8.27.2008

ညတည











ဂျိမ်းခနဲ့တခါးဆောင့်ပိတ်သံကြောင့်

ညနဲ့အတူကျနော်လန့်နိုးခဲ့ရတယ်

အဲဒါကျနော့်တခန်းကျော်ကိုရောက်လာတဲ့

ခင်ဗျားရဲ့ပထမညတိုက်ပွဲပေါ့

မျက်နှာမမြင်ရဘဲ

ရေချိုးခေါ်ထုတ်လာတဲ့ဒဏ်ရာများ

ရေကန်မှာခေါင်းစွပ်ဖြုတ်ပေးတော့မှ

ဒဏ်ရာမှာနာမည်တွဲပြီးလှမ်းမြင်ရတော့တယ်။

“ကျနော်အညတရနိုင်ငံရေးသမားလေးပါဗျာ”ဆိုတဲ့

ခင်ဗျားအပြော

“မင်းတို့ကြည့်ရတာသိပ်လေးလေးနက်နက်မရှိဘူး”ဆိုတဲ့

ခင်ဗျားရဲ့ကရုဏာဒေါသော

အမှတ်ရမိတယ်ဗျာ။

(၆)တိုက်ရှေ့ဖြတ်လျှောက်ရတိုင်း

အဖြူရောင်ပုဆိုးလေးသပ်သပ်ရပ်ရပ်ခင်းထားတဲ့

ခင်ဗျားရဲ့အနီရောင်အခန်းဖြူကို

ခေါင်းစွပ်အမမှာလှမ်းမြင်ရတယ်။

ဒဏ်ရာနဲ့လူရဲ့အခန်းငြိမ်

ရုံးထုတ်တော့

ကျနော်တို့ကိုခတ်ဖို့လက်ထိပ်မလုံလောက်ပေမယ့်

နှစ်အကြီးဆုံးထောင်ဒဏ်တွေချမှတ်ခဲ့ကြတယ်။

သူတို့က

ခင်ဗျားကိုသတ်ပစ်မှ

ကျောင်းသားတွေကိုသတ်ပစ်မှ

အနာဂတ်ရှိမယ်လို့ထင်ကြသူတွေကိုး၊

ခင်ဗျားတင်မက

ခင်ဗျားရဲ့ဈာပနကိုတောင်သူတို့အကျဉ်းချခဲ့ကြတယ်မဟုတ်လား။

ခင်ဗျားကတော့နှလုံးသားရေလည်အုံကြီးစုတ်ကွဲသွားတဲ့အထိ

ဒီခရီးထဲကိုမောင်းနှင်သွားနှင့်ပြီ။

အဝေးတနေရာကနေ

ဒဏ်ရာအပြည့်နဲ့ကျောပြင်တခုအတွက်

ဂျိမ်းကနဲ့သံတခါးပိတ်သံအတွက်

ကျနော်အမျှမဝေဖြစ်သေးဘူး။

AMT(၁၉၉၈ကျောင်းသားဟောင်း)

No comments:

Post a Comment