11.22.2008

ရဲရဲနီတဲ့မြန်မာ့သွေးတွေနဲ့ အမျိုးသားအောင်ပွဲနေ့ကိုNLD ရုံးချုပ်တွင်ကျင်းပခဲ့ကြသည်




















(အမျိုးသားဒီမိုကရေစီရုံးချုပ်တွင် အမျိုးသားနေ့ ကျင်းပခြင်း)
အခန်းနား စ တင် ချိန် 12း00
နံရံ ကပ် စာစောင်များပြ သ ၊ စာပေ ဟောပြောပွဲ တွင် က ဗျာ ဆရာ နှစ် ဦးမှ ဟော ပြော
( ဦးကြည်အောင်နဲ့ ကိုလေးအင်းဝဂုဏ်ရည် )
3း00 မှာ အခန်းအနား ပြီ ဆုံး
လှုပ် ရှား မှု့  နေ လည် 11 နားရီ ခန့်  မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ရုံး ချုပ် ရှေ့  တဖက်
ခြမ်းရှိ စောင့်  ကြည့် နေ သော အာဏာ ပိုင် များရှေ့  မှောက် တွင် ပင်ဗိုလ်ချုပ်
အောင် ဆန်း ပုံ နှင့်  မိန့် ခွန်း များ ပါ ၀င် သော စာ ရွက် များအား လိုင်းကား များ ပေါ်
မှ 2 ကြိမ်တိုင် တိုင် ကြဲ ဖြန် သွား သည် ။

လူငယ် များ မှ ဇာတိမာ န် သီ ချင်း နှင့်နဂါး နီ သီ ချင်း များ ဖြင့်  သီ ဆို ဖြော်ဖြေခဲ့ကြသည်ကြားရသည်မှာကြက်သီးထရလောက်အောင်ပင်
လေးစားအားတက်မိပါသည်။

အမျိုးသားအောင်ပွဲနေ့ ကို မမေ့ကြ နဲ့ ကျောင်းသားသပိတ်ကဖြစ်တည်လာတာ
မြန်မာသွေးရဲရဲနီတဲ့ ခွပ်ဒေါင်းညီအကို တို့ ရေ...အမှတ်ရလွန်းလို့  ထပ်မံတင်ပြ
လိုက်တာပါ။

NLD လူငယ်တွေရဲ့အမျိုးသားနေ့ ချီတက်ပွဲ

ကျောင်းသားသပိတ်ကနေအခြေခံတဲ့အမျိုးသားအောင်ပွဲနေ့ ။အဲဒီနေ့ ကိုကျမတို့ 
NLD လူငယ်တွေတန်ဖိုးရှိရှိကျော်ဖြတ်သွားကြမယ်။ကျောင်းသားခေါင်းဆောင်ကြီး
တွေရဲ့သွေးနဲ့ ချွေးနဲ့ ပေးဆပ်ခဲ့ရသလို အခုလာမယ့်၁၃၆၆ တန်ဆောင်မုန်းလဆုတ်
(၁၀) ရက်နေ့ ဟာ လည်းကျမတို့  NLD လူငယ်တွေ ချွေးနဲ့ သွေးနဲ့ ထောင်ဒဏ်တွေ
နဲ့ပေးဆပ် သင့်ရင်ပေးဆပ်ကြရမယ်လို့ ကျမတို့ ဆွေးနွေးဆုံးဖြတ်ခဲ့ကြတယ် ။

အားလုံးညီတယ် တစ်ခဲ နက် ပဲ သဘောတူညီခဲ့ကြတယ် ။NLD လူငယ်တွေ ညီညွတ်
မှုအားတစ်ဖန်ပြန် ကြီးထွားလာတဲ့ အရှိန်ဟာ ဒီပဲယင်း အရှိန် ကြောင့်ပါ ပဲ။

ဒိုင်မရှိ အားမမျှပဲကြိုးဝိုင်းထဲ အထည့်ခံလိုက်ရတယ်။ဥာဏ်အမျှော်အမြင်ကြီးတဲ့ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဟာကိုယ့်လူငယ်တွေကိုဘယ်တော့မှလက်
တုံ့ ပြန်ခိုင်းလေ့ မရှိဘူး။

သားတို့ ပြန်မလုပ် နဲ့  ပြန်မလုပ်ရဘူးနော် အဲဒီ့နေရာမှာသေသွားရင်တောင်ခံသွား
ရမယ်တဲ့လေဒီလိုဗြဟ္မာစိုရ်တရားကြီးမားတဲ့မိန်းမသားတစ်ယောက်ကိုမညှာမတာ
ရက်ရက်စက်စက်လုပ်ကြံရက်တဲ့အာဏာရူးစစ်ဘီလူးတွေ သူတို့ ကိုဆန့် ကျင်ရဲတဲ့
သတ္တိငါတို့ ထောင်ထွက်တွေမှာတောင်မရှိရင်အကြောက်တရား
အလွှမ်းမိုးခံကြရတဲ့ပြည်သူတွေ ဘယ်လို ရပ်တည်လေမလဲ--ဆိုပြီး
ထောင်ကထွက်ပြီး စကျမမှာန - အ-ဖ ကိုနှလုံးရည်နဲ့ ရင်ဆိုင်တိုက်ပွဲ ပြန်စ
ရပါတော့တယ်။

NLD လူငယ် တွေ ရဲ့ လှုပ်ရှားမှုတော်တော်များများဟာ မီဒီယာ တွေ မှာကြား
ပြီးကြတဲ့ အတိုင်း အခြေအနေအရ တပ်ဦးကျွံအောင်ထွက်ခဲ့ကြရပါတယ်။ကျမ
အဲဒီ့အချိန်မှာRFA နဲ့  အင်တာဗျူး လုပ်ခဲ့သလိုပေါ့လူငယ်တွေဟာမိုင်းနင်းရမဲ့ေ၇ှ့တန်းကစစ်သားကလေးတွေလိုပါ။ ရဲရဲနီ တဲ့သွေးတွေ နဲ့ လမ်းခင်း ပေး
တက်ကြတာပါပဲ။

ဒီပဲယင်းလုပ်ကြံမှုဟာလည်းပြင်းထန်ကြမ်းတမ်းလွန်းလို့ ဆန့် ကျင်ဖို့ လုပ်ငန်းတွေ
သွေးတိုး စမ်းဖို့ ဆိုတာကလည်း လူငယ်ပဲမဟုတ်လား။ ဒီလို လှုပ်ရှားမှုအ၇ှိန်အဟုန်
တွေကြားမှာ အမျိုးသား အောင် ပွဲနေ့ နှစ်ပတ်လည်ကြီးကိုရောက်လာတော့တာပါပဲ။

ရန်ကုန်တိုင်းအတွင်းမြို့ နယ်ပေါင်း ၂၃ မြို့  နယ်က တာဝန်ခံ (၁) (၂) ဆက်သွယ်ရေး
လူငယ်တွေက အာလိန်ငါးဆင့် ဘုရား (အင်းစိန်) မှာချိန်းလိုက်ကြတယ်။
အမျိုးသားနေ့ ကို ဘယ်လိုပုံစံကျင်းပမလဲဟေ့ လို့ သဘောထားယူလိုက်တာ
တစ်ချို့ က ဗဟန်းခြောက်ထပ်ကြီးဘုန်းကြီးကျောင်းမှာလုပ်တဲ့ဆွမ်းကျွေးပွဲကို
အင်အားဖြည့်မယ်တဲ့တစ်ချို့ က သက်ဆိုင်ရာမြို့ နယ်တွေကအခမ်းအနားကို
တာဝန်ယူမယ် တစ်ချို့ ကစာဝေမယ်စသည်ဖြင့် နိုင်ငံရေး အသွင်ဆောင်တဲ့
လှုပ်ရှားမှုပုံစံတွေကိုရွေးချယ်ကြတယ် ဒီအချိန်မှာ လူငယ်တစ်ယောက်က

မကြီးရေ သားတို့ ဒီလိုလုပ်ရင်မကောင်းဘူးလားတဲ့..................
ပြော..ဆိုတော့ ရွေတိဂုံဘုရားရဲ့စနေဒေါင့် မှကျောင်းသားခေါင်းဆောင်ကြီး
တွေရဲ့နာမည်နဲ့ ကျောက်စာတိုင်တစ်ခုရှိတယ် အဲဒီကို အလေးတက်ပြုကြရင်
ကောင်းမယ် တဲ့ ။

ကျမဦးဏှောက်ထဲ တော်တော်သဘောတွေ့ သွားတယ် ။ချက်ခြင်းပဲ ကောင်း
တယ်ဟေ့ အဖမ်းတော့ ခံရနိုင်တယ်နော်..................

ဖမ်းဖမ်းကွာ....... ဒီကောင်တွေလုပ်ကြစမ်းပါစေ စတဲ့အသံစုံထွက်လာပြီး
ဘုရားပေါ်ကကျောက်စာတိုင်ကိုအလေးပြုဖို့ သဘောတူလိုက်ကြတယ် ။

အားရစရာပါပဲရှင် ဒီလောက်အန္တရာယ်ကြီးတဲ့ သဘောထားတစ်ခု
Movement တစ်ခုကပိုကန့် ကွက်မဲ့သူမရှိပဲ (၃၃) ဦးလုံးကထောက်ခံကြ
တဲ့အပြင်...တစ်ယောက်ကဒီလောက်နဲ့ ကျနော်တို့ အားမရဘူး အခမ်းအနား
ပါဘုရားပေါ်မှာ လုပ် မယ် ။နောက်တစ်ယောက်က ဘုရားရင်ပြင်ကိုသုံးပတ်
လောက်ပတ်ပြီးမှ ကျောက်စာတိုင်ကို အလေးပြုမယ် နောက်တစ်ယောက်က
မိန့် ခွန်းပြောပြီးအလေးပြုမယ်။ နောက်တစ်ယောက်နောက်တစ်ယောက်
စသဖြင့်အကြံပြုဆွေးနွေးကြနဲ့ အရွှန်းဖောက်သိတ်ပြောတက်ပေမဲ့ အလုပ်
လုပ်ရင်စေတနာတအားကြီးတဲ့ကျမကို အမေ အမေလို့ ခေါ်
တတ်တဲ့ Chemistry နောက်ဆုံးနှစ်တက်နေတဲ့လူငယ်လေးက.................
အမေ ...........အမေ................ သားက အလေးပြု လို့ အော်ရမဲ့နေရာ
ကတာဝန်ယူမယ်နော်ဆိုလို့  လေးလေးနက်နက်ဆွေးနွေးနေတဲ့ကြားက
ရီလိုက်ကြသေးတယ် ။
ရီသံတွေ ခဏ ထိမ်းဆဲ (ဘုရားလူကြီးတွေကလည်း ကွက်ကြည့် ကွက်ကြည့် နဲ့ )
ဆုံးဖြတ်ချက်တွေချပြီးတိုင်ပင်ထားသမျှ ကတော့......

(၁) သွေးဆေးကန်မှာစုရပ်လုပ်မယ်
(၂) အားလုံးပင်နီဝတ်မယ်
(၃) နှစ်ယောက်တစ်တွဲဆီ ဘုရားကိုသုံးပတ်ပတ်မယ်
(၄) သုံးပတ်ပတ်ပြီးကျောက်တိုင်မှာမိန့် ခွန်းပြောမယ်
(၅) မိန့် ခွန်းပြောပြီးအလေးပြုကာစနစ်တကျပြန်ဆင်းမယ်
(၆) ဘုရားပေါ်မှတြင်လူစုခွဲပြီးဘုန်းကြီးကျောင်းသွားမယ်
(ခြွင်းချက် ။။ ။ အာဏာပိုင်တွေက မတရားနှောက်ယှက်ခြင်းပြုလျှင်
ရွေးချယ်ထားသော Volunteer(၆)ယောက်မှ ဖြေရှင်းမည်။)

အနိမ့် ဆုံးအဆင့် အလေးပြုပြီးမှပြန်ဆင်းရန်ဖြစ်သည်။လူငယ်များဟာ
ဒီပဲယင်းလုပ်ကြံမှုကြီး အပေါ်အခဲ ကြေနိုင်စရာအကြောင်းမရှိတာကြောင့်
သေသေကြေကြေ ရင်ဆိုင်ရန် ၇ှိသော်လည်း ထောင် ဆိုသည့် ခါးသီးလှသည့်
နေရာသို့ သူတို့ လေးတွေ မရောက်စေလို သဖြင့်အတွေ့ အကြုံ များသော်ကျမမှ
ချော့မော့ရ နားချရ သည်မှာအကြိမ်ကြိမ်ပါ ။ ဒီပွဲဟာ ပထမဦးဆုံး လူငယ်သစ်
တွေကို ဦးဆောင်မှုပေးစေ တဲ့ ပွဲလည်း ဖြစ်ပါတယ်။ ကျမကိုယ်တိုင် တန်းစီ
လှည့်လည်တဲ့ အထဲ မှာပါဝင်လှုပ်ရှားခဲ့ပါတယ်။

ဒါဟာ မျိုးဆက်သစ်တွေ ကို လက်ဆင့် ကမ်းရမဲ့ ကျမတို့ ရဲ့ တာဝန်လို့ 
ယုံကြည်မှုကြောင့်ပါ ။ NLDလူငယ်တွေရဲ့ သတ္တိဆက်လက်ကြည့် ကြရ
အောင်ပါ ။အမျိုးသားအောင်ပွဲနေ့  ရောက်ပြီ..ချိန်းထားတဲ့ နေရာ ရဲ့
မလှမ်းမကမ်းကိုကျမအရောက် ကျမတောင် လန် သွားပါတယ်
ဘာကြောင့်လဲ ဆိုတော့ရွှေတိဂုံအလယ်ပစ္စယံ မွန်ပရိယတ္တိလမ်းကြား
ကနေ ကျမ လမ်းလျောက်လာတာ သွေးဆေးကန်ဘေးရောက်တော့
ရဲရဲ တောက် ပင်နီတွေ နဲ့  လူငယ်၁၀၀ ကျော်က ကြို ရောက်နှင့် နေကြပြီ
ပဲခူးကလူငယ်တွေ ဧရာဝတီကလူငယ်တွေ ရန်ကုန် မြို့ စွန် တိုက်ကြီးမှော်ဘီ
သုံးခွခရမ်းကွမ်းခြံကုန်းစတဲ့ရပ်ဝေးကလူငယ်တွေကိုမြင်တော့ကျမထင်ထား
တာထက်စည်းရုံးရေးစွမ်းအားပိုကောင်းနေတယ်။

ဦးဆောင်သူခြောက်ယောက်ကအရည်အချင်းပြလိုက်တာလေ သူတို့ 
တင်ပဲလား ရောက်လာသူ တွေရဲ့ဗဟိဒ ပုံစံ အမျိုးသားနေ့ ဆိုတဲ့ ဇာတိ
သွေးကြောင့်ထင်ရဲ့ ပိုတက်ကြွပိုသတ္တိပြနေကြပါလား နယ်ကလူ
တွေကိုမေးကြည့်တယ် ။ နင်တို့ --- ပဲ ရှိသေးတယ် မမေးနဲ့ မကြီး ဒီတ
ကွက်နောက်ကျသွားပြီ။

သားတို့  က ည အိမ် တာဗျ တဲ့ တစ်ချို့ က နံနက် ၄း၀၀ လောက်ထလာ
ကြတာတဲ့။ ဆက်သွယ်ရေးကတော့ မြန်ပါတယ် လူငယ်တွေ ရဲ့ စေတနာ
ပါတာကိုး။ တဖွဲဖွဲနဲ့ ...ချိန်းထားချိန်နီးတော့သွေးဆေးကန်နဲ့ လွတ်ငါး
အရောင်းဆိုင်လေးတွေ ရှေ့ မှာ ရုံးစုရုံးစု နဲ့ ပင်နီမ၇ှိသူတွေ အတွက်
လူကြီးတွေ ထံကကြိုငှါးထားတဲ့ ပင်နီတွေ ၀တ်ကြ အချင်းချင်း အဆင်
ပြေအောင်စီစဉ်ပေးကြနဲ့  လှုပ်၇ှားမှု တစ်ခု အတွက်ပြင်ဆင်နေကြဆဲ
Timingယူထားတဲ့ အချိန်ကကပ်လာပြီလေထောက်လှန်းရေးတွေ
ထောက်လှန်းရေးအထောက်အကူပြု ကြံ့ဖွံ့ တွေ မျက်စိမျက်နှာပျက်ပြီး
ဘုရားပေါ်ဆင်းလိုက်တက်လိုက်နဲ့ ခြေတိုနေပြီ ။

ထောက်လှန်းရေးဗိုလ်မှုးတွေအဆင့်အထိရောက်လာပြီဆိုတာကျမတို့ 
ရှေ့ ပြေးတွေကလည်းသတင်းပို့ နေပါပြီ။ ဒါတင်ဘယ်ကမလဲ ဘုရားရဲတေ
ွ ကလည်း နှံပါတ်ဒုတ်ကိုယ်စီနဲ့ အပြည့်ဆိုပဲ ။ဒီသတင်းကြားမှလူငယ်တွေ ပို တက် ကြွလာတယ်။အောက်ခြေကထောက်လှမ်းရေးတွေ နဲ့ ရင်ဆိုင်ရတာရိုးနေပြီ သူတို
့ပြာလေ သူတို့ နာလေ ပဲ ။ လက်နက် ဆိုလို့ သွားကြားထိုးတံ တောင် မကိုင်တဲ့
နှလုံးလှတဲ့လူငယ်တွေနဲ့ ရင်ဆိုင်ရမှာ သူတို့ အလန့် ဆုံးပဲ မဟုတ်လား ။

ထောက်လှန်းရေးအင်အားစု နဲ့  ဘုရားရဲ အင်အားစု ဘယ်လောက်အင်အား
ပြပါစေ NLD လူငယ် ၄၅၂ ယောက်ကတော့ ရည်ရွယ်ချက်ဆုံးဖျက်ချက်
အတိုင်း အမျိုးသားအောင်ပွဲနေ့ ကို ရွှေတိဂုံဘုရား အနောက် ဖက် မုခ်သွေး
ဆေးကန်က နေနှစ်ယောက်တစ်တွဲ ညီညီညာညာ တန်းစီပြီးတက်သွားပါတယ် ။

ဒီလို ဘုရားပေါ်တက်လာတဲ့ လူတန်းကြီးကို ဘုရားဖူးပြည်သူတွေ တအံ့တသြ
အားပေး နေကြပါတယ်။တစ်ချို့ ဆို ၀င်ပြီး တန်းစီ လိုက်ပါလာတာကြောင့်
ကျမတို့ မှာ ထောက်လှန်းရေး ပရောဂ ပါလာမှာစိုးလို့ အစစ သတိထားနေရပါတယ်။
ပြင်ဆင်မှုရှိဟန်တူတဲ့ ထောက်လှန်းရေးကင်မရာပေါင်း ငါးဆယ.်မက
ဗွီဒီိယိုကင်မရာဆယ်လုံးမက ထောက်လှန်းရေး နဲ့ ဘုရားရဲပေါင်း ၁၀၀မက
ကြို တင် ဖြန့် ကျက်ထားပြီးကျမတို့ ဘုရားကို သုံးပတ်ပတ်နေတာ ကို
ပျာယိပျာယာနဲ့ နောက် က လိုက် နေပါတယ် ။ဘုရားဖူးပြည်သူတွေ
ကလည်း ကျမတို့ ဖက် က ရပ်တည်နေသလို အားပေးနေကြပါတယ်
Foreigner နိုင်ငံခြားသား တစ်ချို့ ကလည်း ဟိုမေးသည်မေး နဲ့ ဓါတ်ပုံဝင်
ရိုက်လိုက်ကြသေးတယ်။

ဘုရားကိုလက်ယာရစ်သုံးပတ်ကြည်ညိုလို့ ပြီးတာနဲ့ ကျောင်းသားခေါင်း
ဆောင်ကြီးများကဗျဉ်း ထိုးထားတဲ့ ကျောက်စာတိုင် ကြီးများရှိရာ
ချီတက်လာကြပြီး ထောက် လှန်းရေးကာရံ ထားတဲ့ ( ဒီမနက်မှကာ
ထားဟန်ရှိ) ၀ါးရာဇမတ် လေးထောင့်ကွက်ဘေးမှာရာဇမတ်နဲ့
ခန္ဓာကိုယ်တွေ ထိထားရင်းအားလုံ လေးထောင့်ပတ်လည်ဝန်းရံ
လိုက်ကြတယ်တစ်ပြိုင်နက် ထဲမှာကျမတို့ လူငယ်ထုရပ်နေတဲ့ အကြားထောက်
လှန်းရေးတွေ စကားပြောစက် ကိုယ်စီ နဲ့ဖြန့် ဝင် လာကြပါတယ်။
ဘုရားရဲ တွေ ကဒုတ်တွေ နဲ့ ကျမတိုကိုဝိုင်းထားကြပါတယ်။

မလှမ်းမကမ်းမှာတော့ Forenger အယောက် ၂၀ လောက်ကို အခြေအနေ
အရပ်ရပ်ကို နားလည်ဟန်တူတဲ့ အခြား Forenger တစ်ယောက် ကိုရှင်းပြ
နေပြီး ကျမတို့ အင်အားစုကိုစောင့်ကြည့်ပေးနေကြပါတယ်။
ဖြစ်စဉ်က တစ်ပြိုင်နက်ပါ။ထောက်လှန်းရေးတစ်ဦး က ဒီမှာဘယ်သူ
ခေါင်းဆောင်လဲ ဟုမေးရာ(ကျမတို့ ကြိုတင်စီစဉ်ထားတဲ့ အတိုင်း အားလုံးခေါင်းဆောင်ပဲဟုပြန်ဖြေလိုက်ကြပါတယ်။ ထိုအခါအရာ
၇ှိဟုထင်ရသူတစ်ယောက်က ဒီမှာ အခမ်း အနားလုပ်ခွင့် မပြုဘူး
ခု ပြန်ဆင်းပါ ။ဆိုတဲ့ အမိန့်  နဲ့ အတူညာသံ များပါလာပါတယ်။
လူငယ်များထံ မှလည်း ကျနော်တို့ အလေးပြုပြီးမှ ပြန်ဆင်းမယ် ခု
မဆင်းဘူးဟု ဖြေလိုက်ရာထောက်လှန်းရေး (၇) မှ လှသက်မောင်
ကိုယ်တိုင် ဒေါသသံနှင့် မင်းတို့ ခု ဆင်းသွားမဆင်းရင် ခု ဖမ်း မယ်
သူ့ တပည့် တွေ ကိုလည်းငေါက်ငမ်း၍ ဟေ့ကောင်တွေ မင်းတို့ 
ဘာလုပ် နေလဲ ၀ိုင်းထား ။ဖမ်းတော့ ငါ အမိန့် ပေးနေတယ် ခု ဖမ်း ပြော
နေပေမဲ့ ဘုရားရဲ များကသာ နံပါတ် ဒုတ် များနှင့် ၀ိုင်းလာတယ် ထောက်
လှန်းရေးများ ကိုယ်ထိလက်ရောက် မဆွဲ သေးပါ။ဆူဆူညံညံ ကြမ်းကြမ်း
တမ်းတမ်း ဖြစ် လာချိန် တွင် အတွေ့ အကြုံ နည်းသောလူငယ်တစ်ချို့ မှ
ပြန်လှည့် ထွက်ရန်စဉ်းစားနေပုံရသည်။ ခြေလှမ်းက ကျွံနေပြီ တာဝန်ယူခဲ့
သောခြောက်ဦးမှာလည်း မထင်မှတ်ပဲ ထိပ်တိုက်အကျဆုံးဖြစ်သွားရာ
အကယ်၍ အဖမ်းခံ ခဲ့ကြရပါက ကျမ ခေါင်းထားစရာ နေရာမရှိနိုင်တော့
ပါ ။အဘယ့်ကြောင့်ဆိုသော်တပ်ဦးကျွံခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။

ဘာပဲဖြစ်ဖြစ်အာဏာပိုင်တွေ ကိုလည်းအလျော့မပေးချင်ပါ လူငယ်အ
များစု မှာဖမ်းချင်ဖမ်းပါစေ လုပ်စရာရှိတာကို လုပ်မည့်အခြေအနေ
အနေအထားကိုကျမ၀င်ထိမ်း မှရတော့မည် ဆိုးဒဏ်ကောင်းဒဏ်ကိုယ်ခံ
မည်ဟုဆုံးဖြတ်၍ ကျမတို့ တစ်တွေအားလုံးအလေးပြုပြီးမှပြန်မယ် အခမ်း
အနားလုပ်ခွင့် မရရင်မလုပ်ဘူးဟု အလျော့ အတင်း သံ နဲ့ ကျမ အော်လိုက်
ပါတယ် တစ်ပြိုင် နက် ပြန်ဆုတ်ရန် ခြေလှမ်း ထွက်နေ တဲ့လူငယ်တွေကိုပါ
လှမ်းတားလိုက်ပါတယ်။ဒီအခါ မှာစောစောကတပ် မှူးလှသက်မောင်ကျမဆီ
တိုက်ရိုက်ရောက်လာပါတယ် ။ ဘာမှလုပ်ခွင့် မပေးဘူး အခုဆင်း မဆင်းရင်
ဖမ်းမယ် လို့ ဒေါသတကြီးပြောတယ်။ရှင်တို့ ကျမတို့ လူငယ်တွေ ကို ရိုင်းရိုင်း
စိုင်းစိုင်းမောင်မထုတ်ပါနဲ့  လို့ ကျမကပြန်ပြောလိုက်ရာ တပ်မှူး
လှသက်မောင် က ကျမရဲ့ နာမည်ရင်းကိုခေါ်ပြီး
ဒီမှာ----------နင့်ကိုလက်ရှိအခြေအနေအရသီးခံနေတာ
ငါတို့ ဘယ်မှာရိုင်းရိုင်းစိုင်းစိုင်းပြောလို့ လဲ
ဟု အသားတွေ တဆတ်ဆတ်တုန်ပြီး ကျမကို လက်ညိုးထိုးပြီး
ရန်တွေ ပါတော့တယ်။

ဟုတ်ပြီမောင်းမထုတ်ရင် ကျမ တို့ အလေးပြုပြီးပြန်ဆင်းမယ် လို့ ပြောမှ
လှသက်မောင် လေသံ နည်းနည်းလျော့ သွားပါတယ်။ အဲဒီ လှသက်မောင်
နဲ့ ကျမတို့  အပြန်အလှန် ပြသနာကို ကျမတို့ ဖက်မှာ အသံ ဖမ်း
ယူနိုင်ခဲ့ပါတယ်။

တပြိုင်နက် လူငယ်တစ်ဦးမှသိတ်စကားများနေတဲ့ထောက်လှန်းရေးတပ်မှူး
ကိုဂရုမစိုက်တော့ ပဲအလေးပြုဟု ဦးဆောင်လိုက်ရာ ထောက်လှမ်းရေး
ဘုရားရဲ အင်အားစု ဘာလုပ်ရမှန်းမသိပျားပန်းခပ်သွားကြသည်။

အလေးပြုပြီးသည် နှင့် တစ်ပြိုင်နက်ဘုရားရင်ပြင်တွင် သုံးပတ် ပတ်၍
အင်အားပြကာ အခမ်းအနား လုပ်ခွင့်မရသော စိတ် မတရားလာရောက်
နှိမ်နှင်းသဖြင့် မခံ ချင်သောစိတ်နှင့် ကျမတို့ နဂို အစီအစဉ် ထက်
ပိုကာ ဒီပဲ ယင်းဖြစ်ဖြစ် ခြင်းဖမ်းဆီးခံရပြီး မကြာမီကမှာလွတ်လာသော
CEC ၅ဦး (ဦးအောင်ေ၇ွှနှင့်ဦးလွင် မလွတ်သေးပါ ) မှဦးဆောင်ကာ ဆွမ်းကျွေး
နေသော ခြောက်ထပ်ကြီးဘုရား သာသနာ့ဂုဏ်ရည်ကျောင်းတိုက် ရှိ အမျိုးသား
အောင်ပွဲနေ့  သို့  ရှေ့ ဆက်ချီတက် သွာဖြစ်ခဲ့ကြသည်.။ လူငယ်တွေကတော့
ညီညွတ်မှု အပြည့်ပါ ခုလိုပင်နီဝတ်စုံတွေနဲ့  တန်းစီချီတက် ခြင်းဟာ NLD
ရဲ့ မှတ်တိုင် မှာ ကြုံတောင့်ကြုံခဲချီတက်ပွဲဖြစ်ပါတယ်။

ထောက်လှန်းရေးကားများသည်ရှေ့နောက်မှလူးလာခတ်၍ အရူးများနှယ်သွေး
လန့် နေကြရာဝယ် ကျမတို့မြတ်နိုးသောတော်လှန်ရေး ရဲ့အရိပ် တော်လှန်ရေး ရဲ့
နိမိတ် အစဉ်အလာတွေလက်ဆင့် ကမ်းနိုင်ခဲ့တဲ့အမျိုးသားနေ့ အောင်ပွဲကြီးကို
အမျိုးသားဝတ်စုံအပြည့် နဲ့  ကြီးမာတဲ့ အန္တရာယ်ဓါးသွားကြားမှာ ပါးပါး
ကလေးလှစ်လှစ်ကလေးချီတက်သွားခဲ့ကြတာတော်လှန်ရေးခေါင်းဆောင်
တွေရဲ့ကျောင်းသားခေါင်းဆောင်တွေရဲ့ကျောက်တိုင်ဆီကိုတူညီဝတ်စုံတွေနဲ့ အလေးပြုနိုင်ခဲ့ကြတာစားတော့ဝါးတော့ မဲ့ခွေးဘီလူးတွေကြားကအကင်းပါးပါး
နဲ့ အန္တရာယ်ကိုရှောင်ကွင်းနိုင်ခဲ့ကြတာယနေ့ ဆိုလျှင်တစ်နှစ်ပြည့်မြောက်သွားခဲ့ပါပြီ။

အမျိုးသားအောင်ပွဲနေ့ ကြီးလည်း(၈၄) ကြိမ်မြောက်ခဲ့ပါပြီအခုကျရောက်တော့မယ့်
အမျိုးသားနေ့ ကြီးကိုရောပြည်တွင်းမှအနစ်နာခံ လူငယ်များ ဘယ်လိုချီတက်ပြီး
သတ္တိပြသွားကြလေမလဲလို့ရင်ခုန်စွာမှန်းဆရင်းပြည်တွင်းမှအနစ်နာခဲ့လူငယ်
များအားဤဆောင်းပါးဖြင့်ဂုဏ်ပြုလိုက်ပါသည်။

( ဤဆောင်ပါးသည် ၂၀၀၃ လှုပ်ရှားမှု ပြီး ၂၀၀၄ အမျိုးသားနေ့  တွင်
ရေးသားခဲ့ခြင်းဖြစ်သည်ရန်ပုံခွင်း စာပေ တွင် ၂၀၀၄ က ဖေါ်ပြပြီးဖြစ်သည်။)

မေအိခင်(လယ်ဝေး)

(မှတ်ချက် ။ ။။ ကာယကံရှင်စာရေးသူကိုယ်တိုင် ရင်ဆိုင်ပါဝင်ခဲ့သော လှုပ်ရှားမှု ဖြစ်သည်
ဖြစ်စဉ် အားလုံးကိုတာဝန်ယူရေးသားပါသည်။)

www.laminkhin.blogspot.comမှပြန်လည်ကူးယူဖေါ်ပြပါသည်။

No comments:

Post a Comment