1.02.2009

သတင်းပဒေသာ

ကရင်နှစ်သစ်ကူးနေ့ စော်ကားချက်

(နအဖ၏ဥပဒေမဲ့ ယုတ်ကန်းမှုများ)

ကရင်နှစ်သစ်ကူးနေ့ဖြစ်တဲ့ ၂၀၀၈ ခု ဒီဇင်ဘာ ၂၇ ရက် ညနေ ၆ နာရီခန့်မှာ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ် မအူပင်ရွာအနီး စောဘဲဒိုးတပ်စခန်းထိုင် နအဖတပ် ခမရ ၃၅၀ က ခွဲမှူးဗိုလ်သက်ခိုင် လက်အောက်ခံ စစ်သားတဦးက မအူပင်ရွာသူ ကရင်မိန်းကလေး မနီကဗျာ (၇ နှစ်) ကို နေအိမ်မှာ မုဒိမ်းကျင့်ပြီးနောက် သေနတ်နဲ့ပစ်သတ်လိုက် ပါတယ်။

ဒီဇင်ဘာ ၁၆ ရက်မှာ ဘိတ်-ထားဝယ်ခရိုင် ထားဝယ်မြို့အရှေ့ဘက် ကစယ်ဒိုမြို့နယ် ထီးဘိုဘွာအထူးဒေသအတွင်း ကစောဖိုးမှာ ကျွဲ-နွားရောင်းဖို့ မောင်းယူလာတဲ့ ဆီကူရွာသား ၄ ယောက်ကို နအဖတပ် ခလရ ၁၀၁ ကပစ်သတ်ပြီး နွား ၂ ကောင် ကျွဲ ၂ ကောင်ကို ခိုးယူသွားခဲ့ပါတယ်။ အသတ်ခံရတဲ့ရွာသား ၄ ဦးကတော့ စောဆာသဲ (၃၅ နှစ်)၊ စောဒါးထူးဖိုး (၁၈ နှစ်)၊ စောဟာ့ဖလိုး (၁၆ နှစ်) နဲ့ စောဒီးဒီ (၄၀ နှစ်) တို့ဖြစ်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံးနယ်မြေ ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ်မှာ နအဖတပ် စကခ ၁၉ နည်းဗျူဟာ ၁ ရဲ့ နည်းဗျူဟာမှူးအဆင့်ရှိ ဗိုလ်မှူးကြီးခင်မောင်ချိုဟာ ခလရ ၁၀၆ တပ်စခန်းမှာ ဝါခမိကျေးရွာအုပ်စု၊ ဘယ်လယ်မယ် ကျေးရွာအုပ်စု၊ ကနယ်ကမော့ကျေးရွာအုပ်စု၊ ကျယ်ကျေးရွာအုပ်စု၊ ဒဲဖီးကျေးရွာအုပ်စု၊ တနေးလျူကျေးရွာအုပ်စု၊ ရူတောကျေးရွာအုပ်စုနဲ့ သဝေါဖျာကျေးရွာအုပ်စုတို့က အုပ်စုလူကြီးများကို ဆင့်ခေါ်စည်းဝေးပြီး ဒီဇင်ဘာ ၁၁ ရက်က စလို့ တပတ်ကို ၃ ရက် တပ်စခန်းသို့သတင်းပို့ဖို့နဲ့ ကားလမ်းပေါ်တိုက်ပွဲဖြစ်ရင် သက်ဆိုင်ရာကျေးရွာအုပ်စုလူကြီးကို ထောင် ၇ နှစ်၊ ကျေးရွာလူကြီးကို ထောင် ၂ နှစ်ချမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

တဆက်တည်းမှာ နအဖတပ် ခမရ ၅၈၇ တပ်ရင်းမှူး အဆင့်ရှိတဲ့ သန်းဝင်းကလည်း ကနယ်ကမော့-ဝါခမိ ကားလမ်း တလျှောက်မှာ တရက်ကို ရွာသား ၃၆ ဦး ကင်းစောင့်ခိုင်းပြီး တိုက်ပွဲဖြစ်ခဲ့ရင် အဲဒီတိုက်ပွဲနေရာ ကင်းတာဝန်ကျ ရွာသားကို ထောင် ၂ နှစ်ချမယ်လို့ ခြိမ်းခြောက်ထားပါတယ်။

NCGUB - Border Office မှပေးပို့သော သတင်းဖြစ်ပါသည်။

ဗကသအဖွဲဝင်“ကိုဗိုလ်မင်းယုကို” အား ထောင်ဒဏ်(၁၀၄)နှစ်ချမှတ်

January 2, 2009 ·
သတင်း ညွန့်သက်ထားဦး (Freedom News Group)

အထက်ဗမာပြည်(မန္တလေး)ဗကသ လူငယ်ကျောင်းသား ကိုဗိုလ်မင်းယုကိုအားအမှုပေါင်း(၄၀)ဖြင့် စွဲချက်တင်၍ ဒီဇင်ဘာလ(၁၆)ရက်နေ့က မန္တလေးအိုးဘိုထောင်တွင်းတရားရုံးတွင်ရှေ့နေမပါဘဲ တဖက်သတ် နှစ်ရှည်ထောင်ဒဏ်(၁၀၄)နှစ်ချမှတ်ခဲ့သည်။ကိုဗိုလ်မင်းယုကို သည် အမေတခုသားတခုဘ၀ဖြင့် စီးပွားရေးချို့တဲ့စွာ ရုန်း ကန်နေရင်း အထက်ဗမာပြည်ကျောင်းသားအခွင့်အရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။ကျောင်းသားထုအခွင့်အရေးနှင့် လူမှုရေးလုပ်ငန်းများ ဆောင် ရွက်ခဲ့သည့် ကိုဗိုလ်မင်းယုကို အား ယခုလို နှစ်ရှည်ထောင်ဒဏ်(၁၀၄)နှစ် ချမှတ် လိုက်ခြင်းမှာ ကျောင်းသားထုအခွင့်အရေး၊ လူ့အခွင့်အရေးနှင့် တရား ဥပဒေကို နအဖစစ်အစိုးရမှချိုးဖေါက်ခြင်းဖြစ်ပါသည်။

ယခုလို လူငယ် ကျောင်းသား တစ်ယောက်အပေါ် ချမှတ်သည့် ပြစ်ဒဏ်သည် မည်သည့် နိုင်ငံတကာ တရားစီရင်ရေး စနစ်တွင်မှ မတွေ့ရနိုင်သည့် ဖြစ် ရပ်မျိုး ဖြစ်ပါသည်။ မဆလခေတ် ကျောင်းသားခေါင်းဆောင် ကိုတင်မောင်ဦး အား သေဒဏ်ပေးသည့်ဖြစ်ရပ်ပြီးလျှင် ယခု ကိုဗိုလ်မင်းယုကို ကို ချမှတ်လိုက် သည့် ပြစ်ဒဏ်သည် မြန်မာနိုင်ငံကျောင်းသားသမိုင်းတွင် ဒုတိယမြောက်အကြီး မားဆုံးဖြစ်သည်။ ဗကသအထက်ဗမာပြည်(မန္တလေး) အဖွဲ့ဝင် ကျောင်းသား ကိုညီညီအားလည်း မန္တလေး ထောင်တွင်း တရားရုံးကပင် ထောင်ဒဏ်နှစ် (၅၀) ချလိုက်ပါသည်။



၂၀၀၉ နိုင်ငံရေး အလားအလာ မကောင်းနိုင်ဟု ဦးဝင်းတင် ခန့်မှန်း

01 January 2009

၂၀၀၉ ခုနှစ်ကို ကူးပြောင်းရောက်ရှိလာခဲ့ရာမှာ မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး
အကောင်းအဆိုးတွေ ပြီးခဲ့တဲ့နှစ်က ဘာတွေကြုံတွေ့ခဲ့ရသလဲ၊ အခုနှစ်မှာရော ဘာတွေ
ကြုံတွေ့ရလိမ့်မယ်လို့ တွက်ဆကြပါသလဲ။ လက်ရှိ မြန်မာ့နိုင်ငံရေးမှာ ပါဝင်လှုပ်ရှားနေသူ၊
သတင်းစာဆရာကြီး ဦးဝင်းတင်ရဲ့ အမြင်ကို ကိုအောင်လွင်ဦးက ဆက်သွယ်မေးမြန်းပြီး
တင်ပြပေးထားပါတယ်။

Myanmar political prisoner U Win Tin, 78, smiles as he speaks on a telephone at his friends house following his release in Yangon, Myanmar, Tuesday Sept. 23, 2008.AP
သတင်းစာဆရာကြီး ဦးဝင်းတင်။
စက်တင်ဘာ ၂၃၊ ၂၀၀၈။

“ကျနော်က စစ်အစိုးရရဲ့ ထောင်တွင်းမှာ ၁၉၈၉ ကစပြီး
၂၀၀၈ ခုနှစ်အထိ ၁၉ နှစ်ကျော် ကျခံခဲ့ရတဲ့ နိုင်ငံရေး
အကျဉ်းသား ဦးဝင်းတင် ဖြစ်ပါတယ်။

“ပြီးခဲ့တဲ့နှစ်ကို ပြန်ပြီး ခြုံကြည့်လိုက်ရင် စစ်အစိုးရရဲ့
တိုင်းရေးပြည်ရေးနဲ့ပတ်သက်ပြီး ဘာမှ ထောက်ထောက်
ထားထား မရှိဘူးဆိုတဲ့ အနေအထားကိုပဲ တွေ့ရတယ်။
ဒီအနေအထားတွေက စီစဉ်ပြီး ကြည့်မယ်ဆိုရင် ရှေ့နှစ်
မှာ ဘာဖြစ်မလဲလို့ မှန်းတဲ့အခါကြတော့ ကျနော်ကတော့
အကောင်းမြင်တဲ့ အတွေးအခေါ်နည်းလို့ဆိုပြီး စွပ်စွဲရင်
လည်း ခံရမှာပဲ၊ ကျနော်တော့ ရှေ့နှစ်ခါလည်း ဘာမှ
ကောင်းတဲ့လက္ခဏာကို မမြင်ဘူး။

“ဆိုပါတော့ လာမယ့်နှစ်မှာဆိုရင် သူတို့ရဲ့ လမ်းပြမြေပုံအရပါတီမှတ်ပုံတင်တွေ ပေါ်လာနိုင်တယ်၊ ရွေးကောက်ပွဲဥပဒေတွေ ထွက်လာနိုင်တယ်။ ဒါကြည့်ရင်တော့သူတို့ဟာသူတို့ ထင်ရာစိုင်းမယ့် လုပ်ငန်းတွေ၊ ဒါတွေပဲ ပေါ်ထွက်လာမှာပဲ၊ ရှေ့နှစ်တနှစ်လုံးကတော့။အဲဒီလိုနဲ့ပဲ ကျနော်တို့ ၂၀၀၉ ကို ကျော်ဖြတ်ပြီးတော့ ၂၀၁၀ ခုနှစ် ရောက်ဦးမှာပဲ။

“အဲဒီတနှစ်ကြရင်လည်း ပိုပိုပြီး ဆိုးသထက်ဆိုးမယ့် အလားအလာတွေပဲ ရှိလိမ့်မယ်၊တိုင်းပြည်မှာ စစ်အစိုးရရဲ့ ဖိနှိပ်မှုတွေ၊ ချုပ်ချယ်မှုတွေ၊ ကန့်သတ်မှုတွေ ဒါတွေသာ ကျနော်တို့ထပ်တလဲလဲ၊ ထပ်တလဲလဲ ရင်ဆိုင်ဖို့သာ ရှိသွားမယ်လို့တော့ ကျနော်က အဲလောက်တောင်ပြောချင်ပါတယ်။”

A satellite image provided by Space Imaging Asia of the Yongbyon Nuclear Center, located north of Pyongyang, North Korea (file photo)

နှစ်သစ်ကူးအကြို ထိုင်းညကလပ်မီး လူအနည်းဆုံး ၆၀ သေဆုံး

01 January 2009

Bangkok, Thailand, fire and rescue officials search the basement of a nightclub following a fire that left at least 50 people dead Thursday, Jan. 1, 2009.AP
မီးလောင်မှုဖြစ်ပွားခဲ့သည့် ဆန်တိက နိုက်ကလပ်တွင် မီးသတ်နှင့် ကယ်ဆယ်ရေး ၀န်ထမ်းများ ရှာဖွေနေစဉ်။
ဇန်န၀ါရီ ၁၊ ၂၀၀၉။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ညကလပ်တခုထဲမှာ မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ ဒီမီးလောင်မှုကြောင့် လူ ၆၀ သေဆုံးပြီး
၂၀၀ ကျော် ဒဏ်ရာရသွားတယ်လို့ သိရပါ တယ်။ အများစုဟာ နိုင်ငံခြားသားတွေ ဖြစ်ကြတယ်လို့ ရဲတွေက ပြောပါတယ်။
တချို့အလောင်းတွေကိုတော့ ဘယ်သူဘယ်ဝါ၊ ယောက်ျား၊ မိန်းမ မခွဲနိုင်ဘဲ
ဖြစ်နေသေးတယ်လို့ ဆိုပါတယ်။ အကြောင်းစုံကို ဘန်ကောက်ရောက်
ဗွီအိုအေ၀ိုင်းတော်သား ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

ဘန်ကောက်မြို့တော်က နှစ်သစ်ကူးတဲ့ညကို ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ ကြိုဆိုခဲ့ကြပါတယ်။ သောင်းနဲ့ချီတဲ့

လူအုပ်ကြီးဘန်ကောက်မြို့လယ်ကောင်က ကွင်းပြင်တခုမှာ ၂၀၀၈ ခုနှစ်ရဲ့ နောက်ဆုံးစက္ကန့်တွေကို အော်ဟစ် နှုတ်ဆက်ကြပါတယ်။ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ဘန်ကောက်မြို့လယ်မှာ လုံခြုံရေးက မနေ့ညတုန်းက အကြီးအကျယ် ချထားပါတယ်။


E-mail Print PDF
alt
















ကာတွန်း - Mr.Burma

ခုနှစ်နှစ်သစ်မှာ မစ္စတာ ဘားမားရဲ့ ကာတွန်း ကို လက်ဆောင်မွန် အဖြစ် ရရှိတဲ့ အတွက် လူထုအသံအယ်ဒီတာအဖွဲ့မှ ကျေးဇူး ဥပကာ ရ အထူးတင် ရှိပါ ကြောင်း။ ။

လူထုအသံ အယ်ဒီတာအဖွဲ့

alt

























ကာတွန်း - Mr.Burma





















































ဒီပုံတွေကတော့၂၀၀၉အကူးမှာ အစပြုလိုက်တဲ့ရန်ကုန်က စာဖြန့် ဝေ စာကပ်တဲ့ တပ်လှန့်  လှုပ်ရှားမှုပါ
မည်သို့ ပင်ဖြစ်စေ မတရားသည့် အမိန့် အာဏာတွေကို စဉ်ဆက်မပြတ် ယခုလို ဆန့် ကျင်ပြ နေရမည်။။

- အန်စီယူဘီ (NCUB)က စင်ပြိုင်အစိုးရဖွဲ့ဖို့ စီစဉ်နေ
click
- ဒေါ်အောင်ဆန်းစုကြည်နှင့် မိသားစုဆရာဝန် ယနေ့တွေ့ click
- ၂၀၁၀ ရွေးကောက်ပွဲအတွက် UDP ပြည်ပမှာ လှုပ်ရှား click
- နှစ်သစ်ကူးအကြို ထိုင်းညကလပ်မီး လူအနည်းဆုံး ၆၀ သေဆုံး click
- အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် ဟားမတ်စ်ခေါင်းဆောင်တဦး သေဆုံး click
- ထွက်ပြေးလာတဲ့ မြောက်ကိုရီးယားနိုင်ငံသားတွေကို မြန်မာကတဆင့် ထိုင်းဘက်ပို့ click
- ဒီဇင်ဘာ စာကိုး၊ စကားကိုး click

No comments:

Post a Comment