12.27.2008

သူတိုအတွေး သူတို့အမြင်(ကဗျာ)

ဒီဇင်ဘာည

ဒီဇင်ဘာ ငါ့ကိုနင်းချေပေါ့
ဖမ်းဆုပ်မမိတဲ့ စီးကရက်ငွေ့တွေကြား
ကော်ဖီခါးခါး တငုံချင်းသောက်ရင်း
ကြယ်တွေကို စိတ်နဲ့ခူးဆွတ်နေမိသူ တယောက်
လေနှင်ရာအလွမ်းတို့နဲ့ ငါ့ဝိဥာဉ်
တိမ်တွေမှာ လွင့်ပါသွားကြတယ်...

တရားဓမ္မရဲ့ အေးငြိမ်းရာမှာ
ခေတ္တနားဖို့မစွမ်းသာတဲ့ ငါ့ကို
ဒီဇင်ဘာညတို့ တမြည့်မြည့်မီးမြှိုက်
နှလုံးသွေးတို့ကို ပူနွေးစေတော့
ကာလသုံးပါးမှာ အာရုံ ငါးပါးဟာ
ခြေချင်းလိမ်နေကြလေရဲ့....

သြော်... တစိမ်းဆန်တဲ့
ဒီ... ဒီဇင်ဘာည
မြူတွေဆိုင်းလို့
လမ်းဘေးဂစ်တာတလက်နဲ့
တို့သူငယ်ချင်းတွေ
ညဉ့်နက်သွားခဲ့တာ
ငါ့ရင်ထဲမှာသာ...

ABS88

No comments:

Post a Comment