5.18.2008

Statements Called for People's Movement in coming 23thMay

















Statements Called for People's Movement in coming 23th May

အထူးကြေငြာချက်
မြန်မာနိုင်ငံအတွင်းဝင်ရောက်တိုက်ခိုက်ခဲ့သော နာဂစ်အမည်ရှိမုန်တိုင်းနှင့်ပတ်သတ်ပြီး
နအဖ စစ်အာဏာရှင်တစုမှ ပြည်သူလူထုအား အချိန်မှီသိရှိသော်လည်း Aချိန်မှီသတိပေး
ခြင်းမရှိခြင်း မုန်တိုင်းဝင်ရောက်ပြီးသော်လည်း လူထုAား ကယ်ဆယ်ရေးနှင့်ပြန်လည်နေ
ရာချထားရေးကို ထိရောက်စွာ မစီစစ်ပေးခြင်း (ကြံ့/ဖွံ့၊စွမ်းအားရှင်များကိုသာ အဓိကထားကူညီ)ကုလသမဂ္ဂနှင့်နိုင်ငံတကာမှဝင်ရောက်ကူညီမည်ဆိုခြင်းကိုလည်း ဟန့်တာထားခြင်း၊ဒိထက်ဆိုးသည်မှာ ယနေ့အချိန်ထိ မြန်မာပြည်လူထုသည် မုန်တိုင်းကြောင့်သေဆုံးသူပေါင်းတသိန်းပတ်ဝန်းကျင်ရှိနေပြီး ၊အိုးအိမ်မဲ့များဖြစ်နေခြင်း၊စားဝတ်နေရေးများစွာအခက်အခဲကြုံနေရခြင်းများဖြစ်ပေါ်နေခြင်း
ကို လစ်လျှုရှုကာ မိမိတို့ အာဏာတည်မြဲရေး(သို့)ဖင်ထိုင်ခုံမြဲရေးတို့အတွက် ကလိန်ကကျစ်နည်းလမ်းပေါင်းစုံသုံးကာ လူထုဆန္ဒခံယူပွဲအား မဖြစ် ဖြစ်အောင်ပြုလုပ်
လိုက်ခြင်းအား ကျွန်ုပ်တို့လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာ အဖွဲ့မှ
လက်တဆုတ်စာ သန်းရွှေခေါင်းဆောင်သော စစ်အာဏာရှင် အစိုးမရအုပ်စုအား ပြင်းထန်
စွာ ကန့်ကွက်ရှုံ့ချ လိုက်ကြောင်း အသိပေးသည်။
နာဂစ်မုန်တိုင်းကြောင့် သေကြေ ၊ပျောက်ဆုံး ၊လက်ရှိဒုက္ခရောက်နေကြသော ပြည်သူလူထု၏
အခက်အခဲ အမျိုးမျိုးအား မဖြေရှင်းပေးပဲ မိမိတို့အာဏာတည်မြဲရေးအတွက်သာ ကြည့်သောစစ်အာဏာရှင်ပြုလုပ်သည့် လူထုဆန္ဒခံယူပွဲ အား ကျွန်ုပ်တို့အဖွဲ့နှင့်အတူ မြန်မာပြည်သူလုထုတရပ်လုံးမှ လုံးဝ(လုံးဝ)အသိအမှတ်မပြု ကြောင်းအသိပေး လိုက်သည်။
ပြည်သူလူထုကြီးအနေဖြင့်လည်း မိမိဆွေမျိုးအသိုင်းအ၀ိုင်း၊ မိမိစစ်တပ်အသိုင်းအ၀ိုင်း၊ မိမိတို့၏
လက်ကိုင်တုတ် (ကြံ့ဖွံ့/စွမ်းအားရှင်)တစု၏မျက်နှာသာကြည့်ပြီး လက်ရှိဒုက္ခအဖုံဖုံခံစားနေရ
သော လူထုကြီးကို လုံးဝ ပြန်လည်မကြည့်သော နအဖစစ်အာဏာရှင်တစုအား အကြောက်တရားများဘေးဖယ်ထားပြီး ဆန္ဒမှန်များထုတ်ဖေါ်ပြသရန် အချိန်ကျရောက် နေပြီဖြစ်ကြောင်းအသိပေးနှိုးဆော်အပ်ပါသည်။ကျွန်တော်တို့လူထုယုံကြည်လေးစား
အားကိုးရသော ဒေါ်အောင်ဆန်းစုကြည် ပြောထားခဲ့သလိုပင် အကောင်းဆုံးကိုမျှော်လင့်
ထားသလို အဆိုးဆုံးအတွက်လည်းပြင်ဆင်ထားပါဆိုသည့်အတိုင်း လူထုကြီးအနေဖြင့်
လက်ရှိအုပ်ချုပ်နေသော စစ်အာဏာရှင်တစုအား မောင်းထုတ်ရန်မှ အပ အခြားမရှိတော့ပြီ ၊
ထို့ကြောင့် မည်သည့်နိုင်ငံရေးအင်အားစုများက စတင်သည်ဖြစ်စေ၊ တက်ကြွလူငယ်များမှ
စတင်သည်ဖြစ်စေ၊ လူထုကို လုံးဝမငဲ့ညှာ မထောက်ထားသော သန်းရွှေခေါင်းဆောင်သောစစ်အာဏာရှင်တစုအား ဘားတိုက်ပြန်ရောက်သည်အထိ
လူထုအား ဖြင့် တော်လှန်ဆန္ဒပြကြဖို့ယနေ့မှစပြီးပြင်ဆင်ထားကြပါရန် ပန်ကြားအပ်ပါသည်။
ပြည်တွင်းပြည်ပရှိနိုင်ငံရေးအင်အားစုများ၊ကျောင်းသားများ၊ ရဟန်းသံဃာများ၊ပြည်သူများမှ နအဖစစ်အာဏာရှင် အား အလိုမရှိကြောင်းတော်လှန်ဆန္ဒပြပွဲကြီးအား ပူးပေါင်းပါဝင်
ဆင်နွဲကြပါရန် တော်လှန်ရေးသစ္စာဖြင့် လက်တွဲခေါ်ဆောင် လိုက်ပါသည်။
“မည်သည့် စစ်အာဏာရှင်မှ လူထုကို တိုက်ရိုက် မအုပ်ချုပ်စေရ”
လူထုတရပ်လုံးအတွက်စတေးခံ
အကောင်းဆုံး မြေသြဇာ
(လူငယ် အဖွဲ့အစည်းတခုမှပေးပို့ထားခြင်းကိုပြန်လည်ဖေါ်ပြပေးခြင်းဖြစ်
ပါသည်။)

No comments:

Post a Comment