12.23.2009

Burma's News World's News


Map of Iran

Iranian Opposition: Security Forces Clash With Protesters in Central Iran

Opposition Web sites say security forces cracked down Wednesday on rallies in memory of Grand Ayatollah Montazeri

Grand Ayatollah Hoseyn Ali Montazeri in October 2008
Police and opposition supporters clash in Iran during a memorial for a leading dissident cleric, opposition websites say.

Colombian governor's body found
Colombian President Alvaro Uribe accuses rebels of killing a regional governor, less than a day after they kidnapped him.

Plane overshoots Jamaica runway
More than 40 people are hurt as an American Airlines plane overshoots a runway in Kingston, Jamaica, officials say.

Russia to Sell 20 MiG-29 Fighters to Burma

By THE IRRAWADDY
Russia is to supply Burma with a further 20 MiG-29 jet fighters, according to the news agency Agence France-Presse, quoting the Russian daily Kommersant.

Nyi Nyi Aung Tortured: Feedom Now

By LALIT K JHA
Freedom Now have accused Burmese authorities of torturing detained US citizen Nyi Nyi Aung.

Ethnic Media Groups Eye FM Radio

By LAWI WENG
FM radio is seen as the most effective medium to educate ethnic groups about the 2010 election, say ethnic media groups.

Villagers Ordered to Attend Kachin Dam Opening

By THE IRRAWADDY
Kachin villagers whose land will be flooded are pressed to attend the opening ceremony for Myitsone Dam on the Irrawaddy River.

Report:Weapons Flight Heading to Iran

By THE ASSOCIATED PRESS
The flight plan for an aircraft seized in Thailand with a load of illicit North Korean arms and ammunition shows that the mysterious plane was headed to Iran, a new report from arms trafficking researchers says.
Financial crisis hurts garment industry in Burma
Burma’s garment industry in industrial zones is on a downhill slide due to ...
Elder brother objects to renovation of Suu Kyi’s home Aung San Oo, elder brother of Aung San Suu Kyi, has objected to the renovation of ...
Foreign tourists prohibited from Naga festival Foreign tourists have been prohibited from attending the Naga New Year ...
Revival of delta mangroves begins

Dec 23, 2009 (DVB)–In a bid to rejuvenate Burma’s cyclone-stricken Irrawaddy delta, a Burmese environmental group is replanting swathes of mangrove forests and boosting the breeding of salt water fish. - more


Suu Kyi’s brother lodges house complaint

Dec 23, 2009 (DVB)–Burma opposition leader Aung San Suu Kyi’s proposal to renovate her Rangoon house-cum-prison has been met with resistance from her estranged brother, who claims part-ownership. - more


Russia to deliver 20 fighter jets to Burma

Dec 23, 2009 (AFP)–Russia has signed a contract to deliver 20 MiG-29 fighter planes to military-run Burma, the Russian daily Kommersant reported Wednesday. - more


Pro-junta activists hospitalized after attack

Dec 23, 2009 (DVB)–Five members of a pro-government political group in Rangoon have been hospitalized after an attack by another proxy government organization, with both sides now pressing charges. - more

စီးပွားရေးပညာရှင်နှင့် တို့ “နိုင်ငံတော်“

E-mail Print
မြန်မာနိုင်ငံသို့ စီးပွားရေးဆိုင်ရာ အကြံဉာဏ်များပေးရန် လာရောက်ခဲ့သော ကမ္ဘာကျော်စီးပွားရေး နိုဗဲလ်ဆုရှင် ပါမောက္ခ ဂျိုးဇက် စတစ်ဂလစ် စင်ကာပူသို့ မသွားခင်တရက် နာမည်ကျော် ပုဂ္ဂိုလ်ကြီး ၂ ဦးနှင့် လမ်းဘေး လက်ဖက်ရည်ဆိုင်တွင် သီးသန့် တွေ့ဆုံသွားသည်ကို မည်သူ တဦးတယောက်မှ ရိပ်မိလိုက်ခြင်းမရှိပေ။

ချိုကုပ်။ ။ ကဲ … ဆို … ဘာကိစ္စ။ ခင်ဗျားက ကျုပ်နဲ့ ဦးရုက္ခစိုးကို တွေ့ပြီး ဘာလုပ်မှာလဲ။

စတစ်ဂလစ်။ ။ ဘာမှ မလုပ်ပါဘူးဗျာ၊ ကျနော် နားမလည်တာလေးတွေ မေးမလို့ပါ။ ဦးရုက္ခစိုးပါ ခေါ်ရတာကတော့ … တော့ ...။

ချိုကုပ်ဒူးကြီးက စတစ်ဂလစ်စကားမဆုံးခင် “ကျုပ်တို့ မြန်မာနိုင်ငံ စီးပွားရေးကို ခင်ဗျားဉာဏ်လေး တထွာတမိုက်နဲ့ မမီဘူး မဟုတ်လား။ ထင်သားပဲ” ဟု ဖြတ်ပြောလိုက်သည်။

ရုက္ခစိုး။ ။ ဒါနဲ့များတောင် နေပြည်တော်က ဆွေးနွေးပွဲမှာ ဖွံ့ဖြိုးတိုးတက်ဖို့ အလားအလာရှိတယ် ဘာညာနဲ့ ပြောသွားသေး တယ်နော်။

စတစ်ဂလစ်။ ။ အဟီး၊ ကျနော်လည်း မြန်မြန်ပြီး၊ ပြီးရောဆိုပြီး ပြောခဲ့တာ။ ကြောက်တယ်လေဗျာ၊ ဆွေးနွေးပွဲလာတဲ့ ချိုကုပ်တွေက ဘာတွေ လိုက်မှတ်နေမှန်းမှ မသိတာ။

ချိုကုပ်။ ။ သြော် ဒါလား၊ အဲဒါမကြောက်ပါနဲ့။ သူတို့ကို လိုက်မှတ်ရမယ်ဆိုလို့ မှတ်ချင်ယောင် ဆောင်နေကြတာ။ သူတို့လည်း ခင်ဗျားပြောတာ ဘာမှနားမလည်ပါဘူး။

စတစ်ဂလစ်။ ။ ထင်တော့ထင်ပါတယ်။ ခင်ဗျားတို့ လယ်သမားတွေအတွက် လုပ်ပေးနေတယ်ဆိုတာလေးသိချင်လို့ ရှင်းပြပါလား။

ချိုကုပ်။ ။ သြော် … လယ်သမားတွေအတွက်ကတော့ စိုက်သမျှ တို့ရိတ်သိမ်းရမယ်ဆိုတဲ့ မူနဲ့သွားနေတာ၊ တော်တော်လေး အောင်မြင်ပါတယ်။

ရုက္ခစိုး။ ။ စိုက်သမျှ တို့ရိတ်သိမ်းရမယ် ဆိုတာက … လယ်သမားတွေက စိုက် စစ်တပ်ကရိတ်သိမ်း။ ဟုတ်တယ် မဟုတ်လား။

ချိုကုပ်။ ။ စစ်တပ်ကရိတ်သိမ်းတယ် မပြောနဲ့၊ နိုင်ငံတော်က ရိတ်သိမ်းတာပါ။ မျိုးမျိုးမြတ်မြတ်လေး ကျန်အောင် အပြတ်ရိတ်ပြီး အမြတ်တွေကိုကြိတ်တာ၊ တကယ် အောင်မြင်တယ်နော်။

စတစ်ဂလစ်။ ။ မှတ်သားလောက်ပါပေတယ်။ သူတို့ စပါးစိုက်ဖို့ အရင်းအနှီးကျတော့ ဘယ်လိုလုပ်လဲ။

ချိုကုပ်။ ။ ဒါက အမတော်ကြေး ထုတ်ပေးတယ်လေ။ အတိုးက ၇ ကျပ်ကနေ ၁၀ ပဲယူတာပါ။

စတစ်ဂလစ်။ ။ ဟ … ဟ … အဲဒီလောက်နှုန်းက အရမ်းများတာလေ။ ကမ္ဘာမှာ ဘယ်သူမှ မယူတဲ့နှုန်းဗျ၊ သူတို့အတွက် ဘယ်ကိုက်မလဲ။

စတစ်ဂလစ် မျက်ဖြူလန်မလို ဖြစ်သွားသောကြောင့် ဦးရုက္ခစိုးက အသင့်ပါလာသော နှာရှုဘူးဖြင့် နှာခေါင်းကို တေ့ပေး လိုက်ရသည်။

ချိုကုပ်။ ။ များလို့လား၊ ကျုပ်တို့စစ်တပ်အတွက်တော့ အဲ နိုင်ငံတော်အတွက်တော့ နည်းတောင်နည်းနေသေးတယ်။ ဈေးထဲက ငွေတိုးချေးစားတဲ့ သူတွေဆို အပေါင်ပစ္စည်းမပါရင် ၂၀ တိုးဗျ။

ဦးရုက္ခစိုးက “အင်း … သူ့အမတော်ကြေးက အချွန်နဲ့မတဲ့ အမတော်ကြေးကိုး” ဟု တွေးလိုက်သည်။

ရုက္ခစိုး။ ။ (လေပြေလေးနှင့်) မျိုးစပါးနဲ့ ဓာတ်မြေသြဇာကို ဈေးသက်သက်သာသာနဲ့ ပေးလိုက်ရင် ခံသာပါတယ်။

ချိုကုပ်။ ။ မရဘူးဗျ။ မျိုးစပါးတို့ ဓာတ်မြေသြဇာတို့က ကျုပ်တို့ ချိုကုပ်တွေရဲ့ သား၊ မြေး၊ တီ၊ တွတ်၊ ကျွတ်တွေရဲ့ စီးပွားရေး၊ သွားထိလို့မရဘူး။ ထိရင် သူတို့က ငိုမှာ ဟဲဟဲ။

စတစ်ဂလစ်။ ။ ဒါ … ဒါဆို … လယ်သမားတွေက ထွက်လာတဲ့စပါးကို ရောင်းချင်တဲ့သူကို ရောင်းလို့ရလား။

ချိုကုပ်။ ။ ဈေးပြိုင်စနစ်နဲ့လား၊ မရဘူးလေ။ အကုန်လုံး စစ်တပ်ကို အဲ နိုင်ငံတော်ကို ရောင်းရတယ်။

“အင်း … သူပြောတဲ့ နိုင်ငံတော်ဆိုတာ စစ်တပ်ပဲကိုး၊ ဒါကြောင့် စစ်တပ်က ခေါ်ခေါ်သုံးတဲ့ ဟိုမင်းသမီးကိုလည်း နိုင်ငံတော် လို့ ခေါ်တာဖြစ်မယ်” ဟု ဦးရုက္ခစိုး တွေးနေသည်။

စတစ်ဂလစ်။ ။ (မျက်နှာငယ်လေးနှင့်) ကျနော်တော့ ခင်ဗျားတို့ကို အကြံမပေးတတ်တော့ ဘူးဗျာ။

ချိုကုပ်။ ။ မပေးတတ်လည်း ပြဿနာမရှိပါဘူး။ ကျုပ်တို့ကလည်း ခင်ဗျားပေးမယ့်အကြံကို မယူပါဘူး။ ခင်ဗျားကိုတောင် အကြံ ပြန်ပေးလိုက်ဦးမယ်။ အခု မြန်မာပြည်မှာ နောက်ဆုံးပေါ် အခြေခံ စီးပွားရေးလုပ်မလို့။ ဒီမှာ တုတ်ဂလိ။

ရုက္ခစိုး။ ။ စတစ်ဂလစ်ပါ ...။

ချိုကုပ်။ ။ သိတယ်။ ကျုပ်အင်္ဂလိပ်စာဆရာက သင်ထားတယ်၊ စတစ်ဆိုတာ တုတ်တဲ့၊ အဲဒါကြောင့် မြန်မာဆန်ဆန် ခေါ်တာ။

စတစ်ဂလစ်။ ။ ကြိုက်သလိုသာ ခေါ်ပါတော့ဗျာ။ တုတ်ဂလိပဲခေါ်ခေါ်၊ ဂျင်ဂလိပဲခေါ်ခေါ် ...။

ချိုကုပ်။ ။ ဒီမှာ တုတ်ဂလိ၊ အခုလုပ်မယ့်အလုပ်ကို သေချာလိုက်မှတ်။ ထောင်တွင်း သက်သာချောင်ချိရေးအတွက် လုပ်ရင်း ... အလုပ်အကိုင် အခွင့်အလမ်းတွေ ပွင့်မယ့်ကိစ္စဗျ။

စတစ်ဂလစ်ကော ဦးရုက္ခစိုးပါ မျက်လုံးပြူးသွားကြသည်။

ချိုကုပ်။ ။ ဟဲဟဲ အံ့သြသွားလား၊ ကျုပ်က အားအားရှိ တွေ့ကရာလူတွေ၊ ဘုန်းကြီးတွေကို ထောင်ထဲ ဖမ်းထည့်နေတာဆိုတော့ ထောင်ဝန်ထမ်းတွေလည်း တိုးချဲ့ခန့်ထားဖို့ လိုလာပြီ။ အဲဒါကတော့ အလုပ်အကိုင်အခွင့်အလမ်း ပေါ့ဗျာ။ နောက်ဆို မြန်မာပြည်က ဝန်ထမ်းနဲ့တင် မလောက်လို့ စင်ကာပူတို့၊ ဒူဘိုင်းတို့၊ မလေးရှားနိုင်ငံသားတွေကိုပါ အလုပ်လုပ်ဖို့ လှမ်းခေါ်ရတော့မှာလေ။

ဦးရုက္ခစိုး။ ။ ဒီနေ့ ချိုကုပ်ဒူးကြီး ပြောတာတွေက အသစ်တွေချည်းပါပဲလား။ ဆက်ပါဦး။

ချိုကုပ်။ ။ အဲဒီလို ထောင်ဝန်ထမ်းတွေ များလာတော့ … သူတို့မိသားစုတွေ စားဝတ်နေရေးအတွက် သက်သာချောင်ချိရေး အနေနဲ့ အင်းစိန်ထောင်ကြီးကို ပြစားမယ်။ ရှေးဟောင်းအမွေအနှစ်ပေါ့၊ တနည်းပြောရရင် ပြတိုက်လုပ်မယ်။

စတစ်ဂလစ်က “အိုး ဂေါ့ဒ်” ဟု တလိုက်ရာ ဦးရုက္ခစိုးက “ခဏလေး၊ သတိမလစ်နဲ့ဦး၊ သူ့စကားဆုံးအောင် နားထောင်ဦး” ဟု သတိပေးလိုက်ရသည်။

ချိုကုပ်။ ။ နယ်စပ်က အေအေပီပီပြတိုက်ကို သနားတယ် လို့တောင် ပြောလို့ရတယ်။ သူတို့က အတုလုပ် ပြထားတာ။ ကျုပ်က အစစ်တွေကို ပြမှာ။ ရှိသေးတယ်၊ အခု နရသိန် ဆိုပြီး မဂ္ဂဇင်းတအုပ်ထုတ်မယ်။ စာမူအတွက်က ပူစရာမလိုဘူး အေအေပီပီ ဝက်ဘ်ဆိုက်နဲ့ တခြား ပြည်ပမီဒီယာတွေက ရေးနေတဲ့ ထောင် အချက်အလက်တွေကို ပြောင်းပြန်လှန်ပြီး ရေးမယ်။ အဲဒီမဂ္ဂဇင်းမှာ အသံတိတ်ဂျာနယ်က အယ်ဒီတာပြုတ် တယောက်ကို ခန့်မယ်။

ရုက္ခစိုး။ ။ ကောင်းတယ်ကောင်းတယ်၊ အဲဒီအယ်ဒီတာက ငွေအတွက် အလုပ်မလုပ်ဘူး၊ ပိုက်ဆံအတွက်ပဲ အလုပ် လုပ်မယ်လို့ ကြွေးကြော်ဖူးတယ်။

ချိုကုပ်။ ။ အဲဒီမဂ္ဂဇင်းမှာ စီးပွားရေးလုပ်ငန်းရှင်တွေက ကြော်ငြာတွေထည့်ရင် ကျုပ်အိတ်ထဲ … အဲ … ယောင်လို့ သက်သာချောင်ချိရေး ရန်ဘုံးငွေ၊ အဲ ရန်ပုံငွေရမယ်။

ရုက္ခစိုး။ ။ အဲဒီမဂ္ဂဇင်းမှာ ကြော်ငြာထည့်မယ့်သူတွေက ပန်းပဲလုပ်ငန်းတို့၊ လက်ထိပ်ရောင်းဝယ်ရေးတို့ပဲ ဖြစ်မယ်။

ချိုကုပ်။ ။ ထည့်ချင်တဲ့သူ ထည့်ပစေပေါ့ဗျာ။ ပိညှက်အရိုးဆိုလား၊ ပိစိအရိုးဆိုလား အဲဒီပုဂ္ဂိုလ်က ပြောသွားတယ်လေ။ အင်းစိန်ထောင်ကြီးက ရှေးဟောင်းပစ္စည်း ဖြစ်နေပြီတဲ့။

ရုက္ခစိုး။ ။ (ဒုက္ခပဲ ထင်ရာတွေလျှောက်လုပ်ပြန်ပြီဟု တွေးရင်း) ပီညဲရိုးပါဗျာ၊ သူက အင်းစိန်ထောင်က ကိုလိုနီခေတ်ကတည်းက ဆောက်တာမို့လို့ နိုင်ငံတကာ ထောင် အဆင့်အတန်းနဲ့မမီဘူးလို့ ပြောတာပါ။

ချိုကုပ်။ ။ ဘာဖြစ်ဖြစ်ဗျာ၊ တနည်းအားဖြင့်တော့ ရှေးဟောင်းပစ္စည်းလို့ ပြောတာပဲ မဟုတ်ဘူးလား။ ဒီတော့ ပြတိုက်လုပ်စားလို့ ရတာပဲ။

စတစ်ဂလစ်။ ။ သိပြီ သိပြီ။ ရလာတဲ့ အကျိုးအမြတ်ကို တိုင်းပြည်ဖွံ့ဖြိုးတိုးတက်စေမယ့် နေရာတွေမှာ သုံးမယ်ပေါ့။ ဟုတ်လား။

စတစ်ဂလစ်က “ငါမှန်းတာ မှန်ကိုမှန်ရမယ်” ဆိုသည့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့် ရှိဟန်ဖြင့် မေးခွန်းထုတ်လိုက်သည်။

ချိုကုပ်။ ။ ခင်ဗျားပြောတာ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး၊ အားကစား … အဲဒီနေရာတွေကို ပြောတာလား။

စတစ်ဂလစ်က ချိုကုပ်ဒူးကြီးအမေးကို ပြုံးပြုံးလေး ခေါင်းညိတ်ပြရင်း ရေနွေးကြမ်းတခွက် ငှဲ့သောက်လိုက်သည်။

ချိုကုပ်။ ။ ကြံကြံဖန်ဖန်ဗျာ၊ သုံးစရာလား၊ ရလာတဲ့အကျိုးအမြတ်ကို ကျုပ်တို့ အိတ်ဖောင်းစေဖို့ ထိုးထိုးထည့်တာပါ။ ကျုပ်တို့ချိုကုပ်တွေက အိတ်မဖောင်းရင် စိတ်မကောင်းဘူးဗျ။

စတစ်ဂလစ် သောက်လက်စ ရေနွေးကြမ်း “ခွီး” ခနဲသီးသွားသည်။

စတစ်ဂလစ်။ ။ ဟာ … အဲဒီလိုလုပ်လို့မရဘူးလေ။ အမေရိကန်က အချိန်မရွေး ဝင်စစ်ပြီး မသင်္ကာလို့ ဘဏ်စာရင်းတွေ ပိတ်လိုက်ရင် ခင်ဗျားတို့ပိုက်ဆံတွေ မှောင်ခိုဖြစ်သွားမှာဗျ။

ချိုကုပ်ဒူးကြီးမျက်နှာက ငိုမဲ့မဲ့ ဖြစ်ကာ “အဲလိုတော့ မလုပ်နဲ့လေဗျာ။ ခင်ဗျားတို့တော်တော်ရက်စက် ကြတာပဲ” ဟု ပြောရင်း ချုံးပွဲချ ထိုင်ငိုသည်။

ချိုကုပ်။ ။ (မျက်ရည်နှင့် နှာရည်များကို တရှုံ့ရှုံ့လုပ်ရင်း) တုတ်ဂလစ်ရေ … ကျေးဇူးမမေ့ပါဘူး၊ ပြောပေးပါနော် … နော်။ သမီးတော် လိုချင်ရင်လည်း ပေးပါ့မယ်၊ နိုင်ငံတော်ဆိုတဲ့ မင်းသမီးလေး လိုချင်ရင်လည်းပေးပါ့မယ်။ အကုန်ပေးပါ့မယ်။ မပြောပေးရင်တော့ ငိုမှာပဲ၊ အဟင့် … ငိုလို့မရရင်တော့ …. ။

ချိုကုပ်ဒူးကြီးက ရွှတ်ခနဲ နှပ်ချေးညှစ်ကာ စတစ်ဂလစ်နှင့် ဦးရုက္ခစိုးကို မျက်ထောင့်နီကြီးနှင့် ကြည့်သည်။

ရုက္ခစိုး။ ။ စိတ်မကောင်းဘူး ဆိုတာက ရူးတာကို ပြောတာ စတစ်ဂလစ်ရေ။ ဒီနေရာက မြန်မြန်လစ်ကြမယ်။ ခင်ဗျားစကားကို ကြားတာနဲ့ သူ စိတ်ဖောက်လာပြီ၊ တော်ကြာ တခုခု ထလုပ်နေမှာ ကျုပ်တို့ခေါင်းနဲ့ကိုယ် အိုးစားကွဲမယ်ဗျ ….။

အတွေ့အကြုံ များလှပြီဖြစ်သော ဦးရုက္ခစိုးစကားဆုံးသည်နှင့် စတစ်ဂလစ်က “အဲဒါတွေ ကြိုမြင်လို့ ဦးရုက္ခစိုးကိုပါ ခေါ်ထားတာ ပါဗျ” ဟု အော်ကာ နေရာက တချိုးတည်း လစ်ပြေးလေတော့သည်။ ။

ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များ အပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။

မြန်မာ့သတင်း ကမ္ဘာ့သတင်း

AP_health_reform

အမေရိကန် ပြည်ထောင်စုရဲ့ ကျန်းမာရေး ပြုစုစောင့်ရှောက်မှု ပြုပြင်ပြောင်းလဲရေး ဥပဒေပြု ပြဋ္ဌာန်းနိုင်ဖို့အတွက် ခရစ္စမတ် အကြိုနေ့ အထက်လွှတ်တော်မှာ မဲခွဲဖို့ စီစဉ်ထားပါတယ်။

Nyi Nyi Aung ka Kyaw Zaw Lwin

Computer theft
အ‌မေရိကန်‌မှာ ဆိုင်‌ဘာလုံခြုံရေး တာဝန်‌ခံ ခန့်‌အပ်‌








Burmese workersမြန်‌မာအထည်‌ချုပ်‌စက်‌ရုံ‌တွေ ပိတ်‌ရမလိုဖြစ်‌‌နေ
Obamaအိုဘားမား ကျမ်းမာ‌ရေး ဥပ‌ဒေကြမ်း အတည်‌ဖြစ်‌ဖို့ လမ်းပွင့်
မြန်မာ့အားကစား ပြန်လည်ဖွံ့ဖြိုးရန် လိုအပ်ဟု သုံးသပ်နေကြ

မြန်မာ့အားကစား ပြန်လည်ဖွံ့ဖြိုးရန် လိုအပ်ဟု သုံးသပ်နေကြ

၂၅ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (SEA GAME ) တွင် မြန်မာ အားကစား အဖွဲ့သည် ရွှေတံဆိပ် ၁၂ ခုသာ ရရှိခဲ့ပြီး လာအိုနိုင်ငံ အောက်ရောက်ရှိ သွားသည့်အတွက် မြန်မာ အားကစားလောက
MiG-29 တိုက်လေယာဉ် အစင်း ၂၀ မြန်မာဝယ်

MiG-29 တိုက်လေယာဉ် အစင်း ၂၀ မြန်မာဝယ်

မြန်မာအစိုးရကို တိုက်လေယာဉ် အစီး ၂၀ ပေးပို့ရန် အတွက် ရုရှားနိုင်ငံက သဘောတူ လိုက်ကြောင်း ရုရှား သတင်းဌာန တခုဖြစ်သော Kommersant ကို ကိုးကား၍ အေအက်ဖ်ပီ သတင်းတပုဒ်တွင် ရေးသား

ကိုကိုးကျွန်း ဒုတိယခရီးစဉ် စတင်တော့မည်

ကိုကိုးကျွန်း ဒုတိယအကြိမ် လေ့လာရေး ခရီးကို ကြာသပတေးနေ့ နံနက်တွင် စတင်တော့မည် ဖြစ်သည်။ဒီဇင်ဘာ ၂၄ မှ ၂၈ ရက်နေ့အထိ ကြာမြင့်မည့် ပင်လယ်ခရီးအတွက် လက်မှတ်ဝယ်ယူမှုကို ကန့်သတ်ထားခြင်း

၂၀၁၀ အတွက် တိုင်းရင်းသား ဘာသာဖြင့် အသံလွှင့်ရန်စီစဉ်

၂၀၁၀ ရွေးကောက်ပွဲ မကျင်းပမီ တိုင်းရင်းသား ဘာသာဖြင့် အသံလွှင့် အစီအစဉ်ကို ရေဒီယိုမှ ထုတ်လွှင့်သွားရန် ပြည်ပ အခြေစိုက် တိုင်းရင်းသား သတင်းဌာနများက သဘောတူညီ လိုက်ကြသည်။

နိုင်ငံခြားသားများကို ယခုနှစ် နာဂပွဲသို့ သွားခွင့်မပြု

မကြာမီ ပြုလုပ်ရန် စီစဉ်လျက် ရှိသည့် နာဂ တိုင်းရင်းသား ရိုးရာ နှစ်သစ်ကူး ပွဲတော်သို့ နိုင်ငံခြားသား ခရီးသည်များ သွားရောက်ခွင့် ပိတ်ပင် ထားကြောင်း သိရသည်။ နှစ်သစ်ကူးပွဲကို ဇန်နဝါရီလ ၁၅ ရက်နေ့၌

ပြည်သူတို့၏ သမားတော် (ဝါ) ဆေးဘက် အနုပညာမီးအိမ်

ပြည်သူတို့၏ သမားတော် (ဝါ) ဆေးဘက် အနုပညာမီးအိမ် (၁) မာမီ ဒေါ် မြင့်မြင့်ခင်တယောက် အရင်တပတ်ကဘဲ ၈၅ နှစ် ပြည့်ခဲ့ပြီ။ ဖျတ်လတ် ထက်မြက်ဆဲ စိတ်ကြီးဆဲ အော်ဆဲ ဆူမြဲမို့ မာမီ့ကို ၇၀ လောက် ထင်နေမိတုန်းပါပဲ။ မာမီ့အကြောင်း တစေ့တစောင်းရေးဖို့
ဆက်ဖတ်ရန် ...
အထည်ချုပ်လုပ်ငန်း ထက်ဝက်ကျော် ပိတ်သိမ်းရဖွယ်ရှိ

စိုးမိုး/ ၂၃ ဒီဇင်ဘာ ၂၀၀၉

“တကယ်လို့ ပိတ်သိမ်းရင် လုပ်သား (၂) သောင်းလောက် ထိမယ်လို့ ခန့်မှန်းတယ်။ ဖက်စပ်လုပ်နေတဲ့ စက်ရုံတွေနဲ့ နိုင်ငံခြားသားပိုင် စက်ရုံတွေကတော့ အော်ဒါကို မှေးထိန်းပြီး လုပ်နိုင်လိမ့်အုံးမယ် ...”အပြည့်အစုံသို့

ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ရေး ပူးပေါင်းပါဝင်ကြရန် ထိုင်းတိုက်တွန်း

ရဲရင့် / ၂၃ ဒီဇင်ဘာ ၂၀၀၉
“တရားဝင်ဗီဇာလက်မှတ်ရှိတဲ့အတွက် ထိုင်းတနိုင်ငံလုံးကို သွားလို့ရတယ်။ ဒါပေမယ့် အလုပ်ပြောင်းခွင့်တော့မရှိဘူး။ အလုပ်မလုပ်ဘဲ လျှောက်သွားနေမယ် ....” အပြည့်အစုံသို့
ချင်းမိုင်သို့ အဲပုဂံ ဧပြီလအထိသာ ပြေးဆွဲမည်


တက်လူ/ ၂၃ ဒီဇင်ဘာ ၂၀၀၉
“ချင်းမိုင်ကို ရန်ကုန်က သွားတဲ့သူ တွေ အများကြီး ဖြစ်လာတယ်။ သူတို့က ...”အပြည့်အစုံသို့
ဇာဘော်လီစက်ရုံ ၀န်ထမ်းများကို အဓမ္မ အလုပ်ဖြုတ်


စိုးမိုး/ ၂၃ ဒီဇင်ဘာ ၂၀၀၉
“မဲဆောက် ရဲမှူးကြီးရှေ့မှာ ကတိ ပေးထားတာ ခင်ဗျ။ အလုပ်သမား တွေ တောင်းဆို....”အပြည့်အစုံသို့
ရုရှမှ MiG-29 တိုက်လေယာဉ် အစီး (၂၀) မြန်မာသို့ ပို့ရန်ရှိ

NEJ / ၂၃ ဒီဇင်ဘာ ၂၀၀၉ “တန်ဖိုးငွေအားဖြင့် ယူရို သန်း (၄၀၀) နီးပါး အမေရိကန်ဒေါ်လာ သန်း (၅၇၀) ခန့်....”အပြည့်အစုံသို့
ဝတပ်ဖွဲ့ နယ်ခြားစောင့်တပ် လက်ခံဖို့ဆိုတာ
ပေါက်ပေါက် / ၂၃ ဒီဇင်ဘာ ၂၀၀၉


တကယ်တမ်းပြောရရင် ဒီအင်အားနဲ့ စစ်အာဏာသိမ်း အနှစ် (၂၀) ကျော်ကာလ တလျှောက်လုံး အင်အားတိုးချဲ့၊ လက်နက်တပ်ဆင်မှုတွေ အမြဲမပြတ်လုပ်လာခဲ့တဲ့ နအဖတပ်ကို ရေရှည်ခုခံတိုက်ခိုက်ဖို့ဆိုတာ လုံလောက်တဲ့ အင်အားတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း မိမိနယ်မြေနဲ့ ဥစ္စာပစ္စည်းဓန အဆုံးရှုံးမခံရရေးအတွက် စစ်ပွဲကို မတိုက်လိုသော်ငြား .....အပြည့်အစုံသို့

နိုင်ငံရေးပါတီပြောင်းရေး ကြံ့ဖွံ့ ၁၆ နှစ် နှစ်ပတ်လည် ၌ လျှို့ဝှက်ဆွေးနွေး

နိုင်ငံရေးပါတီပြောင်းရေး ကြံ့ဖွံ့ ၁၆ နှစ် နှစ်ပတ်လည် ၌ လျှို့ဝှက်ဆွေးနွေး ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ဝင်များ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မှီ နိုင်ငံရေးပါတီအဖြစ်ပြောင်းရန် ၁၆ နှစ်မြောက် နှစ်ပတ်လည် အစည်းအဝေး၌ သီးသန့်လျှို့ဝှက်ဆွေးနွေးခဲ့သော်လည်း တရားဝင်သတင်း ထုတ်ပြန်ခြင်းမရှိဟု ပြည်တွင်းသတင်းရပ် ကွက်က ပြောပါ သည်။


December 23, 2009 – 5:14 am | No Comment

ဒီဇင်ဘာလ ၂၃ရက်။ နန်းထူးစံ (ကေအိုင်စီ)
ယခုနှစ် နိုဝင်ဘာလကတည်းက ကရင်ပြည်နယ်၊ တောင်ငူဒေသအတွင်း လုပ်အားခိုင်းစေမှု များလာသည်နှင့်အမျှ တိုက်ပွဲဖြစ်ပွားမှု လည်း ပိုမိုများပြားလာကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။


ရဲရင့်တက်ကြွစွာ ဦးဆောင်မှုပေးနိုင်မည့် အန်အယ်လ်ဒီ ဗဟိုကော်မတီ ပြန်လည်ပြင်ဆင်ဖွဲ့စည်းရေး
NEJ / ၂၃ ဒီဇင်ဘာ ၂၀၀၉

ဘာပဲပြောပြော ကျနော်တို့က အားနဲ့မာန်နဲ့၊ ခွန်အားနဲ့ စိတ်ဓာတ်နဲ့ တွန်းတွန်းတိုက်တိုက်ကလေး လုပ်မယ်ပေါ့ဗျာ။ ထားရာနေ၊ စေရာသွားဆိုတဲ့ စိတ်မဟုတ်ဘဲနဲ့ လုပ်ကြမယ်ဆိုရင်တော့ ကျနော်ထင်တယ် အခု ခင်ဗျားပြောခဲ့တဲ့ ခေါင်းဆောင်သစ် ဖော်ထုတ်ရေးတို့၊ အင်အားသစ် ဖော်ထုတ်ရေးတို့၊ လုပ်ငန်းသစ်များ ဖော်ထုတ်ရေးတို့ ဆိုတာတွေဟာ တနည်းမဟုတ်တနည်း အနှေးနဲ့အမြန် ပေါ်လာမှာ ....အပြည့်အစုံသို့
ရန်ကုန်တွင် မဲစာရင်း ကောက်ပြီ
ရန်ကုန်တိုင်း မြို့နယ်အချို့၌ ၂၀၁၀ ရွေးကောက်ပွဲတွင် မဲပေးနိုင်မည့် အသက် ၁၈ နှစ်...

ဒေါ်စု နေအိမ်ပြင်နေမှုကို အကိုရင်းဖြစ်သူက ကန့်ကွက်
ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် ပြင်ဆင်နေမှုအား အကိုဖြစ်သူ ဦးအောင်ဆန်းဦး၏...

စီးပွားရေး ကျပ်တည်းသဖြင့် အထည်ချုပ် စက်ရုံများ ရပ်ဆိုင်း
ကမ္ဘာ့စီးပွား အကျပ်အတည်းကြောင့် စက်မှုဇုန်များမှ အထည်ချုပ် စက်ရုံလုပ်ငန်းများလည်း...
နိုင်ငံခြားသားများ နာဂပွဲတော် သွားရောက်ခွင့် ပိတ်ပင်


more


more

တစညပၝတီ ငွေချေး္ဘပီး မဲဆွယ်နေ
စစ်အစိုးရအပေၞ အမေရိကန်အစိုးရက ပြင်းထန်သည့် ဖိအားပေးနိုင်

ဂျပန် ဒုတိယစီးပွါးရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် တွေ့ဆုံ

ရန်ကုန်၊ ဒီဇင်ဘာ ၂၀၀၉
ဂျပန် စက်မှုနှင့်စီးပွါး ကုန်သွယ်မှုဆိုင်ရာ ဒုတိယဝန်ကြီး Hiroyoki Ishige စစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် မနေ့က ညနေ ၃နာရီ ၃၀တွင် နေပြည်တော်တွင် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။
ထို ၁နာရီခွဲခန့်ကြာသော တွေ့ဆုံဆွေးနွေးမှုတွင် ဗိုလ်ချုပ်ကြီး သိန်းစိန်က ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့ စီပွါး ရေး ဆိုင်ရာ အစီအစဉ်များကို အပြည့်အဝ ဆက်လက်ထောက်ပံ့ ပူးပေါင်းဆောင်ရွက်သွားရန် ပြောဆိုသွားခဲ့ သည်ဟု ဂျပန်သံရုံးမှ အဆင့်မြင့် ပြောရေးဆိုခွင့် ရှိသူ တဦးမှ ပြောပြခဲ့ပါသည်။
ထိုတွေ့ဆုံပွဲသို့ ဂျပန် စက်မှုနှင့်စီးပွါး ကုန်သွယ်မှုဆိုင်ရာ ဒုတိယဝန်ကြီး Hiroyoki Ishigeနှင့် အတူ ဂျပန်အစိုးရ ၏ အထူးအကြံပေး အဖွဲ့ ဒုတိယ တာဝန်ခံ Counsellor Kazuyuki Takeuchi နှင့်အတူ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြ သလို မြန်မာဘက်မှ အမျိုးသားစီမံကိန်းနှင့် စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ဗိုလ်မှုးကြီး သူရိန်ဇော်နှင့် အခြား ဒုတိယ ဝန်ကြီး နှစ်ဦးတို့ တက်ရောက်ခဲ့ကြပါသည်။
ထိုနေ့ နံနက်စောစော ပိုင်းကလဲ ဂျပန် စက်မှုနှင့်စီးပွါး ကုန်သွယ်မှုဆိုင်ရာ ဒုတိယဝန်ကြီး Hiroyoki Ishige နှင့် အဖွဲ့သည် အမျိုးသား စီမံကိန်းနှင့် ဖွံ့ဖြိုးရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီး ဦးစိုးသာနှင့် တွေ့ဆုံ၍ မြန်မာ-ဂျပန် ဆိုင်ရာ စီးပွါးရေး ပူးပေါင်းဆောင်ရွက်မှု အခြေခံမူများကို တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်းနှင့် ဆက်လက် ပူးပေါင်း ဆောင်ရွက်နိုင်ရေး အစီအစဉ်များတွင် ဦးစိုးသာနှင့် သဘောတူညီမှု ရရှိခဲ့ကြောင်းကို ထို ဂျပန်သံရုံး အရာရှိ ကပင် ဆက်လက်ပြောပြခဲ့ပါသည်။
ဂျပန် စက်မှုနှင့်စီးပွါး ကုန်သွယ်မှုဆိုင်ရာ ဒုတိယဝန်ကြီး Hiroyoki Ishige နှင့် အဖွဲ့သည် တနင်္လာနေ့ ညပိုင်းက မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ပြီး အင်္ဂါနေ့ နံနက်တွင် နေပြည်တော်သို့ လေယာဉ်ဖြင့် သွားရောက်၍ ဝန်ကြီးဦးစိုးသာနှင့် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းတို့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ထိုနေ့ ညနေ တွင်ပင် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာ လာခဲ့ပါသည်။
ဂျပန် စက်မှုနှင့်စီးပွါး ကုန်သွယ်မှုဆိုင်ရာ ဒုတိယဝန်ကြီး Hiroyoki Ishige နှင့် အဖွဲ့သည် ယနေ့ နေ့လည် ပိုင်းက မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာ သွားခဲ့ကြောင်း သတင်းရရှိပါသည်။

ပြည်တွင်း သတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)

မြန်မာနိုင်ငံမှလူနာများ အထူးကုဆရာဝန်များ၏ စမ်းသပ်ခံဖြစ်နေ

Photobucket
မြန်မာပြည်၏ အကြီးဆုံး ရန်ကုန်ဆေးရုံကြီးပုံ(အင်္ဂလိပ်ခေတ် ကတည်းက တည်ဆောက်ခဲ့သော အဆောက်အဦးများ ဖြစ်ပါသည်။)
Photobucket
လူနာတဦးအား CT Scan ရိုက်ရန်ပြင်ဆင်နေပုံ
Photobucket
အမျိုးသမီး တဦးအား ဆေးထည့်ပေးနေပုံ

ဒီဇင်ဘာ ၂၃

မြန်မာနိုင်ငံ ပြည်သူလူထုများမှာ အထူးကု ဆရာဝန်ကြီးများနှင့် အခြားကျမ္မာရေး ၀န်ထမ်းများ၏ အစမ်းသပ်ခံ ဘ၀တွင် ကျရောက်နေကြောင်း မိခင်အား ဆေးဝါးကုသပေးရန် သွားရောက်ခဲ့သူ ဘန်ကောက်တွင် နေထိုင် အလုပ်လုပ်ကိုင်သူ မြန်မာအင်ဂျင်နီယာ တစ်ယောက်က ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ရန်ကုန်မြို့ တွင် နာမကျန်းဖြစ်နေသော အသက် ခြောက်ဆယ်ကျော် အရွယ်မိခင်ကြီးအား သွားရောက် တွေ့ ဆုံခဲ့သူ မြန်မာအင်ဂျင်နီယာက “ ကျနော့် အမေ တစ်နေ့ကို ဆေးခန်းသွားပြတာ ကျပ်ငွေ လေးသောင်းကျော် ကုန်ပါတယ်။ ပထမတော့ ဒူးဂေါင်း နာတယ်ဆိုပြီး ဆေးထိုးတာပေါ့နော်၊ အထူးကုတွေက ဒီဆေးလူကြီးနဲ့ တည့်လား မတည့်လား မသိဘူး၊ ၃လလောက် ဆက်တိုက်ထိုးလိုက်တာ။ ဆေးကို အသက်ကြီးတဲ့ လူဆိုတော့ မချေနိုင်ဘူး။ အထဲမှာ သွားခဲနေတယ်။ တင်ပါးမှာ ပြည်တည်လာတဲ့ အတွက် ခွဲလိုက်ရတယ်” “အိန္ဒိယတို့၊ တရုတ်တို့က အပေါစား ဆေးကုမ္ပဏီတွေက ထိုးဆေးတွေ စားဆေးတွေကို ကြေညာပေးတာ ဖြစ် တယ်။ ဆရာဝန်တို့ ဆေးခန်းပိုင်ရှင်တို့က အဲဒီဆေးတွေကို ကုမ္ပဏီတွေက အခမဲ့ရတာ ဖြစ်တယ်။ ရောဂါကောင်း မကောင်း လူနာတွေနဲ့  စမ်းသပ်တယ်။ ရောဂါပျောက်ရင် အခြားလူတွေကို ညွှန်ပြတယ်၊ အဲဒီဆေး နာမည်ရ သွားရင် ဆရာဝန်တွေနဲ့ ဆေးခန်းပိုင်ရှင်တွေကို ကုမ္ပဏီတွေက

ပိုက်ဆံပေးတယ်၊ ရောဂါတခြား ဆေးတခြားဖြစ်တဲ့ လူကတော့ သေတာပေါ့ဗျာ။ သူတို့ အကျိုးအမြတ် ကိုပဲ ကြည့်ကြတယ်။ လူ့အသက် တစ်ချောင်း တန်ဘိုးထားရကောင်းမှန်း မသိကြတော့ဘူး”ဟု ပြောသည်။

ရန်ကုန် မန္တလေးနှင့် အခြားမြို့ကြီး တိုင်းတွင် အထူးကုဆေးခန်း၊ ဆေးရုံးများ မြန်မာ တစ်နိုင်ငံလုံးတွင် ဖွင့်လှစ် ထားသော်လည်း ကျွမ်းကျင်သော ဆရာဝန်နှင့် အစွမ်းထက်သည့် ဆေးဝါးများ အထူးနည်းပါးကြောင်း လူနာရှင်များက ပြောပြကြသည်။

ကျမ္မာရေး၊ ပညာရေး ဗဟုသုတ နည်းပါးလွန်းသော မြန်မာလူမျိုးတို့မှာ ဆရာဝန်ပြောသမျှယုံ၊ ဆရာဝန် ပေးတာစား၊ အနေအထားဖြင့်သာ ရှိနေသဖြင့် လူနာအချို့မှာ ရောဂါများ ကျွမ်းခဲ့ကြရသည်။

အထူးကု ဆရာဝန်ကြီးတစ်ဦး၏ ဆုံးဖြတ်ချက်ချ မှားခြင်းကြောင့် ၂၀၀၄ ခုနှစ်ဝန်းကျင်က ရခိုင်ပြည်နယ်၊ ကျောက်ဖြူ ခရိုင် စီမံကိန်း ဦးစီးမှူးတစ်ဦး သေဆုံးခဲ့ရခြင်းကို ဘန်ကောက်တွင် အလုပ်လုပ်နေသော ကိုဝဏ္ဏက ပြောပြသည်။

“ခရိုင်စီမံကိန်း ဦးစီးမှူး နာမည်က ဦးစံရွှေဦး ပါ၊ အရက်လည်း မသောက် ဆေးလိပ်လည်း မသောက်တတ်ဘူး၊ ပညာတော်လည်းတော်၊ တတ်လည်းတတ်တယ်၊ အသက် သုံးဆယ်ကျော် ကတည်းက ခရိုင်အဆင့် အရာရှိဖြစ်တာ။ အဲဒါဗျာ နေမကောင်းလို့  ရန်ကုန်မှာ ပုဂ္ဂလိက အထူးကု ဆေးရုံက အထူးကု ပါရဂူဆီမှာပြတာ။ အသဲခြောက်တဲ့ ရောဂါ ဆိုပြီး ဈေးကြီးတဲ့ အဆင့်မြင့်ဆေးတွေကို ၀ယ်သောက်ရတာ၊ ဓါတ်မှန်ရိုက်၊ အယ်ထရာဆောင်းရိုက်၊ အစုံပဲ တစ်လတစ်ကြိမ် ရန်ကုန်သွားပြရတယ်။ ၁နှစ်ကျော်လောက် ကုလာပြီးတော့ ရောဂါကျွမ်း လာပြီ။အဲဒီတော့မှ အဲဒီအထူးကုဆရာဝန်ကြီးက ကျောက်ကပ် ဆရာဝန်ကြီးဆီကို ပြောင်းပေးတယ်။ ကျောက်ကပ်အထူးကု လက်ထဲရောက်တော့ ကျောက်ကပ်တစ်ဖက်က လုံးဝမကောင်းတော့ပဲ သေခဲ့ရ တယ်ဗျာ”ဟု နီးနီးကပ်ကပ် နေထိုင်ဖူးသူ ကိုဝဏ္ဏကပြောပြသည်။

ပြီးခဲ့သော အောက်တိုဘာ ၂၇ ရက်နေ့က အသက် (၁၅) နှစ်အရွယ် (၉) တန်းကျောင်းသူ မခိုင်ရွှန်းလဲ့ရည်၊ ရန်ကုန်မြို့  ရွှေဂုံတိုင် SSC အထူးကုဆေးခန်းတွင် ဆေးကုသရင်း သေဆုံးခဲ့ရပြီး

နောက်ပိုင်း မြန်မာပြည် မြို့ကြီးများတွင် ဆေးရုံ ဆေးခန်းတို့ က လူနာများကို တော်ရုံနှင့် လက်မခံသကဲ့သို့ 

လူနာရှင်များကလည်း တော်ရုံ ဆရာဝန်တို့ အား မယုံကြည်ဝံ့ ဖြစ်နေကြကြောင်း လူနာရှင် မိသားစုဝင်များက ပြောကြသည်။ ရောဂါ ကျွမ်းလုကျွမ်းခင် အဆင့်ရှိသော လူနာများကို လက်ခံကုသရန်ငြင်းဆန်နေကြသည်။ အထူးကု ဆေးရုံနှင့် ဆေးခန်းတို့ တွင် လူနာတစ်ဦးလာရောက် ကုသမည်ဆိုပါက သတ်မှတ်ထားသော စရံငွေကို ကြိုတင်ပေးသွင်းထားမှ လက်ခံကုသ ကြကြောင်း မြန်မာအင်ဂျီနီယာက ပြောပြသည်။

အနီးစပ်ဆုံး ထိုင်းနိုင်ငံနှင့် ယှဉ်ပြပြောဆိုရာတွင် “ဗမာပြည်မှာ ငွေကိုပြမှ ကုပေးတာ ငွေကိုမပြနိုင်ရင် သေသွားပစေ ဆေးကုမပေးဘူး၊ ထိုင်းမှာတော့ လူ့အသက်တစ်ချောင်းက လူမျိုးဘာသာမ ရွေး မရ အရလုပြီး ကုပေးတာ။ သန့်ရှင်းမှုအပိုင်းမှာလည်း မိုးနဲ့ မြေလောက်ကို ကွာတယ်။ ထိုင်းက ဆေးရုံတွေမှာ ဆေးနံ့မနံဘူး၊ အိမ်သာအနံ့ အသက်လည်း မနံဘူး၊ ဗမာပြည်မှာရှိတဲ့ ဆေးရုံတွေကို သွားကြည့် ဆေးနံ့ ၊သေးနံ့  ကွမ်းတံတွေး အပုပ်နံ စုံနေတာပဲ၊ ဆေးရုံဘယ်နားမှာလည်း မေးစရာ မလိုဘူး ခပ်ဝေးဝေးကတည်းက အနံ့ပေါင်းစုံ နံနေတာပဲ၊ အိမ်သာလည်း စနစ်တကျမရှိ၊ အိမ်သာထဲမှာ အမှိုက်ပုံးလည်း မရှိတော့ မိန်းမတွေအသုံးပြုတဲ့ ပစ္စည်းတွေ အိမ်သာထဲမှာ ဒီအတိုင်းပစ်ခဲ့တာပေါ့၊ လက်ဆေးခန်းဆိုတာလည်း မရှိဘူး။ မြန်မာနိုင်ငံက ဆေးရုံတွေ ဆေးခန်းတွေ ထိုင်းမြန်မာ နယ်စပ်က မယ်တော်ဆေးခန်းကို မှီဖို့ နှစ်ဆယ်ချီပြီး လိုက်ရပါလိမ့်ဦးမယ်” ဟု မြန်မာ အင်ဂျင်နီယာက ပြောသည်။