12.20.2008

တိုးတိုးတိတ်တိတ် ရန်ကုနှ် Sexy Show

မြန်မာ ဖက်ရှင်ရှု�း

မြန်မာ ဖက်ရှင်ရှိုး

နာမည်ကျော် မြန်မာ မော်ဒယ်များက�ု တွေ့ရမှာပါ

နာမည်ကျော် မြန်မာ မော်ဒယ်များကို တွေ့ရမှာပါ

ဒါကတော့ ရန်ကုန်မှာ ပြုလုပ်ခဲ့တဲ့ Sexy Fashion Show တစ်ခုပါ.

ဒါကတော့ရန်ကုန်မှာပြုလုပ်ခဲ့တဲ့Sexy Fashion Showတစ်ခုပါ.

Freedom News Group (ရန်ကုန်)




ပြာလဲ့လဲ့ မီးရောင်လေး အောက်တွင် အီလက်ထရောနစ် ဂီတသံက မတိုးလွန်းမကျယ်လွန်း ထွက်ပေါ်နေသည်။ ညကလပ် တခုပမာ ထိုခန်းမကို ပြင်ဆင်ထား သော်လည်း Dancing Floorခေါ် ကပွဲ ကြမ်းပြင် နေရာတွင် လေးပေခန့် အမြင့်ရှိသည့် စင်မြင့်ငယ်လေး တခုပဲရှိသည်။ ထိုစင်မြင့်၏ဘေး ပတ်လည်တွင်မူ ဆိုဖာခုံများနှင့် စားပွဲများရှိသည်။ စင်မြင့်ပေါ်တွင် လက်တဆုပ်စာ အရွယ်စတီးတိုင် များ ထောင်ထားသည်။

ထိုနေရာကို ရန်ကုန်မြို့ရှိ ပေါက်ရောက်သော လူကုံထံ အသိုင်းအ၀ိုင်းက ဆက်ဆီရှိုး(sexy show)ဟုခေါ်ကြသည်။ တချို့ကလည်း တိုးတိုးတိတ်တိတ် ဖက်ရှင်ရှိုး ဟုခေါ်ကြသည်။ မည်သည့်သောအခေါ် အ၀ါ်များ ကွဲလွဲသည် ဖြစ်ပစေ ထိုနေရာသို့ သာမန်လူများ မရောက်နိုင်ချေ၊ မည်မျှပင်ပိုက်ဆံ ချမ်းသာသော်လည်း အဆက်အသွယ်မကောင်းလျှင် ရောက်နိုင်စရာမရှိချေ။ အနည်းဆုံး ၀င်ကြေး တစ်သိန်းမှ ငါးသိန်းထိရှိကာ ရန်ကုန်မြို့၏ လူကုံတံ ရပ်ကွက်များတွင်သာ ကျင်းပသည်။

ကျင်းပမည့်နေရာကို ကြိုတင်ပြောထားလေ့ မရှိသော ထိုပွဲများမှာ ဧည့်သည်၃၀ထက်လည်း ပိုလက်မခံချေ။ ဆက်ဆီရှိုးဟု ခေါ်သည့် ၀တ်လစ်စလစ် ဖျော်ဖြေပွဲတွင် စင်မြင့်ပေါ်သို့ အသက်၂၀အရွယ် အမျိုးသမီးငယ်တို့ တက်လာကြသည် ။

(ထိုအထဲတွင် နာမည်ရကာစ မော်ဒယ် အချို့ပင် ပါသည်။) ခန္ဓာကိုယ် အရှက်လုံရုံမျှ လောက်သာဖုံးထားသည့် ထိုအမျိုးသမီးငယ်လေးများမှာ နောက်ခံတေးဂီတနှင့် လိုက်လျော ညီထွေစွာ စင်ပေါ်တွင် အမျိုးမျိုး ကပြကြသည်။ အချို့က စတီးသံလုံးကို ကိုင်ကာလှည့်ပတ်လျက်၊ အချို့က အချင်းချင်းပွတ်သတ်လျက်၊ အချို့က ဗိုက်သားနှင့် ပေါင်လုံးများကို လှုပ်လျက်၊ ခဏနေတော့ အမျိုးသမီးငယ် အချို့ စင်အောက်ကို ဆင်းလာပြီး ဆိုဖာခုံပေါ်တွင် ထိုင်နေသော ပုရိသအဖိုးအို များဆီသွားကာ ပွတ်သပ်ကြည်စယ် နေကြသည်။ (အချို့အဖိုးကြီးများ ဆိုလျင် သူတို့ကို လာပွတ်သပ်သော အမျိုးသမီးငယ် လေးများ၏ အရှက်လုံရုံ ဖုံးထားသော ဘောင်းဘီကြားထဲသို့ အမေရိကန် ဒေါ်လာ တစ်ရာတန် တရွက်၊ နှစ်ရွက်ပင် ထည့်ပေးကြသည်။) ထိုပွဲများမှာ ရန်ကုန်မြို့၏ လူ့မလိုင်အသိုင်းအ၀ိုင်းအလွှာထဲတွင်၂၀၀၆ ခုနှစ် လောက်ကစပြီး ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။ပုံမှန်အားဖြင့် ကျင်းပလေ့ မရှိသော်လည်းနာမည်ကျော် မော်ဒယ် သရုပ်ဆောင်ငယ်များ ကိုယ်တိုင် ကပြရသော ပွဲများဆိုလျှင် ၀င်ကြေး၁၀သိန်းအထိ ရှိသည်ဟု ဆိုသည်။ထိုပွဲများက ဟိုတယ်များတွင် တရားဝင် ကျင်းပသော်လည်း ဒီဇိုင်နာ၊ဖက်ရှင် ရှိုးများနှင့် လည်းမတူ၊ဘီယာ စတေရှင်များတွင် ညစဉ်ရှိသော ကာရာအိုကေ ဖက်ရှင်ရှိုးများနှင့်လည်း မတူ ကိလေသာ အသွေးအသားများ၏ ကုန်ဖလှယ်ရာဖြစ်ပြီး၊ရန်ကုန်မြို့၏ လူမသိသေးသည့် စာမျက်နှာများ ဖြစ်သည်။ ထိုပွဲသို့လာသူများမှာ မြန်မာနိုင်ငံ၏ အာဏာရ အသိုင်းအ၀ိုင်းနှင့် ပက်သက် နေသူများသာ ဖြစ်သည်။ အမျိုးသမီးငယ်များ၏ လိင်ပိုင်းဆိုင်ရာဆွဲဆောင်မှု အကများအောက်မှာ မူးယစ်ရီဝေသော အကြည့်စူးစူးများက အမျိုးသမီးငယ်များအား အမှောင်ကမ္ဘာထဲသို့ဖိတ်ခေါ် နေသယောင်…….…………၊၊

လွန်ခဲ့သည့် နှစ်များဆီက ပေါ်ပြူလာ မဖြစ်သေးသော ထိုယဉ်ကျေးမှုတွင် ယခုနာမည်ရ မော်ဒယ်လ်များစွာပင် ပါဝင်လှုပ်ရှား လျက်ရှိသည်။ ထိုအမှောင်ကမ္ဘာသည် ဘယ်လောက်ထိ ရှည်လျားအံ့မည် မသိ။

Freedom News Group(ရန်ကုန်)မှတင်ဆက်သည်

2 comments:

  1. ပုံတွေလည်း မမြင်ရပါလား၊ ပုံတွေပါမှ သြော်...လို့ လူတကာ သိနိုင်မှာပေါ့

    ReplyDelete
  2. သဲတစ်ပွင့်June 29, 2013 at 8:13 AM

    ဒီမိုကရေစီစံနစ်နှင့်အတူပါလာသောအလေ့အထတစ်ခုပါ။ဒီမိုကရေစီနိုင်ငံတိုင်းလို လိုမှာ တွေ့မြင်နေကျအရာပါ။အဆန်းလည်းဟုတ်သည် အဆန်းလည်းမဟုတ်ပါ။ ...၁။ ရိုးရာယဉ်ကျေးမှုမရှိ၊အရှက်ကင်းသည့်လုပ်စားမှု၊ကြေးကြီးသုံးတဏှာကြီး
    သည့်လုပ်ရပ်မဖွယ်မရာ ဟု မြင်သူလည်းရှိ မမြင်သူလည်းရှိ။
    ...၂။ ဒီလိုမျိုးလုပ်ခွင့်ရရင် နောက်ဆက်တွဲ အကျိုးတရားများ ဆက်ဖြစ်မှာကို
    စိုးရိမ်သူလည်းရှိ မစိုးရိမ်သူလည်းရှိ၏။
    ...၃။ အမြင်တရားမတူမှုသည်ပြသနာ၏အစ။အမြင်တူနေရင်ပြဿနာမရှိနိုင်။

    ---ဒီမိုကရေစီတွင် -အများ၏ဆန္ဒကိုဦးစားပေးရသည်။
    --လူ့အခွင့်အရေးကိုလေးစားလိုက်နာရသည်၊မချိုးဖေါက်ရ။
    ဟုအဓိကပြဆိုထား၍
    ကိစ္စတိုင်းသည် တစ်ဦးပိုင်၊တစ်ဖွဲ့ပိုင် မဟုတ်တော့ပါ။အများကလက်ခံနေရင်
    ကြည့်နေလိုက်ပါ။တချိန်ချိန်အများကမကြိုက်တဲ့အခါ ကိုပဲစောင့်ပါ ။
    ဘယ်အရာမှအတင်းအကြပ် သဘောမပြုရပါ။ အာဏာရှင်အလုပ်ဟုသတ်မှတ်
    ပါသည်။
    ပြသူရောကြည့်သူပါ တစ်ပါးသူကိုမထိခိုက်လျှင် လူ့အခွင့်အရေးအရ ကြိုက်ရာ
    လုပ်ခွင့်ရှိသည်။(ဥပဒေဘောင်အတွင်းမှဖြစ်ဘို့တော့လိုသည်)။
    မိမိ၏သဘောကအဓိကမဟုတ် အများ၏သဘောကိုမိမိကသာလေးစားခွင့်ပြု
    လိုစိတ် ရှိဘို့မွေးရတော့မှာပါ။
    ယခုဒီမိုကရေစီခောတ်ဖြစ်နေပါပြီ ယခင်အတွေး၊စိတ်ကူး၊အမြင်၊အလုပ်။-----
    စတာတွေကို ပြင်ရကြိုးစားရပါမယ်။
    အာဏာရှင်စံနစ်ကိုမုန်း၍ဒီမိုကရေစီကိုလက်ခံခဲ့ပြီးကြပြီ။ရှေ့ကိုဆက်ကြရပါမယ်
    ဒီကိစ္စဟာ sex ကိစ္စမှာခောတ်မှီလာတဲ့ တစ်ခုမျှသာ။တခြားကိစ္စများလည်း
    ခောတ်မှီလာနေတာတွေလဲအများကြီးရှိလို့လာနေပါပြီ။
    နိုင်ငံလည်းတိုးတက်လာနေပါတယ်။အဆင့်အတန်းမြင့်လာကြပါပြီ။
    အရေးကြီးတယ်ထင်တာ ပြောရရင်
    နိုင်ငံကြီးသားပီသစွာ ဥပဒေကိုလေးစားလိုက်နာဖို့(အသေးအဖွဲစည်းကမ်းဥပ
    ဒေကအစ)။
    ဥပဒေရဲ့အောက်မှာ လွတ်လပ်စွာဖြင့် တရားမျှတစွာ မိမိ နှင့် မိမိတိုင်းပြည်အ
    ကျိုး ကိုဒီမိုကရေစီစံ အရ အစွမ်းရှိသမျှ နှင့်အောက်ကျနောက်ကျမဖြစ်ရအောင်
    ဂုဏ်တက်အောင်လုပ်ကြဘို့ပါပဲ။
    လွတ်လပ်မှုနှင့်အခွင့်အရေး သည် အခြားသူတစ်ပါးကိုမထိခိုက်စေရ။
    အများဆန္ဒသဘောမပါတာမျိုး အတင်းအကြပ် အာဏာရှင်ဆန်ပြီးအ
    တင်းအကြပ်မပြုစေရ။နိုင်ငံနှင့်လူမျိုးကိုအန္တရယ်ကျရောက်စေမည့်ကိစ္စ
    မျိုးမဖြစ်စေရ။လူ့အခွင့်အရေးကိုဘန်းပြပြီး မဆင်မဖြင် အင်အားသုံး၍
    အကာအကွယ်ပေးခြင်းမျိုးမဖြစ်စေဖို့။လူအခွင့်အရေးအမြင်တစ်ခုတည်း
    ကိုသာလှေနံဓါးထစ်လိုအစွန်းရောက်ပြီးမကျင့်သုံးမိဘို့ကိုအထူးသတိပြု
    ပြီးလူဆိုးအားပေးမဖြစ်ရန်လူကောင်းအများစုကိုအန္တရာယ်မဖြစ်ရန်
    အရေးကြီးပါသည်။

    ဒီ sex နှင့်ဆိုင်တဲ့ကိစ္စ သည်-- အဲဒီလောက်လည်းမသုံးနှိုင်
    အဲဒီလိုနှိုးဆွရန်လည်းမလို လို့ မသွားဘူးလို့ ကြိုက်မကြိုက်မပြောတတ်ပါ။
    မှားတာရှိရင် တောင်းပန်ပါတယ်။
    ဆဲဘို့ဘဲတတ်သူကိုလူဟုမသတ်မှတ်ပါ။လူလို ပြန်ပြောပါ။


    ReplyDelete