်းတခုကို ရောက်နေတဲ့ လူငယ်တယောက်အမှုနဲ့ ပတ်သက်ပြီး ရန်ကုန် အိုင်အယ်လ်အို ရုံးခွဲက အဲဒီလူငယ်ကို လွှတ်ပေးဖို့ တောင်းဆိုနေတယ်လို့ သိရပါတယ်။
2010-09-10

ပဲခူး လူငယ် နှစ်ဦးအသတ်ခံရမှု ကြေးမုံသတင်းစာ စွပ်စွဲရေးသား

ဒီနေ့ စက်တင်ဘာ ၁၀ ရက်နေ့ထုတ် ကြေးမုံသတင်းစာမှာ စစ်တပ်က ပဲခူးမြို့မှာ ပစ်သတ်ခဲ့တဲ့ လူငယ် ၂ နှစ်ဦး ဖြစ်တဲ့ မောင်စိုးပိုင်ဇော်နဲ့ မောင်အောင်သူဟိန်းတို့ အသတ်ခံရခံမှုနဲ့ ပတ်သက်ပြီး ရေးသားထားပါတယ်။ သတင်းစာထဲမှာ ရေးထားတာကတော့ ပြည်ပမီဒီယာတွေနဲ့ ပြည်တွင်းလူတချို့က ဒီကိစ္စကို နိုင်ငံရေးအရ အသုံးချတယ်လို့ စွပ်စွဲထားပါတယ်။
2010-09-10

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး စစ်တွေ NLD ဆွမ်းကပ်

ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ရည်စူးပြီး ရခိုင်ပြည်နယ် စစ်တွေမြို့မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေက သံဃာအပါး ၁၂၀ ကျော်ကို စက်တင်ဘာ ၇ ရက် အင်္ဂါနေ့က ဆွမ်းကပ် လှူဒါန်းတယ်လို့ သိရပါတယ်၊
2010-09-10

မိတ္ထီလာမှာ ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်ချက် ဆွေးနွေး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးအုန်းကြိုင် ဦးဆောင်တဲ့ အဖွဲ့ဝင်တွေဟာ စက်တင်ဘာ ၁၀ ရက် ဒီကနေ့ မိတ္ထီလာမြို့မှာ မန္တလေးတိုင်း တောင်ဖက်ခြမ်းရှိ မြို့နယ် အသီးသီးက NLD ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံ ဆွေးနွေးကြပါတယ် ။