9.09.2008

Three Injured in Rangoon Bus Blast ပြည်လမ်းမပေါ်တွင် ဘတ်စ်ကားတစီးပေါက်ကွဲမှုဖြစ်ပွား

Three people including the driver were seriously injured when an explosion ripped through their vehicle in Rangoon on Tuesday, according to witnesses. The blast occurred, at about 11 a.m., at the Hledan junction in Kamayut Township.

An explosion wrecked the bus. Three people were seriously injured.
The cause of the explosion is not yet clear. The township’s police station declined to give The Irrawaddy any details of the incident.

Although a bomb attack has not been ruled out, the possibility of a gas canister explosion is also being considered. In 2004, the Rangoon authorities began a program of converting the city buses from using diesel fuel to compressed natural gas (CNG).

Tuesday’s explosion wrecked the bus and blocked the Hledan junction for more than an hour.



ပြည်လမ်းမပေါ်တွင် ဘတ်စ်ကားတစီးပေါက်ကွဲမှုဖြစ်

ယနေ့နံနက် (၁၁) နာရီခန့်တွင် အမှတ် (၄၅) လိုင်းမှ ဘတ်စ်ကားတစီး ပြည်လမ်းမပေါ် လှည်းတန်းမီးပွိုင့်နားအရောက်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

အဆိုပါကားမှာ မြေနီကုန်းတွင် လူအချို့ဆင်းပြီး ဆက်လက်မောင်းနှင်လာရာမှ လှည်းတန်း အရောက် ဦးတေဇပိုင် အက်စတိတ်အဲဗင်းနယူး ဟိုတယ်ရှေ့တွင် ရုတ်တရက် ပေါက်ကွဲမှု ဖြစ်ပွားခြင်းဖြစ်ကြောင်း ကားစပယ်ယာဖြစ်သူက ပြောသည်။

ဦးခေါင်းနှင့် လက်တွင် ဒဏ်ရာရှိသွားသည့် ကားစပယ်ယာက ကားပေါ်တွင် ခရီးသည် (၁၀) ယောက်ကျော်ခန့်ပါပြီး ကားဒရိုင်ဘာအပါအ၀င် လူအချို့ဒဏ်ရာရရှိကြောင်း ပြောသည်။

အခင်းဖြစ်ပွားသည့်နေရာသို့ ရောက်ရှိခဲ့သူ မျက်မြင်တဦးက “ကားခေါင်မိုးတွေ ပွင့်ထွက်သွားပြီး မှန်ကွဲစတွေ လမ်းတဖက်အထိ အတော်ဝေးဝေးကို လွင့်စဉ်နေတာ တွေ့ရတယ်။ ပေါက်ကွဲမှု ပြင်းထန်ပုံရတယ်” ဟု ပြောသည်။

ကားပေါက်ကွဲရသည့်အကြောင်းရင်းကိုမူ သေချာစွာမသိရသေးပေ။

No comments:

Post a Comment