2.28.2009

သတင်းပဒေသာ

ဒဂုံတက္ကသိုလ်ကျောင်းသားများ စော်ဘွားကြီးကုန်းတွင် ရိုက်နှက်ခံရ
မိုးမခအထောက်တော် အမှတ် ၎
ဖေဖော်ဝါရီ ၂၈၊ ၂၀၀၉

ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဒဂုံတက္ကသိုလ် တတိယနှစ် ဘူမိဗေဒ ကျောင်းသား ၄ ဦး နှင့် နည်းပြဆရာ တဦး တို့ကို အရက်သမားတချို့က ရိုက်နှက်ခဲ့သည်။

စော်ဘွားကြီးကုန်းရှိ ဒို့ရိုးရာ လက်ဖက်ရည်ဆိုင်မှ အထွက်တွင် အနားရှိ အရက်ဆိုင်အတွင်းမှ လူ ၇ ဦးက ရန်စပြီး ကိုဝေဖြိုးကျော် (တတိယနှစ် ဘူမိဗေဒ) အား စတင် ထိုးကြိတ်ခဲ့သည်။ ၀င်ရောက် တားဆီးသော နည်းပြဆရာ ဦးအောင်မင်းဦးလည်း နောက်မှ ရိုက်နှက်ခံခဲ့ရသည်။

အျပည့္အစုံသိုႛ ...

ရန်ကုန်တွင် မီးပြတ်တောက်မှု ပိုဆိုးဝါး၊ နေပြည်တော်မှာ မီးထိန်ထိန်သာ

မိုးမခ အထောက်တော် (ရန်ကုန်)

ဖေဖော်ဝါရီ ၂၈၊ ၂၀၀၉

ယခုလအတွင်းမှ စတင်ပြီး ရန်ကုန်မြို့ အနှံ့တွင် မီးပြတ်တောက်မှုများ ဆိုးဝါးလာသည်ဟု မြို့ခံတို့က ပြောကြားသည်။ ယနေ့ညဥ့်နက်ပိုင်းမှ မီးလာသဖြင့် မိသားစုများက မီးဖိုချောင်ကိစ္စ၊ ရေချိုးခန်းကိစ္စများကို စောင့်ပြီး ဆောင်ရွက်ရကြောင်း၊ နေ့ခင်းနှင့် ညပိုင်းတွင်သုံးရန် ဘက္ထရီများ အားသွင်းရကြောင်း ၎င်းက ပြောကြားသည်။

“အခု တပတ်လုံးလုံး ဆင်ခြေဖုံးအရပ်တော်တော်များများမှာ နေ့ခင်းနဲ့ ညဦးပိုင်းမှာ မီးမလာဘူး။ အရင်က တရက်ပျက်၊ တရက်လာ၊ နောက်တော့ တပိုင်းစီ ပျက်၊ တပိုင်းစီလာ။ အခုတော့ တပတ်လုံးပျက်ပြီး မနက် ၁ နာရီကနေ ၃ နာရီလောက်ထိ လာတော့တယ်” ဟု မိုးမခ စာဖတ်သူတဦးက စာရေးပို့ထားသည်ကို တွေ့ရသည်။

အျပည့္အစုံသိုႛ ...

ငါးကျမ်းပြန်ကျောင်းတိုက်၊ နာဂစ်သင့် မိဘမဲ့ကလေးများ စောင့်ရှောက်ရေး ရန်ပုံငွေဖြင့် ကလေး ၅၀၀ ကျော်ကို ကူညီခဲ့

မိုးမခ အထောက်တော် ၀၀၂

ဖေဖော်ဝါရီ ၂၇၊ ၂၀၀၉

မေလ ၂ နှင့် ၃ ရက်၊ ၂၀၀၈ က တိုက်ခတ်ခဲ့သော နာဂစ်ဆိုင်ကလုံးကြောင့် မိဘ ၂ ပါး မဲ့ခဲ့ရသည့် ကလေးသူငယ်များကို စာရင်းပြုစုပြီး ကူညီထောက်ပံ့မှုပေးနေသော ငါးကျမ်းပြန်ကျောင်းတိုက် ဆရာတော်များဦးဆောင်သည့် ရန်ပုံငွေအဖွဲ့က ကလေး ဦးရေ ၅၆၀ ကို လစဉ်ထောက်ပံ့မှုများ ပြုလုပ်နိုင်ခဲ့သည်ဟု ဆိုသည်။

အျပည့္အစုံသိုႛ ...

ရွှေ့ပြောင်း ရိုဟင်ဂျာများကို လက်ခံရန် မြန်မာက စည်းကမ်းသတ်မှတ်

မြန်မာနိုင်ငံမှ ‘ဘင်္ဂါလီ’ များဟု စိစစ်တွေ့ရှိရသူ ရွှေ့ပြောင်း နိုင်ငံသားများကိုသာ ပြန်လည် လက်ခံမည်ဟု မြန်မာစစ်အစိုးရက ပြောဆိုကြောင်း ထိုင်းအစိုးရ နိုင်ငံခြားရေး ဝန်ကြီးက ထိုင်းနိုင်ငံတွင် ကျင်းပသော...

ကျိုက်ထိုမှာ မီးလောင်

မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ ဈေးဆိုင်ခန်း ၃ ခန်း ယမန်နေ့က မီးလောင်ကျွမ်းခဲ့သည်။ ကျိုက်ထိုမြို့ တောင်သူရပ်ကွက် ဗိုလ်ချုပ်လမ်းဘေးရှိ ဦးမျိုးနိုင်...

ယခုနှစ်အတွက် ပထမ 'လေးလပတ် အစည်းအဝေး' ကျင်းပရန် စစ်အစိုးရ ပြင်ဆင်နေ

မြန်မာစစ်အစိုးရသည် ၂ဝဝ၉ ခုနှစ်အတွက် ပထမဆုံး လေးလပတ် အစည်းအဝေးကို မတ်လ ဒုတိယ အပတ်အတွင်း ကျင်းပရန် ပြင်ဆင်နေသည်။...

- လှေစီးပြေးတွေ မြန်မာနိုင်ငံမှာ နေထိုင်ကြောင်း အထောက်အထားပြနိုင်ရင် ပြန်လက်ခံမည် click
- အဓမ္မအလုပ်ခိုင်းစေမှု တိုင်ကြားရေးရုံး မြန်မာနိုင်ငံမှာ ဆက်ထားမည် click
- ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် ပုန်ကန်မှုအတွင်း အသေအဆုံး အများအပြားရှိခဲ့ click
- စစ်အစိုးရကို နိုင်ငံတကာခုံ႟ုံးတင်နိုင်ရန် နာဂစ်မုန်တိုင်းအစီရင်ခံစာ ထုတ်ပြန် click
- အာဆီယံထိပ်သီးညီလာခံမှာ မြန်မာ့အရေးအလေးထားဖို့ တောင်းဆို click
- အကျဉ်းသားကျန်းမာရေးကို အာဏာပိုင်များ လျစ်လျူရှု click
- မြန်မာ့အရေး ထိရောက်စွာကိုင်တွယ်ဖို့ အာဆီယံကို တောင်းဆို click
- နိုင်ငံကူးလက်မှတ်ကိုင် မြန်မာသံဃာနှစ်ပါးကို ထိုင်းရဲဖမ်း ဘတ်ငွေများပျောက်ဆုံး click
- ထိုင်းဝန်ကြီးချုပ်က မြန်မာ့ဒီမိုကရေစီရေးကို အားပေးသွားမည်ဟု ပြောဆို click
- ဂမ်ဘာရီခရီးစဉ်အပေါ် အမေရိကန် စိတ်ပျက်မိ click
- မုန်တိုင်းလွန်ကာလ လှိုင်းဂယက် click
- ရန်ကုန်တွင် မီးပြတ်တောက်မှု ပိုဆိုးဝါး၊ နေပြည်တော်မှာ မီးထိန်ထိန်သာ click
- ငါးကျမ်းပြန်ကျောင်းတိုက်၊ နာဂစ်သင့် မိဘမဲ့ကလေးများစောင့်ရှောက်ရေး ရန်ပုံငွေဖြင့် ကလေး ၅၀၀ ကျော် ကို ကူညီခဲ့ click
- ကုန်ဈေးနှုန်း၊ နယ်စပ်ကုန်သွယ်ရေး - စာမေးပွဲကာလ ဖယောင်းတိုင် ရောင်းကောင်း click
- ပြည်ပအလုပ်အကိုင်တွေ ရှား၊ အေဂျင်စီတချို့ ရပ်နား click
- “ရိုဟင်ဂျာ မဟုတ်ဘူး၊ ဘင်္ဂါလီ”ဟု နိုင်ငံခြားရေးဝန်ကြီးပြော click
- အာဆီယံက မြန်မာကို ဖိအားပေးမည်မဟုတ် click
- မြန်မာနိုင်ငံ၊ အတိုက်အခံများနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု (ဆောင်းပါး) click
- သံလျင်မှာ ရွေးကောက်ပွဲအတွက် ခြေလှမ်း click
- ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များရှိ ရဲတပ်ဖွဲ့ဝင်များထံမှ လမ်းလျှောက်စကားပြောစက်တွေကို စစ် တပ်က သိမ်း click

No comments:

Post a Comment