8.30.2008

ဒေါ်အောင်ဆန်းစုကြည်သူမ၏ တောင်းဆိုချက် (၂) ချက်ကြောင့်ဆန္ဒပြနေဟုယူဆရ



ပြီးခဲ့သော ၂၀၀၈ ခုနှစ်၊ သြဂုတ်လ ၁၅ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်၏ စားသောက်ရေးကို တာဝန်ယူပို့ဆောင်ရသည့် ကိုမြင့်စိုးအား ဒေါ်အောင်ဆန်းစုကြည်မှ၊ သူမ တောင်းဆိုသော အချက် (၂) ချက်ကို နအဖ အနေဖြင့် လိုက်လျှောခြင်း မရှိပါက ကိုမြင့်စိုးအနေဖြင့် တံခါး လာခေါက်စရာ နောက်ထပ် မလိုတော့ဘူးဟူ၍ ပြောကြားခဲ့သည်ဟု ဆိုပါသည်။အဆိုပါ ဒေါ်အောင်ဆန်းစုကြည်တောင်းဆိုချက် (၂) ချက်မှာ

၁။ အင်တာနက် တပ်ဆင် အသုံးပြုခွင့်နှင့်

၂။ ဆရာဝန် ဒေါက်တာ တင်မျိုးဝင်း၊ ရှေ့နေ ဦးကြည်ဝင်း တို့ဖြင့် တွေ့ဆုံခွင့် စသည့် အချက် (၂) ချက်ကို တောင်းဆိုထားခြင်း ဖြစ်ကြောင်း သတင်းကြားသိရသည်။

နောက်တချက်မှာ ဒေါ်အောင်ဆန်းစုကြည်၏ အိမ်မှု ကိစ္စများကို ကူညီလုပ်ကိုင်ပေးနေသော ဒေါ်ခင်ခင်ဝင်းနှင့် အခြားအဖေါ်၏ လွတ်လပ်ခွင့်များကိုနအဖ နောက်လိုက်များကအခုနောက်ပိုင်းရက်များတွင် ချုပ်ခြယ်မှု များပိုမိုလုပ်ဆောင်လာသည့် အချက်အပေါ်လည်း ဒေါ်အောင်ဆန်းစုကြည်နေဖြင့် ကျေနပ်နှစ်သက်ခြင်းမရှိ ဟုလည်းသိရပါသည်။

ဒေါ်အောင်ဆန်းစုကြည်၏တောင်းဆိုချက်(၂)ချက်တွင်ဒုတိယတောင်းဆိုချက်ဖြစ်သောဒေါက်တာတင်မျိုးဝင်းနှင့် ရှေ့နေ ဦးကြည်ဝင်း တို့ဖြင့် တွေ့ဆုံခွင့်ကို လိုက်လျောပေးသည်ဟုသိရသော်လည်း ပထမ အချက်ဖြစ်သည့် အင်တာနက် တပ်ဆင် အသုံးပြုခွင့်ကို ခွင့်မပြုသေးသောကြောင့် (၇)ရက်လျှင် တစ်ခါ ပေးပို့ရသော အစားအသောက်များကို လက်ခံရမည့် ၂၀၀၈ ခုနှစ် သြဂုတ်လ (၂၂) နေ့မှစ၍် အစားအသောက်များကို လက်ခံခြင်း မရှိတော့ကြောင်းသိရှိရပါသည်။

ယနေ့ ၂၀၀၈ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့သည် နောက်ထပ် (၇) ရက် မြောက်သော နေ့ဖြစ်သောကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အစားအသောက်များကို လက်မခံဘဲ ငြင်းဆိုထားသည်မှာ (၂)ပတ်တိတိ ပြည့်မြောက်သွားပြီ ဖြစ်ရာဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အစာအငတ်ခံ ဆန္ဒပြ၊ မပြဆိုသည်ကို အတည်ပြုနိုင်ခြင်းမရှိသေးသော်လည်း အစားအသောက် ပေးပို့ခြင်းကို လက်မခံသည်မှာ(၂)ပတ်ရှိနေပြီ ဖြစ်ပါသည်။

No comments:

Post a Comment