ထိုင်းနိုင်ငံမှာ ၀န်ကြီးချုပ်သစ် ရွေးချယ်ရေးအတွက် ၀န်ကြီးချုပ်ဟောင်း ဆမတ် ကို လက်ရှိ အာဏာရပါတီက အမည်စာရင်း ပြန် တင်သွင်းတာကို ရုတ်သိမ်းလိုက်ပြီ ဆိုပြီး ထိုင်းလက်ရှိ အာဏာရ ပြည်သူ့အာဏာပါတီ (PPP) က ပြောပါသည်။ စောစောပိုင်းကတော့ ပီပီပီ ပါတီက မစ္စတာ ဆမတ် ကိုပဲ ၀န်ကြီးချုပ်အဖြစ် ပြန်ပြီး တင်သွင်းခဲ့တဲ့အတွက် အစိုးရညွှန့်ပေါင်း အဖွဲ့ဝင် ကျန်တဲ့ ငါးပါတီက ကန့်ကွက်ခဲ့သလို ပါလီမန်မှာ ၀န်ကြီးချုပ်သစ် မဲပေးရွေးချယ်မယ့် အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်ပါသည်။
လောလောလတ်လတ် ၀န်ကြီးချုပ် ရာထူးကို စွန့်ခဲ့ရတဲ့ မစ္စတာ ဆမတ် ကို နောက်တကြိမ် ထိုင်းနိုင်ငံရဲ့ ၀န်ကြီးချုပ်အဖြစ် ရွေးချယ်ဖို့ လက်ရှိ အာဏာရ ပြည်သူ့အာဏာပါတီ ပီပီပီ က အမည်စာရင်း တင်သွင်းခဲ့ပြီး မဲခွဲဆုံးဖြတ်ဖို့ ဒီနေ့ ပါလီမန်မှာ အစည်းအဝေး ကျင်းပခဲ့ပါသည်။ နာရီဝက်ခန့်အကြာတွင် ထိုင်း လွှတ်တော်သဘာပတိ ချိုင်း ချိတ်ဒ်ချော့်ဘ် က ရုတ်တရက် အစည်းအဝေးကို ရွှေ့ဆိုင်းလိုက်ပြီးပါလီမန်မှာ တက်ရောက်တဲ့အရေအတွက် အလုံအလောက် မရှိတဲ့အတွက် ၀န်ကြီးချုပ်သစ် ရွေးချယ်ရေး ဟာ နှောင့်နှေးကြံ့ကြာဦးမည်ဟု ပြောဆိုသွားခဲ့ပါသည်။လာမယ့် ဗုဒ္ဓဟူးနေ့မှာ ၀န်ကြီးချုပ်သစ်ကို ပါလီမန်မှာ မဲခွဲဆုံးဖြတ်ရန်စီစဉ်ထားကြောင်းသိရပါသည်။
ထိုင်း ၀န်ကြီးချုပ်ဟောင်း ဆမတ်အား ၀န်ကြီးချုပ်အသစ်အဖြစ် ရွေးချယ်ရေး အမည်စာရင်း တင်သွင်းခြင်းကို ထိုင်း အစိုးရ ညွှန့်ပေါင်း အဖွဲ့ထဲမှ ပါတီ ငါးပါတီက ကန့်ကွက်ခဲ့ပါသည်။ု ညွှန့်ပေါင်း အစိုးရအဖွဲ့ ပါတီများသာမက လက်ရှိ အာဏာရပါတီမှ အနည်းဆုံး အဖွဲ့ဝင် ၇၀ လောက်ကလည်း ကန့်ကွက်ကြပါသည်။ု မစ္စတာ ဆမတ် ကို ၀န်ကြီးချုပ်အဖြစ် ပြန်လည်ရွေးချယ်လျှင် ထိုင်းနိုင်ငံ၏ နိုင်ငံရေး အကျပ်အတည်းများ ပိုမို ဆိုးလာမည်ကို စိုးရိမ်
သဖြင့် အခုလို ကန့်ကွက်ကြခြင်းဖြစ်သည်။
အတိုက်အခံ ဒီမိုကရက် ပါတီမှ ပါလီမန်အမတ်တဦးဖြစ်သူKraisak Choonhavan က လက်ရှိ ထိုင်းနိုင်ငံကို ဆန့်ကျင် ဆန္ဒပြနေကြတဲ့ သူတွေဟာ အာဏာရ ပီပီပီ ပါတီက ဘယ်သူ့ကို ၀န်ကြီးချုပ်အဖြစ် နောက်ထပ် အမည်စာရင်း ထပ်တင်မယ်ဆိုတာကို စောင့်ကြည့်နေကြတယ်လို့ ပြောပါသည်။
ထိုင်းနိုင်ငံ၏ နိုင်ငံရေး အကျပ်အတည်း တွေကြားတွင် ထိုင်း စီးပွားရေး ထိခိုက်ခဲ့ရခြင်းများ ရှိပြီး၊ အထူးသဖြင့် ထိုင်းနိုင်ငံ၏ ကမ္ဘာလှည့် ခရီးသည်လုပ်ငန်း ထိခိုက်ခဲ့ရခြင်းကြောင့် စီးပွားရေးလုပ်ငန်းရှင် အသိုင်းအ၀ိုင်းက အခြား ၀န်ကြီးချုပ် အသစ်တယောက်ကိုသာ အမည်စာရင်း တင်သွင်းရန်ပီပီပီ ပါတီကို တိုက်တွန်းနေပါသည်။
အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများက လက်ရှိ အာဏာရ ပီပီပီ ပါတီသည် လာဘ်ပေးလာဘ်ယူမှုများဖြင့် ရုံးတင်စစ်ဆေးခံနေရစဉ်တွင် ဗြိတိန်နိုင်ငံသို့ ထွက်ပြေးသွားသော ၀န်ကြီးချုပ်ဟောင်း တက်ခ်ဆင် ရှင်နာဝတ် အတွက် လုပ်ကိုင်ဆောင်ရွက်ပေးနေသည်ဟု ပြောဆိုနေပါသည်။
How cocaine and corruption led to the indictment of Maduro
25 minutes ago

No comments:
Post a Comment