5.12.2008

Actions for victims of cyclone Nargis

Dear All

There are many activates started action for the victims of cyclone Nargis .Ko Kyaw Thu Lead the FFSS (Free Funeral Service Society) and help that victims last a fews day ago.Many actors ,actress ,singers and journalists are actively involved in that action.Some political groups of Thai -Burma border start their action today.They donated food to monks for the person who were dead by cyclone Nargis .And they start collection money and some essential needed such as clothes ,medicine and others. They will send its to victims pass over by some local association they are not concern with authorities .

မြန်မာအနုပညာရှင်များ လေဘေးသင့်ဒုက္ခသည်များကို သွားရောက်ကူညီ
ကိုသက် | မေ ၁၁၊ ၂၀၀၈

ထင်ရှားသည့် ရုပ်ရှင်၊ ဂီတနှင့် စာပေနယ်ရှိ အနုပညာရှင်များ နာဂစ် မုန်တိုင်းဒဏ်ကြောင့် ဒုက္ခရောက်နေကြသူများထံ သွားရောက်ကာ ကောက်ခံရရှိသည့်စားနပ်ရိက္ခာနှင့် အကူပစ္စည်းများ သွားရောက် ပေးအပ်သည်ဟု လူရွှင်တော် ဇာဂနာက ဧရာဝတီကို ပြောသည်။

အနုပညာရှင်များသည် ဆန်၊ အ၀တ်အထည်၊ ဆေးဝါး၊ မိုးကာနှင့် ငွေကြေးတို့ကို ဧရာဝတီတိုင်းရှိ ဘိုကလေးနှင့် ဒေးဒရဲ၊ ရန်ကုန်တိုင်းရှိ ကွမ်းခြံကုန်း၊ ဒဂုံမြို့သစ်တောင်ပိုင်းနှင့် လှိုင်သာယာမြို့နယ်များသို့ သွားရောက် လှူဒါန်းကြသည်။

“ပြည်သူတွေတကယ် ဒုက္ခရောက်နေတယ် … ဒီတော့ တို့တတွေ လှူကြရအောင်ဆိုပြီး နိုင်သလောက် ၀ိုင်းလှူကြတာပဲ။ မနက်ကဆို စင်ကာပူကအလှူရှင်တွေက အထည်တွေလှမ်းလှူလို့ အခုပဲသွားယူနေတာ” ဟု လူရွှင်တော် ဇာဂနာက ပြောသည်။

လေဘေးကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေကြသည့် အနုပညာရှင်များတွင် ရုပ်ရှင်သရုပ်ဆောင်များ ဖြစ်ကြသည့် ကျော်သူ၊ လူမင်း၊ လွင်မိုး၊ ကျော်ရဲအောင်၊ အိန္ဒြာကျော်ဇင်၊ နေတိုး၊ မျိုးစန္ဒီကျော်၊ ဦးအောင်လွင်၊ မေသန်းနု၊ ခန့်စည်သူ၊ ဝေဠုကျော်၊ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ မိုးဟေကို၊ ဒါရိုက်တာ မိုက်တီး၊ အယ်ဒီတာ ဇော်သက်ထွေး၊ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်၊ လူရွှင်တော် ညောင်ညောင်နှင့် ဇာဂနာ တို့ပါဝင်သည်။

ယနေ့နံနက်ပိုင်းတွင် သရုပ်ဆောင် ဝေဠုကျော်နှင့်အဖွဲ့က ဧရာဝတီတိုင်း မြောင်းမြမြို့နယ်သို့သွားကာ ဆန်အိတ် ၃၀၀၊ ကျပ်ငွေသိန်း ၃၀၊ အ၀တ်အစားနှင့် မိုးကာများကို သွားရောက်လှူဒါန်ကြောင်း သိရသည်။

“မင်းသား၊ မင်သမီးတွေ သရုပ်ဆောင်တွေ သွားတဲ့အခါကျတော့ တော်ရုံလူအန္တရာယ်မပြုရဲဘူးပေါ့။ ဘိုကလေးကို ဆန်အိတ်ပေါင်း ၁၀၀၀ နဲ့ ကျပ် ၁၈ သိန်း၊ အ၀တ်အစားနဲ့ ဆေးတွေပေးဖို့ရှိတယ်” ဟုလည်း လူရွှင်တော် ဇာဂနာက ပြောသည်။

ယမန်နေ့က သရုပ်ဆောင် လူမင်းနှင့်အဖွဲ့သည် ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ်သို့ သွားခဲ့ကြပြီး မနက်ဖြန်တွင် သရုပ်ဆောင် အိန္ဒြာကျော်ဇင်နှင့်အဖွဲ့က ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ်သို့ သွားမည်ဖြစ်သည်။ ယခုလ ၁၄ ရက်နေ့နှင့် ၁၅ ရက်တို့တွင် သရုပ်ဆောင် စိုးမြတ်သူဇာနှင့် ကျော်ရဲအောင်တို့က ဧရာဝတီတိုင်း ဘိုကလေးမြို့သို့ သွားကြမည်ဖြစ်သည်။

အနုပညာရှင်များ ကောက်ခံရရှိသည့် အကူအညီစာရင်းအရ ကျပ်ငွေ သိန်း ၃၀၀ ခန့်၊ အ၀တ်အစား အစုံ ၅၀၀၀၊
ဆေးဝါးနှင့် စောင် ကျပ်သိန်း ၄၀ ဖိုးခန့် ရှိသည်။

“ရန်ကုန်မြစ်ကြီးညှီနေပြီ … မကြာခင် ၀မ်းရောဂါနဲ့ ယားနာ ဆိုတာလာတော့မယ်။ အားလုံးမှာတာဝန်ရှိပါတယ်” ဟု လူရွှင်တော် ဇာဂနာက ပြောသည်။

စစ်အစိုးရထုတ်ပြန်သည့်စာရင်းများအရ နာဂစ် မုန်တိုင်းကြောင့် လူဦးရေ ၂၃၃၅၀ သေဆုံးပြီး ၃၇၆၁၉ ဦး ပျောက်ဆုံးကာ တသန်းထက်မနည်း အိုးမဲ့၊ အိမ်မဲ့ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ အမေရိကန်သံအမတ် ရှာရီ ဗီလာရိုစာက မုန်တိုင်းကြောင့် သေဆုံးသူ ၁ သိန်း ကျော်နိုင်သည်ဟု ပြောသည်။

ကုလသမဂ္ဂ အပါအဝင် ကျွမ်းကျင်သူများကမူ သေဆုံးပျောက်ဆုံးသူ ဦးရေ ယခုထက် ပိုမိုနိုင်ကြောင်းနှင့် လူ တသန်းခန့် အိုးမဲ့အိမ်မဲ့ဖြစ်နိုင်သည်ဟု ခန့်မှန်းကြသည်။