ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ဖမ်းခွင့်မရှိတော့ဟု အန်အယ်လ်ဒီပြောကြား | ||
“ပြန်လွှတ်မယ် မလွှတ်ဘူးဆိုတာနဲ့ ပတ် သက်ပြီး ကျနော်တို့ ထင်တာတော့ မပြော ချင်ဘူး။ ဖမ်းထားတာတော့ (၅) နှစ် ပြည့် နေပါပြီ။ ဥပဒေအရ ဖမ်းထားခွင့်ကတော့ (၅) နှစ်ပဲ ရှိပါတယ်” ဟု အန်အယ်လ်ဒီပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ခေတ်ပြိုင်သို့ ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော် နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ အန္တရာယ် ကာကွယ်စောင့်ရှောက်ရေး ဥပဒေဖြင့် ဖမ်းဆီးထား ခြင်းဖြစ်သည်။ အဆိုပါ ဥပဒေကို ၁၉၇၅ ခုနှစ် စတင်ပြဋ္ဌာန်းခဲ့စဉ်က တကြိမ်လျှင် ရက်ပေါင်း (၁၈၀) နှင့် အများဆုံး (၃) နှစ်ထိ ဖမ်းဆီးချုပ်နှောင့်ခွင့်ရှိသည်ဟု ပြဋ္ဌာန်းခဲ့သည်။ တဖန် ဒေါ်အောင်ဆန်းစုကြည် ပထမအကြိမ် အကျယ်ချုပ်ကျနေသည့် ၁၉၉၁ ခုနှစ်တွင် အများဆုံး ဒေါ်အောင်ဆန်းစုကြည်၏ အကျယ်ချုပ်သက်တမ်း (၅) နှစ် ပြည်ပြီဖြစ်သည့်အတွက် ပြင်ဆင် ထားသည့် နိုင်ငံတော်နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ အန္တရာယ် ကာကွယ်စောင့်ရှောက်ရေး ဥပဒေအရ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို မေ (၂၄) ရက်၌ လွှတ်ပေးရမည်ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်အတွက် အခမဲ့ ရှေ့နေလိုက်ပေးသူ ၀ါရှင်တန်အခြေစိုက် နာမည်ကြီး အမေရိကန် လူ့အခွင့်အရေးရှေ့နေ Jared Genser ကလည်း ပြောသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ မတိုင်ခင် (၆) လ အလိုမှာမှ လွှတ်ပေးနိုင်စရာ ရှိသည်ဟု တစညပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးခင်မောင်ကြီးကလည်း သတင်းစာ ရှင်းလင်းပွဲတခုတွင် ပြောခဲ့သည်။ မြန်မာနိုင်ငံ၌ တရားဥပဒေစိုးမိုးမှု မရှိသည့်အတွက် ဒေါ် အောင်ဆန်းစုကြည့်အား ဆက်လက် ဖမ်းဆီးထားမည် မထားမည်ဆိုသည်မှာ စစ်အစိုးရအပေါ်တွင်သာ မူတည်သည်ဟု အန်အယ်လ်ဒီ ဗဟိုဥပဒေအထောက်အကူ အဖွဲ့ဝင် ဗဟိုတရားရုံးရှေ့နေ ဦးသိန်းညွန့်က ပြောသည်။ မြန်မာနိုင်ငံ၌ နာဂစ်မုန်တိုင်းကြောင့် အမျိုးသားကပ်ဆိုးကြီး ကြုံနေချိန်တွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ၌ တတပ်တအား ပါဝင်နိုင်စေရန်အတွက် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်ကို တိုင်းပြည်အကျိုး ရှေးရှု၍ အကျယ်ချုပ်သက်တမ်း ကုန်သည်ဖြစ်စေ မကုန်သည်ဖြစ်စေ ပြန်လွှတ်ပေးချိန် တန်နေပြီဟု အန်အယ်လ်ဒီက ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သည့် (၁၈) နှစ်ကျော်ကာလအတွင်း နေအိမ်အကျယ်ချုပ်ဖြင့် နေနေရသည်မှာ စုစုပေါင်း (၁၁) နှစ်ကျော် ရှိနေပြီဖြစ်သည်။ ။ | ||
Argentina overcome Cape Verde in extra-time thriller
21 minutes ago
ဒေါ်အောင်ဆန်းစုကြည်ကို နအဖ စစ်အစိုးရက နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားသည် မှာ သက်တမ်း (၅) နှစ် ပြည့်တော့မည်ဖြစ်၍ ဥပဒေအရ ဆက်လက်ဖမ်းဆီးထားခွင့် မရှိ တော့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ပြောကြားသည်။

No comments:
Post a Comment