9.25.2008

Bomb in Rangoon near the City Hall မြို့တော်ခန်းမအနီးဗုံးပေါက်ကွဲ



Bomb blasts in Rangoon near City Hall, one died PDF Print E-mail
Mizzima News
Thursday, 25 September 2008 11:44

An explosion has occurred in downtown Rangoon, in front of the City Hall and near the popular Bandoola Park at around 10:40 a.m. (local time) on Thursday morning.

An eyewitness said one died and at least three people were injured from the explosion, which is believed to have been from a bomb.

A restaurant owner near Bandoola Park said he heard the explosion, which occurred at the bus stand in front of the park, and saw at least three injured people. However he could not say whether it was the result of a bomb or not.

"I heard a loud explosion, and when I rushed to see, I saw about three people injured," the restaurant owner said.

He said police immediately arrived on the scene and cordoned off Maha Bandoola Street in front of the park.

However the Kyuaktada Police, when contacted by Mizzima, said, "We heard the loud explosion, but we are not sure whether it was a bomb or not, we are still investigating the incident."

ရန်ကုန်
စက်တင်ဘာ ၂၅၊၂၀၀၈
မြို့ တော်ခန်းမ အနီး မင်္ဂလာဒုံသို့ သွားမည့်ကားဂိတ်အနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု သတင်းရရှိပါတယ်။

ယနေ့နံနက်၁၀ နာရီ ၄၅ မိနစ်ခန့်က မြို့တော်ခမ်းမရှေ့မဟာဗန္ဓုလမ်း ပန်းခြံဘေး ကားမှတ်တိုင်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ ခြင်းဖြစ်ပြီးပန်းခြံ ခြံစည်းရိုး လဲကျသွားအထိ ပြင်းထန်စွာပေါက်ကွဲခဲ့ပြီး လူ (၆) ဦး ဒဏ်ရာ ရရှိခဲ့သည်ဟုသိရပါသည်။


(ပြည်တွင်းမှသတင်းပေးပို့ချက်ဖြစ်ပါသည်။)

မဇ္ဈိမသတင်းဌာန
ကြာသပတေးနေ့၊ စက်တင်ဘာလ 25 2008 11:37 - မြန်မာစံတော်ချိန်

ရန်ကုန်မြို့လယ် မြို့တော်ခန်းမအရှေ့ ဗန္ဓုလပန်းခြံအနီး ပေါက်ကွဲမှုတခု မြန်မာစံတော်ချိန် နံနက် ၁၀း၄၀ နာရီခန့်က ဖြစ်ပွားခဲ့သည်။ ဗုံးပေါက်ကွဲမှု ဖြစ်သည်ဟု ယုံကြည်ရပြီး လူ ၁ ဦးသေဆုံးကာ အနည်းဆုံး ၃ ဦး ဒဏ်ရာ ရရှိသွားကြောင်း မျက်မြင်သက်သေ တဦးက ပြောသည်။

မဟာဗန္ဓုလ ပန်းခြံအနီးရှိ စားသောက်ဆိုင် ပိုင်ရှင်တဦးက ပေါက်ကွဲသံတခု ကြားခဲ့ကြောင်းနှင့် ပန်းခြံရှေ့ဘက် ဘတ်စ်ကားမှတ်တိုင်တွင် ဖြစ်ပွားခြင်းဖြစ်ပြီး အနည်းဆုံး လူ ၄ ဦး ဒဏ်ရာ ရသွားခဲ့သည်ဟု ပြောသည်။

"ပေါက်ကွဲသံကြီး ကြားလိုက်ရတယ် ပြီးတော့ လူတွေတအုံးအုံးနဲ့ သွားကြည့်ကြတာပေါ့။ ကျနော်မြင်တာ ဒဏ်ရာရတဲ့ လူတွေ" ဟု သူက ပြောသည်။

အခင်း ဖြစ်ပွားရာသို့ ရဲများ ချက်ခြင်းရောက်ရှိလာပြီး ဗန္ဓုလလမ်းကို ပိတ်ဆို့လိုက်သည်။

ကျောက်တံတား ရဲစခန်းသို့ မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ "ပေါက်ကွဲသံကျယ်ကြီး ကြားလိုက်ရတယ်။ ဒါပေမယ့် ဗုံး ဟုတ် မဟုတ် မသေချာဘူး။ စုံစမ်းနေတုံးပဲ" ဟု ပြောသွားသည်။

No comments:

Post a Comment