မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ ဆက်သွယ်ရေးရုံး၌ ယမန်နေ့ညက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သော်လည်း လူအသေအပျောက် မရှိဟု ဒေသခံများ အပြောအရ သိရသည်။
မုဒုံမြို့နယ် တောင်ဘက် ၂ မိုင်အကွာ ကြုံဖမ်းရွာရှိ တယ်လီဖုန်း ဆက်သွယ်ရေးစခန်း ရုံးလှေခါးအောက်တွင် ယမန်နေ့ ည ၁၁ နာရီခွဲခန့်က ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ပေါက်ကွဲစေတတ်သော ယမ်းများနှင့် လက်နက်များလည်း သိမ်းဆည်း ရမိသည်ဟု ဒေသခံများက ပြောပြကြသည်။
“ကြုံဖမ်းရွာမှာ ပေါက်တာ။ လူအသေအပျောက် မရှိဘူး။ မိတဲ့ပစ္စည်းက အန်တီတီ ယမ်းအမျိုးအစား လေးလုံး။ နောက် ယမ်းအပျော့ ၁ဝ ထုပ်။ လက်နက်တွေလည်း ဖမ်းမိတယ်။ အဆောက်အဦက အရမ်းကြီး မပျက်စီးသွားဘူး။ အနည်းငယ် ပျက်စီးသွားတယ်” ဟု အမည်မဖော်လိုသူ လူငယ်တဦးက တယ်လီဖုံးမှတဆင့် ပြောပြသည်။
ယခုလအတွင်း မြန်မာနိုင်ငံတွင် တတိယအကြိမ် ဗုံးပေါက်ကွဲခြင်း ဖြစ်သည်။
ဇူလိုင် ၁၄ ရက်နေ့က ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်အတွင်း၌ ကျောက်ကြီး-ရန်ကုန် ရွှေခရီး ခရီးသည်တင် ဘတ်စ်ကားပေါ်တွင် ဗုံးပေါက်ကွဲရာ ခရီးသည်တဦး သေဆုံးခဲ့သေးသည်။
ဇူလိုင် ၁ ရက်နေ့က ရန်ကုန်ဆင်ခြေဖုံး ရွှေပြည်သာမြို့နယ်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ရုံးခန်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။
ရွှေပြည်သာ ပေါက်ကွဲမှုကိုတော့ မြေအောက်လှုပ်ရှားမှု အဖွဲ့တခုဖြစ်သည့် စွမ်းအားမြှင့် မြန်မာကျောင်းသား စစ်သည်တော်များ အဖွဲ့ကတော့ သူတို့ လက်ချက်ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။
Jones turns to geese to inspire Japan
35 minutes ago

No comments:
Post a Comment