12.18.2008

လုပ်ငန်းရှင်က မြန်မာအလုပ်သမားများကို အလုပ်လုပ်ကိုင်ခွင့်(ဘတ်) အတုလုပ်ထား၍ အလုပ်သမားများ ထောင်ဒဏ်ချမှတ်ခံရ


ထောင်ချ ခံရသော မြန်မာ အလုပ်သမားများ

ဒီဇင်ဘာ ၁၇

ထိုင်းနိုင်ငံ ဘန်ကောက်မြို့  ဖလန်ဆောင် နယ်မြေအတွင်း ပိုက်ဆံအိပ် အမျိုးမျိုး ချုပ်လုပ်သော စက်ရုံတစ်ရုံမှ မြန်မာ အလုပ်သမားများအား ယမန်နေ့က ဘတ်အတု ကိုင်ဆောင်မှုဖြင့် ထောင်ဒဏ် နှစ်ရှည် ချမှတ်လိုက်သည် အသက် ၁၅နှစ်မှ ၁၈နှစ်အတွင်း မြန်မာအလုပ်သမ ၁၃ ဦးနှင့် ယောက်ျား အလုပ်သမား ၂ ဦးတို့အား ဘန်ကောက်မြို့  အယ်ကရှိုင်လမ်းရှိ ၀ပ်စင် ဘုန်းကြီးကျောင်းအနီး စံထော်ဘူလီ တရားရုံးက ယမန်နေ့ နေ့လည်က ထောင်ဒဏ် ၄နှစ်နှင့်၆ လ ချမှတ်လိုက်သည်။

သမီးငယ် ထောင်ချခံလိုက်ရသော မိခင် ဒေါ်အေးခိုင်က “မနေ့ကထောင် ၄နှစ်ခွဲချလိုက်ပါတယ်။ ကျမတို့လည်းဘယ်သူ့ကို အကူအညီ တောင်းရမယ်မှန်း မသိဘူးလေ။ သူဌေးတော့ ဘာမှမဖြစ်ပါဘူး ဘန်ဘော်စံ ထောင်မှာလို့တော့ ကြားတယ်။ သူဌေးကို ကျမတို့ နေထိုင် အလုပ်လုပ်ကိုင်ခွင့် ဘတ်လုပ်ခ တစ်ယောက်ကို ၆၀၀၀ ဘတ် ပေးရတယ်။ ပုလိပ်ဖမ်းတော့လည်း ရှင်းမပေးဘူး ခုတော့ ကျမ သမီးတို့ ထောင်ကျခံနေရပြီ”ပြော သည်။ ဇနီးဖြစ်သူ ထောင်ကျခံလိုက်ရသော ကိုအောင်အောင်က ”ကျနော်တို့လည်း သူ့ဆီမှာ ဘတ်လုပ် ထားတယ်။ ခုမှ ကျနော်တို့ အလိမ်ခံရမှန်း သိတော့တာ။ ဒုက္ခပါပဲ နေရင်းထိုင်ရင်း ဘတ်အတုနဲ့ မလုံမခြုံ ဖြစ်သွားရပြီ၊ လေးနှစ်ခွဲဆိုတာ နည်းတဲ့ အချိန်မှ မဟုတ်တာ၊ အတုလုပ်ပေးတဲ့ သူဌေး ဘာမှမဖြစ်ပဲ ကျနော်တို့ အလုပ်သမားတွေပဲ ထောင်ကျခံရတယ်၊ ကူညီနိုင်တဲ့လူတွေကို ဆက်သွယ်ပေးကြပါဗျာ”ဟု ပြောသည်။

အဆိုပါ ပိုက်ဆံအိပ် အလုပ်ရုံသို့ ပြီးခဲ့သည့် ၂၈.၁၀.၂၀၀ဂ နေ့က ထိုင်းလူဝင်မှု ကြီးကြပ်ရေးနှင့် ထိုင်းပုလိပ်များ စီးနင်း ၀င်ရောက်၍ တရားမ၀င် အလုပ်သမား ၄၀ ကျော်တို့အား ဖမ်းဆီးခဲ့သည်။ ထိုအထဲတွင် မြန်မာ၁၅ ယောက်နှင့် ကျန်လူများမှာ လာအိုလူမျိုးတို့ ဖြစ်ကြသည်။

ထောင်ချ ခံနေရသော မြန်မာ အလုပ်သမားများ အားလုံးမှာ ကရင်ပြည်နယ်မှ ကရင်တိုင်းရင်းသားများ ဖြစ်ကြ သည်။ ယခုအခါ ၄င်းအလုပ်ရုံတွင် မြန်မာ အလုပ်သမားများကို လက်မခံတော့ကြောင်း သိရှိရသည်။

ကိုကျော်သောင်းမှပေးပို့ပါသည်။

No comments:

Post a Comment