10.14.2008

မိုးမခသတင်း

checkFull("post-" + "5852469546855369859");
#fullpost {display:none;}
၈၈ မျိုးဆက်တို့၏ မိဘသားချင်းများ တရားရုံးသို့ ၀င်ရောက်ကြားနာခွင့် မရရှိသဖြင့် အင်းစိန်ထောင်ရှေ့တွင် နေပူ မိုးရွာ ရာသီဥတုဒဏ်ကို ကြံ့ကြံ့ခံပြီး စောင့်ဆိုင်းလျက်ရှိ

မိုးမခ ဓာတ်ပုံသတင်း

အောက်တိုဘာ ၁၃၊ ၂၀၀၈

၈၈ မျိုးဆက်များ၊ နာဂစ်ကယ်ဆယ်ရေး အနုပညာရှင်များနှင့် မတရားဖမ်းဆီးခံထားရသူ ကျောင်းသား၊လူငယ်၊ ရဟန်းသံဃာတို့၏ တရားရုံးထုတ် စစ်ဆေးသည့် တရားခွင်သို့ သက်ဆိုင်ရာ မိဘ၊ သားချင်းများ ၀င်ရောက်ကြားနာခွင့်နှင့် မိသားစု တွေ့ဆုံခွင့်တို့ကို စစ်အစိုးရက အကြောင်းတစုံတရာ မထုတ်ပြန်ဘဲ ယခင်အပတ်က စတင်ပြီး ပိတ်ပင်တားမြစ်ခဲ့သည်။ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များနှင့် တွေ့ဆုံခွင့် မရရှိသော်လည်း တနင်္လာနေ့ နေ့ခင်းကတည်းက သက်ဆိုင်ရာ မိဘသားချင်းများသည် အင်းစိန်ထောင်ရှေ့တွင် ဇွဲကောင်းကောင်းနှင့် စောင့်ဆိုင်းနေကြသည်ကို တွေ့ရသည်။

အကျဉ်းဦးစီးဌာန ဦးဆောင်ညွန်ကြားရေးမှူးထံသို့လိပ်မူ၍ ယခုပိတ်ပင်တားဆီးမှုများကို ရုပ်သိမ်းပေးရန် တောင်းဆိုထားကြောင်းလည်း သိရှိရသည်။

(ဓာတ်ပုံ - မြန်မာအရေးလှုပ်ရှားသူများ)

checkFull("post-" + "3982214394340116057");

#fullpost {display:none;}
ကာလီဖိုးနီးယား ဟာဖ်မွန်းဘေးမြို့ ဘုန်းကြီးကျောင်းတွင် သီတင်းကျွတ်ပွဲ ကျင်းပခဲ့

မိုးမခ ဓာတ်ပုံသတင်း

အောက်တိုဘာ ၁၃၊ ၂၀၀၈

ကာလီဖိုးနီးယားပြည်နယ်၊ ဟာဖ်မွန်းဗေးမြို့၊ ဓမ္မာနန္ဒ၀ိဟာရ ကျောင်းတော်၌ ထေရ၀ါဒဗုဒ္ဓဘာသာအသင်း၏ သီတင်းကျွတ်ပွဲ၊ အဘိဓမ္မာအခါတော်နေ့ နှင့် ဆွမ်းဆန်စိမ်းလောင်းပွဲကို ယမန်နေ့က ပြုလုပ်ခဲ့သည်။ နံနက် ၉ နာရီမှ နေ့လည် ၁ နာရီ အထိ ကျင်းပခဲ့ရာ သံဃာတော်နှင့် သီလရှင်များ စုစုပေါင်း ၁၄ ပါးတို့အား လှုဖွယ်ဝတ္ထု ပစ္စည်းများကို ဆက်ကပ်ကြသည်။ မြန်မာပြည်သား ပရိသတ် ၂၀၀ ခန့် တက်ရောက်ခဲ့သည်။



checkFull("post-" + "2027834484014942001");

#fullpost {display:none;}


စစ်အစိုးရ၏ မိုးလေ၀သ ညွှန်ချုပ် ဦးထွန်းလွင်ကို ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်ဟု ဆို

မိုးမခ အထောက်တော် ၀၀၃

အောက်တိုဘာ ၁၃၊ ၂၀၀၈

၂၀၀၈ မေလ ၂ ရက်နေ့က မြန်မာပြည်အောက်ပိုင်းကို တိုက်ခိုက်ဖျက်ဆီးခဲ့သည့် နာဂစ်မုန်တိုင်းကို အများပြည်သူတို့ ကြိုတင်သိရှိစေရန် သတိပေး အကာအကွယ်ပေးရန် ပျက်ကွက်ခဲ့သည့် အုပ်ချုပ်သူ စစ်အစိုးရက ၎င်း၏ မိုးလေ၀သဌာနက တာဝန်ရှိသူ ဦးထွန်းလွင်ကို ယခုနှစ်အတွင်း ထူးချွန်သော ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်ရန် စီစဉ်နေသည်ဟု ပြည်တွင်းဝန်ထမ်းအချို့က ခန့်မှန်းပြောဆိုနေသည်ဟု ဆိုသည်။

နာဂစ်မုန်တိုင်းကို ကြိုတင်သတိပေးရန် ပျက်ကွက်ခဲ့သည့်အပြင် မုန်တိုင်းမှာ ကုန်းတွင်းပိုင်းသို့ ၀င်ရောက်စဉ် အားပျော့သွားပြီဖြစ်ကြောင်းကိုလည်း မြန်မာအသံက ကြေညာခဲ့ရာ ပြည်သူတို့အများမှာ မျှော်လင့်မထားသော အင်အားကြီးသည့် သေမင်းတမန် နာဂစ်မုန်တိုင်း တိုက်ခတ်မှုကို အကာအကွယ်မဲ့ လည်စင်းခံခဲ့ကြရသည်။ ထို့အတွက် လူပေါင်း ၁ သိန်းခွဲ စာရင်းအရ သေဆုံးပြီး၊ လူပေါင်း ၁ သန်းခွဲကျော် စာရင်းအရ ဒုက္ခသည်များအဖြစ် ရောက်ရှိခဲ့ရသည်။

ပြည်တွင်း ပြည်ပ ဂျာနယ်များ၊ သတင်းဌာနများက စစ်အစိုးရ မိုးလေ၀သဌာနက ညွန်ချုပ် ဦးထွန်းလွင်ကို မေးမြန်းစုံစမ်းခဲ့ရာတွင် ၎င်းက စစ်အစိုးရ သတင်းထုတ်ပြန်ချက်ကိုကာကွယ် ပြောဆိုခဲ့သည့်အပြင် ၎င်းအနေနှင့်လည်း ထုတ်ဖော်ပြောဆိုရန် အကန့်အသတ်များ ရှိကြောင်းကိုလည်း အင်တာဗျုးများ၊ ဆောင်းပါးများတွင် ထုတ်ဖော်ပြောဆိုခဲ့သဖြင့် ပရိသတ်များအနေနှင့် စစ်အစိုးရနှင့် မိုးလေ၀သဌာနတို့အပေါ်တွင် သံသယဖြစ်မှုမှာ ပျက်ပြယ်သွားခြင်း မရှိခဲ့ပေ။

မုန်တိုင်းအပြီး နိုင်ငံတကာနှင့် ရဟန်းပြည်သူတို့ ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုး ကယ်ဆယ်ရေးလုပ်ငန်းများကိုလည်း စစ်အစိုးရက နှောင့်နှေးအောင်၊ ထိရောက်မှုမရှိအောင် အနှောက်အယှက်များ၊ ချုပ်ချယ်မှုများ ကျုးလွန်ခဲ့သဖြင့် မလိုအပ်သော ဆုံးရှုံးနစ်နာမှုများ ကြုံတွေ့ခဲ့ကြရသည်။

ဦးထွန်းလွင်သည် ၁၉၄၈ ဇန္န၀ါရီ ၁၇ တွင် စစ်ကိုင်းတိုင်းအတွင်း မွေးဖွားခဲ့သူဖြစ်သည်။ အမေရိကန် တက္ကသိုလ်တခုက မိုးလေ၀သဆိုင်ရာ ပါရဂူဘွဲ့ စာတမ်းတင်နိုင်ခဲ့သည်ဟု ဆိုသည်။ ၎င်းကို မြန်မာရုပ်မြင်သံကြား ပေါ်ထွန်းလာပြီး (၁၉၈၀ ခုနှစ်များ) နောက်ပိုင်း မိုးလေ၀သ လစဉ် ခန့်မှန်းသူအဖြစ် မြန်မာပြည်သူတို့ မျက်မှန်းတန်းမိခဲ့ကြသည်။ ၂၀၀၃ ခုနှစ်တွင် စစ်အစိုးရက စက်မှုထူးချွန် ဒုတိယဆင့် ချီးမြှင့်ခဲ့ပေးသည်။ ၂၀၀၆ တွင် နိုင်ငံတကာမိုးလေ၀သနှင့် ဇလဗေဒအသင်းကြီး၏ အမြဲတမ်း အသင်းသား ဖြစ်လာသည်။ ၂၀၀၇ တွင် အာရှ သဘာဝဘေးဒဏ် ကာကွယ်ရေးနှင့် ပြင်ဆင်ရေး ကောင်စီ၏ ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်သည်။ ယခု နေပြည်တော် မိုးလေ၀သဌာန၏ ညွန်ချုပ်အဖြစ် ဆောင်ရွက်လျက်ရှိသည်။

ယခုအချိန်တွင် မုန်တိုင်းအလွန် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ၊ ကယ်ဆယ် စောင့်ရှောက်ရေးလုပ်ငန်းများကို အနှောက်အယှက်ကင်းကင်းဖြင့် ဆောင်ရွက်နိုင်စေရေးအတွက် ပုဂ္ဂိုလ်များ အဖွဲ့အစည်းများက အာဏာပိုင်များကို ဝေဖန်ခြင်း မပြုကြကြောင်း၊ ယခင်က ဝေဖန်သူများ သတင်းပြန်ကြားသူများ (ကိုဇာဂနာ၊ ကိုဇော်သက်ထွေးနှင့် လူမှုကယ်ဆယ်ရေး အနုပညာရှင်များ၊ စာနယ်ဇင်းသမားများ၊ နိုင်ငံရေးပါတီဝင်များ) ကို စစ်အစိုးရက ဖိနှိပ် ဖမ်းဆီးခြင်းများနှင့် အရေးယူခဲ့သည်နောက်ပိုင်းတွင် ပြည်တွင်းဂျာနယ်များတွင် မုန်တိုင်းသတင်းမဆိုထားနှင့် မိုးလေ၀သနှင့် ပတ်သက်ပြီးတောင် သတင်းတင်ခွင့်ကို ကန့်သတ်ထားကြောင်း၊ ယခုအချိန်တွင် စစ်အစိုးရက နာဂစ်ကယ်ဆယ်ရေး ပြန်လည်ထူထောင်ရေးနှင့်ပတ်သက်ပြီး မည်မျှ အောင်မြင်ကြောင်း၊ ထိရောက်ကြောင်း၊ စစ်အစိုးရနည်း စစ်အစိုးရဟန်ဖြင့် ဆောင်ရွက်ခြင်းသာလျင် မြန်မာပြည်သူတို့နှင့် အခြားအဖွဲ့အစည်းတို့အတွက် အသင့်တော်ဆုံး ရွေးချယ်ရာ ဖြစ်သည်ဟု ပြသရန်အတွက် စစ်အစိုးရ ၀ါဒဖြန့် လှုပ်ရှားမှုများဖြစ်လာပုံရကြောင်း ပြည်တွင်းက မိုးမခ စာဖတ်သူတဦးက ထင်မြင်ချက်ပေးသည်။

No comments:

Post a Comment