10.19.2008

Bomb blast in Burma causes minor damage ရန်ကုန်မြို့တွင်ဗုံးပေါက်ကွဲထိခိုက်မှုမရှိ

A small bomb exploded at approximately 8:00 (1330 GMT) pm on October 18th. The explosion occurred near the football field in Yangon late Saturday. A witness could not confirm if there were any casualties. Associacao Missao Esperanca (AME) soccer team from Brazil will play two charity soccer matches in Burma on October 26th and 28th.

The latest bus explosion occurred on October 13th in front of the FAO office, in Yangon's Insein Township. The explosion was caused by gas. Seven people were killed and one was injured.

ရန်ကုန်မြို့တွင်ဗုံးပေါက်ကွဲ

ရန်ကင်းမြို့နယ်ဘောက်ထော်ဘော်လုံးကွင်းအနီး၊တပ်မတော်မှတ်တမ်း

ရုံးရှေ့နားတွင်၁၈ရက်စနေနေ့ညရနာရီ၃၀ကျော်ခန့်တွင်ဗုံးပေါက်ကွဲမှု

တခုဖြစ်ပွါးခဲ့ပါသည်။မျက်မြင်သက်သေများ၏ပြောပြချက်အရထိခိုက်မှု

မရှိခဲ့ကြောင်းသိရသည်။

ဗုံးနှစ်လုံးဖြစ်ပြီးတလုံးသာပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်းအမည်မဖေါ်လို

သူအရာရှိတဦးကိုကိုးကား၍APသတင်းတရပ်တွင်ဖေါ်ပြသွားခဲ့ပါ

သည်။




ရန်ကုန်မြို့ ဘောလုံးကွင်းတခုအနီးတွင် အသေးစား ဗုံးတလုံး ပေါက်ကွဲ
သတင်း - အေအက်ဖ်ပီ (၁၉-၁၀-၂၀၀၈)

ရန်ကုန် အရှေ့မြောက်ပိုင်း ဘောလုံးကွင်းတခုအနီးတွင် (၁၈-၁၀-၂၀၀၈) စနေနေ့က အသေးစား ဗုံးတလုံး ပေါက်ကွဲခဲ့သည့်အတွက် အနည်းငယ် ပျက်စီးမှုရှိခဲ့သော်လည်း ထိခိုက်ဒဏ်ရာရမှုမရှိကြောင်း မြန်မာရဲအရာရှိ တဦးက ပြောကြားသည်။

“ဗုံးပေါက်ကွဲမှုမှာ သေဆုံးသူ ဒါမှမဟုတ် ထိခိုက်ဒဏ်ရာရသူ တယောက်မှ မရှိပါဘူး” ဟု အမည်မဖော်လိုသူ ရဲအရာရှိတဦးက ပြောဆိုသည်။ ည ၈နာရီအချိန်ခန့်တွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်ပွားသည့်နေရာကို ရဲ က လုံခြုံရေးတင်းကျပ်ကာ ချက်ချင်းပိတ်ပစ်ခဲ့သည်။ ပြီးခဲ့သည့်လတွင် လေးကြိမ်ပေါက်ကွဲပြီးနောက် စနေနေ့ က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ရန်ကုန်မြို့ အရှေ့မြောက်ပိုင်းတွင်ပင် ဖြစ်ပွားခဲ့သည့် ဗွီဒီယိုကဖေးတခု ၌ ပေါက်ကွဲမှုတွင်လည်း နှစ်ဦးသေဆုံးပြီး (၁၀)ဦး ဒဏ်ရာရရှိခဲ့သည်။

မြန်မာစစ်အစိုးရသည် အလားတူ ဗုံးပေါက်ကွဲမှုများနှင့် ပတ်သက်၍ စစ်အစိုးရအာဏာပိုင်များကို ဆယ်စုနှစ် များစွာ တိုက်ပွဲဝင်နေသည့် ပြည်ပလက်နက်ကိုင်အင်အားစုများ၊ တိုင်းရင်သားသူပုန်များ၏ လက်ချက်ဟု ယ ခင်က စွပ်စွဲခဲ့သည်။ ဇူလိုင်လက လှိုင်သာယာ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းရုံးတွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုတွင် လည်း အထိန်းသိမ်းခံ ဒေါ်အောင်ဆန်းစုကြည်၏ အဲန်အယ်လ်ဒီပါတီမှ အဖွဲ့ဝင်နှစ်ဦး၏ လက်ချက်ဟု စွပ်စွဲပြီး ဒီမိုကရေစီးရေး တက်ကြွလှုပ်ရှားသူများအပေါ် အစိုးရပိုင် မီဒီယာက အပြစ်ဖို့ခဲ့သည်။

No comments:

Post a Comment