10.20.2008

Cotton Traders ends Burma sourcing မြန်မာနိုင်ငံက ချည်ထည် အ၀တ်ထည်တွေ့ ဗြိတိန်ကုမ္ပဏီမတင်သွင်းဖို့ ဆုံးဖြတ်


Clothing retailer Cotton Traders is to stop sourcing from Burma after campaigners launched a boycott.

The Burma Campaign UK called for consumers not to buy from Cotton Traders last Wednesday. On Friday, the retailer agreed to change its stance.

Cotton Traders product director Paul Hawkins said: "No new styles will be placed in Burma and as such Cotton Traders has ceased to source product from Burma."

Burma Campaign UK campaigns officer Johnny Chatterton welcomed Cotton Traders' decision. He warned that other retailers will be investigated because they have not disclosed whether or not they source from Burma. Those to be scrutinised include Etam, Harrods, Jane Norman and Liberty.


မြန်မာနိုင်ငံကထုတ်တဲ့ ချည်ထည်တွေရောင်းချနေတဲ့ ဗြိတိန်နိုင်ငံက Cotton Traders ကုမ္ပဏီကို ဗြိတိန် အခြေစိုက် မြန်မာ့အရေး လှုပ်ရှားနေတဲ့ Burma Campaign UK အဖွဲ့က သပိတ်မှောက်ခဲ့တာကြောင့် မြန်မာနိုင်ငံက ချည်ထည်တွေကို တင်သွင်းတော့မှာမဟုတ်ဘူးလို့ အောက်တိုဘာလလ ၁၇ ရက် သောကြာနေ့ ရက်စွဲနဲ့ တရားဝင် ကြေငြာချက် ထုတ်ပြန်လိုက်သည်။

Cotton Traders ကုမ္ပဏီသည် မြန်မာနိုင်ငံမှ ချည်ထည်၊ အ၀တ်အထည်များ ဆက်ပြီး တင်သွင်း ရောင်းချနေမယ်ဆိုလျှင် သပိတ်မှောက်မည်ဟု Burma Campaign UK အဖွဲ့က ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက် ဗုဒ္ဓဟူးနေ့က ကြေညာခဲ့သည်။ ထို Campaign စပြီး နောက် ၂ ရက်အကြာတွင်မြန်မာနိုင်ငံမှ အ၀တ်အထည်သစ်များ နောက်ထပ် တင်သွင်း ရောင်းချခြင်း လုပ်တော့မည်မဟုတ်ကြောင်း ယခုကဲ့သို့ တရားဝင် ကြေငြာချက် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံက ထုတ်တဲ့ အ၀တ်အထည်တွေကို တင်သွင်းခြင်းမလုပ်တော့ပဲ ဘာကြောင့် နှုတ်ထွက်ဖို့ ဆုံးဖြတ်ရသည်ကိုတော့ Cotton Traders ကုမ္ပဏီက တရားဝင် ထုတ်ဖော်ပြောဆိုခြင်း မရှိပါ။ ဗြိတိန်နိုင်ငံမှာ ချည်ထည် အ၀တ်အထည် ကုမ္ပဏီပေါင်း ၁၄၀ ကျော်ရှိသော်လည်း ထို Cotton Trader တခုသာမြန်မာနိုင်ငံ
မှတင်သွင်းရောင်းချနေခြင်းဖြစ်သည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၉ ရက်နေ့ကလည်း ဗြိတိန်နိုင်ငံအခြေစိုက် Lloyd’s of London အာမခံကုမ္ပဏီကြီးအောက်တွင် လုပ်ကိုင်နေကြသည့် XL နှင့် Chubb ကုမ္ပဏီ ၂ ခု လည်း Burma Campaign UK အဖွဲ့၏သပိတ်မှောက် ကန့်ကွက်မှုများကြောင့် မြန်မာနိုင်ငံအတွင်းမှာ ရင်းနှီးမြုပ်နှံမှုတွေ၊ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နေကြတဲ့ ကုမ္ပဏီတွေကို အာမခံပေးတဲ့လုပ်ငန်း မလုပ်တော့ရန်ဆုံးဖြတ်ပြီး မြန်မာနိုင်ငံကနေ နှုတ်ထွက်ခဲ့ပါသည်။

No comments:

Post a Comment