7.30.2008

မြန်မာစစ်အစိုးရအပေါ် အရေးယူပိတ်ဆို့မှု အမေရိကန်ထပ်တိုး၊





မြန်မာပြည်သူတွေအပေါ် စစ်အစိုးရက ဖိနှိပ်နေမှုတွေကို ဆန့်ကျင်တဲ့အနေနဲ့ရော ဒီမို
ကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ပြီး ဖမ်းဆီးထားတဲ့အတွက်ပါစစ်အစိုးရကို အရေးယူဒဏ်ခတ်တဲ့အနေနဲ့လွန်ခဲ့တဲ့ ၅ နှစ်ထဲက မြန်မာနိုင်ငံက ကုန်ပစ္စည်းတွေ တင်သွင်းမှုကို

အမေရိကန်ကပိတ်ပင်ထားတာကို ဗုဒ္ဓဟူးနေ့မှာ သမ္မတဘုရှ် (Bush) က လက်မှတ်ထိုး သက်တမ်း
ထပ်တိုးလိုက်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံက ကျောက်မျက်ရတနာတွေကို တတိယ
နိုင်ငံတွေကတဆင့် အမေရိကန်ပြည်ထောင်စုဆီ တင်သွင်းမှုကို တားမြစ်တဲ့ဥပဒေ
ပါဝင်တဲ့ Block Burmese Jade Act ဥပဒေကိုလည်း သမ္မတက လက်မှတ်ရေးထိုး
အတည်ပြုခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့က အိမ်ဖြူတော်မှာလုပ်တဲ့ လက်မှတ်ရေးထိုးပွဲ မတိုင်ခင်မှာ သမ္မတ
ဘုရှ်က …

"မြန်မာအစိုးရသိဖို့ ကျနော်တို့ ပြောချင်တာကတော့ အမေရိကန်ပြည်ထောင်စုဟာ
ဒီမိုကရေစီနဲ့ လွတ်လပ်မှုကို ယုံကြည်တယ်ဆိုတာပါပဲ။"

မြန်မာစစ်အစိုးရအပေါ် ဖိအားပေးတဲ့ ခုလို ဥပဒေတွေကို လက်မှတ်ရေးထိုးတဲ့ပွဲမှာ
သမ္မတကတော် လော်ရာဘုရှ် (Laura Bush) နဲ့ လွှတ်တော်အမတ်တချို့ တက်ရောက်
ပါတယ်။ သူတို့အပြင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီရရှိပြီး လူ့အခွင့်အရေး အခြေအနေ
တိုးတက်ဖို့ တစိုက်မတ်မတ် ဆောင်ရွက်သွားခဲ့တဲ့ ကွယ်လွန်သူ လွှတ်တော်အမတ်
တွမ် လန်းတို့စ် (Tom Lantos) ရဲ့ မိသားစုဝင်တွေလည်း တက်ရောက်ခဲ့ပါတယ်။

မြန်မာစစ်အစိုးရရဲ့ စစ်အသုံးစရိတ်နဲ့ ထိပ်ပိုင်းအရာရှိကြီးတွေအတွက် အဓိကဖြစ်နေတဲ့
နိုင်ငံခြားဝင်ငွေတွေကို ပိတ်ဆို့နိုင်ရေး ရည်ရွယ်တဲ့ Block Burmese Jade Act လို့
အမည်ရတဲ့ ဥပဒေဖြစ်လာဖို့အတွက် မစ္စတာ လန်းတို့စ်က ဦးဆောင်ကြိုးပမ်းခဲ့တာ
ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရဟာ ကျောက်စိမ်းနဲ့ ပတ္တမြား တင်ပို့ရောင်းချမှုကနေ တနှစ်ကို အမေ
ရိကန်ဒေါ်လာ သန်းပေါင်း ၃၀၀ လောက် ၀င်ငွေရှိနေတယ်လို့ ခန့်မှန်းရပါတယ်။ ဒီ
ဥပဒေထဲမှာ မြန်မာ့ကျောက်မျက်တွေကို တတိယနိုင်ငံတွေကတဆင့် အမေရိကန်
ပြည်ထောင်စုဆီ တင်သွင်းမှုကို တားမြစ်တဲ့ဥပဒေ တခုထဲမဟုတ်ဘဲ မြန်မာစစ်အစိုးရ
နဲ့ စစ်အစိုးရနဲ့ပူးပေါင်းပြီး စီးပွားရေးအမြတ်ထုတ်နေသူတွေရဲ့ ငွေကြေးပိုင်ဆိုင်မှုတွေ
ထိန်းချုပ်တာကို သမ္မတကိုယ်တိုင်က ဆောင်ရွက်နိုင်ရေး၊ အမေရိကန်သမ္မတက
ခန့်အပ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ်ထားရှိရေး၊ မြန်မာ
နိုင်ငံ ဒီမိုကရေစီရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံ့ကူညီမှုတွေကို အမေ
ရိကန်အစိုးရက တိုးပေးရေးတို့လည်း ပါဝင်ပါတယ်။

ခုလို မြန်မာနိုင်ငံအပေါ် အမေရိကန်အစိုးရက အရေးယူဒဏ်ခတ်မှုတွေ လုပ်နေပေ
မယ့် ထိရောက်မှုမရှိဘူးလို့ ဝေဖန်နေကြသူတွေလည်း ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး
အိမ်ဖြူတော်ပြောခွင့်ရသူ ဒေနာ ပရီနို (Dana Perino) က ပိတ်ဆို့အရေးယူမှုတွေဟာ
ထိရောက်မှုရှိပါတယ်လို့ မနေ့က အိမ်ဖြူတော်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ
ဖြေသွားပါတယ်။ အရေးယူဒဏ်ခတ်မှုတွေဟာ ထိရောက်တယ်ဆိုတာ သိပါတယ်။
ဒါကြောင့်ပဲ စစ်အစိုးရအပေါ် ဖိအားပေးနိုင်ဖို့ အမေရိကန်က တနိုင်ငံထဲအနေနဲ့ရော၊
နိုင်ငံစုံအနေနဲ့ပါ အရေးယူဒဏ်ခတ်မှုတွေကို လုပ်နေတာပါ။ အမေရိကန်ရဲ့ ရည်ရွယ်
ချက်က ပြည်သူတွေကို ဖိနှိပ်နေတဲ့ အစိုးရကို ဖိအားတွေ တိုးပေးဖို့ပါ။ ပြည်သူတွေကို
ထိခိုက်စေဖို့ မဟုတ်ပါဘူး။ ဒါကြောင့်ပဲ ဖိနှိပ်ခံနေရတဲ့ နိုင်ငံတွေက ပြည်သူတွေ
အတွက် လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့တွေကို အမေရိကန်က ရက်ရက်
ရောရော ပေးနေတာပါလို့ အိမ်ဖြူတော်ပြောခွင့်ရသူ ဒေနာ ပရီနိုက ပြောခဲ့ပါသည်။
အမေရိကန်သမ္မတကတော် မဲဆောက်လည်ပတ်မည်

ပြည်တွင်းက ကလေး (၁,၀၀၀) အတွက် လော်ရာဘုရှ်တို့အဖွဲ့က မနှစ်ကစပြီး ထောက်ပံ့ကူညီမှု ပေးတယ်။ အဲဒါနဲ့ ဆက်စပ်ပြီး ဒီက အခြေအနေကို လာရောက်လေ့လာတာ ဖြစ်တယ်လို့ သိရ တယ်” ဟု ပြောသည်။

၎င်းကလေးငယ်များအတွက် ထောက်ပံ့မှုများကို နိုင်ငံတကာ ကယ်ဆယ်ရေးကော်မတီ (IRC) မှတဆင့် မယ်တော်ဆေးခန်းသို့ ပေးပို့လှူဒါန်းခြင်းဖြစ်ပြီး နယ်စပ်နှင့် ပြည်တွင်းမှ အဆောင်နေ မြန်မာကလေးငယ်များအတွက် သူမတို့အဖွဲ့မှ ကူညီပေးခြင်းဖြစ်ကြောင်း မယ်တော်ဆေးခန်း
တာဝန်ခံက ပြောသည်။

လော်ရာဘုရှ်၏ ခရီးစဉ်နှင့် ပတ်သက်၍ မဲဆောက်မြို့ပိုင် နိုင်ကော်ကယ်ကျူလားဖန်းက “အမေရိ ကန်သမ္မတကတော် (၇) ရက်နေ့ မဲဆောက်ကိုလာမယ်။ သူ့ရဲ့ရှေ့ပြေးလူ (၃၀) မနက်ဖြန် ရောက် ပြီး ကြိုတင်ပြင်ဆင်မှုတွေ လုပ်မှာဖြစ်တယ်” ဟု အတည်ပြု ပြောသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမား ပညာရေးကော်မတီ (BMWEC) ဥက္ကဋ္ဌ ဆရာမ နော်ဖောရေ က “လာမယ့် (၇) ရက်နေ့ သူနဲ့တွေ့ရင် ရွှေ့ပြောင်းကလေးတွေရဲ့ ပညာရေးသင်ကြားမှု အနေအထား ကို ဒီလောက်နဲ့ မရပ်စေချင်ဘူး။ ဒီထက်ဆက်ပြီး ဆုံးခန်းတိုင် ပညာသင်ကြားခွင့် ရဖို့ဆိုတဲ့ အခွင့် အရေးကို ကူညီဖို့ တိုက်တွန်းမယ်” ဟု ပြောသည်။

မယ်တော်ဆေးခန်းနှင့် မြန်မာရွှေ့ပြောင်းအလုပ်သမား ပညာရေးကော်မတီအဖွဲ့များက လော်ရာ ဘုရှ်အား နယ်စပ်ကျန်းမာရေးနှင့် ပညာရေး အခြေအနေများအား ရှင်းပြမည်ဖြစ်သည်။

မဲဆောက်ဒေသအတွင်း မဲဆောက်၊ မဲလမတ်၊ ဖို့ဖတ်၊ သုံးမြို့နယ်တွင် မြန်မာကလေးငယ်ရွှေ့ ပြောင်း စာသင်ကျောင်း (၅၄) ကျောင်းရှိပြီး ရွှေ့ပြောင်းမြန်မာကလေးငယ် (၁၀,၀၀၀) ခန့် ပညာသင်ကြားလျက်ရှိသည်ဟု BMWEC ၏ စစ်တမ်းက ဖော်ပြထားသည်။ ။



No comments:

Post a Comment