11.18.2008

20th annversary of DAB

မြန်မာပြည်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ ချုပ်၏ (၂၀)နှစ်မြောက် အခမ်းအနားသို့ 

မြန်မာနိုင်ငံရေးအကျဉ်းသားသမဂ္ဂမှ ပေးပို့ သောသ၀ဏ်လွှာ၊

ယနေ့ ကျရောက်သော မြန်မာပြည်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ ချုပ်၏ ၂၀ နှစ်မြောက်အခမ်းအနားသို့ မြန်မာနိုင်ငံရေး

အကျဉ်းသားသမဂ္ဂမှ သ၀ဏ်လွှာပေးပို့ ခွင့်ရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်းနှင့် အခမ်းအနားသို့ တက်ရောက်

လာသော မြန်မာပြည်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ ချုပ်ခေါင်းဆောင်များနှင့် အဖွဲ့ ဝင်များအား မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေ

ကြောင်း ဆုတောင်မေတ္တာပေးပို့ အပ်ပါသည်၊

မြန်မာပြည်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ ချုပ်သည် ၁၉၈၈ခုနှစ် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ၏လိုအပ်ချက်အရ

ပေါ်ပေါက်လာခဲ့သော နိုင်ငံရေးနှင့်စစ်ရေးမဟာမိတ်များပေါင်းစည်းခဲ့သောအဖွဲ့ အစည်းဖြစ်သလိုအမျိုးသားလွတ်မြောက်ရေး၊

စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေး၊နှင့်တိုင်းရင်းသားလူမျိုးစုအခွင့်အရေးများအတွက် နိုင်ငံရေးမူဝါဒ လမ်းစဉ်များကို ခိုင်မာပြတ်

သားစွာ ရပ်တည်ခဲ့သောအဖွဲ့ အစည်းလည်း ဖြစ်သည်၊ ထို့ ကြောင့် မြန်မာပြည်ဒီမိုကရက်တစ်တပ်ပေါင်းစု၏ခက်ခဲကြမ်းတမ်း

သော တော်လှန်ရေးခရီးအား မြန်မာနိုင်ငံရေးအကျဉ်းသားသမဂ္ဂမှ အထူးလေးစားပါကြောင်း ဂုဏ်ပြုအပ်ပါသည်၊

ယနေ့ အချိန်တွင် နအဖစစ်အုပ်စုသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများအား သပ်သျှိုဖြိုခွဲခြင်း၊ တိုင်းရင်းသား

လူမျိုးစုနယ်မြေများအားလူမျိုးတုန်းစစ်ဆင်ရေးများပြုလုပ်နေခြင်း၊ဒေါ်အောင်ဆန်းစုကြည်၊ ကိုမင်းကိုနိုင်အပါအ၀င်၊၈၈မျိုးဆက်

ကျောင်းသားခေါင်းဆောင်များ၊ဒီမိုကရေစီအင်အားစုများအား အပြင်းအထန်ဆုံးဖိနှိပ်မူ့ များပြုလုပ်နေခြင်းနှင့်ပြည်သူလူထုတရပ်

လုံးအား ညှင်းဆဲသတ်ဖြတ်မူများကိုဆက်တိုက်ကျူးလွန်နေသောအချိန်ဖြစ်သည်၊ထို့ ကြောင့် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်

ပုံနှင့်အတူ ပေါ်ထွန်းခဲ့သော မြန်မာပြည်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ ချုပ်၏ ခိုင်မာသော စစ်ရေး၊ နိုင်ငံရေးတိုက်ပွဲလမ်းစဉ်များ

နှင့်အတူပြည်တွင်းပြည်ပရှိ ဒီမိုကရေစီအင်အားစုများမှ ပူးပေါင်းတိုက်ပွဲဝင်သွားရန်အလေးအနက် တိုက်တွန်းအပ်သည်၊

မြန်မာနိုင်ငံရေးအကျဉ်းသားသမဂ္ဂသည် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ဒီမိုကရေစီရေး၊အမျိုးသားလွတ်မြောက်ရေး နှင့်

စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတို့ အတွက် မြန်မာပြည်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ ချုပ် အပါအ၀င်

ပြည်တွင်းပြည်ပရှိ ဒီမိုကရေစီအင်အားစုများနှင့်အတူ ပူးပေါင်းတိုက်ပွဲဝင်သွားမည်ဟု ၂၀နှစ်ပြည့်အခမ်းအနားသို့ ဤသ၀ဏ်လွှာ

အားပေးပို့ အပ်ပါသည်။

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရမည်

ဒီမိုကရေစီတော်လှန်ရေးအောင်ရမည်

အလုပ်အမူဆောင်ကော်မတီ

မြန်မာနိုင်ငံရေးအကျဉ်းသားသမဂ္ဂ

၂၀၀၈ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်၊ Mae Sod, Tak 63110, Thailand.E-mail: info@bppu.org : web: www.bppu.org

No comments:

Post a Comment