12.15.2008

ကမ္ဘာရွေ့ ပြောင်းအလုပ်သမားနေ့ဂုဏ်ပြုသွေးလှူ


ဒီဇင်ဘာ ၁၄

လာမည့် ဒီဇင်ဘာ ၁၈ရက်နေ့တွင် ကျရောက်မည့် နိုင်ငံတကာ ကမ္ဘာ ရွေ့ ပြောင်း အလုပ်သမား နေ့ကို ဂုဏ်ပြုသော အားဖြင့် ဘန်ကောက်မြို့  (ချူလာ ဗဟို အမျိုးသား သွေးလှူဘဏ်)တွင် သွေးလှူဒါန်းပွဲ တစ်ရပ် ကျင်းပခဲ့ကြသည်။

ယခုသွေးလှူပွဲကို ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့နှင့် ရခိုင်အလုပ်သမား သမဂ္ဂတို့ က ဦးဆောင်ခဲ့ပြီး အလုပ်သမား ၅၀ကျော် ပါဝင် ဆင်နွဲခဲ့ကြသည်။

ယခုသွေးလှူပွဲကို ဦးဆောင် စီစဉ်သူ တစ်ဦးဖြစ်သော ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့ (ဘန်ကောက်)မှကော်မီတီဝင် ကိုအောင်မြင့်သိန်းက ( အလုပ်သမားတွေ အပေါ်မှာ အချို့  ထိုင်းလူမျိုးတွေ အမြင်မရှင်းလင်းကြဘူး။ ကျနော်တို့ စေတနာ မနည်းတဲ့ အကြောင်းပြတာပါ ကိုယ်ဝန်ရှိကြသူတွေနဲ့ ညအိပ်ရေး ပျက်ထားသူတွေ ဆယ်ယောက်လောက် မလှူခဲ့ရပါဘူး)ဟု ပြောသည်။

ရခိုင် အလုပ်သမားသမဂ္ဂမှ တာဝန်ရှိသူ ကိုဥက္ကာက (ကျနော်တို့ တစ်ပတ်လောက်ကစပြီးလက်ကမ်းစာရွက်တွေ ဖြန့်ထားခဲ့ပါတယ်၊ သွေးလှူမယ့် လူတွေ ညအိပ်ပျက်မခံဖို့ အားရှိတဲ့အစားအစာတွေ စားထားဖို့ပေါ့။ ရောင်ခြည် ဦး ကတော့ ဒီအကြိမ်ပါဆိုရင် ဘန်ကောက်မှာ လေးကြိမ်ဖြစ်ပြီပေါ့၊ ကျနော်တို့သမဂ္ဂ အနေနဲ့ကတော့ ပထဆုံး အကြိမ်ပေါ့ဗျာ)ဟု ပြောသည်။

ဘန်ကောက်မြို့ ရှိ မြန်မာရွေ့ ပြောင်း အလုပ်သမားတို့သည် နီးစပ်ရာ အဖွဲ့အစည်းများဧ။် ဦးဆောင်မှု အောက် တွင်၊ ထိုင်းဘုရင်မွေးနေ့၊ ကမ္ဘာရွေ့ ပြောင်း အလုပ်သမားနေ့ အပါအ၀င် မြန်မာနိုင်ဧ။် အရေးကြီးသော နေ့ရက် များတွင် စေတနာ ထက်သန်စွာဖြင့် မိမိတို့လုပ်အားခငွေများကို စားရိတ်ပြုလျှက် ဘန်ကောက်မြို့ (ချူလာ ဗဟို အမျိုးသား သွေးလှူဘဏ်)တွင် သွေးလှူဒါန်းလေ့ရှိကြသည်။

ကိုကျော်သောင်းမှပေးပို့ပါသည်။

No comments:

Post a Comment