11.13.2008

Burma News in English

Burma news
Signs of Insecurity in Burma Crackdown
TIME - USA
13, 2008 Monks protected by a 'human fence' of citizens holding hands walk in protest against the Burma's military regime on Sept. ...
See all stories on this topic
Frantic week behind Burma’s court doors
United Press International, Asia - Hong Kong,USA
By Awzar Thi Burmese lawyer U Aung Thein was sentenced to four months' imprisonment for submitting a letter from clients stating that they had no faith in ...
See all stories on this topic
F24 journalist's prize-winning Burma reportage
France24 - Paris,France
Memories of the 1988 crackdown have done little to deter the thousands marching through Burma's cities in 2007. A reporter with links to undergound networks ...
See all stories on this topic
Burmese refugees face 'critical' Christmas
Ekklesia - UK
By agency reporter Thousands of refugees from Burma face a critical time this Christmas following Cyclone Nargis and volatile food prices. ...
See all stories on this topic
Burma junta jails activists
Business Day - Johannesburg,South Africa
YANGON — Burma’s ruling junta is stepping up its efforts to curb dissent ahead of elections due in 2010, rights groups said yesterday after a labour ...
See all stories on this topic
BBC News
Burma rights sentences condemned
BBC News - UK
Human rights groups and Western governments have condemned the harsh sentences handed to pro-democracy activists in Burma. Dissidents were this week given ...
See all stories on this topic
In Burma, business ventures start with military
San Francisco Chronicle - CA, USA
(11-12) 19:11 PST Hpakant, Burma -- Located in dense jungle hills, this jade mining town is a prime example of the nation's business climate. ...
See all stories on this topic
BURMA: Polls in View Junta Stifles All Dissent
Inter Press Service - Rome,Italy
By Larry Jagan BANGKOK, Nov 13 (IPS) - Burma’s military rulers have renewed efforts to eliminate all opposition to their authority in the lead up to planned ...
See all stories on this topic
Aung San Suu Kyi and western intervention in Burma
guardian.co.uk - UK
Cathy Scott-Clark and Adrian Levy are to be commended for their unusually frank reporting on Aung San Suu Kyi's weak leadership of Burma's democratic ...
See all stories on this topic
Bangladesh, Burma hold border talks in India
Radio Australia - Melbourne,Victoria,Australia
The foreign ministers of Bangladesh and Burma have held talks in the Indian capital, New Delhi, in a bid to solve a territorial dispute in the Bay of Bengal ...
See all stories on this topic

Blogs Alert for: Burma news

Myanmar's roadmap to undemocratic polls
By moderator(moderator)
More than 15 journalists are also still in detention awaiting trial, according to the Burma Media Association. Most of them are accused of publishing material on conditions in the cyclone-devastated areas and pointing out inadequacies ...
BURMA NEWS: MYANMAR /TIBET NEWS... - http://myamarnews.blogspot.com/
Burmese jail sentences condemned
By allnewz(allnewz)
She told Agence France-Presse news agency that she was caring for the jailed couple's 19-month-old daughter. Sein Linn, 67, the father of Pannate Tun, another of the activists sentenced on Tuesday, told AFP that he fell ill after ...
World Wide News - http://newz-newz.blogspot.com/
Four DKBA soldiers defect to KNU Brigade No.6
By moderator(moderator)
Desertions from the DKBA and the Burmese army, which became unofficial allies when the DKBA split from the KNU in 1994, are frequently reported by exile news agencies like the Thailand-based Irrawaddy and India-based Mizzima News. ...
BURMA NEWS: MYANMAR /TIBET NEWS... - http://myamarnews.blogspot.com/
Aung San Suu Kyi and western intervention in Burma
By enbeeone3
Cathy Scott-Clark and Adrian Levy are to be commended for their unusually frank reporting on Aung San Suu Kyi's weak leadership of Burma's democrat 14 Click(s)
Surfider / Published News - http://www.surfider.com/
Burma condemned for rights sentences
Rights groups and Western governments condemn the harsh sentences for scores of Burmese pro-democracy activists.
World News by Speeple - http://news.speeple.com/

နအဖရဲ့ နျူကလီးယားအိပ်မက်

နအဖရဲ့ နျူကလီးယားအိပ်မက်
ဂါမဏိ

နအဖရဲ့ ရည်မှန်းချက်ပန်းတိုင်

ဗမာနိုင်ငံဟာ ၂၀၂၀ ခုနှစ်မှာ နျူကလီးယားလက်နက်တွေ ထုတ်လုပ်ပိုင်ဆိုင်နိုင်အောင် ကြိုးပမ်းမယ်လို့ ဗမာ စစ်အစိုးရရဲ့ သိပ္ပံနဲ့နည်းပညာဝန်ကြီးဆိုသူ ဦးသောင်းက ၂၀၀၁ ခု မေလအတွင်းက ရန်ကုန်မှာရှိတဲ့ နိုင်ငံ တော်ကာကွယ်ရေးတက္ကသိုလ်မှာ ပြောခဲ့ပါတယ်။ ဒီရည်မှန်းချက် အောင်မြင်ထမြောက်သွားရင် နအဖစစ်အုပ် စုဟာ အရှေ့တောင်အာရှမှာ စစ်အင်အားအတောင့်ဆုံး နိုင်ငံဖြစ်သွားပါလိမ့်မယ်။ ဗမာပြည်ဟာလည်း "စတု တ္ထမြန်မာနိုင်ငံတော်" အဖြစ် အသွင်ပြောင်းသွားပြီး ထိုင်းနိုင်ငံကို စစ်ရေးအရ ခြိမ်းခြောက်နိုင်စွမ်းရှိလာပါလိမ့် မယ်။ ဒါကြောင့် နအဖဟာ နိုင်ငံတကာ လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကို ဆိုးဆိုးဝါးဝါး အန္တရာယ်ပြု ခြိမ်းချောက်နေ ပြီဖြစ်ပါတယ်။ နအဖရဲ့ အသစ်စက်စက် (၁၀) မီဂါဝပ် နျူကလီးယားဓာတ်ပေါင်းဖိုကို ငြိမ်းချမ်းတဲ့ သုတေသန လုပ်ငန်းအတွက် ရည်ရွယ်တယ်လို့ ကြေညာထားတာဟာ လိမ်ညာမှုသက်သက်သာ ဖြစ်ပါတယ်။

စီမံကိန်းနောက်ခံ

နအဖရဲ့ နျူကလီးယားလက်နက် ထုတ်လုပ်ရေးစီမံကိန်းဟာ ၁၉၉၀ ခု နဝတခေတ်မှာ စတင်ခဲ့ပါတယ်။ နဝတ ဟာ နျူကလီးယားနည်းပညာ ဖော်ထုတ်ဖွံ့ဖြိုးရေးနဲ့ ပတ်သက်ပြီး ရန်ကုန်တက္ကသိုလ် ရူပဗေဒပါမောက္ခ ဦးဖိုး စောနဲ့ တိုင်ပင်ဆွေးနွေးခဲ့ပါတယ်။ နိုင်ငံခြားပညာတော်သင်စေလွှတ်ဖို့ လူရွေးချယ်ရေးကိစ္စလည်း ဆွေးနွေးခဲ့ ပါတယ်။ နျူကလီးယားနည်းပညာအတွက် ဗိုလ်လောင်းတွေ လေ့ကျင့်မွေးမြူဖို့ အစီအစဉ်ကိုတော့ ၁၉၉၇ ခု စစ်တက္ကသိုလ်ဗိုလ်လောင်း အပတ်စဉ် ၄၂ နဲ့ စတင်ခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ် မတိုင်ခင်မှာ နအဖဟာ ရုရှားနျူ ကလီးယားပညာရှင်တွေကို ဖိတ်ခေါ်ပြီး ဓာတ်ပေါင်းဖို တည်ဆောက်ရေး၊ နေရာရွေးချယ်ရေး၊ ပညာတော်သင် တွေ စေလွှတ်ရေးကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။

ကျနော်တို့ သတင်းရင်းမြစ်က ရတာက စစ်အုပ်စုဟာ နျူကလီးယားနည်းပညာရဖို့ ပထမဦးစွာ အိန္ဒိယနိုင်ငံကို အရင်ချဉ်းကပ်ခဲ့တယ်။ အိန္ဒိယကလည်း ပညာတော်သင်တွေ လက်ခံဖို့တောင် သဘောတူခဲ့သေးတယ်။ ဒါပေ မယ့် ဓာတ်ပေါင်းဖိုလည်ပတ်မှုကို ကြီးကြပ်ရေးနဲ့ ထိန်းချုပ်ရေးကိုပါ အိန္ဒိယက တောင်းဆိုလာလို့ နအဖက ဒီ ချဉ်းကပ်မှုကို နားပစ်လိုက်ပါတယ်။

နအဖဟာ တရုတ်နိုင်ငံအကူအညီနဲ့ ရုရှားနဲ့သဘောတူညီမှု ရခဲ့ပါတယ်။ ဒါ့အပြင် နျူကလီးယားလက်နက်တွေ ထုတ်လုပ်နိုင်အောင် နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားဖို့ တရုတ်အစိုးရက နအဖစစ်အုပ်စုကို အကြံပေးခဲ့ပြီး ရည် မှန်းသတ်မှတ်ကာလ ၂၀၂၀ ရောက်လို့မှ နျူကလီးယားလက်နက် မထုတ်လုပ်နိုင်သေးရင် ဝယ်ယူဖို့ အကြံပေး ခဲ့ပါတယ်။ ၂၀၀၃ ခုမှာ စစ်အစိုးရဟာ မြောက်ကိုးရီးယားကို စစ်ဗိုလ်အယောက် (၃၀) စေလွှတ်ပြီး နျူကလီး ယားနည်းပညာ လေ့လာသင်ယူစေခဲ့ပါတယ်။ ၂၀၀၆ မှာတော့ ဓာတ်ပေါင်းဖိုတည်ဆောက်ရေးအတွက် လို အပ်တဲ့ စက်ယန္တရားတွေကို မြောက်ကိုးရီးယားဆီက စတင်ဝယ်ယူခဲ့ပါတယ်။ နအဖနဲ့ ရုရှားဆက်ဆံရေး ပျက် ပြားသွားလို့ နျူကလီးယားစီမံကိန်း ရပ်သွားတာမျိုး မဖြစ်ရအောင် မြောက်ကိုးရီးယားနဲ့ လမ်းဖောက်ခဲ့တာ ဖြစ် ပါတယ်။

နအဖဟာ နိုင်ငံခြားပညာတော်သင်တွေစရိတ် အပါအဝင် နျူကလီးယားနည်းပညာရနိုင်ဖို့အတွက် သဘာဝသ ယံဇာတတွေကို ရောင်းထုတ်ခဲ့ပါတယ်။ (အတည်ပြုနိုင်တဲ့ သတင်းတရပ်အရ ရုရှားတနိုင်ငံတည်းမှာတင် ပညာ တော်သင် ၄၆၀၀ ရှိတယ်လို့ သိရပါတယ်။) သယံဇာတတွေ ရောင်းထုတ်တဲ့အထဲမှာ ကချင်ပြည် ဖားကန့်ဒေသ ကသိုင်းတောင်က တူးဖော်တဲ့ သံရိုင်းတန်ချိန် ၂၀၀၀၀ ပါတယ်လို့လည်း သတင်းရခဲ့ပါတယ်။ ဒါပေမယ့် အများ သိကြတဲ့အတိုင်း နအဖဟာ ၂၀၀၅ ခုမှာ ဘဏ္ဍာရေးပြဿနာတွေ ကြုံခဲ့ရပြီး ရုရှားနဲ့ လုပ်ထားတဲ့ စီမံကိန်းကို ရပ်နားလိုက်ရပါတယ်။ အခက်အခဲတွေ ကျော်လွှားနိုင်ခဲ့ပြီးနောက် စီမံကိန်းကိုပြန်စခဲ့ပါတယ်၊ အခုအခါမှာ တော့ နအဖဟာ ဘဏ္ဍာရေးအရ ခိုင်မာနေပါပြီ။ (ဒီလို ကံဇာတာတက်လာတဲ့ အကြောင်းရင်းက သိသာပါ တယ်။ ရတနာဓာတ်ငွေ့ပိုက်လိုင်းကြောင့် ဗမာအစိုးရအတွက် အနိမ့်ဆုံးအားဖြင့် နှစ်စဉ် ဒေါ်လာသန်း ၂၀၀၀ ဝင်ငွေရနေပါတယ်။)

နအဖဟာ အီရန်နိုင်ငံကနေလည်း အကူအညီရဖို့ လျှို့ဝှက်ကြိုးပမ်းခဲ့တယ်လို့ ကျနော်တို့ဘက်က သတင်းထပ် ရခဲ့ပါတယ်။ ဒီသတင်းက တခြားသတင်းရင်းမြစ်တွေက ရထားတဲ့ ဆက်ဆံမှုသတင်းကို အတည်ပြုလိုက်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဂျပန်နိုင်ငံကလည်း ၂၀၀၀ ပြည့်နှစ်မှာ ဓာတ်ပေါင်းဖိုကိုင်တွယ်ရေးဆိုင်ရာ ပါရဂူအဆင့် ပညာသင်ဖို့ ပညာတော်သင်တွေ စလက်ခံပေးခဲ့ပါတယ်။ ဂျပန့်အကူအညီနဲ့ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတ က္ကသိုလ်နဲ့ မေမြို့စစ်တက္ကသိုလ်တွေမှာ နျူကလီးယားသိပ္ပံဌာနသစ်တွေ ဖွင့်လှစ်ခဲ့ပါတယ်။

ရုရှားရောက် ပညာတော်သင်

၂၀၀၁ ခုမှာ ပထမအသုတ် ပညာတော်သင် စစ်ဗိုလ် ၁၅၀ ကို စင်းလုံးငှား အယ်ရိုဖလုတ် လေယာဉ်တွေနဲ့ မန္တလေး တံတားဦးလေဆိပ်ကနေ ရုရှားနိုင်ငံကို စေလွှတ်ခဲ့ပါတယ်။ နအဖပညာတော်သင်တွေဟာ ကိုယ်သင် မယ့် ဘာသာရပ်ပေါ်မူတည်ပြီး မော်စကိုနဲ့ စိန့်ပီတာစဘာ့ဂ်မြို့တော်တွေမှာရှိတဲ့ တက္ကသိုလ်နဲ့ သိပ္ပံဌာနအမျိုး မျိုးမှာ တက်ရောက်ပညာသင်ကြပါတယ်။ အဲဒီကျောင်းတွေထဲမှာ ...

မော်စကိုအင်ဂျင်နီယာရူပဗေဒတက္ကသိုလ် MEPHI
မော်စကိုအီလက်ထရွန်းနစ်နည်းပညာတက္ကသိုလ် MIET
မော်စကိုလေကြောင်းနည်းပညာတက္ကသိုလ် MATI
မော်စကိုလေကြောင်းသိပ္ပံ MAI
ဘောမင်းမော်စကိုအစိုးရနည်းပညာတက္ကသိုလ် BMSTU
မော်စကိုအပူနည်းပညာတက္ကသိုလ် MITT
မော်စကိုဆောက်လုပ်ရေးအင်ဂျင်နီယာသိပ္ပံ MISI
မော်စကိုအစိုးရသတ္တုတူးဖော်ရေးတက္ကသိုလ် MSMU စသည်တို့ ပါဝင်ပါတယ်။

MEPHI က နျူကလီးယားသိပ္ပံသင်ပေးပြီး MIET က ဒုံးပျံလမ်းကြောင်းထိန်းပညာ၊ MAI က လေကြောင်းနဲ့ အာကာသ ပညာတွေ၊ MATI က ဂြိုလ်တုလွှတ်နိုင်တဲ့ ဒုံးပျံတည်ဆောက်ရေး နည်းပညာကို သင်ပေးပါတယ်။ ဒါ့အပြင် ဥမင်လှိုင်ခေါင်းတူး ဘာသာရပ်၊ ယူရေနီယမ်သတ္တုတူးဖော်ရေး ဘာသာရပ်နဲ့ ယူရေနီယမ်သတ္တုရိုင်း သန့်စင်ရေး ဘာသာရပ်တွေအတွက် သီးခြားသင်တန်းတွေလည်း ရှိပါတယ်။

ဒီပညာတော်သင်အများအပြားဟာ မပျော်ကြဘူးလို့ အတည်ပြုသတင်း ရထားပါတယ်။ သူတို့ဟာ ရုရှားကို ဇွတ်အတင်း စေလွှတ်ခံရတယ်၊ လစာက တအားနည်းတယ်၊ ရာသီဥတုက ကြမ်းလွန်းလို့ ဒုက္ခရောက်ရတယ်၊ ကျန်းမာရေးစောင့်ရှောက်မှုက ချို့ငဲ့တယ်လို့ သိရပါတယ်။ သူတို့ဟာ မော်စကိုက ဗမာသံရုံးကိုသွားပြီး တိုင် တန်းတင်ပြကြ၊ အိမ်ပြန်ခွင့်ရဖို့ အသနားခံကြပေမယ့် (ထိုစဉ်က) ကကလှမ်းက သူတို့ကို အပတ်စဉ် ညွှန်ကြား ချက်တွေပို့ပြီး သင်တန်းပြီးအောင် တက်ဖို့နဲ့ နိုင်ငံတော်ရဲ့ရည်မှန်းချက် (ဝါ) နျူကလီးယားလက်နက် ထုတ် လုပ်ရေးကို ဖြည့်ဆည်းဖို့ပဲ တိုက်တွန်းခဲ့ပါတယ်။ တခါတော့ (ထိုစဉ်က) နိုင်ငံခြားရေးဝန်ကြီး ဦးဝင်းအောင် ကိုယ်တိုင်လာပြီး ပညာတော်သင်စစ်ဗိုလ်တွေကို ပညာဆုံးခန်းတိုင်သင်ဖို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် သိပ္ပံပညာ ရှင်ရုရှားမတယောက်ကို လက်ထပ်ပြီး ဗမာပြည် ပြန်လာနိုင်သူ ဘယ်သူ့မဆို ဆုချီးမြှင့်ဂုဏ်ပြုမယ်ဆိုတဲ့ ဒုတပ် ချုပ် မောင်အေးရဲ့အမှာစကားကိုလည်း ပါးလိုက်ပါသေးတယ်။

၂၀၀၂ ခုမှာလည်း စစ်ထောက်ချုပ် ဗိုလ်ချုပ်ဝင်းမြင့်နဲ့ ရေတပ်ဦးစီးချုပ်၊ လေတပ်ဦးစီးချုပ်နဲ့ ပို့ဆောင်ရေးဝန် ကြီးတို့ဟာ ရုရှားနိုင်ငံကိုသွားပြီး ဝယ်ထားတဲ့ အမ်အိုင်ဂျီ-၂၉ တိုက်လေယာဉ်တွေကို ဗမာပြည် ပြန်မောင်း လာဖို့အတွက် နအဖ လေတပ်လေယာဉ်မှူး အယောက် ၂၀ သင်တန်းပေးဖို့ကိစ္စ စီစဉ်ခဲ့ပါတယ်။ ဒါ့အပြင် မြန် မာနိုင်ငံအနေနဲ့ လေယာဉ်တင်သင်္ဘောတွေ ရေငုပ်သင်္ဘောတွေဝယ်ဖို့ လို မလိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ ၂၀၀၂ ဇူလိုင်လမှာ နအဖ သိပ္ပံနဲ့နည်းပညာဝန်ကြီး မောင်သောင်း ရုရှားနိုင်ငံကိုသွားပြီး နျူကလီးယားဓာတ် ပေါင်းဖို ဝယ်ယူတည်ဆောက်ရေး သဘောတူစာချုပ် လက်မှတ်ထိုးခဲ့ပါတော့တယ်။

ဓာတ်ပေါင်းဖို တည်နေရာ

ကျနော်တို့ဟာ အရင်ကတော့ ဓာတ်ပေါင်းဖို တည်နေရာကို သပိတ်ကျဉ်းနားက ကျောက်ပုထိုးလို့ ပြောခဲ့ပါ တယ်။ ဒါကို အတည်မပြုနိုင်သေးပေမယ့် နအဖက တည်နေရာလျှို့ဝှက်ထားဖို့ ကြိုးစားတဲ့အကြောင်း နောက် ထပ်သတင်းတွေ ရခဲ့ပါတယ်။ ဓာတ်ပေါင်းဖိုတည်ဆောက်ဖို့ ပညာရပ်သင်တန်းတက်ထားတဲ့ ပညာရှင်တွေ တောင် စက်ရုံတည်နေရာကို သိခွင့်မရကြပါဘူး။ ၂၀၀၆ ဇွန်လမှာတော့ သတင်းပေါက်ကြားမှုတခုဖြစ်ခဲ့ပြီး စီမံ ကိန်းမှာပါတဲ့ အရာရှိတွေ နေပြည်တော်ခေါ်ပြီး စစ်ကြောမေးမြန်းခံခဲ့ရပါတယ်။ အဲဒါကတော့ ဘာတင်းလ်လစ် တနာရဲ့ ၂၀၀၆ ဇူလိုင်ထုတ် အာရှတိုင်းမ် ဆောင်းပါးကြောင့် ဖြစ်ပါတယ်။ လစ်တနာက မကွေးမြို့ အရှေ့ဘက် က နတ်မောက်မြို့နားမှာ မြောက်ကိုးရီးယားပညာရှင်တွေ တွေ့ခဲ့တယ်လို့ သတင်းရေးခဲ့လို့ ဖြစ်ပါတယ်။

အခုတော့ ဒီ ၁၀ မီဂါဝပ် ဓာတ်ပေါင်းဖိုကို မကွေးတိုင်း မြိုင်မြို့နယ်ထဲမှာ တည်ဆောက်ခဲ့တယ် (သို့မဟုတ်) တည်ဆောက်ဖို့ရည်ရွယ်ခဲ့တယ်လို့ ကျနော်တို့ သိရပါပြီ။ ဒါ့အပြင် ဒီဓာတ်ပေါင်းဖိုဟာ ရေလေး heavy water ကို သုံးမှာဖြစ်တယ်၊ ဒါကြောင့် ပလူတိုနီယမ် အဆင့်ထိ ထုတ်နိုင်မယ်ဆိုတာလည်း သိရပါတယ်။

ဒါကြောင့် အခုဆိုရင် ဖြစ်နိုင်တဲ့ ဓာတ်ပေါင်းဖိုစက်ရုံနေရာ နှစ်ခုရှိနေပါတယ်။ အဲဒါတွေကတော့ မြိုင်မြို့နယ်နဲ့ ကျောက်ပုထိုးတို့ပဲ ဖြစ်ပါတယ်။ အခုလို ကွဲပြားနေရတဲ့ အကြောင်းတခုကတော့ နအဖဟာ နဂိုမူလက စက်ရုံ ကို မကွေးဒေသမှာတည်ဖို့ စီစဉ်ခဲ့ပေမယ့် ဧရာဝတီမဂ္ဂဇင်းက ဖော်ပြခဲ့သလို ငလျင်စက်ကွင်းဖြစ်နေလို့ အစီအ စဉ် ပြောင်းလိုက်တာ ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မကွေးဒေသဟာ ဖြစ်နိုင်ခြေတခု ဖြစ်မြဲဖြစ်နေပြီး သ ပိတ်ကျဉ်းမှာဖြစ်ဖို့တော့ အင်မတန် အလားအလာ များနေပါတယ်။

ယူရေနီယမ် လှုပ်ရှားမှုများ

ဗမာပြည်ရဲ့ ယူရေနီယမ်သတ္တုသိုက်တွေနဲ့ ပတ်သက်လို့ အရင်သတင်းတွေကို အတည်ပြုပေးတဲ့ နောက်ထပ် အချက်အလက်တွေ ထပ်ထွက်လာပါတယ်။ စီးပွားရေးအရ တွက်ခြေကိုက်တဲ့ ယူရေနီယမ်သတ္တုရိုင်းဟာ ကျောက်ဖြုံး၊ ဖောင်းပြင်နဲ့ ကျောက်ဆင့်ဒေသတွေမှာ ရှိနေပါတယ်။ ဒါ့အပြင် တနင်္သာရီတောင်ပိုင်း၊ ကရင်နီ ပြည် (လွိုင်ကော်ဒေသ)၊ ကချင်ပြည် မိုးညှင်းနဲ့ ရှမ်းပြည် တောင်ကြီး အနောက်ဖက်တွေမှာလည်း ယူရေနီယမ် စမ်းသပ်ရှာဖွေနေပါတယ်။ ယူရေနီယမ်သတ္တုရိုင်း ကြိတ်ခွဲမှုကိုတော့ သပိတ်ကျဉ်းမှာ လုပ်ဆောင်နေပါပြီ။ ဒါ့ အပြင် ကြိတ်ခွဲပြီး ယူရေနီယမ် (အဝါရောင် ကိတ်မုန့်) ကို ယူ-၂၃၅ အဆင့်ရောက်အောင် သန့်စင်မြှင့်တင်ဖို့ လုပ်ငန်းစဉ်တခုကိုလည်း သပိတ်ကျဉ်းမှာ စလုပ်နေပြီလို့ သတင်းရပါတယ်။ အခုအခါမှာ ဒီသပိတ်ကျဉ်းမှာ လုပ်နေတာအားလုံးကို နျူကလီးယားတပ်ရင်း ၁ လို့ ရည်ညွှန်းသုံးစွဲနေပြီ ဖြစ်ပါတယ်။

၂၀၀၆ ခု နှစ်ဦးပိုင်းတုန်းက အဝါရောင်ကိတ်မုန့်ကို မြောက်ကိုးရီးယားနိုင်ငံကို ရောင်းချခဲ့တဲ့အကြောင်း အ တည်ပြု သတင်းရခဲ့ပါတယ်။ ၂၀၀၆ ဇူလိုင်မှာတော့ စစ်အစိုးရဟာ မြောက်ကိုးရီးယားဆီကနေ ယူရေနီယမ် သန့်စင်အဆင့်မြှင့်ရာမှာ သုံးဖို့နဲ့ ပလူတိုနီယမ် ထုတ်လုပ်ရာမှာပါ သုံးဖို့ နျူကလီးယားဓာတ်လှုံ့ကရိယာတွေ ဝယ်ယူခဲ့ပါတယ်။ ဒီစက်ကရိယာအကြောင်းကို ကျနော်တို့ တိတိကျကျ မသိသေးပေမယ့် တခြားသတင်းအ ချက်အလက်တွေအရ အများကြီးဖြစ်နိုင်တာကတော့ စင်ထရီဖျူ့ဂ်ျ (ဗဟိုဆွဲအား ကရိယာ) တွေ ပါဝင်ပါလိမ့် မယ်။ မြောက်ကိုးရီးယားနျူကလီးယားပါရဂူ အနည်းဆုံး တယောက်လောက်ကတော့ အခုသပိတ်ကျဉ်းမှာ အ လုပ်လုပ်နေပါတယ်။

နောက်ထပ်အတည်ပြုနိုင်တဲ့ သတင်းကတော့ လွန်ကျော်နားက စကျင်တောင်မှာ နျူကလီးယားနဲ့ ဆက်နွယ် နေတဲ့ စစ်ဘက်သုတေသနဌာနတခု တည်ဆောက်ခဲ့ခြင်း ဖြစ်ပါတယ်။ လွန်ကျော်ဒေသမှာလည်း နျူကလီး ယားတပ်ရင်း တရင်းထားတယ်လို့ သတင်းရထားပါတယ်။ ကျောက်ဆည်မြို့နယ်မှာတော့ အရပ်ဘက် သုတေ သနဌာနတခု ဖွင့်ထားပါတယ်။ မေမြို့မှာလည်း ရုရှားနျူကလီးယား ပါရဂူတွေက ပြည်တော်ပြန်လာတဲ့ ပညာ တော်သင်တွေကို မွမ်းမံသင်တန်းတွေ ပေးနေပါတယ်။

စစ်ဘက်ခေတ်မီရေးနဲ့ နေပြည်တော်ကာကွယ်ရေး

နအဖဟာ ခေတ်မှီလက်နက်တွေ ဝယ်ယူရရှိဖို့နဲ့ မိမိရဲ့လက်နက်ကိုင်တပ်တွေကို ခေတ်မီအောင်လုပ်ဖို့ အကြီး အကျယ် ကြိုးစားနေပါတယ်။ အဲဒီလုပ်ဆောင်ချက်တွေထဲက ထူးထူးခြားခြား ဝယ်ယူမှုတွေကို အောက်ပါအ တိုင်း ဖော်ထုတ်သိရှိရပါတယ်။

၂၀၀၂ ခုမှာ နအဖဟာ မြောက်ကိုးရီးယားနိုင်ငံက ၁၂၂ မမ ဟောင်ဝစ်ဇာအမြောက်ကြီးတွေ ဝယ်ခဲ့ပါတယ်။ တရုတ်နိုင်ငံမြောက်ပိုင်း စက်မှုကော်ပိုရေးရှင်းဆီက လေတပ်သုံး အကြီးစားရေဒါ ၁၅ ခု ဝယ်ခဲ့ပြီး မင်္ဂလာဒုံ လေတပ်စခန်း၊ နမ့်စန်လေတပ်စခန်း၊ ရခိုင်ပြည် အမ်းမြို့နယ် နတ်ရေကန်တောင်ထိပ် ရေဒါစခန်း၊ ဟိုင်းကြီး ကျွန်း ရေဒါစခန်း၊ ကိုကိုးကျွန်း ရေဒါစခန်းတို့မှာ တပ်ဆင်နေရာချခဲ့ပါတယ်။ ပင်လယ်ပြင်နဲ့ ကမ်းခြေလုံခြုံရေး အတွက်လည်း ဧရာဝတီတိုင်းထဲက ပြင်ဝိုင်း၊ တိတ်စွန်းနဲ့ တာပင်မှော်ကျွန်းများ၊ ရခိုင်ပြည်ထဲက ကျွန်းသာယာ၊ မေယု၊ မာန်အောင်နဲ့ နံ့သာကျွန်းများ၊ တနင်္သာရီတိုင်းထဲက ကျွန်း (၈) ကျွန်းတို့မှာ ရေတပ်သုံးရေဒါတွေ တပ် ဆင်ခဲ့တယ်။ နအဖဟာ ရုရှားနိုင်ငံကနေ ၂၀၀၂ ခုထဲမှာပဲ အမ်အိုင်ဂျီ -၂၉ (၁၀)စီးဝယ်ခဲ့ပြီး ၂၀၀၅ ဖေဖော်ဝါရီ မှာ ဒုံးပျံပစ်စင်တွေနဲ့ ဒုံးပျံတင် ထရပ်ကားတွေ၊ ၂၀၀၆ နိုဝင်ဘာမှာ ၁၂၂ မမ ဒုံးပျံတွေနဲ့ ၂၄၀ မမ ဒုံးပျံတွေ ဝယ်ခဲ့ပါတယ်။

နအဖဟာ ရေတပ်က စစ်ဗိုလ်တွေကို အိန္ဒိယနဲ့ ရုရှားနိုင်ငံတွေမှာ သင်တန်းတက်ခိုင်းထားပါတယ်။ အိန္ဒိယမှာ သင်္ဘောပုံစံတုနဲ့ လေ့ကျင့်ရေး Ship Simulator သင်တန်း၊ ရုရှားမှာ ရေပြင်မှရေပြင် အမြောက်ပစ်နဲ့ ဒုံးကျည် ပစ်သင်တန်းတွေ တက်ရပါတယ်။ ၂၀၀၇ စက်တင်ဘာမှာ နအဖဟာ သင်္ဘောပစ်ဒုံးကျည်ပစ်စင် (၂၈) ခုနဲ့ တ ကွ ဆက်စပ်ဒုံးကျည်တွေကို အသုတ်လိုက်ခွဲ ဝယ်ခဲ့ပါတယ်။ အိန္ဒိယနဲ့ တရုတ် နှစ်နိုင်ငံစလုံးက ဗမာပြည်ကို လက်နက်တွေ ရောင်းလည်းရောင်း၊ ပေးလည်းပေးနေပါတယ်။

၂၀၀၇ ခုမှ အိန္ဒိယနိုင်ငံက နအဖကို ၇၆ မမ နဲ့ ၇၅ မမ တောင်ပေါ်ပစ် အမြောက်တွေနဲ့ လေကြောင်းရန် ကာ ကွယ်ရေး တပ်ရင်း (၁၀) ရင်းအတွက် ၁၂၀ မမ လေယာဉ်ပစ် အမြောက်တွေ ပေးခဲ့ပါတယ်။ ၂၀၀၀ ခုမတိုင် ခင်က မြန်မာနိုင်ငံမှာ အမြောက်စခန်းဌာနချုပ် (ဝါ) အမြောက်တပ်မ (၂) ခုပဲ ရှိခဲ့ပါတယ်။ ၂၀၀၄ ခုရောက်တဲ့ အခါမှာတော့ အမြောက်တပ်မ (၁၀) ခုနဲ့ ဒုံးပျံတပ်မ (၁) ခုအထိ တိုးချဲ့ခဲ့ပါတယ်။

စစ်ရုံးချုပ်ကို ပျဉ်းမနားရွှေ့ပြီးတဲ့နောက် တိုင်းစစ်ဌာနချုပ်တွေနဲ့ ဆက်သွယ်ဖို့ ဖိုင်ဘာအော့ပ်တစ် (အလင်းဖန် မျှင်) ကြိုးတွေ အသုံးပြုခဲ့ပါတယ်။ နေပြည်တော်ကာကွယ်ရေးစည်းကြောင်း၊ ရန်ကုန်တိုင်းက ရေဒါစခန်းတွေ၊ လေတပ်စခန်းတွေ၊ ရေတပ်စခန်းတွေ စသည်ဖြင့် မဟာဗျူဟာကျတဲ့ နေရာတွေကို ဆက်သွယ်ဖို့ ဂွင်ကျယ် ကွန်ယက် WAN တခုကို သုံးပါတယ်။ ဒါ့အပြင် ပျဉ်းမနားကာကွယ်ရေးအတွက် စကခ ၆ ရဲ့တပ်ရင်း (၁၀) ရင်းကို ဒေသထဲမှာ ချထားပါတယ်။ ပဲခူးရိုးမနဲ့ တဆက်တစပ်တည်းဖြစ်တဲ့ ပျဉ်းမနားတောင်ညိုမှာ လေယာဉ် ပစ်တပ် ရင်းတရင်းထားပြီး နောက်လေယာဉ်ပစ် တပ်ရင်းတရင်းကိုတော့ ဝဲကြီးနဲ့ သာဝတ္ထိအရှေ့ဘက်မှာ ချ ထားပါတယ်။ လေယာဉ်ပစ် ဒုံးကျည်တချို့ကိုလည်း ပျဉ်းမနားမြို့ပေါ်မှာ အခြေစိုက်ထားပါသေးတယ်။ နေ ပြည်တော်အတွက် အပိုဆောင်းလုံခြုံရေးအဖြစ် သံချပ်ကာ တပ်ရင်း (၂) ရင်းကို ပျော်ဘွယ်နဲ့ ပျဉ်းမနားကြား မှာ တပ်ချထားပြီး အမြောက်တပ်ရင်း (၃) ရင်းနဲ့ အမြောက်စခန်းဌာနချုပ် အမှတ် ၉၀၁ ကို ပဲခူးတိုင်း ဘော နက်ကြီး -ဘုရားကြီးဒေသမှာ ချထားပါတယ်။

အချက်ပြဆက်သွယ်မှု လုံခြုံရေးအတွက် နအဖဟာ မိမိကိုယ်ပိုင် ဝါယာလက် (ကြိုးမဲ့) ဆက်သွယ်ရေးစနစ် တွေ ဖော်ထုတ်နေပါတယ်။ ၂၀၀၆ ခု မတိုင်ခင်က XD-D6M ဆက်သွယ်ရေးစက်တွေကို သုံးခဲ့တယ်။ ဒီစက် တွေဟာ လှိုင်းနှုန်း .၀၁ မီတာကနေ ၉၉ မီတာအထိ လွှင့်နိုင် ဖမ်းနိုင်ပြီး ဆက်သွယ်မှုကို အလွယ်တကူ ကြားဖြတ်ဖမ်းယူလို့ ရနိုင်ပါတယ်။ အဲဒါကြောင့် နအဖဟာ တပ်မတော်ပင်မဆက်သွယ်ရေး အလုပ်ရုံကို စက်ကရိယာသစ်တွေ ထုတ်လုပ်ပေးဖို့ ညွှန်ကြားခဲ့ပါတယ်။ ၂၀၀၆ ခုမှာတော့ ပင်မဆက်သွယ်ရေးအလုပ်ရုံက တရုတ်နည်းပညာ အကူအညီနဲ့ ကြိုးမဲ့ဆက်သွယ်ရေးစက် အသစ်တမျိုး ထုတ်လုပ်ခဲ့ပါတယ်။ ဒါကို 2006M1 လို့ ယာယီနာမည်ပေးထားပါတယ်။ စက်အသစ်တွေဟာ လှိုင်းနှုန်း .၀၀၀၀၁ မီတာကနေ .၀၀၀၀၉ မီတာအထိ ထုတ်လွှင့်နိုင်ပါတယ်။ ဒီစက်သစ်တွေနဲ့ ပို့လွှတ်တဲ့ သတင်းတွေကို ကြားဖြတ်ဖမ်းဖို့ အတော့်ကို ခက်ခဲတယ်လို့ ကြားရပါတယ်။

နအဖဟာ ၇၆ မမ နဲ့ ၁၂၀ မမ အမြောက်တွေ၊ မော်တာတွေ၊ ၂၅ ပေါင်ဒါအမြောက်နဲ့ ၁၀၅ မမ ဟောင်ဝစ်ဇာ အမြောက်တွေအတွက်လည်း ကိုယ်တိုင်ချိန်ရွယ်ပစ်ခတ်တဲ့စနစ်ကို အစားထိုးဖို့ ကွန်ပျူတာဆော့ဖ်ဝဲ တီထွင် ဖော်ထုတ်နေပါတယ်။ မြေပြင်ကရော ဝေဟင်ကပါ အကဲခတ်စနစ်တွေအတွက် ဆော့ဝဲသုတေသနကိုလည်း ဆောင်ရွက်နေပါတယ်။

ကပစ ၁၆ နဲ့ ၁၉ ကို အကြီးအကျယ် ပြန်လည်မွမ်းမံပြင်ဆင်ပစ်လိုက်ပြီး အပိုပစ္စည်းတွေ ထုတ်လုပ်နိုင်အောင် လုပ်ထားပါတယ်။ (တရုတ်လက်နက်နဲ့ ရုရှားလက်နက်တွေဟာ အပိုပစ္စည်းတွေနဲ့ ပုံမှန်အစားထိုးလဲလှယ်ဖို့ လိုတဲ့ နာမည်ပျက်ရှိပြီး အပူပိုင်းရာသီဥတုမှာ လက်နက်တွေကလည်း ပိုပျက်စီးယိုယွင်းလွယ်ပါတယ်။) တာ လတ်ပစ်ဒုံးပျံတွေ ထုတ်လုပ်နိုင်ဖို့ နအဖဟာ တရုတ်နဲ့ မြောက်ကိုးရီးယားပါရဂူတွေနဲ့ ကပစ ၁၄ ကို ပြင်ဆင် မွမ်းမံခဲ့ပါတယ်။ ကပစ ၁၄ ကို ၂၀၀၀ ပြည့်နှစ်မှာ မကွေးတိုင်း ငဖဲမြို့နယ်မှာ တည်ဆောက်ခဲ့ပြီး အခု လည် ပတ်ထုတ်လုပ်နေပြီလို့ ယူဆရပါ တယ်။ အဲဒီစက်ရုံမှာ ခန့်မှန်းခြေအားဖြင့် စစ်အင်ဂျင်နီယာ ၃၀၀၀ လောက် အလုပ်လုပ်နေပါတယ်။ (မှတ်ချက်။ ။ အရင်က နအဖအနေနဲ့ တာလတ်ပစ်ဒုံးပျံတွေ ထုတ်လုပ်နိုင်ဖို့ ငါးနှစ် လောက်ကြာဦးမယ်လို့ ကျနော်တို့ ခန့်မှန်းခဲ့ပါတယ်။ ဒါပေမယ့် အဲဒါက ရုရှားလုပ် ပဲ့ထိန်းဒုံးပျံတွေကို ဆိုလို တာဖြစ်လို့ သီးခြားစီမံကိန်း ဖြစ်နိုင်ပါတယ်။)

နိဂုံး

နအဖအနေနဲ့ နျူကလီးယားလက်နက်တွေကို သဲကြီးမဲကြီး ကြိုးပမ်းနေတာဟာ (တခြားစီမံကိန်းကြီးတွေ လည်း ရှိသေးတယ်) ထိုင်းနိုင်ငံခေါင်းဆောင်တွေနဲ့ တကမ္ဘာလုံးက အထူးစိုးရိမ်ပူပန်သင့်ပါတယ်။ ထိုင်းအစိုးရ နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက စစ်အုပ်စုအပေါ် ချော့မြှူရေးပေါ်လစီ ကျင့်သုံးနေတာကို လုံးဝပြောင်းပြန်လှန် ပစ်ဖို့လိုပါတယ်။ နအဖဟာ အဆိုးဆုံးအန္တရာယ်ကြီးဖြစ်ပါတယ်။ ဒါကို ရပ်တန့်ပစ်ရပါမယ်။ ရုရှားနဲ့ တရုတ်ဗီတို အာဏာတွေပါနေတဲ့ လုံခြုံရေးကောင်စီဟာ ကိုင်တွယ်နိုင်စွမ်းမရှိတဲ့အတွက် တခြားရွေးစရာ ဖြေရှင်းချက် ရှိရပါမယ်။ တကယ့်လက်တွေ့ ဖြေရှင်းနိုင်တာက အမေရိကန်တခုပဲရှိပြီး သူ့တနိုင်ငံတည်းကဖြစ်စေ သို့မဟုတ် တခြားစိုးရိမ်ပူပန်တဲ့ နိုင်ငံတွေနဲ့ (ထိုင်းနိုင်ငံ?) ပူးတွဲ၍ဖြစ်စေ မြန်မာနိုင်ငံက ပြည်သူတွေ မိမိတို့ဘာသာလွတ် မြောက်အောင် ကြိုးပမ်းနေတာကို ကူညီပေးဖို့ လမ်းတခုပဲရှိပါတယ်။ အဲဒီအတွက် လိုအပ်သမျှ ဘာနည်းလမ်း ပဲဖြစ်ဖြစ် အသုံးပြုရမှာ ဖြစ်ပါတယ်။

ဂါမဏိ

ရည်ညွှန်း ။ ။ အာဏာရှင်စောင့်ကြည့်ရေးအဖွဲ့ Dictator Watch မှ Roland Watson ရေး ၂၀၀၈ သြဂုတ် ၇ ရက်စွဲပါ ရုရှား-မြန်မာ နျူကလီးယားထောက်လှမ်းချက် အစီရင်ခံစာ
(ဒေါက်တာလွမ်းဆွေဘလော့မှကူးယူဖေါ်ပြသည်။)

သတင်းပဒေသာ



- အဓိကရုဏ်းနှိမ်နင်းရန် ရန်ကုန်မှာ အရန်ရဲတပ်ဖွဲ့များ စတင်ဖွဲ့စည်း၊ ရန်ကုန်မြို့ပေါ်တွင် လုံခြုံရေးများတိုးချ ထား click
- ထောင်ဒဏ် (၆၅) နှစ်စီချမှတ်ခံရသည့် ၈၈ ကျောင်းသားများအပေါ် နောက်ထပ် ထောင်ဒဏ်ဆက်ချဖို့ အလားအလာရှိ click
- သံဃာ့အရေးအခင်းနောက်ပိုင်း လူငယ်များ ဘာသာရေးကို အာရုံစိုက်၊ ပြည်တွင်း မျိုးဆက်သစ်ကျောင်း သားများအသင်း ဘာသာရေး၊ လူမှုရေးလုပ်ငန်းများ လုပ်ကိုင် click
- နေပြည်တော် သီရိရတနာအဆင့်မြင့်ဈေးမှာ ဆိုင်ခန်းဝယ်မည့်သူမရှိ click
- ထိုင်း-မြန်မာနယ်စပ် မဲဆောက်မှာ လွိုင်ကထုံး အလှမယ်ရွေးချယ်ပွဲ ကျင်းပ၊ မြ၀တီမြို့မှ မေဖူးဝေ ပထမဆု ဆွတ်ခူး click
- နေပြည်တော်မှာ ရှုပ်ကုန်ပြီ (ဆောင်းပါး) click
- ၂၀၁၀ ရွေးကောက်ပွဲအတွက် အပစ်အခတ်ရပ်စဲရေးအဖွဲ့များကို စစ်အစိုးရ မဟာမိတ်ဖွဲ့တော့မလား (သတင်း သုံးသပ်ချက်) click
- အန်အယ်လ်ဒီပါတီဝင်များကို ထောင်ဒဏ်များ ချမှတ် click
- ကရင်ပြည်နယ်မှ သစ်များကို ဦးတေဇ ကုမ္ပဏီက ထုတ်လုပ်မည် click
- ကမ်းရိုးတန်းသုံး ဖုန်းများ ရန်ကုန်တွင် အသုံးပြုမှု တွင်ကျယ် click
- မြန်မာနိုင်ငံသား အများအပြား ဘင်္ဂလာဒေခ်ျ့တွင် ဖမ်းဆီးခံရ click
- ကျောင်းသားခေါင်းဆောင်အတွက် မိခင်က ဂုဏ်ယူ click
- ဒီကေဘီအေစခန်းကို ကေအန်ယူက သိမ်းပိုက် click
- မပြေလည်မှုများကို ဖြေရှင်းနိုင်မည်ဟု အဖွဲ့ချုပ်တောင်ကြီး ယုံကြည် click

- ထောင်ဒဏ်နှစ်ရှည်ချမှတ်မှု အမေရိကန် ရှုတ်ချ click
- မြန်မာနိုင်ငံမှ နှစ်ရှည်ထောင်ဒဏ်များ ဘန်ကီမွန်း စိုးရိမ် click
- အငြင်းပွားနေတဲ့ ရေပိုင်နက်ကိစ္စ ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်ဖက် နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေး click
- တောင်ကိုရီးယားနဲ့ နယ်စပ်ကူးသန်းမှုတွေ ပိတ်ပင်မယ်လို့ မြောက်ကိုရီးယားက သတိပေး click
- ထောင်ချအပြစ်ပေးမှုများနဲ့ စစ်အစိုးရ ပြုပြင်ပြောင်းလဲမှု (မျက်မှောက်ရေးရာ အစီအစဉ်) click
- သက်သေများကို မမှန်မကန် ထွက်ဆိုခိုင်းမှုရှိကြောင်း မျက်မြင်များ ပြောကြား click
- နိုင်ငံရေးလှုပ်ရှားသူများ၏ မိခင်နှင့် ဆက်သွယ်မေးမြန်းချက် click
- သံဃာ ၅ ပါး အပါအဝင် ၃၉ ဦးကို ပုဒ်မအမျိုးမျိုးဖြင့် ထောင်ဒဏ်များချမှတ် click
- မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် ထားရန် သမတဘုရှ် အဆိုပြု click
- မတန်တဆ ကြီးလေးသော ထောင်ဒဏ်များ ချမှတ်ခြင်းကို ဗြိတိသျှအစိုးရ ရှုတ်ချ click
- လွတ်မြောက်ရေးဆုတောင်းပေးနေကြစဉ် နိုင်ငံရေးအကျဉ်းသား ထပ်တိုး click
- မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်ဖက်ကြည်းတပ်များ ကတုတ်ကျင်းတူး ရင်ဆိုင်ထား click

ကာတွန်း ဟန်လေး (www.shanland.org)
- အမေရိကန်သမ္မတ၏ မြန်မာပြည်ဆိုင်ရာကိုယ်စားလှယ် ပထမဆုံးစတင်ခန့်မည် click
- မတရားသည့် တရားစီရင်ချက်များရပ်ရန် ဆန္ဒပြတောင်းဆို click
- မယုံကြည်နိုင်ဖွယ် ဥပဒေမဲ့ စီရင်ချက်များကြောင့် တုန်လှုပ်ကြရ၏ click
- ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များကို ထောင်ဒဏ် ၆၅ နှစ်စီ ချမှတ်၊ မစုစုနွေး၊ ဧရာဝတီတိုင်းမှ လူငယ်များနှင့် ကိုဝင်းမော်(ရွှေသံစဉ်) တို့ကိုလည်း စီရင်ချက်ချ click
- ကဗျာဆရာစောဝေကို ထောင်ဒဏ်ချမှတ် click
- ဘလော်ဂါ နေဘုန်းလတ်ကို ထောင်ဒဏ်နှစ် ၂၀ ကျော် ချမှတ် click
- မင်းသားကြီး ဦးထွန်းဝေ (ဘီဘီစီ အသံလွှင့်ဆောင်းပါး) click
- အမေရိကန်ရဲ့ ဘဏ္ဍာရေးဆိုင်ရာ ကူညီရေးအစီအစဉ် click
- မြန်မာအစိုးရ တရားစီရင်မှုအပေါ် နိုင်ငံတကာက ဝေဖန် click
- ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်သားတွေ ထပ်မံတောင်းဆို click
- ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါး (အပိုင်း - ၂၂၉) click

- U.S. "strongly condemns" lengthy Myanmar sentences click
- Aung San Suu Kyi and western intervention in Burma click
- UN Chief Urges Release Of Myanmar Political Prisoners click
- Agreement on Visa Free System Signed between DPRK and Myanmar click
- Myanmar to add one more border trade point with Bangladesh click
- Olympic squad loses to Malaysia in Myanmar click