10.26.2008

Credential Challenge အတွက်အလားအလာများမကုန်သေးဟုဆို



NCUB၏အထွေထွေအတွင်းရေးမှူးဦးမောင်မောင်က Credential Challenge သည်ငြင်းပယ်ခံရခြင်းမဟုတ်ပဲအချက်အလက်လိုအပ်နေသေးသည့်အတွက်
ကုလသမဂ္ဂ၏ဥပဒေရေးရာဌာနတွင်ဆိုင်းငံနေရခြင်းသာဖြစ်ပြီးလာမည့်ဒီဇင်
်ဘာလ၁၄ရက်နေ့အထိဆက်လက်ဆောင်ရွက်နိုင်သောမျှော်လင့်စရာရှိသေး
သည်ဟုယနေ့ညနေကBPPU(မြန်မာနိုင်ရေးအကျဉ်းသားများသမဂ္ဂ)တွင်ပြု
လုပ်သောရှင်းလင်းပွဲတခုတွင်ပြောဆိုသွားပါသည်။

၎င်းကပြောကြားရာတွင်ထိုသို့ရပ်တန့်နေရသည့်လိုအပ်ချက်မှာNCGUB
ခေါ်အမျိုးသားညွန့်ပေါင်းအစိုးရ၏လက်မှတ်ရေးထိုးနိုင်ခြင်းမရှိသည့်အချက်
သည်အဓိကဖြစ်နေသည်ဟုဆိုပါသည်။NCGUBကအဆိုပါ Credential
Challengeနှင့်ပါတ်သက်သောလှုပ်ရှားမှူကိုနိုင်ငံရေးအရထောက်ခံသည်
ဟုဆိုသော်လည်းတရားဝင်လက်မှတ်ရေးထိုးပေးခြင်းမရှိသေးပါ။

ထိုလှုပ်ရှားမှု၏ရည်ရွယ်ချက်မှာကုလသမဂ္ဂတွင်စစ်အာဏာသိမ်းအစိုးရ၏
တရားဝင်မှုကိုပယ်ဖျက်ပေးရန်ဖြစ်ပြီးလက်ရှိဆောင်ရွက်ထားမှုအခြေအနေ
များအရအောင်မြင်ရန်အခွင့်အလမ်းများရှိနိုင်သည်ဟုရှင်းလင်းပြောပြသွား
ခဲ့ပါသည်။
၎င်းကဆက်လက်ပြောဆိုရာတွင်စစ်အာဏာရှင်များကမည်သို့ငြင်းဆိုနေစေကာ
မူ၁၉၉၀ခုနှစ်ရွေးကောက်ပွဲ၏ရလဒ်ယခုအချိန်အထိခိုင်မာစွာတရားဝင်နေဆဲဖြစ်
်ပြီးကုလသမဂ္ဂ၏ညီလာခံကျင်းပသည့်နှစ်တိုင်းတွင်၁၉၉၀ရွေးကောက်ပွဲ၏ရလဒ်
ကိုအမြဲအသိအမှတ်ပြုခဲ့သလိုအမေရိကန်နိုင်ငံကလည်းလက်ရှိသမ္မတဘုရှ်ကိုယ်
တိုင်၂၀၀၃ခုနှစ်ကတည်းကလက်မှတ်ရေးထိုးဥပဒေထုတ်ပြန်ပြီး၁၉၉၀ရွေး
ကောက်ပွဲရလဒ်ကိုအသိအမှတ်ပြုထားပြီးဖြစ်သည်ဟုဆိုပါသည်။

ထိုအပြင်နအဖစစ်အာဏာသိမ်းအစိုးရ၏လူ့အခွင့်အရေးချိုးဖေါက်မှုမတရား
ဖမ်းဆီးချုပ်နှောင်မှုများနှင့်လုပ်ကြံသတ်ဖြတ်ရန်ကြံစည်ခဲ့မှုများကိုလည်း
နိုင်ငံတကာတရားရုံးတွင်တရားစွဲဆိုသွားရန်ပြင်ဆင်နေသည်ဟုလည်း
ပြောပြသွားခဲ့ပါသည်။

၎င်းတို့ထံတွင်ခိုင်မာသောသက်သေအထောက်အထားများရရှိထားပြီးဖြစ်ပြီး။
တရားနည်းလမ်းတကျသာရင်ဆိုင်ရန်အခွင့်အရေးရှိလျှင်မည်သည့်နိုင်ငံတကာ
တရားရုံးတွင်မဆိုရင်ယှဉ်ပြိုင်သွားရန်အသင့်ရှိကြောင်းနှင့်တွေ့ဆုံဆွေးနွေး
အဖြေရှာသည့်နည်းလမ်းကိုနအဖတို့ငြင်းပယ်နေသမျှဆက်လက်ပြီးနည်းလမ်း
ရှာဖိအားပေးဆောင်ရွက်သွားမည်ဟုပြောဆိုသွားခဲ့ပါသည်။

No comments:

Post a Comment