12.16.2008

နယ်စပ်ဖြတ်ကျော် ၀င်ရောက်လာသူများအား တင်ဆောင်သော ကားတစ်စီး တိမ်းမှောက်သဖြင့် ခရီးသည်များသေဆုံး

ထိုင်းနိုင်ငံထုတ် သတင်းစာတစောင်တွင် ဖေါ်ပြထားသည့်ပုံ

ဒီဇင်လာ ၁၅

ယနေ့နံနက်က ထိုင်းနိုင်ငံအနောက်ပိုင်း ကန်ချနဘူရီ အန်ဖေ စိုင်ယုတ်အနီးတွင် အလုပ်သမား ခရီးသည် များ တင် ဆောင်လာသော ကားတစ်စီး တိမ်းမှောက်ခဲ့သဖြင့် မြန်မာများ သေဆုံးခဲ့ပြီး တချို့ကို ဆေးရုံ တင်ထား ရကြောင်း သိရသည်။

ယနေ့နံနက် (၆)နာရီ ကျော်ခန့်က မြန်မာနယ်စပ် ဘုရားသုံးဆူဘက်မှ မောင်းနှင်လာသော ကားတစ်စီးအား ထိုင်း လူဝင်မှု ကြီးကြပ်ရေးအဖွဲ့မှ လိုက်လံတား ဆီးစဉ် ကားကို ရပ်မပေးဘဲ မောင်းပြေးခဲ့သဖြင့် ကားမောင်း သမား ထိုင်းလူမျိုး တစ်ဦးနှင့် မြန်မာ(၇)ဦး ပေါင်း လူ(၈)ဦး ပွဲချင်းပြီး သေဆုံးခဲ့သည်။

မျက်မြင်သက်သေ ထိုင်းစစ်သား ဖိပန်ယာ က “လူ၈ယောက်သေဆုံးတယ် လမ်းဘေး ချောက်ထဲ ကျသွားပြီး မှောက်တာပါ၊ အခြားခရီးသည် (၈)ဦးမှာလည်း အတွင်းလူနာအဖြစ် ကန်ချနဘူရီခရိုင် စိုင်ယုတ်ဆေးရုံမှာ ဆေးဝါး ကုသမှု ခံနေရပါတယ်” ဟု ပြောသည်။

ခရီးသွားလုပ်ငန်း အပန်းဖြေစခန်းတွင် အလုပ်လုပ်သော ဒေသအခြေစိုက် မဖြိုးဖြိုးက “တောမောတွေက ကားကိုလိုက်တားတယ်။ ကားကို မောင်းပြေးလို့ အရှိန်လွန်ပြီး မှောက်သွားတယ်ဟု ပြောပါတယ်။ ယောက်ျား ဘယ်လောက် မိန်းမဘယ်လောက် ဆိုတာတော့ အတိအကျ မသိရသေးပါဘူး”ဟု ပြောသည်။

ကားမောင်းသူမှာ ဗမာဟုပြောသဖြင့် ထိုင်းလူဝင်မှု ကြီးကြပ်ရေးအဖွဲ့က သေချာ စီစစ် မေးမြန်းနေကြောင်း သိရသည်။
ကိုကျော်သောင်းမှပေးပို့ပါသည်။

No comments:

Post a Comment